9 685
订阅者
-424 小时
-267 天
-10430 天
帖子存档
9 685
🧘 International Self-Care Day🧘
😇 "ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်" ဆိုတာ
အားတဲ့အချိန်မှာပဲလုပ်ရမယ်ဆိုတာထက်
⏰ နေ့စဉ် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် (24/7) အမြဲကျင့်သုံးသင့်တဲ့ လူနေမှုအလေ့အထတစ်ခုပဲဖြစ်ပါတယ်။💁 ဒါကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ကို International Self-Care Day အဖြစ် သတ်မှတ်ခဲ့ပါတယ်။🎗️
🌐International Self-Care Federation (ISF) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Self-care ဆိုတာ
" မိမိရဲ့ကျန်းမာရေးအခြေအနေကို သိရှိနားလည်ပြီး မိမိကိုယ်တိုင် တာဝန်ယူစောင့်ရှောက်တာ ဖြစ်သလို လိုအပ်တဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း ပါဝင်ပါတယ်"
လို့ဖော်ပြထားပါတယ်။🌟
🤓ဒီလိုမျိုးသိရှိဖို့ဆိုရင် self-care ရဲ့အရေးပါတဲ့အစိတ်အပိုင်းလေးတွေကိုလည်း သိထားဖို့လိုပါလိမ့်မယ်။✨
ဒါကြောင့် 💚 Self-care ကို အခြေခံတည်ဆောက်ပေးတဲ့ အရေးကြီးဆုံးမဏ္ဍိုင် ၇ ခု (Seven Pillars of Self-Care)ကို🧩 academies လေးတို့အတွက် ဗဟုသုတအနေနဲ့မျှဝေလိုက်ပါတယ်ဗျ👼
၁။ Health Literacy (ကျန်းမာရေးဗဟုသုတရှိ အောင်လုပ်တာ)
၂။ Self-awareness (မိမိကိုယ်ကို သိရှိနားလည်တာ)
၃။ Physical Activity (ကိုယ်လက်လှုပ်ရှားမှုရှိတာ)
၄။ Healthy Eating (ကျန်းမာရေးနှင့်ညီညွတ်တဲ့စားသောက်မှုပုံစံရှိတာ)
၅။ Risk Avoidance or Mitigation (ကျန်းမာရေးကိုထိခိုက်စေနိုင်မယ့်အန္တရာယ်တွေကို လျှော့ချတာ)
၆။ Good Hygiene (မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းအောင်နေတာ)
၇။ Optimal Use of Products and Services (ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးများကို မှန်ကန်စွာ အသုံးပြုတာ)
💁စတဲ့ အချက် (၇)ချက်က self-care ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်ပါတယ်။🧩
🌱တစ်နည်းအားဖြင့် Self-care ဆိုတာ ကိုယ့်ကိုယ်ကို ဦးစားပေးတာအပြင် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်တာဆိုလည်းမမှားပါဖူး။ 🌸
💚 ဒါကြောင့် International Self-Care Day မှာ မိမိကိုယ်ကို ဂရုစိုက်ဖို့ အချိန်ပေးပြီး "Self-care is not selfish. It's essential." ဆိုတဲ့ အယူအဆကို နေ့စဉ်ဘဝထဲမှာ လက်တွေ့ကျင့်သုံးကြရအောင်ပါဗျ။🤓
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#International_Self_Care_Day
#contentwriter_Louis
#graphicdesign_Chaw
#Zie_Academy
#ZAE
9 685
🤔သွေးအားနည်းရောဂါ (Anemia)ဆိုတာဘာလဲ?
🤓သွေးအားနည်းရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ တစ်ရှူးများဆီသို့ လိုအပ်တဲ့ 🅾️အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥ (Red Blood Cells) အရေအတွက် နည်းပါးခြင်း သို့မဟုတ်
သွေးနီဥထဲတွင်ပါဝင်တဲ့ ဟေမိုဂလိုဘင် (Hemoglobin) ဓာတ် နည်းပါးခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။❗
📌ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ
🌟သံဓာတ်ချို့တဲ့ခြင်း (Iron Deficiency Anemia):သွေးအားနည်းခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ 💁ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်မလုံလောက်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။
🤕သွေးဆုံးရှုံးခြင်း: ခွဲစိတ်မှု၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရာသီသွေးဆင်းလွန်ခြင်းတို့ကြောင့် သွေးဆုံးရှုံးရာမှလဲ ဖြစ်ပွားနိုင်ပါတယ်။🤓
📌ဗီတာမင်ချို့တဲ့ခြင်း:ဗီတာမင် B12 နှင့်
ဖောလစ်အက်ဆစ် (Folate) ချို့တဲ့ပါက သွေးနီဥထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါတယ်။🩸
📌နာတာရှည်ရောဂါများ: ကျောက်ကပ်ရောဂါ၊ ကင်ဆာ၊ သို့မဟုတ် အသည်းရောဂါများကြောင့်လည်း သွေးအားနည်းနိုင်ပါတယ်။
💁ရောဂါလက္ခဏာများ
* အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း။
* အသားအရေ၊ နှုတ်ခမ်းနှင့် မျက်ခွံအတွင်းသားများ ဖြူဖျော့လာခြင်း။
* ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း။
* လှုပ်ရှားမှုပြုလုပ်ပါက အသက်ရှူမြန်ခြင်းနှင့် ရင်တုန်ခြင်း။
* လက်ဖျား၊ ခြေဖျား အေးစက်ခြင်း။
📌ကုသခြင်းနှင့် ကာကွယ်ခြင်း
🌮အစားအသောက်: သံဓာတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ 🍖အနီရောင်အသားများ၊ အသည်း၊🥗 ဟင်းနုနွယ်၊ 🥜ပဲအမျိုးမျိုးနှင့်🥒 အသီးအရွက်စိမ်းများကို စားသုံးပေးပါ။
⭐အားဖြည့်ဆေးများ: ဆရာဝန်ညွှန်ကြားချက်ဖြင့် သံဓာတ်အားဆေးများ (Iron Supplements) သောက်သုံးပါ။💊
🩺အကြောင်းရင်းကို ရှာဖွေကုသခြင်း: အကယ်၍ သွေးဆုံးရှုံးမှု (သို့) ရောဂါတစ်ခုခုကြောင့်
ဖြစ်ပါက ထိုအကြောင်းရင်းကို ဦးစွာ ပထမ
ကုသရမည်ဖြစ်ပါတယ်။🧑⚕️
😊ဒီလောက်ဆိုရင် သွေးအားနည်းရောဂါအကြောင်းကို တစေ့တစောင်း
သိရှိသွားပြီလို့ထင်ပါတယ်။ နောက် contentတွေမှာ ပြန်တွေ့ကြပါမယ်။🤗
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Anemia
#contentwriter_Aurora
#graphicdesign_Gee
#Zie_Academy
#ZAE
9 685
🎗️Importance of Ethics and Care In Life 🎗️
🌟 လူတစ်ယောက်ကို မှတ်မိစေတာ
သူ့ရဲ့အောင်မြင်မှုလား၊ ဒါမှမဟုတ်
သူ့ရဲ့စိတ်ထားလား? 🤔💭
ဒီမေးခွန်းရဲ့အဖြေကတော့... ✨
💫အောင်မြင်မှု၊🎗️ ပညာအရည်အချင်း၊
💲ငွေကြေးတွေက လူတစ်ယောက်ရဲ့
ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြနိုင်ပါတယ်။
💁 ဒါပေမယ့် လူတစ်ယောက်ကို အချိန်ကြာကြာ
မှတ်မိစေတာကတော့ သူဘယ်လိုပြောဆိုတယ်၊ ဘယ်လိုပြုမူတယ်၊ တစ်ဖက်လူကို ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ စိတ်ထားပါပဲ။ 🤍✨
🎖️အဲဒီစိတ်ထားကို တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့အခြေခံနှစ်ခုကတော့
Ethics နဲ့ Care ပါ☃️
🔸 Ethics (ကျင့်ဝတ်) ဆိုတာ မှန်ကန်တာကို ရွေးချယ်လုပ်ဆောင်ပြီး ကိုယ့်ရဲ့စကားနဲ့
လုပ်ရပ်တွေက တစ်ဖက်လူကို မထိခိုက်အောင် ဆင်ခြင်တတ်တဲ့ စိတ်ထားပါ။ ⚖️
🔸 Care (ဂရုစိုက်ခြင်း) ဆိုတာကတော့
တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်ဖို့
ကြိုးစားပေးတာ၊ ကြင်နာမှု၊ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ဖော်ပြတတ်တဲ့ စိတ်ထားပါ။
🌍 ကျွန်မတို့ အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မှီခိုပြီး ရှင်သန်နေရပါတယ်။ 🤝 ဒါကြောင့် နေ့စဉ်ဘဝမှာဖြစ်ဖြစ်၊
အွန်လိုင်းမှာဖြစ်ဖြစ် 💬 ကိုယ့်ကြောင့်
တခြားသူအတွက် အဆိပ်အတောက်တစ်ခု
မဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိရထားကြရအောင်... 🌱
📌 လူတိုင်းက အမြဲတမ်း သန်မာနေတာ မဟုတ်ပါဘူး
တစ်ခါတလေ ကိုယ်မမြင်ရတဲ့ အခက်အခဲတွေကို တိတ်တိတ်လေး ရင်ဆိုင်နေရနိုင်ပါတယ်။
🌧️ ဒါကြောင့် အလွယ်တကူ ဝေဖန်တာထက် နားလည်ပေးဖို့ ကြိုးစားကြည့်ပါ။ 🤗
📌 ကိုယ်ချင်းစာပါ
ကိုယ်ပြောတဲ့စကား၊ ရေးတဲ့စာ၊ Share လုပ်တဲ့အရာနဲ့ လုပ်ရပ်တိုင်းက တစ်ဖက်လူကို အားပေးနိုင်သလို နာကျင်စေနိုင်ပါတယ်။
💔 ဒါကြောင့်မို့ တစ်ခုခုကို
မလုပ်ခင် "ဒီအရာကို ငါ့ကို ပြန်လုပ်ရင်
ငါဘယ်လိုခံစားရမလဲ" 💭 လို့ ခဏစဉ်းစားကြည့်ပါ။
📌 အသိအမှတ်ပြုပေးပါ
အနီးဆုံး ဥပမာပေးရမယ်ဆိုရင် အိမ်မှာ
ထမင်းဟင်းချက်ပေးတဲ့ အမေကို 👩🍳 "ကျေးဇူးတင်ပါတယ်" လို့ နောက်ဆုံး
ဘယ်တုန်းက ပြောခဲ့ဖူးလဲ။ 🥹
"ဒါက သူ့တာဝန်ပဲ" လို့ တွေးမယ့်အစား သူ့ရဲ့ မေတ္တာနဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး 🌸 ကျေးဇူးတင်စကား၊ ချီးမွမ်းစကားလေးတွေ ပြောပေးကြည့်ပါ။ 💐 ဒီလို ရိုးရှင်းတဲ့
စကားလေးတွေကပဲ လူတစ်ယောက်ရဲ့ နေ့တစ်နေ့ကို ပိုပျော်ရွှင်သွားစေနိုင်ပါတယ်နော် 😊
🎉 Academies လေးတို့လည်း ဂိမ်းလေးတစ်ခု ကစားကြမလား? 💬
🎮ဂိမ်းလေးကတော့ ကိုယ့်အနီးအနားက
လူတစ်ယောက်ကို ချီးမွမ်းစကားလေးတစ်ခွန်း
ပြောကြည့်ပြီး သူ့ရဲ့ reaction ကို
Comment မှာ မျှဝေပေးရမှာပါ💬👇
💛 အပျော်တွေကို အတူတူ ကူးစက်ကြရအောင်! ✨
💭 ဒီနေ့ကစပြီး... 🌸
Academiesလေးတို့ မှတ်သားထားရမှာက
လူတစ်ယောက်ကို မှတ်မိစေတာ
အောင်မြင်မှုတစ်ခုတည်း မဟုတ်ပါဘူး။
🌟 သူ့ရဲ့ နွေးထွေးတဲ့စကား၊ 🗣️ လေးစားတတ်တဲ့စိတ်ထားနဲ့ ဂရုစိုက်တတ်တဲ့ လုပ်ရပ်တွေကလည်း လူတွေရဲ့ စိတ်ထဲမှာ
အချိန်ကြာကြာ
ကျန်နေတတ်ပါတယ်နော် 🫶
🤍 ဒါကြောင့် Ethics and Care ကို
ရင်ဝယ်ပိုက်ထားပြီး 🌿
ကိုယ့်ရဲ့စကားနဲ့လုပ်ရပ်တိုင်းက
လူတိုင်းအတွက် ပိုနွေးထွေးတဲ့
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့ အတူကြိုးစားကြရအောင် 🤝
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Importance_of_ethics_and_care_in_life
#contentwriter_Naw_Hel
#graphicdesign_Gee
#Zie_Academy
#ZAE
9 685
🎖️ အာဇာနည်နေ့ (Martyrs' Day )🎖️
🇲🇲"နှစ်လ၊ နာရီ အခါရာသီ ရွေ့ပေမယ့်
အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ"... 🕊️
🌧️ တဖြိုက်ဖြိုက် ရွာသွန်းနေတဲ့ ဇူလိုင်လရဲ့ မိုးရေစက်များနှင့်အတူ ၇၉နှစ်မြောက် အာဇာနည်နေ့ ကား တစ်ဖန် ရောက်ရှိလာခဲ့ပါပြီ။🎗️
🗓️ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် သည်🇲🇲 မြန်မာနိုင်ငံသမိုင်းတွင် အလွန်အရေးပါသော နေ့ရက်တစ်ရက်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး၊ ယနေ့တွင်
၇၉ နှစ်မြောက် သို့ ရောက်ရှိလာခဲ့ပါပြီ။ 🌱
😔 မြန်မာတစ်မျိုးသားလုံး ဝမ်းနည်းပူဆွေးခဲ့ရသောနေ့၊💔 မျှော်လင့်ချက်များ ဝေဝါးသွားခဲ့ရသောနေ့လည်း ဖြစ်ခဲ့ပါတယ်🫂
🇲🇲 မြန်မာ့လွတ်လပ်ရေးအတွက်
အတွင်းဝန်များရုံး၌
▪️ ဗိုလ်ချုပ်အောင်ဆန်း
▪️သခင်မြ
▪️ဒီးဒုတ်ဦးဘချို
▪️ဦးရာဇတ်
▪️ဦးဘဝင်း
▪️ဦးအုန်းမောင်
▪️မန်းဘခိုင်
▪️မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
▪️ရဲဘော် ကိုထွေး
🕯️တို့သည် မသမာသူ ဂဠုန်ဦးစောနှင့် နောက်လိုက်အချို့၏ လုပ်ကြံမှုကြောင့်
အသက်ပေးလှူခဲ့ကြရပါသည်။ 🥀
🕊️ လွတ်လပ်ရေးအတွက် အသက်စွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ ဂုဏ်ပြုသတိရစေရန်
📅 ဇူလိုင်လ ၁၉ ရက် ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်🎗️
🇲🇲✨ အာဇာနည်ကြီးများ ရယူပေးခဲ့သော လွတ်လပ်ရေးအမွေအနှစ်ကို နောင်လာနောက်သားများက တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။🫂
🎖️ ယနေ့ကျရောက်သော ၇၉ နှစ်မြောက် အာဇာနည်နေ့တွင် Zie Academy မိသားစုမှ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးအမြတ် ဂါရဝပြုအောက်မေ့အပ်ပါသည်။ 🙏
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Martyrs_Day
#contentwriter_Nicolas
#graphicdesign_Adley
#Zie_Academy
#ZAE
9 685
🖇Pepero Day(빼빼로 데이)🎀
Pepero Day ဆိုတာဘာလဲ?🧐
Pepero Day ဆိုကတော့ Pepero မုန့်ကို လဲလှယ်ကြတာဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ပေးကြတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်🙌🏼
Pepero day ကတော့ ကိုရီးယားရဲ့လူငယ်တွေကြား နာမည်ကြီးရက်တွေထဲက တစ်ရက်ဖြစ်ပြီး နှစ်တိုင်း Nov 11 ရက်နေ့တိုင်း ကျင်းပြကြပါတယ်🎆🌟
ဘာလို့ Nov 11 ကို Pepero နေ့အဖြစ်လုပ်ကြတာလဲဆိုရင် (11/11)က Pepero အချောင်လေးတွေနဲ့တူလို့ဆိုပြီးပြောကြပါတယ်👯💛
လူတိုင်းရင်းနှီးတဲ့ ရက်တစ်ရက်နဲ့ဥပမာပေးရရင် Valentine Day's လိုမျိုးပါပဲ❤️💌
ဒါပေမဲ့ Valentine's Day က ပိုပြီး romatic ဆန်ပြီး ချစ်သူရည်းစားတွေကြားအပေးများပေမဲ့ Pepero Day မှာဆိုရင်တော့ သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်၊မိသားစု ဒါမှမဟုတ် ဆရာ၊ဆရာတွေကို ပိုပြီး အပေးများကြပါတယ်🫧
Pepero ပေးတာက ခင်မင်မှုနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတယ်လို့လည်း ပြောကြပါသေးတယ်🫂👀
ဒီ Pepero မုန့်ပေးတာဟာ ဘယ်ကစလာတာလဲဆိုရင် 1990s အချိန်လောက်က ဘူဆန်အလယ်တန်းကျောင်းသူတွေက
" Pepero လိုမျိုး ပိန်ပိန်ရှည်ရှည် လေးဖြစ်အောင်ကြိုးစားကြရအောင်" လို့ပြောပြီး Peperoတွေအချင်းချင်းပေးရာကနေ နောက်ပိုင်းကျောင်းတိုင်းအထိ ပြန့်သွားပြီး trend အနေနဲ့ဖြစ်သွားတာပဲဖြစ်ပါတယ်⏳📈
ယုံတမ်းပုံပြင်တွေအရ Pepero လိုမျိုး အရပ်ရှည်ရှည်နဲ့ပိန်ပိန်လေးဖြစ်ချင်ရင် 11 လပိုင်း၊ 11 ရက်နေ့၊ 11နာရီ၊ 11မိနစ်နဲ့ 11 seconds မှာစားရမယ်ဆိုပြီး ပြောကြပါသေးတယ်🍀✨
ဆိုတော့ မင်မင်တို့ ယောရောဘွန်းတို့လည်း ပိန်ပိန်ရှည်ရှည်လေးဖြစ်ချင်ရင် ကိုရီးယားဆန်ဆန် Pepero စားကြည့်လိုက်ကြပါအုံးနော်😸🫶
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Pepero_Day
#content_by_Tr_Yul_Dan
#graphicdesign_Adley
#Zie_Academy
#ZAE
9 685
🎗️"World Youth Skills Day"🎗️
🎓“ ဒီခေတ်မှာ ဘွဲ့တစ်ခုတည်းနဲ့
အနာဂတ်ကို
မတည်ဆောက်နိုင်တော့သလို …
လူငယ်ဟာလည်း အိပ်မက်ရှိရုံနဲ့ မလုံလောက်တော့ပါဘူး…”🎖️
🗓️ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့ဟာ
World Youth Skills Day ဖြစ်ပါတယ်။🎗️
👫လူငယ်တွေ အနာဂတ်ကို
တည်ဆောက်ဖို့အတွက် “ကျွမ်းကျင်မှု” တွေရဲ့ အရေးပါမှုကို သတိပေးတဲ့နေ့တစ်နေ့လို့
ဆိုနိုင်ပါတယ်။✨
💁ဒီနေ့ခေတ်မှာ အောင်မြင်မှုဆိုတာလည်း စာအုပ်ထဲက အမှတ်တွေနဲ့ပဲ
ဆုံးဖြတ်လို့မရတော့ပါဘူး။🙅
▪️ကိုယ်သိထားတဲ့အရာတွေကို
လက်တွေ့အသုံးချနိုင်တဲ့ Skill တွေ💡
▪️ပြဿနာတွေကို
ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ🧩
▪️အသစ်အသစ်တွေကို လေ့လာနိုင်တဲ့ 🧘Adaptability တွေက ပိုအရေးကြီးလာပါတယ်။
🤔တစ်ခါတလေ လူငယ်တချို့က
“ငါ့မှာ အခွင့်အရေးမရှိဘူး”😞
“ငါ့မှာ Talent မရှိဘူး”😓လို့
တွေးမိတတ်ကြပါတယ်။
ဒါပေမယ့် အမှန်တရားက…
📌Skill ဆိုတာ မွေးရာပါပစ္စည်းမဟုတ်ပါဘူး။ လေ့ကျင့်ပြီး တည်ဆောက်ရတဲ့ အရာပါ။🔥
🎗️ဒီနေ့ ခင်ဗျားသင်ယူခဲ့တဲ့
အရာသေးသေးလေးတစ်ခုက နောင်တစ်ချိန်မှာ ခင်ဗျားရဲ့ဘဝကို ပြောင်းလဲပေးနိုင်တဲ့အရာတွေထဲက အမှတ်စက်လေး တစ်ခုဖြစ်နိုင်ပါတယ်🗝️
🎖️လူငယ်တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့မှာရှိတဲ့ အိပ်မက်နဲ့ပဲ မဆုံးဖြတ်ပါဘူး။⭐
🔥အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့
သူတည်ဆောက်နေတဲ့ Skill တွေနဲ့ ဆုံးဖြတ်တာပါ။💫
📌လေ့လာပါ။
📌လေ့ကျင့်ပါ။
📌တိုးတက်ပါ။
💁ဘာလို့လဲဆိုတော့…
🎗️“အနာဂတ်ကို စောင့်နေတဲ့သူမဟုတ်ဘဲ… အနာဂတ်အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နေတဲ့လူငယ်တွေက ကမ္ဘာကို ပြောင်းလဲမှာပါ။”👫
💫World Youth Skills Day ကလူငယ်တွေကို ဂုဏ်ပြုတဲ့နေ့တင် မဟုတ်ပါဘူး။
“ကိုယ့်ကိုယ်ကိုယ် မရပ်တန့်ဖို့” သတိပေးတဲ့နေ့ပါ။🧩
🌱 ဒီနေ့ကစပြီး…
🫶ကိုယ့်ကိုယ်ကိုယ် တစ်နေ့ထက်တစ်နေ့
ပိုတန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်လိုက်ပါဗျာ။🦾
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#World_Youth_Skills_Day
#contentwriter_Jim
#graphicdesign_
#Zie_Academy
#ZAE
9 685
✨ How Maslow’s Theory Connects with Your Growth at ZIE Academy✨
🔅လူတိုင်းမှာ ကိုယ့်ဘဝကို ရှင်သန်ဖို့၊ တိုးတက်ဖို့နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
စတဲ့လိုအပ်ချက်တွေ ရှိကြပါတယ်
💁ဒီလို လူသားတွေရဲ့ လိုအပ်ချက်တွေကို 🧠 စိတ်ပညာရှင် Abraham Maslow က “Maslow’s Hierarchy of Needs” ဆိုတဲ့ theory အဖြစ် ဖော်ပြခဲ့ပါတယ်🎗️
📌Maslow ရဲ့အဆိုအရ လူသားတွေရဲ့လိုအပ်ချက်တွေကို အဆင့် ၅ ဆင့် ခွဲခြားထားပါတယ်🪜
🤔ဒီအဆင့်တွေ ကို English studyနဲ့ ချိတ်ဆက်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ လေ့လာကြည့်ရအောင်👀
▪️Physiological Needs (အခြေခံလိုအပ်ချက်များ)
အစားအစာ၊ အိပ်စက်ခြင်း၊ ကျန်းမာရေး
စတဲ့ အရာတွေက လူသားတိုင်းအတွက်
မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့် English language ကိုလေ့လာတဲ့အခါမှာလည်း စာလေ့လာဖို့ အချိန်ပေးနိုင်တာ၊ ပျော်ပျော်ပါးပါးနဲ့ အဆင်ပြေတဲ့ learning environment ရှိတာက စာလေ့လာသူတွေအတွက် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်💫
▪️Safety Needs (ဘဝလုံခြုံမှုအတွက်လိုအပ်ချက်များ)
လူတိုင်းက အမှားလုပ်မိရင်လည်း မဝေဖန်တတ်တဲ့ နေရာတစ်ခုကို လိုချင်ကြပါတယ်။ ဒီ လိုအပ်ချက်ကိုပြည့်ဝအောင်🏫ကျွန်တော်တို့ရဲ့ ZIE Academy မှာဆိုရင်တော့ Academies လေးတို့အတွက် Grammar မှားတာ၊ Vocabulary မှားတာတွေကို မကြောက်ဘဲ englishလိုစဥ်းစားတတ်အောင်၊ englishလို ပြောလာနိုင်အောင် ထူးချွန်တဲ့ teacherတွေက သင်ကြား လမ်းပြပေးနေပါတယ်🤗
▪️ Love & Belonging Needs (လူမှုဆက်ဆံရေးနဲ့ ပိုင်ဆိုင်သည့်အရာများအတွက်လိုအပ်ချက်များ)
လူတွေဟာ တစ်ယောက်တည်း ကြိုးစားရတာထက် 👤➡️👥 အဖွဲ့အစည်းနဲ့အတူတူလေ့လာတဲ့အခါ ပိုပြီးတိုးတက်လာကြပါတယ်✌️ကျွန်တော်တို့ရဲ့ ZIE Academy မှာ academies လေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း၊ ဗဟုသုတတွေကိုမျှဝေရင်း English journey ကို အတူတူလျှောက်လှမ်းနေကြပါတယ်။ ဒီလိုအရာလေးတွေကပဲ love and belonging needsကို
ပြည့်ဝလာစေပါတယ်🪅
▪️Self-Esteem Needs (ယုံကြည်မှုနှင့် အောင်မြင်မှုအတွက်လိုအပ်ချက်များ)
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာဟာ တိုးတက်မှုရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုပါ✨
📖English language ကိုလေ့လာတဲ့အခါမှာ…
🌟 Vocabulary အသစ်တွေ သိလာတာ
🌟စာကြောင်းတွေ ရေးနိုင်လာတာ
🌟 English လို ပြောရဲလာတာ
စတာတွေက Academies လေးတို့ရဲ့ confidence ကို တိုးစေပါတယ်🚀
▪️ Self-Actualization (ကိုယ့်ကိုကိုယ်သိလာတဲ့အဆင့်)
ကိုယ့်ရဲ့ hidden potential ကို ဖော်ထုတ်ပြီး ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရောက်ရှိလာတဲ့အဆင့်ဖြစ်ပါတယ်✨ZIE Academy နဲ့အတူ English language ကိုလေ့လာပြီးနောက်မှာတော့ academies လေးတို့ရဲ့English စွမ်းရည်ကို အသုံးချပြီး👇
🔹နိုင်ငံတကာက လူတွေနဲ့ချိတ်ဆက်လာနိုင်မယ်
🔹အခွင့်အရေးအသစ်တွေ ရရှိနိုင်မယ်
🔹ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်
စတဲ့အကျိုးကျေးဇူးတွေရရှိလာနိုင်ပါမယ်✨
💜 ဒါကြောင့် Academies လေးတို့ရဲ့ self-confidence လည်းတိုးလာမှာဖြစ်ပါတယ်💜
💁နောက်ဆုံးမှတ်သားရမှာကတော့ English language ကိုလေ့လာတယ်ဆိုတာ စကားလုံးတွေ၊ Grammar rules တွေ မှတ်သားရုံတင်မဟုတ်ပါဘူး။
🎗️ကိုယ့်ရဲ့ယုံကြည်မှု၊ အသိပညာတွေနဲ့
ပြည့်နေတဲ့အနာဂတ်ဘဝကို တည်ဆောက်နေတဲ့ ခရီးတစ်ခု၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေ (needs) ကိုဖြည့်ဆည်းနေတဲ့ခရီးတစ်ခုဆိုရင်လည်း
မမှားပါဖူးဗျာ။✨
🤗 ကျွန်တော်တို့ ZIE Academy ဟာဆိုရင် academies လေးတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း လိုရာပန်းတိုင်ရောက်အောင် ကူညီပေးနေပါတယ်။💜ဒါကြောင့် ZIE Academy နဲ့အတူတူ English journey ကိုအတူတူလျှောက်လှမ်းကြရအောင် 🍀
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Basic_Needs_of_Humans
#contentwriter_Louis
#graphicdesign_Emilia
#Zie_Academy
#ZAE
9 685
🌱"World Population Day"🌱
🌍 ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်နေတဲ့ လူဦးရေဟာ သန်း ၈,၀၀၀ (8 Billion)
ကျော်သွားပြီဆိုတာ သတိထားမိကြလား
Academies လေးတို့ရေ 👀
👨👩👧👦လူဦးရေ တိုးတက်လာတာက
ကောင်းကျိုးရှိသလို၊ တစ်ဖက်မှာလည်း ကမ္ဘာမြေကြီး ယိုယွင်းလာတဲ့ ဆိုးကျိုးစိန်ခေါ်မှုတွေ
ရှိလာပါတယ်။
📢1989 ခုနှစ်မှာတော့ ကုလသမဂ္ဂက ဇူလိုင်လ 11 ရက်နေ့ကို🌏
''ကမ္ဘာ့လူဦးရေနေ့'' အဖြစ် စတင်သတ်မှတ်ခဲ့ပြီး လူဦးရေတိုးပွားမှုကို သတိပြုမိစေဖို့
နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ပါတယ်✨
🗓️ ဒီနေ့လေးမှာ ကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲနေဖို့ အတူတူ သတိပြုသင့်တဲ့
မဏ္ဍိုင်ကြီး (၄) ရပ် ရှိလို့နေပါတယ်။
၁။ မိခင်နှင့် ကလေးကျန်းမာရေး 🤱
• လူ့အသက်ဇီဝကို သယ်ဆောင်ပေးရတဲ့ မိခင်တွေ ဘေးကင်းစွာ မွေးဖွားခွင့်ရရှိဖို့နဲ့
မိခင်နဲ့ ကလေးသေဆုံးနှုန်း လျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေးဖို့
၂။ ခွဲခြားမှုမရှိတဲ့ တန်းတူညီမျှရေး ⚖️
• လူသားအားလုံး ကျား၊မ မရွေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းတွေကို တန်းတူညီမျှ ရရှိဖို့
၃။ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး 📊
• ဆင်းရဲမွဲတေမှုကိုလျော့ချပြီး စီးပွားရေးကိုမြှင့်တင်ဖို့အတွက် အရည်အသွေးပြည့်မှီတဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့
လူမှုဘဝတွေကို ထိန်းညှိပေးဖို့
၄။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး 🪴
• တိုးပွားလာတဲ့ လူဦးရေနဲ့ ကမ္ဘာမြေရဲ့ သယံဇာတ မျှတအောင် ထိန်းသိမ်းပြီး
ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ပဲ
ဖြစ်ပါတယ်။
💫ဒီနေ့လေးကို ပါဝင်ဆင်နွှဲလို့ရမယ့်
နည်းလမ်းတွေကို ဝေမျှပေးဦးမှာမို့လို့ လက်တွေ့လုပ်ဆောင်ကြည့်ကြပါနော်🙂↔️
📚 အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတတွေကို
လေ့လာကြည့်ပါ
🤝 ကိုယ့်ပတ်ဝန်းကျင်က မိခင်တွေနဲ့ မိန်းမသားတွေရဲ့ ရပိုင်ခွင့်ကို တန်ဖိုးထား လေးစားပါ
🌳သဘာဝ သယံဇာတကို ထိန်းသိမ်းဖို့
တတ်နိုင်သလောက်လုပ်ဆောင်ပါ
🌐 ဒီနှစ်ရဲ့ Theme ဖြစ်တဲ့
"To Leave No One Behind, Count Everyone" ကို အွန်လိုင်းမှာ မျှဝေပေးခြင်းအားဖြင့်
ကမ္ဘာ့လူဦးရေနေ့ကို ဂုဏ်ပြုလိုက်ပါနော်❤️🩹
💁♀ ကမ္ဘာပေါ်မှာ ခဏတာ အသက်ရှင်ခွင့်ရတုန်းမှာ...
🎗️တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း
🎗️ပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း
🎗️ပိုမိုလှပတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို အတူတူ တည်ဆောက်ဖို့ပြောကြားရင်း ZIE ACADEMYမှ ကမ္ဘာ့လူဦးရေနေ့ကို ဂုဏ်ပြုလိုက်ပါတယ်💝
Count Everyone, Care for Everyone!🫂
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#World_Population_Day
#contentwriter_Naw_Hel
#graphicdesign_Chan
#Zie_Academy
#ZAE
9 685
ကယ်...Julyလမှာ ZIE Academy ရဲ့ academies လေးတို့အတွက်သတင်းကောင်းလေးထပ်ယူလာပြီနော်...👀✨
အားလပ်နေတဲ့အချိန်လေးအတွင်းမှာအကျိုးရှိစေဖို့ မိမိတို့ရဲ့ကြိုက်နှစ်သက်ရာ language class လေးတွေရွေးချယ်သင်ယူလိုက်ကြတော့နော်🫶
English Class (Basic to B2)
Teacher:Tr Ruby
Level: Basic to Upper-Intermediate
Course: Cambridge Empower (Vocabularies and Grammar )
Start Date: 15.7.2026
Time: Saturday and Sunday
Duration: 4 weeks
Platform: Video class
Student Limit: 20
Age: 11+
Rules : video lesson ကိုသေချာစွာသင်ကြားပြီး noteနဲ့တကွ exercise တွေလုပ်ပေးရပါမယ်နော်...
Note : video lesson နဲ့မလို့ အပတ်စဉ်စနေတနင်္ဂနွေတိုင်းမှာည 9:00လောက် video upload ဖို့ရှိပါမယ်ရှင့်📚
English class (A2 to B1)📌
Tr Name : Tr Angy
Level : Pre intermediate (A2-B1)
Course : Life
Starting date : 17.7.2026
Time :(7 - 9pm) (Friday & Sunday)
Duration : 6 months
Platform : Google meet or zoom
Students limit : 15
Age limitation : no age limit
Rules : Basic level အနည်းငယ်တတ်မြောက်ထားရမယ်။အတန်းပုံမာန်တက်ရောက်ပြီး homework, group activities တွေ တက်ကြွစွာပါ၀င်ရမယ်။တီချယ်နဲ့အတန်းသားတွေအပေါ်respectရှိရမယ်။english class မလို့ English အသုံးအနှုန်းလေးတွေတတ်နိုင်သလောက်အသုံးပြုပြောဆိုရပါမယ်ရှင့်...🔖
Japanese Class (basic)
Tr Name : Tr.Mel
Level : Basic + N5
Course : minna
Starting date : 15.7.2026
Time : (9 to 10.30pm) (Wed,Thrus)
Duration : 5months
Platform : zoom
Students limit : 10
Age limitation : above 14
Rules: activeဖြစ်ရမယ်။သေချာသင်ယူပြီး homeworkတွေလုပ်ဆောင်ပေးရမယ်။respectရှိရပါမယ်ရှင့်...🫡
Korean Class🇰🇷
Tr Name :Tr Juyoung
Level : Level - 2
Course : 발음 교정 (own course)
Starting date : 16.7.2026
Time : (6:00 - 7:00 pm) (Thu and Fri)
Duration : 2 weeks
Platform : zoom
Students limit : no
Age limitation : no
Rules: သေချာစွာလေ့ကျင့်သင်ယူရမယ်။လေ့ကျင့်မှုတွေသင်ကြားမှုတွေအတွက် active ဖြစ်နေရမယ်နော်
Note : ဒီclassကကိုယ့်ရဲ့ကိုရီးယား အသံထွက်ကို ပီပီသသထွက်ချင်သူများအတွက် အဆင်ပြေပါတယ်ရှင့်🗣
=====
📣အတန်းအားလုံးအတွက် Feesကတော့ ထုံးစံအတိုင်း 100% Free ပါနော်
ကိုယ်က အတန်းရဲ့ စည်းကမ်းချက်တွေနဲ့ အတန်းကို အဆုံးထိသေသေချာချာ တက်ရောက်နိုင်မယ်ဆိုမှ Join ဖို့ကိုတော့ မေတ္တာရပ်ခံပါတယ်🙏
အတန်းတက်ရောက်လိုတယ်ဆိုရင်တော့... 👇👇 •နာမည် • အသက် •အတန်းပြီးဆုံးသည်ထိ တက်နိုင် / မတက်နိုင် စတဲ့အချက်အလက်အပြည့်အစုံကို @ZIEACADEMY7 သို့ ပို့ပြီးစာရင်းသွင်းနိုင်ပါတယ်ရှင်🖇တချို့အတန်းတွေက ကျောင်းသားဦးရေ ကန့်သတ်ထားတာရှိလို့ လက်မနှေးဘဲ လာခဲ့ကြပါ!! Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd/ TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Batch_16_Classes_Announcement #contentwriter_Yoon #graphicdesign_Emilia #Zie_Academy #ZAE
9 685
🎉 ဒီနေ့ ZAE ACADEMY ကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေတဲ့ Baby လေးတစ်ဦးရဲ့ မွေးနေ့ပွဲလေး ရောက်ရှိလာပါပြီ... 🎈
👀💘Someone's birthday is coming...
ဘယ်သူလေးများလဲ မသိသေးပေမယ့်... 🤭✨
တော့ပိုကီ နဲ့ ဂင်ချီ🍲 ကတော့ စားရတော့မယ်ဟေ့... 😋💕
1️⃣... 2️⃣... 3️⃣... 🎉🎊
🎂 Happy Birthday ပါ Tr. Shun ရေ! 🎈💝
🌸 ဂင်ချီနယ်မြေက ချယ်ရီပွင့်လေးတွေလို
လှပပြီး စိတ်ရှည်သည်းခံမှုအပြည့်နဲ့📚 အသင်အပြကောင်းတဲ့ Korean Instructor Baby လေး Thiri Shun ရေ...
🎁 မွေးနေ့ဆုတောင်းလေးကို လက်ခံပေးပါဦးဗျို့... 💌💕
🎂 မွေးနေ့မှစ၍ အသက်ထက်ဆုံး
ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေ။ 🌈✨
💞 ချစ်ရတဲ့သူတွေနဲ့ ဘဝအဆုံးတိုင် နွေးနွေးထွေးထွေး ပေါင်းသင်းနေထိုင်နိုင်ပါစေ။ 🫶
🌸 ချယ်ရီပွင့်လေးတွေလို အမြဲလှပကြော့ရှင်းပြီး အပြုံးလေးတွေ မပျောက်ပါစေနဲ့။ 🌷
👨👩👧 မိဘကို လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းတစ်ယောက်အဖြစ် အမြဲရပ်တည်နိုင်ပါစေ။ 💖
🌟 ဘဝကို ပျော်ရွှင်မှုအပြည့်နဲ့
နောင်တကင်းကင်း ရှင်သန်နိုင်ပြီး အိပ်မက်တိုင်းလည်း အကောင်အထည်ဖော်နိုင်ပါစေလို့...
🎁 ZAE Family မှ နှလုံးသားအပြည့်နဲ့
မွေးနေ့ဆုမွန်ကောင်းများ တောင်းပေးလိုက်ရပါတယ်ရှင့်။ 💙🎂
Telegram Channel link
https://t.me/ZIEACADEMY
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Thiri_Shun_BD_Wish
#contentwriter_Yoon
#graphicdesign_Jyam
#Zie_Academy
#ZAE
