ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸37 838未指定类别
202
订阅者
-124 小时
+17
-530
帖子存档
NOM
202
ရုရှားဆီက‌ ရေနံဝယ်ယူနေမှုတွေကို ရပ်တန့်ဖို့ တူရကီသမ္မတ အာဒိုဂန်ကို ထရမ့်က တိုက်တွန်းလိုက်ပြီး ဒါဟာ ကန်ရဲ့ မိတ်ဖက်တူရကီက အကောင
ရုရှားဆီက‌ ရေနံဝယ်ယူနေမှုတွေကို ရပ်တန့်ဖို့ တူရကီသမ္မတ အာဒိုဂန်ကို ထရမ့်က တိုက်တွန်းလိုက်ပြီး ဒါဟာ ကန်ရဲ့ မိတ်ဖက်တူရကီက အကောင်းဆုံးလုပ်နိုင်တဲ့အရာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော်မှာ သူတို့နှစ်ဦးတွေ့ဆုံခဲ့ပြီးနောက် အစည်းအဝေးဟာ အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ ကတိကဝတ်တွေမရှိခဲ့သလို တူရကီအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းပေးဖို့လည်း သဘောတူညီချက်မရှိဘဲ ပြီးဆုံးခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ NOM

NOM
202
ပြင်သစ်သမ္မတဟောင်း ဆာကိုဇီဟာ လစ်ဗျားအာဏာရှင်ကဒါဖီဆီကနေ ယူရိုသန်းပေါင်းများစွာ တရားမဝင်ရန်ပုံငွေတွေ လက်ခံရယူခဲ့မှုမှာ ရာဇဝတ်ပူ
ပြင်သစ်သမ္မတဟောင်း ဆာကိုဇီဟာ လစ်ဗျားအာဏာရှင်ကဒါဖီဆီကနေ ယူရိုသန်းပေါင်းများစွာ တရားမဝင်ရန်ပုံငွေတွေ လက်ခံရယူခဲ့မှုမှာ ရာဇဝတ်ပူးပေါင်းကြံစည်မှုကြောင့် အပြစ်ရှိတယ်လို့ သတ်မှတ်ခံရပြိး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရပါ်တယ်။ အယူခံဝင်မယ်ဆိုရင်လည်း အကျဉ်းထောင်အတွင်းကနေ လုပ်ဆောင်ရမယ်လို့ စီရင်ချက်မှာ ပါဝင်ခဲ့ပါတယ်။ အသက် ၇၀ အရွယ် ဆာကိုဇီဟာ ၂၀၀၇ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ရန်ပုံငွေအဖြစ် ကဒါဖီဆီကနေ ရရှိခဲ့တဲ့ ငွေကြေးတွေကို အသုံးပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ကဒါဖီကို အနောက်နိုင်ငံတွေက အပယ်ခံတဦးအဖြစ် ဆက်ဆံခံရမှုကနေ ဖယ်ရှားပေးဖို့ ကူညီပေးမယ်ဆိုပြီး ကတိပြုခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။ NOM

NOM
202
ဘန်ကောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေ ၁၀၀ ကျယ်ကာ ပေ၁၆၀ ကျော် နက်တဲ့ ကျင်းကြီးကို မြေပြန်ဖို့နေပါပြီ။ မြေအောက်ဥမင်ရထားလမ်းတခုက အနီးနား
ဘန်ကောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေ ၁၀၀ ကျယ်ကာ ပေ၁၆၀ ကျော် နက်တဲ့ ကျင်းကြီးကို မြေပြန်ဖို့နေပါပြီ။ မြေအောက်ဥမင်ရထားလမ်းတခုက အနီးနားမှာ ရှိနေပြီး နောက်ဆက်တွဲ မြေပြိုမှုတွေဖြစ်ပွးလာမှာကြောင့် အမြန်ဆောင်ရွက်နေတာပါ။ မနေ့ညက စတင်ကာ သဲအိတ်ပေါင်း ၅၀၀၀၀ အထိ ဖို့ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ထိထိရောက်ရောက်ဟန့်တားမှုမလုပ်ရင် ပူတင်ဟာ ယူကရိန်းနဲ့တင် ရပ်တန့်မှာမဟုတ်ဘဲ ကျူးကျော်စစ်တွေ ဆင်နွှဲဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်
ထိထိရောက်ရောက်ဟန့်တားမှုမလုပ်ရင် ပူတင်ဟာ ယူကရိန်းနဲ့တင် ရပ်တန့်မှာမဟုတ်ဘဲ ကျူးကျော်စစ်တွေ ဆင်နွှဲဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောငး ယူကရိန်းသမ္မတ ဇီလင်စကီးက စွပ်စွဲပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ NOM

NOM
202
အင်္ဂါနေ့က ကုလအထွေထွေညီလာခံကို သွားရောက်ခဲ့ချိန် စက်လှေကားရပ်တန့်မှု၊ teleprompter ချို့ယွင်းမှုနဲ့ အသံပိုင်းဆိုင်ရာ ပြသနာတွေ
အင်္ဂါနေ့က ကုလအထွေထွေညီလာခံကို သွားရောက်ခဲ့ချိန် စက်လှေကားရပ်တန့်မှု၊ teleprompter ချို့ယွင်းမှုနဲ့ အသံပိုင်းဆိုင်ရာ ပြသနာတွေဖြစ်ပွားခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာလည်း ထရမ့်က အဲဒီပြသနာတွေအကြောင်း ဖော်ပြခဲ့ပြီး ဒီလိုမျိုးဖြစ်ပွားခဲ့တာအတွက် ကုလကိုလည်း အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ထရမ့်ဟာ ကုလညီလာခံမှာ ၅၅ မိနစ်လောက်ကြာအောင် မိန့်ခွန်းပြောခဲ့ပြီး ကုလရဲ့ အလုပ်လုပ်ဆောင်ပုံတွေကိုပါ အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ NOM

NOM
202
ကာရစ်ဘီယံပင်လယ်ထဲမှာ မူးယစ်ဆေးဝါးသင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဂ
ကာရစ်ဘီယံပင်လယ်ထဲမှာ မူးယစ်ဆေးဝါးသင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ပြောဆိုလိုက်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွင်း ကိုလံဘီယာနိုင်ငံသားတွေ သေဆုံးတာမျိုးရှိခဲ့ရင် ကန်တာဝန်ရှိသူတွေကို ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေကို ပြုလုပ်ဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။ NOM

NOM
202
မြောက်ကိုရီးယားနဲ့ တင်းမာနေမှုတွေကို လျှော့ချသွားဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ Lee Jae-myung က ကုလအထွေထ
မြောက်ကိုရီးယားနဲ့ တင်းမာနေမှုတွေကို လျှော့ချသွားဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ Lee Jae-myung က ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှုအတွင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ NOM

NOM
202
ဒေါ်နယ်ထရမ့်အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရယူချင်တယ်ဆိုရင် ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြင်သစ်သမ္မတမာ
ဒေါ်နယ်ထရမ့်အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရယူချင်တယ်ဆိုရင် ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြင်သစ်သမ္မတမာခရွန်က ပြောဆိုလိုက်ပါတယ်။ NOM

NOM
202
ရုရှားက ကျောထောက်နောက်ခံပေးထားတယ်လို့ စွပ်စွဲထားတဲ့ အကြမ်းဖက်မှုကြိုးစားဖို့မှာ ပါဝင်သူ ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်း
ရုရှားက ကျောထောက်နောက်ခံပေးထားတယ်လို့ စွပ်စွဲထားတဲ့ အကြမ်းဖက်မှုကြိုးစားဖို့မှာ ပါဝင်သူ ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် မော်လ်ဒိုဗာရဲ့ လွတ်လပ်ရေးနဲ့ ဥရောပအနာဂတ်ဟာ အန္တရာယ်ရှိနေပြီလို့ မော်လ်ဒိုဗာသမ္မတ Maia Sandu က သတိပေးလိုက်ပါတယ်။ မော်လ်ဒိုဗာမှာ အရေးပါတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ မတိုင်ခင် ရက်ပိုင်းအလို နိုင်ငံအနှံ့မှာ ရဲတပ်ဖွဲ့က စီးနင်းမှုတွေလုပ်ဆောင်ခဲ့ပြီး လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ ဖမ်းဆီးမိသူ ၇၄ ဦးအနက် အချို့ဟာ ရုရှားက ပို့ချတဲ့ သင်တန်းအတွက် ဆာဘီးယားကို သွားရောက်ခဲ့သူတွေလို့ စွပ်စွဲထားပါတယ်။ NOM

NOM
202
ယူကရိန်းဟာ သူတို့ဆုံးရှုံးထားခဲ့တဲ့ နယ်နိမိတ်အားလုံးကို ပြန်လည်ရရှိနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ရုရှားအပေါ်
ယူကရိန်းဟာ သူတို့ဆုံးရှုံးထားခဲ့တဲ့ နယ်နိမိတ်အားလုံးကို ပြန်လည်ရရှိနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ရုရှားအပေါ် စီးပွားရေးအရပိတ်ဆို့အရေးယူမှု၊ ဥရောပနဲ့ နေတိုးရဲ့ ပံ့ပိုးမှုတွေကြောင့် ပြန်လည်ရယူနိုင်တယ်လို့ ဆိုခဲ့တာပါ။ NOM

NOM
202
ဥဇဘက်လေကြောင်းလိုင်းဟာ Boeing ကနေ ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိတဲ့ Boeing 787 Dreamliners အစင်းပေါင်း ၂၂၇၈၇ အထိ ဝယ်ယူမယ့် စာချုပ်က
ဥဇဘက်လေကြောင်းလိုင်းဟာ Boeing ကနေ ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိတဲ့ Boeing 787 Dreamliners အစင်းပေါင်း ၂၂၇၈၇ အထိ ဝယ်ယူမယ့် စာချုပ်ကို ချုပ်ဆိုနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ Turth လူမှုကွန်ယက်ပေါ်မှာ ထရမ့်က ရေးသားခဲ့တာပါ။ အဆိုပါပမာဏဟာ ကမ္ဘာပေါ်က ခရီးသည်တင်ဂျက်လေယာဉ်တွေရဲ့ နေရာမှာ ၂ ဆအထိ အစားထိုးနိုင်မယ့် ပမာဏဖြစ်ပါတယ်။ အမှန်အားဖြင့် ၂၂ စင်း ဝယ်ယူမှာဖြစ်ပြီး ထရမ့်ရဲ့ ရေးသားမှုက မှားယွင်းနေတာလည်း ဖြစ်ပါတယ်။ NOM

NOM
202
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC က စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ အသက် ၈၀ အ
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC က စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ အသက် ၈၀ အရွယ် ဒူတာတေးဟာ မူးယစ်ဆေးရောင်းချသူတွေ၊ သုံးစွဲသူတွေအပါအဝင် ထောင်နဲ့ချီတဲ့ သူတွေ အသတ်ခံရမှုမှာ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိတယ်လို့ စွပ်စွဲခံခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အခုလို စွဲချက်တင်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ NOM

NOM
202
ကိုယ်ဝန်ဆောင်အမျိုသမီးတွေအနေနဲ့ Tylenol (ပါရာစီတမော) သောက်သုံးပါက ကလေးငယ်တွေမှာ အော်တစ်ဇင်ဖြစ်လာနိုင်ချေရှိတာကြောင့် မသောက်သု
ကိုယ်ဝန်ဆောင်အမျိုသမီးတွေအနေနဲ့ Tylenol (ပါရာစီတမော) သောက်သုံးပါက ကလေးငယ်တွေမှာ အော်တစ်ဇင်ဖြစ်လာနိုင်ချေရှိတာကြောင့် မသောက်သုံးဖို့အတွက် မကြာခင်မှာ တိုက်တွန်းလှုံ့ဆော်မှုလုပ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ အဖျားလွန်ကဲလွန်းမှသာ သောက်သုံးသင့်တယ်လို့လည်း ထရမ့်က ထပ်မံပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ပြင်သစ်ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ ကုလအထွေထွေညီလာခံမတိုင်ခင် ပြင်သစ်နဲ့ ဆော်ဒီတို့က
ပြင်သစ်ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ ကုလအထွေထွေညီလာခံမတိုင်ခင် ပြင်သစ်နဲ့ ဆော်ဒီတို့က ကမကထပြုလုပ်ခဲ့တဲ့ တရက်တာဆွေးနွေးပွဲမှာ ပြင်သစ်သမ္မတမာခရွန်က ပြောဆိုခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကို ဂျာမနီ၊ အီတလီနဲ့ အမေရိကန်တို့ မတက်ရောက်ခဲ့ပါဘူး။ NOM

NOM
202
အာဖဂန်က အမေရိကန်သံရုံးဟာ ဘောလုံးကွင်းအဖြစ်နဲ့ ပြောင်းလဲသွားခဲ့ပါပြီ။ အမေရိကန်တွေကို တိုင်းပြည်တွင်းကနေ ထွက်ခွာသွားရအောင် လုပ်နိုင်ခဲ့ပြီးနောက် အာဖဂန်အစိုးရဟာ အမေရိကန်တို့ ကျန်နေရစ်ခဲ့တာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာအတွက် အခက်အခဲမရှိခဲ့ပါဘူး။ ဥပမာအားဖြင့် တချိန်က ကန်သံရုံးဟာ အခုဆိုရင် ဒေသခံတွေအတွက် ဘောလုံးကွင်းအဖြစ် တည်ရှိနေပါပြီ။ NOM

NOM
202
ယူကရိန်းစစ်တပ်ကတောင်မှ ရုရှားရဲ့ စစ်ရေးစွမ်းဆောင်နိုင်မှုကို ထုတ်ဖော်အသိအမှတ်ပြုခဲ့ရပါတယ်။ “သူတိုက အကောင်းဆုံးပဲ၊ ထိပ်တန်းအဆင့်မှာရှိနေတယ်၊ ဒီထက်ပိုပြီးတော့ ချဲ့ထွင်နိုင်တာမျိုး မရှိဖို မျှော်လင့်ကြပါစို” လို ယူကရိန်းရဲ့ ဒရုန်းတပ်မှူးက‌ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအတွက် ပြသနာက ဘာလဲဆိုရင် အစီရင်ခံစာအရ ရုရှားဒရုန်းတပ်ဖွဲဟာ ကီလိုမီတာ ၁၁၀၀ အထိ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို ပြသနာ ကြီးကြီးမားမားဖြစ်စေခဲ့တယ်ဆိုတာပါ။ ဒါဆိုရင် Rubicon ရဲ့ အစွမ်းအစက ဘယ်လိုမျိုးရှိမလဲ? ယူကရိန်းစစ်တပ်အတွက် ဒရုန်းမောင်းနှင်သူတွေကို စုစည်းပေးဖို ရည်ရွယ်ထားတဲ့ အစိုးရမဟုတ်သော အဖွဲအစည်းကို ဦးဆောင်သူ Maria Berlinska က “ရုရှားရဲ့ အကောင်းဆုံးနည်းပညာယူနစ်” လို ဆိုပါတယ်။ “Rubicon မှာ ထက်မြက်ပြီး စီမံခန့်ခွဲမှု၊ စနစ်တကျလုပ်ဆောင်တတ်တဲ့ အထူးချွန်ဆုံးသူတွေကို စုစည်းထားတယ်” လို သူက ထပ်ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီး Sergei Budniko က ဦးဆောင်ပြီး ရုရှားဒရုန်းတပ်ဖွဲအတွက် ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံနေတာလည်း ဖြစ်ပါတယ်။ Radio Free Europe က ရုရှားရဲ့ ထိပ်တန်းတပ်ဖွဲအကြောင်း အသေးစိတ်အချက်အလက်တွေကို တွေ့ရှိခဲ့တယ်လိုဆိုပြီး ဖော်ပြမှုတွေလုပ်ခဲ့ပါတယ်။ - Rubicon ဟာ ဒရုန်းနည်းပညာအသစ်တွေကို ဝယ်ယူပြီး တီထွင်ထုတ်လုပ်နေတယ် - Rubicon က နည်းဗျူဟာအသစ်တွေကို စမ်းသပ်နေတယ် - Rubicon က ယူကရိန်းဒရုန်းတွေကို လိုက်ရှာဖွေတယ် - နွေဦးရာသီတုန်းက ယူနစ်တခုအတွက် လူပေါင်း ၁၃၀ ကနေ ၁၅၀ အထိ ဖွဲစည်းခဲ့တယ် Rubicon ဟာ ယူကရိန်းဒရုန်းမောင်းနှင်သူတွေအတွက် အန္တရာယ်ပိုများလာပကါတယ်။ သူတိုဟာ ရှေ့တန်းကနေ တော်တော်လေးလုံခြုံတဲ့ အကွာအဝေးမှာ သူတိုရဲ့ မော်နီတာတွေရှေ့ ပုံမှန်အားဖြင့် ရှိနေလေ့ရှိပါတယ်။ တပတ်အတွင်းမှာပဲ ဒရုန်းမောင်းနှင်သူ ၇၀% အထိကို သုတ်သင်နိုင်ခဲ့တယ်လို Rob Lee က ပြောဆိုခဲ့ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ အောင်မြင်မှုက Rubicon ရဲ့ ထိရောက်မှုနဲ့ ကျွမ်းကျင်မှုတွေကို ညွှန်ပြနေပါတယ်။ NOM

NOM
202
ရုရှားရဲ့ အထူးဒရုန်းတပ်ဖွဲ့ Rubicon က ယူကရိန်းအတွက် ပိုပြီးတော့ အန္တရာယ်များပြားလာ “ရုရှားက သူတို့ရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပ
ရုရှားရဲ့ အထူးဒရုန်းတပ်ဖွဲ့ Rubicon က ယူကရိန်းအတွက် ပိုပြီးတော့ အန္တရာယ်များပြားလာ “ရုရှားက သူတို့ရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပိုပြီးတော့ ကောင်းမွန်လာအောင် ဆောင်ရွက်လာနိုင်နေပါတယ်” လို့ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူ Franz-Stefan Gady က ရှေ့တန်းစစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ပြီးနောက် ဩဂုတ်လအတွင်းမှာ Tagesspiegel ကို ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့ ဒရုန်းနည်းပညာလွှဲပြောင်းပေးမှု၊ တရုတ်အစိတ်အပိုင်းတွေ ပေးပို့နိုင်မှုနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုတွေကို တိုးမြှင့်လာနိုင်တဲ့နောက်မှာ ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် ရုရှားဒရုန်းတိုက်ခိုက်မှုတွေက ပိုမိုပြီး ကြီးမားလာကာ အန္တရယ်ပေးနိုင်ခဲ့ပါတယ်။ (ယူကရိန်းကလည်း တရုတ်ရဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ၈၉.၈% အထိ မှီခိုနေရတာပါ) ဥပမာအားဖြင့် ရုရှားနယ်စပ် Kursk ကနေ ယူကရိန်းတပ်‌တွေ ဆုတ်ခွာခဲ့ရမှုဟာ Rubicon နဲ့ ပတ်သက်နေပါတယ်။ ရုရှားဒရုန်းတွေရဲ့ ဖိအားပေးမှုက ပိုမိုကြီးမားလာခဲ့ပြီး Rubicon ကြောင့်ပဲ ယူကရိန်းဟာ သူတို့ရဲ့ တပ်ဖွဲ့တွေအတွက် ပုံမှန်အတိုင်း ထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့ဘူး” လို့ အမေရိကန်ရေတပ်အရာရှိဟောင်း Rob Lee က Kursk မှာ ကျရှုံးမှုနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

NOM
202
Charlie Kirk လုပ်ကြံခံရမှုအတွက် ဒေါ်နယ်ထရမ့်နဲ့ ပြန်လည်ပြီး ပူးပေါင်းမယ့် အရိပ်အမြွက်တွေကို ပြသခဲ့ပါတယ်။ “Charlie အတွက်” လို့
Charlie Kirk လုပ်ကြံခံရမှုအတွက် ဒေါ်နယ်ထရမ့်နဲ့ ပြန်လည်ပြီး ပူးပေါင်းမယ့် အရိပ်အမြွက်တွေကို ပြသခဲ့ပါတယ်။ “Charlie အတွက်” လို့ သူက X မှာ ပို့စ်တင်ခဲ့ရာမှာ ဒေါ်နယ်ထရမ့်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို တင်ထားခဲ့တာပါ။ NOM

NOM
202
ကုလအထွေထွေညီလာခံမတိုင်ခင်မှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသဒွားဖို့အတွက် ဗြိတိန်က သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဗြိတိန်က အပြည့်အ၀အသိအမှတ်ပြုမှာဖြစ်ပြီး G7 နိုင်ငံတွေထဲမှာ ပါလက်စတိုင်းကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။ ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်းကို ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ NOM

NOM
202
ရုရှားတိုက်လေယာဉ်တွေဟာ အက်စတိုးနီးယားလေပိုင်နက်ထဲကို ကျူးကျော်တာမျိုး မရှိခဲ့ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပ
ရုရှားတိုက်လေယာဉ်တွေဟာ အက်စတိုးနီးယားလေပိုင်နက်ထဲကို ကျူးကျော်တာမျိုး မရှိခဲ့ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ လွတ်လပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားလေယာဉ်တွေဟာ နိုင်ငံတာစည်းကမ်းတွေကို အတိအကျလိုက်နာကာ ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေးဌာနက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ NOM