ch
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

前往频道在 Telegram
7 711
订阅者
-324 小时
-357
-17730
帖子存档
ဒီလောက် အသင်းကို ထမ်းတင်ပြီး တစ်ကိုယ်တော်စံချိန်တွေ ၊ သွင်းဂိုး + ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ကို ဆုဖလား
ဒီလောက် အသင်းကို ထမ်းတင်ပြီး တစ်ကိုယ်တော်စံချိန်တွေ ၊ သွင်းဂိုး + ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ကို ဆုဖလားအောင်မြင်မှု မရလို့ PFA ဆုနဲ့ မထိုက်တန်ဘူးလို့ ပြောတဲ့သူက ရှိပါသေးတယ် ။ ဆုဖလားအောင်မြင်မှုကလွဲရင် ကျန်တဲ့ဘယ်ကစားသမားမဆို ဘရူနိုက အေးဆေးအပြတ်သတ် ယှဉ်နိုင်လို့ မရခဲ့လည်း အကြောင်း မဟုတ်ပါဘူး #MUMS

ဘရူနိုရဲ့ အကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့သလို ၊ အသင်းအတွက်လည်း အောင်မြင်တဲ့ ရာသီတစ်ခုလို့ ပြောရင်လည်း ရပါတယ် ။ မန်ယူ နဲ့ ဘရူနို တ
ဘရူနိုရဲ့ အကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့သလို ၊ အသင်းအတွက်လည်း အောင်မြင်တဲ့ ရာသီတစ်ခုလို့ ပြောရင်လည်း ရပါတယ် ။ မန်ယူ နဲ့ ဘရူနို တို့ ပေါင်းစပ်တဲ့ ဇာတ်လမ်းလေးက အခုထက်ထိ ကြည်နူးစရာ အခိုက်အတန့်များစွာ ၊ စံချိန်များစွာနဲ့ ဒီရာသီ အိမ်ကွင်းပွဲစဉ်ကို နိုင်ပွဲနဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ် ။ #MUMS

အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့တာ ‌တကယ်ကို ကောင်းမွန်ခဲ့ပါတယ် ။ ဂိုးပေါက်ပျောက်ဆုံးနေတာ ကြာနေတဲ့ အမ်
အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့တာ ‌တကယ်ကို ကောင်းမွန်ခဲ့ပါတယ် ။ ဂိုးပေါက်ပျောက်ဆုံးနေတာ ကြာနေတဲ့ အမ်ဘူမိုလည်း ဂိုးပြန်သွင်းနိုင်ခဲ့သလို ၊ ဘရူနိုလည်း ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့လို့ ပြည့်စုံတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ #MUMS

ဂိုးသွင်းပေးတဲ့ သူငယ်ချင်းလုဒ်ရှော ကျေးဇူးတင်ပါတယ် 😍 #MUMS

ပရီးမီးယားလိဂ် မန်ယူVs ဖောရက်စ်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻 ‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏 ❗️Main Channel Link 👇🏻 https://t.me/mfn2026 ❗️ Live Channel Link 👇🏻 https://t.me/+OmSyYuuZOTMzMzBl

အိမ်ကွင်းမှာ နိုင်ပွဲယူပြီး အဆုံးသတ်မယ့် ပွဲထွက်လူစာရင်း 👀 #MUMS
အိမ်ကွင်းမှာ နိုင်ပွဲယူပြီး အဆုံးသတ်မယ့် ပွဲထွက်လူစာရင်း 👀 #MUMS

အမှန်အကန်ဖြုတ်ဖို့ ဝင်လာကြပြီဗျာ 🔥 #MUMS

မိုက်ကယ်ကားရစ်က အဲလီယော့ အန်ဒါဆန်အပေါ် 🗣️ ဟုတ်ပါတယ် ။ ဖောရက်စ်မှာ သူကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် ။ သူက သူတို့အသင်းရဲ့ အဓိကအ
မိုက်ကယ်ကားရစ်က အဲလီယော့ အန်ဒါဆန်အပေါ် 🗣️ ဟုတ်ပါတယ် ။ ဖောရက်စ်မှာ သူကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် ။ သူက သူတို့အသင်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ် ။ သူအများကြီး လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ် ။ သူတို့က တကယ်ကို အရည်အချင်းရှိတဲ့အသင်းတစ်သင်းနဲ့ အန္တရာယ်ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ် ။ သူတို့က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကိုရောက်ခဲ့ပြီး ကောင်းမွန်တဲ့ရာသီတစ်ခုရှိခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် သူက သူတို့အသင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ခင်ဗျားအနေနဲ့ မြင်နိုင်ပါတယ် ။ #MUMS

ဒီချာတိတ်‌တောင် ဘာလိုလိုနဲ့ အသင်းအတွက် ကစားပေးခဲ့တာ ပွဲ 100 တောင် ပြည့်ခဲ့ပြီဘဲ ☹️ #MUMS
ဒီချာတိတ်‌တောင် ဘာလိုလိုနဲ့ အသင်းအတွက် ကစားပေးခဲ့တာ ပွဲ 100 တောင် ပြည့်ခဲ့ပြီဘဲ ☹️ #MUMS

ကတ်စမဲရိုးအတွက် အိုးထရက်ဖို့စ်မှာ ပြုလုပ်မယ့် နှုတ်ဆက်ပွဲကို လာမယ့် Super Sunday မှာ ပြလုပ်သွားမှာ ဖြစ်တယ်လို့ နည်းပြကားရစ်က
ကတ်စမဲရိုးအတွက် အိုးထရက်ဖို့စ်မှာ ပြုလုပ်မယ့် နှုတ်ဆက်ပွဲကို လာမယ့် Super Sunday မှာ ပြလုပ်သွားမှာ ဖြစ်တယ်လို့ နည်းပြကားရစ်က အတည်ပြုလိုက်ပါတယ် ။ #MUMS

Matthijs de ligt 🗣️ ၆ လကြာ ကုသမှုခံယူပြီး ပြန်ကောင်းလာဖို့ ကြိုးစားပြီးနောက် ခွဲစိတ်ကုသမှုကသာ တစ်ခုတည်းသော ရွေးချယ်စရာပါ။ ပြ
Matthijs de ligt 🗣️ ၆ လကြာ ကုသမှုခံယူပြီး ပြန်ကောင်းလာဖို့ ကြိုးစားပြီးနောက် ခွဲစိတ်ကုသမှုကသာ တစ်ခုတည်းသော ရွေးချယ်စရာပါ။ ပြီးခဲ့တဲ့ ၆ လအတွင်း အသင်းကို မကူညီနိုင်ခဲ့လို့ စိတ်ပျက်မိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရတာကို ထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေရှေ့မှာ ပြန်ရောက်ပြီး ပိုကောင်းလာဖို့ အရာအားလုံးကို လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ် ။ နိုဝင်ဘာလကတည်းက ကျွန်တော် လေ့ကျင့်ခန်းတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ရွေးချယ်စရာတိုင်းကို စူးစမ်းလေ့လာခဲ့ပါတယ်။ ကျွန်တော်ချစ်မြတ်နိုးတဲ့အရာကို ပြန်လည်လုပ်ဆောင်ဖို့၊ ဘောလုံးကစားဖို့ပါ။ “ကျွန်တော့်ရဲ့ ကစားသမားဘဝရဲ့ ခက်ခဲတဲ့ကာလတစ်လျှောက်လုံး ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ကိုယ်စားပြုပြီး ကျွန်တော်တို့ရဲ့ မယုံနိုင်လောက်အောင် အားပေးသူတွေရှေ့မှာ အမြန်ဆုံးကစားဖို့ ကျွန်တော် အမြဲတမ်း စိတ်ပိုင်းဖြတ်ထားပါတယ် ။ #MUMS

မန်ချက်စတာကောင်းကင်က Heaven ဆိုတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု 🌫️❤️ #MUMS

ဒီဂိုးလေးသွင်းပြီးတည်းက ပျောက်သွားလိုက်တာ ကိုဒိုကုရာ ☹️ #MUMS

အခုဆို အသင်းနဲ့ အတော်လေးသတင်းထွက်နေခဲ့တဲ့ Mateus Fernandes ရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ် ။ သူက ကွင်းလယ်ဗဟို (
အခုဆို အသင်းနဲ့ အတော်လေးသတင်းထွက်နေခဲ့တဲ့ Mateus Fernandes ရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ် ။ သူက ကွင်းလယ်ဗဟို (Central Midfield) ကစားသမားစစ်စစ်ပါ။ ကွင်းလယ်မှာ ဘောလုံးဖြန့်တာ၊ ကစားကွက်ထိန်းတာအပြင် ခံစစ်ကနေ တိုက်စစ်ကို ဘောလုံးသယ်ဆောင်သွားတဲ့နေရာ (Ball Progression) မှာ အလွန်ထူးချွန်တဲ့သူတစ်ယောက်ပါ ။ ပေါ်တူဂီ Sporting CP အကယ်ဒမီထွက်ဖြစ်တာကြောင့် ဘောလုံးထိန်းသိမ်းမှုနဲ့ ပေးပို့မှုအပိုင်းက သူ့ရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်ပါတယ် ။ သူဟာ ဘောလုံးကို လိမ်ခေါက်တာထက် နေရာလွတ်ရှာပြီး ထိရောက်တဲ့ ပေးပို့မှုတွေလုပ်ဖို့ ပိုအားသန်ပါတယ် ။ သူ့ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ Work Rate ပါပဲ။ တစ်ပွဲလုံး‌နေရာအနှံ့ ပြေးလွှားနိုင်ပြီး ပြိုင်ဘက်ဆီက ဘောလုံးပြန်ရအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိပါတယ် ။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ အမြန်အသားကျနေတာပါ ။ မန်ယူအသင်းဟာ လက်ရှိမှာ နည်းစနစ်ပိုင်းကောင်းပြီး ကွင်းလယ် Work Rate ကောင်းတဲ့ကစားသမားမျိုးကို လိုအပ်နေပါတယ် ။ Mateus Fernandes နဲ့ ပေါ်တူဂီသား အချင်းချင်းဖြစ်ကြတဲ့ Bruno Fernandes နဲ့ ချိတ်ဆက်နိုင်မှု၊ ပရီးမီးယားလိဂ်မှာ အသားကျပြီးသားဖြစ်မှုတွေက အသင်းအတွက် ဆွဲဆောင်မှုရှိတဲ့ အချက်တွေ ဖြစ်နေပါတယ် ။ ဒါကြောင့် အမှန်တကယ်ခေါ်ယူခဲ့မယ်‌ဆိုရင် အရမ်းကြီးခက်ခဲပြီး အပြိုင်ခေါ်ယူရလောက်မယ့် အနေထားမှာ ရှိမနေတာ ဖြစ်ပါတယ် ။ ဝက်စ်ဟမ်းသာ တန်းဆင်းသွားခဲ့ပါက ကစားသမားကိုယ်တိုင်လည်း ထွက်မှာဖြစ်လို့ အရာအားလုံး ရေကန်အသင့် ၊ ကြာအသင့် ဖြစ်နေမှာတော့ အသေချာပါဘဲ ။ #MUMS

ရီယို ဖာဒီနန် 🗣️ ကျွန်တော် ချူအာမန်နီကို တကယ်ကြိုက်တယ် ။ သူ့ကို ခေါ်နိုင်ခဲ့ရင် မယုံနိုင်စရာ ခေါ်ယူမှုတစ်ခု ဖြစ်လိမ့်မယ်လို့
+1
ရီယို ဖာဒီနန် 🗣️ ကျွန်တော် ချူအာမန်နီကို တကယ်ကြိုက်တယ် ။ သူ့ကို ခေါ်နိုင်ခဲ့ရင် မယုံနိုင်စရာ ခေါ်ယူမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ ဘောလုံးအသင်းတသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့အချိန်နဲ့ သူ့ရဲ့နေရာအတွက် ကစားသမားကိုယ်တိုင် စိုးရိမ်စရာဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အာမခံချက်ပေးပြီး အရခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ပေါ့ ။ ကျွန်တော်တို့ အဲ့ဒီအတွက် ကြိုးစားအားထုတ်မှုတော့ အမှန်တကယ်လိုအပ်ပါတယ် ။ #MUMS

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘရူနိုက ဖန်တီးပေး ၊ ဒီချာတိတ်က အဆုံးသတ်ပေးပြီး အတူအောင်ပွဲခံနေကြတဲ့ မြင်ကွင်းလေးက ဘယ်လောက
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘရူနိုက ဖန်တီးပေး ၊ ဒီချာတိတ်က အဆုံးသတ်ပေးပြီး အတူအောင်ပွဲခံနေကြတဲ့ မြင်ကွင်းလေးက ဘယ်လောက်ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းဖြစ်နေမလဲကွာ :3 #MUMS

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားစာရင်းမှာ ကိုဘီမိုင်နိုပါဝင်လာခဲ့ပါတယ် ။ Congratulations 👏👏 #MUMS
ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားစာရင်းမှာ ကိုဘီမိုင်နိုပါဝင်လာခဲ့ပါတယ် ။ Congratulations 👏👏 #MUMS

2026 /27 ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံဒီဇိုင်းကာလာဘာညာအနေထား 👀🔥 #MUMS
+3
2026 /27 ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံဒီဇိုင်းကာလာဘာညာအနေထား 👀🔥 #MUMS

မိုက်ကယ်ကားရစ်က လာမယ့်ရာသီ အသင်းရဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်သွားဖို့ သေချာသလောက် အနေထားမှာ ရှိခဲ့ပါတယ် ။ အခုချိန်မှာ နည်းပြ
မိုက်ကယ်ကားရစ်က လာမယ့်ရာသီ အသင်းရဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်သွားဖို့ သေချာသလောက် အနေထားမှာ ရှိခဲ့ပါတယ် ။ အခုချိန်မှာ နည်းပြရာထူးအတွက် တွေ့ဆုံဆွေးနွေးနေပြီး ၊ အသင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှု အပြည့်အဝရထားတာလည်း ဖြစ်ပါတယ် ။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရထားလို့ ကားရစ်လိုအပ်တဲ့ ကစားသမားတွေကို အရခေါ်ယူပေးသွားဖို့ ရှိနေပါတယ် ။ #MUMS

ချူအာမန်နီလို ကစားသမားမျိုး မန်ယူကို ရောက်လာခဲ့ရင်တော့ ကွင်းလယ်ပိုင်းအတွက် တကယ့်ကို ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။
ချူအာမန်နီလို ကစားသမားမျိုး မန်ယူကို ရောက်လာခဲ့ရင်တော့ ကွင်းလယ်ပိုင်းအတွက် တကယ့်ကို ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။ သူဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုရော၊ နည်းစနစ်ပိုင်းပါ ကောင်းမွန်တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။ ချူအာမန်နီဟာ ဘောလုံးဖြတ်ထုတ်ပုံ တိကျပြီး လေထဲမှာ ဘောလုံးယှဉ်လုရာမှာလည်း အရမ်းအားကောင်းတဲ့သူ တစ်‌ယောက်ပါ ။ သူရောက်လာရင် မန်ယူရဲ့ နောက်တန်းကို ပိုပြီး လုံခြုံမှုပေးနိုင်မှာတော့ အမှန်ပါဘဲ ။ သူဟာ ခံစစ်တင်မကဘဲ ဘောလုံးပေးပို့မှုမှာလည်း တိကျသူဖြစ်လို့ ကွင်းလယ်ကနေ ပွဲကို ထိန်းချုပ်မောင်းနှင်တဲ့နေရာမှာ အဓိကကျတဲ့သူ ဖြစ်လာပါလိမ့်မယ် ။ သူဟာ ကွင်းလယ်ဗဟိုမှာရော၊ နောက်တန်းမှာပါ ကစားနိုင်တဲ့အတွက် အသင်းရဲ့ နည်းဗျူဟာပိုင်းမှာ ရွေးချယ်စရာ ပိုများလာစေမှာပါ။ လက်ရှိမှာတော့ ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကကစားသမား ဖြစ်နေတာကြောင့် မန်ယူအနေနဲ့ ခေါ်ယူဖို့ဆိုရင် ငွေကြေးအမြောက်အမြား သုံးရမယ့်အပြင် ကစားသမားကိုယ်တိုင်ရဲ့ ဆန္ဒကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ သူသာ တကယ်ရောက်လာခဲ့ရင်တော့ မန်ယူရဲ့ ကွင်းလယ်ဟာ Premier League မှာ အတောင့်တင်းဆုံးစာရင်းထဲ ပါသွားမှာ သေချာပါတယ် ။ #MUMS

Manchester United Myanmar Supporters FC - Telegram 频道 @reddevil2345 的统计与分析