7 305
订阅者
-324 小时
+67 天
+330 天
帖子存档
7 307
ဟုမ္မလင်းမြို၌ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
၂၁-၁၀-၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို
၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ ဟုမ္မလင်းမြိုရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။
Truth Waves
7 307
Repost from တိုက်ပွဲသတင်းစုံ
+2
20-10-2026 ရခိုင်ပြည်နယ် ငပြီကျွန်း တိုက်ပွဲများအတွင်း တပ်မတော်မှ ရရှိခဲ့သောလက်နက်ခဲယမ်းများ
တိုက်ပွဲသတင်းစုံ
7 307
Repost from ကိုလူပျို
အဆောင်ရှေ့မှာ ထွက်ထိုင်နေသည့် မျိုးမင်းကို နှုတ်ဆက်လိုက်သည်။ မျိုးမင်းက ထိုင်နေရာမှ ဆတ်ခနဲ ထပြီး သတိကို ကပ်နေအောင် ဆွဲသည်။ တပ်ကြပ်ကြီး သောင်းတင်က အေးအေးဆေး ဆေးနေဖို့ ပြောလေမှ သက်သာပြန်ခွဲသည်။ လေ့ကျင့်သား ပြည့်ဝနေသည့် ပြည်သူ့စစ်မှုထမ်း မျိုးမင်း ကို ကြည့်ကာ တပ်ကြပ်ကြီး သောင်းတင် သဘောကျနေမိသည်။ မျိုးမင်း တပ်ရင်းကို ရောက်တာ မကြာသေး။ လူအများနှင့် လိုက်လျောညီထွေ နေတတ်သည်။ ပွင့်ပွင့်လင်းလင်းရှိသည်။
“ဟုတ် မသွားပါဘူး ဆရာကြီး”
“ဘာလို့လဲကွ၊ ရုံးပိတ်ရက်ပဲ သွားပေါ့ လည်ပေါ့ကွာ”
မျိုးမင်းက ဘာမှမပြော။ မျက်နှာ အနည်းငယ် ပျက်သွားသည်ကိုတော့ တပ်ကြပ်ကြီး သောင်းတင် သတိထားမိလိုက်ပါသည်။
“မင်း မျက်နှာလဲ မကောင်းပါလား၊ ဘာအဆင်မပြေတာရှိလို့လဲ၊ အဆင်မပြေတာရှိရင်ပြော နော်”
“ဟို ဟို ပြေပါတယ် ဆရာကြီးရဲ့၊ ကျွန်တော် အမေ့ကို သတိရလို့ပါ၊ သတိရတယ်ဆိုတာ ဒီလိုပါ ဆရာကြီး”
မျိုးမင်းတစ်ယောက် ပြာပြာသလဲဖြစ်သွားရာမှ တည်တည်ငြိမ်ငြိမ်စကားဆိုသည်။ အဓိပ္ပာယ် ပြည့်ဝနေသည့် မျက်ဝန်းတစ်စုံဖြင့် တပ်ကြပ်ကြီးသောင်းတင်ကို ကြည့်သည်။
“ဒီအချိန်ဆိုရင် အမေဟာ သူ့သားသမီးတွေကို မျှော်နေတတ်တယ်၊ အိမ်မှာ ကျွန်တော်က အငယ်ဆုံး၊ အကြီးတွေက သူ့အလုပ်နဲ့ သူဆိုတော့ အိမ်မှာ အမေနဲ့ အမြဲအတူနေတာဆိုလို့ ကျွန်တော်ပဲ ရှိတယ်၊ ဒီတော့ အမေ့အကြောင်း ကျွန်တော်အသိဆုံးပေါ့ဗျာ”
ပြောရင်း မျိုးမင်း အမေ့ကို သတိရလာသည်။ မျိုးမင်းမှာ မောင်နှမ ငါးယောက် ရှိသည်။ မျိုးမင်းက အငယ်ဆုံး။ မျိုးမင်းအထက်မှာက အစ်ကို နှစ်ယောက်နှင့် အစ်မ နှစ်ယောက်။ အကြီးတွေ အားလုံး မြို့တက်ပြီး အလုပ်လုပ်နေကြသည်။ အိမ်မှာ အမြဲနေတာဆိုလို့ အဖေ၊ အမေနှင့် မျိုးမင်းသာ ရှိသည်။ အစ်ကိုကြီး၊ အစ်မကြီးများ၏ လစာဖြင့်ပင် မျိုးမင်းတို့ ချောင်ချောင်လည်လည် နေနိုင်ခဲ့ သည်။ အငယ်ဆုံးဖြစ်သည့် မျိုးမင်းကတော့ အိမ်မှာ လိုတရ ဖြစ်လို့နေပါ၏။ သီတင်းကျွတ်လပြည့် နီးပြီဆိုလျှင် အစ်ကို၊ အစ်မများဆီမှ အထုပ်အပိုးပေါင်းစုံ အိမ်သို့ ရောက်လာလေ့ရှိသည်။ အဖေနှင့် အမေကို လှမ်း၍ ကန်တော့ကြခြင်းဖြစ်သည်။ သည်အချိန်ဆိုလျှင် မျိုးမင်း အပျော်ကြီး ပျော်လို့နေ သည်။ အစ်ကို၊ အစ်မများဆီမှ အထုပ်အပိုးများအပြင် မုန့်ဖိုးများလည်း ရသောကြောင့် ဖြစ်သည်။ အထုပ်အပိုးများကို ကြည့်ပြီး မျက်ရည်ကျနေသည့် အမေ့ကို မြင်တော့ မျိုးမင်း နားမလည်နိုင် ဖြစ်ခဲ့ရ သည်။
“အဲဒီတုန်းက လက်ဆောင်တွေ၊ မုန့်ဖိုးတွေ ရတော့ ကျွန်တော်ကတော့ ပျော်တာပေါ့၊ သားသမီးတွေ သိတတ်တော့ အမေလဲ သိပ်ပျော်နေမှာပဲဆိုပြီး ကျွန်တော် ထင်ထားခဲ့တာ၊ ဒါပေမယ့် အမေဟာ မျက်နှာမကောင်းလှဘူး ဆရာကြီးရဲ့”
မျိုးမင်း စကားအဆုံးမှာ တပ်ကြပ်ကြီး သောင်းတင် စိတ်ဝင်တစားဖြစ်သွားသည်။ သူ့မှာလည်း အမေ ရှိသည်။ အမေ့အိမ် မရောက်ဖြစ်တာ ကြာပြီ။ လူပျိုဘဝတုန်းက လစာလေးနှင့် လစဉ် ကန်တော့ဖြစ်ပေမယ့် အိမ်ထောင်ကျသွားသည့်နောက်မှာတော့ လစဉ် မကန်တော့နိုင်တော့။ အခုလို သီတင်းကျွတ်လိုအခါမျိုး၊ နှစ်သစ်ကူးလိုအခါမျိုးတွင်သာ ဖုန်းဆက်ပြီး ကန်တော့နိုင်ခဲ့သည်။ အခု တော့ဖြင့် အဆင့်မြင့်ကာ Video Call ဖြင့် ကန်တော့နိုင်ခဲ့သည်။ သို့တိုင် အမေသည် ကြာကြာမပြော။ ဆုတောင်းစကားကိုပင် ရှည်ရှည်မပေးနိုင်ဘဲ မခိုင်တော့သည့် မျက်ရည်စများကို သုတ်ကာ ခဏလေး နှင့် ဖုန်းချသွားခဲ့သည်။
“ဆရာကြီး သိလားမသိဘူး၊ အမေဟာ သူ့သားသမီးတွေဆီကနေ ငွေကြေးဓနတွေ၊ လက်ဆောင်ပစ္စည်းတွေကို မမျှော်ကိုးခဲ့ဘူး၊ သူ့သားသမီးတွေ သူ့ဆီပြန်လာတာကိုပဲ မျှော်လင့်တယ် တဲ့၊ အမေဟာ အဲဒီစကားကို ကျွန်တော့်ကိုပဲ ပြောခဲ့တာ၊ အဝေးမှာ ရောက်နေတဲ့ သူ့သားကြီးနဲ့ သမီးကြီးတွေကိုတော့ မပြောခဲ့ဘူး”
တပ်ကြပ်ကြီး သောင်းတင် ရင်ထဲမှာ တစ်မျိုးတစ်မည်ဖြစ်သွားခဲ့ရသည်။ တည်ငြိမ်အောင် အားတင်းလိုက်ပြီးနောက်…
“ဒီတော့ မင်း အိမ်ပြန်ချင်တယ်ပေါ့”
မျိုးမင်းက ခေါင်းရမ်းပြသည်။ မျက်နှာထက်ဝယ်ရှိ အပြုံးကလည်း ပီပြင်လို့နေသည်။
“ကျွန်တော် မပြန်ချင်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးတို့ ကျွန်တော်တို့ ဘဝတွေဆိုတာ ကိုယ့်အိမ်ကို ပြန်ချင်တိုင်း ပြန်လို့ရတာမှ မဟုတ်တာ၊ ဒါကို အမေကလဲ နားလည်ပါတယ်တဲ့”
ပြုံပြုံးလေးဆိုလာသော မျိုးမင်း၏ စကားက တပ်ကြပ်ကြီး သောင်းတင်၏ ရင်ထဲ နွေးခနဲ ဖြစ် သွားစေခဲ့သည်။ နားလည်ပေးသည့် မျိုးမင်း၏ အမေကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်မိရပါ၏။
ကိုလူပျို
(၂၁-၁၀-၂၀၂၆)
7 307
Repost from ကိုလူပျို
နွေးစေတဲ့ အပြုံး
=========
“ကလေးတွေ နေပူတယ်၊ သစ်ပင်ရိပ်မှာ သွားဆော့ကြ”
လိုင်းခန်းရှေ့မှာ ဆော့ကစားနေသည့် ကလေးတွေကို တပ်ကြပ်ကြီးသောင်းတင် လှမ်းအော် လိုက်သည်။ အယ်နီညိုဖြတ်သန်းမှုကြောင့် အပူချိန်က မြင့်တက်လျက်ရှိသည်။ ကလေးတွေက တပ်ကြပ်ကြီးသောင်းတင်၏ စကားကို နားထောင်သည့်သဘော သစ်ပင်ရိပ်ရှိရာဆီ ရွှေ့ပြောင်းကစား နေကြသည်။
သည်ကနေ့ တနင်္ဂနွေနေ့ ဖြစ်သည်။ တပ်ကြပ်ကြီး သောင်းတင်မှာ တာဝန်ကြပ်ကြီး ကျသည် နှင့် အားလျော်စွာ တပ်ရင်းအတွင်း လိုက်လံစစ်ဆေးရသည်။ သက်သာဆိုင် မဖွင့်။ စာကြည့်တိုက် စနစ်တကျ ပိတ်ထားသည်။ ဆံသဆိုင်မှာတော့ စစ်သည် တချို့ ဆံပင်ညှပ်နေလျက်။ ကြက်ခြံဘက်မှ ဆူညံသံများကို ကျော်လွန်ပြီးသည့်နောက် တပ်ကြပ်ကြီး သောင်းတင်၏ ခြေလှမ်းများ စစ်သည် အဆောင်ဘက် ရောက်သည်။
စစ်သည်အဆောင်မှာ တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။ ရုံးပိတ်ရက်ဖြစ်၍ မြို့ထဲဘက် သွားကာ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ဆောင်ရွက်သူ များသည်။ သီတင်းကျွတ်ကာလ အငွေ့ အသက်များက ဈေးကလေးအတွင်းမှာ မွှေးပျံ့နေပြီမဟုတ်လားလေ။
“ဟေ့ မျိုးမင်း ဘယ်မှမသွားဘူးလားကွ”
ဆက်လက်ဖတ်ရှုရန်
7 307
+9
မြန်မာ့ရိုးရာအနုပညာသည် အမျိုးသားယဉ်ကျေးမှုကို ဖော်ပြသည့် တန်ဖိုးရှိသော အမွေအနှစ်ဖြစ်၍ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ခြင်းသည် မျိုးဆက်သစ်တို့၏ တာဝန်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတ ပြောကြား
နေပြည်တော်၊ အောက်တိုဘာ ၂၁
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက မြန်မာ့ရိုးရာအနုပညာသည် အမျိုးသားယဉ်ကျေးမှုကို ဖော်ပြသည့် တန်ဖိုးရှိသော အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အရည်အသွေးပြည့်ဝစွာဖြင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသည်။
7 307
21-10-2026
ရိုးရာအနုပညာကို အခြေခံပြီး ခေတ်နဲ့လျော်ညီတဲ့ ဖန်တီးမှုတွေပြုလုပ်ကြဖို.. ပညာရပ်အရည်အသွေး အစဉ်တစိုက်မြှင့်ဖိုကြဖိုနဲ့ မြန်မာ့အနုပညာရဲ့ ထူးခြားတဲ့ အလှတရားတွေကို မျိုးဆက်သစ်ထံတွေကို လက်ဆက်ကမ်းပေးဖို နိုင်ငံတော်သမ္မတက အလေးအနက်တိုက်တွန်းမှာကြား။၂၀၂၆ခုနှစ် အောက်တိုဘာ ၂၁ရက်နေ့မှာ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြချက် ။ Truth Waves 👇🏼👇🏼👇🏼 Tiktok / Telegram
7 307
ဒဏ်ရာရစစ်သားတဦးကို အကြီးစား ဒရုန်းတစ်စင်း အသုံးပြုကာ လေကြောင်းမှ ကယ်ထုတ်နိုင်ခဲ့
ယူကရိန်းစစ်တပ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တနေရာမှ ဒဏ်ရာရစစ်သားတဦးကို အကြီးစား ဒရုန်းတစ်စင်း အသုံးပြုကာ လေကြောင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကြေညာပြီး ယင်းစစ်ဆင်ရေးကို ကမ္ဘာ့ပထမဆုံးသော ဒဏ်ရာရစစ်သားအား လေကြောင်းဒရုန်းဖြင့် ကယ်ထုတ်မှုအဖြစ် ဖော်ပြထားကြောင်း သိရသည်
Truth Waves
TikTok ၊ Telegram
7 307
၂၀၂၆ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၊ ပြောကြားသောမိန့်ခွန်း
7 307
20-10-2026
ငပြီကျွန်း ၊ရွာမရွာ အနီးပတ်ဝန်းကျင်က AAသူပုန်တွေကို
တပ်မတော်က ချေမှုန်းရှင်းလင်းခဲ့တဲ့ မြင်ကွင်းတွေ။
Truth Waves
7 307
+7
တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခရီးသွားပြည်သူများကို ဆက်ကြေးကောက် အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်။
7 307
၂၀-၁၀-၂၀၂၆
ခိုင်သုခကလည်း မဟုတ်မမှန် လုပ်ဇာတ်တွေပြော..
ငထွန်းသားတွေကလည်း ဘင်တွေကို ယူနီဖောင်းပေးဝတ်၊အသင့်ရေးထားတဲ့စာတွေကို ဖတ်ခိုင်းပြီး လုပ်ကြံဝါဒဖြန့်နေတာ..
အီအီသူပုန်တွေရဲ့ လုပ်ဇာတ်က သိသာလွန်းနေပါတယ်။
Truth Waves
👇🏼👇🏼👇🏼
Tiktok / Telegram
7 307
Repost from N/a
ဦးနှောက်ရှိပြီး အေးချမ်းစွာ နေထိုင်ချင်တယ့် ဒေသခံရခိုင်တိုင်းရင်းသားများရဲ့ ရင်တွင်းမှ စကားသံများ နားထောင်ကြည့်ပါဗျာ။ဘယ်လောက်ဒုက္ခတွေဝေနေကြလဲဆိုတာ။
7 307
20-10-2026
ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ပြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာကိုကိုလွင်တို့ နှစ်ဦး အောက်တိုဘာ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခဲ့ခြင်း ဖြစ်ပါတယ်။
Truth Waves
7 307
Repost from အောင်နိုင်သူ(ဇွဲကပင်)
ချောင်ပိတ်နေတဲ့AAကိုအပြီးသိပ်နေပြီ
ဒီနေ့တော့ ကုလားတန်မြစ်ဝ
ငပြီကျွန်းမှာ ချောင်ပိတ်မိနေတဲ့
AA တွေကို အပြီးသိပ်နေပြီ။
ငပိကျွန်းမှာ သွေးရူးသွေးတန်း
ဖြစ်ပြီး ပြေးစရာမြေ မရှိတဲ့ AA အဖွဲ့
တွေ ကို ညိုထွန်းအောင် က တော့
မူးယစ်ဆေးဝါး ကျွေးပြီး အသေခံ
ခုခံ ခိုင်းနေပါတယ်။
သေမထူး နေမထူး AA အရူးတွေ
ကတော့ ကျွန်းထဲ က နွံထဲမှာလူးရင်း
နဲ့ အသက်တွေပျောက်နေသလို
AA အလောင်းတွေ ကလည်း
တောင်ပုံ ယာပုံ ထပ်နေပါသတဲ့။
ရွှေဘတို့ကတော့ ထုံးစံ အတိုင်းပဲ၊
ငပြီ ကျွန်းမှာ အောင်ပွဲ ဆက်နေတယ်။
AA အလောင်း တွေနဲ့ သေနတ်တွေ
ရွှေဘ တို့ အများကြီးရထားပြီးပြီ မို့
အောင်မြေတွေချဲ့ရင်းနဲ့ အောင်ပွဲတွေ
ခံနေတယ်။
မကြာမီ ငပြီကျွန်း တစ်ကျွန်းလုံးသိမ်း
ပြီးတဲ့ အကြောင်း သတင်းထုတ်ပြန်လာ
ပါလိမ့်မယ်။
မကြာမီ သတင်းကောင်းမျှော်ပါ။
မင်းသုန္ဒရ
7 307
Repost from ကိုလူပျို
စိတ်ထောင်ချောက် ( ၁၉ )
================
ဆောင်းမနက်ခင်းက အေးမြမြ ရှိလှသည်။ မနှစ်ကထက်တော့ အအေးပေါ့သည်ဟု မမြနှင်း ခံစားရသည်။ လင်းကြက်သည် ဟိုမှ ဒီမှ အဆက်မပြတ် အော်နေလျက်ရှိသည်။ မမြနှင်း ထမင်းအိုးကို အရင် တည်သည်။ သမီးငယ်ကို ဒီနေ့မနက်ခင်း မီးဖိုခန်းမှ အနားပေးထားသည်။ မနေ့တုန်းက အလုပ်က ပြန်လာတာ နောက်ကျသည်မဟုတ်လားလေ။ ထမင်းအိုးတည်ရင်း လက်နှစ်ဖက်ကို မီးဖို ဘေးမှာ ဖြန့်ထားလိုက်သည်။ ရေအေးအေးနှင့် ထိတွေ့ထားသည့် လက်အစုံတို့ မီးအပူကြောင့် နေသာထိုင်သာ ရှိသွားသည်။
“အမေ… အမေ…”
လှေကားခြေရင်းမှ ခေါ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသည့် ဆောင်း မနက်ခင်းမှာ ပီပီပြင်ပြင်ရှိလှသည်။ မမြနှင်း မျက်လုံးပြူးသွားသည်။ ကြက်သီးများလည်း ထသွား သည်။ ဒီအသံကို မမြနှင်း မကြားရတာ ကြာခဲ့ပြီ။ ကြာဆို မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့ပြီ။
“အမေရေ… အမေ…”
ခေါ်သံက အဆက်မပြတ်ထွက်ပေါ်နေဆဲ။ မမြနှင်း ထိုင်ရာမှ ထသည်။
“ဘယ်သူလဲ…”
ဆက်လက်ဖတ်ရှုရန်
7 307
20-10-2026
ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ပြီးဖြစ်တဲ့
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာကိုကိုလွင်တို့ နှစ်ဦး
ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခဲ့တာ ဖြစ်ပါတယ်။
Truth Waves
👇🏼👇🏼👇🏼
Tiktok
7 307
+3
အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး ဖို့ဖရာ့ဒေသမှာ ထိုင်းရဲတပ်ဖွဲ့က အခန်း ၁၀ ခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား အကြမ်းဖက် PDF ၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီး
7 307
+3
သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ အောက်တိုဘာ ၁၉
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်စုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
7 307
Repost from KO CHIT (MDY)
+4
မကွေး - ရခိုင် အစပ်မှာ ရရှိထားသော လက်နက်ခဲယမ်းများ
💪💪💪
🇲🇲🇲🇲🇲🇲
သတင်းတွေဖတ်ရန်
Ko chit- MDY
https://t.me/ckkmdy969
7 307
Repost from တိုက်ပွဲသတင်းစုံ
+1
AA ထောက်ပို့စခန်း လေကြောင်းဖြင့် ရှင်းလင်းခံရ
အောက်တိုဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝနှင့် ကန်ပက်လက်မြို့နယ်အနီးရှိ အကြမ်းဖက် AA အဖွဲ့များစုဖွဲ့နေတဲ့ ထောက်ပို့စခန်း ကုန်တင်ကုန်ချနေရာအား လေကြောင်းမှ ရှင်းလင်းခဲ့သဖြင့် အကြမ်းဖက်သူပုန်များနှင့် အကြမ်းဖက်အားပေးအချို့ ထိခိုက်သေဆုံးသွားကြကြောင်း သိရှိရသည်။
-
အကြမ်းဖက်မှန်သမျှ အမြစ်ပြတ်ရှင်းလင်းပစ်ရမယ်လို့ ပြည်သူတွေက တောင်းဆိုလျက်ရှိ။
တိုက်ပွဲသတင်းစုံ
