ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 056
订阅者
无数据24 小时
+67 天
+130 天
帖子存档
EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော ပေါ်တာဆွဲ စခအိမ်စီးကား(၄)စီးသည် မုံရွာနယ်၊ ကိုင်းတောလမ်းခွဲမှ အနောက်ဘက် မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ May 11, 10:20AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
photo content
+7

EIO
1 055
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၁၁.၅.၂၀၂၆ မှ (၁၇.၅.၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ ................................. 🌀 ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မေလ(၁၁)ရက်နေ့၌ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ⛈️ မိုးအခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရောဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရောဝတီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🚨 မိုးလေဝသ ဖြစ်စဉ်များအနေဖြင့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။ လေဖိအားနည်းရပ်ဝန်း၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။ 💡အကြံပြုချက်များမှာ လေဖိအားနည်းရပ်ဝန်းအချိန်ကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် သည့်အတွက် နေအိမ်များ၊ စစ်ရှောင်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ နေထိုင်ရာအဆောက်အအုံများကို ခိုင်ခံ့ မှုရှိစေရန် ပြုပြင်ခြင်း၊ စိုက်ပျိုးသီးနှံများနှင့် ပျိုးပင်များ ရေကြီးနစ်မြုပ်မှုမရှိ‌ေစရန် ကြိုတင်စီမံခြင်း၊ ရေကြီး ရေလျှံမှုလျော့ချနိုင်‌ရေးအတွက် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ တောင်ကျချောင်းများရေလျှံနိုင်သည့် အန္တရာယ်ကို သတိပြုသွားလာခြင်းများ ပြုလုပ်ကြပါရန် အကြံပြုအပ်ပါသည်။ 📅နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။ 🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️ #မိုးလေဝသသတင်း #WeatherForecast #MOHADM

EIO
1 055
🚨 မုံရွာမြို့တွင်း သွားလာနေသူများ အထူးသတိပြုရန် ⚠️ မုံရွာမြို့၏ လုံခြုံရေးအခြေအနေမှာ ယခင်နှစ်ကာလများထက် ယခုရက်ပိုင်းအတွင်း အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏‌ ကျေးကျွန်များဖြစ်သော စခ၊ရခများ၊ယာဉ်ထိန်းရဲများသည် မြို့အဝင်အထွက်နှင့် လမ်းဆုံလမ်းခွများ၊မီးပွိုင့်များတွင် အိမ်စီးကားများအသုံးပြု၍ လှည့်ပတ်ပြီး အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးမှုများအပြင် စစ်မှုထမ်းရန် "လူသစ်စုဆောင်းခြင်း (ပေါ်တာဆွဲခြင်း)" များ ခပ်စိပ်စိပ် ပြုလုပ်နေပါသည်။ 🗣️ မိဘပြည်သူများနှင့် လူငယ်လူရွယ်များအကြား ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အသိပေးချက်၊သတိပေးချက်များကို မိမိတို့ #EIO_Admin_Team ယမန်နှစ်များကအတိုင်း နေ့စဉ်ပုံမှန် ထုတ်ပြန်ပေးနေ‌သော်ငြားလည်း သတိပြုလိုက်နာရမှာ မိမိတို့တာဝန်သာဖြစ်ပါသည်။ ⚠️ အောက်ပါအချက်များကို "မဖြစ်မနေ" လိုက်နာပေးကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✨ 🛡️ သင်နှင့် သင့်မိသားစု လုံခြုံစေဖို့... ⚠️ ၁။ လမ်းကြောင်းကို ကြိုတင်စစ်ဆေးပါ 🛰️ မိမိသွားမည့်လမ်းတွင် အစစ်အဆေးရှိမရှိကို မြေပြင်သတင်းရင်းမြစ်များ (သို့မဟုတ်) နီးစပ်ရာမိတ်ဆွေများထံ အမြဲမေးမြန်းပါ။ အထိုင်ဂိတ်များရှိသော လမ်းမကြီးများကို တတ်နိုင်သမျှ ရှောင်ကွင်းပါ။ 📱 ၂။ #Digital_Security လုံခြုံရေးကို ဂရုစိုက်ပါ 🔒 စစ်ဆေးရေးဂိတ်များတွင် ဖုန်းများကို အသေးစိတ်စစ်ဆေးတတ်သဖြင့် - #Social_Media အကောင့်များ (Messenger/Viber/Telegram) ကို သတိထားပါ။ နိုငံရေးနှင့် သက်ဆိုင်သော ဓာတ်ပုံ၊ ဖိုင်နှင့် သတင်းများကို ဖုန်းထဲတွင် မထားပါနှင့်။ ဖုန်းအတွင်းရှိ သံသယဖြစ်ဖွယ်ရာ အချက်အလက်များကို ကြိုတင်ရှင်းလင်းထားပါ။ 🏃 ၃။ လူငယ်များ အုပ်စုလိုက် သွားလာခြင်းကို ဆင်ခြင်ပါ 👥 လူငယ်/လူရွယ်များကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းကြောင့် အုပ်စုလိုက်သွားလာခြင်း (သို့မဟုတ်) လူစည်ကားရာနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။ 🏠 ၄။ နေအိမ်၌သာ နေထိုင်ပါ 🚪 အရေးကြီးကိစ္စ (ကျန်းမာရေး၊ စားဝတ်နေရေး) မှလွဲ၍ မလိုအပ်ဘဲ အပြင်မထွက်ကြပါရန်နှင့် ညနေ ၆ နာရီနောက်ပိုင်း သွားလာခြင်းကို လုံးဝရှောင်ကြဉ်ကြပါရန်။ 📢 မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်။ မိမိတို့ ပတ်ဝန်းကျင်တွင် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ တွေ့ရှိပါက နီးစပ်ရာလူထုထံသို့ လျင်မြန်စွာ သတင်းပေးပို့ပြီး အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးကြပါ။ "သတိတစ်ချက် လွတ်ရုံဖြင့် ဘဝတစ်ခု ဆုံးရှုံးနိုင်သည်ကို သတိပြုပါ။" 🙏 #EIO_Update_News #Monywa #SafetyFirst #PublicAlert #StaySafeMonywa #ProtectOurYouth #WhatsHappeningInMyanmar

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၄)စီးသည် မုံရွာဇလုပ်အဝိုင်းပတ်မှ တဆင့် ကိုင်းတောလမ်းခွဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 11, 9:58AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၁)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 11, 9:27AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ သာစည်လမ်းမကြီး အက်တောအဝိုင်းပတ်၊ ကန်သာဘုန်းကြီးကျောင်း၊ ကျောက်စစ်ပုံ အမတ(၅၀၈)ထိ စခများ‌သည် ရောက်ရှိ နေရာယူကာ ကင်းပုန်းများချထားကြောင်း သတင်းရရှိထားပါသည်။ May 11, 8:39AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
photo content

EIO
1 055
Repost from EIO
🚨 သတိပြုပါ - သင်မသိလိုက်ဘဲ စစ်ကောင်စီ၏ ဒလန် (သို့မဟုတ်) သတင်းပေး ဖြစ်နေနိုင်ပါသလား ⁉️ ⚠️ ယနေ့ကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများအား ၎င်းတို့၏ စစ်ရေးသတင်းပေးများအဖြစ် သတိမထားမိဘဲ အသုံးချခံရအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ မိမိတို့၏ အပြစ်ကင်းစင်သော လုပ်ဆောင်ချက်များက တော်လှန်ရေးအပေါ် မည်သို့သက်ရောက်နိုင်သည်ကို အောက်ပါအချက်များဖြင့် ဆန်းစစ်ကြည့်ကြပါစို့။ 🛑 ရှောင်ရန်အချက်များ။ 🚫 မသေချာသော သတင်းများကို ချက်ချင်းလက်ဆင့်ကမ်းခြင်း။ လူမှုကွန်ရက်ပေါ်တွင် မြင်ရသော သတင်းအချက်အလက်များကို စီစစ်ခြင်းမရှိ၊အတည်မပြုဘဲ နေရာတိုင်းသို့ ချက်ချင်း #Share ခြင်း၊ #Forward ခြင်း မပြုလုပ်ပါနှင့်။ 🚫 လူမှုရေး/ပရဟိတအကြောင်းပြချက်ဖြင့် သတင်းပေးမေးမြန်းမှုများကို ဖြေကြားခြင်း။ မရင်းနှီးသောသူများ (သို့မဟုတ်) သံသယဖြစ်ဖွယ် အကောင့်များမှ နေရာဒေသ၊ လူအင်အား (သို့မဟုတ်) သွားလာလှုပ်ရှားမှုများကို မေးမြန်းလာပါက မည်သည့်အခါမျှ အချက်အလက်များ မပေးပါနှင့်။ 🚫 ဓာတ်ပုံနှင့် ဗီဒီယိုများ အလွန်အကျွံ တင်ခြင်း။ တော်လှန်ရေး ရဲဘော်များ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ ဓာတ်ပုံ (သို့မဟုတ်) လှုပ်ရှားမှုများကို အသေးစိတ်ဖော်ပြ၍ #Social_Media ပေါ်၌ တင်ခြင်းဖြင့် ရန်သူ့အတွက် လမ်းညွှန်သကဲ့သို့ ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။ 🚫 နေရာဒေသ တည်နေရာ (#Location_Tag) ဖွင့်၍ တင်ခြင်း။ အများပြည်သူ သွားလာရာနေရာ၊ အထူးသဖြင့် လုံခြုံရေးအရ သတိထားရမည့် နေရာများတွင် #Location_Tag ဖွင့်၍ တင်ခြင်းကို ရှောင်ပါ။ 💡 ဆောင်ရန်အချက်များ။ ✅ သတင်းရင်းမြစ်များကို သေချာစစ်ဆေးပါ။ တရားဝင်သော တော်လှန်ရေး သတင်းဌာနများ၊ သက်ဆိုင်ရာ ဒေသအလိုက် တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကိုသာ ယုံကြည်ပါ။ ✅ သံသယရှိသူများကို သတိပြုပါ။ မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဆိုရှယ်မီဒီယာများ‌ပေါ်တွင် အခြေအနေမမှန်သော မေးခွန်းများမေးခြင်း၊ အသေးစိတ်အချက်အလက်များ တောင်းခံခြင်းတို့ကို တွေ့ရှိပါက သတိထားဆင်ခြင်ပါ။ ✅ လုံခြုံရေး အသိတရား ထားရှိပါ။ မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေများအား လုံခြုံရေးနှင့် ပတ်သက်၍ အမြဲသတိပေး ဆွေးနွေးပါ။ ✅ သတင်းအချက်အလက်များကို လျှို့ဝှက်ထားပါ။ တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှု (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လူသိရှင်ကြား ပြောဆိုခြင်း သို့မဟုတ် လူမှုကွန်ရက်တွင် ရေးသားခြင်း မပြုလုပ်ပါနှင့်။ ⚠️ သတိပြုဆင်ခြင်ရမည့်အချက်များ။ 🆘 မသိနားမလည်မှုသည် အကာအကွယ်မဟုတ်ပါ။ "မသိလို့ လုပ်မိတာပါ" ဆိုသော အကြောင်းပြချက်ဖြင့် မိမိကိုယ်တိုင်ရော၊ တော်လှန်ရေး အင်အားစုများပါ ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။ 📱နည်းပညာကို သတိဖြင့်သုံးပါ။ ဖုန်း အသုံးပြုခြင်းနှင့် အင်တာနက် သုံးစွဲရာ၌ မိမိ၏ တည်နေရာနှင့် ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန် လုံခြုံရေး ဆက်တင်များကို အမြဲစစ်ဆေးပါ။ အကြမ်းဖက်စစ်ကောင်စီ၏ ဒလန် (သို့မဟုတ်) သတင်းပေးအဖြစ် အသုံးချခံနေရခြင်းကို သတိပြုမိစေရန်နှင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်အတွက် #EIO_Admin_Team မှ အသိတရား၊ သတိတရားဖြင့် စစ်ကောင်စီ၏ ထောင်ချောက်များကို ကျော်ဖြတ်ပြီး တော်လှန်ရေးကြီး အောင်မြင်သည်အထိ အတူတကွ လက်တွဲကြပါစို့လို့ တိုက်တွန်းရင်း။ #EIO #Eagle_Information_Operator #Civilian_Intelligence #SecurityAwareness #DigitalSecurity #Revolution_News #Ethics

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(3)စီး၊အိမ်စီးကား(1)စီးသည် မုံရွာမြို့၊ သာစည်လမ်းမ၊ ကန်သာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 11, 8:23AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ ညောင်ပင်သာဂိတ်မှ စခ ခမ အအ(၁၀)ကောင်ခန့်သည် မြောက်ဘက် လယ်ကျင်းဘက်သို့ ဆင်းနေကြောင်း သတင်းရရှိထားပါသည်။ May 11, 8:03AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများသည် မုံရွာမြို့၊ သာစည်လမ်းမကြီးအတိုင်း အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 11, 8:03AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန် ငြိမ်းချမ်းရေး ပဲခွဲစက်အနီးတွင် စခအိမ်စီးကားများ ရောက်ရှိ၍ ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပါနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 11, 7:02AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
⚜️ #EIO_Update_News ယင်းမာပင်မြို့နယ်၊ မြ‌သောက်တောင်တွင် ယမန်နေ့ညက ညအိပ်ဝပ်ကျင်းချခဲ့သော စခပခများသည် အနောက်အရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ May 11, 6:53AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️ 🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ 📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ✨ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့် ✨ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ - 🕊️ လွတ်လပ်ခွင့် (Freedom) နဲ့ ⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။ 📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည် ❌ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊ ❌ အမုန်းတရား ပွားများစေတာ (Hate Speech) ❌ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ ✨ ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos) ✨ စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။ 📌 ဥပမာအားဖြင့် - 🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။ ✅ အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။ ✅ အပြုသဘော အကြံပြုခြင်း။ ✅ အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။ ❌ ဗရမ်းဗတာ ထုတ်ဖော်မှု။ 🚫 ဆဲဆိုခြင်း။ 🤬 🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️ 🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။ 🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု ✨ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။ 👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊ 🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း 🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။ ✨ "စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻 #FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO

EIO
1 055
Repost from EIO
photo content

EIO
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 055
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+1
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော ရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)