ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
7 742
订阅者
-624 小时
-317 天
-12630 天
帖子存档
ကြက်ဥတစ်လုံး ၆၀၀၊ ဘတ်စ်ကားခ ၁၂၀၀ နှင့် တစ်နေ့ လုပ်အားခ ၇၈၀၀ ကြားက အခြေခံလူတန်းစားတို့ အကျပ်အတည်း ဖြိုးဝေ ၁၅. ၈. ၂၀၂၆ ​မြို့ပြ
ကြက်ဥတစ်လုံး ၆၀၀၊ ဘတ်စ်ကားခ ၁၂၀၀ နှင့် တစ်နေ့ လုပ်အားခ ၇၈၀၀ ကြားက အခြေခံလူတန်းစားတို့ အကျပ်အတည်း   ဖြိုးဝေ ၁၅. ၈. ၂၀၂၆   ​မြို့ပြ သယ်ယူပို့ဆောင်ရေး (Public Transit) ဆိုသည်မှာ မည်သည့် သာမန် စီးပွားရေးလုပ်ငန်းနှင့်မျှ မတူပေ။ စီးပွားရေး အမြတ်အစွန်းထက် မြို့ပြ၏ အသက်သွေးကြောသဖွယ် လူမှုစီးပွား လည်ပတ်နိုင်ရေးနှင့် အခြေခံလူထု သွားလာရေးကို အာမခံပေးရသည့် "အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု" (Public Service) သာ ဖြစ်သည်။ သို့သော် ယနေ့ ရန်ကုန်မြို့၏ မြေပြင်တွင်မူ ကုန်ဈေးနှုန်းနှင့် အထွေထွေ စရိတ်စကများ မြင့်တက်လာမှု၏ အကျိုးဆက်ကို ခရီးသွားပြည်သူ အခြေခံလူထု၏ အိတ်ကပ်ထဲမှ တိုက်ရိုက် ခုနှိမ်ဖြေရှင်းသည့် အခြေအနေသို့ ဦးတည်လာနေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်လာရသည်။   ​ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ဩဂုတ် ၁၄ ရက် သတင်းစာရှင်းလင်းထုတ်ပြန်ချက်အရ လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ YBS ယာဉ်စီးခများကို မူလထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကာ တစ်ခေါက်လျှင် ၆၀၀ ကျပ် သတ်မှတ်မည်ဟု သိရှိရသည်။ အဆိုပါ ယာဉ်စီးခ တိုးမြှင့်ပေးရန် တောင်းဆိုမှုမှာ ပုဂ္ဂလိက ယာဉ်လိုင်းများနှင့် ယာဉ်ပိုင်ရှင်ငယ်များထံမှ မဟုတ်ဘဲ အစိုးရ ရှယ်ယာပါဝင်သည့် ကုမ္ပဏီကြီးနှစ်ခုထံမှ စတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည့်အတွက် စနစ်၏ လည်ပတ်ပုံနှင့် စီမံခန့်ခွဲမှု အခြေအနေများအပေါ် ပိုမို လေးနက်စွာ သုံးသပ်ရန် လိုအပ်လာမည်ဖြစ်သည်။     ​ ◾️ အခြေခံ ဝင်ငွေနှင့် ခရီးစရိတ် အချိုးအစား မညီမျှမှု   ​လက်ရှိ ရန်ကုန်မြို့ပေါ်တွင် အစိုးရဝန်ထမ်းတစ်ဦး သို့မဟုတ် အခြေခံ အလုပ်သမားတစ်ဦး၏ တရားဝင် သတ်မှတ် အခြေခံလစာမှာ တစ်ရက်လျှင် ၇,၈၀၀ ကျပ်မျှသာ ရှိနေသည်။ တစ်လလုံး ပုံမှန် ပိတ်ရက်မရှိ လုပ်ကိုင်ပါမှ လစဉ်ဝင်ငွေ ကျပ်နှစ်သိန်းကျော်သာ လက်ဝယ် ရရှိနိုင်သည့် အခြေအနေ ဖြစ်သည်။   ​ယာဉ်စီးခ အဆင့်ဆင့် ပြောင်းလဲလာမှုကို ကြည့်လျှင် ၂၀၂၁ ခုနှစ်အထိ တစ်ခေါက်လျှင် ၂၀၀ ကျပ်မှ ၂၀၂၂ ခုနှစ်တွင် တစ်ခေါက်လျှင် ၃၀၀ ကျပ်အထိ မြင့်တက်ခဲ့သလို ​၂၀၂၄ ခုနှစ် ဇန်နဝါရီတွင်လည်း ၄၀၀ ကျပ်သို့ ခုန်တက်ရာ မြေပြင်တွင် ငွေစက္ကူ ရှားပါးမှုကြောင့် ခရီးသည်များမှာ ၅၀၀ ကျပ် ပေးစီးခဲ့ရသည့်အပြင် YPS ကတ်များကလည်း တမင် စက်ပိတ်ထားခြင်းများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည်။ ထိုသို့သော ဆက်တိုက်ဝန်ပိမှုများအကြား ​လာမည့် စက်တင်ဘာတွင်ပါ ခရီးစဉ် တစ်ခေါက်လျှင် ၆၀၀ ကျပ်အထိ ၅၀ ရာခိုင်နှုန်း ထပ်မံ ခုန်တက်လာဦးမည်ဖြစ်သည်။   ​ဤနှုန်းထားအရ လိုင်းကားတစ်ကြောင်းတည်း စီးရသူအတွက် တစ်ရက်လျှင် အသွားအပြန် ၁,၂၀၀ ကျပ်၊ တစ်လလျှင် ၃၆,၀၀၀ ကျပ် ခန့် ကုန်ကျမည် ဖြစ်သော်လည်း လုပ်ငန်းခွင်သို့ လိုင်းကား နှစ်ကြောင်း ပြောင်းစီးရသူများအတွက်မူ တစ်ရက်လျှင် ၂,၄၀၀ ကျပ်၊ တစ်လလျှင် ၇၂,၀၀၀ ကျပ် အထိ သွားလာစရိတ် သက်သက် ကုန်ကျမည် ဖြစ်သည်။   ​လစဉ် ဝင်ငွေ ကျပ်နှစ်သိန်းကျော်မျှသာ ရရှိသော ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကျော်ကို သွားလာစရိတ် တစ်ခုတည်း၌ သုံးစွဲရခြင်းသည် ကျန်ရှိသည့် အကြွင်းအကျန် ငွေကြေးဖြင့် စားဝတ်နေရေး၊ အိမ်ငှားခနှင့် ဆေးဝါးစရိတ်များကို လုံးဝ လုံလောက်အောင် သုံးစွဲနိုင်မည် မဟုတ်ဘဲ အခြေခံလူတန်းစားများ၏ လူမှုဘဝကို အလွန်တရာ ကျဉ်းကြပ်သွားစေမည်မှာ ငြင်းဆို၍ မရနိုင်ပေ။   ​ ◾️ မြေပြင် ကိန်းဂဏန်းများက ပြသနေသော YBS ဝင်ငွေ   ​ယာဉ်လိုင်းများဘက်မှ ကားအပိုပစ္စည်း၊ တာယာနှင့် အင်ဂျင်ဝိုင် ဈေးနှုန်းများ တက်နေသည်ဆိုသည့် အချက်ကို စာနားလည်နိုင်သော်လည်း၊ မြို့ပြခရီးသွားဦးရေနှင့် ရရှိနိုင်သော စုစုပေါင်း ဝင်ငွေအပေါ် ကိန်းဂဏန်း အချက်အလက်များဖြင့် ချိန်ထိုးကြည့်ရန် လိုအပ်နေသည်။   ​ရန်ကုန်မြို့တွင် နေ့စဉ် YBS စီးနင်းသူ ခရီးသည် ပျှမ်းမျှ ၁ ဒသမ ၈ သန်း ခန့် ရှိသည်။ ​ပြေးဆွဲနေသည့် YBS အစီးရေမှာ ၃,၃၀၀ စီး ခန့်သာ ရှိနေပြီး အလုပ်ဆင်းအလုပ်တက်ချိန်များတွင် ကျပ်တည်းစွာ စီးနေရသည်။   ထိုသို့သော အခြေအနေတွင် ​ခရီးသွားပြည်သူပမာဏအပေါ်  YBS အစီး ၃၃၀၀ က အခြေခံရနိုင်သည့် နေ့စဉ် ရရှိနိုင်သော စုစုပေါင်း ဝင်ငွေများမှာ လက်ရှိ တစ်ခေါက် ၄၀၀ နှုန်းဆိုပါက ​အသွားအပြန် ၈၀၀ ကျပ်ဖြင့်ပင် ၁ ရက်လျှင် ၁ ဒသမ ၄၄ ဘီလီယံ ကျပ်၊ ​အသွားအပြန် ၁,၀၀၀ ကျပ် (တစ်ခေါက် ၅၀၀ နှုန်း) ဆိုပါက ၁ ရက်လျှင် ၁ ဒသမ ၈၀ ဘီလီယံ ကျပ်၊ ​အသွားအပြန် ၁,၂၀၀ ကျပ် (တစ်ခေါက် ၆၀၀ နှုန်း) ဆိုလျှင် ၁ ရက်လျှင် ၂ ဒသမ ၁၆ ဘီလီယံ ကျပ်အထိ ရရှိမည်ဖြစ်ပြီး ​ဤတွက်ချက်မှုအရ ခရီးသည်တစ်ဦး အသွားအပြန် ၈၀၀ ကျပ်နှုန်းဖြင့်ပင် ကားတစ်စီးသည် ၁ ရက်လျှင် ပျှမ်းမျှ ၄၃၆,၃၆၃ ကျပ် ဝန်းကျင် ဝင်ငွေရရှိနေသည့် သဘောဖြစ်ကာ ၅၀၀ ကျပ်နှင့်ဆိုပါက ကားတစ်စီး ၅၄၅၄၅၄ ကျပ်ရမည်ဖြစ်ပြီး ၆၀၀ ကျပ်ဖြင့်ဆိုပါက ကားတစ်စီး တစ်ရက် ၆၅၄၅၄၅ ကျပ် ရမည်ဖြစ်သည်ကို တွေ့ရှိရပြီး ဝင်ငွေအလွန်မြင့်နေ… ◾️ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=143915 #YBS #ယာဥ်စီးခ #YUPT #YBPC #ဘတ်စ်ကားခ #တိုးမြှင့် #ကောက်ခံ #MT #mtnews #MyanmarTransparency

Repost from Head of State
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ Website Facebook YouTube TikTok X(Twitter) Telegram

တပြင်းကထွက်လာတဲ့ စစ်ကြောင်း အကြည်ပန်းပလွန်း နှင့် အညာပန်းပလွန်းကိုရောက်ရှိ UNION | ဩဂုတ် ၁၃ ဆောမြို့နယ် တပြင်းကျေးရွာမှ ထွက်လာတဲ့ အင်အား ၁၀၀ ခန့် နှင့် ကား ၅ စီးပါ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းသည် အညာပန်းပလွန်းရွာကိုရောက်ရှိနေကြောင်းသိရပြီး ကင်းအဖွဲ့သည် အကြည်ပန်းပလွန်းရွာအထိ ရောက်ရှိနေကြောင်း သိရသည်။ ကျောက်ထု အမြောက်တပ် ၃၆၈ က စစ်ကြောင်းကလည်း ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းက ကြီးကျေးရွာကို အင်အား ၂၀၀ ကျော်ဖြင့် စတင်ဝင်ရောက်ကာ တပ်စွဲနေထိုင်လျက်ရှိနေပြီး ချင်းပြည်နယ် - မင်းတပ်နယ်စပ် ရွှေအောင်သာရွာတွင် အထိုင်ချပြန်လည်နေထိုင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသည် ။ ရွှေအောင်သာကျေးရွာကို ပိတ်ဆို့ထိန်းချုပ်နိုင်ပါက မင်းတပ် နှင့် ထီးလင်းကို လုံးဝဖြတ်တောက်ထားနိုင်မည်ဖြစ်သည့်အတွက် ကံကြီးကျေးရွာကဲ့သို့ အရေးပါလျက်ရှိသည်။ ထို့ကြောင့် မင်းတပ် ကန်ပက်လက်မှ အကြမ်းဖက် CDF များ နှင့် ယောအကြမ်းဖက် YPDF များ စိုးရိမ်ကြောက်လန့်နေကြောင်းသိရသည်။ #UNION_Politics_News တပ်သားလေးဖိုးထောင်

မေမြို့မှာ တရက်တည်း ကျပ်သိန်းပေါင်း ၁၀သိန်းကျော်ဘိုး စစ်ဗိုလ်ချုပ်တွေ ငွေမဲကိုငွေဖြူ ခဝါချသွားပါတယ်တဲ့။ သူ့တို့ PSO တွေကနာမည်
မေမြို့မှာ တရက်တည်း ကျပ်သိန်းပေါင်း ၁၀သိန်းကျော်ဘိုး စစ်ဗိုလ်ချုပ်တွေ ငွေမဲကိုငွေဖြူ ခဝါချသွားပါတယ်တဲ့။ သူ့တို့ PSO တွေကနာမည်ခံပြီးလုပ်ပေးသွားတာပါ။ မေမြို့လားရှိုးလမ်းမကြီးပေါ်က Coffee ဆိုင်နေရာရှေ့ဘက်ခြမ်းကို သိန်းပေါင်း ၃သိန်းနဲ့ဝယ်ချသွားပါ၏။ တခြားနေရာတွေလဲဝယ်ချသွားပါသည်။မြန်မာပြည်ကအိမ်ခြံမြေဈေးတွေဟာ အလွန့်အလွန်ကိုကြီးမြင့်နေကြကာ ထိုင်းနိုင်ငံကထက်ဈေးပိုကြီးနေကြပါတယ်။ ပတ်ဝန်းကျင်အနေအထား၊ အရည်အသွေးတွေကြတော့ ထိုင်းနိုင်ငံကအိုးအိမ်တွေလောက် မကောင်းကြပါ။ ဘာကြောင့်ဒီလိုတွေဖြစ်နေရသလဲဆိုတော့ ဘာ‌သောက်လုပ်မှမလုပ်ကြဘဲ နီပိန်းခရိုနီများ၊စစ်ဗိုလ်ချုပ်အသိုင်းအဝန်းနဲ့ မူးယစ်ကုန်သည်များ ကျားဖြန့်လုပ်ငန်းရှင်များဟာ သူတို့ရဲ့ စားဂွင် အသီးသီးရလာတဲ့ ငွေမည်းကိူ အိုးအိမ်တွေမြေကွက်တွေဘဲ လိုက်ဝယ် ရောင်းကြဝယ်ကြဖေါက်ကားကြသိုလှောင်သိမ်းဆည်းကြလုပ်နေကြလို့ပါ။ အိမ်ခြံမြေ၊ကားရောင်းဝယ်လုပ်ငန်း၊ရွှေလုပ်ငန်းတွေနဲ့ ငွေဖြူပြန်လုပ်ကြပါတယ်။ ဥပမာပြကာ ပြောရရင်တော့ ဒီအိမ်လေး နှစ်အိမ်ကို ဗိုလ်ချုပ်အဟောင်းတစ်ဦးရဲ့ခယ်မကဝယ်ပါတယ်။ တိုက်နီအိမ်လေးကို ‌ငွေသိန်း ၅၅၀၀လောက်နဲ့ဝယ်ပါတယ်။ ခုပြန်ရောင်းဘို့ ဈေး သိန်း ၁၅၀၀၀ စျေးပြန်ဖွင့်ခေါ်ထားကြောင်း သိရှိရပါတယ်။

Repost from ShwePoe Oo
ဟာ ဆုတောင်းကြမ်းချက်......😂😂😂
ဟာ ဆုတောင်းကြမ်းချက်......😂😂😂

အကြမ်းဖက်တွေ လက်ထဲက ၂၂ မြို့ ပြန်လည်ရယူပြီးပြီ။ ထပ်တိုးလာဖို့ပဲ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် ၁၄ မြို့ က
အကြမ်းဖက်တွေ လက်ထဲက ၂၂ မြို့ ပြန်လည်ရယူပြီးပြီ။ ထပ်တိုးလာဖို့ပဲ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် ၁၄ မြို့ ကောလင်း မြဝတီ မိုးဗြဲ ထန်တလန် နောင်ချို ဆီဆိုင် စဉ့်ကူး သပိတ်ကျင်း တကောင်း မတ္တရာ ရွာသစ် ဒီးမော့ဆို လားရှိုး မိုးကုတ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက် ၈ မြို့ မိုးမိတ် တွန်းဇံ မောတောင် အင်းတော် မော်လူး ခမ်းပါတ် ဖလမ်း ကျောက်မဲ တပ်ချုပ်သစ်ကြီးက သက်တမ်းတိုတောင်းသေးပေမဲ့ အမြန်အမှီလိုက်လျက် ရှိကြောင်းပါ။ တပ်သားလေးဖိုးထောင်

သိက္ခာချခံရတဲ့ မြန်မာ ဒီဓာတ်ပုံက ထိုင်း Reporter သတင်းဌာနက တရားဝင် ရိုက်ကူး ထုတ်ပြန်ထားတဲ့ပုံ ဖြစ်ပြီး မြန်မာကို သိက္ခာချဖို့
သိက္ခာချခံရတဲ့ မြန်မာ ဒီဓာတ်ပုံက ထိုင်း Reporter သတင်းဌာနက တရားဝင် ရိုက်ကူး ထုတ်ပြန်ထားတဲ့ပုံ ဖြစ်ပြီး မြန်မာကို သိက္ခာချဖို့ ဖြန့်ဝေတယ်လို့ သုံးသပ်ရပါတယ်။

နွားလာခိုးတဲ့ နွားသူခိုးနဲ့ နွားကျောင်းနေတဲ့ ပြည်သူ့စစ်တို့ထိတွေ့တိုက်ပွဲဖြစ်၊ နွားသုံးကောင်ပျောက်။ ခြုံကြည့်ရင်တော့ ဒီခေတ်ကြီးထဲမှာ လူတိုင်းလက်နက်ကိုယ်စီရှိနေတာ ကြောက်စရာတော့ကောင်းလှပါတယ်။

ထိုင်းနိုင်ငံရောက် NUG PDF များ ယနေ့ဖင်တုန်နေကြောင်း သတင်းရပါတယ်။ တပ်သားလေးဖိုးထောင်
ထိုင်းနိုင်ငံရောက် NUG PDF များ ယနေ့ဖင်တုန်နေကြောင်း သတင်းရပါတယ်။ တပ်သားလေးဖိုးထောင်

Repost from Pae Toe Media
တပ် ဖရဲသီးများ မှ ပေးအပ်သော အရည် အသွေး ညံ့ဖျင်းကာ အရည်အတွက်လည်း မပြည့်မှီသော လက်နက်၊ ခဲယမ်းများ လိုအပ်ချက်ကြောင့် PNO ပြည်သူ့
တပ် ဖရဲသီးများ မှ ပေးအပ်သော အရည် အသွေး ညံ့ဖျင်းကာ အရည်အတွက်လည်း မပြည့်မှီသော လက်နက်၊ ခဲယမ်းများ လိုအပ်ချက်ကြောင့် PNO ပြည်သူ့စစ် အတွင်းရေးမှူးချုပ် ခွန်သိန်းဖေ လက်နက်ဝယ်ယူရေးအတွက် UWSA ဝ ဌာနချုပ် ပန်းဆန်းမြို့သို့ ရောက်ရှိကာ PNO အတွက် လိုအပ်သည့် လက်နက် ခဲယမ်းများ ကို ရောင်းချပေးရန် UWSA ဗဟို နိုင်ငံရေးဌာနကြီးမှူးနဲ့ တွေ့ဆုံဆွေးနွေး — တောင်ပေါ်ပေသီး

ဝယ်ယူခဲ့တဲ့ ၄ နှစ်အတွင်း ၃ စီး ပျက်ကျသွားတဲ့ တရုတ်ထုတ် တိုက်လေယာဉ် FTC-2000 မနေ့က ငှက်နဲ့တိုက်မိပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်
ဝယ်ယူခဲ့တဲ့ ၄ နှစ်အတွင်း ၃ စီး ပျက်ကျသွားတဲ့ တရုတ်ထုတ် တိုက်လေယာဉ် FTC-2000 မနေ့က ငှက်နဲ့တိုက်မိပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ တရုတ်ထုတ် FTC-2000 လို့ သိရပါတယ်။ ထိုလေယာဉ်တွေကို လေတပ်က ၂၀၂၂ က စတင်ဝယ်ယူခဲ့ပြီး ၁၂ စီးဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီက ရှမ်းပြည်နယ်တွင် တစ်စီး၊ ၂၀၂၅ ဇူလိုင်က ကယားပြည်နယ်တွင် တစ်စီး၊ ယခု ၂၀၂၆ ဇူလိုင်တွင် တစ်စီး တစ်နှစ်တစ်စီးနှုန်း ပျက်ကျလျက်ရှိပါတယ်။ မတော်တဆဖြစ်စဉ်ဆိုစေကာမူ ငှက်နဲ့တိုက်မိယုံနဲ့ ပျက်ကျနေတဲ့ တရုတ်လေယာဉ် အသစ်စက်စက်တွေရဲ့ အရည်အသွေးက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒုတိယမြောက်လေယာဉ်ပျက်ကျချိန်မှာ အရည်အသွေးစစ်ဆေးပေးဖို့ ဖိုးထောင်ဒီမှာ ရေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်များထဲကဝယ်ယူခဲ့တဲ့ ရုရှားထုတ် MIG-29 လေယာဉ်တွေကတော့ နှစ် ၃၀ နီးပါးရှိလာသည့်တိုင် ပျက်ကျမှု ဖြစ်စဉ်နည်းပါးတာတော့ လက်တွေ့မြင်နေရပါတယ်။ တရုတ်စက် တစ်ရက်စုတ်စကားကတော့ မှန်ကန်လျက်ရှိကြောင်းပါ။ တပ်သားလေးဖိုးထောင်

Repost from Myanmar Hard Talk
မွေးနေ့ကိတ်မှာအဖြေရှာ၊ ################ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကိတ်ပေါ်က မွေးနေ့ရက်စွဲ မှားယွင်းနေမှုကို ပြည်သူတွေက အမ
မွေးနေ့ကိတ်မှာအဖြေရှာ၊ ################ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကိတ်ပေါ်က မွေးနေ့ရက်စွဲ မှားယွင်းနေမှုကို ပြည်သူတွေက အမျိုးမျိုး ဝေဖန် သုံးသပ်နေကြပါတယ်။ အဓိက အကြောင်းရင်းကတော့ မွေးနေ့ကိတ်ကို နေပြည်တော် သုခတော်ဝင် အိမ်ရာက ကိတ်မုန့်ဆိုင်တခုကနေ မှာယူခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အမှန်ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အန်တီစု အမည်နဲ့ ကိတ်မုန့်မှာပါက ကိတ်မုန့်ဆိုင်က တဆင့် လူတွေ သိသွားမှာ စိုးရိမ်တာကြောင့် ဇွန်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ မှာယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အနီးတဝိုက်မှာ ထားတယ်ဆိုတာ ခိုင်လုံတဲ့ သက်သေ အဖြစ် ထွက်ပေါ်နေပါပြီ။ ပုံမှာတော့ ဘယ်ဖက်က ကိတ်မုန့်ပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာက ပုံဖြစ်ပြီး ညာဖက်ကတော့ ကိတ်မုန့်ဆိုင်က ပုံ ဖြစ်ပါတယ်။ #mhtnews

လွန်ခဲ့တဲ့ ၂ နှစ်က လားရှိုးမြို့နဲ့ ရမခ MNDAA အဖွဲ့ဆီမှာ ကျရှုံးခဲ့တယ်။ MNDAA အဖွဲ့ရဲ့စစ်ရာဇဝတ်မှုတွေ မေ့ပစ်လို့ မဖြစ်ဘူး။ ကျ
လွန်ခဲ့တဲ့ ၂ နှစ်က လားရှိုးမြို့နဲ့ ရမခ MNDAA အဖွဲ့ဆီမှာ ကျရှုံးခဲ့တယ်။ MNDAA အဖွဲ့ရဲ့စစ်ရာဇဝတ်မှုတွေ မေ့ပစ်လို့ မဖြစ်ဘူး။ ကျောက်တော်ဖြစ်စဉ်လို ဆေးရုံကို ပစ်ခတ်မှု၊ ကလေးနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်မှုတွေ့ မမေ့နိုင်သေးဘူး။ MNDAA ဆီက ပြန်ရမဲ့ အကြွေးကို လုံးဝပြန်မယူရသေးဘူး။ လားရှိုးပြန်ပေးပြီး အနိုင်နဲ့ ပိုင်းသွားတာ ခံပြင်းနေဆဲ။ ပြန်မလွတ်သေးတဲ့ တပ်မတော်သားများ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ ကျဆုံးတပ်မတော်သားများလဲ ကောင်းရာသုဂတိလားပါစေ။ တပ်သားလေးဖိုးထောင်

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့
+3
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ   နေပြည်တော် ဩဂုတ် ၃ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ ICRC Resident Representative to Myanmar Meets Daw Aung San Suu Kyi Nay Pyi Taw, August 3 Mr. Arnaud de Baecque, the ICRC Resident Representative to Myanmar, met with Daw Aung San Suu Kyi this morning.

Repost from Ko Thet
ဘင် ၅၀၀၀ ကိစ္စ KT August 2