Create with OMERA
前往频道在 Telegram
📈 Telegram 频道 Create with OMERA 的分析概览
频道 Create with OMERA (@glowandcode_51) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 23 968 名订阅者,在 艺术与设计 类别中位列第 1 223,并在 缅甸 地区排名第 5 891 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 23 968 名订阅者。
根据 24 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 55,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 17.23%。内容发布后 24 小时内通常能获得 5.06% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 4 129 次浏览,首日通常累积 1 213 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 32。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Create smarter with AI, editing & modern workflows.
DM @pyaesone_8989”
凭借高频更新(最新数据采集于 25 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 艺术与设计 类别中的关键影响点。
23 968
订阅者
-324 小时
-387 天
+5530 天
帖子存档
23 968
Hello Guys! ☺️
ဒီနေ့ည (ထိုင်းအချိန် ၇:၃၀ နာရီ / မြန်မာအချိန် ၇:၀၀ နာရီ) မှာ ✴️YouTube ဗီဒီယိုအသစ်လေး လာပါမယ်။ဒီဗီဒီယိုက AI လောကမှာ ပိုက်ဆံအကုန်အကျခံပြီး သုံးနေရတဲ့ Paid AI တွေရဲ့နေရာမှာ အခမဲ့ အစားထိုးသုံးနိုင်တဲ့ "Free AI Tools" တွေကို စုပြီးတော့ လုပ်ထားပါတယ်ဗျ ။
ပိုက်ဆံအများကြီးပေးမှရမယ့် Quality မျိုးကို Free AI တွေသုံးပြီး: Professional AI Avatar တွေ ဘယ်လိုဖန်တီးမလဲ?
Hyper-realistic Photo တွေ ဘယ်လို Generate လုပ်မလဲ?
High-quality Video တွေကိုရော အခမဲ့ ဘယ်လိုထုတ်မလဲ?ဆိုတာတွေကို အသေးစိတ် လက်တွေ့ပြပေးထားပါတယ်။ ဒီထဲမှာပါတဲ့ နည်းလမ်းတွေက ကျွန်တော်ကိုယ်တိုင် စမ်းသပ်လေ့လာထားတဲ့အတိုင်း Professional အဆင့်ရအောင် စုစည်းပေးထားတာမလို့ AI နဲ့ Content ဖန်တီးချင်သူတွေအတွက် အများကြီး အထောက်အကူဖြစ်မှာ သေချာပါတယ်။
ကဲ... အားလုံးပဲ ညကျရင် ဗီဒီယို ထဲမှာ ဆုံကြရအောင်ဗျာ!
23 968
စကားမစပ်
ကိုယ့်လူတို့ အဆင်ပြေအောင် Seminar ကို ဘယ်မှာလုပ်ပေးရမလဲဗျ 💖
23 968
AI နဲ့ Content Creation ကို serious လေ့လာချင်ပေမဲ့ tools တွေများလွန်းလို့
ဘယ်ကစရမလဲမသိဘူးဆိုရင်…
9 ရက်နေ့လုပ်မဲ့ Ai + Content creation Seminar လေးသာလာ join ကြပါခင်ဗျ 🔫
ကျန်တော်ရဲ့ Seminar က Course ထိုးရောင်းတာထက် တကယ် Knowledge တွေဘဲပေးတယ်ဆိုတာ ရှေ့ Seminar join ဖူးတဲ့သူတွေဆိုရင် ပိုသိကြလိမ့်မယ်ထင်တယ်ဗျ 😍ဒီ Seminar ကနေ Basic ကနေ Advanced ထိ clear roadmap တစ်ခုရပြီးတော့ ဒီလောက် Ai တွေများနေတဲ့ခေတ်မှာ ဘယ် Ai ကကိုယ့်အတွက် သင့်တော်လဲဆိုတာတွေ နားလည်သွားပါလိမ့်မယ်ဗျ ဒါကြောင့်
editing / content creation လုပ်နေတဲ့သူတွေ
AI ကို practical အသုံးချချင်တဲ့သူတွေ အတွက်အရမ်းအသုံးဝင်မယ်။ကဲ...ဒါဆိုရင်တော့
ကိုယ့် content quality ကို upgrade လုပ်ချင်ရင် ခုကတည်းက သွားစောင့်နေလို့ရပါတယ်ဗျ 😜Link 👇👇 https://t.me/+GNTTnWk3qkI4NWFl .
23 968
Hello Guys! ✨
ဒီနေ့ည (ထိုင်းစံတော်ချိန် ၉:၀၀ နာရီ / မြန်မာစံတော်ချိန် ၈:၃၀ နာရီ) မှာ YouTube ဗီဒီယိုအသစ်လေး လာပါမယ်။ 🎥
ဒီဗီဒီယိုကို လုပ်ထားတာ ကြာပြီဖြစ်ပေမယ့် Content က "30-Day Roadmap" ဖြစ်နေတာကြောင့် လေ့လာမယ့်သူတွေအတွက် လဆန်း ၁ ရက်နေ့မှာတင်ပေးလိုက်တာက အစပြုရတာ ပိုအဆင်ပြေမယ်လို့ တွေးမိလို့ ဒီနေ့မှ တင်ဖြစ်သွားပါတယ်ဗျ ။
ဒီ Roadmap ထဲက အကြောင်းအရာတွေက ကျွန်တော်ကိုယ်တိုင် လက်တွေ့လေ့ကျင့်ခဲ့တဲ့ ပုံစံတွေရော၊ အားလုံးအားကျနေရတဲ့ Editor God တွေ လေ့လာခဲ့တဲ့ နည်းလမ်းတွေကိုပါ စုစည်းပေးထားတာမလို့ ဒီ Roadmap အတိုင်းသာ သေချာလိုက်လုပ်သွားမယ်ဆိုရင် ရက်ပေါင်း ၃၀ အတွင်းမှာ Client တစ်ယောက်ဆီကနေ (၁၅,၀၀၀) လောက်ပဲ ရနေတဲ့နေရာကနေ High-ticket Client တွေကို ကိုင်တွယ်နိုင်တဲ့ Level အထိ ရောက်သွားမှာ သေချာပါတယ်။ 💖
ကဲ... အားလုံးပဲ ညကျရင် ဗီဒီယိုထဲမှာ ဆုံကြရအောင်ဗျာ! 😜
23 968
I’ve designed a comprehensive Video Editing roadmap for our telegram family, taking you from absolute basic to a professional level where you can confidently handle client projects.
Starting from the 1st of next month until the end of the month, I guarantee results if you stay committed.
I want to invite you to join my 30-Day Challenge😜Don’t let the fact that it’s 💖 fool you this program is packed with more value than many paid courses.
I urge you not to take it lightly. Let me know in the poll 👇Are you in for the challenge?
23 968
ADM ရဲ့ Alight Motion Tutorial video လေးပါဗျ😍
ကျန်တော်နဲ့ edit style တူတူဘဲမလို့ လေ့လာချင်တဲ့သူတွေ၀င်လေ့လာလို့ရပါတယ်ဗျ😜
23 968
၁၀ မီနစ်နဲ့ Smooth Animation လုပ်နည်း Tutorial လေး လာပါမယ်နော်။ 😉
ကျနော့် YouTube channel မှာ ဒီည 8နာရီ Full tutorial ကြည့်ပြီးလို့
နားမလည်ရင် ဖြစ်ဖြစ် // ကျနော့် လုပ်ထားတဲ့ Effect တွေကို ယူသုံးချင်ရင်ဖြစ်ဖြစ် brother တို့ အဆင်ပြေအောင်လို့....
Project XML File
Materialတွေကို Free တင်ပေးမှာမို့... ကျနော်နဲ့ အတူတူ လက်တွေ့ လေ့ကျင့်လို့ရပါတယ်။ ဆိုတော့ ပြန်ဆုံကြပါမယ်။
https://www.youtube.com/@XO1Editor
23 968
နောက်ထပ် ရက် (၉၀) က ဘယ်လိုဖြစ်လာမလဲ? ⏳
အချိန်တွေက တကယ်ကို မြန်လွန်းတယ်မလားဗျ။ အခုဆို ၂၀၂၆ ရဲ့ သုံးလလုံးကုန်တော့မယ်။ နောက်ထပ် ၃ လ (ရက် ၉၀) ပြည့်သွားတဲ့အချိန်ဆိုရင် ကိုယ့်လူတို့ ဘယ်နေရာကို ရောက်နေချင်လဲ?
Video Editing / Content Creation ကို အခုမှ စလေ့လာမယ့်သူက ၃ လနေရင် Client တွေနဲ့ ယုံကြည်မှုရှိရှိ စကားပြောနိုင်တဲ့ အဆင့်ဖြစ်နေလောက်ပြီ။
အရင်ကတည်းက လေ့ကျင့်နေတဲ့သူက ဝင်ငွေစရနေပြီ။
ဘာမှမလုပ်ဘဲ အချိန်ဆွဲနေတဲ့ သူကတော့... ဒီနေ့ နေရာမှာပဲ ဆက်ကျန်ခဲ့မှာပဲဗျ။
Skill တစ်ခုကို ကျွမ်းကျင်အောင် လုပ်တယ်ဆိုတာ ချက်ချင်းကြီး ရလာတာမဟုတ်ပေမယ့်၊ နေ့တိုင်း Consistencyရှိရှိ လေ့ကျင့်သွားရင် ရက် ၉၀ အတွင်းမှာ ကိုယ်တိုင် အံ့သြရလောက်တဲ့အထိ ပြောင်းလဲသွားနိုင်တယ်ဗျ။
ဆိုတော့... ကိုယ့်လူတို့ရော ဘာကိုရွေးမလဲ? ဒီအတိုင်းပဲ အချိန်တွေကို ကုန်ဆုံးခံမလား၊ ဒါမှမဟုတ် Professional Editor တစ်ယောက်ဖြစ်ဖို့ သေချာ အချိန်ပေးမလား?
အကယ်၍ အချိန်မဆွဲချင်တော့ဘူး၊ စနစ်တကျနဲ့ အမြန်ဆုံး Professional အဆင့်ရောက်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အတန်းတွေမှာ အတူတူ လေ့ကျင့်လို့ရပါတယ်ဗျာ။
လမ်းစပျောက်နေရင် လာခဲ့ပါ... အတူတူ ကြိုးစားကြမယ် ကိုယ့်လူတို့! 🔥
23 968
💸 Video Editing နဲ့ ဝင်ငွေရှာချင်တဲ့ ကိုယ့်လူတို့အတွက် မသိမဖြစ် အကောင်းဆုံး Free AI Tools (၅) ခု!
Video editing ကို အခုမှစလေ့လာနေတဲ့ beginners တွေရော၊ skill ကို နောက်တစ်ဆင့်တင်ချင်တဲ့ intermediate သမားတွေအတွက်ပါ အရမ်းအသုံးဝင်မယ့် AI Tools တွေကို ကျွန်တော် သေချာ Research လုပ်ပြီး ရွေးထုတ်ပေးလိုက်တယ်ဗျ။
📝 ၁။ Script AI : Claude 3.5
Content တစ်ခုကောင်းဖို့၊ လူကြည့်များဖို့ဆိုတာ Hook နဲ့ Script က အသက်ပဲဗျ။ ChatGPT ကို လူတိုင်းသိပေမယ့် Video Script ရေးတဲ့နေရာမှာ Claude က ပိုပြီး လူသားဆန်တယ်၊ စကားပြောတဲ့ Tone ပိုမိတယ်။ "ငါ့အတွက် YouTube Video Script လေးရေးပေး" ဆိုပြီး prompt လေးသေချာပေးလိုက်တာနဲ့ ကိုယ့်လူတို့အတွက် Idea တွေ၊ Hook အမိုက်စားတွေ ထုတ်ပေးမှာပါ။ Free version နဲ့တင် လုံလောက်နေပြီဗျ။
🎙️ ၂။ Voice AI : ElevenLabs
ကိုယ့်အသံကိုယ် မသုံးချင်ဘူး ဒါမှမဟုတ် Professional ဆန်တဲ့ Voiceover လိုချင်တယ်ဆိုရင် ElevenLabs က နံပါတ်တစ်ပဲဗျာ။ အသံတွေက တကယ့်လူစကားပြောနေသလိုပဲ ခံစားချက်ပါတယ်။ Free plan မှာ တစ်လကို စာလုံးရေ (10,000) ရတော့ Short videos တွေ၊ TikTok/Reels တွေလုပ်ဖို့ဆို ကွက်တိပဲဗျ။
🗣️ ၃။ Voice AI : TTSMaker
ElevenLabs ရဲ့ free limit ပြည့်သွားလို့ စိတ်ညစ်သွားလား? မပူနဲ့ဗျ၊ TTSMaker ရှိတယ်။ သူက လုံးဝ Free နီးပါးသုံးလို့ရတယ်။ အသံတွေလည်း အများကြီးရွေးလို့ရပြီး Long-form YouTube video တွေ လုပ်ချင်တဲ့ သူတွေအတွက် အရမ်းအသုံးဝင်တဲ့ Tool တစ်ခုပါဗျ။
🎥 ၄။ Video Generation AI : Kling AI
အရင်က B-roll တွေလိုချင်ရင် Stock video တွေရှာရတာ အချိန်အရမ်းကုန်တယ်မလား။ အခု Kling AI ရှိနေပြီဗျ။ ကိုယ်လိုချင်တဲ့ ပုံစံကို စာလေးရိုက်ထည့်လိုက်တာနဲ့ Cinematic ဆန်ဆန် B-roll တွေ၊ scene တွေ ထုတ်ပေးတယ်။ Free plan အနေနဲ့ နေ့တိုင်း Daily credits တွေပေးတော့ နေ့တိုင်းဝင်လုပ်ရင် အများကြီးရတယ်ဗျ။
🪄 ၅။ Video Generation AI : Luma Dream Machine
Kling အပြင် နောက်ထပ်ဆောင်ထားသင့်တာက Luma ပါ။ သူက မြန်တယ်၊ Quality အရမ်းကောင်းတယ်။ အထူးသဖြင့် ရိုးရိုးပုံတစ်ပုံကို အသက်ဝင်သွားအောင် Video ပြောင်းပေးတဲ့နေရာမှာ ဆရာကျတယ်။ Content တွေမှာ အသစ်အဆန်း Visual တွေထည့်ချင်ရင် ဒါလေးသုံးကြည့်ဖို့ အကြံပေးချင်တယ်ဗျ။
ဆိုတော့... ကိုယ့်လူတို့အနေနဲ့ ဒီ Tools လေးတွေကို သေချာလေ့လာပြီး လက်တွေ့သုံးကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ တကယ်ကို အချိန်ကုန်သက်သာပြီး Productivity နှစ်ဆလောက် တက်လာတာကို လက်တွေ့ခံစားရမှာပါဗျ။
နောက်ထပ်ရော Video Editing နဲ့ပတ်သက်ပြီး ဘာတွေသိချင်သေးလဲ၊ Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗျာ။
@Pyaesone_8989
23 968
🔥 ကျောင်းသားတစ်ယောက် "Graph Lesson ကို သုံးပြီး video တစ်ခုလုပ်ဖြစ်ထားတာလေး"
Video Editing မှာ Animation တွေ၊ Movement တွေ Smooth ဖြစ်ဖို့ Graph တွေက ဘယ်လောက်အရေးကြီးလဲဆိုတာ ဒီ ၈ စက္ကန့်လေးက သက်သေပဲဗျ။
ကိုယ့်လူတို့ ဒီ ၈စက္ကန့်လေးကို rating ဘယ်လောက်ပေးမလဲ ⁉️
23 968
⛔ YouTube Automation Channel တစ်ခုစဖို့ Editing Skill ဘယ်လောက်လိုလဲ?
YouTube ကနေ ဝင်ငွေရှာချင်တယ်၊ အထူးသဖြင့် မျက်နှာပြစရာမလိုတဲ့ Faceless (YouTube Automation) Channel တွေ လုပ်ချင်တယ်ဆိုရင် ခေါင်းထဲပထမဆုံးရောက်လာတာက "ငါ့ Editing Skill က လုံလောက်ပြီလား၊ Pro ဖြစ်မှ ရမှာလား" ဆိုတဲ့ မေးခွန်းပဲမဟုတ်လား။
ဆိုတော့... ဒီနေ့ ဒါလေးကို အရှင်းဆုံးနဲ့ အမှန်ကန်ဆုံး ဖောက်သည်ချပေးမယ်ဗျာ။
📌 Realistic Expectations (တကယ့် လက်တွေ့)
အမှန်တိုင်းပြောရရင် စစချင်းမှာ နိုင်ငံခြားရုပ်ရှင်တွေလို အမိုက်စား VFX တွေ၊ ရှုပ်ထွေးတဲ့ Animation တွေ တတ်နေစရာ မလိုပါဘူးဗျ။
အခုနောက်ပိုင်း Alight Motion တို့ CapCut တို့လို Mobile App တွေနဲ့တင် တော်တော်လေးမိုက်တဲ့ Video တွေ ဖန်တီးလို့ရနေပြီလေ။ YouTube ရဲ့ အဓိက secret ကလည်း Audience Retention ပဲဗျ။
✓ ကြည့်တဲ့သူ မပျင်းသွားအောင် ၃ စက္ကန့် တစ်ခါလောက် ပုံလေးတွေ၊ Video Clip လေးတွေ ပြောင်းပေးတာ။
✓ ရှင်းလင်းပြတ်သားတဲ့ စာတန်းလေးတွေ ထည့်ပေးတာ။
✓ Canva လိုမျိုးကနေ လိုအပ်တဲ့ Design Asset လေးတွေ ယူသုံးတတ်တာ။
✓ သီချင်းနဲ့ Sound Effects အဝင်အထွက် နေရာမှန်တာ။
ဒါလေးတွေ လုပ်နိုင်ရင်ကို အစပြုဖို့ လုံလောက်နေပါပြီဗျာ။ Mid-level editing skill လောက်နဲ့တင် Storytelling ကောင်းကောင်းသာ ချပြနိုင်ရင် Automation Channel တစ်ခုကို ကောင်းကောင်း Run လို့ရပါတယ်။
📌 Editing Roles (Automation မှာ Editor တစ်ယောက်ရဲ့ တာဝန်တွေ)
ကိုယ်တိုင် Channel ထောင်တာပဲဖြစ်ဖြစ်၊ သူများ Channel တွေမှာ Freelance Editor အနေနဲ့ ဝင်လုပ်ချင်တာပဲဖြစ်ဖြစ် Editor တစ်ယောက်ရဲ့ အဓိကအလုပ်က "Script နဲ့ Voiceover ကို အသက်ဝင်အောင် လုပ်ပေးဖို့" ပဲဗျ။
🔺Visual Storytelling: ပြောနေတဲ့ အကြောင်းအရာနဲ့ လိုက်ဖက်မယ့် Stock Video တွေ၊ ပုံတွေကို ရှာပြီး သေသေချာချာ ဖြတ်ဆက်လုပ်ရမယ်။
🔺Pacing & The Hook: ပထမ ၅ စက္ကန့်မှာတင် ကြည့်တဲ့သူ ဆက်ကြည့်ချင်သွားအောင် ဆွဲဆောင်ရမယ်။ Video အစအဆုံး အနှေးအမြန် (Pacing) ကို ထိန်းညှိပေးရမယ်။
🔺Audio Mixing: BGM နဲ့ Sound effects တွေကို နေရာတကျ ထည့်တတ်ရမယ်။
ဆိုတော့ ကိုယ့်လူတို့... "ငါ သိပ်မကျွမ်းကျင်သေးဘူး" ဆိုပြီး အချိန်ဆွဲမနေပါနဲ့ဗျ။ အခု ကိုယ်တတ်ထားတဲ့ Skill လေးနဲ့ပဲ လက်တွေ့ စမ်းလုပ်ကြည့်ပါ။ အမှားတွေထဲကနေ သင်ယူရင်း၊ နေ့တိုင်း လေ့ကျင့်ရင်းနဲ့သာ Professional Editor တစ်ယောက်ဖြစ်လာမှာပါဗျ။
@Pyaesone_8989
23 968
DaVinci Resolve ကို အခြေခံကနေ Professional အထိ ပိုင်နိုင်ချင်သူတိုင်းအတွက်...
Short-form Content တွေကနေစလို့ Commercial Video တွေ၊ ရုပ်ရှင်ကားကြီးတွေအထိ အသုံးအများဆုံးဖြစ်လာတဲ့ DaVinci Resolve ကို အခြေခံကနေ Professional ကျကျ ပိုင်နိုင်ချင်တဲ့သူတွေအတွက် ဒီ DaVinci Resolve Masterclass က ကွက်တိပဲဗျ။
DaVinci Resolve က သုံးရတာရှုပ်တယ်၊ ခက်တယ်လို့ ထင်နေကြတဲ့ ကိုယ့်လူတို့အတွက်...
✅ Zero to Hero Basic: အခြေခံကစပြီး Tool တွေကို မျက်စိမှိတ်သုံးတတ်တဲ့အထိ သေချာသင်ပေးပါမယ်။
✅ 3D & Fusion Mastery: Video တွေကို Cinematic ဆန်သွားစေမယ့် အလန်းစား 3D Effect တွေနဲ့ Fusion အပိုင်းတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သင်ပေးသွားမှာပါ။
✅ Practical & Feedback: သင်ပြီးရင် ပြီးရော ပစ်မထားပါဘူး။ လက်တွေ့လုပ်ဖို့ Homework တွေပေးမယ်၊ အသေးစိတ် ပြန်စစ်ပြီး လိုအပ်ချက်တွေကို သေချာပြန်ထောက်ပြပေးပါမယ်။
🚨 VIP Support: လိုက်လုပ်ရင်း အခက်အခဲရှိလာရင် "မသိတာမရှိ တိုက်ရိုက်မေး၊ တိုက်ရိုက်ဖြေ" လို့ရတဲ့ Support ရှိပါတယ်။ (ဒါကတော့ အရင်တက်ဖူးတဲ့ ကျောင်းသားဟောင်းတွေ အသိဆုံးပါပဲ)
🎁 Exclusive Bonuses:
အပြင်မှာ ပိုက်ဆံပေးဝယ်ရမယ့် Premium Plugin တွေ၊ SFX တွေနဲ့ Font တွေကို သင်တန်းသားတွေအတွက် အလကား (Free) ထည့်ပေးထားလို့ ဒီ Resources တွေနဲ့တင် သင်တန်းကြေးထက်ကို ပိုတန်နေပါပြီ။ (မကြာခင်မှာလည်း သင်တန်းသားတွေရဲ့ အမိုက်စား Project လက်ရာတွေကို ချပြပေးသွားဦးမယ်ဗျ)
💸 အရစ်ကျ (Installment) စနစ်:
"တက်တော့တက်ချင်တယ် ငွေရေးကြေးရေး အဆင်မပြေသေးလို့" ဆိုတဲ့ သူတွေအတွက်လည်း ပူစရာမလိုပါဘူး။ သင်တန်းကြေးကို အရစ်ကျ ခွဲသွင်း လို့ရအောင် အဆင်ပြေပြေ စီစဉ်ပေးထားပါတယ်။
ကိုယ့်ရဲ့ Career ကို Video Editor တစ်ယောက်အနေနဲ့ ယုံယုံကြည်ကြည် လျှောက်လှမ်းချင်တယ်ဆိုရင်တော့ အခုပဲ စလိုက်ကြရအောင်ဗျာ။
📩 သင်တန်းအပ်ဖို့နဲ့ အသေးစိတ် ထပ်သိချင်တာတွေရှိရင် @Pyaesone_8989 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
23 968
+4
Real Feedback from Real Students:
ပေးရတဲ့ဈေးနဲ့ ရတဲ့ပညာတွေ အရမ်းတန်တယ်။
အရင်က DaVinci Resolve ကို ခက်မယ်ထင်ခဲ့တာ ဒီသင်တန်းတက်တော့ နှစ်ပတ်ပဲရှိသေးတယ် တော်တော်နားလည်ပြီး လုပ်နိုင်လာတယ်။DaVinci Resolve Course အတွက် အသေးစိတ်သိချင်ရင်... @Pyaesone_8989
23 968
Mobile Editor တွေအတွက် အကောင်းဆုံးနဲ့အဆင်ပြေဆုံး Free Resources (၅) ခု
Editing App တွေထဲမှာရှိတဲ့ Features တွေချည်းပဲ သုံးနေတာထက်စာရင် အခုပြောပြမယ့် Resources လေးတွေကိုပါ တွဲသုံးတတ်သွားရင် ကိုယ့်လူတို့ရဲ့ Video Quality က တကယ့်ကို သိသိသာသာ ပြောင်းလဲသွားမှာဗျ။ Professional Video Editor တစ်ယောက်ဖြစ်လာဖို့၊ ကိုယ့်ရဲ့ Skill နဲ့ ဝင်ငွေရှာနိုင်တဲ့အထိ သွားချင်တဲ့ ကိုယ့်လူတို့အတွက် ရွှေပဲဗျ။
၁။ Mixkit.co (B-roll & Sound Effects တွေအတွက်) 🎬
Video တစ်ပုဒ်ကြည့်ကောင်းဖို့ B-roll က အရမ်းအရေးကြီးတယ်ဆိုတာ ကိုယ့်လူတို့ သိပြီးသားဖြစ်မှာပါ။ Mixkit မှာဆိုရင် အရည်အသွေးမြင့်တဲ့ Stock Video တွေ၊ Music တွေနဲ့ Sound Effects တွေကို free ဒေါင်းပြီး သုံးလို့ရတယ်ဗျ။ Copyright အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။
၂။ Myinstants.com (Meme Sounds တွေအတွက်) 🔊
TikTok တွေ၊ Reels တွေမှာ လူတွေကို Video ဆုံးတဲ့ထိကြည့်ချင်အောင် (High Retention ရဖို့) ဆိုရင် Sound Effects တွေက အသက်ပဲဗျ။ ဒီ Website မှာဆိုရင် ခေတ်စားနေတဲ့ Meme အသံတွေ၊ SFX အလန်းစားတွေကို အလွယ်တကူ ရှာပြီး ကိုယ့် Video ထဲ ထည့်သုံးလို့ရတယ်ဗျာ။
၃။ DaFont.com (အလန်းစား Font တွေအတွက်) 🔠
CapCut တို့ AM တို့လို App တွေထဲမှာပါတဲ့ Font တွေချည်းပဲ သုံးနေရင် ရိုးအီသွားတတ်ပါတယ်။ Video ကို Professional ပိုဆန်ချင်ရင် DaFont ကနေ ကိုယ်ကြိုက်တဲ့ English Font အမိုက်စားတွေကို Free ဒေါင်းပြီး ထည့်သုံးကြည့်ပါ။
၄။ Flaticon.com (Icons & Graphics တွေအတွက်) 💡
Video ထဲမှာ အချက်အလက်တွေ ရှင်းပြတဲ့အခါ စာချည်းပဲဆို ပျင်းစရာကောင်းတယ်ဗျ။ အဲ့ခါကျ Flaticon ကနေ ကိုယ့်အကြောင်းအရာနဲ့ လိုက်ဖက်မယ့် Icon လေးတွေ (ဥပမာ - ပိုက်ဆံပုံ၊ နာရီပုံ၊ Idea ပုံ) ကို Free ယူသုံးလိုက်။ ကြည့်ရတဲ့သူအတွက် ရှင်းလင်းပြီး ပို Professional ဆန်သွားစေတယ်ဗျ။
၅။ Colorhunt.co (Color Grading Idea တွေအတွက်) 🎨
ဒါကတော့ တော်တော်များများ သတိမထားမိတဲ့ ဟာပဲဗျ။ ကိုယ့် Video ထဲက Text အရောင်တွေ၊ Background အရောင်တွေကို ရမ်းမရွေးဘဲ Colorhunt က ပြထားတဲ့ Color Palettes လေးတွေအတိုင်း တွဲသုံးကြည့်ပါ။ Old Money Vibe တို့၊ Dark & Cinematic တို့ စသဖြင့် ကိုယ်လိုချင်တဲ့ ခံစားချက်ကို သေသေချာချာ ဖန်တီးလို့ရတယ်ဗျာ။
ဆိုတော့...
ဒီ Content က ကိုယ့်လူတို့အတွက် တကယ် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ရော ဘယ်လို Editing Tips လေးတွေ သိချင်သေးလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ဗျာ။ 🔥
23 968
ဖုန်းတစ်လုံးနဲ့ Video Editing လုပ်ပြီး တစ်လဒေါ်လာ ၁၀၀/၂၀၀ ရနိုင်လား? 🤔
ဖုန်းတစ်လုံးရှိရုံနဲ့ တစ်လ ဒေါ်လာ ၁၀၀ လောက် အပိုဝင်ငွေရှာဖို့ဆိုတာ တကယ်ရနိုင်လား ကိုယ့်လူတို့? PC အကြီးကြီးတွေ မလိုဘူးဗျ။ လက်တွေ့မှာ ဖုန်းတစ်လုံးတည်းနဲ့ အိမ်ကနေ ဝင်ငွေရှာနေတဲ့ မြန်မာ Editor တွေဆို အများကြီးရှိနေပြီ။
အခုခေတ်မှာ အလိုအပ်ဆုံးက TikTok, Reels, Shorts လို Short-form content တွေပဲ။
🔺Myanmar Market: မြန်မာပြည်က Online Shop တွေ၊ Personal Branding တည်ဆောက်နေတဲ့ Content Creator အသစ်တွေက Video Editor တွေ အများကြီး လိုအပ်နေတာပါ။
🔺Fiverr: အင်္ဂလိပ်စာလေးလည်းရမယ်၊ Trend မိမယ်ဆိုရင် Fiverr လို Freelance Platform တွေကနေတစ်ဆင့် နိုင်ငံခြား Client တွေဆီကပါ ဒေါ်လာရှာလို့ရနေပြီဗျ။
🧭 ဆိုတော့... ဘယ်ကနေ စမလဲ? ဒီ Roadmap လေးအတိုင်း စကြည့်ပါဗျ။
၁။ App တစ်ခုခုကို ကျွမ်းကျင်အောင်လုပ်: CapCut ဖြစ်ဖြစ် Alight Motion ဖြစ်ဖြစ် တစ်ခုကို Tools တွေကအစ သေချာကျွမ်းကျင်အောင် အရင်လုပ်။
၂။ High-Retention Editing: ရိုးရိုး ဖြတ်ဆက်လုပ်ရုံနဲ့ မရတော့ဘူးဗျ။ လူတွေ ဆက်ကြည့်ချင်အောင် Hook ဘယ်လိုလုပ်မလဲ၊ Text (စာတန်း) တွေ၊ Sound Effect တွေနဲ့ Keyframe တွေကို ဘယ်လို သေသေသပ်သပ် ထည့်မလဲဆိုတာ အဓိကထား လေ့ကျင့်။
၃။ Portfolio စုပါ: နာမည်ကြီး Video တွေကို ကိုယ့်စတိုင်နဲ့ ပြန် Edit လုပ်ပြီး Client ပြစရာ လက်ရာ (Portfolio) ကြိုစုထား။
၄။ Client ရှာပါ: Facebook Group တွေ၊ TikTok Creator တွေဆီမှာ ကိုယ့်လက်ရာလေးပြပြီး အလုပ်စရှာကြည့်ပါဗျ။
🔥 PC မရှိလို့ဆိုပြီး ဖြစ်ချင်တဲ့အိပ်မက်ကို ရပ်မထားလိုက်ပါနဲ့။ "ဖုန်းလေးနဲ့လည်း ဒီလိုလုပ်လို့ရတာပဲ၊ ငါလည်း ကျွမ်းကျင်အောင်လုပ်မယ်" ဆိုတဲ့ စိတ်လေးမွေးပြီး လုပ်ကြည့်ပါဗျ။
Stay Creative! ✨
@Pyaesone_8989
现已上线!2025 年 Telegram 研究 — 年度关键洞察 
