ch
Feedback
ZIE ACADEMY

ZIE ACADEMY

前往频道在 Telegram

Since~25.7.2022

显示更多
9 592
订阅者
-324 小时
-27 天
-5030 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
九月 '26
九月 '26
+27
在0个频道中
八月 '26
+106
在0个频道中
Get PRO
七月 '26
+76
在1个频道中
Get PRO
六月 '26
+139
在0个频道中
Get PRO
五月 '26
+137
在0个频道中
Get PRO
四月 '26
+115
在0个频道中
Get PRO
三月 '26
+15
在0个频道中
Get PRO
二月 '26
+60
在1个频道中
Get PRO
一月 '26
+62
在0个频道中
Get PRO
十二月 '25
+93
在0个频道中
Get PRO
十一月 '25
+124
在1个频道中
Get PRO
十月 '25
+130
在2个频道中
Get PRO
九月 '25
+102
在1个频道中
Get PRO
八月 '25
+199
在1个频道中
Get PRO
七月 '25
+580
在2个频道中
Get PRO
六月 '25
+1 128
在1个频道中
Get PRO
五月 '25
+1 830
在2个频道中
Get PRO
四月 '25
+60
在7个频道中
Get PRO
三月 '25
+186
在9个频道中
Get PRO
二月 '25
+188
在2个频道中
Get PRO
一月 '25
+303
在6个频道中
Get PRO
十二月 '24
+469
在3个频道中
Get PRO
十一月 '24
+1 264
在1个频道中
Get PRO
十月 '24
+128
在0个频道中
Get PRO
九月 '24
+281
在0个频道中
Get PRO
八月 '24
+342
在1个频道中
Get PRO
七月 '24
+387
在1个频道中
Get PRO
六月 '24
+562
在2个频道中
Get PRO
五月 '24
+588
在18个频道中
Get PRO
四月 '24
+485
在22个频道中
Get PRO
三月 '24
+604
在21个频道中
Get PRO
二月 '24
+444
在18个频道中
Get PRO
一月 '24
+622
在23个频道中
Get PRO
十二月 '23
+663
在23个频道中
Get PRO
十一月 '23
+288
在39个频道中
Get PRO
十月 '23
+152
在40个频道中
Get PRO
九月 '23
+53
在0个频道中
Get PRO
八月 '23
+34
在0个频道中
Get PRO
七月 '23
+77
在0个频道中
Get PRO
六月 '23
+59
在0个频道中
Get PRO
五月 '23
+57
在0个频道中
Get PRO
四月 '23
+73
在0个频道中
Get PRO
三月 '23
+26
在0个频道中
Get PRO
二月 '23
+60
在0个频道中
Get PRO
一月 '23
+22
在0个频道中
Get PRO
十二月 '22
+64
在0个频道中
Get PRO
十一月 '22
+37
在0个频道中
Get PRO
十月 '22
+72
在0个频道中
Get PRO
九月 '22
+327
在0个频道中
日期
订阅者增长
提及
频道
07 九月0
06 九月+9
05 九月+2
04 九月+8
03 九月+2
02 九月+3
01 九月+3
频道帖子
Septemberလအတွက် အတန်းအသစ်လေးတွေနဲ့အတူ Academiesလေးတို့အတွက် Zie Academy ပြန်လာပါပြီ။👀🚨 စာရင်းပေးသွင်း တက်ရောက်နိုင်မယ့်အတန်းလေးတွေကတော့...📋 🇬🇧English Classes Tr Name : Tr Cindy Level : A2 to B2 Course : Writing Starting date : 14.9.2026 Time : (7:00 to 8:00p.m.) (Tuesday/Wednesday) Duration : 1 month Platform : Zoom Students limit : - Age limitation : Above 10 Main Rules: - Tr Name : Tr Aurelia Level : A1,A2 Course : Speaking Starting date : 12.9.26 Time : (3:00-5:00p.m.) (Sat/Sun) Duration : 2 months Platform : Zoom Students limit : Age limitation : above 10 Main Rules: Students must keep their camera on throughout the online session.📷 Tr Name : Sayar Arkar Level : English Grammar and listening (A2 ) Course : Essential Grammar in Use and extra English Grammar from Cambridge Grammar for IELTS Starting date : 15.9.2026(Tue) Time : (8:00p.m.) (Tue,Thu,Sat) (Sunday zoom class) Duration : 2 months Platform : video class Students limit : 10 Age limitation : above 10 Main Rules: 1.please watch the video carefully.🎥 2.Students must be polite in  class and must not argue with each other🚫 3.Students must do homework regularly after watching the video.📝 4.If you haven't finished exercise, you must inform the class teacher. 🇰🇷Korean Class Tr Name : Tr Yul Dan Level : 1-1, 1-2 Course : Yonsei Starting date : 14.9.2026 Time : 7:00 p.m. - 8:30 p.m. ( Mon,Tue,Wed,Thu) Duration : 3 months Platform : Zoom and Google Meet Students limit : 20 Age limitation : none Main Rules: (Basic ပြီးထားသူဖြစ်ရပါမယ်)** အတန်းထဲတက်တက်ကြွကြွရှိရပါမယ်။ အချင်းချင်းလေးစားမှုရှိရပြီး အိမ်စာပုံမှန်ထပ်ရပါမယ်။ အတန်းမှန်ရပါမယ်။📍 🇯🇵Japanese Class Tr Name : Tr Mel Level : N5 Basic Starting date : 16.9.2026 Time :(7:00 to 8:00 p.m.) (only Wed) Duration : 2 month Platform : Zoom Students limit : 20 Age limitation : Above 14 Main Rules: be active ===== Zie Academyရဲ့ အတန်းလေးတွေကတော့ သင်တန်းကြေး 100% freeဖြစ်ပါတယ်။✅ Academiesလေးတို့ အနေနဲ့ မိမိတကယ် တက်ရောက်ချင်တဲ့အတန်းကိုသာ စာရင်းပေးသွင်းပြီး အတန်းပြီးဆုံးသည်ထိ‌တက်ရောက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။🙏💐 အတန်းအပ်ရန်ကတော့... နာမည် အသက် မိမိတက်လိုသည့်အတန်း အတန်းပြီးဆုံးသည်ထိတက်နိုင်/မတက်နိုင် စတဲ့ အချက်အလက်လေးတွေကို Zie Academyရဲ့ Official Telegram Accountကို ပေးပို့ပြီး စာရင်းသွင်းနိုင်ပါတယ်။📬 တစ်ချို့ အတန်းလေးတွေက လူဦးရေအကန့်အသက်ရှိတာမို့ အခုပဲမြန်မြန်‌စာရင်းသွင်းလိုက်ကြတော့နော်။💡 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Batch_17_Class_Announcement #contentwriter_Aurora #graphicdesign_Hureen #Zie_Academy #ZAE

2
+5
没有文字...
208
3
🚬 “ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်တဲ့အချိန်မှာ… ကိုယ့်ကျန်းမာရေးကိုပါ တစ်စိတ်တစ်ပိုင်း မီးရှို့နေမိတယ်ဆိုတာ သိပါသလား...." ဆေးလိပ်တစ်လိပ်က ခဏလေးပဲ ကြာပါတယ်။ မီးခိုးကလည်း လေထဲမှာ ပျောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီခဏလေးအတွက် ပေးဆပ်ရနိုင်တဲ့ အကျိုးဆက်တွေကတော့ ခဏလေးနဲ့ ပျောက်မသွားနိုင်ပါဘူး။ “တစ်လိပ်လောက်ပဲ…” ဆိုတဲ့ စကားကနေ စတင်ခဲ့တဲ့အရာဟာ တဖြည်းဖြည်းနဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။😞 ပြီးတော့ တစ်ချိန်မှာ— ကိုယ်က ဆေးလိပ်ကို ရွေးချယ်နေတာလား၊ ဆေးလိပ်က ကိုယ့်ကို ရွေးချယ်ထားတာလားဆိုတာတောင် မသိနိုင်တော့ပါဘူး။ မီးခိုးက ပျောက်သွားတယ်။ အနံ့က ပျောက်သွားတယ်။ ဒါပေမဲ့ ကိုယ်ပေးလိုက်ရတဲ့ ကျန်းမာရေးတန်ဖိုးကတော့ အမြဲတမ်း ပြန်မရနိုင်တော့ပါဘူး.....💀 🚭ဒါ့ကြောင့် ဆေးလိပ်တစ်လိပ်မီးညှိဖို့ မဆုံးဖြတ်ခင် ကိုယ်ဆုံးရှုံးနိုင်တာတွေကို တစ်ခါလောက် ပြန်စဉ်းစားကြည့်ပါ။ ဆေးလိပ်သောက်ခြင်းဟာ— _ အဆုတ်ကို ထိခိုက်စေနိုင်တယ်။ _ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တယ်။ _ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်။ _နီကိုတင်းကြောင့် စွဲလမ်းမှု ဖြစ်စေနိုင်တယ်။ _အနီးအနားက လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်။👥 တစ်လိပ်ပြီး တစ်လိပ်… မီးခိုးတွေက ပျောက်သွားပေမယ့် အန္တရာယ်တွေကတော့ စုပုံလာနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ဆေးလိပ်တစ်လိပ်ကို မီးညှိမယ့်အချိန်မှာ— “ဒီတစ်လိပ်က ငါ့အတွက် တကယ်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းလေးကို အရင်မေးကြည့်စေချင်ပါတယ်........🤍 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Stop_Smoking #contentwriter_Yadanar #graphicdesign_Chaw #Zie_Academy #ZAE
492
4
没有文字...
418
5
안녕하세요!! 여러분.......✨ အမြဲတမ်း စာအုပ်ထဲမှာပဲ ပါတဲ့ စကားလုံးတွေကို စကားပြောတဲ့နေရာမှာ သုံးနေတုန်းပဲလား 🤔 ဒါဆိုရင်တော့ တကယ့်လက်တွေ့မှာ အပြောများတဲ့ စကားလုံးလေးတွေကို ဒီနေ့ မျှဝေပေးသွားပါမယ်နော် 👀 စာအုပ်ထဲမှာ မသင်ရတဲ့ ကိုရီးယားစာကို ဂျူယောင်းနဲ့တူတူလေ့လာကြည့်ရအောင် 😉 ↓ ↓ ↓ □동문서답하다 - စကားလမ်းကြောင်းလွှဲသည်🔀 A: 오늘 몇 시에 만날까? ဒီနေ့ ဘယ်ချိန်တွေ့ကြမလဲ B: 나 오늘 점심에 비빔밥 먹었어. ငါ ဒီနေ့ နေ့လယ်စာကို ထမင်းသုပ်စားခဲ့တယ် A: 왜 자꾸 동문서답해? 시간 물어봤잖아! ဘာလို့ ခဏခဏ စကားလမ်းကြောင်းလွှဲနေတာလဲ ? အချိန်မေးနေတာကို! □메롱하다 - လျှာထုတ်ပြောင်သည်😝 메롱메롱 ဆိုပြီးလဲ အချင်းချင်းစာပို့တဲ့အခါ သုံးလို့ရပါတယ်📱 □흥얼거리다 - သီချင်းညည်းသည်🎶 운전하면서 좋아하는 음악을 흥얼거리는 게 내 취미야. ကားမောင်းရင်း ငါကြိုက်တဲ့ သီချင်းကို ညည်းရတာ ဝါသနာပဲ □N빵 하자! - အကုန်တူတူစုရှင်းရအောင်💰 A: 이번 여행 경비는 어떻게 낼까? ဒီတစ်ခေါက် ခရီးစရိတ်ကို ဘယ်လိုပေးကြမလဲ? B: 그냥 깔끔하게 N빵 하자! ဒီတိုင်းရိုးရိုးရှင်းရှင်းပဲ ခွဲရှင်းလိုက်ရအောင်! □얼굴 고쳐라/ 얼굴 고치다 - မျက်နှာပြင်လိုက်စမ်း / မျက်နှာပြင်သည် 👤 내가 몇마다 했다고 얼굴 고쳐라. ငါ ဘယ်နှခွန်းပြောရသေးလို့လဲ မျက်နှာပြင်လိုက်စမ်းး (ကိုယ့်ရဲ့ မျက်နှာမှာ တစ်ခုခုပေနေတာဖြစ်ဖြစ် မိတ်ကပ်လေး ထပ်လိမ်းချင်တာဖြစ်ဖြစ် ပြောတဲ့အခါမှာလဲ သုံးလို့ရပါတယ်)🫶🩵 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Real_life_Korean_Languague #content_by_Tr_Juyoung #graphicdesign_Chan #Zie_Academy #ZAE
628
6
没有文字...
513
7
🗓ဩဂုတ်လထဲမှာ မွေးဖွားလာခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိကြလားဗျ? ဒီလထဲမှာ မွေးတဲ့သူတွေကို ကြည့်လိုက်ရင်...  သူတို့တွေဟာ အပြင်ပန်းမှာ ခန့်ခန့်ထည်ထည် ရှိလှပေမဲ့၊ အတွင်းထဲမှာတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့် နှက်နေတဲ့သူတွေပဲဗျာ။"🧐 August လမှာ မွေးဖွားသူတွေဟာ Leo (ဩဂုတ် ၁-၂၂) နဲ့ Virgo (ဩဂုတ် ၂၃-၃၁) ဆိုပြီး ရာသီခွင်နှစ်ခု ခွဲသွားပေမဲ့... သူတို့ကြားမှာ အံ့ဩစရာကောင်းတဲ့ ပေါင်းစပ်မှုတွေ ရှိနေတယ်ဗျ။🔁 ဒါဆို August Born တွေထဲက Leo နဲ့ Virgo တွေမှာ ဘာတွေထူးခြားလဲ? ♌ Leo တွေဟာ ကိုယ့်ဘဝရဲ့အလင်းကို ကိုယ် ဖန်တီးချင်သူတွေ ပြောလို့ရပါတယ်။ August အစပိုင်းမှာ မွေးဖွားသူတွေထဲက Leo တွေကို Astrology အရ ယုံကြည်မှုရှိသူ၊ တက်ကြွသူ၊ ခေါင်းဆောင်လိုစိတ်ရှိသူ တွေအဖြစ် ဖော်ပြကြပါတယ်။🦁 သူတို့က ကိုယ်လုပ်တဲ့အရာကို တန်ဖိုးထားတတ်ပြီး ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံချင်တတ်ပါတယ်။ ချစ်တဲ့သူတွေအပေါ်မှာလည်း ရက်ရောပြီး ကာကွယ်ပေးချင်တဲ့စိတ် ရှိတတ်ပါတယ်။🩵 ဒါပေမဲ့ တစ်ဖက်မှာတော့ ကိုယ့်အမြင်ကို အရမ်းယုံကြည်မိတာ၊ ဝေဖန်ခံရတာကို မကြိုက်တာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်းတဲ့အခါ အတ္တကြီးသလို ဖြစ်သွားနိုင်တာ တွေလည်း ရှိနိုင်ပါတယ်။✨ ===== ဒါဆို ♍ Virgo တွေကျတော့ ကိုယ့်ကိုယ်ကို အမြဲ Upgrade လုပ်နေသူတွေပါ။ August လကုန်ပိုင်းမှာ မွေးဖွားသူတွေထဲက Virgo တွေကိုတော့ Astrology အရ အသေးစိတ်ဂရုစိုက်တတ်သူ၊ စနစ်တကျရှိသူ၊ တာဝန်ယူတတ်သူ တွေအဖြစ် ဖော်ပြကြပါတယ်။ တစ်ခုခုလုပ်တဲ့အခါ “ပြီးရင်ပြီးရော”ဆိုတာထက်“ဒီထက်ပိုကောင်းအောင် ဘာလုပ်လို့ရသေးလဲ?” ဆိုပြီး ပြန်စဉ်းစားတတ်တဲ့သူမျိုးပါ။🧠 ဒါပေမဲ့ အဲ့ဒီအားသာချက်က တစ်ခါတလေ ကိုယ့်ကိုယ်ကို အရမ်းဝေဖန်မိတာ၊ Perfect ဖြစ်ချင်လွန်းတာနဲ့ Overthinking ဖြစ်တာ တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ♌ VS ♍ —ဘယ်လိုကွာလဲ? Leo တွေဟာ “ငါလုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ကိုတိုးချင်တဲ့သူပါ။ Virgo တွေကတော့ “ငါဒီထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်” ပြီး ကိုယ့်ကိုယ်ကို ပြန်ပြင်တတ်တဲ့သူ။ တစ်ယောက်က Confidence နဲ့ ထင်ရှားချင်တယ်။တစ်ယောက်က Improvement နဲ့ ပိုကောင်းလာချင်တယ်။📈 ဒါပေမဲ့ နှစ်ယောက်စလုံးမှာ တူညီတာတွေလဲ ရှိပါတယ်။ပထမတစ်ခုကကိုယ့်ဘဝကို ကိုယ့်ပုံစံနဲ့တိုးတက်အောင်လုပ်ချင်တဲ့စိတ်ပါပဲ။📍 ဒုတိယတစ်ခုက အချစ်နှင့် သစ္စာပါ။ ချစ်လိုက်ရင် စက်ရုပ်လို မဟုတ်ဘဲ အသည်းနှလုံးရော ဘဝပါ ပေးဆပ်ချစ်တတ်ကြတာပါပဲ။ ဥပမာ ကျွန်တော့်လိုပေါ့ဗျာ🤪။ 🧠 ဒါပေမဲ့ တစ်ခုတော့ မမေ့သင့်ဘူးဗျ။ Zodiac Sign တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ Personality ကို အပြည့်အဝ သတ်မှတ်လို့မရပါဘူး။ လူတစ်ယောက် ဘယ်လိုလူဖြစ်လာလဲဆိုတာမှာ မိသားစု၊ ပတ်ဝန်းကျင်၊ အတွေ့အကြုံ၊ ရွေးချယ်မှုနဲ့ ကိုယ်တိုင်တည်ဆောက်လာတဲ့ အကျင့်တွေ ကလည်း အများကြီးသက်ရောက်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာကို ကိုယ့်ကိုယ်ကို ပြန်သိဖို့အတွက် Fun Reflection တစ်ခုလိုပဲ ဖတ်ကြည့်တာ ပိုကောင်းပါတယ်။ ❤️ August Born တွေထဲက Leo ♌ နဲ့ Virgo ♍ တို့ရေ… ဒီထဲက ဘယ်အချက်တွေက ကိုယ့်အကြောင်းကို တကယ်ပြောနေသလို ခံစားရလဲ? Comment မှာ “Leo ♌” / “Virgo ♍” လို့ ပြောခဲ့ပါဦး။ ကိုယ့်ရဲ့သူငယ်ချင်း August Born တစ်ယောက်ရှိရင်လည်း ဒီ Post လေးကို Share လုပ်ပြီး သူနဲ့တိုက်ကြည့်လိုက်ဦးနော်။ 👀🔥 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Things_About_August_Born #contentwriter_Jim #graphicdesign_Adley #Zie_Academy #ZAE
887
8
没有文字...
714
9
September လမှာ အတန်းဖွင့်ဖို့ရှိပါတယ်ရှင့် အဲဒါကြောင့် ဘာအတန်းလေးတွေ ဖွင့်စေချင်ကြလဲ သိချင်ပါတယ်ရှင် 👀 #Zie_Academy #ZAE
1 001
10
✨ဒီနေ့လေးမှာ Virgo လေးတစ်ယောက်ရဲ့ မွေးနေ့လေးရှိနေတယ်နော်။ 🎂 မွေးနေ့ကိတ် ကျွေးမလား မကျွေးဘူးလား ပြောစမ်း။ စတာ စတာ မင်တို့ရဲ့ ZAE မှ မွေးနေ့ ဆုတောင်းစကားလေးတွေ ယူဆောင်လာပါတယ်။✨ Aug 29th မှာ ကျရောက်တဲ့ English Teacher လေး Arkar Pyae Phyo ရှင် happy birthday ပါနော်။ 🎉 မွေးနေ့ မှစ၍ သက်ဆုံးတိုင်ပျော်"ရွှင်"ဖြတ်သန်းရပါစေ။ ချစ်ရသူတွေနဲ့ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းရပါစေ။ မိဘကိုသိတတ်တဲ့ လိမ္မာတဲ့ ကလေးလေး ဖြစ်ပါစေ။ ရည်မှန်းချက်ပန်းတိုင်တွေလည်း မျှော်လင့်ထားသလောက်အကောင်းဆုံးတွေဖြစ်မြောက်ပါစေ။ ချစ်ရတဲ့လက်တွဲဖော်လေး‌ ပိုင်ဆောင်နိုင်ပါစေ လို့ ZAE မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်။ 🍀 Happy birthday pr Keep shining always! 🌟 May your days be brighter, your heart be happier. 🌈 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Arkar_Pyae_Phyoe_BD_Wish #contentwriter_Yoon #graphicdesign_Hureen #Zie_Academy #ZAE
1 047
11
没有文字...
965
12
Honest Review for Study Resources✨🔖 ဒီနေ့မှာတော့ ဘာသာစကားလေ့လာရတာကို သဘောကျတဲ့ Academies လေးတို့အတွက်  အဆင်ပြေစေမယ့် Resourcesကောင်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။👀 📍1. POC English :စာလေ့လာနေတယ်လို့ မထင်ရလောက်အောင် funဖြစ်လွန်းတာမို့ ပေါ့ပေါ့ပါးပါးလေ့လာချင်တဲ့ learnerလေးတို့အတွက် သင့်တော်မယ့် channel လေး တစ်ခုဖြစ်ပါတယ်။ သဘောကျဆုံး channel လေးတစ်ခုပေါ့....🍓 📍2. Speak English with Tiffani :ဒီchannelလေးကတော့ energetic vibe လေးရသလို ခံစားရစေပြီး စာလေ့လာဖို့ moti အပြည့်ဖြစ်လာစေပါတယ်။💪 📍3.Zoe.languages : native speaker တစ်ယောက်မဟုတ်ပေမဲ့ Zoeရဲ့ native တစ်ယောက်လို ပြောနိုင်နေတာ က Learnerလေး တို့အတွက် motivation ဖြစ်စေမှာပါ။ကျွန်‌တော့်ကို Engလိုများများ တွေးတတ်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ channel လေးဆိုလည်း မမှားပါဘူး။🧠 📍4.Useless.Clout :စာလေ့လာရင်း 🎶သီချင်းနားထောင်ရတာကြိုက်တဲ့ သူလေးတွေအတွက် ဒီchannelလေးက တော့ playlist လေးတစ်ခုဖွင့်ထားလေ့ ရှိပါတယ်။relaxလည်း ဖြစ်စေသလို timerမှတ်ထား သလိုလည်း ဖြစ်စေတာမို့ တကယ့်ကို အသုံးဝင်တဲ့ channel လေးပေါ့။⏰ 📍5. British Council :ဒီappလေးကတော့ အားလုံးသိတဲ့အတိုင်း ကိုယ့်ရဲ့ English level ကို စစ်ဆေးရာမှာ အလွန်အသုံးဝင်တဲ့ appလေး ဖြစ်ပါတယ်။ English Self-study လုပ်နေတဲ့သူတွေလက်ထဲ မရှိမဖြစ်ရှိထားသင့်တဲ့ Must-have appလေးတစ်ခုပေါ့။💯 📍6: Olive Myanmar :လူသားပီပီ Energy တွေdownလာတိုင်း ကျွန်တော်ကတော့ မOliveဆီ ပြေးရတာပါပဲ။မOliveကို အားလုံးသိကြမှာမို့ Review တွေ ရှည်ရှည်ဝေးဝေးမပေးတော့ပါဘူး။✨🩵 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #English_Learning_Channels #contentwriter_Yadanar #graphicdesign_Chan #Zie_Academy #ZAE
1 390
13
没有文字...
1 032
14
တိတ်ဆိတ်လွန်းတဲ့ ညဉ့်နက်ပိုင်းတွေမှာ မျက်ရည်တစ်စက်က ပါးပြင်ပေါ် စိမ့်ကျလာတဲ့အခါ "ငါ ဘာလို့ ဒီလောက်တောင် ခံစားလွယ်ရတာလဲ" ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိဖူးပါသလား......🤔 ကျွန်တော်တို့တွေဟာ "မငိုနဲ့၊ သန်မာရမယ်" ဆိုတဲ့ စကားလုံးတွေအောက်မှာ ခံစားချက်တွေကို အတင်းဖိသိပ်ရင်းနဲ့ပဲ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ခဲ့ကြရတယ်။ ဒါပေမဲ့ စာရေးဆရာ သော်တာမင်း ရေးသားထားတဲ့ "မျက်ရည်လွယ်သောသူများ ဖတ်ဖို့"📖 ဆိုတဲ့ စာအုပ်လေးကတော့ ကျွန်တော်တို့ကို လုံးဝခြားနားတဲ့ စကားတစ်ခွန်းကို တီးတိုးရေရွတ်ပြလိုက်ပါတယ်။ "ငိုတာဟာ အားနည်းတာ မဟုတ်ပါဘူး၊ ခံစားလွယ်တာဟာလည်း အပြစ်မဟုတ်ပါဘူး" တဲ့..🤍 💧စာအုပ်မျက်နှာဖုံးပေါ်က "မျက်ရည်တွေမှာလည်း သူတန်ဖိုးနဲ့သူ ရှိပါတယ်၊ မျက်ရည်တွေကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့" ဆိုတဲ့ စကားလေးအတိုင်းပါပဲ၊ ကိုယ့်မျက်ရည်တစ်စက်စီတိုင်းမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးရှိကြောင်းကို စာရေးသူက နွေးထွေးစွာ ပြောပြပေးထားပါတယ်✨ စာမျက်နှာလေးတွေကို လှန်လိုက်တိုင်းမှာ ကိုယ့်ရဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေကို အရှိအတိုင်း နားလည်ပေးမယ့် မိတ်ဆွေကောင်းတစ်ယောက် ဘေးမှာ အဖော်ပြုပေးနေသလို ခံစားရစေမှာ အသေချာဖြစ်သလို နာကျင်စရာတွေကိုလည်း အတင်းအကျပ် မေ့ပစ်ခိုင်းတာမျိုး မဟုတ်ဘဲ၊ ခံစားချက်တွေကို သဘာဝအတိုင်း လက်ခံရင်း ဘဝကို အေးချမ်းစွာနဲ့ ဘယ်လို ရှေ့ဆက်မလဲဆိုတာကို လမ်းပြပေးထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်....🩵 တကယ်လို့ သင်ဟာ စိတ်ထဲမှာ တစ်ခုခု လေးလံနေတာမျိုး၊ ဒါမှမဟုတ် လူတွေကြားထဲမှာ တစ်ယောက်တည်း ရောက်နေသလိုမျိုး အထီးကျန်နေတယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်...✨📘 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Book_Review #contentwriter_Yadanar #graphicdesign_Chaw #Zie_Academy #ZAE
1 359
15
没有文字...
1 021
16
Hello 👋 สวัสดีค่ะ ทุกคน 🤗 ZIE Academy မှာ Thai Instructor အဖြစ်တာဝန်ယူနေတဲ့ Nadia ပါရှင့် ไม่ได้เจอกันนานนะ ทุกคนสบายดีไหมคะ မတွေ့တာကြာပြီနော် နေကောင်းကြရဲ့လား 💗 ပြည့်ပြည့်တို့လို ထိုင်းစာလေ့လာနေသူတွေအတွက် အသုံးဝင်မယ့် ( ให้ ပေးသည်၊ခိုင်းသည် ) ဆိုတဲ့ စကားလုံးလေးကို ဘယ်လိုပုံစံမျိုးနဲ့ စာကြောင်းတည်‌ဆောက်ရာမှာ သုံးလို့ရလဲဆိုတာ အတူတူလေ့လာကြရအောင် 🏆 🫟 ให้ + N ... ကိုပေးသည် Eg: ซื้อดอกไม้ให้แฟน ချစ်သူအတွက်ပန်းဝယ်ပေးတယ်။ 🫟 ให้ + N ... လုပ်ခိုင်း၊လုပ်ခွင့်ပေးတာ၊ ( အလွယ်ဆို ခွင့်ပေး၊ခိုင်းသည် ) Eg: ครูให้เข้าห้องเรียน ဆရာက အတန်းထဲဝင်ခွင့်ပေးတယ်။ ให้ + คน + Verb ...ကိုခိုင်းသည်။ Eg: ครูให้นักเรียนอ่านหนังสือ ဆရာက ကျောင်းသားတွေကို စာဖတ်ခိုင်းတယ်။ 🫟 ให้ ဖို့၊အတွက် Eg: กินยาให้หายเร็ว ๆ မြန်မြန်သက်သာဖို့ ဆေးသောက်ပါ။ Eg: ทำการบ้านให้ฉันหน่อย ငါ့အတွက်အိမ်စာလုပ်ပေးပါ။ 🫟 ขอให้ ... ပါစေ Eg: ขอให้โชคดี ကံကောင်းပါစေ 🫟 ทำให้ ...စေ၊ဖြစ်စေသည်။ ( လုပ်ပေးသည်။ context အရ ) Eg:เพลงนี้ทำให้ฉันคิดถึงบ้าน ဒီသီချင်းက ငါ့ကို အိမ်ကို သတိရစေတယ် Eg: แม่ทำให้เราหัวเราะ အမေကငါတို့ကိုရယ်အောင်လုပ်ပေးတယ် 🫟 ให้หน่อย ... ပေးပါအုံး เปิดประตูให้หน่อย တံခါးဖွင့်ပေးပါအုံး ကဲ... ဒါကတော့ ပြည့်ပြည့်လေ့လာထားရသလောက်၊ သိထားသလောက် ให้ အသုံးပြုနည်း pattern တချို့ပါရှင် 🎯 တကယ့်လက်တွေ့ဘဝမှာတော့၊ပြောဆိုဆက်ဆံရေးတွေမှာတော့ ပြည့်ပြောပြခဲ့တာထက် အသုံးပြုပုံ‌‌တွေက အများကြီးကျယ်ပြန့်နေမှာပါ 🌠 ဒီထက်ပိုပြီး သုံးလို့ရတဲ့နည်းလေးတွေ သိရင်လည်း sharing လုပ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင် 🎀 See You Later, Alligator 🐊 မလုပ်ခင် ပြည့်ခုပြောပြသွားတဲ့ patterns တွေနဲ့ comment မှာ ဝါကျတစ်ကြောင်းစီ တည်ဆောက်ပြီးတော့  အိမ်စာလုပ်ခဲ့ပေးကြပါအုံးနော် 🌸 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Thai_Grammer_Patterns #content_by_Tr_Nadia #graphicdesign_Hureen #Zie_Academy #ZAE
1 357
17
没有文字...
983
18
“စာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားပြီ… ဒါပေမဲ့ Review ရေးမယ်ဆို ဘယ်ကစရေးရမလဲ?” 📝 ဒါဆို စာအုပ်တစ်အုပ်ဖတ်ပြီး“ကောင်းတယ်”၊ “မကောင်းဘူး” လို့ပြောရုံနဲ့ရော Book Review တစ်ခုဖြစ်ပြီလား? မဖြစ်သေးပါဘူး။📚 ဒီနေ့တော့  Book Review ကောင်းလေးတွေ ရေးနိုင်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာကို ဒီcontent လေးထဲမှာ လေ့လာကြည့်ရအောင်ဗျာ။ 👀 Book Review ဆိုတာ စာအုပ်အကြောင်းကို ပြန်ပြောပြတာထက်ပိုပါတယ်။စာအုပ်တစ် အုပ်ကို ဖတ်ပြီးနောက် ဘာတွေသိလာလဲ၊ ဘာတွေခံစားရလဲ၊ စာရေးသူက ဘာကိုပြောချင်တာလဲ၊ ကိုယ့်အမြင်မှာ ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို စာဖတ်သူနားလည်အောင် ပြန်လည်မျှဝေပေးတာပါ။🔁 ဒါကြောင့် Book Review တစ်ခုရေးမယ်ဆိုရင် ဒီအချက်တွေကို မမေ့သင့်ပါဘူး။📌 ၁။ 📖 စာအုပ်အမည်နဲ့ စာရေးသူ    •  စာအုပ်အမည် စာရေးသူ ဘာသာပြန်စာအုပ်ဆိုရင် မူရင်းစာရေးသူနဲ့ ဘာသာပြန်သူ စတာတွေကို ဖော်ပြပေးသင့်ပါတယ်။ ဒါက စာဖတ်သူအတွက် “ဘယ်စာအုပ်ကို ပြောနေတာလဲ” ဆိုတာ ရှင်းသွားစေပါတယ်။✨ ၂။ 🎯 စာအုပ်ရဲ့ အဓိကအကြောင်းအရာ စာအုပ်ထဲမှာ ဘာအကြောင်းကို အဓိကပြောထားတာလဲ? ဥပမာ— ဒီစာအုပ်က လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းလား။ အတ္ထုပ္ပတ္တိလား။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့လား။ သမိုင်းအကြောင်းလား။ လူမှုဘဝအကြောင်းလား။ စာအုပ်ရဲ့ Main Idea ကို စာဖတ်သူက နားလည်အောင် ပြောပြဖို့လိုပါတယ်။ ၃။ ✍️ စာအုပ်အကြောင်း အကျဉ်းချုပ် စာအုပ်တစ်အုပ်လုံးကို ပြန်ရေးပြစရာမလိုပါဘူး။ အဓိကအကြောင်းအရာကို Spoiler မဖြစ်အောင် အကျဉ်းချုပ်ပေးရပါမယ်။⭕️ စာဖတ်သူက Review ကိုဖတ်ပြီး— “ဪ… ဒီစာအုပ်က ဒီအကြောင်းကို ပြောထားတာပါလား” ဆိုတာလောက် သိသွားရင် အဆင်ပြေပါတယ်။ ၄။ 📍ကိုယ့်အတွက် အရေးကြီးဆုံး အချက်တွေပါ။ ဒါက Book Review ရဲ့ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုပါ။ စာအုပ်ထဲမှာ ကိုယ့်ကို အတွေးအများကြီးရစေခဲ့တဲ့အရာတွေ၊ အသိပညာအသစ်ရစေတဲ့အရာတွေ၊ အထူးသဖြင့် သဘောကျခဲ့တဲ့ အယူအဆတွေကို ရွေးပြီး ပြောပြပါ။🔖 “စာအုပ်က ဒီလိုပြောထားတယ်” ဆိုတာထက် “ဒီအချက်ကို ကျွန်တော်/ကျွန်မ ဘာကြောင့် သဘောကျတာလဲ?” ဆိုတာ ထည့်ရေးရင် Review က ပိုအသက်ဝင်လာပါတယ်။🪄 ၅။ 🧠 ကိုယ့်အမြင်ကို ထည့်ပါ။ Book Review ဆိုတာ စာအုပ်အကြောင်း ပြန်ပြောပြတဲ့ Summary မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမြင် ခံစားချက် သဘောတူ/မတူတဲ့အချက် အားသာချက် အားနည်းချက် တွေကိုလည်း ထည့်ရေးသင့်ပါတယ်။✍ ဥပမာ— “စာရေးသူရဲ့ ဒီအမြင်ကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ ဒီအချက်မှာတော့ လက်တွေ့ဘဝနဲ့ နည်းနည်းကွာခြားတယ်လို့ ခံစားရပါတယ်။” ဒီလိုရေးလိုက်ရင် Review က ကိုယ့်အသံ ရှိလာပါပြီ။ ၆။ ⭐ ဘယ်သူတွေအတွက် ဖတ်သင့်လဲ။ ဒါလည်း အရမ်းအသုံးဝင်ပါတယ်။ ဥပမာ— “ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ချင်တဲ့သူတွေ၊ စိတ်ပညာကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီစာအုပ်ကို အထူးအကြံပြုချင်ပါတယ်။” ဒါဆို စာဖတ်သူက “ဒီစာအုပ်က ငါ့အတွက် သင့်တော်လား” ဆိုတာ ဆုံးဖြတ်လို့ရသွားပါတယ်။ ၇။ 📌 နောက်ဆုံးမှာကကိုယ့်ရဲ့ Recommendationပါ။ အဆုံးမှာတော့— “ဒီစာအုပ်ကို ဖတ်သင့်တယ် / မဖတ်သင့်ဘူး” ဆိုတာကို အကြောင်းပြချက်နဲ့အတူ ပြောပေးပါ။ ဒါဆို Book Review ကောင်း တစ်ခုမှာဘာက အရေးကြီးဆုံးလဲဆိုရင် စာအုပ်ကို မိတ်ဆက်ပေးခြင်း၊စာအုပ်ရဲ့အကြောင်းအရာကို နားလည်အောင်ပြောပြခြင်း၊ ကိုယ့်အမြင်ကို မျှဝေခြင်းအပြင် နောက်ဆုံးမှာ စာဖတ်သူကို “ဒီစာအုပ်ကို ဖတ်ကြည့်ချင်တယ်” ဆိုတဲ့ စိတ်ဝင်စားမှု ကို ပေးနိုင်ရပါမယ်။🫶 အဲ့ဒါကြောင့်— Book Review ဆိုတာ စာအုပ်ကို ပြန်ပြောပြခြင်းမဟုတ်ပါဘူး။ကိုယ်ဖတ်ပြီး ရရှိခဲ့တဲ့ အတွေးအမြင်နဲ့ အတွေ့အကြုံကို စာဖတ်သူတစ် ယောက်ဆီကို ပြန်မျှဝေပေးခြင်းပါဆိုတာကို ပြောပါရစေခင်ဗျာ 📚 ဒီcontent လေးကို ဆရာတော် ဦးဇောတိသာရရဲ့ အောက်ကvideo လေးကို နားထောင်ပြီး ကိုးကားမျှဝေခြင်းဖြစ်ပါတယ်။ https://youtu.be/VIt7han3y60?si=ydLjnVy1lzhKc4Ko Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #How_To_Write_A_Book_Review #contentwriter_Jim #graphicdesign_Chan #Zie_Academy #ZAE
1 345
19
没有文字...
849
20
⏳ခေတ်ကာလတစ်ခုမှာ "Hustle Culture" (အလုပ်များနေမှ အောင်မြင်မယ်ဆိုတဲ့ အယူအဆ) က အရမ်းကို နေရာယူလာခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုဆိုတာ နာရီပေါင်းများစွာ အလုပ်လုပ်နေခြင်းသက်သက်မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လောက်ထိတိုင်အောင် ရေရှည်ထိန်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။💪 ⏱"တစ်နေ့ကို ၂၄ နာရီ ရှိတယ်၊ အဲ့ဒီ ၂၄ နာရီမှာ အလုပ်လုပ်ရမယ်၊ နောက်ထပ် စာဖတ်ရမယ်၊ Networking လုပ်ရမယ်..." ကျွန်မတို့တွေဟာ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို ပြိုင်ကားတစ်စီးလို သဘောထားပြီး အမြန်ဆုံး မောင်းနှင်ဖို့ပဲ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။🙅🏻‍♀ တစ်ခါတလေမှာတော့ အရှိန်ကို လျှော့ချပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အရှိန်လျှော့လိုက်ခြင်းက ကျွန်မတို့ကို ပိုဝေးတဲ့နေရာကို ရောက်အောင် ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။✨ ဒီနေ့ National Relaxation Day မှာ ကျွန်မ academies‌ လေးတို့တွေ အားလုံးကို မေးခွန်းထုတ်ကြည့်စေချင်ပါတယ်။ "နောက်ဆုံးအကြိမ် ကိုယ် တကယ်ကို အေးချမ်းစွာ အနားယူခဲ့တာ ဘယ်တုန်းကလဲ?"🤔 😌အနားယူခြင်းဆိုတာ "အလုပ်လုပ်ပြီးမှ ရမယ့် ဆုလာဘ်" မဟုတ်ပါဘူး။ အဲ့ဒါဟာ ကိုယ် အသက်ရှင်သန်ဖို့၊ အလုပ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တစ်ခုပါ။ စိတ်ဖိစီးမှုတွေ၊ တာဝန်တွေကြားမှာ ပိတ်မိနေတဲ့အခါ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ဟာ လောင်စာဆီကုန်ခမ်းသွားတဲ့ စက်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။🪫 ဒါကြောင့် ဒီနေ့မှာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ပါ။ - Social Media ပေါ်က "အောင်မြင်သူတွေရဲ့ ပုံရိပ်" တွေကို ကြည့်နေမယ့်အစား၊ ကိုယ့်ရဲ့ အေးချမ်းတဲ့ ကမ္ဘာလေးထဲမှာပဲ အချိန်ဖြုန်းပါ။☘ - Social Mediaကနေ breakလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ချစ်တဲ့အရာတွေအပေါ်မှာ အချိန်ပေးကြည့်ပါ။🫶 - ဘာမှမလုပ်ဘဲ အချိန်ကုန်ဆုံးခြင်းထက်၊ ကိုယ့်ရဲ့ စိတ်ကို လန်းဆန်းစေမယ့် အလုပ်တစ်ခုခုကို လုပ်ဆောင်ပါ။🩵 - ပြီးခဲ့တဲ့အချိန်ကာလ‌အတွင်း ကိုယ့်ရဲ့ တိုးတက်မှုကို ပြန်ကြည့်ပြီး၊ နောက်တစ်ဆင့်အတွက် အားမွေးပါ။📈 - မနက်ဖြန်အတွက် စိုးရိမ်နေမယ့်အစား၊ ဒီနေ့ရဲ့ လေညင်းလေးနဲ့ ကော်ဖီတစ်ခွက်ကို အာရုံစိုက်ပါ။🍃 - ကိုယ်လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ၊ ကိုယ်ကြိုးစားနိုင်သ‌လောက်အစွမ်းကုန်ကြိုးစားပြီးပြီဆိုတာကို လက်ခံပြီး၊ ကိုယ့်ကိုယ်ကို ချစ်ဖို့ အချိန်ပေးပါ။⏳ အနားယူခြင်းဆိုတာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး။ အဲ့ဒါဟာ မိမိကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင် ပေးအပ်တဲ့ အကောင်းဆုံးသော Investment တစ်ခုပါ။ ဆိုတော့ ဒီနေ့Super Saturday‌ လေးမှာ academies‌ လေးတို့ ဘာလုပ်ပြီး အနားယူကြမလဲ? Academies‌ လေးတို့ရဲ့ အေးချမ်းတဲ့ Ritual လေးတွေကို ကျွန်မတို့ကို ပြောပြပေးပါဦး။👀💐 နောက် contentတွေမှာ ပြန်တွေ့ကြပါမယ်။ Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #National_Relaxation_Day #contentwriter_Aurora #graphicdesign_Chaw #Zie_Academy #ZAE
1 275