7 674
订阅者
-1324 小时
-547 天
-19230 天
帖子存档
လီမန်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်မာ ပါဝင်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ် ။ နည်းပြအမိုရင်က လီမန်းကို နာမည်ပြောင် The Iron Drone ဆိုပီး လေ့ကျင့်ရေးကွင်းမာ အမြဲစနောက်ခေါ်တယ်လို့ ဆိုပါတယ် ။
#MUMS
ဒီလောက် လေ့ကျင့်နေတာမြင်ရတော့ မကြာခင် အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်တော့မယ်လို့ မြင်ယောင်နေပါတယ် ")
#MUMS
မာဇာရာဝီနေရာအတွက် နောက်ထပ်ကျောက်ရိုင်းတုံးလေးဖြစ်တဲ့ Sam Mather ဆိုတဲ့ ချာတိတ်ကို အရောင်တင်ပေးဖို့ အသင်းဖက်က လုပ်ဆောင်လာပီလည်းဖြစ်ပါတယ် ။
#MUMS
မာဇာရာဝီဒဏ်ရာကြောင့် ပွဲထွက်ခွင့် မသေချာချိန်မာ ပထမအသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပြီဖြစ်တဲ့ ဒီယေဂိုလီယွန်က ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကို ဝင်ရောက်ကစားဖို့ အခြေအနေကောင်းလာခဲ့ပီလည်း ဖြစ်ပါတယ် ။
#MUMS
+2
လာမယ့်ရာသီ ကွင်းလယ်အတွက် အဆိုပါကစားသမား 3 ယောက်ကို အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ ပြောင်းရွေ့ကြေးက ထိုက်သင့်တာထက် ပိုပေးရဖို့ ရှိနေလို့ ဘယ်ကစားသမားကို အဓိကထား ရွေးချယ်သွားမလဲဆိုတာ စောင့်ကြည့်ရမာ ဖြစ်ပါတယ် ။
ညီကိုတို့ရော ဘယ်သူကို ရွေးချယ်မာလဲ ?
#MUMS
ကိုဘီအနေနဲ့ အသင်းမာ နေရာတခု အပိုင်ရဖို့အတွက် ဒီထက်ပိုပီး လေ့ကျင့်သွားမာဖြစ်ပီး နည်းပြအမိုရင်ရဲ့ လက်အောက်မာ အားထားရတဲ့ ကစားသမားအဖြစ် ကြိုးစားသွားမာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
မှတ်မိပါသေးတယ် ။ ပထမဆုံး တတိယမြောက် အဝေးကွင်း ဝတ်စုံသစ်နဲ့ စပီး ကစားရတဲ့ ပထမဆုံးပွဲစဉ်မာ ဘရန်းဖို့စ် အသင်းနဲ့ တွေ့ကာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ် ။
အခုတခေါက်လည်း အခုလိုမျိုးဖြစ်လာအုံးမာလား ?
#MUMS
ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူဒါးလော့စ်က ဒီနေ့မာဘဲ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အတူဆင်းခဲ့တယ်လို့ သိရပါတယ် ။ လာမယ့် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်မာ အသင်းရဲ့ အရန်စာရင်းထဲ ပါဝင်လာဖို့ ရှိပါတယ် ။
#MUMS
လာမယ့်စနေနေ့မာ ကစားမယ့် ဘရန်းဖို့စ်အသင်နဲ့ ပွဲစဉ်အတွက် ဒီရာသီအတွက် ထုတ်လုပ်ထားတဲ့ တတိယမြောက် ဝတ်စုံကို ဝတ်ဆင်ကာ ကစားသွားမာဖြစ်ပါတယ် ။
#MUMS
ပရီးမီးယားလိဂ် 5 ပွဲအထိ ယှဉ်ပြိုင်ခဲ့ပြီးချိန်မာ အသင်းက အချက်အလက်တွေအရ တခြားအသင်းတွေထက် သာလွန်နေပေမဲ့ ရလဒ်ပိုင်းအရ အခြေအနေသိပ်မကောင်းနေသေးတာဖြစ်ပါတယ် ။
#MUMS
အခုချိန်ထိ ဂိုးသမားအသစ်ကို မသုံးသေးတာ တကယ်ကို နားမလည်နိုင်တော့ပါဘူး ။ ဒီလောက်ဆိုရင် အသင်းနဲ့ အသားကျလောက်ပီ ဖြစ်သလို ၊ ပထမဆုံးလိဂ်ရဲ့ အထာကို သိနိုင်ဖို့အတွက် ပွဲထွက်ခွင့်က ပေးကို ပေးရတော့မာဖြစ်ပါတယ် ။ ဘာဖြစ်ချင်နေလဲဆိုတာ အမိုရင်ကလွဲပီး တကယ်ကို မသိနိုင်တော့ပါဘူး ")
#MUMS
တုတ်ကြီး ၊ ပုဇွန်ဦးနှောက်လို့ အသင်းမာ ရှိတုန်းက ခေါ်ခဲ့ကြပေမဲ့ အီတလီမြေမာ အစွမ်းကုန် တောက်ပနေခဲ့တဲ့ အကယ်ဒမီထွက် တွန်မီနေးကတော့ 2025 Ballon d'Or rankings မာ အဆင့် 18 ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ် ။
Congratulations 👏🎉
#MUMS
ပြောင်းရွေ့ကြေးနဲ့ ထိုက်တန်အောင် ပွဲတိုင်းနီးပါး အကောင်းဆုံးခြေစွမ်းပြနေတဲ့ အမ်ဘီမိုက အသင်းရဲ့ လက်ရှိအခြေအနေမာ အကောင်းဆုံးကစားသမားတယောက်လို့ ပြောလို့ရပါတယ် ။ မခိုမကပ်နဲ့ ကစားသလို ၊ တိုက်စစ်ပိုင်းမာလည်း တကယ်ကို အရေးပါတဲ့ အခိုက်အတန့်တွေ ဖန်တီးပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။ ဒီခြေစွမ်းကို အမြဲဆက်ထိန်းထားဖို့ လိုသလို ၊ ဒဏ်ရာကင်းရှင်းဖို့ကလည်း အရေးကြီးပါတယ် ။
#MUMS
လူငယ်အသင်းပီးရင် အရှုံးဆိုတာ ဘာမှန်းမသိသေးတဲ့ လူကြီးအသင်း လာမယ်နော် ")
#MUMS
ခေတ်အဆက်ဆက် ကွင်းလယ်ကစားသမားတယောက်ဆီကနေ ရာပြည့်ဂိုး သွင်းယူထားနိုင်ခဲ့ကြသူများ 👀
Bobby Charlton (245) 🏴
Ryan Giggs (168) 🏴
Paul Scholes (155) 🏴
Bruno Fernandes (100) 🇵🇹
United heroes 🔴
#MUMS
现已上线!2025 年 Telegram 研究 — 年度关键洞察 
