ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 422 名订阅者,在 新闻与媒体 类别中位列第 16 330,并在 缅甸 地区排名第 9 947 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 422 名订阅者。

根据 27 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -136,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.32% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 648 次浏览,首日通常累积 493 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 28 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 422
订阅者
-924 小时
-317 天
-13630 天
帖子存档
ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း အပိုင်း ၂ အောက််တိုဘာ ၂၅၊ ၂၀၂၆
+6
ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း အပိုင်း ၂ အောက််တိုဘာ ၂၅၊ ၂၀၂၆
25 10月, 14:58

အီရန်က ပါကစ္စတန်သို့ ရေနံဓာတ်ငွေ့ (LPG) တင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ပါကစ္စတန်သည် အီရန်နှင့် ထိစပ်နေသော အဓိက နယ်စပ်ဂိတ်များကို ချက်ချင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ပါကစ္စတန်အတွက် သတင်းဆိုးမှာမူ အီရန်သည် ၎င်း၏ တင်ပို့မှုများကို ပါကစ္စတန်အစား အာဖဂန်နစ္စတန်ဘက်သို့ လမ်းကြောင်းပြောင်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ အမေရိကန်၏ အမိန့်ကို နာခံခြင်းသည် နောက်ဆက်တွဲ ဆိုးကျိုးများဒွန်တွဲပါလာတတ်သည်။
25 10月, 12:31

လျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် အသက် ၄၂ နှစ်အရွယ် CIA ကန်ထရိုက်တာ ဖမ်းဆီးခံရ အီယန် ဘရင်ခ်စ်မန်း (Ian Brinksman) ဆိုသူသည် ၎င်း၏ သတင်းထောက်ချစ်သူထံသို့ လျှို့ဝှက်အချက်အလက်များကို ပေါက်ကြားစေခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ၎င်း၏ချစ်သူသည် ထိုအချက်အလက်များပါဝင်သည့် သတင်းဆောင်းပါးများကို Substack ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။
25 10月, 12:28

ငပြီကျွန်းတွင် အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း အောက်တိုဘာ ၂၅၊ ၂၀၂၆
25 10月, 12:25

အစ္စရေး ရွေးကောက်ပွဲ လူထုသဘောထားစစ်တမ်းများတွင် အခြေအနေမလှသဖြင့် နေတန်ယာဟုက သမ္မတထရမ့်ထံ အကူအညီတောင်းခံနေရ လာမည့်အင်္ဂါနေ့တွင
အစ္စရေး ရွေးကောက်ပွဲ လူထုသဘောထားစစ်တမ်းများတွင် အခြေအနေမလှသဖြင့် နေတန်ယာဟုက သမ္မတထရမ့်ထံ အကူအညီတောင်းခံနေရ လာမည့်အင်္ဂါနေ့တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ပေါ်ပေါ်ထင်ထင် ထောက်ခံမှုများ ပိုမိုရရှိရန် အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းလျက်ရှိကြောင်း အမေရိကန်နှင့် အစ္စရေး သတင်းရင်းမြစ်များကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြထားသည်။ သတင်းဖော်ပြချက်များအရ နေတန်ယာဟုသည် ၃ ရက်အတွင်း ထရမ့်နှင့် ၂ ကြိမ်တိုင်တိုင် စကားပြောဆိုခဲ့ပြီး၊ ထပ်မံထုတ်ပြန်ပေးစေချင်သည့် ထောက်ခံစာသား ပုံစံများကိုပါ အကြံပြုခဲ့သည့်အပြင် ထရမ့်အနေဖြင့် အစ္စရေးသတင်းထောက်များနှင့် တိုက်ရိုက်စကားပြောပေးရန်ပါ အဆိုပြုခဲ့သည်ဟု သိရသည်။ အမေရိကန် သတင်းရင်းမြစ်တစ်ခုကမူ ထိုသို့ အသည်းအသန် စည်းရုံးတောင်းဆိုနေမှုကို "အကျပ်ရိုက် မျှော်လင့်ချက်ကင်းမဲ့နေသည့် လက္ခဏာ" ဟု တင်စားပြောဆိုခဲ့သည်။ အစ္စရေး၏ အဓိက ရုပ်သံသတင်းဌာန ၃ ခု၏ လူထုသဘောထားစစ်တမ်းများအရ အမတ်နေရာ ၁၂၀ ရှိသော ကနက်ဆက် (Knesset) လွှတ်တော်တွင် နေတန်ယာဟု၏ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၅၀ သာ ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး၊ ၎င်းမှာ အများစုဖြင့် အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ်နေရာ ၆၁ နေရာအောက် အတော်လေး လျော့နည်းနေသည်။ ထို့အပြင် ၎င်း၏ လိကွဒ် (Likud) ပါတီသည်လည်း ယခင် အမတ်နေရာ ၃၂ နေရာမှ ၂၀ ထိ ကျဆင်းသွားဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ထရမ့်သည် နက်တန်ယာဟုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကာ အကယ်၍ နက်တန်ယာဟု ရှုံးနိမ့်သွားပါက အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း သတိပေးထားသည်။
25 10月, 12:20

ပြင်သစ်ဆန္ဒပြမှုလူတစ်ထောင်ကျော်အဖမ်းခံရ NOM ပြင်သစ်နိုင်ငံတွင်အောက်တ်ုဘာလ၂၄ရက်စနေနေ့ဆန္ဒပြပွဲအတွင်းလူ၁၃၀၀အဖမ်းခံရပြီးလုယက်မှု၂၄ခုဖြစ်ပွားကာရဲတပ်ဖွဲ့ဝင်၅၃ဦးဒဏ်ရာရကြောင်းပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနကကြေညာသည်။
25 10月, 12:13

ပြည်မြို့နယ်၊ ကံကြိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM အောက်တိုဘာ ၂၅၊ ၂၀၂၆ ခု ပဲခူးတိုင်းဒေသကြ
ပြည်မြို့နယ်၊ ကံကြိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM အောက်တိုဘာ ၂၅၊ ၂၀၂၆ ခု ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကံကြိုးကျေးရွာနေ ကံကြိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ကြီး (ခ) ဦးရွှေတင် (၆၅) နှစ်သည် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
25 10月, 12:11

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက - "ကမ္ဘာ့နေရာအနှံ့ကို ရေနံတင်ပို့ရာမှာ အဓိကကျတဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က အခုအခါမှာ စိတ်ကြိုက်ထိန်းချုပ်ပိတ်ဆို့နိုင်တဲ့ အခွင့်အာဏာ ရရှိသွားခဲ့ပါပြီ။ ဒါကြောင့်မို့လို့ စစ်ပွဲမစတင်မီအချိန်ကထက် အခုဆိုရင် အီရန်ဟာ မဟာဗျူဟာမြောက် ပိုမိုအားသာတဲ့ အနေအထားကို ရောက်ရှိနေတယ်။"
25 10月, 12:03

(၂၇) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှုအားပေးလျက်ရှိကြကြောင်းနှင့် ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်စုစုပေါင်း ၂၄၀၀ ကျော်ဖြင့် အောက်တိုဘာ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
25 10月, 11:59

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်က
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး အောက်တိုဘာ ၂၅၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိတပ်နယ်အားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) (အမျိုးသား) အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အဖွဲ့များက တီးလုံးတီးကွက်များနှင့် စည်းကိုက်ဝါးကိုက် ခေါင်းခါးခြေလက်ပိုင်နိုင်စွာဖြင့် လည်းကောင်း၊ ဝတ်စားဆင်ယင်မှု၊ မျက်နှာသွင်ပြင်ဟန်ပန် သေသပ်မှုတို့ဖြင့်လည်းကောင်း တစ်ဦးချင်းစီအလိုက် ပါဝင်ယှဉ်ပြိုင်ကပြနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိတပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) (အမျိုးသား) စန္ဒရားအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက ချစ်သမျှကို (ပတ်ပျိုး) သီချင်းဖြင့် သာယာနာပျော်ဖွယ် တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယှဉ်ပြိုင်မှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပြိုင်ပွဲအလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အဖွဲ့ဝင်များလိုက်ပါ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ လဟာပြင်ဇာတ်ရုံ၌ ယှဉ်ပြိုင်လျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “ဝိဓူရ” ဇာတ်တော်ကြီး ကပြယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဇာတ်တော်ကြီးပြိုင်ပွဲတွင် အကဲဖြတ်ဆောင်ရွက်ပေးကြမည့် ဒိုင်အဖွဲ့မှ ဝါရင့်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပရိသတ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု “သဘင့်မာန်ဟုန်ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့၏ “ဝိဓူရ” ဇာတ်တော်ကြီး ကပြယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲဝင်များက အခန်းစဉ်များအလိုက် မူရင်းဇာတ်စာ၊ ပျို့လင်္ကာ၊ ရတုနှင့်ဆုံးမစာများ၊ အကအလှများ၊ ဇာတ်လမ်း၏ အနိမ့်အမြင့်အလိုက် ရှေးရိုးရာ ပတ်ပျိုး၊ ကြိုး၊ သီချင်းခံတို့ကို ရတု၊ ရကန်၊ လေးဆစ် “အဆိုပညာ”ရပ်၊ အလွမ်းအဆွေး သရုပ်ဆောင်ရာတွင် အသုံးချသည့် “အငိုပညာ” ရပ်နှင့် နားထောင်ရသူ စွဲမက်စေမည့် “အပြောပညာ” ရပ်တို့ဖြင့် ဇာတ်ညွှန်းအတိုင်း ဝါကျအဖြတ်အတောက်မှန်ကန်စွာ မြန်မာ့ရိုးရာ သဘင်ကျင့်ထုံးများကို မဖောက်ဖျက်ဘဲ တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ ကပြယှဉ်ပြိုင်မှုကိုကြည့်ရှုအားပေးကြသည်။ ဝိဓူရဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ နဝမမြောက် ဇာတ်တော်ကြီးဖြစ်ပြီး ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလ ဖြူစင်ဖြောင့်မတ်မှုအပေါ်တွင် အခြေခံသောပညာ၏ အကျိုးကျေးဇူးများကို သိရှိသဘောပေါက်ကြစေရန်၊ သာဓုနရတရားလေးပါးအကြောင်း သိရှိနားလည်ကျင့်သုံးလိုက်နာကြစေရန်၊ လောင်းကစားခြင်း၏ ဆိုးပြစ်နှင့် မကောင်းသောအကျိုးဆက်များကို သိရှိရှောင်ရှားနိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်းတရားနှင့် သူတော်ကောင်းဥစ္စာခုနစ်ပါးကို ပွားများနိုင်ကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကပြယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။
25 10月, 11:59

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
25 10月, 11:57

ရပ်စောက်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM
ရပ်စောက်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၅၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးသို့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနဏ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် ရပ်စောက်မြို့နယ်၊ ကျောက်ဆုံ ကျေးရွာနေ ဦးနေမျိုးဝင်း (၂၈) နှစ်သည် ကျောက်ဂူကျေးရွာမှ ကျောက်ဆုံကျေးရွာသို့ မော်တော်ယာဉ် ဖြင့် မောင်းနှင်ပြန်လာစဉ် ကျောက်ဆုံကျေးရွာအဝင် ဆိုင်းဘုတ်အနီးအရောက် လမ်းဘေးမှအကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
25 10月, 11:57

မြောင်းမြမြို့နယ်ရှိ နန်းတော်ဦးရွှေစေတီတော်၏ စိန်ဖူးတော် ခိုးယူမှုနှင့် ဆက်စပ်သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ NOM၊အောက်တိုဘာ
မြောင်းမြမြို့နယ်ရှိ နန်းတော်ဦးရွှေစေတီတော်၏ စိန်ဖူးတော် ခိုးယူမှုနှင့် ဆက်စပ်သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ NOM၊အောက်တိုဘာ၂၅၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တစ်ပင်ချောင်းကျေးရွာရှိ မြစိမ်းရောင်တောင်တော်ရှေးဟောင်းယဉ်ကျေးမှုသာသနာ့နယ်မြေ၊ နန်း တော်ဦးကျောင်းတိုက်အတွင်း တည် ထားကိုးကွယ်သောဉာဏ် တော်အမြင့် ပေ ၃၀ ခန့်ရှိ နန်းတော်ဦးရွှေစေတီတော်၏ စိန်ဖူးတော် ခိုးယူမှုနှင့် ဆက်စပ်သည့် အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းယနေအောက်တိုဘာ၂၅ရက်တွင်ဧရာဝ တီတိုင်းအစိုးရအဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
25 10月, 08:24

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး NOM၊အောက်တိုဘာ၂၅၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ တပ်နယ်အားကစားခန်းမတို၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက် ကြည့်ရှုအားပေးကြကြောင်းသတင်းရရှိသည်။
25 10月, 07:05

တောင်ဥက္ကလာ VIBE KTV ၌အမျိုးသား၊အမျိုးသမီး၃၃ဦးကိုစိတ်ပြောင်းဆေးဝါးများဖြင့်ဖမ်းမိ NOM၊အောက်တိုဘာ၂၅၊၂၀၂၆ တောင်ဥက္ကလာပမြို့နယ်၊(၈)ရပ်ကွက်၊စက်မှု(၆)လမ်းရှိVIBE KTV & Entertainment ကိုမူးယစ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်စစ်ဆေးစဉ်အမျိုးသား၂၃ဦးနှင့်အမျိုးသမီး ၁၀ဦးစုစုပေါင်း၃၃ဦးကိုအောက်တိုဘာလ၂၅ရက်နံနက်၀၀း၃၀နာရီကစိတ်ပြောင်းမူးယစ်ဆေးများဖြင့်ဖမ်းမိကြောင်းသိရသည်။ သတင်းအရပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်စီးနင်းရာဆိုင်အပေါ်ထပ် Gentlemen အခန်းတွင်းမှကျား(၇) ဦး၊မ(၆)ဦးအားစိတ်ပြောင်းဆေးဝါးကက်တမင်း(၁၂)ထုတ်၊Happy Water(၂)ထုတ်ဖြင့်လည်းကေါင်း၊Tom&Jerry အခန်းတွင်းမှကျား(၄) ဦးအားဆေးခြောက်(၂)ထုတ်၊Happy Water(၂)ထုတ်၊ကက်တမင်းတစ်ထုတ်၊အက်တစီဆေးပြားတစ်ပြားတို့ဖြင့်လည်းကေါင်း၊UFOအခန်းအတွင်းမှကျား(၉)ဦး၊မ(၄)ဦးအားHappy Water (၁၀)ထုတ်၊WYဆေးပြား (၁၁၀)ပြားတို့ဖြင့်လည်းကေါင်းဖမ်းဆီးရမိခဲ့သဖြင့်အဆ်ုပါဆိုင်တာဝန်ခံများဖြစ်သောကေါင်းမြတ်ဖြိုး၊ကျော်ကျော်မိုး၊လက်ထောက်မန်နေဂျာစောသာကြည်တို့ကိုပါဖမ်းဆီးပြီးဖမ်းဆီးရမိတရားခံ၃၃ဦးအားအမှုဖွင့်လှစ်အရေးယူထားကြောင်းသိရသည်။
25 10月, 07:01

အီလွန်မက်စ်ကယူကရိန်းစတားလင့်ခ်များပိတ်ပင်ခဲ့ကြောင်းပြော NOM အီလွန် မက်စ်က ယူကရိန်း တပ်မတော်သည် စတားလင့်ခ် (Starlink) ကို တိုက်ခိုက်ရေး ဒရုန်း တိုက်ခိုက်မှုများအတွက် အသုံးပြုခြင်းဖြင့် အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ပြီး SpaceX အနေဖြင့် ပြီးခဲ့သည့် သီးတင်းပတ်က ယင်းဟာကွက်ကို ပိတ်ပင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အရပ်ဘက် ဝန်ဆောင်မှုကို လူသတ်ရန်အတွက် အသုံးပြုခြင်းအား “မည်သည့်အခါမျှ ခွင့်မပြုခဲ့ပါ” ဟု သူက ရေးသားခဲ့သည။စစ်ဘက်သုံး ဗားရှင်းဖြစ်သည့် Starshield ကိုမူ အမေရိကန် အစိုးရက ထိန်းချုပ်ထားသည်။
25 10月, 06:00

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်ငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ အဝါရောင်အဆင့်သတ်မှတ် NOM၊အောက်တိုဘာ၂၅၊၂၀၂၆ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်Depression၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟုသတ်မှတ် ထားသည့်ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့အောက်တိုဘာ ၂၅ရက်မွန်းတည့်၁၂နာရီတွင်ထုတ်ပြန်ထားသည်။ မုန်တိုင်းငယ်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၁၀နာရီ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ် မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်းသိရသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် တောင်ဘက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ် သို့လည်းကောင်း၊ ထိုမှ တစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကါအောက်တိုဘာ၂၆ရက် နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာ၂၇ ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့လည်းကောင်းအောက်တိုဘာ ၂၈ရက်နံနက်ပိုင်းတွင်အနောက် မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း- အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးတို့တွင် အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည့်ဟုသိရသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ အောက်တိုဘာ၂၅ရက်မှ အောက်တိုဘာ၂၉ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်ထားသည်။
25 10月, 05:34

အစ္စရေး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာနအကြီးအကဲဟောင်း အာရွန် ဟာလီဗာ (Aharon Haliva) က "၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အကြမ်း
အစ္စရေး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာနအကြီးအကဲဟောင်း အာရွန် ဟာလီဗာ (Aharon Haliva) က "၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အစ္စရေးနိုင်ငံသား တစ်ယောက်စီအတွက် ပါလက်စတိုင်း ၅၀ သေဆုံးရမယ်။ အဲဒီအထဲမှာ ကလေးတွေ ပါမပါ ဆိုတာက အခုချိန်မှာ အရေးမကြီးတော့ဘူး" ဟု ပြောကြားခဲ့သည်။
25 10月, 04:41

သမိုင်းကြောင်းအရ ပြောပြော...ကိုးကန့်ဟာ သံလွင်မြစ်ကို ဘာအကြောင်းကြောင့်နဲ့မှ ကျော်စရာ မရှိဘူး။ စစ်နိုင်လို့ နယ်မြေသိမ်းကြေးဆိုရင်...တပ်ကလည်း ပြန်တိုက်မှာပဲ။ နောက်ကွယ်က ပယောဂသာ မပါစေနဲ့ပေါ့။ ခု အစိုးရက အသာတကြည်ပြောနေတယ်ဆိုတာက...ငြိမ်းငြိမ်းချမ်းချမ်း Political Dialogue သွားနေတာ။ တဖက်မှာ လက်မဲလည်း ရှိနိုင်လို့။ အပစ်ရပ်တွေမှာ ကူပေးတဲ့ ကျေးဇူးတရားတွေလည်း ထောက်နေလို့။ ကိုယ်မပိုင်တဲ့ နယ်မြေမှာ ...အမည်နာမ ပြောင်းတယ်။ အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအောင် အစစအရာရာ ပြောင်းလဲတယ်။ တရုတ်ငွေကြေးပဲ သုံးရမယ် ဆိုတာမျိုးက UWSA ဒုတိယ ဗားရှင်းပဲ။ ကိုယ်တွေအစိုးရက သီပေါကို ပိတ်ထားတယ်ဆိုတာလည်း ဒါတွေကြောင့်ပဲ။ အဲ့လောက်ရိုးသားနေရင်...ရှမ်းမြောက်က မူလအတိုင်း ဖြစ်တာကြာပေါ့။ ၂၀၀၈ ခြေဥကို ကျော်လွန်တဲ့ တောင်းဆိုချက်တွေကို လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား မပြောရုံတမယ်ပဲ ကျန်တော့တယ်။ နယ်စပ်ကုန်သွယ်ရေး မစဘူး ဆိုတာလည်း ဒါတွေကြောင့်ပဲ။ ကိုယ့်အကျိုးစီးပွား ခိုင်မာဖို့ ကြားခံ Proxy ခံတာက P t P မှာ စိန်ခေါ်မှု ဖြစ်တာပေါ့။ တကန့်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ရင်တောင် ဒကစ လောက်ကိုင် တစ်ခုလုံး ဆုံးရှုံးထားခဲ့တာလေ။ နစ်နာစရာရှိရင် ကိုယ်တွေက အများကြီးပါ။ ရိုးသားကြဖို့ အများကြီးလိုပါသေးတယ်။ (နရီမိုး)
25 10月, 04:14

ဥရောပနိုင်ငံများစွာ၌ဆန္ဒပြနေ NOM ယနေ့ဥရောပနိုင်ငံများဖြစ်သောပြင်သစ်၊အယ်လ်ဘေးရီးယား၊စပိန်၊ဘယ်လ်ဂျီယမ်၊အီတလီ၊ပေါ်တူကီ၊ဩစတြီးယား
ဥရောပနိုင်ငံများစွာ၌ဆန္ဒပြနေ NOM ယနေ့ဥရောပနိုင်ငံများဖြစ်သောပြင်သစ်၊အယ်လ်ဘေးရီးယား၊စပိန်၊ဘယ်လ်ဂျီယမ်၊အီတလီ၊ပေါ်တူကီ၊ဩစတြီးယားနှင့်အိုင်ယာလန်တို့တွင်ဆန္ဒပြပွဲများဖြစ်ပွါးလျက်ရှိသည်။
25 10月, 03:31