ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 488 名订阅者,在 新闻与媒体 类别中位列第 16 017,并在 缅甸 地区排名第 10 067

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 488 名订阅者。

根据 24 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -248,过去 24 小时变化为 1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 10.08%。内容发布后 24 小时内通常能获得 5.11% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 260 次浏览,首日通常累积 639 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 25 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 488
订阅者
+124 小时
-547
-24830
帖子存档
ပုလောမြို့နယ်တွင် နွားကျောင်းနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေး ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့
ပုလောမြို့နယ်တွင် နွားကျောင်းနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေး ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရ NOM မတ် ၂၄၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်၌ ပုလောမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ဦးမင်းနိုင် (၅၂) နှစ်သည် အဆိုပါရပ်ကွက်အနီးရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် PDF အကြမ်းဖက်သမားသုံးဦးရောက်ရှိလာပြီး "သတင်းပေး" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

+5
ဒီမနက် အစ္စရေးနိုင်ငံ တယ်အဗီး (Tel Aviv) မှာ ဘယ်နေရာတွေ တိုက်ခိုက်ခံခဲ့ရသလဲ? အီရန်ဒုံးကျည်တွေဟာ အစ္စရေးလုံခြုံရေးဌာနပိုင် အဆောက်အအုံလို့ ယူဆရတဲ့ လူဝီ မာရှယ်လ် လမ်း (Louis Marshall)ပေါ်က အဆောက်အအုံအမှတ် (၁၁) ကို ထိမှန်ခဲ့ပါတယ်။ အဲဒီနေရာအနီးတစ်ဝိုက်မှာ အရေးပါတဲ့ စစ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နေရာတော်တော်များများ ရှိနေပါတယ်၊ ၎င်းတို့မှာ - — မီတာ ၅၀၀ အကွာမှာရှိတဲ့ ဘိတ် ဟာဟာယယ် (Beit HaHayal)(စစ်သည်တော်ဗဟိုဌာန) - ဒီနေရာမှာ စစ်ဘက်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေအတွက် အခမ်းအနားတွေ၊ ညီလာခံတွေနဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်။ — အစ္စရေးပြည်တွင်းလုံခြုံရေးဌာန ရှင်ဘက်တ် (Shin Bet) ရုံးချုပ်နဲ့ ၁.၇ ကီလိုမီတာခန့် အကွာ။ — အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူရုံးချုပ်နဲ့ နိုင်ငံခြားဆက်ဆံရေးဌာနတို့ တည်ရှိရာ အဗစ်တပ်စခန်း (Camp Aviv) စခန်းနဲ့ ၁.၇ ကီလိုမီတာခန့် အကွာ။ — အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်အဖြစ် အသုံးပြုတဲ့ ကီရီယာ (Kirya) အခြေစိုက်စခန်း နဲ့လည်း ၁.၇ ကီလိုမီတာခန့်သာ ဝေးကွာပါတယ်။ ထိမှန်သွားတဲ့နေရာဟာ ရှင်ဘက်တ် နဲ့ ဘိတ် ဟာဟာယယ် တို့ရဲ့ အရန်အဆောက်အအုံတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆရပေမဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ တရားဝင်ထုတ်ပြန်ချက်ထွက်လာမှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ရရှိထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဒုံးကျည်အပိုင်းအစအချို့ ကျရောက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ မှတ်ချက် - အစ္စရေးအစိုးရဟာ စစ်ပွဲသတင်းထုတ်ပြန်မှုအပေါ် တင်းကျပ်တဲ့ ကန့်သတ်ပိတ်ပင်မှု မူဝါဒကို ကျင့်သုံးနေပါတယ်။ NOM

Repost from NOM.World News
အီရန်စစ်ပွဲ စတင်ခဲ့ချိန်ကစလို့ ဖိလစ်ပိုင်ဟာ အမျိုးသားစွမ်းအင်အရေးပေါ် အခြေအနေကို ကြေငြာတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သမ္
အီရန်စစ်ပွဲ စတင်ခဲ့ချိန်ကစလို့ ဖိလစ်ပိုင်ဟာ အမျိုးသားစွမ်းအင်အရေးပေါ် အခြေအနေကို ကြေငြာတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဒီနေ့မှာပဲ အရေးပေါ်အခြေအနေကို တရားဝင်ကြေငြာခဲ့ပြီး စွမ်းအင်ထောက်ပံ့မှုတွေ တည်ငြိမ်စေဖို့နဲ့ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာခြင်းကနေ ကာကွယ်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တုံ့ပြန်မှုကို အသက်ဝင်စေမယ့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ News Of Myanmar NOM

မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအတွက် စက်စွမ်းအားအလိုက် တစ်ပတ်စာ စက်သုံးဆီ ဝယ်ယူခွင့်ပမာဏသတ်မှတ်စိစစ်ရောင်းချသွားမည့်အခြ
မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအတွက် စက်စွမ်းအားအလိုက် တစ်ပတ်စာ စက်သုံးဆီ ဝယ်ယူခွင့်ပမာဏသတ်မှတ်စိစစ်ရောင်းချသွားမည့်အခြေအနေနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း။ NOM

အီရန်ကနေ ချစ်ခြင်းများစွာနဲ့... အီရန်နိုင်ငံသားတွေဟာ အမေရိကန်နဲ့ အစ္စရေးကို ဆက်တိုက်ဆိုသလို လှောင်ပြောင် (trolling) နေကြပါတယ်။ NOM

ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည် သူတစ်ဦးကို ဓါးဖြင့်ထိုးခုတ်သတ်ဖြတ် NOM မတ် ၂၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တ
ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည် သူတစ်ဦးကို ဓါးဖြင့်ထိုးခုတ်သတ်ဖြတ် NOM မတ် ၂၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး ရွာငံ-အောင်ပန်း ကားလမ်းမိုင်တိုင်အမှတ် ၅၂ မိုင် ၂ ဖာလုံ၌ မတ်လ ၂၃ ရက်န့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ရွာငံမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးကျော်ဟန်သန့် (ခ) သားထွေး (၄၅) နှစ်သည် မြစေတီကျေးရွာသို့ ထွက်ခွာသွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ညောင်ကုန်းကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးနေသည့် ဦးကျော်ဟန်သန့် (ခ) သားထွေးအား တွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။ NOM

အီရန်စစ်ပွဲရပ်သွားနိုင်သလား NOM ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် အတွက်သဘောတူညီချက်ရရှိရန် စိတ်ပိုင်းဖြတ်ထားပုံရကြောင်း အစ္စရေးအဆင့်မြင့်အရာရှိသုံးဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းတို့၏အမြင်အရ အီရန်သည် ဆွေးနွေးပွဲများအတွင်း အမေရိကန်၏ တောင်းဆိုချက်များဖြစ်သည့်နျူကလီးယားအစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကန့်သတ်ခြင်း ကိုသဘောတူဖွယ်မရှိပေ။ အစောပိုင်းတွင် အီရန်က အမေရိကန်ထံမှ အဆိုပြုချက်များကို ကြားခံများမှတစ်ဆင့် လက်ခံရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

တောင်ငူမြို့နယ်၊ ရွှေမင်းဝံကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်း
တောင်ငူမြို့နယ်၊ ရွှေမင်းဝံကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကသတ်ဖြတ် NOM မတ် ၂၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရွှေမင်းဝံကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှကြည် (၆၂) နှစ်သည် မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အားငါးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာနေတဲ့ ရေကြောင်းကုန်သွယ်ရေး သင်္ဘောအချို့ဟာ ကတ်ရှ်မ်ကျွန်း (Qeshm) နဲ့ လာရတ်ခ်ကျွန်း (Larak) အကြားမှာ တည်ရှိတဲ့ "အီရန်တိုးဂိတ်" (Iranian toll booth) ကနေတစ်ဆင့် လမ်းကြောင်းပြောင်း ဖြတ်သန်းနေကြပါတယ်။ NOM

Ford ကုမ္ပဏီကို အားပေးကူညီဖို့နဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့စျေးကွက်ယှဉ်ပြိုင်မှု ရှိစေဖို့ အမေရိကန
+4
Ford ကုမ္ပဏီကို အားပေးကူညီဖို့နဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့စျေးကွက်ယှဉ်ပြိုင်မှု ရှိစေဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့အတွက် သံရုံးရဲ့အကြီးအကဲ ဆောန်နစ်ခ်ဟာ Yangon International Mobility Show ကို သွားရောက်ခဲ့ပါတယ်။ မြန်မာ့မော်တော်ယာဉ်စျေးကွက်အတွင်း ရွေးချယ်စရာတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပေးနေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့အတူ ရပ်တည်ရတဲ့အတွက် မိမိတို့ ဂုဏ်ယူမိပါတယ်။ Chargé d’Affaires a.i. Sonnek stopped by the Yangon International Mobility Show to support Ford and highlight U.S. commitment to fair competition for American companies in Myanmar. We’re proud to stand with U.S. businesses bringing more choices to Myanmar’s auto market! #Ford

အီရန်ကတရုတ်လေဆာလက်နက်ရရှိထား NOM သတင်းများအရ အီရန်နိုင်ငံသည် တရုတ်ထုတ် လေဆာကာကွယ်ရေးစနစ်များကို အသုံးပြုနေပြီဟု ဖော်ပြထားပြီး
အီရန်ကတရုတ်လေဆာလက်နက်ရရှိထား NOM သတင်းများအရ အီရန်နိုင်ငံသည် တရုတ်ထုတ် လေဆာကာကွယ်ရေးစနစ်များကို အသုံးပြုနေပြီဟု ဖော်ပြထားပြီး၊ အထူးသဖြင့် Shennong Shield anti-drone system ဟု ခေါ်သော စနစ်ကို အသုံးပြုထားကြောင်း သိရသည်။ ယင်းစနစ်ကို တီဟီရန်မြို့အပါအဝင် အရေးကြီးနေရာများကို ကာကွယ်ရန် အသုံးပြုနေပြီး၊ ဒရုန်းများကို ဖျက်ဆီးနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ “Shennong Shield” ဟု ခေါ်သော တရုတ်လေဆာ anti-drone စနစ်ကို တန်ဖိုးမြင့် ပစ်မှတ်များကို ကာကွယ်ရန် အသုံးပြုကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဤစနစ်ကို လေကြောင်းဘက်မှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်၊ အထူးသဖြင့် စောင့်ကြည့်ရေး သို့မဟုတ် အေသခံဒရုန်းများကို တိုက်ဖျက်ရန် အသုံးပြုထားသည်။ ဤလက်နက်ရရှိမှုသည် တရုတ်နှင့် အီရန်အကြား စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာနေခြင်းကို ပြသပြီး၊ တချို့က ယင်းကို ဗြိတိန်၏ “Dragonfire” လေဆာစနစ်နှင့် ဆင်တူသည်ဟု ဖော်ပြကြသည်။ အီရန်သည် “Sateb” သို့မဟုတ် “Seraj” ကဲ့သို့ ကိုယ်ပိုင် လေဆာလက်နက်များ ဖွံ့ဖြိုးတိုးတက်ထားသည်ဟု ဆိုခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်ထုတ် စနစ်တစ်ခုကို အသုံးပြုထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အစ္စရေးက လက်ဘနွန်တောင်ပိုင်းကိုလီတာနီ မြစ်အထိ သိမ်းပိုက်ရန် စီစဉ် NOM အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ်က အစ္စရေးစစ်တပ်သည် လက်ဘနွန
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကိုလီတာနီ မြစ်အထိ သိမ်းပိုက်ရန် စီစဉ် NOM အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ်က အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ ကျန်ရှိနေသော တံတားအားလုံးအပါအဝင် လီတာနီမြစ်အထိ လုံခြုံရေးဇုန်တစ်ခုကို ထိန်းချုပ်မည်ဟု ကြေညာခဲ့သည်။ ⠀

အမေရိကန်နှင့်မည်သည့်ဆွေးနွေးမှုမှမရှိကြောင်းအီရန်ကကြေညာပြီးနောက်ဘရန့်ရေနံစိမ်းတစ်စည်လျင်ဒေါ်လာ၁၀၀သို့စျေးပြန်တက်သွားသည်။
အမေရိကန်နှင့်မည်သည့်ဆွေးနွေးမှုမှမရှိကြောင်းအီရန်ကကြေညာပြီးနောက်ဘရန့်ရေနံစိမ်းတစ်စည်လျင်ဒေါ်လာ၁၀၀သို့စျေးပြန်တက်သွားသည်။

အဝေးပြေးကားဂိတ်များတွင် ကြိုတင်လက်မှတ်များကို ရောင်းချခြင်းမရှိသည့်အပြင် အချို့ကားဂိတ်များတွင်လည်း ရောင်းချထားသည့်လက်မှတ်ခများကို ငွေပြန်အမ်း NOM၊မတ်၂၄၊၂၀၂၆ လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီအခက်ခဲများကြောင့်ဧပြီလအတွင်ပြန်မည်သူများအတွက် အဝေးပြေး ကားဂိတ်များတွင် ကြိုတင်လက်မှတ်များကို ရောင်းချခြင်းမရှိသည့်အပြင် အချို့ကားဂိတ်များတွင်လည်း ရောင်းချထားသည့်လက်မှတ်ခများကို ငွေပြန်အမ်းပေးနေကြောင်းစုံစမ်းသိရသည်။ "ဒီနှစ်သင်္ကြန် အိမ်ပြန်လက်မှတ်ရဖို့ မလွယ်လှပါဘူး။ မနှစ်ကဆိုရင်အခုလိုအချိန်မှာလက်မှတ်ဖြက်ပြီးပြီး ဒီနှစ်လည်းအဲဒီလိုဘဲကြိုဖြက်ထားတာ ဂိတ်ကဖုန်းဆက်ပြီးငွေပြန်ထုတ်ဖို့အကြောင်းကြားလာတယ် ဒါနဲ့ဘဲသွားထုတ်လိုက်ရတယ် အကြောင်းရင်းကတော့ ရှင်းပါတယ်။ ကားထွက်မယ့်ရက်မှာ ဆီမရလို့ ကားမထွက်နိုင်ရင် ခရီးသည်ရော ဂိတ်ပါ ဒုက္ခရောက်မှာစိုးလို့ပါဆိုပြီး ရောင်းပြီးသားလက်မှတ်တွေကိုငွေပြန်အမ်းပေးတာပါဆိုပြီးဂိတ်က ပြောလိုက်ပါသေးတယ်"ဟု နေပြည်တော်မှခရီးသည်တစ်ဦးကပြောသည်။ လက်ရှိကားဂိတ်များအားကြိုတင်လက်မှတ်ဝယ်ယူရန်အတွက်စုံစမ်းရာတွင် ကားဂိတ်မျာတွင်လက်ရှိ ဆီအခက်အခဲကြောင့် ကြိုတင်လက်မှတ် လုံးဝမရောင်းခြင်းမရှိဘဲတစ်ရက်ခြင်း သာရောင်းချပေး နေကြောင်းသိရသည်။ "အခုလက်ရှိအချိန်မှာ စက်သုံးဆီအခက်ခဲကြောင့် ဘယ်ခရီးစဉ်တွေကိုမဆို ကြိုတင်လက်မှတ်မရောင်းပါဘူး တစ်ချို့ကလက်မှတ်တစ်ခါတည်ဝယ်ကားပေါ်တက်တာ တွေလည်းရှိပါတယ်တစ်ချို့ကမနက်ဝယ်ညနေကားပေါ်တက်တာတွေလည်း ရှိပါတယ်နောက်ဆုံးဒီနေ့ဝယ်မနက်ဖြန့်မနက်ကားပေါ်တက်ထိ ဘဲရောင်းပေးပါတယ် သုံးရက်ကြိုတင်တွေ၊ သကြ်နကာလကြိုတင်ဝယ်တွေတော့မရောင်းပါဘူး"ဟု အောင်မဂ်လာကားဂိတ်တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိစက်သုံးဆီအရောင်ဆိုင်များတွင်ဆိုင်အချို့မှာဆီမရှိ၍ဆိုင်ပိတ်ထားမှုများရှိသလို အချို့ဆိုင်များမှာ 92 တစ်မျိုးနှင့် အချို့မှာ95တစ် မျိုးသာရရှိ သော်လည်း တန်းဆီသည့်ကားများမှာလည်း၂နာရီကျော်၃နာရီထိတန်းဆီဝယ်ယူ နေရကြောင်းသိရသည်။

ဗီယက်နမ်လေကြောင်းကပြည်တွင်းခရီးစဉ်အချို့ရပ်မည် NOM ဗီယက်နမ်လေကြောင်းလိုင်းကလေယာဉ်ဆီအခက်အခဲကြောင့်ပြည်တွင်းခရီးစဉ်အချို့ပျံသန်းခြင်းကိုရပ်ဆိုင်းမည်ဟုယနေ့ ကြေညာသည်။

ဖိလစ်ပိုင်လေကြောင်းလိုင်းပျံသန်းမှုများရပ်မည်ဟုသမ္မတပြော NOM ပြည်ပမှလေယာဉ်ဆီများဝယ်မရသဖြင့်ဖိလစ်ပိုင်လေကြောင်းလိုင်းသည်လေယာဉ်ပျံသန်းမှုများကိုရပ်ဆိုင်းထားရတော့မည်ဟုဖိလစ်ပိုင်သမ္မတက ယနေ့ကြေညာသည်။

ဘင်္ဂလားဒေရှ့်တွင်စက်သုံးဆီဆိုင်များပိတ် NOM ဘင်္ဂလားဒေရှ့်စက်သုံးဆီလုပ်ငန်းရှင်များအသင်းကနိုင်ငံအတွင်းစက်သုံးဆီပြတ်လပ်တော့မည့်အတွက်ယနေ့မှစ၍နိုင်ငံအတွင်းရှိစက်သုံးဆီအရောင်းဆိုင်များပိတ်လိုက်ကြောင်းကြေညာသည်။

ထိုင်းတွင်ကျောက်မီးသွေးသုံးစက်ရုံများပြန်ဖွင့် NOM ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ ရည်(LNG) ထောက်ပံ့မှုပြဿနာများကြောင့် ၎င်း၏ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများကို ပြန်လည်စတင်လျက်ရှိသည်။ ထိုင်းနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု၏ ၆၀% ခန့်ရှိသော LNG ထက် ကျောက်မီးသွေးသည် များစွာစျေးသက်သာသည်။ LNG ၏ မြင့်တက်လာသောကုန်ကျစရိတ်ကို ချေဖျက်ရန်နှင့် မေလမှ သြဂုတ်လအတွင်း လျှပ်စစ်ဓာတ်အားခများကို တစ်ကီလိုဝပ်နာရီလျှင် ဘတ် ၃.၈၈ (၁၂ ဆင့်) တွင် ထိန်းသိမ်းထားရန် ရည်ရွယ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်းသမ္မတဦးသိန်းစိန်လက်ထက်ကျကျာက်မီးသွေးသုံးစွမ်းအင်စက်ရုံများတည်ဆောက်ရန်စီစဉ်ခဲ့သော်လည်းဒေါ်လာစားများကဦးဆောင်ဆန္ဒပြခဲ့သဖြင့်အဆိုပါစီမံကိန်းများပျယ်ပြယ်ခဲ့ရသည်။

ဗဟိုဘဏ်ကလောင်စာဆီတင်သွင်းရန်အမေရိပန်ဒေါ်လာ၄၅သန်းရောင်းချပေး NOM “လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်လိုအပ်ချက်အပေါ် အပြည့်အဝပံ့ပိုးပေးနိုင်ရန် (၂၃-၃-၂၀၂၆) ရက်နေ့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၄၅ သန်းကို သက်ဆိုင်ရာ ဘဏ်များမှ တစ်ဆင့်ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အရFX Trading Platform တွင် သွင်းကုန် လုပ်ငန်းရှင်များအတွက်ထိုင်းဘတ် သန်း ၅၀ ကိုလည်းရောင်းချပေးမည်ဖြစ်ပါသည်”ဟုဗဟိုဘဏ်မှသတင်းထုတ်ပြန်ထားသည်။

အငှါးယာဉ်တက္ကဆီတွေပါမမောင်းရနေ့သတ်မှတ်သင့် NOM အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်လောင်စာဆီအကျပ်အတည်းကမ္ဘာနှင့်အဝှမ်းပေါ်ပေါက်နေသဖြင့်နိုင်ငံအသီးသီးသည်လောင်စာဆီချိုးခြံချွေတာရေးအတွက်နိုင်ငံအလိုက်မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသည်။မြန်မနိုင်ငံသည်လည်းလောင်စာဆီချ်ုးခြံချွေတာရန်နှင့်ယာဉ်ပိတ်ဆို့မှုမဖြစ်ရန်လောင်စာဆီကိုသတ်မှတ်အချိုးဖြင့်ရောင်းပေးခြင်း၊စုံရက်မရက်ခွဲပြီးယာဉ်မာင်းနှင်မှုကန့်သတ်ခြင်းများဆောင်ရွက်လျက်ရှိသည်။ သို့သော်ထိုအထဲတွင်မပါပဲလွတ်နေသောတက္ကဆီများကြောင့်စက်သုံးဆီဆိုင်များတွင်လည်းဆီတန်းစီသည့်ကါးတန်းကြီးများအပြည့်ဖြစ်နေသလိုမသမာျသာဆီဆိုင်ဝန်ထမ်းများနှင့်ပေါင်းပြီးနေ့စဉ်ဆီကိုအကြိမ်ကြိမ်ထုတ်ယူမှုများဖြစ်ပေါ်နေသည်။ရန်ကုန်မြို့တွင်းလေ့လာပါကခရီးသည်ရှာရင်းမောင်းနေသောအငှါးကါးများကိုမျက်စိနောက်ဖွယ်တွေ့နေရသည်။ရန်ကုန်မြို့ရှိတရားဝင်အငှါးယာဉ်ခြောက်သောင်းနီးပါး၏နေ့စဉ်ဆီသုံးနှုန်းကိုတွက်ချက်ပါကတစ်နေ့လျင်ဆီလီတာကိုးသိန်းခန့်ရှိသည်။ထိုအထဲမှဓာတ်ငွေ့ကါးသုံးသောင်းခန့်ကိုပြန်နှုတ်ပါကအငှါးယာဉ်များအတွက်နေ့စဉ်ဆီလီတာလေးသိန်းခွဲရောင်းချပေးနေရသည်။ ထို့အပြင်အဆိုပါအငှါးယာဉ်များသည်နေ့စဉ်ဆီထည့်ခွင့်ရနေသဖြင့်ဆီဆိုင်များတွင်မလိုအပ်ပဲကါးတန်းရှည်များဖြစ်နေခြင်း၊ကန်တော်ကြီးပတ်လမ်းကဲ့သို့နေရာမျိုးတွင်ဆီတန်းစီသည့်ယာဉ်တန်းဖြင့်လမ်းများပိတ်ဆို့နေခြင်းတို့ကြောင့်နိုင်ငံတော်မှရည်မှန်းသည့်စက်သုံးဆီချွေတာရေးနှင့်ယာဉ်ကြောပိတ်ဆို့မှုလျော့ပါးရေးရည်မှန်းချက်များမအောင်မြင်သည်ကိုတွေ့နိုင်သည်။ထို့ကြောင့်အငှါးယာဉ်များကိုလည်းအုပ်စုခွဲပြီးတစ်ရက်ခြားမောင်းရန်နှင့်တစ်ရက်ခြားဆီထည့်ရန်ဆောင်ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။