ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸37 838未指定类别
202
订阅者
-124 小时
+17
-530
帖子存档
NOM
202
အီရတ်မှာရှိတဲ့ အစ္စလာမ္မစ်အကြွင်းအကျန်တွေကို တိုက်ဖျက်မယ့် စစ်ရေးတာဝန်တွေကို ရပ်ဆိုင်းမယ်လို့ ပင်တဂွန်က မနေ့က ကြေညာလိုက်ပါတယ်
အီရတ်မှာရှိတဲ့ အစ္စလာမ္မစ်အကြွင်းအကျန်တွေကို တိုက်ဖျက်မယ့် စစ်ရေးတာဝန်တွေကို ရပ်ဆိုင်းမယ်လို့ ပင်တဂွန်က မနေ့က ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆီးရီးယားမှာရှိတဲ့ IS တွေကို တိုက်ခိုက်ဖို့အတွက် ပိုမိုအာရုံစိုက်လာတော့မှာဖြစ်ပါတယ်။ IS တွေဟာ အီရတ်အစိုးရ ဒါမှမဟုတ် အီရတ်မှာရှိတဲ့ ကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘူးလို့ ဝါရှင်တန်က ယူဆပြီး အီရတ်တပ်ဖွဲ့တွေက လက်ကျန် IS တွေကို တိုက်ခိုက်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်သစ်ဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်လို့ ဟားမက်စ်က ပြောဆိုလိုက
ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်သစ်ဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်လို့ ဟားမက်စ်က ပြောဆိုလိုက်ပါတယ်။ အစ္စရေးအတွက်ပဲ အကျိုးအမြတ်များနေစေတယ်လို့ ဟားမက်စ်တာဝန်ရှိသူက BBC နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထရမ့်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်က လေ့လာနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ NOM

NOM
202
Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ ယူကရိန်းသားတဦးကို ပိုလန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါ
Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ ယူကရိန်းသားတဦးကို ပိုလန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ နောက်ကွယ်မှာ ဂျာမနီလည်း ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေ ရှိနေကာ သူဟာ ရေငုပ်နည်းပြတဦးလို့ သိရပါတယ်။ ဒါဟာ ဒုတိယမြောက်ဖမ်းဆီးခံရသူဖြစ်လာခဲ့တာပါ။ ဒီအရင်မှာ အီတလီက Sergey Kuznetsov ဆိုတဲ့ ယူကရိန်းသားတဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ NOM

NOM
202
မြောက်ကိုရီးယားဟာ နူကလီးယားကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကုလညီလာခံမှာ ပြုံယမ်းသံအမတ်က အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နူကလီးယားကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကုလညီလာခံမှာ ပြုံယမ်းသံအမတ်က အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။ နူလက်နက်ပိုင်ဆိုင်မှုဟာ ပြုံယမ်းရဲ့ အမျိုးသားရေးမူဝါဒ၊ အချုပ်အခြာအာဏာတို့နဲ့ ဆက်စပ်နေသလို ပိုင်ဆိုင်ခွင့်လည်း ရှိတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ယူကရိန်းကတောင်းဆိုထားတဲ့ Tomahawk တာဝေးပစ်ဒုံးကျည်တွေကို အမေရိကန်က ထောက်ပံ့ပေးဖို့အတွက် စဉ်းစားနေတယ်လို့ ဒုတိယသမ္မတ JD Vance
ယူကရိန်းကတောင်းဆိုထားတဲ့ Tomahawk တာဝေးပစ်ဒုံးကျည်တွေကို အမေရိကန်က ထောက်ပံ့ပေးဖို့အတွက် စဉ်းစားနေတယ်လို့ ဒုတိယသမ္မတ JD Vance က ပြောဆိုလိုက်ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကို ထရမ့်ကသာ ချမှတ်ရမှာဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပြီး ဒီလိုလုပ်ဆောင်မှုဟာ ငြိမ်းချမ်းရေးစကားဝိုင်းကို ရုရှားက အားစိုက်ဖို့ ဖိအားဖြစ်လာမယ်လို့လည်း ယူဆထားကြောင်း ဆိုပါတယ်။ NOM

NOM
202
ထရမ့်နဲ့ နေတန်ညာဟုတို့ကြားမှာ ဂါဇာအတွက် ငြိမ်းချမ်းရေးအစီအစဉ်သစ်တခု သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို ဟားမတ်စ်တို့လည
ထရမ့်နဲ့ နေတန်ညာဟုတို့ကြားမှာ ဂါဇာအတွက် ငြိမ်းချမ်းရေးအစီအစဉ်သစ်တခု သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို ဟားမတ်စ်တို့လည်း လက်ခံရမယ်လို့ ဝါရှင်တန်က သတိပေးခဲ့ပါတယ်။ အစ္စရေးက ထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ်တန့်ဖို့ လိုက်နာရမှာဖြစ်ပြီး ဟားမတ်စ်ကလည်း အသက်ရှင်နေသေးတယ်လို့ ယူဆရတဲ့ အစ္စရေးဓါးစာခံ ၂၀ ဦးနဲ့ သေဆုံးသွားပြီလို့ ယူဆရတတဲ့ လူ ၂ဒါဇင်ကျော်ရဲ့ ရုပ်ကြွင်းတွေကို ၇၂ နာရီအတွင်း လွှဲပြောင်းပေးရမယ်လို့ အဆိုပြုထားပါတယ်။ ဟားမတ်စ်ဆီကိုလည်း အိမ်ဖြူတော်ရဲ့ အချက် ၂၀ ပါဝင်တဲ့ အဆိုပြုချက်တွေကို ပေးပို့ထားတယ်လို့ ပါလက်စတိုင်းသတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
တရုတ်ဟာ ပေပေါင်း ၂၀၅၀ အထိရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးတံတားကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ Guizhou စီရင်စုအတွင်းမှာ တည်ဆောက်ခဲ့တာဖြ
တရုတ်ဟာ ပေပေါင်း ၂၀၅၀ အထိရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးတံတားကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ Guizhou စီရင်စုအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ချောက်တခုအပေါ်မှာ တည်ရှိပါတယ်။ ချောက်ရဲ့ ဟိုဘက်ဒီဘက်ကို သွားဖို့ကြာချိန်ကို ၂နာရီကျော်ကြာ လျှော့ချနိုင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဒီနှစ်ဩဂုတ်လအတွင်းမှာ တံတားရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ဖို့အတွက် ကုန်တင်ယာဉ် ၉၆ စီးအထိ တပြိုင်တည်းစမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်ပါတယ်။ NOM

NOM
202
သူ့ရဲ့ ဗီဇာကို ရုတ်သိမ်းခဲ့တဲ့ အမေရိကန်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုုးဖောက်ခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗိုက ပြောဆိုတု
သူ့ရဲ့ ဗီဇာကို ရုတ်သိမ်းခဲ့တဲ့ အမေရိကန်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုုးဖောက်ခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗိုက ပြောဆိုတုံ့ပြန်လိုက်ပါတယ်။ နယူးယောက်မြို့က လမ်းမတွေပေါ်မှာ ဂူစတာဗိုက ကန်စစ်သားတွေကို ဒေါ်နယ်ထရမ့်ရဲ့ အမိန့် မလိုက်နာဖို့အတွက် တိုက်တွန်းဆော်ဩခဲ့တာကြောင့် အမေရိကန်က သူ့ဗီဇာကို ရုတ်သိမ်းခဲ့တာပါ။ ဒီအပေါ်မှာ သူ ဂရုမစိုက်ဘူးလို့လည်း ဂူစတာဗိုက X မှာ ရေးသားခဲ့ပါတယ်။ NOM

NOM
202
မနေ့က ဒိန်းမတ်ရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအပေါ် ဒရုန်းပျံသန်းမှုတွေ ရှိခဲ့ပြီးနောက် အရပ်ဘက်ဒရုန်းပျံသန်းမှုတွေကို ဒိန်းမတ်က
မနေ့က ဒိန်းမတ်ရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအပေါ် ဒရုန်းပျံသန်းမှုတွေ ရှိခဲ့ပြီးနောက် အရပ်ဘက်ဒရုန်းပျံသန်းမှုတွေကို ဒိန်းမတ်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် လေဆိပ်အများအပြားကို ယာယီပိတ်ပင်ခဲ့ရပြီး ညတွင်းချင်းတုံ့ပြန်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ NOM

NOM
202
မစ်ရှီဂန်ပြည်နယ်က ဘုရားကျောင်းတခုကို သေနတ်သမားတဦးက ကားတစီးနဲ့ မောင်းဝင်လာပြီးနောက် အဆောက်အဦးကို မီးရှို့ခဲ့ပြီး ပစ်ခတ်ခဲ့တာကြ
မစ်ရှီဂန်ပြည်နယ်က ဘုရားကျောင်းတခုကို သေနတ်သမားတဦးက ကားတစီးနဲ့ မောင်းဝင်လာပြီးနောက် အဆောက်အဦးကို မီးရှို့ခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၈ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ လူရာနဲ့ချီပြီးတက်ရောက်ခဲ့တဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အသက် ၄၀ အရွယ် သေနတ်သမား Thomas Jacob Sanford ကိုလည်း ဘုရားကျောင်းကားပါကင်မှာ ရဲတွေက အသေပစ်ခတ်နိုင်ခဲ့ကာ အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ NOM

NOM
202
စနေနေ့က အိန္ဒိယရဲ့ နာမည်ကျော်သရုပ်ဆောင်တဦးဖြစ်တဲ့ တမီလ်မင်းသားကြီးဗီဂျေးဟာ သူ့ရဲ့နိုင်ငံရေးသမားဘ၀ အသွင်ပြောင်းတဲ့ မဲဆွယ်စည်းရ
စနေနေ့က အိန္ဒိယရဲ့ နာမည်ကျော်သရုပ်ဆောင်တဦးဖြစ်တဲ့ တမီလ်မင်းသားကြီးဗီဂျေးဟာ သူ့ရဲ့နိုင်ငံရေးသမားဘ၀ အသွင်ပြောင်းတဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို Karur မှာ ပြုလုပ်ခဲ့ချိန် လူထောင်ပေါင်းများစွာ စုဝေးခဲ့ပြီးနောက် လူ ၃၉ ဦးအထိ သေဆုံးပြီး ၉၀ ကျော်ဒဏ်ရာရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ လူအုပ်ကြီးဟာ ဗီဂျေးရဲ့ မဲဆွယ်စည်းရုံးရေး ထရပ်ကားအနီးမှာ ရှိနေခဲ့ကြပြီးနောက် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေရှိလာခဲ့ကာ ရဲတပ်ဖွဲ့အကူအညီကိုပါ ယူခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ လူအုပ်ကြီးက ထိန်းမရတော့ဘဲ သေဆုံးတဲ့အထိ ဖြစ်ခဲ့တာပါ။ သေဆုံးခဲ့တဲ့သူတဦးစီအတွက် နစ်နာကြေး ရူပီး ၂ သန်းနဲ့ ဒဏ်ရာရသူ တဦးစီအတွက် ရူပီး ၂သိန်းစီ ပေးမယ်လို့ ဗီဂျေးက ကတိပေးခဲ့ပြီး အစိုးရက ကမ်းလှမ်းထားတဲ့ ပမာဏရဲ့ ၂ ဆလည်းဖြစ်ပါတယ်။ NOM

NOM
202
ရုရှားဟာ အီးယူ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavro
ရုရှားဟာ အီးယူ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မော်စကိုကို ဦးတည်ရန်စလာမယ်ဆိုရင်တော့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။ ကုလအထွေထွေညီလာခံမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ အနောက်နိုင်ငံတွေကို သွယ်ဝိုက်ခြိမ်းခြောက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ NOM

NOM
202
ကုလအထွေထွေညီလာခံမှာ နေတန်ယာဟု မိန့်ခွန်းပြောကြားချိန်အတွင်း ဒါဇင်နဲ့ချီတဲ့ တာဝန်ရှိသူ၊ သံတမန်တွေဟာ ခန်းမထဲကနေ ထွက်သွားခဲ့ကြပါ
ကုလအထွေထွေညီလာခံမှာ နေတန်ယာဟု မိန့်ခွန်းပြောကြားချိန်အတွင်း ဒါဇင်နဲ့ချီတဲ့ တာဝန်ရှိသူ၊ သံတမန်တွေဟာ ခန်းမထဲကနေ ထွက်သွားခဲ့ကြပါတယ်။ ဌာနချုပ်အပြင်ဘက်မှာလည်း အစ္စရေးစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက Times Square မှာ စုရုံးနေခဲ့ပါတယ်။ နေတန်ယာဟုကတော့ ပါလက်စတိုင်စကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ NOM

NOM
202
ကိုလံဘီယာသမ္မတ Gustavo Petro ရဲ့ ဗီဇာကို ရုတ်သိမ်းလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ Gustavo နဲ့
ကိုလံဘီယာသမ္မတ Gustavo Petro ရဲ့ ဗီဇာကို ရုတ်သိမ်းလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ Gustavo နဲ့ ကိုလံဘီယာလက်ဝဲဝါဒီတွေဟာ နယူးယောက်မြို့က ကုလဌာနချုပ်အတွက် လုံခြုံရေးတာဝန်ယူပေးနေတဲ့ ကန်တပ်ဖွဲ့ဝင်တွေကို စစ်ရေးအရ ပုန်ကန်မှုလုပ်ဖို့ လှုံ့ဆော်ခဲ့တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မနေ့အစောပိုင်းက သူဟာ နယူးယောက်လမ်းမတွေပေါ်မှာ ကန်စစ်သားတွေကို အမိန့်မနာခံဖို့ တိုက်တွန်းမှုတွေလုပ်ခဲ့ပါတယ်။ ဒီမဆင်မခြင်လုပ်ရပ်အတွက် Gustavo ရဲ့ ဗီဇာကို ရုတ်သိမ်းတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
202
ကိုလံဘီယာသမ္မတ Gustavo Petro ဟာ နယူးယောက်မြို့က လမ်းမပေါ်မှာ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကို မလိုက်နာဖို့နဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို အာဏာရှင်နဲ့ ဖက်ဆစ်ဝါဒီတွေဘက် လှည့်ဖို့ အမေရိကန်စစ်သားတွေကို တိုက်တွန်းမှုလုပ်သွားခဲ့ပါတယ်။ ပါလက်စတိုင်းကို ကာကွယ်ပေးသွားမယ့် စစ်တပ်တခုကိုလည်း သူ ဖန်တီးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ကမ္ဘာ့အားအပြင်းဆုံး လေတာဘိုင်ကို တရုတ်က စမ်းသပ်ခဲ့တာပါ။ ဘတ်စကတ်ဘော ကွင်းအရွယ်အစားရှိပြီး ၁၃ ထပ်အထိ အမြင့်ရှိပါတယ်။ NOM

NOM
202
အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံတွင်းက မူးယစ်ဆေးဝါးပစ်မှတ်တွေကို စစ်ရေးအရတိုက်ခိုက်ဖို့ ရွေးချယ်တာတွေကို ပြင်ဆင်နေပြီဖြစ်ပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံတွင်းက မူးယစ်ဆေးဝါးပစ်မှတ်တွေကို စစ်ရေးအရတိုက်ခိုက်ဖို့ ရွေးချယ်တာတွေကို ပြင်ဆင်နေပြီဖြစ်ပါတယ်။ - NBC NOM

NOM
202
ကိုယ်ပိုင်ထုတ်လုပ်မှုပြတ်လပ်လာတာကြောင့် အမေရိကန်ဟာ ရုရှားရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို ဆက်လက်ဝယ်ယူနေရတယ်လို့ ကန်စွမ်းအင်ဝန်က
ကိုယ်ပိုင်ထုတ်လုပ်မှုပြတ်လပ်လာတာကြောင့် အမေရိကန်ဟာ ရုရှားရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို ဆက်လက်ဝယ်ယူနေရတယ်လို့ ကန်စွမ်းအင်ဝန်ကြီး Chris Wright က ပြောဆိုလိုက်ပါတယ်။ "ကျနော်တို့ အဲဒါကို လိုအပ်ပါတယ်၊ ကျနော်တို့ရဲ့ ဓါတ်ပေါင်းဖိုတွေအတွက် လုံလောက်တဲ့ ထုတ်လုပ်မှု မရှိဘူးဖြစ်နေတယ်" လို့ ဆိုခဲ့တာပါ။ အနာဂတ်မှာတော့ အမေရိကန်က ကိုယ်ပိုင်ထုတ်လုပ်မှုကို မြှင့်တင်ဖို့ ရည်ရွယ်နေပါတယ်။ NOM

NOM
202
တရုတ်ပိုင် TikTok ရဲ့ အမေရိကန်မှာရှိတဲ့ လုပ်ငန်းအားလုံးကို အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံသူတွေဆီ ရောင်းချဖို့
တရုတ်ပိုင် TikTok ရဲ့ အမေရိကန်မှာရှိတဲ့ လုပ်ငန်းအားလုံးကို အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံသူတွေဆီ ရောင်းချဖို့ စီစဉ်ထားပြီး ၂၀၂၄ ဥပဒေမှာပါရှိတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းပေးသွားမယ်လို့ ထရမ့်က executive order ထုတ်ပြန်လိုက်ပါတယ်။ NOM

NOM
202
ကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ လာမယ့်သီတင်းပတ်အတွင်း ဗာဂျီးနီးယားပြည်နယ်မှာ တွေ့ဆုံဖို့အတွက် ကမ္ဘာတဝှမ်းက အမေရိကန် အကြီး
ကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ လာမယ့်သီတင်းပတ်အတွင်း ဗာဂျီးနီးယားပြည်နယ်မှာ တွေ့ဆုံဖို့အတွက် ကမ္ဘာတဝှမ်းက အမေရိကန် အကြီးတန်းစစ်ဘက်အရာရှိတွေကို ဆင့်ခေါ်လိုက်တယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး အချိန်တိုအတွင်းမှာ တနေရာတည်းမှာ တွေ့ဆုံဖို့အတွက် ဗိုလ်ချုပ်တွေနဲ့ ရေတပ်မှူးတွေကို ဆင့်ခေါ်တဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့လည်း အရာရှိနှစ်ဦးက ပြောဆိုခဲ့တယ်လို့ အဆိုပါသတင်းဌာနက ရေးသားခဲ့ပါတယ်။ NOM