ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 056
订阅者
无数据24 小时
+67 天
+130 天
帖子存档
EIO
1 055
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။      ဒေါ်အောင်ဆန်းစုကြည် 

EIO
1 055
Repost from EIO
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိ
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။ ⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨ ၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။ ၂။ တရေးတမောအိပ်စက်အနားယူပါ။ ၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။ ၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။ ၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။ ၆။ ရေများများသောက်ပေးပါ။ ၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
Repost from EIO
​📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။ ✨ 📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။ ✨ ​ 🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။ 📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။✨ ✅ သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။ ✨ 📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ ​🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။ ​📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။ ​👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။ 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။ ​💻 Digital Security။ 📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။ ​🛡️ ဘေးကင်းရေး လမ်းညွှန်မှု။ 📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။ ​⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။ ​📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ။ ​📱 Two-Step Verification။ ⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။ ​🗑️ Chat Cleanup။ ⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။ ​👁️ Environmental Awareness။ ⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။
​"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"
​ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻 ​#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 055
မတရားတာကို ငုံ့မခံချင်ရုံ ဘယ်သူမြှောက်ပေးလို့မှ ဂွေးမတက် တော်လှန်ရေးမုဒ်ဦးထိပ်က ရဲရဲတောက်တောက် သစ္စာပန်းတွေ..... အခက်တွေ ဘယ်လ
မတရားတာကို ငုံ့မခံချင်ရုံ ဘယ်သူမြှောက်ပေးလို့မှ ဂွေးမတက် တော်လှန်ရေးမုဒ်ဦးထိပ်က ရဲရဲတောက်တောက် သစ္စာပန်းတွေ..... အခက်တွေ ဘယ်လောက်ခဲခဲဝေဝေ တဖျတ်ဖျတ်လှုပ်ဆဲ သူယုတ်တွေ တွန်းထိုးသမျှလည်း မတုန်လှုပ် နွေဦးကို လှအောင် ရောင်စုံ မီးထွန်းပြ သမိုင်းအလှ ယိမ်းကကြ..... အဓမ္မကိုနင်းခြေဖို့ အရာရာကို စွန့်ခဲ့ပေမယ့် ဓမ္မကို ဆောင်ဓားလို ပိုက် အရေးတော်ပုံ ဂဏ္ဍာရီခရီးခဲ ပြင်းပြင်းနှင်ဆဲ ရှင်းသန့်တည်ကြည် တော်လှန်ရဲမက်တွေလည်း ဖြစ်ရဲ့.... ဒူးမထောက် လက်မမြှောက် ညီညွတ်ခြင်း လဝန်းသင်္ကေတ ခေတ်ပုပ်မှာ လင်းတဲ့ ကြယ်စင် မောင်နှမ သမိုင်းဝင်ပြယုဂ် သက်တံ့ ကျောက်ဆောင် အမောက်ထောင်ဆဲ ဓမ္မချင်းယှဉ်ရိုက် အဓမ္မတွေ မျိုးသုဉ်းတဲ့အထိလိုက်မယ့်သူတွေ.... ဦးညွှတ်ကြ အလေးအနက်ပြုကြ မော်ကွန်းတင်ရစ်ကြ .....။ R ပြီ CDMer - Rပြဲ ဗမာသူပုန် စာစဉ်ကို ရယူရန် Telegram download link - https://t.me/bplaburma/695

EIO
1 055
Repost from EIO
photo content
+1

EIO
1 055
Repost from EIO
🚨 အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ 🚨
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨
​🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ​⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ​ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ​⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ ​🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨​Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 ​စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ ​မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ ​🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ​⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 ​အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ ​စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ​ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ ​📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
​⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
​"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ​#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️ ⚠️ https://t.me/eagleinformationoperator/23180 ⚠️ https://t.me/eagleinformationoperator/23181 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar

EIO
1 055
🚨 မုံရွာမြို့တွင်း သွားလာနေသူများ အထူးသတိပြုရန်။ ⚠️ မုံရွာမြို့၏ လုံခြုံရေးအခြေအနေမှာ ယခင်ကာလများထက် ယခုရက်ပိုင်းအတွင်း အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏‌ကျေးကျွန်များဖြစ်သော စခ၊ရခများ၊ယာဉ်ထိန်းရဲများသည် မြို့အဝင်အထွက်နှင့် လမ်းဆုံလမ်းခွများ၊မီးပွိုင့်များတွင် အိမ်စီးကားများအသုံးပြု၍ လှည့်ပတ်ပြီး အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးမှုများအပြင် စစ်မှုထမ်းရန် "လူသစ်စုဆောင်းခြင်း (ပေါ်တာဆွဲခြင်း)" များ ခပ်စိပ်စိပ် ပြုလုပ်နေပါသည်။ မိဘပြည်သူများနှင့် လူငယ်လူရွယ်များအကြား ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါအချက်များကို "မဖြစ်မနေ" လိုက်နာပေးကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ သင်နှင့် သင့်မိသားစု လုံခြုံစေဖို့... ⚠️ ၁။ လမ်းကြောင်းကို ကြိုတင်စစ်ဆေးပါ 🛰️ မိမိသွားမည့်လမ်းတွင် အစစ်အဆေးရှိမရှိကို မြေပြင်သတင်းရင်းမြစ်များ (သို့မဟုတ်) နီးစပ်ရာမိတ်ဆွေများထံ အမြဲမေးမြန်းပါ။ အထိုင်ဂိတ်များရှိသော လမ်းမကြီးများကို တတ်နိုင်သမျှ ရှောင်ကွင်းပါ။ 📱 ၂။ #Digital_Security လုံခြုံရေးကို ဂရုစိုက်ပါ 🔒 စစ်ဆေးရေးဂိတ်များတွင် ဖုန်းများကို အသေးစိတ်စစ်ဆေးတတ်သဖြင့် - #Social_Media အကောင့်များ (Messenger/Viber/Telegram) ကို သတိထားပါ။ နိုငံရေးနှင့် သက်ဆိုင်သော ဓာတ်ပုံ၊ ဖိုင်နှင့် သတင်းများကို ဖုန်းထဲတွင် မထားပါနှင့်။ ဖုန်းအတွင်းရှိ သံသယဖြစ်ဖွယ်ရာ အချက်အလက်များကို ကြိုတင်ရှင်းလင်းထားပါ။ 🏃 ၃။ လူငယ်များ အုပ်စုလိုက် သွားလာခြင်းကို ဆင်ခြင်ပါ 👥 လူငယ်/လူရွယ်များကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းကြောင့် အုပ်စုလိုက်သွားလာခြင်း (သို့မဟုတ်) လူစည်ကားရာနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။ 🏠 ၄။ နေအိမ်၌သာ နေထိုင်ပါ 🚪 အရေးကြီးကိစ္စ (ကျန်းမာရေး၊ စားဝတ်နေရေး) မှလွဲ၍ မလိုအပ်ဘဲ အပြင်မထွက်ကြပါရန်နှင့် ညနေ ၆ နာရီနောက်ပိုင်း သွားလာခြင်းကို လုံးဝရှောင်ကြဉ်ကြပါရန်။ 📢 မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်။ မိမိတို့ ပတ်ဝန်းကျင်တွင် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ တွေ့ရှိပါက နီးစပ်ရာလူထုထံသို့ လျင်မြန်စွာ သတင်းပေးပို့ပြီး အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးကြပါ။ "သတိတစ်ချက် လွတ်ရုံဖြင့် ဘဝတစ်ခု ဆုံးရှုံးနိုင်သည်ကို သတိပြုပါ။" 🙏 #EIO_Update_News #Monywa #SafetyFirst #PublicAlert #StaySafeMonywa #ProtectOurYouth #WhatsHappeningInMyanmar

EIO
1 055
photo content
+1

EIO
1 055
photo content
+9

EIO
1 055
🗓️ ရက်သတ္တပတ်မိုးလေဝသခန့်မှန်းချက် (၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မှ မေလ ၁၇ ရက်နေ့အထိ) မိုးလေဝသအခြေအနေ ~~~~ 🌀 ယခုတပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မေလ (၁၁)ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ မိုးအခြေအနေ ~~ 🌧️ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုး ထစ်ချုန်းရွာသွန်း နိုင်ပါသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ⚠️ မိုးလေဝသ ဖြစ်စဉ်များအနေဖြင့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးရေလျှံခြင်း၊ တောင်ကျခေျာင်းရေလျှံခြင်းနှင့် မြေပြုိခြင်များ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။ လေဖိအားနည်းရပ်ဝန်း၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီအသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။ အကြံပြုချက် ~~~~~ 💡 လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်း၊လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် နေအိမ်များ၊ စစ်ရှောင်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ နေထိုင်ရာအဆောက်အအုံများကို ခိုင်ခံ့မှုရှိစေရန် ပြုပြင်ခြင်း၊စိုက်ပျိုးသီးနှံများနှင့်ပျိုးပင်များ ရေကြီးနစ်မြုပ်မှုမရှိစေရန်ကြိုတင်စီမံခြင်း၊ ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးအတွက် ရေမြောင်းများအားရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ တောင်ကျချောင်းများ ရေလျှံနိုင်သည့်အန္တရာယ်ကိုသတိပြုသွားလာခြင်းများပြုလုပ်ကြပါရန် အကြံပြုအပ်ပါသည်။ 🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️ #မိုးလေဝသသတင်း #WeatherForecast #MOHADM

EIO
1 055
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လ
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။ 📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။ 🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။ #EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe

EIO
1 055
Repost from EIO
📢 [အထူးသတိပေးချက်] လေကြောင်းရန်ဆိုသည်မှာ - အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ပေါ့ဆစွာမတွေးတောဘဲ "အသိတရား၊သတိတရား" ရှိရမည့်အရာဖြစ်ပါသည်။ "ငါတို့ဆီ လာမှာမဟုတ်ပါဘူး"၊ "ဟိုတစ်ခါကလည်း ဒီအတိုင်းပဲ ဖြတ်သွားတာပဲ" ဆိုသည့် ယူဆချက်အမှား များသည် အသက်အန္တရာယ်ကို ဖြစ်စေပါသည်။ လေကြောင်းတိုက်ခိုက်မှုတွင် "နောင်တ" ဆိုသည်မှာ ပြင်ဆင်ခွင့်မရှိသည့် အရာဖြစ်ကြောင်း သတိပြုစေလိုပါသည်။ လေကြောင်းရန် သတိပေးချက်တစ်ခု ထွက်ပေါ်လာတိုင်း အောက်ပါအချက်များကို မဖြစ်မနေအထူးဂရုစိုက်ရမည့် "စည်းကမ်း" ကဲ့သို့ တိကျစွာ လိုက်နာကြပါရန် #EIO_Admin_Team မှ တိုက်တွန်းနှိုး‌ဆော်အပ်ပါသည်။ ✅ လုပ်ဆောင်ရန် (Do’s) ၁။ မြေနိမ့်ရာသို့ အမြန်ဆုံးဆင်းပါ။ တောင်ကုန်း၊ တောင်ထိပ်များနှင့် အမြင့်ဆောင်များပေါ်တွင် ရှိနေပါက မြေနိမ့်ပိုင်း (သို့မဟုတ်) ဗုံးခိုကျင်းထဲသို့ အမြန်ဆုံးဆင်းပါ။ ၂။ အရေးပေါ်အိတ်ကို အသင့်ထားပါ။ မီးဘေး၊ လေဘေးအတွက် ပြင်ထားသကဲ့သို့ အရေးကြီးစာရွက်စာတမ်း၊ ဆေးဝါးနှင့် ရေတို့ကို အရေးပေါ်အိတ် (#Go-Bag) ဖြင့် အမြဲအသင့်ထားပါ။ ၃။ သတင်းကို အတည်ပြုပါ။ ယုံကြည်စိတ်ချရသော မိမိဒေသအတွင်း ပြန်ကြားရေးမှ သတင်းပေးပို့ချက်နှင့် အချက်ပေးသံများကိုသာ နားစွင့်ပါ။ သတင်းရသည်နှင့် မိမိဘေးနားရှိ လူများကိုလည်း အသိပေးပါ။ ၄။ ကိုယ်နေဟန်ထား မှန်ကန်ပါစေ။ ကျင်းထဲတွင် ဝပ်သည့်အခါ နားကိုပိတ်၊ ပါးစပ်ကိုဟပြီး ရင်ဘတ်ကို မြေကြီးနှင့် မထိအောင် ကြွထားခြင်းက အတွင်းကလီစာများ ပေါက်ပြဲခြင်းမှ ကာကွယ်ပေးပါသည်။ ❌ ရှောင်ကြဉ်ရန် (Don’ts) ၁။ လုံးဝ (လုံးဝ) ထွက်မကြည့်ပါနှင့်။ လေယာဉ်သံကြား၍ အပြင်ထွက်ကြည့်ခြင်း၊ အမိုးပေါ်တက်ကြည့်ခြင်းသည် ကိုယ့်ကိုယ်ကို ပစ်မှတ်ဖြစ်စေရန် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ၂။ ဖုန်းအသုံးပြုမှုကို ဆင်ခြင်ပါ။ လေယာဉ်ပျံသန်းနေစဉ် ဖုန်းဖြင့် တိုက်ရိုက် #Live လွှင့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများသည် မိမိတို့ရှိရာနေရာကို အချက်ပြမိသကဲ့သို့ ဖြစ်တတ်ပါသည်။ ၃။ သတင်းမှား မဖြန့်ပါနှင့်။ လေယာဉ်မရှိဘဲ လေယာဉ်ရှိသည်ဟု သတင်းမှားလွှင့်ခြင်းသည် ပြည်သူများကို ထိတ်လန့်စေပြီး အမှန်တကယ် လာသည့်အချိန်တွင် လူများ ပေါ့ဆသွားစေနိုင်ပါသည်။ 💡 သတိပြုရန် "၃ မိနစ်" စည်းကမ်း။ လေယာဉ်(လေကြောင်း အန္တရာယ်) အသံကို အဝေးက စတင်ကြားရချိန်မှ သင့်ထံသို့ ရောက်ရှိလာရန် အချိန် (၃) မိနစ် ထက် မပိုပါ။ ထိုအချိန်အတွင်း သင်သည် မဆိုင်းမတွ ဆုံးဖြတ်ရမည်။ အမြန်ဆုံး ခိုလှုံရမည်။ ငြိမ်သက်စွာ စောင့်ဆိုင်းရမည်။ "အသက်ဆိုတာ ပြန်ဝယ်လို့မရတဲ့ အရာပါ။ သတိပေးချက်ကြားရင် ပေါ့ပေါ့၊ဆဆမနေကြပါနဲ့။"🙏🏻 "မိဘပြည်သူများ ကျန်းမာပြီး ဘေးကင်းကြပါစေ"🙏🏻 #EIO #PublicAwareness #AirRaidSafety #EmergencyProtocol #CivilianSafety #SecurityAwareness #StopBombingCivilians #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။ ⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️ မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။✨ 🚨 ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။ 🌳 သစ်ပင်ပြိုလဲခြင်း။ အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။ ⚡ လျှပ်စစ်အန္တရာယ်။ ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။ 🏠 အဆောက်အအုံပျက်စီးခြင်း။ အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။ 🌊 ရေကြီးရေလျှံခြင်း။ ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။ ✅ ဆောင်ရန်အချက်များ။ (Dos) 🏠 Stay Indoors။ လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။ 🔌 Unplug Electronics။ မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။ 📻 Stay Updated။ မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။ 🔦 Emergency Lights။ ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။ ❌ ရှောင်ရန်အချက်များ။ (Don'ts) 🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။ မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။ 🚫 ⚡ ဓာတ်ကြိုး/ဓာတ်တိုင်များ။ ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။ 🚫 📱 ဖုန်းအသုံးပြုခြင်း။ မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ 🚫 🌊 ကမ်းပါး/မြစ်အနီး။ ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။ 💡 အကြံပြုချက်။ အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။ ✨ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။ ✨ #WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News

EIO
1 055
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ငါးမောင်းရွာ(အရှေ့)မှ ထွက်လာနေသော ယင်းမာပင်မြို့‌ပေါ်မှ စခများသည် တမာပင်ဂွင်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 10, 9:19AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️ ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။ 📖 ၁။ သုတမယပညာ (#Learning) သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။ 🤔 ၂။ စိန္တာမယပညာ (#Thinking) ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။ 🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation) သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။ ⚠️ "သင်လို့မရတဲ့ လူစားမျိုး" လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။ ဒါပေမဲ့... ကိုယ်ကျင့်တရား ညံ့ဖျင်းသူ ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ) ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။ ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။ ✨ ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️ ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။ "ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..." တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။ မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻 #EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar

EIO
1 055
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ငါးမောင်းရွာ(အရှေ့)သို့ ယနေ့မနက် ရောက်ရှိနေသော ယင်းမာပင်မြို့‌ပေါ်မှ စခများသည် တမာပင်ဂွင်ရွာဘက်သို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 10, 8:53AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️ 🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ 📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ✨ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့် ✨ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ - 🕊️ လွတ်လပ်ခွင့် (Freedom) နဲ့ ⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။ 📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည် ❌ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊ ❌ အမုန်းတရား ပွားများစေတာ (Hate Speech) ❌ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ ✨ ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos) ✨ စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။ 📌 ဥပမာအားဖြင့် - 🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။ ✅ အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။ ✅ အပြုသဘော အကြံပြုခြင်း။ ✅ အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။ ❌ ဗရမ်းဗတာ ထုတ်ဖော်မှု။ 🚫 ဆဲဆိုခြင်း။ 🤬 🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️ 🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။ 🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု ✨ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။ 👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊ 🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း 🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။ ✨ "စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻 #FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO