ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 554 مشتركاً، محتلاً المرتبة 16 071 في فئة الأخبار والوسائط والمرتبة 10 062 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 554 مشتركاً.

بحسب آخر البيانات بتاريخ 16 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -270، وفي آخر 24 ساعة بمقدار -12، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.40‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 9.94‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 929 مشاهدة. وخلال اليوم الأول يجمع عادةً 1 248 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 17.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 17 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 554
المشتركون
-1224 ساعات
-597 أيام
-27030 أيام
أرشيف المشاركات
ဆီနိတ်တာ (အမတ်) — "ဒီ အီရန် စစ်ပွဲမှာ တို့တွေ ဘယ်လိုနိုင်နေလဲဆိုတာ မင်းပဲ ခဏခဏ ပြောနေတာပဲ။" အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို — "ကဲ... အခုတော့ စစ်ပွဲက ပြီးသွားပါပြီ" ဆီနိတ်တာ (အမတ်) — "စစ်ပွဲက မပြီးသေးဘူး။ တို့တွေ စစ်ပွဲအတွက် တစ်ပတ်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲနေရတုန်းပဲ" NOM

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆ
+2
သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆုံး NOM ဇွန် ၂၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာသို့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ရွှေငါး (၆၅) နှစ်၊ ဦးနီထွန်း (၆၀) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူ (၆၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဥယျ
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဥယျာဉ်ခြံတခုအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၂၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်က မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်၌ တနင်္သာရီမြို့နယ်၊ ချောင်းလမု ကျေးရွာနေ ဦးလှထွန်း (၄၉) နှစ်သည် အဆိုပါကျေးရွာအနီးရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း အလုပ် လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်း ကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြ ဆရာမတစ်ဦးကို PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွား NOM ဇွန် ၂၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်းဆွေ (၅၀) နှစ် သည် ဇွန်လ ၁ ရက်နေ့ ည ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အား စ
+5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးပြီးဖြစ် ဇွန် ၂၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး တိုတွေ့ဆုံ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြိုသိုရောက်ရ
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး တိုတွေ့ဆုံ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြိုသိုရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်တွင် Mumbai Maharashtra Lok Bhavan Mumbai (Governor's House)ကိုသွားရောက်ခဲ့သည်။ Maharashtra Lok Bhavan Mumbai (Governor's House)၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri Jishnu Dev Varma ကဂါရဝပြုတွေ့ဆုံပြီး Governor's House နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့သွားသည့် မကွေးမြို့နယ်လျှပ်စစ်ရုံးမန်နေဂျာကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM ဇွန် ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော် (၅၂) နှစ်သည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့ မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မကြီးကုန်းကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က မော်တော်ယာဉ်အား တားဆီးကာ အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဇွန် ၂၊ ၂၀၂၆

+5
ယူအေအီးနိုင်ငံ၊ အယ်လ်ဒါဖရာ (Al Dhafra) အခြေစိုက်စခန်းကို အီရန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ NOM

တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် အမေရိကန် နျူကလီးယားဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင် အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ အမေ
တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် အမေရိကန် နျူကလီးယားဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင် အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ အမေရိကန်နိုင်ငံ၊ လော့စ်အလမို့စ် Los Alamos အမျိုးသားဓာတ်ခွဲခန်း (Los Alamos National Laboratory) မှ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော အသက် ၅၃ နှစ်အရွယ် သိပ္ပံပညာရှင် မယ်လစ်ဆာ ကာဆီးယပ်စ် "Melissa Cassias" ၏ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း နယူးမက္ကဆီကိုပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်အရ သူမ၏ ရုပ်အလောင်းကို ကာဆန် Carson တောတွင်းဧရိယာအတွင်း တောင်တက်သမားတစ်ဦးက မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းအနီးတွင် လက်နက်ငယ် (ပစ္စတို) တစ်စင်းကိုလည်း တွေ့ရှိခဲ့ရသည်။ သေဆုံးရသည့် အကြောင်းရင်းနှင့် ပုံစံကိုမူ လက်ရှိအချိန်အထိ တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ကာဆီးယပ်စ် ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူမသည် လော့စ်အလမို့စ် ရှိ အမေရိကန် နျူကလီးယား သုတေသနစင်တာတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ဤဖြစ်ရပ်သည် မကြာသေးမီလပိုင်းအတွင်းက အမေရိကန်နိုင်ငံရှိ သိပ္ပံနှင့် ကာကွယ်ရေးကဏ္ဍများနှင့် ဆက်နွှယ်နေသူများ ဆက်တိုက်သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပြီး ယင်းဖြစ်ရပ်များကြောင့် မီဒီယာများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းအကြားတွင်ပါ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ NOM

photo content
+9

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်မွန်းလွဲပိုင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာ လာနေရူးဆိပ်ကမ်း၌ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာခဲ့သည်။

လောင်းလုံးမြို့နယ်၊ (ဂ) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး
လောင်းလုံးမြို့နယ်၊ (ဂ) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဇွန် ၂၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ (ဂ) ရပ်ကွက်အတွင်းသို့ ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက် အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း ၄၀ မမဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးဇော်လတ် (၄၅) နှစ် တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်ကျော် တွင် အမေရိကန် သံအမတ်ကြီးများမရှိဘဲဖြစ်နေ လွန်ခဲ့သည့် တစ်နှစ်အတွင်း အမေရိကန် သံတမန်အရာရှိပေါင်း
ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်ကျော် တွင် အမေရိကန် သံအမတ်ကြီးများမရှိဘဲဖြစ်နေ လွန်ခဲ့သည့် တစ်နှစ်အတွင်း အမေရိကန် သံတမန်အရာရှိပေါင်း ၂,၀၀၀ နီးပါးခန့်သည် ရာထူးမှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် အနားယူရန် ဖိအားပေးခံရခြင်းတို့ကြောင့် နိုင်ငံခြားရေးဝန်ထမ်းအဖြစ်မှ နှုတ်ထွက်သွားခဲ့ကြသည်။ ထိုသို့ ထွက်ခွာသွားကြရာတွင် ၎င်းတို့နှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ ဆည်းပူးခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ ဗဟုသုတများ၊ အကျပ်အတည်းများအပေါ် တုံ့ပြန်ဖြေရှင်းနိုင်စွမ်းရှိသည့် အတွေ့အကြုံများနှင့် အဆင့်မြင့် အထူးပြု ဘာသာစကား ကျွမ်းကျင်မှုများလည်း တစ်ပါတည်း ဆုံးရှုံးသွားခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် အင်အား ၁၃,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသော လုပ်ငန်းခွင်အင်အားစုထဲမှ ၎င်းတို့ နှုတ်ထွက်သွားခြင်းကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အလွန်အရေးကြီးသော အခြေအနေတစ်ခုတွင် နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လက်ရှိနှင့် အငြိမ်းစား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ အဆိုပါ ဆုံးရှုံးမှုသည် နိုင်ငံအတွင်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကျပ်အတည်းများ တိုးပွားလာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ NOM

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပ ဇွန် ၂၊ ၂၀၂၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ
+3
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပ ဇွန်  ၂၊ ၂၀၂၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ပထမနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းနှင့် အစည်းအဝေးအား လွှတ်တော်ကိုယ်စားလှယ် အားလုံး တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မိန့်ခွန်းနှင့် သဝဏ်လွှာများအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ကာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၁၀)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခဲ့ကြားပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) အား ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"နိုင်ငံတကာဘဏ္ဍာရေးကဏ္ဍ ချိတ်ဆက်မှုမြှင့်တင်ရေးအတွက် အရေးပါသော တွေ့ဆုံမှု" အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌက H.E. Shri. Sanjay Malthotra က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံစဉ် - 🇲🇲🇮🇳 နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်းများတိုးတက် စေရေးနှင့် နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့ စေရေးအတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေ ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်းများအား ဘဏ် လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ မျှဝေဆောင်ရွက်ပေးသွားမည့် အခြေ အနေ နှစ်နိုင်ငံအကြား Digital ငွေပေးချေမှုစနစ်၏ အတွေ့အကြုံများကို မျှဝေ ဆောင်ရွက်နိုင်မှုအခြေအနေများရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်...

ပင်လောင်းမြို့နယ်တွင် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို ကြက်ခြေနီ အသင်းက ထောက်ပံ့ပစ္စည်းများပေး ​NOM၊ဇွန်၂၊၂၀၂၆ ​ရှမ်းပြ
ပင်လောင်းမြို့နယ်တွင် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို ကြက်ခြေနီ အသင်းက ထောက်ပံ့ပစ္စည်းများပေး ​NOM၊ဇွန်၂၊၂၀၂၆ ​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်း ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူ၃၈၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမေ၂၈ရက် မှ၃၀ရက်နေ့ထိကွင်းဆင်းထောက်ပံ့ပစွည်းများပေးအပ်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးအပ်ရာတွင်ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃) ရွာနှင့် ရပ်ကွက် (၂) ခုမှ အိမ်ထောင်စုပေါင်း (၃၈၅) စုထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ​ထောက်ပံ့ပေးအပ်ခဲ့သည့် ပစ္စည်းများမှာ ​တစ်ကိုယ်ရည်သန့်ရှင်းရေးအမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း (၃၆၉) စုံ၊ အမျိုး သားနှင့် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၇၀၀ )ကျော်၊​ စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်၊ ဆိုလာမီး အိမ်နှင့် သောက်ရေထည့်ပုံးများ၊ အိမ် ဆောက်အထောက်အကူပြုပစ္စည်း (၃၈၅) စုံ၊ တာပေါ်လင်စ (၃၈၅) ခုနှင့် မီး ဖိုချောင်သုံးပစ္စည်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီသည့်အိတ် (၆၄) အိတ်တို့ကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ ​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌက လာရေ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌက လာရောက်ဂါရဝပြုတွေ့ဆုံ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌက H.E. Shri. Sanjay Malthotra က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း ၃၃၂၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြား ဇွန် ၁၊ ၂၀၂၆ ၂
+2
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း ၃၃၂၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြား ဇွန် ၁၊ ၂၀၂၆ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စုစုပေါင်း ၃၃၂၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ကျောင်းသား ကျောင်းသူ ကျောင်းတက်ရောက်ပညာသင်ကြားမှု ရာခိုင်နှုန်း က ၈၀ ဒသမ ၈၃ ရာခိုင်နှုန်းရှိပါတယ်။ ကျောင်းအပ်လက်ခံမှုကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပညာသင်ကြားမှုလျာထားချက်ဖြစ်တဲ့ ၁၁ သိန်း ကိုကျော်လွန်ပြီး ၁၂ သိန်းအထိ တက်ရောက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ဆက်တည်း နိုင်ငံတော်က ချမှတ်ဆောင်ရွက်တဲ့ Placement Test အထူး အစီအစဉ်ကိုလည်း ဆောင်ရွက်နေတယ်။ ဒီအစီအစဉ်အရ Grade – 1 ကနေ Grade–9 အထိ ပညာရေးနဲ့ ကင်းကွာနေတဲ့ ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ဇွန် ၁၅ ရက် ကစလို့ Placement Test ဖြေဆိုပြီး ကျောင်းဆက်တက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးမင်းဦးက ပြောကြားသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်နှံရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံးတက်ရောက်ပညာသင်ကြားရေးတို့ကို သက်ဆိုင်ရာကျောင်းများအလိုက် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ “ကျွန်မတို့ကျောင်းမှာ မနက်ပိုင်း ဆိုရင် G – 8 ကနေ G – 12 အထိ၊ နေ့လယ်ပိုင်းဆိုရင် KG တန်းကနေ G – 7 အထိ သင်ကြားပေးနေပါတယ်။ ဒီနေ့ကျောင်း စတင်ဖွင့်လှစ်တဲ့နေ့မှာ ကျောင်းသား ကျောင်းသူ ၂၅၅၅ ဦး တက်ရောက်တာဖြစ်တဲ့အတွက် ၉၉ ဒသမ ၃၃ ရာခိုင်နှုန်း ပညာသင်ကြားနေပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ လူရည်ချွန်ကျောင်းသား ကျောင်းသူငါးဦး ပေါ်ထွက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ကျောင်းက ထူးချွန်ကလေးတွေ ပါဝင်ဆင်နွှဲခွင့်ရတာလည်း ဆရာ၊ မိဘ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးပါ။ ကျောင်းမှာ ကျောင်းအပ်နှံမှုတွေ ဆက်လက်လက်ခံနေပြီးတော့ Placement Test (အထူးအစီအစဉ်) ဟာ ကျောင်းနဲ့ ကင်းကွာနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အထူးအခွင့်အရေးဖြစ်တဲ့အတွက် ဖြေဆိုပြီး ပညာသင်ကြားဖို့ နှိုးဆော်လိုပါတယ်” ဟု ဒဂုံမြို့နယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ စန္ဒာမြငြိမ်းကပြောသည်။ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၁၀ သိန်းကျော် တက်ရောက်ပညာသင်ကြားမှုရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။   

ကျောက်ကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ဇွန်လ ၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှ
+3
ကျောက်ကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက်   ဇွန်လ ၂၊ ၂၀၂၆   ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ယမန်နေ့  နံနက်ပိုင်းက စတင်ပြီး ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။   ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၁) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၄) ကျောင်း၊ မူလတန်းလွန် (၈၉) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်းခွဲ (၃) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁) ကျောင်း စုစုပေါင်း (၁၃၅) ကျောင်းရှိပြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောက်ကြီးမြို့နယ်၌ နယ်မြေအခြေအနေအရ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄) ကျောင်း၊ မူလတန်းလွန် (၁၈) ကျောင်း၊ မူလတန်းကျောင်း (၁) ကျောင်း စုစုပေါင်း ကျောင်း (၂၈) ကျောင်းဖွင့်လှစ်နိုင်ပြီး၊ ယာယီကျောင်း စုစုပေါင်း(၁၀၇) ကျောင်း ပိတ်ထားကြောင်းနှင့် လက်ရှိကျောင်းသား/ ကျောင်းသူ (၅၇၃၉) ဦး အပ်နှံထားရှိပြီး၊ ယနေ့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူ (၅၇၃၉) ဦး တက်ရောက်၍ ကျောင်းသား/ ကျောင်းသူ ကျောင်းတက်ရောက်ထားရှိမှု (၁၀၀.၀၀) ရာခိုင်နှုန်းရှိကြောင်း၊ ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း ဒုတိယမြို့နယ် ပညာရေးမှူးပြောကြားချက်အရ သိရသည်။   ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ကျောက်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး စာသင်ကျောင်းလုံခြုံရေးနှင့် ကျောင်းလိုအပ်ချက်များအား စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။