201
订阅者
无数据24 小时
-17 天
-830 天
帖子存档
201
Repost from News Of Myanmar
🇲🇽🔥🏴☠️ပုံ= CJNG မူးယစ်ဂိုဏ်းသားများ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ
CJNG မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချိုကို မက္ကဆီကိုအစိုးရက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် CJNG ဂိုဏ်းနှင့် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များအကြားတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸"အီရန်နှင့်စစ်ဖြစ်ခြင်းသည် နိုင်ငံရေးအရ ဖြေရှင်းချက်မဟုတ်ဘဲ ပြဿနာသာဖြစ်ကြောင်း ထရမ့်ကို အကြံပေးများ သတိပေး"
အမေရိကန်သမ္မတသည် အီရန်နှင့် ပဋိပက္ခဖြစ်ပွားရန် တွန်းအားပေးနေသော်လည်း ၎င်း၏အဖွဲ့ကမူ စစ်ရေးအရ အခြေအနေတင်းမာလာခြင်းသည် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်များအတွက် ထိုးနှက်ချက်ဖြစ်နိုင်ကြောင်း အရေးပေါ်သတိပေးနေကြသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အကြံပေးပုဂ္ဂိုလ်များက အရှေ့အလယ်ပိုင်းတွင် နောက်ထပ်စစ်ပွဲတစ်ခုဆင်နွှဲမည့်အစား အမေရိကန်မဲဆန္ဒရှင်များ၏ စီးပွားရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကိုသာ အာရုံစိုက်ရန် တိုက်တွန်းနေကြသည်။ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့အတွင်း၌လည်း အီရန်ကို တိုက်ခိုက်ရန်အတွက် "တညီတညွတ်တည်း ထောက်ခံမှု" မရှိကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
ရီပတ်ဘလီကန် မဟာဗျူဟာမှူး ရော့ဘ်ဂေါ့ဒ်ဖရေးက "ကျောထောက်နောက်ခံပြုသူ တွေဟာ နိုင်ငံခြားရေးရာတွေမှာ ပါဝင်ပတ်သက်တာကို သံသယရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 'အဆုံးမသတ်နိုင်တဲ့ စစ်ပွဲများ' ခေတ်ကို အဆုံးသတ်မယ်ဆိုတာဟာ ထရမ့် အတိအလင်းပေးထားတဲ့ ရွေးကောက်ပွဲကတိကဝတ် ဖြစ်နေလို့ပါပဲ" ဟု မှတ်ချက်ပြုခဲ့သည်။
NOM
201
ရုရှားနိုင်ငံရေးအတွေးအခေါ်ပညာရှင် အလက်ဇန္ဒား ဒူဂင် (Alexander Dugin)၏ အမေရိကန်နိုင်ငံရေးနှင့် ထရမ့် (Trump) အပေါ် သုံးသပ်ချက် -
📌 ဒူဂင်: လတ်တလောတွင် အမေရိကန်လူမျိုး ၁၅% ခန့်က ထရမ့်ကို ထောက်ခံကြပြီး ကျန်လူအများစုက "ထရမ့်ပြောသမျှ၊ လုပ်သမျှတွေကို ကြည့်ပြီး ဘယ်လိုအရူးတွေက ထောက်ခံနေကြတာလဲ" ဟု မေးခွန်းထုတ်နေကြသည်။ အယူအဆတစ်ခုမှာ ၎င်းတို့သည် မဲမပေးဖူးသူများ (သို့မဟုတ်) ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်များထဲမှ အသက် ၆၀ ကျော် "Boomers" (ဘိုးဘွားများ) ဖြစ်ကြသည်။
၎င်းတို့သည် လစ်ဘရယ်များကို မုန်းတီးကြပြီး အထက်စီးမှနေ၍ ၎င်းတို့ကို အစဉ်တစိုက် နှိမ်ချဆက်ဆံခဲ့သောလစ်ဘရယ် အစိုးရအဆက်ဆက်ကို နာကျည်းနေကြသူများဖြစ်သည်။ လူအိုများ၊ ဆင်းရဲသားများနှင့် လူ့အသိုက်အဝန်း၏ ဘေးရောက်နေသူများအဖြစ် လျစ်လျူရှုခံခဲ့ရသူများဖြစ်ပြီး ထရမ့်က လစ်ဘရယ်များကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကတိပေးခဲ့ရာတွင် ထိုဘိုးဘွားများက သူ့ကို ယုံကြည်သွားကြခြင်းဖြစ်သည်။
📌 သို့သော် ထရမ့်သည် စီးပွားရေး တိုးတက်စေရမည်၊ လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းဖိုင်များနှင့် ပတ်သက်သူအားလုံးကို ဖမ်းဆီးမည်၊ စစ်ပွဲများမှ နုတ်ထွက်မည်၊ ယူကရိန်းတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မည်၊ ကုန်စျေးနှုန်း ချပေးမည်၊ အစားအသောက် ဆိုးဆေးများ ပိတ်ပင်မည်၊ ဂရင်းလန်းနှင့် ကနေဒါကို သိမ်းယူမည် စသည်ဖြင့် အခြားကတိများစွာ ပေးခဲ့သော်လည်း တစ်ခုမျှ ဖြစ်မလာခဲ့ပေ။
အမှန်စင်စစ် ထရမ့်သည် ရှက်ဖွယ်လိလိ ကျရှုံးခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် လစ်ဘရယ်များကိုတော့ တကယ့်ကို အထိနာအောင် လုပ်နိုင်ခဲ့သည်။ ၎င်းတို့ကို အရှက်ခွဲ၊ နင်းခြေပြီး အောက်ခြေအဆင့်ထိ တွန်းပို့ခဲ့သည်။ အမေရိကန် အသုံးအနှုန်းအရ ပြောရလျှင် သူသည် လစ်ဘရယ်များကို "Owned" (အနိုင်ပိုင်း) လုပ်နိုင်ခဲ့သဖြင့် ထိုဘိုးဘွားများက သူ့ကို ကျေးဇူးတင်နေကြခြင်းဖြစ်သည်။
📌 ဆင်ခြင်တုံတရားရှိသော မဲဆန္ဒရှင်များနှင့် လူငယ်များ (ရှေးရိုးစွဲဝါဒီများ အပါအဝင်) အတွက်မူ ထရမ့်သည် သစ္စာဖောက်တစ်ဦး၊ ပျက်စီးနေသူတစ်ဦးနှင့် အရူးတစ်ဦးသာ ဖြစ်သည်။ ကြီးမားသောကျရှုံးမှုကြီးပင် ဖြစ်သည်။ ၎င်းတို့သည် ထိုကဲ့သို့ ရိုက်ခတ်မှုကို မမျှော်လင့်ထားကြဘဲ လုံးဝ စိတ်ပျက်သွားကြသည်။
📌 သို့သော် ဘိုးဘွားများအတွက်မူ ၎င်းတို့ ကျေနပ်နိုင်ပါသည် - အကြောင်းမှာ ထရမ့်သည် လစ်ဘရယ်များကို တစ်နည်းမဟုတ်တစ်နည်းဖြင့် "နှိပ်ကွပ်" ပြနေဆဲဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် အမေရိကန် နပန်းပွဲနှင့် တူသည်။ အရောင်အသွေးစုံသော ဝတ်စုံများ ဝတ်ထားသည့် သန်မာသူကြီးများက တစ်ဦးကိုတစ်ဦး ကြိုးဝိုင်းထဲမှာ ကိုင်ပေါက်နေခြင်း၊ ကြိုးဝိုင်းအပြင်သို့လွှင့်ပစ်နေကြခြင်းတို့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းသော်လည်း အားလုံးမှာ ဇာတ်တိုက်ထားခြင်းသာဖြစ်သည်။ သို့သော် ပရိသတ်များကမူ ဒေါသတကြီးနှင့် ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။
📌ထိုဘိုးဘွားများအတွက် ထရမ့်သည် ထိုကဲ့သို့ပင် ဖြစ်သည်။ ပြဇာတ်တစ်ခုမှန်း မသိလောက်အောင် ၎င်းတို့ မအကြသော်လည်း၊ ထရမ့်က ဒီမိုကရက်၊ Woke ဝါဒီ သို့မဟုတ် ဖဲမနစ် (Feminist) (အမျိုးသမီးဝါဒီ) တစ်ဦးဦးကို မြေလှန်ပစ်လိုက်တိုင်း ၎င်းတို့မှာ ဝမ်းသာအားရ အော်ဟစ် ကြသည်။
NOM
201
ဂရင်းလန်းကျွန်းပေါ်က လူအများစုဟာ ဖျားနာနေပြီး ဂရုစိုက်မှုမရဖြစ်နေတာကြောင့် ဆေးဘက်ဆိုင်ရာပစ္စည်း အပြည့်တင်ဆောင်လာတဲ့ သင်္ဘောတစင်း စေလွှတ်ပေးမယ်လို့ ထရမ့်က သူ့ရဲ့ Truth Social မှာ ရေးသားခဲ့တဲ့ အပေါ် ဂရင်းလန်းဝန်ကြီးချုပ်က ဝေဖန်လိုက်ပါတယ်။
ထရမ့်အနေနဲ့ လူမှုကွန်ရက်ပေါ်တက်ပြီး ပေါက်ကွဲနေမယ့်အစား သူနဲ့ စကားပြောဖို့ကို တောင်းဆိုခဲ့ပြီး ဂရင်းလန်းဟာ အမေရိကန်နဲ့ မတူဘဲ နိုင်ငံသားအားလုံးကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဂရင်းလန်းဝန်ကြီးချုပ် Nielsen က “ထရမ့်ပြောတာကို သတိထားမိပါတယ်၊ ဒါပေမယ့် နိုင်ငံသားတွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရှိတယ်၊ အမေရိကန်မှာလိုမျိုး ဆရာဝန်ဆီ သွားရင် ပိုက်ဆံကုန်တဲ့ ပုံစံနဲ့ မတူပါဘူး” လို့ Facebook မှာ ရေးသားခဲ့ပါသေးတယ်။
News Of Myanmar NOM
201
ပါကစ္စတန်ဟာ အာဖဂန်ကို ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အနည်းဆုံး လူ ၈၀ အထိ သေဆုံးခဲ့တယ်လို့ တာလီဘန်တွေက ပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်အနီးက စစ်သွေးကြွစခန်းနဲ့ ပုန်းအောင်းရာနေရာလို့ ယူဆရတဲ့ နေရာ ၇ ခုကို ပါကစ္စတန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး မကြာခင်က ပါကစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ဒီစစ်သွေးကြွအဖွဲ့တွေက လုပ်ခဲ့တာဖြစ်ပြီး အဲဒီအတွက် လက်တုံ့ပြန်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေရှိခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လုပ်ခဲ့ပြီးနောက် အခု တိုက်ခိုက်မှုအသစ်က ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
"သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာဒေသတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ ဖြန့်ကြက်မည့် မြေပုံတစ်ခုကို ထုတ်ပြန်"
ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာမြို့၏ နေရာအသီးသီးတွင်
"နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ" (International Stabilization Forces) ဖြန့်ကြက်ချထားမည့် မြေပုံတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ အဆိုအရ နေရာချထားမည့် နိုင်ငံများမှာ-
ဂါဇာမြောက်ပိုင်း: 🇽🇰 ကိုဆိုဗို
ဂါဇာစီးတီး: 🇰🇿 ကာဇက်စတန်
ဒိုင်ရ် အယ်လ် ဘာလာ (Deir-al-Balah): 🇦🇱 အယ်လ်ဘေးနီးယား
ခန်းယူနစ် (Khan Yunis): 🇲🇦 မော်ရိုကို
ရာဖာ (Rafah): 🇮🇩 အင်ဒိုနီးရှား
ရွေးချယ်ထားသော နိုင်ငံစာရင်းနှင့် ၎င်းတို့ကို နေရာချထားသည့် ပုံစံမှာ စိတ်ဝင်စားစရာ ကောင်းနေပါသည်။
NOM
201
Repost from News Of Myanmar
ပုံ= JNGC မူးယစ်ဂိုဏ်းသားများ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ
JNGC မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချိုကို မက္ကဆီကိုအစိုးရက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် JNGC ဂိုဏ်းနှင့် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များအကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
"ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို သေဆုံးကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု"
မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန (SEDENA) က ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) သေဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ပြီဖြစ်သည်။
တရားဝင် ထုတ်ပြန်ချက်အရ ၎င်းအား ဖမ်းဆီးရန် အထူးတပ်ဖွဲ့ဝင် များကို စေလွှတ်ခဲ့သော်လည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
အထူးတပ်ဖွဲ့များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုအတွင်း အယ်လ်မန်ချိုသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးအတွင်း မက္ကဆီကို တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
အစီရင်ခံစာတွင် ဤစစ်ဆင်ရေးအတွက် အမေရိကန်ပြည်ထောင်စု ကလည်း ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
JNGC မူးယစ်ဂိုဏ်းနှင့် မက္ကဆီကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် စစ်သည်အမြောက်အမြား သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ အရေအတွက်လည်း အများအပြား ရှိနေပါသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+8
ဂျာလစ္စကိုမျိုးဆက်သစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) အသတ်ခံရပြီးနောက် JNGC က မက္ကဆီကိုအစိုးရကို စစ်ကြေညာ
ဂျာလစ္စကိုမျိုးဆက်သစ်ဂိုဏ်း (JNGC) ၏ ခေါင်းဆောင်ဖြစ်သူ အယ်လ်မန်ချို (El Mencho) အသတ်ခံရပြီးနောက် အဆိုပါ မူးယစ်ဂိုဏ်းသည် မက္ကဆီကိုအစိုးရကို စစ်ကြေညာလိုက်ပြီဖြစ်သည်။
ဂိုဏ်း၏ အဓိကခြေကုပ်စခန်းဖြစ်သော ဂျာလစ္စကို (Jalisco) ပြည်နယ်အတွင်းရှိ မက္ကဆီကို ရဲတပ်ဖွဲ့ဝင် များ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် ပြည်နယ်မြို့တော် ဂွါဒါလာဟာရာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို JNGC အဖွဲ့က တိုက်ခိုက်ခဲ့သည်။
ဂွါဒါလာဟာရာလေဆိပ်ရှိ လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားပြီး မက္ကဆီကိုအစိုးရက ထိုဒေသအထက်တွင် လေကြောင်းသတိပေးချက် (NOTAM) ထုတ်ပြန်ထားသည်။
လက်ရှိတွင် အစိုးရစစ်တပ်ကို မြို့အတွင်းသို့ စေလွှတ်ဖြန့်ကြက်ထားသည်။
ဂျာလစ္စကိုပြည်နယ်တစ်ဝန်းတွင် JNGC ဂိုဏ်းသည် အစိုးရတပ်ဖွဲ့များကို စတင်တိုက်ခိုက်နေပြီး အရပ်သားများအနေဖြင့် အိမ်တွင်း၌သာနေရန်နှင့် ၎င်းတို့အား ခုခံသူမှန်သမျှကို "ညှာတာမှုမရှိဘဲ သတ်ဖြတ်မည်" ဟု ခြိမ်းခြောက်ထားသည်။
လမ်းမများပေါ်တွင် ကားများကို မီးရှို့ဖျက်ဆီးထားပြီး လူမြင်ကွင်း၌ ကွပ်မျက်မှုများလည်း ရှိနေကာ ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
အမေရိကန် သမ္မတထရန့်၏ မာရာလာဂို အိမ်တော်အတွင်းရှိ "လုံခြုံရေးနယ်မြေ" ထဲသို့ "ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ရန်" ကြိုးပမ်းခဲ့သူတစ်ဦးကို Secret Service အေးဂျင့်များက ပစ်ခတ်ဖမ်းဆီးရာမှ အဆိုပါအမျိုးသား သေဆုံးသွားခဲ့သည်။
၎င်းထံမှ "ရှော့ဂန်း (Shotgun) သေနတ်တစ်လက်နှင့် လောင်စာဆီပုံး" ဟု ယူဆရသော ပစ္စည်းများကို သိမ်းဆည်းရမိထားကြောင်းသိရသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸"အီရန်နိုင်ငံ ဘာကြောင့် အခုထိ အညံ့မခံသေးတာလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတထရန့်က စိတ်ပျက်"
အမေရိကန် အထူးကိုယ်စားလှယ် စတီးဗ် ဝစ်ကော့ဖ် (Steve Witkoff) က ခုလိုပြောကြားခဲ့ပါတယ် -
"အီရန်နိုင်ငံဟာ ဘာကြောင့် အခုထိ အညံ့မခံသေးတာလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ ထရန့်က စိတ်ပျက်ပြီး ဝေခွဲမရဖြစ်နေပါတယ်။ ဒေသတွင်းကို စစ်အင်အားတွေအကုန် ပို့ထားတဲ့ ဒီလိုဖိအားမျိုးအောက်မှာတောင် သူတို့(အီရန်) က ကျွန်တော်တို့ဆီလာပြီး
'ကျွန်တော်တို့ ဘာတွေလုပ်ပေးဖို့ အဆင်သင့်ရှိပါတယ်' ဆိုတဲ့ စကားမျိုး ဘာလို့ အခုထိ မပြောလာသေးတာလဲလို့ သူက ဆိုပါတယ်။"
News Of Myanmar NOM
201
“အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကျနော်တို့ ခေါင်းငုံ့ပေးမှာမဟုတ်ဘူး၊ ပြင်ပကမ္ဘာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကျနော်တို့ကို အလျှော့ပေးဖို့ ဖိအားပေးနေပေမယ့် ဦးညွှတ်မှာမဟုတ်ပါဘူး”
- အီရန်သမ္မတ Masoud Pezeshkian
News Of Myanmar NOM
201
ဂျော်ဒန်မှာ ဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တွေကို ဒုံးကျည်တိုက်ခိုက်မှုတွေ ခံရပါက ဗုံးအစအနတွေ မထိမှန်စေဖို့ ကွန်ကရစ်နံရံတွေကြားမှာ ထည့်သွင်းထားတာကို ဂြိုလ်တုဓါတ်ပုံတွေကနေ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
News Of Myanmar NOM
201
+1
ကော်ဖီဝယ်ရင်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးမကြီး ဖြစ်သွားသူ
အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့က ဆိုဖီဒေါင်းနင်းဆိုတဲ့ အမျိုးသမီးဟာ ပေါင် ၁၀ တန်တဲ့ လက်ဆောင်ကတ်နဲ့ ကော်ဖီဆိုင်တခုဆီ သွားရောက်ဝယ်ယူချိန် သူမဟာ အီလွန်မက်စ်ထက်တောင် ချမ်းသာနေပြီဆိုတာကို သိလိုက်ရပါတယ်။
အဖြစ်က ဒီလိုပါ။ သူမက 200 Degrees ဆိုင်မှာ ကော်ဖီအတွက် gift card နဲ့ ငွေရှင်းလိုက်ချိန် လက်ကျန်ငွေက ပေါင် ၆၄ ကွာဒရီလီယံတောင် ကျန်နေသေးတယ်ဆိုတာကို တွေ့လိုက်ရတာပါ။ ဒါဟာ 200 Degrees ရဲ့ စီမံခန့်ခွဲမှုအမှားကြောင့် လက်ဆောင်ကတ်တန်ဖိုးအစား လက်ဆောင်ကတ်နံပါတ်ကို ငွေရှင်းချိန်မှာ မှားသွင်းမိတာဖြစ်တယ်လို့ ကော်ဖီဆိုင်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြခဲ့ပါတယ်။
ဆိုဖီဒေါင်းနင်းကိုယ်တိုင်ကလည်း “ကျမက စာရွက်ပေါ်မှာ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဖြစ်ရတာကိုပဲ နှစ်သက်ပါတယ်” လို့ ပြောဆိုခဲ့ပြီး အခွင့်အရေးမယူဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက်မှာ barista က သူမကို မှားယွင်းတဲ့ ဘောက်ချာကို လက်ဆောင်အဖြစ်ပေးခဲ့ပြီး တကယ့်ဘောက်ချာအစစ်ကိုလည်း ထပ်ပေးခဲ့ပါတယ်။
News Of Myanmar NOM
201
+1
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားက Baikal ရေကန်ကို ဖြတ်သွားခဲ့တဲ့ ကမ္ဘာ့လှည့်ခရီးသွား ဘတ်စ်ကားတစီးဟာ ၁၀ ပေ အကျယ်ရှိတဲ့ ရေခဲအက်ကွဲကြောင်းထဲ ပြုတ်ကျခဲ့ရာကနေ ကလေးငယ်တဦး အပါအဝင် အနည်းဆုံး ၈ ဦး သေဆုံးသွားခဲ့ပါတယ်။
မီနီဘတ်စ်ဟာ လုံးလုံးနစ်မြုပ်သွားခဲ့ပြီး တဦးသာ အသက်ရှင်သန်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ၁၄ နှစ်အရွယ် ကလေးတဦးနဲ့ စုံတွဲတတွဲအပါအဝင် အလောင်းတွေကို ပြန်လည်ရှာဖွေဖို့ ကျွမ်းကျင်သူတွေက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံက ခရီးသွားများ၊ ဒေသခံအမျိုးသားတဦးနဲ့ ဘတ်စ်ကားမောင်းသူတို့ လိုက်ပါလာတဲ့ မီနီဘတ်စ်ဟာ ပေ ၆၀ အနက်ထဲကို ထိုးကျသွားခဲ့ပြီး ခရီးသည်တွေဟာ အာတိတ်ရေပြင်အောက်မှာ ပိတ်မိခဲ့ပြီး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
တော်ဝင်ဩစတြေးလျရေတပ်ရဲ့ Anzac အမျိုးအစား ဖရီးဂိတ်သင်္ဘောဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း ဖြန့်ကြက်မှုတစိတ်တပိုင်းအဖြစ် သောကြာနေ့နဲ့ စနေနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့တယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ မဟာမိတ်တဦးက ထိုင်ဝမ်ရေလက်ကြားကို နောက်ဆုံးဖြတ်သန်းမှုဖြစ်ပြီး တရုတ်ဘက်က ခြေရာခံစောင့်ကြည့်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ် ဘေဂျင်းက သတ်မှတ်ထားတာဖြစ်ပြီး မဟာဗျူဟာကျတဲ့ ရေလက်ကြားကို နိုင်ငံခြားစစ်သင်္ဘောတွေ ဖြတ်သန်းတဲ့အပေါ် တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိပါတယ်။
News Of Myanmar NOM
201
အမေရိကန်သမ္မတတွေ စီးနင်းတဲ့ Air Force One လေယာဉ်ကို ထရမ့်အဆိုပြုထားတဲ့ အရောင်တခုအပါအဝင် အနီ၊ အဖြူနဲ့ အပြာရောင်တွေ ပေါင်းစပ်ကာ ပုံစံသစ်အဖြစ် ပြောင်းလဲမယ်လို့ အမေရိကန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အားလပ်ရက်မှာ သမီးဖြစ်သူက TikTok ဗီဒီယိုတွေကို အလွန်အမင်း ကြည့်ရှုခဲ့တာကြောင့် မိုဘိုင်းဖုန်းဘေလ် ပေါင် ၄၂၀၀၀ အထိ ကုန်ကျခဲ့လို့ ဗြိတိန်မိသားစုတခုဟာ ဒေဝါလီခံရလုနီးပါး ဖြစ်ပွားခဲ့ပါတယ်။
Alty မိသားစုဟာ Marrackech ကို ခရီးထွက်နေချိန်မှာ O2 ကုမ္ပဏီကနေ ဘေလ်ပေးပို့ခဲ့တာဖြစ်ပြီး သူတို့ကို လိမ်လည်ဖို့ ကြိုးစားခဲ့တယ်လို့ အစောပိုင်းမှာ ထင်ခဲ့ပါတယ်။ သူတို့ဟာ မိုဘိုင်းလ်ဒေတာကို O2 ကနေ ဝယ်ယူခဲ့တုန်းက ဥရောပပြင်မှာ data roaming ကို ကန့်သတ်မထားဘူးဆိုတဲ့ အချက်ပါဝင်နေတာကို သတိမထားခဲ့မိတာပါ။
သမီးဖြစ်သူက TikTok ကို စုစုပေါင်း ၈ နာရီကြာအောင် ကြည့်ခဲ့တာဖြစ်ပြီး တနာရီအတွက် ပေါင် ၅၀၀၀ နှုန်း ကျသင့်နေခဲ့တာပါ။ Brexit ပြီးနောက် ဗြိတိန်နိုင်ငံသားတွေဟာ အီးယူအတွင်း အခမဲ့ roaming အသုံးပြုခွင့် ဆုံးရှုံးခဲ့ရပြီး ကွန်ရက်ဝန်ဆောင်မှုပေးသူ အများအပြားက ဥရောပအတွင်း အခမဲ့ ဒါမှမဟုတ် စျေးနှုန်းသက်သာတဲ့ နှုန်းနဲ့ ဝန်ဆောင်မှု ပေးနေခဲ့ပါတယ်။
O2 ကတော့ စာချုပ်အတွင်းမှာ အခမဲ့အသုံးပြုခွင့်မပေးဘူးဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့ပြီး ဒါကို သတိမထားမိတဲ့နောက်မှာ သူတို့မိသားစုဟာ ဒေတာအသုံးပြုခ ပေါင် ၄၂၀၀၀ အထိ ကျသင့်ခဲ့တာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
အီတလီနိုင်ငံ၊ စစ္စလီမြို့မှာ အမျိုးသားတဦးက ပုံမှန်အမှိုက်သိမ်းခ ပေးဆောင်နေရတာကို ရှောင်လွှဲဖို့အတွက် ခွေးကို အမှိုက်ပစ်ခိုင်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ကာတာနီးယားအနီးက အမှိုက်ပုံကြီးဆီ ခွေးတကောင်က အမှိုက်ထုပ်ကို သွားတွေနဲ့ ကိုက်ဆွဲလာပြီးတော့ စွန့်ပစ်ခဲ့တာကို CCTV ကနေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက ဒီလုပ်ရပ်အပေါ်မှာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
“တီထွင်ကြံဆမှုဆိုပေမယ့် ဒါဟာ ရိုင်းစိုင်းမှုပါပဲ၊ လိမ္မာပါးနပ်တယ်လို့ ပြောနိုင်ပေမယ့် မတရားရာရောက်ပါတယ်၊ အမှိုက်ပစ်တာအပြင် မသိနားမလည်တဲ့ ခြေလေးချောင်းသူငယ်ချင်းကို အသုံးချပြီး စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ လုပ်ခဲ့တာပါ၊ မြို့ပြယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်ကို လေးစားဖို့က လူတိုင်းရဲ့ တာဝန်ပါပဲ” လို့လည်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ ခွေးကို အမှိုက်ပစ်တတ်အောင် သင်ကြားပေးပြီး အမှိုက်ပစ်စေခဲ့တဲ့သူကို ဖော်ထုတ်ပြီး ဒဏ်ငွေချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
现已上线!2025 年 Telegram 研究 — 年度关键洞察 
