ch
Feedback
𝙄𝙣𝙩𝙚𝙡𝙡𝙚𝙘𝙩𝙪𝙖𝙡 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

𝙄𝙣𝙩𝙚𝙡𝙡𝙚𝙘𝙩𝙪𝙖𝙡 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

前往频道在 Telegram

𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

显示更多
4 453
订阅者
-524 小时
-277
-5530
帖子存档
အောင်မြင်လိုသူသည် ကံဟူသော စကားကိုဖျောက်၍  အလုပ်ဟူသော စကားကို သုံးရမည်၊၊ #Kyaw_Khaing_Oo

ပညာ ဟူသည် မြတ်ရွှေအိုး၊ ဝတ္ထု ဟူသည် မျက်လှည့်မျိုး၊၊ #Kyaw_Khaing_Oo

ရပိုင်ခွင့်နဲ့ ပေးရန်တာဝန် တစ်ခါတစ်လေ လူတွေဟာ သူတို့အိတ်ထဲက ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်း မသိကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ "ရပိုင်ခွင့်" နဲ့ "ပေးရန်တာဝန်" ကို မခွဲတတ်လို့ပါ။ ရပိုင်ခွင့်ဆိုတာ မင်းအိပ်နေရင်တောင် ငွေရှာပေးတဲ့အရာ။ ဥပမာ – ငှားထားတဲ့အိမ်၊ စတော့ရှယ်ယာ၊ ကိုယ်ပိုင်စီးပွားရေး။ ဒါတွေက မင်းအတွက် အလုပ်လုပ်တယ်။ မင်း မလှုပ်ရှားဘဲနေရင်တောင် သူတို့ ငွေရှာပေးနေတယ်။ ပေးရန်တာဝန်ဆိုတာ မင်းအလုပ်လုပ်နေရင်တောင် ငွေကုန်စေတဲ့အရာ။ ဥပမာ – ကိုယ်စီးတဲ့ကား၊ ကိုယ်နေတဲ့အိမ်၊ ခရက်ဒစ်ကတ်ကြွေး။ ဒါတွေက မင်းကို အလုပ်လုပ်စေတယ်။ မင်း မောပန်းနေရင်တောင် သူတို့အတွက် ငွေရှာနေရတယ်။ ချမ်းသာသူတွေက ရပိုင်ခွင့်တွေ ဝယ်တယ်။ သူတို့ရဲ့ပိုက်ဆံက သူတို့အတွက် အလုပ်လုပ်တယ်။ သာမန်လူတွေက ပေးရန်တာဝန်တွေ ဝယ်တယ်။ သူတို့က ပိုက်ဆံအတွက် အလုပ်လုပ်နေရတယ်။ ဒါကြောင့် မင်း ဒီနှစ်ခုကို ခွဲတတ်ဖို့ လိုတယ်။ မင်းရဲ့အိတ်ထဲက ငွေတွေ ဘယ်ကိုသွားနေလဲဆိုတာ သိဖို့လိုတယ်။ ပြီးရင် ရပိုင်ခွင့်တွေ စတည်ဆောက်ပါ။ သေးသေးလေးကနေ စပါ။ Skill တစ်ခု သင်ယူပါ။ Online Business တစ်ခု စလုပ်ပါ။ အဲဒီအခါ မင်းဟာ “ပိုက်ဆံအတွက် အလုပ်လုပ်တဲ့လူ” ကနေ “ငွေကို မင်းအတွက် အလုပ်လုပ်ခိုင်းတဲ့လူ” ဖြစ်လာလိမ့်မယ်။ ဒါက ချမ်းသာခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ #Kayron #Money_Mindset

မျက်ရည်သုတ်ပေးမယ့်သူ ရှိကောင်းရှိနိုင်ပါတယ်။ မငိုအောင်တော့ ဘယ်သူမှ လုပ်မပေးနိုင်ဘူး ။  မောင်လှမျိုး (ချင်းချောင်းခြံ)

စိတ်ကူးဖြင့် ပုံဖော်ခြင်း၏ အံ့ဖွယ်စွမ်းအား (The Science of Visualization) =================================================================== "မြင်ယောင်ခြင်း" (Visualization) ဆိုသည်မှာ သာမန်စိတ်ကူးယဉ်မှုသက်သက် သို့မဟုတ် အိပ်မက်လှလှမက်ခြင်း မဟုတ်ပါ။ အာရုံကြောသိပ္ပံ (Neuroscience) နှင့် စိတ်ပညာအရ လူ့ဦးနှောက်၏ စွမ်းဆောင်ရည်ကို အမြင့်မားဆုံးအထိ တွန်းတင်ပေးနိုင်သည့် သိပ္ပံနည်းကျ အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပါသည်။ ဤအယူအဆကို သက်သေပြခဲ့သည့် ကမ္ဘာကျော် ဖြစ်ရပ်မှန်တစ်ခု ရှိခဲ့ဖူးသည်။ ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်စစ်ဗိုလ်ကြီး မေဂျာ ဂျိမ်းစ် နက်စမက်သ် (Major James Nesmeth) သည် မြောက်ဗီယက်နမ်၏ အမှောင်ထောင်ခန်းကျဉ်းလေးထဲတွင် (၇) နှစ်နီးပါး ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ အရပ် ၅ ပေပတ်လည်သာရှိပြီး လှုပ်ရှားရန်ပင် ခဲယဉ်းလှသော ထိုမျှော်လင့်ချက်မဲ့ အခြေအနေတွင် စိတ်မရူးသွပ်သွားစေရန် သူအမြတ်နိုးဆုံးဖြစ်သည့် "ဂေါက်သီးရိုက်ခြင်း" ကို နေ့တိုင်း မျက်လုံးမှိတ်၍ စိတ်ကူးထဲတွင် လေ့ကျင့်ခဲ့သည်။ သူသည် (၇) နှစ်နီးပါးပတ်လုံး တစ်ရက်လျှင် (၄) နာရီခန့် စိတ်ကူးထဲတွင် ဂေါက်ရိုက်ခဲ့သည်။ သာမန်မျှရိုက်ခြင်းမဟုတ်ဘဲ မြက်ခင်း၏ အစိမ်းရောင်၊ လေတိုက်ခတ်ပုံ၊ ဂေါက်တံကို ကိုင်ထားသည့် လက်ဖဝါး၏ ခံစားချက်နှင့် ဘောလုံးလေး ကျင်းထဲလှိမ့်ဝင်သွားပုံအထိ အာရုံငါးပါးလုံး သုံး၍ အသေးစိတ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ထောင်မှလွတ်လာချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ပိန်ချုံးအားနည်းနေသော်လည်း ဂေါက်ကွင်းသို့ သွားရောက်ရိုက်ကူးရာ ပထမဆုံးပွဲတွင်ပင် သူထောင်မကျခင်ကထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်သော ကမ္ဘာ့အဆင့်မီ ရမှတ်ကို ရရှိခဲ့သည်။ ခန္ဓာကိုယ်နှင့် လုံးဝမလေ့ကျင့်ရဘဲ စိတ်ကူးသက်သက်ဖြင့်သာ ရရှိလာသည့် အံ့ဖွယ်ရလဒ် ဖြစ်သည်။ စစ်မှန်သော Visualization နှင့် စိတ်ကူးယဉ်ခြင်း (Fantasy) သည် မတူညီပါ။ ရိုးရိုးစိတ်ကူးယဉ်ခြင်းသည် "ငါတော့ အောင်မြင်သွားပြီ" ဆိုသည့် ရလဒ်တစ်ခုတည်းကိုသာ လွင့်မျောတွေးတောခြင်း ဖြစ်ပြီး၊ စစ်မှန်သော မြင်ယောင်ခြင်းမှာမူ အောင်မြင်မှုဆီသို့ သွားမည့် "လုပ်ငန်းစဉ် (Process)" တစ်ခုလုံးကို တကယ့်လက်တွေ့ကဲ့သို့ အသေးစိတ် ပုံဖော်လေ့ကျင့်ခြင်း ဖြစ်သည်။ အာရုံကြောသိပ္ပံအရ ကျွန်ုပ်တို့၏ ဦးနှောက်သည် "တကယ်လက်တွေ့လုပ်နေခြင်း" နှင့် "စိတ်ထဲတွင် အသေးစိတ် တိတိကျကျ မြင်ယောင်နေခြင်း" ကို ခွဲခြားမသိပါ။ စိတ်ထဲတွင် အကြိမ်ကြိမ် အစွမ်းကုန်လေ့ကျင့်ထားသည့် အရာတစ်ခုသည် လက်တွေ့ကမ္ဘာထဲသို့ ရောက်ရှိလာသည့်အခါ သင့်အတွက် အဆန်းတကြယ် မဟုတ်တော့ဘဲ ပိုမိုရဲဝံ့စွာနှင့် သဘာဝအတိုင်း အောင်မြင်သွားစေမည် ဖြစ်သည်။ "မမြင်ဖူးလျှင် မလုပ်နိုင်" ဆိုသည့် စကားအတိုင်း၊ သင့်ဘဝ၏ အောင်မြင်မှုကို လက်တွေ့မလုပ်ဆောင်မီ သင့်စိတ်အစဉ်ထဲတွင် အရင်ဆုံး ပုံဖော်ထုဆစ်ကြည့်ပါ။ #Kyaw_Khaing_Oo

🔊 First Expression ဆိုတာ 📣 လူနှစ်ယောက် ပထမဆုံး တွေ့တယ့်ချိန် (ဒါမှမဟုတ်) လူအများနဲ့ ပထမဆုံး တွေ့တယ့်အချိန် အစောဆုံး အချိန်က ကိုယ်ဘယ်လိုလူမျိုးလည်းဆိုတာကို ဆုံးဖြတ်ပေးတယ့်အချိန်ပဲ။
Cᴏɴᴛᴀᴄᴛ - @MILAXNOVIUS Ⓜ️ Cᴏɴᴛᴇɴᴛ - @THEICONICROU 🛄
- ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံ။ - အဝတ်အစား သန့်ရှင်းပုံ။ - ဆံပင် သပ်ရပ်သန့်ရှင်းပုံ။ - ကိုယ်ဟန်အမူအရာ ကောင်းပုံ။ - ဖော်ရွေပုံ နဲ့ ယုံကြည်မှုရှိပုံ။ ဒါတွေအားလုံးကနေ First Expression ကို တစ်ခြားသူတွေက ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုလူမျိူးဖြစ်ကြောင်း ကို ဆုံးဖြတ် ယုံကြည်ကြတယ်။ ကိုယ်ကအဲ့လိုမဟုတ်ဘဲ - အဝတ်အစားတွေကညစ်ပတ်နေမယ်။ - ဆံပင်တွေကရှုပ်ပွနေမယ်။ - သွားကလည်းမတိုက်ထားဘူး။ - ခန္ဓာကိုယ်က နံနေမယ်။ - ကိုယ်ဟန်အနေအထားကလည်း ကိုင်းမှိုင်းနေမယ်။ - ပြီးရင် Sigma Male လိုလို ‌စကားတစ်ခွန်းမှ မပြောဘဲ ရုပ်က အီးမှိုင်နေသလို တည်တည်ကြီးဆိုရင်တော့ စိတ်မပူနဲ့ ဘယ်သူမှ မင်းကိုလာမရောဘူး၊ကြာလာရင် မကြိုက်ဘူး။ အရင်ကတည်းက လူသားတွေနဲ့ပေါင်းသင်းဆက်ဆံရတယ့် လူသားတွေဖြစ်လို့ အရေးကြီးဆုံးက Communication Skill ပဲ၊ Social Media ကနေအယူအမှားတွေ ကြည့်ပြီး ငကြောင်လို အလွဲအမှား မနေပါနဲ့။ အရမ်းကြီး ငပေါပုံစံမပေါက်အောင်ပဲ ဂရုစိုက်ပါ။ ပြီးတော့ ဖော်ရွေပါ။ ကြင်နာပါ။ နှိမ့်ချပါ။ လူသားဆန်စွာနေထိုင်လိုက်ပါ။ °•°•----------•°•°
- သဘောကျရင် '❤️' လေးနဲ့ Support ပေးခဲ့လို့ရပါတယ်။ - သိချင်ဝာာလည်း '💬' Section မှာတောင်းဆိုခဲ့လို့ရပါတယ်။ #Rᴏᴜᴍᴀᴠᴇ | #MɪʟᴀXNᴏᴠɪᴜs 

ကိုယ်က ငပိန်းတွေနဲ့ဝန်းရံထားရင် ကိုယ့်ကိုကိုယ် တော်လှပြီထင်နေမယ်။ ကိုယ်က တော်တဲ့သူတွေနားနေရင် ငါအများကြီး ကြိုးစားရအုံးမယ်သိမယ်။ ငပိန်းတွေကြားထဲမှာ စိတ်ကြီးဝင်လာရင် တော်တဲ့သူတွေနဲ့ ခဏတွေ့ကြည့်။ -Phyo Paing #khine #Admin

ဂုဏ်ယူပါတယ်! လူကြီးမင်းဟာ 2026 ရဲ့ ၅ လတာကို ဘာမှမလုပ်ပဲ အလေလိုက်ခြင်းဖြင့် အောင်မြင်စွာ ကုန်ဆုံးနိုင်ခဲ့ပါပြီ၊၊ #Ascend_Society

🔊 Locked In 📣 Locked In ဆိုတာ ကိုယ့်ရဲ့ Potential တွေကိုမြှင့်တင်ပေးတယ့် ဖြစ်စဉ်တွေကို အာရုံစိုက်ထားခြင်း။ Control ထဲမှာ Zone ထဲမှာရှိနေခြင်း။ Skill, Mentally,Physically ကိုအကောင်းဆုံးForm ဖြစ်လာအောင် လေ့ကျင့်ဖို့နေရာဖြစ်ပါတယ်။
Cᴏɴᴛᴀᴄᴛ - @MILAXNOVIUS Ⓜ️ Cᴏɴᴛᴇɴᴛ - @THEICONICROU 🛄
တစ်ခြားသောစွဲလမ်းမက်မောစရာတွေကို မေ့ပျောက်ပြီး AreaBox လေးတစ်ခုထဲမှာ ရုန်းကန်ကြိူးစားနေခြင်း၊ အနှောင့်အယှက်တွေကို ဖယ်ထားပြီး လုပ်သင့်တာကို လုပ်ခြင်း၊ မရ ရအောင် ကြိုးစားခြင်း၊ နယ်ပယ်တစ်ခုခုမှာတော်လာအောင် စိတ်က တွန်းအားပေးတယ့်အခါမျိုးမှာ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ စာရင်းဇယားနဲ့ စနစ်တကျပြုမှုလုပ်ကိုင်ဆောင်ရွက် နေတာကြောင့် Locked In ဝင်ရင်းတစ်ချို့က ပိုပြီတော်လာကြတယ်။ မလိုလားအပ်တယ့် Toxic Society တွေကိုဘေးဖယ်ထားတယ်၊ မကောင်းတယ့် Relationship တွေကိုဘေးဖယ်ထားတယ် ၊ လုပ်ချင်တာတွေကို ဖယ်ထားပြီး လုပ်သင့်တာကို လုပ်တယ့်Zone ၊ Comfort Zone ကနေထွက်လာပြီး ကြိုးစားတယ့် Zone 10 Days တောင် Locked In ဝင်ဖို့ခက်ပါတယ်၊ သေချာလေ့ကျင့်ကတယ့် မလွယ်ကူတယ့် အလေ့အကျင့်တွေမွေးမယ်၊အကျင့်ဆိုးတွေဖျောက်မယ်၊Challengeတွေအနိုင်ယူမယ်။ 1 Month & 1 Month ကြား 1% တိုးတက်နေအောင်ပဲဖြစ်ဖြစ်၊ 100% တိုးတက်နေအောင်ပဲဖြစ်ဖြစ် LOCKED IN ဝင်ပါ။ °•°•----------•°•°
- သဘောကျရင် '❤️' လေးနဲ့ Support ပေးခဲ့လို့ရပါတယ်။ - သိချင်ဝာာလည်း '💬' Section မှာတောင်းဆိုခဲ့လို့ရပါတယ်။ #Rᴏᴜᴍᴀᴠᴇ | #MɪʟᴀXNᴏᴠɪᴜs


ဘဝကို စီမံဖို့ တစ်နေ့တာကို စီမံနိုင်ဖို့လိုတယ်။​ ဒါမှ တစ်ပတ်ကို စီမံနိုင်မယ်။ ဒီလိုနဲ့ တစ်လ၊ တစ်နှစ်စီမံနိုင်မယ်။​ ကိုယ့်ကိုကိုယ်တောင်မစီမံနိုင်တဲ့သူကို မန်နေဂျာခန့်ရင် ငါးပါးမှောက်သွားမယ်။ တချို့က သံသရာအတွက် စဉ်းစားနိုင်တယ်။​ တချို့က တစ်ဘဝအတွက် စဉ်းစားနိုင်တယ်။​ တစ်ချို့က ဆယ်နှစ်စာ စဉ်းစားနိုင်တယ်။​ တစ်ချို့က တစ်နှစ်စာ။ တစ်ချို့က တစ်လ။​ တချို့က တစ်ပတ်။ တစ်ချို့က တစ်ရက်။ တစ်ချို့က ဘဝအတွက် စီမံခန့်ခွဲရမယ်ဆိုတာကို မသိဘူး။​ ဘဝကို စံမီဖို့က စီမံဖို့လိုတာ အမှန်ပါပဲ။​ - Phyo Paing #khine #intellectualknowledge

တစ်ယောက်ကတစ်ယောက်ကို ချစ်နေတာမျိုးကို မေတ္တာရှိတယ်လို့ခေါ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်နေတာမျိုးကိုတော့ မေတ္တာမျှနေတာလို့ခေါ်
တစ်ယောက်ကတစ်ယောက်ကို ချစ်နေတာမျိုးကို မေတ္တာရှိတယ်လို့ခေါ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်နေတာမျိုးကိုတော့ မေတ္တာမျှနေတာလို့ခေါ်ပါတယ်တဲ့..။ # ရိုးတံ

Repost from Ascend Society
ကဲကဲကဲ... ကျောင်းလည်း ဖွင့်တော့မှာဆိုတော့ ပြောပြစရာလေးတစ်ခု ရှိလို့ပါ။ ဘာလဲဆိုတော့... ဒီနှစ်မှာ အချိန်နည်းနည်းနဲ့ အေးအေးဆေးဆေး စာလုပ်ပြီး A+ ရချင်လား။ Top 1 ဖြစ်ဖို့ စိတ်ကူးထားလား။ အများစုက ကျောင်းဖွင့်ပြီဆိုတာနဲ့ “ဒီနှစ်တော့ ကြိုးစားမယ်” လို့ ဆုံးဖြတ်ကြတယ်။ စာအုပ်စာရွက်အသစ်တွေ ဝယ်ကြတယ်။ ကျူရှင်တွေ အများကြီး တက်ကြတယ်။ ဒါပေမဲ့ တစ်လကြာတော့ အလေ့အကျင့်အတိုင်း ပြန်ဖြစ်ကုန်တယ်။ စာအုပ်စာရွက်တွေ ဖုန်တက်ကုန်တယ်။ ကျူရှင်ကလည်း ပျင်းလာတယ်။ အိမ်စာတွေလည်း ပုံနေပြီ။ ဘာလို့လဲဆိုတော့ နည်းလမ်းမှန်း မသိလို့ပဲ။ ဒါကြောင့် ဒီ PDF လေးကို ပြင်ဆင်ထားတယ်။ သိပ္ပံနည်းကျ သက်သေပြထားတဲ့ နည်းစနစ် (၃၀) ခု။ ကျောင်းသား/သူတွေအတွက် သီးသန့် ပြုစုထားတာ။ ဒီနည်းစနစ်တွေက မင်းကို သင်ပေးမယ်။ ✓ အချိန်နည်းနည်းနဲ့ အမှတ်အများဆုံး ရနည်း (80/20 Rule) ✓ အလွတ်မကျက်ဘဲ တစ်သက်လုံးမှတ်မိနေမယ့် သင်ယူနည်း (Feynman Technique) ✓ ပျင်းရိခြင်းကို ၅ စက္ကန့်အတွင်း ဖြတ်ကျော်နည်း (5-Second Rule) ✓ အိပ်ရေးဝဝအိပ်ရင်း ဦးနှောက်ကို အားသွင်းနည်း (Spaced Repetition) ✓ အာရုံစူးစိုက်မှုကို ၂၅ မိနစ်အတွင်း အဆများစွာ တိုးတက်စေမယ့် နည်း (Pomodoro) ✓ ပြီးတော့ နောက်ထပ် နည်းစနစ် (၂၄) ခု ဒီနည်းစနစ်တွေက ကမ္ဘာ့အကောင်းဆုံး ကျောင်းသားတွေ၊ အောင်မြင်သူတွေ အသုံးပြုနေတဲ့ နည်းလမ်းတွေပါ၊၊ ဒီ PDF လေးကိုစိတ်ဝင်စားပါက 📌 အသေးစိတ်ကို Chat Box မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်။ Contact :@Liam_Shine #Liam_Shine #Ascend_Society

Repost from N/a
"သင်ယူခြင်းမှာ အဆင့်အတန်း ခွဲခြားမှု မရှိရပါဘူး" ​ပညာရပ်ဆိုတာ ကြွယ်ဝချမ်းသာသူတွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာမဟုတ်ဘဲ၊ လေ့လာချင်စိတ် ပြင်းပြတဲ့ ဘယ်သူမဆို တန်းတူညီမျှ ရပိုင်ခွင့်ရှိတဲ့ သဘာဝတရား ဖြစ်ပါတယ်။ #Kyaw_Khaing_Oo