7 652
订阅者
-724 小时
-597 天
-20830 天
帖子存档
Mbeumo အတွက် မန်ယူအသင်းဖက်က နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ ပြောင်းရွေ့ကြေးကို ဘရန်းဖို့စ်အသင်းဖက်က လက်ခံဖို့များနေတယ်လို့ သိရပါတယ် ။ ပြောင်းရွေ့ကြေးညှိနှိုင်းပီးတာနဲ့ Mbeumo ရဲ့ မန်ယူကစားသမားဘဝက မကြာခင် စတင်လာတော့မာဖြစ်ပါတယ် ။
#MUMS
မန်ယူအသင်းက ကလပ်ဘရုဂေးအသင်းကွင်းလယ်လူ Ardon Jashari ရဲ့အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ် ။ အေစီအသင်းက ပေါင် 25.6 သန်းနဲ့ ကမ်းလှမ်းမှုကို ဘရုဂေးဖက်က ပယ်ချထားခဲ့ပီးနောက် မန်ယူအသင်းအနေနဲ့ အဆိုပါကစားသမားရဲ့ အပြောင်းအရွေ့အတွက် စတင်လှုပ်ရှားလာနေပီလည်း ဖြစ်ပါတယ် ။
#MUMS
တချိန်က ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မာ ဆရာကျခဲ့ပီး အောင်မြင်မှုအချို့ ယူနိုင်ခဲ့တဲ့ ပေါ့ဘာကတော့ ပြင်သစ်ကလပ် မိုနာကိုအသင်းဆီကို 2 နှစ်စာချုပ်နဲ့ ရောက်ရှိသွားခဲ့ပီလို့ သိရပါတယ် ။
အသင်းသစ်မာ အရင်လိုခြေစွမ်းမျိုး ပြန်ရပါစေ ငါ့ကောင်ကြီးရာ
#MUMS
ဆုံစည်းခြင်းဟာ ဝေးကွာခြင်းရဲ့ လမ်းစတဲ့
အတတ်နိုင်ဆုံး ချစ်ခဲ့ပီးပီဘဲ
ကျေနပ်ပါတယ် ။
#MUMS
တကယ်အလဲအထပ်လုပ်ဖြစ်ခဲ့မယ်ဆိုရင် နစ်နာစရာတော့ မရှိပါဘူး ။ ဂါနာချိုကိုယ်တိုင်ကလည်း အသင်းမှ မနေချင်တော့ဖြစ်ပီး တဖက်က အန်ကူကူကလည်း ပွဲကစားချိန်မိနစ်မရလို့ အသင်းပြောင်းချင်နေတာဖြစ်ပါတယ် ။ ဒီအလဲအထပ်ကို ညိုကီတို့ သဘောကျကြရဲ့လား 🤔
#MUMS
မေဆင်မောင့်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ မရှိဘဲ နည်းပြအမိုရင်လက်အောက်မာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ် ။ လောလောဆယ် ရာသီကြိုခြေစမ်းပွဲ မတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝနေအောင် လေ့ကျင့်ခန်းတွေ တောက်လျှောက်ဆိုသလို လုပ်နေခဲ့တယ်လို့ သိရပါတယ် ။
#MUMS
ပါးမီးရက်စ်အသင်းရဲ့ ကွင်းလယ်လူ ရစ်ချက်ရို့စ်ကို အသင်းဖက်က ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ ပါးမီးရက်စ်အသင်း ကစားတဲ့ ပွဲစဉ်တိုင်း ကင်းထောက်စေလွှတ်ကာ ခြေစွမ်းကို စောင့်ကြည့်နေပီး မကြာခင်မာ တရားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်သွားမာ ဖြစ်ပါတယ် ။
#MUMS
ရက်ဖို့စ်က လာမယ့်လမာ အသင်းကနေ မထွက်ခွာဖြစ်ခဲ့ပါက မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းတော့မာဖြစ်တယ်လို့ သိရပါတယ် ။ သူ့အနေနဲ့ ရာသီကြိုပွဲစဉ်တွေမာ အသင်းနဲ့ ပူးပေါင်းဖို့ မသေချာပေမဲ့ အသင်းပြောင်းဖို့အတွက် အေးဂျင့်နဲ့အတူ အသင်းလိုက်ရှာနေတယ်လို့ သိရပါတယ် ။
#MUMS
အပြောင်းအရွေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တဲ့ ဂါနာချိုက မားကပ်ရက်ဖို့စ်နံပတ် အက်စတွန်ဗီလာအသင်းရဲ့ အကျီကို ဝတ်ဆင်ကာ အားလပ်ရက်ကို စပိန်နိုင်ငံမာ ဖြတ်သန်းနေခဲ့တယ်လို့ သိရပါတယ် ။
#MUMS
နာပိုလီအသင်းက ဆန်ချိုကိုခေါ်ယူဖို့ အရာအားလုံးအဆင်ပြေနေပေမဲ့ ကစားသမားရဲ့ လစာမြင့်မားမှုက အဟန့်အတားဖြစ်နေတယ်လို့ သိရပါတယ် ။ ဆန်ချိုဖက်ကလည်း လစာလျှော့ယူသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ် ။
#MUMS
ရက်ဖို့စ် 🗣️ ငါအကြိုက်ဆုံးနေရာက သီယာရီအွန်နရီ ကစားခဲ့တဲ့ နံပတ် 9 နေရာပေါ့ ။ အဲ့ဒီနေရာက ငါ့အတွက် အဆင်ပြေဆုံးနေရာဖြစ်ပီး သက်သောင့်သက်သာ ရှိစေပါတယ် ။
#MUMS
မန်ယူအသင်းက Mbeumo အတွက် ပြောင်းရွေ့ကြေး ပေါင် 63 သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှုတရပ် ပြုလုပ်သွားမယ်လို့ သိရပါတယ် ။ ကစားသမားနဲ့ အလုံးစုံသဘောတူညီမှု ရနေပေမဲ့ ဘရန်းဖို့စ်အသင်းနဲ့ ပြောင်းရွေ့ကြေး အခုထိ ညှိနှိုင်းမရသေးတာဖြစ်ပါတယ် ။
#MUMS
မိုနာကိုက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အန်ဒရေအိုနာနာက အသင်းမာဘဲ ဆက်နေသွားပီး နေရာရဖို့ ကြိုးစားသွားမာဖြစ်တယ်လို့ သိရပါတယ် ။ သူ့အနေနဲ့ မန်ယူအသင်းနဲ့အတူ ဆုဖလားဆွတ်ခူးဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
လာမယ့်ရာသီ အမိုရင်ရဲ့ အသင်းမာ ရက်ဖို့စ် ၊ ဂါနာချို ၊ ဆန်ချို ၊ အန်တိုနီတို့ ပါဝင်မာ မဟုတ်ဘူးလို့ တခါတည်း အသိပေးထားတယ်လို့ သိရပါတယ် ။ အဆိုပါ ကစားသမားတွေကို အသင်းပြောင်းဖို့ ပြောဆိုထားပီးပီလို့ ဆိုပါတယ် ။
#MUMS
ဂျေဒန်ဆန်ချိုကတော့ အီတလီကလပ် နာပိုလီဆီကို ပြောင်းရွေ့ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ် ။ နှစ်သင်းကြား အခုထိ သဘောတူညီမှု မရသေးသလို ၊ ပြောင်းရွေ့ကြေးကိုလည်း မန်ယူအသင်းဖက်က 25 သန်း အထိ အလိုရှိနေတာဖြစ်ပါတယ် ။
#MUMS
现已上线!2025 年 Telegram 研究 — 年度关键洞察 
