ch
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

前往频道在 Telegram
7 649
订阅者
-724 小时
-597
-20830
帖子存档
အသင်းကြီးတော်တော်များများ စိတ်ဝင်စားတဲ့အဆင့်ကနေ ကမ်းလှမ်းဖို့ထိ မရှိခဲ့တဲ့ ဂျိုကာရက်စ်ကို ဘာကြောင့် မန်ယူအသင်းက ခေါ်ဖို့အတော်
အသင်းကြီးတော်တော်များများ စိတ်ဝင်စားတဲ့အဆင့်ကနေ ကမ်းလှမ်းဖို့ထိ မရှိခဲ့တဲ့ ဂျိုကာရက်စ်ကို ဘာကြောင့် မန်ယူအသင်းက ခေါ်ဖို့အတော်လေး ရေပန်းစားနေရတာလဲ ? အဓိက နည်းပြဟောင်းနဲ့ ကစားသမားကြား ဆက်နွယ်မှုကြောင့်ဖြစ်ပီး အရင်တန်ဟက်လိုပုံစံမျိုး ဖြစ်ပါတယ် ။ အသင်းဆီကို ရောက်လာတဲ့ နည်းပြတွေက အရင်အသင်းဟောင်းကစားသမား‌တွေနဲ့ ဆက်ပီးလက်တွဲပီး အောင်မြင်မှုရယူဖို့ ကြိုးစားခဲ့ပေမဲ့ အခုထိအောင်မြင်တဲ့အနေထားမာ ရှိမနေသေးပါဘူး ။ အခုတခါ ဂျိုကာရက်စ်လည်း အလားတူပုံစံမျိုး ထပ်ဖြစ် ၊ မဖြစ်ဆိုတာ ယတိပြတ်ပြောလို့မရသေးပါဘူး ။ ဥရောပပြိုင်ပွဲဝင်ခွင့်လွဲချော်ထားတဲ့ မန်ယူကို လာဖို့က ဂျိုကာရက်စ်အတွက် အရမ်းစွန့်စားလွန်းရာကျမယ်လို့ ထင်ပါတယ် ။ဘယ်လိုအနေထားဘဲဖြစ်ဖြစ် အသင်းအပေါ်ချစ်စိတ်တခုတည်းနဲ့ လာခဲ့ရင်တော့ ရင်ဘတ်ကြီးနဲ့အားပေးကြတာပေါ့ဗျာ ။ #MUMS

မက်ဆီလည်းလိုချင်တယ် budget လောက်ဘဲသုံးမယ်ဆို ဒါလေးရှိမယ်နော် 🤣 #MUMS

ဂါနာချို 🗣️ ငါပရီးမီးယားလိဂ်မာဘဲ ဆက်ပီးကစားချင်ပါသေးတယ် ။ တခြားဥရောပအသင်းတွေက စိတ်ဝင်စား‌ကြပေမဲ့ ငါ့အတွက်တော့ ဒါကပထမဦးစားပေး
ဂါနာချို 🗣️ ငါပရီးမီးယားလိဂ်မာဘဲ ဆက်ပီးကစားချင်ပါသေးတယ် ။ တခြားဥရောပအသင်းတွေက စိတ်ဝင်စား‌ကြပေမဲ့ ငါ့အတွက်တော့ ဒါကပထမဦးစားပေး မဟုတ်ပါဘူး ။ အခါအခွင့်ကြုံခဲ့ရင် မန်ယူအသင်းနဲ့ ပြိုင်ဖက်အဖြစ် ကစားချင်ပါ‌တယ် ။ #MUMS

ဂျိုကာရက်စ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့လို့ ဟွိုက်လန်းရဲ့ အနာဂတ်က အသင်းမာ ဆက်ရှိဖို့ မသေချာတဲ့အနေထားကို ရောက်
ဂျိုကာရက်စ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့လို့ ဟွိုက်လန်းရဲ့ အနာဂတ်က အသင်းမာ ဆက်ရှိဖို့ မသေချာတဲ့အနေထားကို ရောက်နေတယ်လို့ သိရပါတယ် ။ အင်တာဖက်က ဟွိုက်လန်းကို အတော်လေးစိတ်ဝင်စားနေပီး ကစားသမားဖက်က မန်ယူအသင်းမာ ပုံမှန်ပွဲထွက်ခွင့်အပြင် အရင်လို ခြေစွမ်းပြန်ပြနိုင်ဖို့ကိုဘဲ အာရုံစိုက်ထားတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ် ။ #MUMS

မန်ယူအသင်းက ခေါ်ဖို့စိတ်ဝင်စားနေတဲ့ အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ကစားသမား အီဒါဆန်ကို ‌ပေါင် 35 သန်း‌ရရင် ရောင်းချသွားဖို့ ရှိနေတ
မန်ယူအသင်းက ခေါ်ဖို့စိတ်ဝင်စားနေတဲ့ အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ကစားသမား အီဒါဆန်ကို ‌ပေါင် 35 သန်း‌ရရင် ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။ အသက် 25 နှစ်အရွယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမားကို မန်ယူအသင်းက အလေးအနက်ထား စောင့်ကြည့်နေခဲ့ပီ ယခုအခါ မကြာခင်ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။ #MUMS

မိခင်ကလပ် PSG မာနဲ့ ပေါ်တူဂီမာပါ အခုအရမ်းကြမ်းနေပါတယ်ဆိုတဲ့ နူနိုမန်ဒက်စ်ကို အရင်က ခေါ်ယူဖို့လုပ်ခဲ့ပါသေးတယ် ။ ကစားသမားဖက်က ပ
မိခင်ကလပ် PSG မာနဲ့ ပေါ်တူဂီမာပါ အခုအရမ်းကြမ်းနေပါတယ်ဆိုတဲ့ နူနိုမန်ဒက်စ်ကို အရင်က ခေါ်ယူဖို့လုပ်ခဲ့ပါသေးတယ် ။ ကစားသမားဖက်က ပွဲကစားချိန် မိနစ်သိပ်မရတာရော ၊ အသင်းပြောင်းဖို့ အတော်လေးနီးစပ်ခဲ့ပီးမှ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားခဲ့ရတာဖြစ်ပါတယ် ။ သူ့အစား အသင်းဖက်က ဒေါကုဆိုတဲ့ချာတိတ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ် ။ သင်ကိုယ့်သင် အရမ်းမှားနေတယ်ထင်နေရင် မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေကို သတိရလိုက်ပါ 🤡 #MUMS

miss butcher 🥺 #MUMS

တော်သေးတာပေါ့ ကိုယ့်ကောင်ရာ ကလပ်အသင်းနဲ့ ဒုတိယလူဖြစ်ပီး နိုင်ငံအသင်းနဲ့ပါ ထပ်မဖြစ်တော့လို့ 🥳👏👏 Congratulations Captain 🥳❤
တော်သေးတာပေါ့ ကိုယ့်ကောင်ရာ ကလပ်အသင်းနဲ့ ဒုတိယလူဖြစ်ပီး နိုင်ငံအသင်းနဲ့ပါ ထပ်မဖြစ်တော့လို့ 🥳👏👏 Congratulations Captain 🥳❤️ #MUMS

Miss old guys 😔❤️ #MUMS

မာတာ 🗣️ အမှန်တိုင်းပြောရရင် ငါကစားခဲ့တဲ့ မန်ယူနဲ့ အခုအသင်းက လုံးဝကို ကွဲပြားခြားနားနေပါပီ ။ ဒီအသင်းကို လမ်းကြောင်းမှန်ပေါ် ပ
မာတာ 🗣️ အမှန်တိုင်းပြောရရင် ငါကစားခဲ့တဲ့ မန်ယူနဲ့ အခုအသင်းက လုံးဝကို ကွဲပြားခြားနားနေပါပီ ။ ဒီအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာစေချင်တာ ငါ့ရဲ့ဆန္ဒတခုပါ ။ #MUMS

မားကပ်စ်ရက်ဖို့က လာမယ့်ရာသီအငှားထပ်ချမာကို မလိုလားဘဲ အသင်းကနေ အပြီးသတ်ထွက်ခွာသွားဖို့ကို ဆန္ဒရှိနေတယ်လို့ သိရပါတယ် ။ ရက်ဖို့စ
မားကပ်စ်ရက်ဖို့က လာမယ့်ရာသီအငှားထပ်ချမာကို မလိုလားဘဲ အသင်းကနေ အပြီးသတ်ထွက်ခွာသွားဖို့ကို ဆန္ဒရှိနေတယ်လို့ သိရပါတယ် ။ ရက်ဖို့စ်ကို ဘာကာက ခေါ်ယူဖို့ အတော်လေးစိတ်ဝင်စားနေပီး နည်းပြဟန်ဆီဖလစ်ရဲ့ အကြိုက်ဆုံးကစားသမားတယောက်လည်းဖြစ်ပါတယ် ။ #MUMS

မျက်လုံးထဲအကောင်ဝင်သွားပီဗျာ 😭😭 #MUMS

သူနဲ့အတူ နှစ်ယောက်တဘဝတည်‌ဆောက်မယ် ၊ ကလေးတွေအများကြီးမွေးမယ် ၊ နောက်ဆုံးအချိန်အထိ ဘေးနားမာ အတူရှိနေမယ် ၊ ဒါတွေက စိတ်ကူးယဉ်လို့
သူနဲ့အတူ နှစ်ယောက်တဘဝတည်‌ဆောက်မယ် ၊ ကလေးတွေအများကြီးမွေးမယ် ၊ နောက်ဆုံးအချိန်အထိ ဘေးနားမာ အတူရှိနေမယ် ၊ ဒါတွေက စိတ်ကူးယဉ်လို့ဘဲကောင်းတဲ့ အရာတွေဆိုတာ လက်တွေ့မာ သက်သေပြလိုက်သလိုပါဘဲ 🥺 👕 144 Matches. ⚽️ 26 Goals. 🅰️ 22 Assists. 🏆 FA Cup 23/24 🏆 League Cup 22/23 🏆 Puskás Prize 2024. Good luck Star Boy 🌟💔 #MUMS

လွန်ခဲ့တဲ့ 2005 ခုနစ် ဒီလိုနေ့မာတော့ မန်ယူအသင်းက ဖူလ်ဟမ်အသင်းကနေ ဂိုးသမားဗန်ဒါဆားကို ခေါ်ယူခဲ့တာဖြစ်ပါတယ် ။ ဗန်ဒါဆားက ပရီးမီး
လွန်ခဲ့တဲ့ 2005 ခုနစ် ဒီလိုနေ့မာတော့ မန်ယူအသင်းက ဖူလ်ဟမ်အသင်းကနေ ဂိုးသမားဗန်ဒါဆားကို ခေါ်ယူခဲ့တာဖြစ်ပါတယ် ။ ဗန်ဒါဆားက ပရီးမီးယားလိဂ်မာ ဂိုးမပေးရတဲ့ အချိန်အကြာဆုံး 1311 မိနစ်အထိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ် ။ ◉ 266 games ◉ 10 trophies #MUMS

မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များ 👀 ▪️vs Leeds (Stockholm, 19 July) ▪️vs West Ham (New Jersey, 27 July) ▪️vs Bournemou
မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များ 👀 ▪️vs Leeds (Stockholm, 19 July) ▪️vs West Ham (New Jersey, 27 July) ▪️vs Bournemouth (Chicago, 31 July) ▪️vs Everton (Atlanta, 3 August) ▪️vs Fiorentina (Manchester, 9 August) #MUMS

အီလန်ဂါကို တချိန်က အသင်းမာ တောက်ပခဲ့မယ်လို့ မျှော်လင့်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အချိန်တခုအကြာမာ ဖောရက်စ်ကို ရောင်းထုတ်ခဲ့ပီး အခုဆ
အီလန်ဂါကို တချိန်က အသင်းမာ တောက်ပခဲ့မယ်လို့ မျှော်လင့်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အချိန်တခုအကြာမာ ဖောရက်စ်ကို ရောင်းထုတ်ခဲ့ပီး အခုဆိုခြေစွမ်းက အတော်လေးတိုးတက်လာနေတာကို တွေ့ရခဲ့တာဖြစ်ပါတယ် ။ ပြန်ခေါ်ပီး သုံးရလောက်တဲ့အထိတော့ သိပ်ပီးသဘောမကျပေမဲ့ လက်ရှိအသင်းအနေထားအရတော့ လိုအပ်တယ်လို့တော့ ပြောလို့ရပါတယ် ။ #MUMS

တကယ်ရောက်လာရင်တော့ Perfect ဘဲဗျာ 🔥 #MUMS

ရိုမာနို 🗣️ အမ်ဘီမိုနဲ့ ယူနိုက်တက်တို့အကြား အလုံးစုံသဘောတူညီမှု ရနေကြပါပီ ။ သူတို့လုပ်စရာအလုပ်တွေ ဆက်ပီးလုပ်ဆောင်နေကြပီး မကြ
ရိုမာနို 🗣️ အမ်ဘီမိုနဲ့ ယူနိုက်တက်တို့အကြား အလုံးစုံသဘောတူညီမှု ရနေကြပါပီ ။ သူတို့လုပ်စရာအလုပ်တွေ ဆက်ပီးလုပ်ဆောင်နေကြပီး မကြာခင်အပြောင်းအရွေ့ အပြီးသတ်တော့မာပါ ။ #MUMS

2024 /25 ဘောလုံးရာသီက ယူနိုက်တက်ဖန်တွေအတွက် အတော်လေးနာကျင်ရတဲ့ ဘောလုံးရာသီ ဖြစ်ပါတယ် ။ ယူရိုပါလိဂ်ဖိုင်နယ်ရောက်ပီး ဒုတိယလူဖြစ
2024 /25 ဘောလုံးရာသီက ယူနိုက်တက်ဖန်တွေအတွက် အတော်လေးနာကျင်ရတဲ့ ဘောလုံးရာသီ ဖြစ်ပါတယ် ။ ယူရိုပါလိဂ်ဖိုင်နယ်ရောက်ပီး ဒုတိယလူဖြစ်ခဲ့ရသလို ၊ PL မာလည်း အဆင့် 15 နဲ့ရာသီသိမ်းနိုင်ခဲ့တာဖြစ်ပါတယ် ။ မအောင်မြင်တဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းခဲ့ရလို့ လိုအပ်ချက်တွေ ၊ အမှားတွေ တပုံတပင်ကြီး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ် ။ ဒီအမှားမျိုးကို လာမယ့်ရာသီအထိ ဆက်ပီးသယ်သွားအုံးမလားဆိုတာ မသိနိုင်ပေမဲ့ အသင်းမာရှိဖို့ မထိုက်တန်တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ လိုအပ်တာတော့ အမှန်ပါဘဲ ။ ဥရောပဝင်ခွင့်နဲ့ လွဲချော်ထားလို့ ‌လူခေါ်ဖို့ ခက်မယ်ထင်ထားခဲ့ပေမဲ့ အသင်းအပေါ် ပေးဆပ်ပီးကစားချင်တဲ့ ကစားသမားတွေကိုတော့ အရခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ် ။ နောက်လူရင်ခွင်မာ သူမပျော်‌ေနတာကို မြင်ရတာ အရမ်းကြီးမနာကျင်ရပေမဲ့ မန်ယူလို အသင်းမျိုးက ဥရောပဝင်ခွင့်နဲ့လွဲချော်ပီး တန်းဆင်းတဲ့နေရာရဲ့ အထက်နားမာ မြင်ရတာ တကယ်ကို ဝမ်းနည်းမိတာတော့ အမှန်ဘဲ ။ #MUMS

စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ ကိုဘီကို ‌ချယ်လ်ဆီးအသင်းဖက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အသင်းဖက်က လုံးဝရောင်းချသွာ
စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ ကိုဘီကို ‌ချယ်လ်ဆီးအသင်းဖက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အသင်းဖက်က လုံးဝရောင်းချသွားမာ မဟုတ်ဘူးလို့ သိရပါတယ် ။ #MUMS