ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 450 名订阅者,在 新闻与媒体 类别中位列第 16 808,并在 缅甸 地区排名第 10 269 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 450 名订阅者。

根据 20 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -158,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.57% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 649 次浏览,首日通常累积 523 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 11。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 21 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 450
订阅者
-924 小时
-397 天
-15830 天
帖子存档
ဒီဇယ်ဆီတင်သွင်းမှုအပေါ်အခွန်ကင်းလွတ်ခွင့်ကါလတိုးမြှင့် NOM ဒီဇယ်ဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို၃၀-၁၁-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုအများပြည်သူသို့ အသိပေးကြေညာချက် ၁။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် စက်သုံးဆီ(ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသော မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြု လျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကိုထိန်းညှိပေးရန်လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသောအကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၁-၄-၂၀၂၆ ရက်နေ့မှ၃၀-၉-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယင်းအခွန်ကင်းလွတ်ခွင့်ကာလကို ၁-၁၀-၂၀၂၆ ရက်နေ့မှ ၃၀-၁၁-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ၂။ သို့ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်သည် ၃၀-၁၁-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ် ၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အကျုံးဝင်စေမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
05 11月, 22:04

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံး၏ Chief of Mission Mr.Daihei Mochizuki အား လက်ခံတွေ့ဆုံ နိုဝင်ဘာ ၅၊ ၂၀၂၆ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံး၏ Chief of Mission Mr.Daihei Mochizuki နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ရင်းနှီးပွင့်လင်းဆွေးနွေး တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံအစိုးရများနည်းတူ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ IOM နှင့် ဝန်ကြီးဌာနအကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာမျှော်မှန်းချက်များထားရှိ၍ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Idenity-CI) ထုတ်ပေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်နေမှု၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ဘေးကင်းလုံခြုံပြီး ပုံမှန်စနစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်မြန်မာလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးအပ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုကို ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တက်ရောက် တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ IOM မြန်မာရုံးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
05 11月, 21:33

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိ
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
05 11月, 21:21

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ နိုဝင်ဘာ ၅၊ ၂၀၂၆ အဂတိလိုက်စားမ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ နိုဝင်ဘာ ၅၊ ၂၀၂၆ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကိုတည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု”၊ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် ဟိုပုံးမြို့ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျောင်းသားလူငယ်များဦးဆောင်သည့် စကားဝိုင်းကို ကျင်းပသည်။ အဆိုပါစကားဝိုင်းများတွင် ကျင့်ဝတ်နှင့်ညီသည့်ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏အဓိပ္ပာယ်၊ သဘောသဘာဝနှင့် ဆိုးကျိုးသက်ရောက်မှုများ စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍လည်းကောင်း ကျောင်းသား ကျောင်းသူများကဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)နှင့် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)တို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
05 11月, 20:51

၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်မဲဆန္ဒနယ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ နိုဝင်ဘာလ ၅၊ ၂၀၂၆
+3
၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်မဲဆန္ဒနယ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ နိုဝင်ဘာလ ၅၊ ၂၀၂၆ ၁။     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်မဲဆန္ဒနယ်များအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်‌ ရက်စွဲပါ ကြေညာချက်အမှတ်(၆၈/၂၀၂၆)ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ ၂။     ယင်းမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက်မဲဆန္ဒနယ်များတွင် ကျင်းပမည့် နယ်မြေများစာရင်းအသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
05 11月, 20:35

(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှု
(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက် နိုဝင်ဘာ ၅၊ ၂၀၂၆ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဝန်ကြီးများက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက် မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် (၅)ကြိမ်မြောက်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ၏ အစည်းအဝေးကျင်းပရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအခြေအနေတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ်(၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၆)ဖြင့် အဖွဲ့ဝင်နိုင်ငံများသို့ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို အစည်းအဝေး၏ ရလဒ်အဖြစ် ဖြန့်ဝေခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အခန်းကဏ္ဍနှင့် ဆယ်စုနှစ်တာကာလ အတွင်းရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း၊ အနာဂတ်တွင် စီးပွားရေးပေါင်းစည်း ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသတွင်းလုံခြုံရေး၊ စားရေရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ခေတ်မီစိုက်ပျိုးရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရန် လိုအပ်သည့်အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် သီးခြားတွေ့ဆုံဆွေးနွေး၍ မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့်ကဏ္ဍပေါင်းစုံတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် လူနေမှုဘဝများတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု၏ အထူးရန်ပုံငွေအစီအစဉ်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းပေါင်း ၁၄၀ အတွက် ရန်ပုံငွေ ထောက်ပံ့မှုစုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
05 11月, 20:34

ဓာတ်မြေဩဌာတင်သွင်းမှုအပေါ်အခွန်ကင်းလွတ်ခွင့်ရက်တိုးမြှင့် NOM၊နိုဝင်ဘာ၅၊၂၀၂၆ ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကို၃၀-၁၁-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုအများပြည်သူသို့ အသိပေးကြေညာချက် ၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့်တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၉-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယင်းအခွန်ကင်းလွတ်ခွင့်ကို ၁-၁၀-၂၀၂၆ ရက်နေ့မှ ၃၀-၁၁-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ၂။ သို့ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်သည်၃၀-၁၁-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျုံးဝင်စေမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
05 11月, 12:06

၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သည့်အနေဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ရာထူးမှ နှ
၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သည့်အနေဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ရာထူးမှ နှုတ်ထွက်ဖွယ်ရှိ ဗြိတိန်အခြေစိုက် The Independent သတင်းစာက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Rubio) သည် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်ဖွယ်ရှိကြောင်းသိရသည်။ သတင်းဖော်ပြချက်များအရ ရူဘီယိုအနေဖြင့် အီရန်ပဋိပက္ခ အပါအဝင် ထရန့်အစိုးရအဖွဲ့၏ မူဝါဒများနှင့် ခပ်ခွာခွာ နေရန် လိုအပ်နေခြင်းဖြစ်သည်။ ယင်းသို့ ခပ်ခွာခွာနေခြင်းက ဒုတိယသမ္မတ ဗန့်စ် (Vance) နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော သမ္မတလောင်း ယှဉ်ပြိုင်ပွဲတွင် သူ၏ အခွင့်အလမ်းကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု အဆိုပါသတင်းစာက သုံးသပ်ထားသည်။
05 11月, 12:06

+4
ယနေ့ နိုဝင်ဘာ ၅ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလီမြို့နယ်၊ သဖန်းဆိပ်ရေလှောင်တမံအတွင်း ရွှေမျှောခိုးတူးဖော်နေသည့် KIA/ PDF အကြမ်းဖက်သမားများကို တပ်မတော်ကဗုံးကြဲရှင်းလင်း။
05 11月, 11:58

ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက
+1
ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက် အား အစားထိုးရန် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးနေ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက် (Pete Hegseth) အား အစားထိုးရန် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း CBS News က ဖော်ပြခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ၏ ရလဒ်ဆိုးရွားမှုမှာ အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ် ပါဝင်ပတ်သက်နေမှုကြောင့်ဖြစ်ကြောင်း အများက ယူဆကြပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကလည်း "ကျွန်တော်တို့ ရွေးကောက်ပွဲရှုံးရတဲ့ အကြောင်းအရင်းဟာ စစ်ပွဲကြောင့်ဖြစ်တယ်" ဟု လူသိရှင်ကြား ပြောကြားခဲ့သလို အကြံပေးအချို့ကလည်း ဟက်ဂ်ဆက် လက်အောက်ရှိ စစ်ဘက်ခေါင်းဆောင်ပိုင်းကို အပြစ်တင်လျက်ရှိသည်။ ဟက်ဂ်ဆက်သည် ထိပ်တန်းစစ်အရာရှိ အများအပြားကို ရာထူးမှထုတ်ပယ်ခြင်းနှင့် ပင်တာဂွန်စစ်ဌာနချုပ်၏ ယခင်မူဝါဒများကို ပြောင်းလဲခြင်းအပါအဝင် အပြင်းအထန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သူဖြစ်ရာ ဒီမိုကရက်များဘက်မှ စွပ်စွဲပြစ်တင် စိစစ်မှု (Impeachment) ခြိမ်းခြောက်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာချိန်တွင် ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis) သည် ဟက်ဂ်ဆက်၏ နေရာတွင် အစားထိုးနိုင်သူအဖြစ် ရေပန်းစားလျက်ရှိသော်လည်း အိမ်ဖြူတော်တာဝန်ရှိသူများကမူ ထရန့်အနေဖြင့် ဟက်ဂ်ဆက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။
05 11月, 11:47

အစ္စရေး အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) သည် အမတ် ၅၆ ဦး၏ ထောက်ခံမှု ရရှိခဲ့ပြီး နေတန်ယာဟု ထောက်ခံသည့် အ
+1
အစ္စရေး အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) သည် အမတ် ၅၆ ဦး၏ ထောက်ခံမှု ရရှိခဲ့ပြီး နေတန်ယာဟု ထောက်ခံသည့် အမတ် ၄၆ ဦး ထက် သာလွန်နေသဖြင့် အစိုးရဖွဲ့စည်းရန် ပထမဆုံး လုပ်ပိုင်ခွင့် ရရှိရန် သေချာသလောက် ရှိနေပါသည်။ အာရပ်ပါတီ Ra’am ကလည်း အိုင်ဆန်ကော့အား အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် ထောက်ခံမဲ ပေးခဲ့ခြင်းဖြစ်ပါသည်။
05 11月, 11:37

ပြင်သစ်ရဲတပ်ဖွဲ့မှ လိုင်ယွန်မြို့ရှိ ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပညာရေးအခြေအနေနှင့် ပြည်သူ့ဝန်ဆောင်မှုစရိတ်များ လျှော့ချခံရမှုတို့အပေါ် လူထုက ဆန္ဒပြကန့်ကွက်နေကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ သုံးစွဲနှိမ်နင်းခဲ့ကြပြီး မြေပြင်ပေါ်လဲကျနေသူများကိုပင် နံပါတ်တုတ်များဖြင့် အကြမ်းဖက်ရိုက်နှက်ခဲ့ကြသည်။
05 11月, 11:25

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန
ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား နိုဝင်ဘာ ၄၊ ၂၀၂၆ ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူထားပြီး ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာလူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမည့် ရေဂါလန်ပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာ ကြိုတင်တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တာဝန်ရှိသူများအား မှာကြားသည်။ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ခ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန် စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူဦးဆောင်သော စီမံကိန်းများ ဖော်ဆောင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
05 11月, 11:22

+3
ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီကြေးစားစစ်သားများကို သုတ်သင်ရှင်းလင်းသည့် ရုပ်သံဗီဒီယို။
05 11月, 11:21

အမေရိကန် စတော့စျေးကွက် စံချိန်တင် ကျဆင်း — ၁ နာရီအတွင်း ဒေါ်လာ ၂ ထရီလီယံခန့် ဆုံးရှုံး ၎င်းသည် အမေရိကန် စတော့စျေးကွက် သမိုင်း
အမေရိကန် စတော့စျေးကွက် စံချိန်တင် ကျဆင်း — ၁ နာရီအတွင်း ဒေါ်လာ ၂ ထရီလီယံခန့် ဆုံးရှုံး ၎င်းသည် အမေရိကန် စတော့စျေးကွက် သမိုင်းတွင် စံချိန်တင် အမြန်ဆုံးနှင့် အဆိုးရွားဆုံး ကျဆင်းမှုကြီး ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိမှုကြောင့် နည်းပညာကဏ္ဍ အပေါ် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ပါဝင်လာမည်ကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်လာကြသည့်အတွက် ရှယ်ယာများကို အလုအယက် ပြန်လည်ရောင်းချခဲ့ကြရာ အများစုမှာ နည်းပညာဆိုင်ရာ စတော့ရှယ်ယာများ ကျဆင်းခြင်းဖြစ်သည်။
05 11月, 11:18

အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အာကာသစစ်ရေး သာလွန်မှုကို အီရန် စိန်ခေါ်လာနိုင်ကြောင်း ပင်တဂွန်စိုးရိမ် အီရန်နိုင်ငံ၏ အမေရိကန်စစ
အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အာကာသစစ်ရေး သာလွန်မှုကို အီရန် စိန်ခေါ်လာနိုင်ကြောင်း ပင်တဂွန်စိုးရိမ် အီရန်နိုင်ငံ၏ အမေရိကန်စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများကို နှောင့်ယှက်ဖျက်ဆီးနိုင်သည့် စွမ်းရည်နှင့် အာကာသအခြေပြု ထောက်လှမ်းရေးနည်းပညာများကို အသုံးပြု၍ အမေရိကန်ပစ်မှတ်များကို ပိုမိုတိကျစွာ တိုက်ခိုက်နိုင်သည့် စွမ်းရည်များ တိုးတက်လာခြင်းသည် ဝါရှင်တန်အတွက် စိုးရိမ်စရာဖြစ်လာကြောင်း Axios သတင်းတွင် ဖော်ပြထားသည့် ပင်တဂွန် ထောက်လှမ်းရေးအစီရင်ခံစာအသစ်အရ သိရသည်။ အမေရိကန်က အီရန်၏ အာကာသစခန်း/အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း အီရန်တွင် GPS လှိုင်းများကို နှောင့်ယှက်နိုင်သည့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ ကျန်ရှိနေသေးသည်။ Operation Epic Fury စစ်ဆင်ရေးကာလအတွင်း အီရန်သည် အမေရိကန်၏ အာကာသစွမ်းဆောင်ရည်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) က အတည်ပြုထားသည်။ ထိုတွေ့ရှိချက်များသည် "အရှေ့အလယ်ပိုင်းဒေသတွင် အီရန်ထက် အာကာသစစ်ရေး သာလွန်မှုရှိသည်" ဟူသော အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) ၏ ယခင်ထုတ်ပြန်ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။ လေကြောင်းနှင့်အာကာသဆိုင်ရာ ကျွမ်းကျင်သူ Todd Harrison က Axios သို့ ပြောကြားရာတွင် "အကယ်၍ အီရန်ဟာ အမေရိကန်ရဲ့ အာကာသစွမ်းဆောင်ရည်တွေကို လျှော့ကျသွားအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့မှာ အာကာသစစ်ရေး သာလွန်မှု ရှိတယ်လို့ ပြောလို့မရတော့ပါဘူး" ဟု သုံးသပ်ထားသည်။
05 11月, 11:13

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက်ရန်စဉ်းစားနေ NOM The Independent သတင်းစာကအမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက်ရန်စဉ်းစားနေ NOM The Independent သတင်းစာကအမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နှုတ်ထွက်ရန် စဉ်းစားနေကြောင်း သတင်းဖော်ပြလိုက်သည်။
05 11月, 11:12
05 11月, ~12:06

ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) ၏ စခန်းတစ်ခုကို တပ်မတော်သိမ်းပိုက်ရရှိ နိုဝင်ဘာ ၅၊ ၂၀၂၆ ကျိုက်ထိုမြို့နယ်အတွင
+9
ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) ၏ စခန်းတစ်ခုကို တပ်မတော်သိမ်းပိုက်ရရှိ နိုဝင်ဘာ ၅၊ ၂၀၂၆ ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) လက်အောက်ခံ ကရင်သူပုန်စခန်းကို ယနေ့ နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
05 11月, 11:08

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့သိ
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့သို့ ရောက်ရှိ။ နိုဝင်ဘာ ၅၊ ၂၀၂၆
05 11月, 11:05

+1
အနည်းဆုံး နိုင်ငံပေါင်း ၅၃ နိုင်ငံက ၎င်းတို့၏ နိုင်ငံသားများအား အရေးပေါ်အခြေအနေများအတွက် လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများ ကြိုတင်စုဆောင်းထားကြရန် အကြံပြုထား ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ဆက်တွဲပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များမှာ ထိုသို့အကြံပြုရသည့် အဓိကအကြောင်းအရင်းများအဖြစ် အများဆုံး ဖော်ပြခံရပြီး၊ အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ အလားတူသတိပေးချက်များသည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ပိုမိုများလာခဲ့သည်။ ဥရောပ (၂၉ နိုင်ငံ)- 🇦🇹 ဩစတြီးယား - ၁၀ ရက်မှ ၁၄ ရက်စာ 🇸🇰 ဆလိုဗားကီးယား - ၁၄ ရက်စာ (လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအတွက်) 🇩🇪 ဂျာမနီ - ၁၀ ရက်အထိ 🇸🇪 ဆွီဒင် - ၁ သီတင်းပတ် 🇳🇴 နော်ဝေး - ၁ သီတင်းပတ် 🇨🇭 ဆွစ်ဇာလန် - ၁ သီတင်းပတ် 🇪🇪 အက်စ်တိုးနီးယား - ၁ သီတင်းပတ် 🇸🇮 ဆလိုဗေးနီးယား - ရေ ၃ ရက်စာ၊ အစားအစာ ရက် ၃၀ စာ 🇬🇧 ဗြိတိန် - ၃ ရက်စာ 🇩🇰 ဒိန်းမတ် - ၃ ရက်စာ 🇵🇱 ပိုလန် - ၃ ရက်စာ 🇬🇷 ဂရိ - ၃ ရက်စာ 🇨🇾 ဆိုက်ပရပ်စ် - ၃ ရက်စာ 🇮🇸 အိုက်စလန် - ၃ ရက်စာ 🇫🇷 ပြင်သစ် - ၇၂ နာရီစာ 🇳🇱 နယ်သာလန် - ၇၂ နာရီစာ 🇫🇮 ဖင်လန် - ၇၂ နာရီစာ 🇱🇻 လတ်ဗီးယား - ၇၂ နာရီစာ 🇱🇹 လစ်သူအေးနီးယား - ၇၂ နာရီစာ 🇨🇿 ချက်သမ္မတနိုင်ငံ - ၇၂ နာရီစာ 🇭🇷 ခရိုအေးရှား - ၇၂ နာရီစာ 🇧🇪 ဘယ်လ်ဂျီယံ - ၇၂ နာရီစာ 🇱🇺 လူဇင်ဘတ် - ၇၂ နာရီစာ 🇪🇸 စပိန် - ၇၂ နာရီစာ 🇵🇹 ပေါ်တူဂီ - ၇၂ နာရီစာ 🇷🇴 ရိုမေးနီးယား - ၇၂ နာရီစာ 🇧🇬 ဘူဂေးရီးယား - ၇၂ နာရီစာ 🇲🇩 မော်လ်ဒိုဗာ - ၇၂ နာရီစာ 🇮🇪 အိုင်ယာလန် - အခြေခံလိုအပ်သည်များကို စုဆောင်းထားရန် အမေရိကဒေသ (၉ နိုင်ငံ)- 🇵🇪 ပီရူး - ၄ ရက်စာ 🇨🇦 ကနေဒါ - ၇၂ နာရီစာ 🇲🇽 မက္ကဆီကို - ၇၂ နာရီစာ 🇨🇴 ကိုလံဘီယာ - ၇၂ နာရီစာ 🇪🇨 အီကွေဒေါ - ၇၂ နာရီစာ 🇨🇱 ချီလီ - ၄၈ နာရီမှ ၇၂ နာရီစာ 🇺🇸 အမေရိကန်ပြည်ထောင်စု - ရက်အနည်းငယ်စာ 🇧🇷 ဘရာဇီး - အရေးပေါ်သုံးပစ္စည်းအိတ် 🇦🇷 အာဂျင်တီးနား - အရေးပေါ်သုံးပစ္စည်းအိတ် အာရှဒေသ (၁၂ နိုင်ငံ/နယ်မြေ)- 🇹🇼 ထိုင်ဝမ် - ၇ ရက်စာ 🇯🇵 ဂျပန် - ၃ ရက်စာ (ဖြစ်နိုင်ပါက ၁ သီတင်းပတ်စာ) 🇮🇱 အစ္စရေး - ၃ ရက်စာ 🇰🇿 ကာဇက်စတန် - ၃ ရက်စာ 🇹🇷 တူရကီ - ၇၂ နာရီစာ 🇬🇪 ဂျော်ဂျီယာ - ၇၂ နာရီစာ 🇮🇩 အင်ဒိုနီးရှား - ၇၂ နာရီစာ 🇲🇾 မလေးရှား - ၇၂ နာရီစာ 🇰🇼 ကူဝိတ် - ၂ ရက်စာ 🇮🇳 အိန္ဒိယ - အရေးပေါ်သုံးပစ္စည်းအိတ် 🇵🇭 ဖိလစ်ပိုင် - အလွယ်တကူဆွဲယူသွားနိုင်မည့် အရေးပေါ်အိတ် (Go Bag) 🇸🇬 စင်ကာပူ - ပြင်ဆင်စုဆောင်းထားရှိရမည့် အရေးပေါ်သုံးပစ္စည်းအိတ် အိုရှီးယန်းနီးယား + အာဖရိကဒေသ (၃ နိုင်ငံ)- 🇳🇿 နယူးဇီလန် - ၃ ရက်စာနှင့် အထက် 🇿🇦 တောင်အာဖရိက - ၃ ရက်စာ 🇦🇺 ဩစတြေးလျ - အရေးပေါ်သုံးပစ္စည်းအိတ် ဤကဲ့သို့ ပြင်ဆင်သည့် အရှိန်အဟုန်မှာ အရပ်ဘက်အဖွဲ့အစည်းများထက်ပင် ကျော်လွန်လျက်ရှိသည်။ ဥပမာအားဖြင့် အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်သည် အမေရိကန်၏ အဓိကစစ်စခန်းကြီးများကို ပြင်ပအကူအညီမပါဘဲ အနည်းဆုံး ရက်ပေါင်း ၉၀ ကြာ လည်ပတ်နိုင်ရေး ပြင်ဆင်ထားစေလိုကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် အစီရင်ခံစာတစ်ခုအရ သိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ သန်းကြွယ်သူဌေးများသည်လည်း တစ်စုံတစ်ခုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြေအောက်ဘန်ကာများ တည်ဆောက်ခြင်းနှင့် အလှမ်းဝေးသော ဒေသများတွင် အိမ်ခြံမြေများ ဝယ်ယူခြင်းများကို ပြုလုပ်လျက်ရှိကြသည်။
05 11月, 09:52