ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
~~~~~ တိုက်ကြီး၏ အပြင်ဘက်သို့ ရောက်သောအခါမှ သလင်း ဖြူ့အသက်ရှူချောင်သွားသလို ခံစားလိုက်ရသည်။ထိုမှ တိုက်ကြီးကို မော့ကြည့်လိုက်မိသောအခါ ဆေးအဝါရောင်များဖြင့် ခြယ်မှုန်းထားသော တိုက်အိမ်ကြီးသည် မနေ့ညက မြင်ရသည်ထက်ပင် ပို၍ ခမ်းနားထည်ဝါနေသည်ကို တွေ့လိုက်ရလေသည်။သို့သော်လည်း သလင်းဖြူအနေနှင့် ယခုလက်ရှိ မြင်နေရသော တိုက်အိမ်ကြီးထက် ငယ်စဉ်ကနေခဲ့ရသော ခြေတံရှည် သစ်သားအိမ်ကြီးကို ပို၍ သဘောကျမိသည်။လွမ်းမောမိသည်။ သလင်းဖြူ ခြံကြီးထဲသို့ လျှောက်လာခဲ့ရင်း မှ ခြံ၏ အနောက်ဘက်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာခဲ့ရင်း ငယ်စဉ်က အမှတ်တရများကို အောက်မေ့နေမိလေသည်။ခြံကြီးသည် ကြီးမားကျယ်ဝန်းစွာ ရှိနေသော်လည်း ငယ်စဉ်ကလေးဘဝကထက်စာလျှင် အနည်းငယ်ကျဉ်းမြောင်းသွားသလို ထင်မိလေသည်။ အထူးသဖြင့် ခြံ၏ အနောက် ဘက်ရှိ လဲမှို့ပင်ကြီးများ ဝန်းရံထားသော ကန်ကြီးသည်ပင် သေးငယ်သွားသကဲ့သို့ ထင်မိလေသည်။နှစ်ပေခန့်ကျယ်ဝန်းသော ကန်ပေါင်ပတ်လမ်းပေါ်သို့ သလင်း ဖြုတက်ခဲ့လိုက်သည်။ ကန်၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် လူတစ်ရပ်ကျော် အမြင့်ရှိသော အုတ်တံတိုင်းခြံစည်းရိုးကြီးကို မြင်ရလေသည်။ ခြံကြီးထဲသို့ လျှောက်ကြည့်နေရင်းမှ မိခင်ဖြစ်သူကို သတိရလိုက်မိသောကြောင့် သလင်းဖြူ၏ မျက်လုံးအိမ်အတွင်း၌ မျက်ရည်များ ဝေ့ဝဲစိုတက်လာလေသည်။ဝေ့ဝဲကျလာသော မျက်ရည်စများကို သလင်းဖြူ လက်ခုံနှင့် သုတ်ဖယ်လိုက်ပြီးနောက် ကန်၏ အခြားတစ်ဖက်ဖြစ်သော ခြံ၏ ခေါင်းရင်းထောင့်ဘက်ကျသောနေရာမှ ဆင်းရန် ပြင်လိုက်သောအခါ " အမယ်လေး " သလင်းဖြူသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် အထိတ်တလန့် အော်ဟစ်လိုက်မိပြီးလျှင် ကန်ပေါင်ပေါ်မှ တချိုးတည်း ဆင်း၍ ပြေးခဲ့မိလေသည်။ ======================= ( အပိုင်း ၄ ဆက်ရန် ) ဧကြည်ဖြူ

"စားစမ်းပါ ငါ့ညီမရဲ့ ..ဘာလဲ မနက်စောစော ထမင်းစားကျင့်မရှိလို့လား ...ဒါမှမဟုတ် ရှက်နေလို့လား ...ကိုယ်မောင်နှမတွေ အချင်းချင်း ဘာရှက်စရာလိုလဲ အားရပါးရစားစမ်းပါဟာ " လက်ရှိ မောင်နှမဝမ်းကွဲသုံးယောက်တွင် ဇော်ထိုက်သည် အသက်အကြီးဆုံးပီပီ သလင်းဖြူကို ဝင်၍ ပြောဆိုလိုက်လေသည်။ "သားကြီး ဖိုးဇော်ပြောတာမှန်တယ် ...အားလုံးက တ၀မ်းပဲကွဲကြသေးတဲ့ မောင်နှမတွေပဲ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနေကြပါ ...ဒါပေမဲ့ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေကြပါ ... ရှုပ်ရှုပ်ယှက်ယှက်နဲ့ ပြဿနာဖြစ်တာမျိုးတွေကို ကြီးကြီး မကြိုက်ဘူးဆိုတာ အားလုံးသိကြတယ်မဟုတ်လား ...သားကြီး ဖိုးဇော်က အငယ်တွေ မသိတာကို သင်ပြပေးပါ ... ပြီးတော့ သလင်းဖြူလဲ တစ်ရက် နှစ်ရက်နားပြီးတာနဲ့ ရွှေရည်နဲ့အတူ အလုပ်ရုံကို လိုက်သွားပါ " ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေး၏ စကားကြောင့် သလင်းဖြူမှာ စားနေသော ထမင်းပင် လည်ချောင်းဝတွင် တစ်ဆို့သွားသလို ဖြစ်သွားရလေသည်။ ~~~~~~ မနက်စာ စားပြီးကြ သည်နှင့် အားလုံးမှာ အသီးသီးထွက်သွားကြသောကြောင့် သလင်းဖြူတစ်ယောက်တည်း ပျင်းရိငြီးငွေ့စွာ အိပ်ခန်းရှိရာဆီသို့ ပြန်တက်လာခဲ့မိလေသည်။ အပေါ်ထပ်သို့ရောက်သောအခါ အိပ်ရာပေါ်သို့ စိတ်ပျက်လက်ပျက် နင့်လှဲချလိုက်မိသည် ။ သလင်းဖြူ မိုးနှဲရွာကို လာခဲ့သည့် အစီအစဉ်ထဲတွင် ရောက်ပြီး နှစ်ရက်အတွင် နိုင်ငံခြားသွားဖို့အတွက် ငွေထုတ်ချေးပေးရန်ပြောမည်။ပြီးလျှင် အမြန်ဆုံး ရန်ကုန်သို့ ပြန်မည်ဟု အစီအစဉ်ဆွဲထားခဲ့သည်။ယခုမူ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသည်ကဲ့သို့ပင် ကြီးတော်များ၏ အမူအရာများကို ကြည့်ပြီး နှုတ်မှ ပြောထွက်ဖို့ရန် ဝန်လေးနေမိသည်။ဘကြီးဖြစ်သူမှာ ပြောရဆိုရ လွယ်မည့်ပုံပေါ်သော်လည်း ဘကြီး၏ဇနီးဖြစ်သူမှာ မျက်နှာထားတင်းတင်းကြီးနှင့် ဘကြီးနားတွင် ရှိနေတတ်သည်ကို တွေ့ရသောကြောင့် ပြောဖို့ရန်အတွက် သလင်းဖြူ ဝန်လေးမိလေသည်။ရန်ကုန်မှ ထွက်လာစဉ်က စစ်ကူတောင်းမည်ဟု စိတ်ကူးထားခဲ့မိသော ဦးလေးဖြစ်သူနှင့် အဒေါ် သည်လည်း ဘယ်အချိန်ဘယ်အခါမှ ပြန်လာလိမ့်မည် မသိရပေ။စီစဉ်ထားသမျှသည် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပေပြီ။အလုပ်ကို ထွက်စာတင်၍ ထွက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် လာမောကြီးဘ၀မျိုးဖြင့် တပ်ခေါက်ပြန်၍တော့ ဖြစ်မည်မထင်ပေ။ငွေထုတ်ပိုက်၍ ပြန်နိုင်ရန်အထိ လူကြီးများ မျက်စိကျအောင် ကြိုးစားနေထိုင်ရလိမ့်မည်ထင်သည်။ ~~~~ ပျင်းပျင်းရှိသည်နှင့် သလင်းဖြူ ခြံထဲသို့ ဆင်းလာခဲ့သည်။ခြံထဲသို့ ရောက်သောအခါမှ မနေ့က ကြုံဆုံခဲ့ရသော ခွေးကြီးနှစ်ကောင်ကို သတိရလိုက်မိသောကြောင့် တိုက်ကြီးထဲသို့ ကမန်းကတန်း ပြန်ဝင်ခဲ့မိသည်။ပြီးနောက် တိတ်ဆိတ်နေသော အိမ်ကြီးတဲတွင် တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား ရှာဖွေကြည့်လိုက်မိသည်။အောက်ထပ်တစ်ခန်းလုံးတွင် ဧည့်ခန်းကျယ်ကြီးနှင့် အိမ်ထောင်ပစ္စည်းများဖြင့် ပြည့်နေသောအခန်းများ၊ သော့ခတ်ထားသော အခန်းအချို့ကိုတွေ့ရလေသည်။ "ဖျပ်....ဖျပ် " ပိတ်ထားသော အခန်းတစ်ခန်းရှေ့သို့ အရောက်တွင် စာရွက်လှန်သံကဲ့သို့အသံမျိုးကို ကြားလိုက်ရသောကြောင့် သလင်းဖြူ အခန်းတံခါးနားသို့ နားကိုကပ်၍ နားထောင်လိုက်သည်။ နားစိုက်၍ ထောင်လိုက်သောအခါ အသံမှာ ပြန်လည် တိတ်ဆိတ်သွားလေသည်။အထဲမှ ဘာသံမှ မကြားရတော့သောကြောင့် သလင်းဖြူလှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် "ဖျပ် ...ဖျပ်...ဖျပ် " ဖျတ်ခနဲ ကြားလိုက်ရသော အသံကြောင့် သလင်းဖြူ တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားမိပြီး အခန်းတံခါးနားသို့ နားကပ်၍ နားထောင်လိုက်ကာ ခပ်တိုးတိုး အသံပြုလိုက်မိသည်။ "အထဲမှာ လူရှိလား ... ဘဘကြီးလား ...ကြီးကြီးလားဟင် " "ဟိတ် ... မင်းဒီမှာ ဘာလုပ်နေတာလဲ ... ကိုယ်နဲ့ မဆိုင်တဲ့ အခန်းတွေကို မဝင်ရဘူးလို့ မနေ့ညက ပြောခဲ့တယ်လေ မမှတ်မိတော့ဘူးလား ...တော်ကြာ မမကြီးသိရင် အဆူခံနေရမယ် " "ရှင် ဟုတ် ..ဟုတ်ကဲ့ပါ ဒေါ်သုန် ... ဟိုလေ အထဲက အသံကြားလို့ပါ .... အိမ်ထဲမှာလဲ ဘယ်သူ့ကိုမှ မတွေ့တာနဲ့ ခေါ်ကြည့်နေတာပါ " အသံနှင့်အတူ ရုတ်တရက် ရောက်လာသော ဒေါ်သုန်ကို သလင်းဖြူရှင်းပြလိုက်သည်။ "အိုကွယ် ..ပေါက်ပေါက်ရှာရှာ ...ဒီအချိန်ဆို တိုက်ကြီးထဲမှာ ...ကျုပ်ရယ် ထမင်းချက်မိပွားရယ် ...ပူစူးမရယ်ကလွဲလို့ ဘယ်သူမှ မရှိဘူး...ပြီးတော့ ဒီအခန်းကလဲ ပစ္စည်းဟောင်းတွေထားတဲ့ စတိုခန်းပဲ ...အထဲမှာ ကြွက်ပဲ ရှိမှာပေါ့ ...ဒါနဲ့ မင်းက ဘာလုပ်မလို့လဲ " "ဘာမှ မလုပ်ပါဘူး ... ခြံထဲ ဆင်းမလို့ ...ခွေးကြီးနှစ်ကောင် လွှတ်ထားလားလို့... တစ်ယောက်ယောက်ကို မေးမလို့ လိုက်ရှာနေတာ ဘာမှ မလုပ်ဘူး " အိမ်အကူနှင့်မတူဘဲ မာရေကျောရေနိုင်လှသော ဒေါ်သုန်ကို အမြင်ကပ်ကပ်နှင့် သလင်းဖြူအသံမာမာနှင့် ပြန်ဖြေ ပစ်လိုက်သည်။ " ဪ ..ခွေးကြီးတွေက ခုချိန်ဆို ခြံစောင့်ကိုသောင်းနဲ့အတူ ယာထဲ ရောက်နေလောက်ပြီ ... ညနေမှပြန်လာမှာ ....ရွာတဲသွားချင်ရင်တော့ ခြံတံခါးသော့ လိုက်ဖွင့်ပေးမယ် " "ဟုတ်ကဲ့ ရပါတယ် ... ခြံထဲမှာပဲလမ်းလျှောက်မှာပါ " ပြောပြီးသည်နှင့် ဒေါ်သုန့်် အနားမှ သလင်းဖြူထွက်လာခဲ့လိုက်သည်။

မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း သက်ရွယ်တူ ညီမ၀မ်းကွဲများ ဖြစ်သောကြောင့် သလင်းဖြူက ခင်မင်ရင်းနှီးစွာပင် ပြောလိုက်သည်။ "မချိုးပါဘူး ...အိပ်နေတာလေ ...ခုမှ လန့်နိုးလာတာ " "ဟုတ်လား ...ဒါဆို ရေချိုးနေတော ဘယ်သူလဲ မသိဘူး...အပေါ်ထပ်ကို လူကြီးတွေ တက်လေ့မရှိဘူးဆို .." " ဪ ...အစ်ကိုတို့နေမှာပေါ့ " သလင်းဖြူ သိချင်စိတ်ကြောင့် မေးလိုက်သောအခါ ရွှေရည်ဝင်းကအေးဆေးစွာပင် ပြန်ပြောလေသည်။ရွှေရည်ဝင်း၏ အဖြေစကားကြောင့် သလင်းဖြူ စိတ်ထဲ ဘ၀င်မကျ ဖြစ်သွားမိလေသည်။ အစ်ကိုတွေက ယောကျာ်းလေးရေချိုးခန်းမှာ မချိုးဘဲ ဘာကြောင့်များ မိန်းခလေးခန်းထဲ ဝင်ချိုးနေရသည်ကို နားမလည်နိုင်ဖြစ်သွားမိလေသည်။ကိုယ့်အိမ်ကိုယ့်ရာနှင့် မောင်နှမသားချင်းများ ဖြစ်သောကြောင့် အလွယ်တကူဝင်ချိုးနေသည်ပင်ဖြစ်လိမ့်မည်ထင်ပါသည်။ "ဒါဆို ...မနက်မှ တွေ့မယ်နော် ...ရွှေရည်တအားအိပ်ချင်နေလို့ အိပ်တော့မယ် " ~~~~~~ "ဒေါက် ...ဒေါက် " "ကလေးမ ...ကလေးမ ထတော့လေ ... မနက်စာ စားဖို့အချိန် ရောက်နေပြီ ....မမကြီး ခေါ်နေပြီ ထတော့ " အိပ်ကောင်းနေစဉ်မှာပင် တံခါးခေါက်သံနှင့်အတူအခန်းအပြင်မှ ခေါ်သံကြောင့် သလင်းဖြူ အိပ်ချင်မူးတူးနှင့် ဖုန်းကိုကြည့်လိုက်မိသည်။ခုနှစ်နာရီ ဆိုသော အချိန်ကြောင့် သလင်းဖြူ စိတ်ထဲ ကသိကအောက် ဖြစ်သွားမိသည်။အခန်းပြင်မှ တံခါးခေါက်သံမှာလည်း တဒုန်းဒုန်းထုနေဆဲပင်ဖြစ်သည်။ "ဒုန်း ...ဒုန်း " "ကလေးမ ... မထသေးဘူးလား " သလင်းဖြူ မျက်လုံးကို အားယူဖွင့်ပြီး အခန်းတံခါးဝဆီသို့ လျှောက်သွားလိုက်ပြီးလျှင် တံခါးကို ဖွင့်လိုက်သည်။ "ဟို ... ကျွန်မ မနက်စာ မစားတော့ဘူးရှင့် ...ခဏလောက် ထပ်အိပ်လို့ရမလာ ဒေါ်ကြီး " ဒေါ်သုန် ဆိုသော အဘွားကြီးကို မျက်နာချိုသွေးပြီး သလင်းဖြူ မေးလိုက်သည်။ "မရဘူး ကလေးမ ...ဒါက မမကြီးရဲ့ အမိန့် ဒီအိမ်ရဲ့စည်းကမ်းပဲ ...မင်းကို စောစောကတည်းက ပူစူးမကို နှိုးခိုင်းလိုက်တာ မင်းမနှိုးလို့ ငါကိုယ်တိုင် လာနှိုးတာ ...မျက်နှာမြန်မြန်သစ်ပြီး အောက်ကို ဆင်းလာခဲ့ စောစောစီးစီး မမကြီး ဒေါသထွက်ရင် မလွယ်ဘူး " -~~~ "မြန်မြန်လာ သလင်းဖြူ ...မင်းကို စောင့်နေတဲ့သူတွေကို အားနာမှ ပေါ့ကွယ် ...အားလုံးက အလုပ်သွားကြရအုံးမှာ '' ထမင်းစားခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ကြီးကြီးကြည်အေး၏ အသံနှင့်အတူ ထမင်းစားခန်းထဲတွင် ထိုင်နေကြသူများကို ကြည့်ပြီး သလင်းဖြူ၏ ခြေလှမ်းများတွန့် ဆုတ်သွားမိလေသည်။ကြီးကြီးကြည်အေးမှစ၍ ထမင်းစားခန်းတွင် ထိုင်နေကြသူများသည် အဝတ်အစားသပ်သပ်ရပ်ရပ်သားသားနားနားနှင့့်ရှိကြလေသည်။ရွှေရည်ဝင်းဆိုလျှင် မျက်နှာတွင် သနပ်ခါး အဖွေးသားနှင့် ထက်အောက်ဆင်တူ ပန်းဆီရောင်ဝတ်စုံနှင့် အလှကြီးလှနေလေသည်။ထို့အတူ အစ်ကိုဝမ်းကွဲများဖြစ်သော ကြီးကြီးခင်အေး၏သားဖြစ်သူ ကိုဇော်ထိုက်နှင့် ဦးလေးထွန်းအေး၏သားဖြစ်သူစိုင်းရန်နိုင်တို့မှာလည်း သပ်သပ်ရပ်ရပ်ဖြင့် ဝတ်စား ပြင်ဆင်ထားသည်ကို တွေ့ရလေသည်။သလင်းဖြူမှာသာ ခါးလယ်ခန့်ရှိသော ဆံပင်များကို ဖြစ်သလို စည်းနှောင်ထားပြီးလျှင် ညဝတ်အင်္ကျီအပွနှင့် ဘောင်းဘီ ခပ်ပွပွကို တစ်ဆင်ထားပြီး ဖရိုဖရဲ ပုံစံဖြစ်နေလေသည်။ "မိန်းခလေးဖြစ်ပြီး ဒီလောက်တောင် အိပ်ရလားကွယ် ...ဒီအိမ်ရဲ့စည်းကမ်းက မနက် ခြောက်နာရီမှာ အိပ်ရာက ထကြရပြီး ... မနက်ခုနှစ်နာရီထိုးတာနဲ့ ထမင်းစားခန်းမှာ အားလုံးဆုံကြရမယ်ဆိုတာကို မှတ်ထားအုံး ..... သူ့ကို အိမ်ရဲ့ စည်းကမ်းတွေပြောပြလိုက်အုံးလေ မသုန် ....ရှင်မလဲ မမကြည်ပြောမှပဲလုပ်မှာလား ... ခုတော့ သူ့ကြောင့် အားလုံး အချိန်တွေ နောက်ကျကုန်ပြီး " "မင်းကလဲကွာ.... သူ့ခမျာ ...မနေ့ကမှ ရောက်တာပဲ အိမ်ရဲ့ စည်းကမ်းတွေကို ဘယ်သိပါ့မလဲ " "ယောက်ဖ ပြောတာမှန်တယ် ... ငါ့တို့ တူမလေးခမျာ မနေ့ညကမှ ရောက်တာလေ ခင်အေးရယ်...နင့်စည်းကမ်းတွေကို ဘေးဖယ်ထားစမ်း... တော်ကြာ ကလေးက မနေနိုင်ဘဲ ပြန်ပြေးသွားပါအုံးမယ် ...ကဲပါ တူမလေး ထိုင် ... မနက် အဆာပြေဝိုင်းမှာ ဆုံရမယ်ဆိုတာ စည်းကမ်း ဆိုတာထက် တစ်နေ့လုံးမှာမှ ဒီတစ်ချိန်ပဲ မိသားစုတွေ တွေ့ဆုံစကားပြောနိုင်တဲ့အချိန်မို့ပါကွယ် ...ကျန်တဲ့အချိန်တွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် မဆုံဖြစ်ကြတော့လိုလေကွယ် ... ငါ့တူမလဲ နေ့လယ်စာနဲ့ ညစာကို ဗိုက်ဆာတဲ့အချိန်မှ စားလို့ရတယ် ဟုတ်ပြီလား " မကျေမချမ်းနှင့်ပြောဆိုနေသော ဒေါ်ခင်အေးကို သူမ၏ဖခင်ပွန်းဖြစ်သူက ၀င်ရောက်ပြောဆို လိုက်လေသည်။ထို့အတူ ဦးမြင့်အေးသည်လည်း ယောက်ဖဖြစ်သူ၏ စကားကို ထောက်ခံပြောဆိုလိုက်ပြီးလျှင် နှမဖြစ်သူကို ဟန့်တားလိုက်လေသည်။ "သမီး ရွှေရည် အစားနည်းလှချည်လားကွယ် ... ဒီလိုသာ စားနေရင် သူများထက် နောက်ကောက်ကျတော့မှာပဲ " သလင်းဖြူမှာ ဟင်းပန်းကန်ဆီသို့ လက်လှမ်းရန် ဟန်ရွယ်လိုက်စဉ်မှာ ကြီးတော်ဖြစ်သူဒေါ်ခင်အေး၏ စကားသံကြောင့် လက်ကို မသိမသာ ပြုတ်ရုတ်လိုက်မိလေသည်။ ထိုအခါသလင်းဖြူ၏ အခြေအနေကို တွေ့မြင်သွားသော ဇော်ထိုက်က မိခင်ဖြစ်သူကို တစ်ချက်မျှ မော့ကြည့်လိုက်ပြီးလျှင် သလင်းဖြူ၏ ပန်းကန်ထဲသို့ ဟင်းကိုခပ်၍ ထည့်ပေးလိုက်လေသည်။

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၃ ) **** " ဒေါက် ... ဒေါက် ..." ခြေသံကို နားစိုက်ထောင်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် သလင်းဖြူ အိပ်ရာပေါ်မှ လူးလဲထလိုက်ပြီး အခန်းတံခါးဝနားဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်သည်။ "ကြီးကြီးကြည်အေး " သလင်းဖြူ အခန်းတံခါးကိုဖွင့်လိုက်သောအခါ ကြီးတော် အပျိုကြီးကို တွေ့လိုက်ရသောကြောင့် ရွံ့တွန့်တွန့်ဖြစ်သွားမိလေသည်။ "ခဏ ထိုင်အုံး ပြောစရာရှိလို့ " ဒေါ်ကြည်အေးသည် ကိုယ်တိုင်က မှန်တင်ခုံရှေ့ရှိ ဖင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် သလင်းဖြူကို ခုတင်ထက်တွင် ထိုင်ခိုင်းလိုက်လေသည်။ "ပွင့်ပွင့် လင်းလင်းပဲပြောမယ် ... အဘိုးဖြစ်သူဆုံးတုန်းကတောင် မင်းမလိုက်လာခဲ့ဘဲနဲ့ ခုမှလာတယ်ဆိုတော့ ....မင်းလဲ လိုချင်တာရှိလို့ လာခဲ့တယ်ဆိုတာကြီးကြီးသိတယ် ... အေး ... ခုချိန်မှာတော့ မင်းလိုချင်တာကို မရနိုင်သေးဘူး....ဒါပေမဲ့ မပူပါနဲ့ အချိန်တန်ရင် ပေးမှာပါ ...မင်းသိထားဖို့က မရခင်စပ်ကြားမှာ မလိုအပ်တဲ့နေရာတွေမှာ ဝင်မပါဘဲ နေပါ ... မင်းရဲ့ အကူအညီ လိုအပ်တဲ့ အခါမျိုးမှာ လူရောစိတ်ပါ တက်တက်ကြွကြွပါဝင်ပေးပါ ... အေး ဘာမှမလုပ်ရင်တော့ ဘာမှ ရမှာမဟုတ်ဘူးပေါ့ ...ကဲ ...ကဲ ဒါပဲ..ကိုယ့်အခန်းထဲမှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေနော် .... ရှုပ်ရှုပ်ယှက်ယှက်လုပ်တာမျိုးကို ကြီးကြီး မကြိုက်ဘူး ဟုတ်ပြီး လား ...ကဲ ရေချိုးဖို့ပြင်တော့ ...." "ဟုတ် ...ဟုတ်ကဲ့ပါ ကြီးကြီး " ကြီးတော်ဖြစ်သူပြန်ထွက်သွားသည်နှင့် သလင်းဖြူအိပ်ရာပေါ်ကို ဝုန်းခန် ပြန်လှဲချပစ်လိုက်သည် ။လာတုန်းကတော့ မျှော်လင့်ချက် အပြည့်နှင့် အားခဲပြီး လာခဲ့ခြင်းဖြစ်သည်။ပြောမည်ဟု စီစဉ်စိတ်ကူးထားခဲ့သော စကားလုံးများသည်လည်း မည်သည့အရပ်သို့ လွှင့်ပျောက်သွားသည်မသိပါလေတော့။ကိုယ်တိုင် မပြောရဲလျှင် အဒေါ်ဖြစ်သူနှင့် ဦးလေးဖြစ်သူကို အကူအညီတောင်းမည်ဟု ထွေးထားခဲ့သော်လည်း စိတ်ကူးနှင့်လက်တွေ့ လွဲချော်ခဲ့လေပြီ။ယခုပုံအတိုင်းဆိုလျှင် ဤအရပ်တွင် အချိန်အတာတစ်ခုအထိနေရမည့် သဘောမှာရှိလေသည်။ ~~~~ အခန်းထဲတွင် အသင့်ထားပေးထားသော တဘက်ကို ခန္ဓာကိုယ်ပေါ်တွင် ခြုံလွှမ်းလိုက်ပြီးနောက် အိတ်ထဲမှ ဆပ်ပြာနှင့် သွားတိုက်ဆေးကို ယူထုတ်ကာ ရေချိုးခန်းရှိရာဆီသို့ သလင်းဖြူလျှောက်လာခဲ့သည်။ ရေချိုးခန်းဆီသို့ သွားရာ စင်္ကြန်တစ်လျှောက်၌ မီးများဖြဲင့် ထိန်ထိန်လင်းနေသော်လည်း တိတ်ဆိတ်ခြောက်ကပ်၍ နေလေသည်။ဤအထပ်ရှိ အခန်းတစ်ခန်းခန်းတွင် ညီမ၀မ်းကွဲဖြစ်သူရှိသော်လည်း ဘယ်အခန်းမှန်း မသိရဘဲ လူမရှိသကဲ့သို့ပင် တိတ်ဆိတ်၍နေလေသည်။သလင်းဖြူ စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ရင်းမှ အခန်းများကိုရေတွက် လာခဲ့သည်။သလင်း ဖြူ အတွက် အခန်းသည် တိုက်၏ အနောက်ဘက်ခြမ်းသို့ သွားသော စင်္ကြန်လမ်း၏ ထောင့် ကွေ့ တစ်ခန်းကျော်တွင် ရှိသည်။အရှေ့ဘက်တွင်လည်း အခန်းများရှိသေးလေသည်။ခန့်မှန်းခြေအရ အခန်းဆယ်ခန်းနီးပါးခန့် ရှိလိမ့်မည်ထင်သည်။ စင်္ကြန် လမ်းဆုံး၍ ရေချိုးခန်းနှင့် အိမ်သာခန်းများဆီသို့ ရောက်သောအခါ သလင်းဖြူ အံ့ဩချီးကျူးလိုက်မိလေသည်။ရေချိုးခန်းလေးခန်းနှင့် အိမ်သာလေးခန်းကိုတွေ့ရလေသည်။အခန်းများသည် သန့်ရှင်းပြောင်လက်နေရုံမျှမကဘဲ ယောကျာ်းမိန်းမသီးသန့်အခန်များခွဲထားလေသည်။သလင်းဖြူ ရေချိုးခန်းတစ်ခန်းထဲသို့ဝင်လိုက်သည်။အခန်းထဲသို့ရောက်သောအခါ မွှေးပျံ့သောရနံ့တစ်မျိုးကို ရလိုက်သည်။ရေတစ်ခွက်ကိုခပ်ပြီး ခြေဖဝါးမှ စ၍လောင်းချလိုက်သည်။ပြီးနောက် ဒူးခေါင်းမှနေ၍ ရေများကို တစ်ခွက်ပြီးတစ်ခွက်ခပ်ပြီး လောင်းချလိုက်သည်။ခန္ဓာကိုယ်တစ်ခုလုံးအေးမြ၍သွားလေသည်။ "ပတောက် .... ပတောက် ...ပတောက် " သလင်းဖြူ ဆပ်ပြာတိုက်နေစဉ်မှာ ဘုံဘိုင်ခေါင်းမှ ရေကျသံလိုကြားလိုက်ရသောကြောင့် ခေါင်းကို မတ်ပြီး နားစွင့် ကြည့်လိုက်မိသည်။အသံသည်ဘေးအခန်းမှလိုလို ၊ ပြတင်းနံရံကို တစ်ခုခုက လာကုတ်ခြစ်နေသကဲ့သို့ အသံမျိုး ဖြစ်လေသည်။နားစိုက် ထောင်လိုက်သောအခါ အသံက ပျောက်သွားလေသည်။သလင်းဖြူ ရေကို ခေါင်းပေါ်မှ တဝုန်းဝုန်းလောင်းချိုးပစ်လိုက်သည်။ ရေချိုး၍ပြီးသွားသောအခါ ခေါင်းကို တဘက်နှင့် ခေါင်းပေါင်းလိုက်ပြီး ထွက်ခဲ့လိုက်သည်။ "ဖြန်း....ဖြန်း " သလင်းဖြူ ရေချိုးခန်းထဲမှ ထွက်လာစဉ် ဘေးအခန်ဆီမှ ရေချိုးသံကို ကြားလိုက်ရသည်။ကြည့်ရသည်မှာ သလင်းဖြူ၏ ညီမတစ်ဝမ်းကွဲဖြစ်သူ ရေချိုးနေခြင်းဖြစ်မည်ထင်သည်။ ~~~ " ကျွီ " "အမေ့ " ကိုယ့်အခန်းရှိရာသို့ သလင်းဖြူလျှောက်လာစဉ် ရုတ်တရက်ဆိုသလို သံရှည်ဆွဲပြီး ပွင့်လာသော အခန်းတံခါးပွင့်သံကြားလိုက်ရသောကြောင့် လန့်ဖျပ်သွားမိလေသည်။ "ဘယ်တုန်းက ရောက်နေတာလဲ " အသံကြားလိုက်ရသောအခါမှ ဘဘမြင့်၏ သမီးဖြစ်သူ ရွှေရည်ဝင်းမှန်းသိလိုက်ရသောကြောင့် ထိတ်လန့်နေသော စိတ်များ ပြေလျော့သွားရလေသည်။ " ခုနမှ ရောက်တာ ရွှေရည် ... ရောက်ကတည်းက ရွှေရည် ကိုရှာနေတာ ...ဒါနဲ့ ရွှေရည် ရေချိုးနေတာမဟုတ်ဘူးလား "

အိမ်တော်ထိန်း ဒေါ်သုန်က အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး သလင်းဖြူ၏အိတ်ကို သယ်ခိုင်းလိုက်လေသည်။သလင်းဖြူသည် ဒေါ်သုန်တို့နောက်မှလိုက်ပါခဲ့ရင်း အိမ်၏ အပေါ်ထပ်သို့ တက်ခဲ့လေသည်။ မီးရောင် ထိန်ထိန်လင်းနေသော တိုက်ကြီးထဲတွင် ပရိဘောဂများမှာ ခေတ်မှီ လှပသလို တိုက်ကြီးထဲတွင်လည်း အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရလေသည်။သလင်းဖြူတို့ သုံးယောက်သား တိုက်ကြီး၏ အလယ်တည့်တည့်ရှိ လှေကားထစ်များမှ အပေါ်သို့တက်ခဲ့ကြသည်။တိုက်သစ်ဆောက်ပြီးမှ တစ်ခါမျှ မရောက်ဖူးသေးသော တိုက်ကြီးထဲတွင် သလင်းဖြူ ယောင်နနနှင့် လိုက်၍ ကြည့်နေမိလေသည်။ဘကြီး မြင့်အေးနှင့် ကြီးကြီးခင်အေး၏သားသမီးများကို အရိပ်အယောင်ပင် မတွေ့ရသောကြောင့်လည်း သလင်းဖြူ နားမလည်နိုင်သလို ဖြစ်နေမိလေသည်။ ဒေါ်သုန်သည် တိုက်ကြီး၏ တတိယထပ်ဖြစ်သော အပေါ်ဆုံးအထပ်ထိတက်သွားသောကြောင့် သလင်းဖြူမှာ နှားခေါင်းကိုရှုံ့လိုက်ပြီး နောက်မှ တိတ်တိတ်ဆိတ်ဆိတ်ပင်လိုက်ခဲ့မိလေသည်။ အပေါ်ဆုံးထပ်သို့ ရောက်သော အခါ ဒေါ်သုန်သည် ပိတ်ထားသော အခန်းများကို ကျော်လျက် စင်္ကြန်တစ်လျှောက် လျှောက်လာခဲ့ရင်းမှ ထောင့်ချိုးကွေ့အခန်းဘေးမှ အခန်းရှေ့သို့ အရောက်တွင် ရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်လေသည်။ "ဒါ မင်းနေရမယ့်အခန်းပဲ .... ကိုယ်နဲ့ မဆိုင်တဲ့ အခန်းတွေကို လိုက်မ၀င်ဖို့ မမကြီးက မှာလိုက်တယ် .... ဒီစင်္ကြန်လမ်းရဲ့ အဆုံးမှာ အိမ်သာနဲ့ ရေချိုးခန်းတွေ ရှိတယ် ... အောက်ထပ်ဆင်းသုံးဖို့မလိုဘူး ....မင်းရေချိုးပြီးရင် အောက်ထပ်မှာ ထမင်းလာစားပါ ...ထမင်းပွဲပြင်ပေးထားမယ် " " ဟုတ်ကဲ့ ဒေါ်ကြီး ...ဒါနဲ့ ကျန်တဲ့မောင်နှမတွေ တစ်ယောက်မှ မတွေ့ဘူးနော် ဘယ်သွားကြလဲဟင် " သလင်းဖြူက ဘကြီးမြင့်အေး၏ သားသမီးသုံးယောက်နှင့် ကြီးကြီးခင်အေး၏ သားသမီး နစ်ယောက်ကို ရည်ရွယ်၍ မေးလိုက်ခြင်းဖြစ်လေသည်။ " မရှိကြဘူးလေ ... အစ်ကိုကြီးမြင့်အေးရဲ့ သားနှစ်ယောက်လုံးက နိုင်ငံခြားမှာလေ ...ဒီမှာ က အလတ်မလေးပဲ ကျန်ခဲ့တာ ခုချိန်ဆို အခန်းထဲက မထွက်တော့ဘူးလေ...မခင်အေးရဲ့သမီးကြီးကလဲ နိုင်ငံခြားရောက်နေတာပဲ ဒီမှာ အကြီးကောင်ပဲ ရှိတယ်...ပြီးတော့ ရှမ်းပြည်ဘက်က မင်းဦးလေးရဲ့ သားဆိုတာလဲ ရောက်နေတယ် ... သူတို့ကတော့ ဒီအချိန်ဆို ရွာလယ်က ပြုံးချို လက်ဖက်ရည်ဆိုင်မှာရှိမှာပေါ့ ...သူတို့အားလုံးဒီအပေါ်ထပ်မှာပဲ နေကြတာလေ ... မနက်ဖြန်ကျရင်တော့ သူတို့နဲ့ မင်း တွေ့ရမှာပါ " ~~~~~~~ သလင်းဖြူအခန်းထဲသို့ ရောက်သောအခါ သပ်ရပ်လှပစ္စာပြင်ဆင်ထားသော ခုတင်နှင့်အိပ်ရာကို တွေ့ရပြီး ဘေးတွင် မှန်တင်ခုံတစ်ခုံလည်း ရှိလေသည်။ ဘီဒို အလွတ်တစ်လုံးလည်းထားပေးထားသောကြောင့် သလင်းဖြူကျေနပ်သွားမိလေသည်။သလင်းဖြူသည် ဦးစွာ အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ်လှဲ၍အိပ်ချလိုက်သည်။ထိုစဉ်မှာပင် အခန်းအပြင်မှ ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရလေသည်။ ===================== အပိုင်း ( ၃ ) ဆက်ရန် ဧကြည်ဖြူ

"ဟေ့ ဘယ်သူလဲ ...လာပြီ ခဏစောင့် ...ခြံတံခါးနားသိပ်မကပ်နဲ့ ...ခွေးတွေ လှမ်းဆွဲနေမယ် " သလင်းဖြူစိတ်မရှည်နိုင်စွာ ခြံတံခါးမှ သော့ခလောက်ကြီးကို သံတိုင်နှင့် ရိုက်ခတ်ပြီးခေါ်လိုက်သောအခါ ခြံအနောက်ဘက်ဆီမှ ဝုန်းခနဲ ပြေးထွက်လာပြီး မာန်ဖီထိုးဟောင်လိုက်သော ခွေးများကြောင့် အထိတ်တလန့်နှင့် နောက်သို့ဆုတ်လိုက်ရာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားရလေသည်။ထိုအခါမှပင် ယောကျာ်းတစ်ယောက်၏အသံကို ကြားလိုက်ရပြီး ခြံတံခါးနားသို့ လျှောက်လာနေသည်ကို မြင်လိုက်ရလေသည်။ "ဟေ့ ..မင်းဘယ်သူလဲ ...ဖြူလေးဆိုတာလား " "ဟုတ်.... ဟုတ်ကဲ့ ... ဟုတ်ပါတယ်ရှင် ..ဦးလေးကြီးရဲ့ ခွေးတွေကို အရင် ထိန်းပါအုံး " သလင်းဖြူ တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့် လှမ်း၍ပြောလိုက်မိသည်။ "ဦးသောင်း ဘာလဲဗျ... ဘယ်သူလဲ " သလင်းဖြူ မေးနေစဉ်မှာပင် တိုက်ကြီး၏ အပေါ်ထပ် ဝရံတာဆီမှ လှမ်း၍မေးလိုက်သောအသံကြီး ထွက်ပေါ်လာလေသည်။ " ဆရာကြီးတို့ရဲ့ တူမပါ ... ရထားနောက်ကျလို့ အခုမှ ရောက်လာတာပါ " "ဟေ ... ဟုတ်လား ...အိမ်ထဲကို ခေါ်ခဲ့ဟေ့ " ~~~~ "ဘယ်လိုဖြစ်တာလဲ တူမကြီးရယ် ...လာမယ်ဆိုလဲ ... ဖုန်း သေချာဆက်မှပေါ့ကွယ် ... တော်သေးတာပေါ့ အိမ်ကို ချောချောမောမော ရောက်လာလို့ " သလင်းဖြူ တိုက်ကြီးထဲသို့ ရောက်သည်နှင့် ဒုတိယအကြီးဆုံးဖြစ်သောဘကြီးမြင့်အေးက စိုးရိမ်ပူပန်စွာ ပြောလေသည်။ "မင်းနှယ် ပေါ့တိပေါ့ဆ လုပ်ပုံကတော့... မအေနဲ့တစ်ထေရာတည်းပါပဲလားကွယ် " တတိယမြောက် ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး၏ စကားသံဖြစ်ပါလေသည်။အကြီးဆုံးဖြစ်သော ကြီးတော်ကြီး ဒေါ်ကြည်အေးကမူ စကားတစ်ခွန်းမျှ ဝင်၍ မပြောဘဲ နှုတ်ဆိတ်လျက် အကြည့်စူးစူးများနှင့် ကြည့်နေသည်ကို သလင်းဖြူ သတိထားလိုက်မိလေသည်။ကြီးတော်ကြီး၏ အကြည့်များကြောင့် သလင်းဖြူ ဆတ်ခနဲ တုန်လှုပ်သွားမိပြီးလျှင် ကိုယ်လေးကိုကျုံ့လိုက်မိလေသည်။အမေ၏ညီကိုမောင်နှမများထဲတွင် ကြီးကြီးကြည်အေးကို သလင်းဖြူ အကြောက် ဆုံးဖြစ်ပါလေသည်။ကြီးကြီးကြည်အေးသည် သလင်းဖြူ ကြုံဖူးသလောက် စကားနည်းသည်။မိန်းမတန်မဲ့ ယောကျာ်းရင့်မာများနှင့် ရင်ပေါင်တန်း၍ အလုပ်လုပ်နိုင်သူဖြစ်သည် ။ ဘကြီးမြင့်အေးမှာမူ ရိုးရိုးအေးအေးပုံစံသာဖြစ်လေသည်။ကြီးကြီးခင်အေးမှာ သလင်းဖြူ သိသလောက် ဟိုစပ်စပ် သည်စပ်စပ်နှင့် ပါတတ်ပြီး အပြောအဆိုကြမ်းသူ တစ်ယောက်ဖြစ်လေသည်။ကြီးကြီးခင်အေးပြီးလျှင် သလင်းဖြူ၏ မိခင်ဖြစ်လေသည်။ပြီးလျှင် ဦးကြီးထွန်းအေးဖြစ်သည် ။ဦးကြီးထွန်းအေးသည်လည်း ယမန်နှစ်ကပင် ကွယ်လွန်သွားပြီဟု ကြားသိရလေသည်။ဦးကြီးထွန်းအေးမှာ ရွာတွင်လည်း မနေဘဲ ရှမ်းပြည်ဘက်တွင် နေသောကြောင့် ဦးကြီးထွန်းအေးအကြောင်းကို သလင်းဖြူ သိပ်မသိပါ။ ဦးကြီးပြီးလျှင် ဒေါ်လေး ရင်အေး ဖြစ်သည်။ဒေါ်လေး ရင်အေးပြီးလျှင် သလင်းဖြူတို့ရှိရာ ရန်ကုန်သို့ မကြာခဏ လာလေ့ရှိသော ဦးလေးအငယ်ဆုံးဖြစ်သူ ဦးရန်နောင်ထွေး ဖြစ်သည်။အမေတို့ မောင်နှမခုနှစ်ယောက်တွင် အမေနှင့် ဦးကြီးထွန်းအေးသာ အဝေးတွင် နေထိုင်ကြပြီး ကျန်သောမောင်နှမငါးယောက်မှာ ဤအိမ်ကြီးထဲတွင်ပင် အတူတကွနေထိုင်ကြလေသည်။အမေတို့ မောင်နှမများသည် တစ်ယောက်နှင့် တစ်ယောက် အသက် နှစ်နှစ်စီသာ ကွာကြပြီး ယခုလက်ရှိ ကြီးကြီးကြည်အေးမှာ အသက်ငါးဆယ့် ခြောက်နှစ်ခန့်ရှိပြီးလျှင် ဦးလေးအငယ်ဆုံးမှာ လေးဆယ့် လေးနှစ်ခန့်ရှိလေသည်။သက်တမ်းအရဆိုရလျှင် မူ သူတို့၏ အသက်များမှာ သိပ်ပြီး မကြီးကြသေးသူများဟုဆို၍ရပေသည်။ သို့သော်လည်း သလင်းဖြူ၏ မိခင်နှင့် ဦးလေးထွန်းအေးမှာမူ အသက်ငါးဆယ် မပြည့်မီမှာပင် လူ့လောကကြီးကို စွန့်ခွါသွားကြရလေသည်။သူတို့ မောင်နှမများတွင် ကြီးကြီးကြည်အေး၊ဒေါ်လေးရင်အေးနှင့် ဦးငယ်တို့မှာ အိမ်ထောင်မကျသေးသော လူပျိုကြီး ၊ အပျိုကြီးများဖြစ်ကြလေသည်။ " ဒါနဲ့ ညည်းဖအေက မယားသစ် ရနေပြီဆို တော့ သမီးတစ်ယောက်ကိုတောင်တာဝန်မယူနိုင်တော့ဘူးပေါ့လေ... သေသွားတဲ့ မိန်းမရဲ့ အုတ်ဂူတောင်ခြောက်အောင် မစောင့်နိုင်တဲ့ လူမျိုး...ပေါ့သေးသေးတော့ မဟုတ်ဘူး " " ဟာ ....ခင်အေးရယ် ကလေးရှေ့မှာ.... နင်ဘာတွေပြောနေတာလဲ ... သူလဲ အရွယ်ရှိသေးတာပဲဟာ ...." ဦးမြင့်အေးသည် သလင်းဖြူကို လှမ်း၍ ကြည့်လိုက်ပြီးလျှင် ညီမဖြစ်သူ ဒေါ်ခင်အေးကို ဟန့်လိုက်လေသည်။ " ဟို .... ဟို ...ဦးငယ်နဲ့ ဒေါ်လေးရောဟင် " သလင်းဖြူမှာ ကြီးတော်ဖြစ်သူဒေါ်ခင်အေး၏ စကားစပြတ်သွားစေရန် အဒေါ်နှင့် ဦးလေးအကြောင်းကို မေးလိုက်သောအခါ သုံးယောက်သားမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးလျှင် " သူတို့ မရှိကြဘူး ...ခရီးသွားနေကြတယ် ...ကဲ ...ကဲ ... မိုးလဲချုပ်နေပြီ .. ရေမိုးချိုးပြီး ထမင်းစားဖို့ပြင်တော့ ... ဒေါ်သုန်ရေ သူ့အတွက် အခန်းအရင်လိုက်ပြလိုက်အုံး " ဒေါ်ကြည်အေး၏ လေးနက်သော စကားသံ ထွက်လာသောကြောင့် သလင်းဖြူမှာ ပါးစပ်ကို ပိတ်ပြီး ဒေါ်သုန် ၏နောက်မှလိုက်ပါခဲ့ရလေသည်။ ~~~~ ~~ "မောင်လုံး ကလေးမလေးရဲ့အိတ်ကို သယ်ခဲ့ပေးလိုက် "

သလင်းဖြူက ကုက္ကိုစုကွင်း နာမည်ကိုကြားသည်နှင့် အထိတ်တလန့်နှင့် ငြင်းဆန်လိုက်မိလေသည်။ကုက္ကိုစုကွင်းဆိုသည်မှာ စာသင်ကျောင်း၏ အနောက်ဘက်နှင့် ရွာဘုရားကုန်းနားတွင်ရှိသော ကုက္ကိုပင်များ အများအပြား ပေါက်ရောက်နေသော နေရာကိုခေါ်ခြင်းဖြစ်လေသည် ။အနီးအနားတွင် ကန်မောင်နှမဟုခေါ်သော ရေကန်ကြီးနှစ်ကန်လည်းရှိသည်။ပြီးလျှင် သစ်ပင်ဝါးပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေသော တောအုပ်လေးတစ်ခုလည်းရှိသည်။ သလင်းဖြူတို့ ငယ်စဉ်က ဆိုလျှင် ထိုတောအုပ်မှာ သရဲ အလွန်ခြောက်သော နေရာဖြစ်သည်။ ပို၍ဆိုးသည်မှာ ဥစ္စာစောင့်များလဲရှိလေသည်။သလင်းဖြူကတော့ ကိုယ်တိုင် မမြင်ဖူး မကြုံဖူးသဖြင့် ဥစ္စာစောင့်ဆိုသည်မှာ မည်သို့မည်ပုံရှိသည်မှန်းမသိသော်လည်း အချို့မှာ မြင်ဖူးကြသဖြင့် ချောမောလှပသည်ဟုလည်း ပြောကြသလို ကြောက်စရာကောင်းသည်ဟုလည်း ပြောကြလေသည်။ ထိုအချို့ထဲတွင် စိုင်းလွှမ်းလည်းပါဝင်ပေသည်။စိုင်းလွှမ်းသည် ဆော့နေရင်းဖြစ်စေ ၊ ကျောင်းအိမ်သာသွားရင်းဖြစ်စေ ထိုတောအုပ် အစပ်သို့ မကြာခဏရောက်ရှိသွားတတ်လေသည်။ သူ့အပြောမှာမူ ထိုတောအုပ်ထဲမှနေ၍ သူ့အမေက လှမ်းခေါ်နေသောကြောင့်ဟုပြောတတ်လေသည်။ အမှန်တကယ်မူ စိုင်းလွှမ်း၏ မိခင်သည် စိုင်းလွှမ်း ပထမတန်း တက်နေသောနှစ်မှာပင် သေဆုံးသွားခဲ့သူ ဖြစ်လေသည်။ထိုသေဆုံးပြီးသော မိခင်ဖြစ်သူကို မြင်သည်ဟုဆိုကာ စိုင်းလွှမ်းသည် ထိုတောအုပ် ထဲသို့ မကြာခဏဆိုသလိုသွားတတ်လေသည်။သလင်းဖြူသည် ရွာမှာနေခဲ့စဉ်က အဖြစ်အပျက်များကို အကုန်မမှတ်မိတော့သော်လည်း ကုက္ကိုစု ကွင်း အနောက်ဘက်ရှိ ထိုတောအုပ်နှင့် စိုင်းလွှမ်းကိုမူ အမှတ်တရရှိလှပါလေသည်။ " အရင်လို မဟုတ်တော့ပါဘူး ဖြူလေးရာ ...ဘုရားကုန်းဒီဘက်မှာလဲ ...စျေးဆိုင်တွေရှိနေပါပြီ ...တောအုပ်ထဲက အပင်တော်တော်များများကိုလဲ ရှင်းပစ်လိုက်လို့ ကြောက်စရာမကောင်းတော့ပါဘူး ...ပြီးတော့ ငါ့ရဲ့ဖုန်းပျက်သွားလို့ အသစ် မဝယ်နိုင်သေးလို့ပါ " စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူ စိတ်မကောင်းဖြစ်သွားမိလေသည်။အမှန်အားဖြင့် စိုင်းလွှမ်းသည် ဤမျှလောက် ဘ၀ဆင်းရဲနုံချာသူမဟုတ်ပါချေ။သူ၏ ဖခင်နှင့် မိထွေးကြောင့်သာလျှင် သူ့ဘဝ ဤသို့ဒုက္ခများနေရခြင်းဖြစ်မည်ထင်ပါလေသည်။ "ကဲ ရောက်ပြီ ဖြူလေး...နင်တို့နေခဲ့တဲ့ ခြံကို မှတ်မိတယ်မဟုတ်လား ...ဟိုရှေ့မှာ မြင်နေရတဲ့ တိုက်ကြီးပဲ ...ငါမလိုက်တော့ဘူး ...နင့်ကို မေးရင် ဆိုင်ကယ်ငှားစီးလာတာလို့ ပြောလိုက်နော် ..." အရှိန်ခပ်မှန်မှန်နှင့် မောင်းနေသော ဆိုင်ကယ်လေးသည် ရွာထိပ်မှောင်ရိပ်ကျသော နေရာတွင် ထိုးရပ်လိုက်ပြီးလျှင် စိုင်းလွှမ်းသည် သလင်းဖြူကို လှည့်၍ မကြည့်ဘဲ ပြောလေသည်။ "အေးပါဟာ ...နင်မျက်နှာကို သေချာမမြင်ရတော့ ....နေ့ဘက်တွေ့ရင် မှတ်မိပါ့မလားတောင် မသိဘူး " သလင်းဖြူက ယခုချိန်အထိ သေချာမမြင်ရသေးသော စိုင်းလွှမ်းကို ပြောလိုက်လေသည်။ "နင် မမှတ်မိလဲ ငါမှတ်မိတာမို့ ငါကခေါ်လိုက်မှာပေါ့ဟာ ..ကဲ ..ငါသွားတော့မယ်နော် ...ငါ မှာတာလဲ မမေ့နဲ့အုံး " "အင်းပါ ... စိတ်ချပါ ..နောက်နေ့ နင့်ကို လာတွေ့မယ်နော် သလင်းဖြူသည် မောင်းထွက်သွားသော ဆိုင်ကယ်ကို မျက်စိတစ်ဆုံး ကြည့်လိုက်ပြီးနောက် ရွာလမ်းမကြီးအတိုင်း တည့်တည့်ဝင်ခဲ့လေသည်။ည ခုနှစ်နာရီကျော် ရှစ်နာရီခန့်ပင် ရှိသေးမည်ဖြစ်သော်လည်း ရွာလမ်းတစ်လျှောက်တွင် လူသူကင်းရှင်းလျက် ရှိလေသည်။သလင်းဖြူ ရောက်နေသော ရွာလမ်းသည် ရွာထိပ်ဖြစ်သလို ရွာ၏ အစွန်အဖျား အစဖြစ်၍ လူသူကင်းရှင်းနေခြင်းလဲဖြစ်မည် ထင်ပါလေသည်။ရွာလမ်းတစ်လျှောက် လမ်းမီးများ ထိန်ထိန်လင်းနေသည်ကိုပင် ကျေးဇူးတင်ရအုံးမည်ဖြစ်ပေသည်။ခရွာလမ်းမ၏ တစ်ဖက်တစ်ချက်စီတွင် လူတစ်ရပ်နီးပါးမြင်သော ဝါးကပ်များ ၊ ဆူးရိုးသစ်ကိုင်းများဖြင့် ကာရံထားကြသော ခြံကျယ်ကြီးများလည်းရှိကြလေသည် ။ ထိုခြံကျယ်ကြီးများထဲရှိ အိမ်ဂေဟာများထဲမှ ဗီဒီယိုဇာတ်ကားသံများနှင့် ဆူသံပူသံများကိုလည်း တစ်ချက်တစ်ချက်ကြားရလေသည်။ သလင်းဖြူသည် ခရီးဆောင်အိတ်ကိုဆွဲလျက် မြင်နေရသော တိုက်ကြီးဆီသို့ လျှောက်လှမ်းခဲ့လေသည်။မြင်၍သာမြင်နေရသော်လည်း ကျယ်ဝန်းလှသော ခြံကျယ်ကြီးများကြောင့် ထိုတိုက်အိမ်ကြီးဆီသို့ ရောက်ရန်မှာ ဝေးကွာလွန်းလှပေသည်။ ~~~~~~~ "ကြီးကြီးရေ ..ဘဘ ..... ဒေါ်လေး.....ဦးငယ် " ရှိသမျှ ဆွေမျိုးစုံအောင် ခေါ်နေသော်လည်း တိုက်ထဲမှ ကြားဟန်မတူသောကြောင့် သလင်းဖြူစိတ်ဓါတ်ကျလာမိလေသည်။တိုက်ကြီးသည် လမ်းမ နှင့် ဝေးကွာလွန်းမျှမကဘဲ မြို့ကြီးပြကြီးထက်ပင် သာလွန်စွာ လူတစ်ရပ်ကျော်မြင့်သော အုတ်တံတိုင်းကြီးများ၊သံတံခါးများနှင့် ခိုင်ခန့် စွာတည်ဆောက်ထားသော ခြံစည်းရိုးကြီးကို ကြည့်ပြီး ခြံတခါးဝတွင် သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်မိလေသည်။ခြံကြီးနှင့် တိုက်ကြီးသည် ဟိုယခင် သလင်းဖြူတို့ နေစဉ်တုန်းကနှင့် ကွာခြားလွန်းလှစွာ ခမ်းနားထည်ဝါလှလေသည်။ ခြံကြီးသည် ရွာစွန်တွင် တသီးတသန့် တည်ရှိနေသောကြောင့် လူနေအိမ်များနှင့် အလှမ်းဝေးလှဖြင့် အနီးအပါးတွင်လည်း လူသူကင်းမဲ့လျက် ရှိလေသည်။ "ဂျုန်း ... ဂျုန်း...ဂျုန်း " " ဦးငယ်ရေ...ဦးငယ် " " ဝုတ် ...ဝုတ် ... ဝုတ် " "ဝုတ် ...ဝုတ် ... ဝုတ် " "အမယ်လေး "

ဧကြည်ဖြူ "အဝါရောင် ရဲတိုက် " အပိုင်း ( ၂) ***** "ဘုတ် " မည်းမည်း သဏ္ဍာန်ကို ကြည့်၍ သလင်းဖြူ နှုတ်မှ အမှတ်တမဲ့ လွှတ်ခနဲ အော်မိရုံမျှမကဘဲ လက်ထဲမှ ခရီးဆောင် အိတ်ကြီးပါ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျ၍သွားလေသည်။သေချာသည်မှာ ခပ်စောစောကထိုနေရာတွင် မည်သည့်အရာကိုမျှ သလင်းဖြူ မတွေ့ခဲ့သည်မှာ သေချာလှပါလေသည်။ " ဖြူလေး ... နင် ဖြူလေးမဟုတ်လား " သလင်းဖြူ ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေမိစဉ်မှာပင် မည်းမည်း သဏ္ဍာန်ဆီမှ သလင်းဖြူ၏ နာမည်ကိုခေါ်လိုက်သံကြားရသောကြောင့် ကြောက်လန့်နေသည့်ကြားမှ သလင်းဖြူ ဝမ်းသာပျော်ရွှင်သွားမိပြီး မရဲတရဲနှင့် လှမ်းမေးလိုက်လေသည်။ "ဟုတ်.... ဟုတ်ကဲ့ ....ကျွန်မကို သိတာလား.. ဘယ် ... ဘယ်သူလဲဟင် " "ငါပါ ...နင့်သူငယ်ချင်း စိုင်းလွှမ်းလေ မှတ်မိလား " "ဟယ် ...စိုင်းလွှမ်းဟုတ်လား ...မှတ်မိတာပေါ့ ...ငါတို့ ငယ်သူချင်းတွေပဲဟာ " စိုင်းလွှမ်း ဆိုသော နာမည်ကို ကြားရသောအခါ သလင်းဖြူချက်ချင်းပင်မှတ်မိလိုက်ပါလေသည်။တစ်ရွာလုံးမှ မည်သူကိုမျှမမှတ်မိချင်နေမည် ။စိုင်းလွှမ်းကိုတော့မူ မှတ်မှတ်ရရရှိပါလေသည်။ထိုသို့ မှတ်မှတ်ရရ ရှိနေခြင်းမှာ သလင်းဖြူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ရွာလုံးပင်ဖြစ်လိမ့်မည် ထင်ပါလေသည်။ဤသို့ ဖြစ်ရလောက်အောင်လည်း စိုင်းလွှမ်း၏ ဘ၀မှာ ထူးခြားဆန်းကြယ်ဖြစ်နေသလို သနားစဖွယ်လည်း ကောင်းလှပါလေသည်။ "နင် ဘယ်သွားမလို့လဲ ....ငါ့ကို လာကြိုတလား စိုင်းလွှမ်း " မတွေ့ဆုံကြသည်မှာ ကြာနေပြီဖြစ်သောလည်း ငယ်ပေါင်းသူငယ်ချင်းများဖြစ်သောကြောင့် သလင်းဖြူ မျှော်လင့်တကြီးနှင့် မေးလိုက်မိသည်။ "အင်း ဟုတ်တယ်.... ဒီရက်ပိုင်း နင်လာမယ်သတင်းကြားလို့လေ ..ရက်အတိအကျလဲ မသိတော့...မတော် ရထားနောက်ကျပြီး မိုးချုပ်မှ ရောက်လာမှာစိုးလို့ ညနေတိုင်း လာစောင့်နေတာ သုံးလေးရက်ရှိပေါ့ဟ " စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမှာ အံ့သြစွာ ဝမ်းသာစွာ မေးလိုက်မိလေသည်။ "ဟုတ်လား ... ရောက်ကတည်းက ရွာလမ်းကို ကြည့်နေတာ နင့်ကို မမြင်ပါဘူးဟယ် " "ဟို ..အဲ ... အဲ့ဒါက ... ဟိုလေဟာ ...ကိစ္စရှိလို့ ဟိုသစ်ပင်နောက်မှာ ရောက်နေတာဟ " စိုင်းလွှမ်း၏ ရယ်ကျဲကျဲနှင့် ပြောသံကြောင့် သလင်းဖြူ သဘောပေါက်မိသွားပြီး ဘာမှ ဆက်မမေးဘဲနေလိုက်သည်။ "ကဲပါ ...သွားကြစို့ ... တော်ကြာ မှောင်လာတော့မယ် ... ရွာလမ်းတွေက မီးလုံးတွေပဲ ရှိတာ မီးထွန်းကြတာမဟုတ်ဘူး " စိုင်းလွှမ်းက ပြောလိုက်ရင်း သစ်ပင်ဘေးတွင် ရပ်ထားသော သူ၏ ဆိုင်ကယ်လေးကို ထုတ်လာလေသည်။ "အမယ် ရွာမှာ မီးတွေ ရနေပြီပေါ့လေ ဟုတ်လား " "အင်း ဟုတ်တယ် ... ဒီနားက ရွာတွေ အကုန် မီးရနေပြီလေ ...ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရွာတွေက ရွာအတွင်းဘက်မှာပဲ စည်ပြီး တခြားရွာကို သွားတဲ့လမ်းတွေက ရွာပြင်မှာပဲ ရှိတာမို့ လမ်းမကြီးတွေမှာတော့ လူပြတ်ပြီး မှောင်တယ်လေ ... ပေး ... ပေး နင့်အထုတ်တွေ " စိုင်းလွှမ်းက ပြောပြောဆိုဆိုနှင့် သလင်းဖြူ၏ လက်ထဲမှ ခရီးဆောင်အိတ်ကို လှမ်းယူလိုက်လေသည်။ သလင်းဖြူမှာ ယခုအချိန်ထိ သဲသဲကွဲကွဲမမြင်ရသေးသော သူငယ်ချင်းစိုင်းလွှမ်း၏မျက်နှာကို အမှောင်ရိပ်ထဲမှာ သေချာလိုက်ကြည့်နေမိသည်။ မှတ်မှတ်ရရ လွန်ခဲ့သော ရှစ်နှစ်ခန့်က နောက်ဆုံး တွေ့ဆုံခဲ့ရသောကြောင့် မျက်နှာသွင်ပြင်ပုံစံအနည်းငယ်မျှ ပြောင်းလဲနေမည် ထင်ပါလေသည်။အရပ်အမောင်းကဖြင့် ငယ်စဉ်ကကဲ့သို့ပင် ပိန်ပိန်သွယ်သွယ်သာ ဖြစ်နေသောကြောင့် သိပ်ပြီး ပြောင်းလဲသွားခြင်းရှိဟန်မတူပါလေ။ ~~~~~ "ဒါနဲ့ ဖြူလေး ..ရွာရောက်ရင်... နင့်ကို ငါ လာကြိုတဲ့ အကြောင်းကို မပြောနဲ့နော် " "ဟင် ...ဘာလို့လဲ " ဆိုင်ကယ်မှာ အရှိန်မပြင်းဘဲ ခပ်မှန်မှန်သာ မောင်းနေခြင်းကြောင့် စိုင်းလွှမ်း၏ စကားသံကို သလင်းဖြူ သေချာစွာကြားလိုက်ရပြီးလျှင် ပြန်၍ မေးလိုက်မိလေသည်။ "ငါ အိမ်ကနေဆင်းလာတာကြာပြီဟ ... နင်လဲ ငါ့မိထွေးနဲ့ ငါ့အဖေအကြောင်းကို မှတ်မိတယ်မဟုတ်လား ... ငါဘယ်မှာနေလဲဆိုတာ မိုးနှဲရွာက ဘယ်သူမှ မသိကြဘူးဟ ....တော်ကြာ အဖေလိုက်လာမှာစိုးလို့ ...အဲ့ဒါကြောင့် ငါ့အကြောင်းကို ရွာမှာလုံးဝမပြောနဲ့နော်... ဘယ်သူ့ကိုမှလဲ မမေးနဲ့ ... " ဖိုးသက်ပြင်း၏ စကားကြောင့် သလင်းဖြူမှာ စိတ်မကောင်းဖြစ်သွားရပြီးလျှင် "အေး ..အေးပါဟာ ... ဘယ်သူ့ကိုမှလဲ ပြောလဲ မင်ပြောဘူး ..မေးလဲ မမေးဘူး ဟုတ်ပြီး လား ... ဒါနဲ့ နင့်ကို တွေ့ချင်ရင် ဘယ်ကို လာရမှာလဲ " သလင်းဖြူ၏ အမေးကြောင့် စိုင်းလွှမ်းသည် သက်ပြင်းကို မသိမသာချလိုက်ပြီးနောက် " နင် ..ငါ့ကို တွေ့ချင်ရင် ငါတို့ငယ်ငယ်က ဆော့နေကျ ...ဘုရားကုန်းဘေးက ကုက္ကိုစုကွင်းကို လာခဲ့...တကယ်လို့ ငါ့ကို မတွေ့ရင်လဲ စာရေးပြီး အကြီးဆုံး သစ်ပင်ရဲ့ မြစ်ဆုံဘေးက သဲထဲမှာ ထည့်ထားခဲ့လေ " " ဟာ ...အဲ့ဒီနေရာကို မလာရဲပါဘူးဟာ ...သရဲခြောက်ကခြောက်နဲ့ ..မေ့နေတာ နင့်ဖုန်းနံပတ်ပေးထားလေဟာ ငါဖုန်းဆက်မှာပေါ့ "

သစ်ပင်ကြီးများ ရှိနေသောကြောင့် သာ၍ပင် မှောင်နေလေသည်။သလင်းဖြူသည် အမှောင်ရိပ်လွှမ်းနေပြီဖြစ်သော လမ်းလေးကို ကြည့်လိုက် ၊ လူသူကင်းနေသော ဇရပ်များကိုကြည့်လိုလ်နှင့် ထိတ်လန့်ကြောက်ရွံ့သောစိတ်များ ဝင်ရောက်လာသောကြောင့် ခရီးဆောင် အိတ်ကို လက်နှင့် ခပ်မြန်မြန်ကောက်ယူဆွဲလိုက်ပြီးလျှင် ဇရပ်ဘေးမှ ဖြတ်၍ ရွာလမ်းအတိုင်းဝင်ရန်ပြင်လိုက်သောအခါ "ဂျွတ် " "အမယ်လေး " သစ်ကိုင်းခြောက်ကို နင်းချေလိုက်သံနှင့် အတူ ဇရပ်ဘေး သစ်ပင်ကြီးနားတွင် မြင်လိုက်ရသော မည်းမည်း သဏ္ဍာန်ကြောင့် သလင်းဖြူ ကြောက်လန့်တကြားအော်လိုက်မိလေသည်။ ==================== အပိုင်း ( ၂ ) ဆက်ရန် ဧကြည်ဖြူ 4.4.2022 (တနင်္လာနေ့ ) " အဝါရောင် ရဲတိုက် " အခန်းဆက် ဝတ္ထု အစမှအဆုံး အတွက် 1000 Ks Wave /kpay နဲ့ ပေးပြီး ဖတ်ရှုနိုင်ပါတယ် ပေးဖို့အတွက် အဆင်မပြေမှုတွေ ရှိရင်လဲ မပေးဘဲနဲ့ မည်သူမဆို ဖတ်ရှု/မျှဝေလို့ရပါတယ် အခုလိုရှားပါးနေချိန်မှာ ငွေကောက်ခံရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ် Wave | Kpay ph 09773745413 Lai Lai win ၀တ္ထုအတွက် ဝေဖန်သုံးသပ်ချက်များကို လက်ခံပါတယ် ကျွန်တော်ရဲ့ မျက်လုံးရောဂါကြောင့် မန့်တစ်ခုချင်းစီတိုင်းကို မပြန်နိုင်ပေမဲ့ မန့်တွေက စာဆက်ရေးဖို့အတွက် အားဆေးဖြစ်စေတာမို့ မန့်တွေကို တစ်ခုမကျန် ဖတ်ပါတယ်ရှင် 🙏🙏🙏 ရေးသမျှကို ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏🙏🙏

"အဘ ... မိုးနှဲရွာကို သွားချင်လို့ ဘယ်က ကားစီးရမလဲ " သလင်းဖြူ၏အမေးကို အဘိုးကြီးက မျက်လုံးအပြူးသားနှင့်ကြောင်ကြည့် နေပြီး အတန်ကြာသောအခါမှ "ဪ ... တူမကြီးက ဒီဘက် မရောက်ဖြစ်တာကြာပြီထင်တယ် ... ခေတ်တွေတိုးတက်လာတော့ ရွာဘက်တွေကို သွားတဲ့ သုံးဘီးကားတွေ မရှိတော့ဘူးကွဲ့ ..အိမ်တိုင်းဆိုင်ကယ်ကိုယ်စီ ...ကားကိုယ်စီနဲ့ ပဲသွားကြတာလေကွယ် ...တူမကြီးက အိမ်ကို ဖုန်းဆက်ပြီး လာကြိမခိုင်းထားဘူးလားကွဲ့ ...." အဘိုးကြီး၏ စကားကြောင့် သလင်းဖြူ ထိုင်ငိုချင်စိတ်ပင်ပေါက်သွားမိလေသည်။ " ဒုက္ခပါပဲ အဘရယ် ... သမီးက လာမယ့်ရက်ကို စောထွက်လာမိတာ ...ပြီးတော့ ဖုန်းတော့ဆက်လိုက်ပေမဲ့ သေချာမပြောလိုက်မိတော့ ဘယ်သူမှ လာမကြိုကြဘူးဖြစ်နေတယ် ... အရေးထဲ ရထားက အချိန်ပိုကြာသွားတော့ ဖုန်းကလဲ အားမရှိတော့ဘူး ..ဖုန်းနံပတ်တွေလဲ တစ်လုံးမှကို မမှတ်မိတာခက်တယ် " " အေးကွယ် အဲ့ဒါမှ ဒုက္ခ ... ဒီနေ့မှ စာပို့ရထားလဲ အချိန်နောက်ကျလိုက်တာ ...မကြာခင် နေစွယ်တောင်ကျိုးတော့မှာပဲ ...ကဲ ဒီလိုလုပ် အဘအသိ ကလေးတစ်ယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ် ...သူ့ကို ဆီဖိုးလေးဘာလေး ပေးလိုက်ပေါ့...ဟုတ်ပြီလား ... ဒီမှာခလာစောင့်နေ " အဘိုးကြီးသည် သလင်းဖြူကိုပြောပြီးနောက် ကားလမ်းမကြီးဘေးမှ ရွာလမ်းလေးဆီသို့ ဝင်သွားခဲ့လေသည်။ အဘိုးကြီး ခေါ်လာသော ဆိုင်ကယ်သမားကောင်လေးကို ကြည့်ပြီး သလင်းဖြူ စိတ်အေးလက်အေး သက်ပြင်းချလိုက်မိလေသည်။ဆိုင်ကယ်သမားသည် ဆယ့်ခွန် ဆယ့်ရှစ်အရွယ်ခပ်ပိန်ပိန်ကောင်လေး ဖြစ်နေသောကြောင့် သလင်းဖြူ၏ စိုးရိမ်ပူပန်နေသောစိတ်များ အနည်းငယ်ပြေလျှော့သွားရလေသည်။ ~~~~~----- ပန်းဆီရောင်နှင့်လိမ္မော်ရောင်များ ရောယှက်လျက် ပန်းချီကားတစ်ချပ်သဖွယ်လှပလွန်းနေသော နေလုံးကြီးကိုဘေးတိုက်ထား၍ သလင်းဖြူစီးလာသော ဆိုင်ကယ်လေးမှာ တရိပ်ရိပ်ပြေးနေလေသည်။ ဆိုင်ကယ်၏အရှိန်ဖြင့် တဟူးဟူးတိုက်ခတ်နေသော လေများနှင့်အတူ သလင်းဖြူ၏ ဖိစီးနေသော စိတ်များသည်လည်း လွတ်လပ်ပေါ့ပါး၍လာလေသည်။ရန်ကုန်မြို့တွင် မခံစားရမတွေ့ရှိရသော လတ်ဆတ်သောလေများ ၊ ကျယ်ပြန့်သော လယ်ကွင်းများ ၊ သဘာဝ အလေ့ကျပေါက်နေကြသော သစ်ပင်များ၊တောပန်းများ နှင့် သဲဖြူဖြူလမ်းလေးများကို ဆိုင်ကယ်ပေါ်မှ ငေးမောကြည့်ရှုရင်း သလင်းဖြူ၏ရင်ထဲတွင် ဖော်မပြတတ်အောင် ကြည်နူးကျေနပ်နေမိလေသည်။လေအဝှေ့တွင် လွှင့်ခနဲ လွှင့်ခနဲဖြစ်သွားသော ကျောလယ်ခန့်ရှိ ဆံပင်ရှည်များကြောင့်လည်း လူသည် စိတ်ကူးတည့်ရာ လွင့်မျောနေသကဲ့သို့ ပျော်ရွှင်နေမိလေသည်။လမ်းတစ်လျှောက်တွင် အိမ်ခြေ ခပ်ကျဲကျဲကိုသာတွေ့ရပြီး ကွင်းပြင်ကျယ်ကြီးများနှင့် ထန်းပင်စုစုများ ၊ မန်းကျည်းပင်အုပ်အုပ်အတန်းများနှင့် အခြား သလင်းဖြူ မသိသောအပင်မြောက်မြားစွာကိုလည်းတွေ့ရလေသည်။ " အစ်မ ... ဒီမှာပဲ ဆင်းလိုက်တော့နော် ... မိုးနှဲရွာ အထိ လိုက်ပို့ပေးရင် ...အပြန်ကျရင် အတော် မှောင်သွားမှာဗျ ဒီမှာပဲဆင်းလိုက်ပြီး ပေါက်ကြီး ရွာထဲမှာ အကူအညီတောင်းကြည့် နော် အစ်မ " ဆိုင်ကယ်စီးလို့ကောင်းနေစဉ်မှာပင် ဆိုင်ကယ်ကိုရပ်ပြီးဆင်းခိုင်းလိုက်သော ကောင်လေးကြောင့် သလင်းဖြူ ကြောင်အအဖြစ် သွားမိလေသည် ။ရွာသို့ မရောက်သည်မှာ မည်မျှပင် ကြာစေကာမူ ယခု သလင်း ဖြုရောက်နေသောနေရာသည် ရွာလေးရွာ၏ လမ်းဆုံ ဖြစ်ပြီး မိုးနှဲရွာသို့ ရောက်ရန် ကြားတွင် ပေါက်ကြီးရွာနှင့်ကရင်စုရွာကိုကျော်ရအုံးမည်မှန်း သလင်း ဖြူသိပါလေသည်။ "ဟယ် ...မရောက်သေးဘူးလေ မောင်လေး " သလင်းဖြူက ဆိုင်ကယ်သမား ကောင်လေးကို ပြောလိုက်သည်။ "ဟုတ်ကဲ့ အစ်မ ...မိုးနှဲရွာအထိ လိုက်ပို့ရင် ... ကျွန်တော် အပြန်မိုးချုပ်လိမ့်မယ်ဗျ ..ပြီးတော့ ကောင်မလေးနဲ့ချိန်းထားလို့ နောက်ကျလို့မဖြစ်လို့ပါဗျာ .... အစ်မ ပေါက်ကြီး ရွာထဲသွားပြီး အကူအညီတောင်းလိုက်ရင် ...မိုးနှဲရွားကို လိုက်ပို့ပေးကြမှာပါဗျာ .... ဆိုင်ကယ်ဆီဖိုး ပေးချင်လဲပေး... မပေးချင်လဲနေဗျာ ...ဟိုမှာ နေလုံး ပျောက်တော့မယ်ဗျ အစ်မရ " "ဒုက္ခပါပဲ ...မင်းလိုက်မပို့တော့ အစ်မက ဘယ်လို သွားရမလဲ " ကောင်လေးပြောသလိုပါပင်။ နေလုံးကြီးသည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းကြီးထဲသို့ တဖြည်းဖြည်း ငုပ်လျှိုးပျောက်ကွယ်စပြုနေပြီဖြစ်လေသည် ။ ထိုအခါမှပင် တစ်လမ်းလုံးကြည်နူးလာသမျှသည် ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။နွားရိုင်းသွင်းချိန်ခေါ် နေဝင်ရီတရော သည်လိုအချိန်တွင် ရွာလေးရွာ၏ လမ်းဆုံးလမ်းခွ နေရာတွင် ရောက်ရှိနေသောကြောင့် စိတ်ထဲ စိုးရိမ်ထိတ်လန့်မှုများ ၀င်ရောက်၍လာလေသည်။ ရွာလေးရွာ လမ်းဆုံ ဆိုသော်လည်း လူသူကင်းမဲ့နေသော ဇရပ် လေးလုံးကိုသာ တွေ့ရလေသည်။လူနေအိမ်ခြေများသည် အနည်းငယ် လှမ်း၍ နေသေးသောကြောင့် လူရိပ်လူယောင်ဟူ၍လည်း မတွေ့ရဘဲ ရှိလေသည်။သလင်းဖြူသည် မိုးနှဲ ရွာဘက်သို့သွားသော လမ်းလေးကိုကြည့်လိုက်မိသည်။ထိုလမ်းမှ ဝင်သွားပြီး ပေါက်ကြီးရွာတွင် အကူအညီဝင်တောင်းလျှင်တော့ ရနိုင်လောက်မည်ထင်ပါလေသည်။သလင်းဖြူ ရပ်နေစဉ်မှာပင် နေလုံးကြီးသည် ပုန်းလျှိုးပျောက်ကွယ်သွားပြီးဖြစ်သောကြောင့် မှောင်ရိပ်များသန်းလာလေသည်။နေ၀င်သွားသည်နှင့် တစ်ပြိုင်နက် မိုးနှဲရွာဘက်သို့ သွားသော လမ်းလေးသည် ဘေးတစ်ဖက်တစ်ချက်တွင်

သလင်းဖြူသည် ဖခင်ကြီး၏အပါးမှ နှေးကွေးလေးလံသောခြေလှမ်းများဖြင့် ထ၍ လာခဲ့သည်။ ~~~~~~~ "အစ်ကိုတောင်းပန်ပါတယ် အနွဲ့ရယ် ...သမီးလေးက တစ်ဦးတည်းသော သမီးလေးမို့ အလိုလိုက်ထားမိလို့ နည်းနည်း ဆိုးချင်တာပါ ... စိတ်ရင်းကောင်းတဲ့သူဆိုတာ အနွဲ့လဲ သိတယ်မဟုတ်လား " သလင်းဖြူ အခန်းနံရံနားတွင် ခြေစုံရပ်လျက် အခန်းထဲမှ အသံများကိုနားထောင်နေမိသည်။အခြားမိန်းမတစ်ယောက်ကို ချော့မော့နေသော ဖခင်ဖြစ်သူကြောင့် သလင်းဖြူ၏ ရင်ထဲတွင် နာကျင်လှပါလေသည်။ ဒေါ်တင်နွဲ့ကို မြင်ရလေတိုင်း မိခင်ဖြစ်သူကို သတိရမိသော စိတ်က ပို၍လာပြန်လေသည်။သည်သို့ အခြေအနေမျိုးမှာဖြင့် သလင်းဖြူအနေနှင့် အိမ်မှ ထွက်ခွါသွားချင်စိတ်များသာဖြစ်ပေါ်၍နေမိလေသည်။ ~~~~~~ "မင်းတစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ ဖြူလေးရာ ...ဘာကိစ္စ နိုင်ငံရပ်ခြားကို ဒီလောက်သွားချင်နေရတာလဲ ... မင်းသွားချင်တိုင်း ကိုယ်ကဘယ်လိုလိုက်လို့ရမလဲ ...အိမ်မှာ ကိုယ်က သားအကြီးဆုံးလေ ...မိသားစုကို စောင့်ရှောက်ရမယ့်တာဝန် ကိုယ့်မှာ ရှိတယ် " " ဒါဆို ကိုလတ်က ဖြူနဲ့ အတူ နိုင်ငံခြားကို ထွက်ဖို့ စိတ်ကူးမရှိဘူးပေါ့လေ " "အင်း ...မဖြစ်နိုင်လို့ပါကွာ ... ဒီမှာပဲ အလုပ်အတူကြိုးစားလုပ်ကြပြီး ငွေစုကြမယ်လေ ... နောက် သုံးနှစ်လောက်နေရင် လက်ထပ်ကြတာပေါ့ " ချစ်သူကိုလတ်၏ စကားကြောင့် သလင်းဖြူစိတ်တိုသွားရပြီးလျှင် "သိပါတယ် ...ကိုလတ် အတွက် ဖြူက ဘာမှ အရေးပါတာမဟုတ်ဘူး ... ဖြူ့ကို ကိုလတ်ရဲ့မိသားစုလောက် တန်ဖိုးထားတာမှ မဟုတ်တာ... ဒီလို တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းကွဲနေမှတော့ ဘာကိစ္စ ရှေ့ဆက်လက်တွဲနေရအုံးမှာလဲ " "ဟာကွာ ...မင်းဘာဖြစ်နေတာလဲ ဖြူရာ ...ဘာကို စိတ်တိုင်းမကျ ဖြစ်နေတာလဲ ... မင်းစိတ်မကြည်တိုင်း ကိုယ့်ကိုပဲ ပြဿနာရှာနေတော့မှာလား ...ကိုယ်လဲ စိတ်မရှည်ချင်တော့ဘူး ...မင်းလုပ်ချင်သလိုသာလုပ် ဟုတ်ပြီလား ... လမ်းခွဲချင်လဲခွဲ မင်းသဘောအတိုင်းပဲ ...." "ဘာ ..ဘာပြောတယ်ကိုလတ် ...လမ်းခွဲမယ်ဟုတ်လား ...ဒီစကားက အတည်လား ... ဒါဆိုလဲ သဘောပဲလေ " သလင်းဖြူသည် စိတ်ထဲမှ နာကျည်းခံပြင်းမှုများနှင့်အတူ နေရာမှ ဆတ်ခနဲ ထ၍ ထွက်ခဲ့ပြီးလျှင် ရုတ်တရက်နောက်သို့ လည်ပြန်ကြည့်လိုက်မိပြီး "ဒီဦးထုပ်က ကျွန်မ၀ယ်ပေးထားတဲ့ ဦးထုပ် မဟုတ်လား ... ကျွန်မပြန် ယူသွားမယ် " သလင်းဖြူ ဒေါသထွက်ထွက်နှင့်ပင် ကိုလတ်၏ ခေါင်းပေါ်တွင် ဆောင်းထားသော ဦးထုပ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး မိမိခေါင်းတွင် ဆောင်းလိုက်ပြီး ခြေကို ဆောင့်နင်း၍ ထွက်ခဲ့လေသည်။ ကိုလတ်သည်လည်း နေရာတွင်ပင် ငူငူကြီးထိုင်လျက် ကျန်ခဲ့ပါလေသည်။ ~~~~~~~ "နင့်မှာ စိတ်ဖိစီးမှုတွေ များနေတယ် ထင်တယ် ဖြူ ... ပြီးတော့ နင်တို့ တွဲလာတာ သုံးနှစ်ကျော်ပြီးမဟုတ်လား .. ဘယ်လိုဖြစ်ရတာလဲ ...နင်ကလဲ စကားပြောဆင်ခြင်တာမဟုတ်ဘူး " နွယ်နွယ်ဦးသည် သလင်းဖြူနှင့် အရင်းနှီးဆုံးသူငယ်ချင်းပီပီ သလင်းဖြူကို ပြောလိုက်လေသည်။ "တော်ပြီဟာ သုံးနှစ်မကလို့ ...အနှစ်သုံးဆယ်ဖြစ်ခဲ့လဲ အချစ်ရေးကို ငါစိတ်မ၀င်စားတော့ဘူးဟာ ... အဓိက,က ငွေရဖို့ပဲ ... ဂျပန်မှာ အလုပ်သွားလုပ်နိုင်ရင် လစာက မနည်းဘူး ... သုံးလေးနှစ်ဆို ငါ့ခြေထောက်ပေါ် ငါ့ဘာသာ ရပ်တည်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း အသေးလေးတစ်ခုလဲ စနိုင်မှာ သေချာတယ် ....ပြီးရင် ငါတစ်ယောက်တည်းနေဖို့အတွက် အိမ်လေးတစ်လုံးလဲဝယ်ရမယ် " သလင်းဖြူသည် စိတ်ကူးမျှော်လင့်ချက်များဖြင်ပြောနေရင်းမှ စိတ်ပျက်အားငယ်စွာတပ်မံပြောလိုက်မိပြန်သည်။ "စိတ်ညစ်တယ်ဟာ ... ဒီမှာလဲ မနေချင်တော့ဘူး ...အဖေနဲ့ဟိုမိန်းမကြီးကို ကြည့်ရင်း စိတ်ပဲ တိုနေမိတယ် ...တစ်ခါတစ်လေ အိမ်ကို ပေါင်နှံခိုင်းပြီး ဇွတ်မှိတ်ပြီးသာ ထွက်သွားလိုက်ချင်တော့တယ်...မလုပ်ရက်လို့သာ ငြိမ်နေရတာ " သလင်းဖြူ မကျေမချမ်းပြောဆိုနေသည်ကို ကြည့်ပြီး နွယ်နွယ်ဦးက တစ်စုံတစ်ရာကို သတိရသွားပြီး ဝင်ပြောလိုက် လေသည်။ "ဒါနဲ့ နင့်အဖေပြောတော့ ....နင့်အမေအမျိုးတွေ ဆီမှာ အမွေရမယ်ဆို ..အဒါနိုင်ငံခြားသွားဖို့ စရိတ်သွားတောင်းကြည့်ပါလား ...နင်ကြီးတော်တွေနဲ့ ဘကြီးတွေ ရှိတယ် မဟုတ်လား " "ဟယ် ဟုတ်သားပဲ ... နင်ပြောမှ သတိရတယ် ... အကြံကုန်ရင်တော့ ဂဠုန်ဆားချက်ရမှာပေါ့ဟာ ...အလည်သွားသလိုလိုနဲ့ အခြေအနေ သွားကြည့်ရင်ကောင်းမလား " ~~~~~~~ သံရှည်ဆွဲပြီးနှေးကွေးလေးလံစွာ ရပ်လိုက်သော ရထားကြီးပေါ်မှ သလင်းဖြူဆင်းလိုက်သည်။ကြားဘူတာအသေးလေးဖြစ်သောကြောင့် ရထားပေါ်မှ ဆင်းသူခရီးသည်နည်းပါလှလေသည်။ပြီးလျှင် ထိုခရီးသည်များမှာ လာကြိုသူ အသီးသီးနှင့် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြလေသည်။ ဘူတာထဲတွင် ဘူတာရုံပိုင်နှင့် သလင်းဖြူမှလွဲ၍ ကျီးနှင့်ဖုတ်ဖုတ်သာ ကျန်ခဲ့လေသည်။သလင်းဖြူ ကျောပိုးအိတ်ကို ကောက် လွယ်လိုက်ပြီးလျှင် ခရီးဆောင်အိတ်ကို လက်မှဆွဲ၍ ဘူတာဘေးမှလမ်းအတိုင်း လျှောက်ခဲ့သည်။အတန်ကြာလျှောက်မိသောအခါ မီးရထားလမ်းနှင့်ကားလမ်းမတို့ ဆုံရာ လမ်းဆုံသို့ရောက်ခဲ့လေသည်။လမ်းဆုံးဟု ဆိုသော်လည်း မီးရထားသံလမ်းစောင့်သော အဘိုးကြီးတစ်ယောက်မှလွှဲ၍ လူသွားလူလာကျဲပါးလှပေသည်။

သလင်းဖြူနှင့် ဖခင်ဖြစ်သူတို့မှာ အမြဲလိုလိုပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသူများဖြစ်သောကြောင့် သားအဖနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စိတ်တိုတိုနှင့် ပြောလိုက်ကြလေသည်။ "ရွှဲ့တာမဟုတ်ဘူး ...အဖေ့မှာလဲ ပေးစရာ ဒီအိမ်ပဲရှိတာလေ ... တစ်ခုတော့ ရှိတယ် ... နယ်က သမီးအမေရဲ့ အမျိုးတွေဆီမှာ အမွေသွားတောင်းလေ.... သမီးအမေမကျန်းမာတုန်းကတော့ သမီးဘကြီးနဲ့ ကြီးတော်တွေက အမွေခွဲပေးမလိုလိုနဲ့ ဆေးဖိုးလောက်ပဲ ပေးပြီး ဘာမှမပြောတော့ဘူး ....အမွေရမယ်ဆိုရင် ... သိန်းနှစ်ရာသုံးရာလောက်တော့ရမယ် ထင်တယ် ... အဖေကတော့ အိမ်ထောင်ထပ်ပြုလိုက်တော့ ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်တော့ပါဘူးလေ " "သိန်းနှစ်ရာသုံးရာ ဟုတ်လား အဖေ...တ...တကယ် ဟုတ်လို့လား ....သမီးတို့ သွားတုန်းကဖြင့် ဘာမှလဲ မရှိဘဲနဲ့ " သလင်းဖြူ မယုံကြည်နိုင်စွာ တစ်ထစ်ငေါ့ငေါ့နှင့် ဖခင်ကြီးကိုမေးလိုက်မိသည်။မိခင်ဖြစ်သူ၏ ဆွေမျိုးသားချင်းများရှိရာ နယ်မြို့လေးရှိ ရွာကြီးတွင် သလင်းဖြူ ခုနစ်နှစ်သမီးအရွယ်ထိ နေဖူးခဲ့ပြီး အသက်အရွယ်ရလာသောအခါတွင်မူ သုံးလေးခေါက်မျှသာ ရောက်ဖူးသောကြောင့် မိခင်ကြီးဘက်မှ ကြွယ်ဝချမ်းသာမှုကို သလင်းဖြူ သေချာမသိပါလေ။ မိခင်နှင့် ဖခင်က ထိုကိစ္စနှင့် ပတ်သက်၍ အထွေအထူး မပြောသောကြောင့် မသိခြင်းလည်း ဖြစ်ပါလေသည်။ "သမီး အဘွားနဲ့ အဘိုးမှာ သိမ်းထားတဲ့ ရတနာ ပစ္စည်းတွေအပြင် .. သစ်သီးခြံတွေလဲ အများကြီးရှိတယ်လေ သမီးက ငယ်သေးလို့ မသိတာပါ ....အဖေက သမီး အမေရဲ့ အမျိုးတွေနဲ့ မပတ်သက်ချင်လို့ ဘာမှမပြောတာ ... သူတို့က အဲ့ဒီအိမ်မှာ နေတဲ့သူကိုပဲ အမွေပေးချင်တဲ့သဘော ပြောနေကြတာ ...အဖေကတော့ စည်းကမ်းတွေ တင်းကြပ်လှတဲ့ သူတို့ဆီမှာ မနေနိုင်ဘူး ....ဒါကြောင့်လဲ ဘာအမွေမှ မမက်ဘဲ ထွက်လာခဲ့တာပေါ့" ~~~~~~~ "ကိုယ့်မိဘမှာ ငွေရှိမှန်း မသိ မရှိမှန်းမသိနဲ့ ပြောထွက်တာ အံ့သြပ ....ငယ်တော့တဲ့ အရွယ်လဲမဟုတ်ဘူး ... " အိမ်ထဲသို့ဝင်လိုက်စဉ်မှာပင် ကြားလိုက်ရသော ဒေါ်တင်နွဲ့၏ စကားသံကြောင့် သလင်းဖြူ စိတ်ထဲမှ ဒေါသထောင်းခနဲ ထွက်သွားမိသည်။နဂိုကမှ မိမိ၏မိခင်ကြီး မကွယ်လွန်ခင်အချိန်ကတည်းကများ ဖခင်ဖြစ်သူနှင့် ဖောက်ပြားခဲ့ကြလေသည်လားဟု သံသယစိတ်နှင့်အတူ မိထွေးဆိုသော အသိစိတ်ကြောင့်ကြည့်မရသည့်ကြား ဤကဲ့သို့ သားအဖကြားဝင်ပါလေသောအခါ ဒေါသတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာမိလေသည်။ "အဒေါ်ကြီးက ဘာကိစ္စ ကျွန်မတို့ သားအဖကြားကို ဝင်ပါနေရတာလဲ...အဒေါ်ကြီးရဲ့ငွေကို တောင်းနေလို့လား ပြောစမ်းပါအုံး " သလင်းဖြူ မီးဖိုးခန်းထဲသို့ ဒုန်းစိုင်းဝင်ချသွားပြီးလျှင် ဒေါ်တင်နွဲ့ကို ရန်တွေ့ပစ်လိုက်သည်။ ဒေါ်တင်နွဲ့ကလည်း အကျောကြီးသူပီပီ သလင်းဖြူအား အလျှော့မပေးဘဲ ခက်ထန်မာကျောစွာ ပြန်ပြောလေသည်။ "ဝင်ပါရမှာပေါ့ဟဲ့ ...နင်က အလိုက်မသိ ငွေကိုတောင်းနေတာလေ ... ဒီလောက်တောင် နိုင်ငံခြားသွားချင်နေတယ်ဆိုရင်လဲ ... ကိုယ့်ဘာသာ စရိတ်ရှာပြီးသွားလေ ...နင့်စိတ်ထဲမှာ နင့်အဖေဆီမှာ ငွေတွေ အပုံလိုက်ရှိနေတယ်များထင်နေတာလားဟင် ...နင့်မိဘရဲ့ ပိုင်ဆိုင်မှုတွေက နင့်အမေကို ဆေးကုလို့ ကုန်ပြီ သိရဲ့လား ... လောလောဆယ် ငါ့အိမ်ကိုရောင်းလို့ရတဲ့ငွေနဲ့ နေထိုင်စားသောက်နေရတာကိုရော သိရဲ့လား ... တစ်လတစ်လ လစာ သုံးလေးသိန်းရလဲ ... အိမ်ကို ဘယ်နှစ်သိန်း ပြန်ပေးဖူးလို့လဲပြောလေ " "ဘာ ...ဘာပြောတယ် အဒေါ်ကြီး ....ရှင် ...ရှင် သူများ အိမ်ပေါ်တက်နေပြီး လူပါးဝ စကားတွေပြောနေတာလား ....ကဲဟာ ....ကဲ ...." "ဂွမ်း " ဒေါ်တင်နွဲ့ ၏ စကားကြောင့် သလင်းဖြူ စိတ်မထိန်းနိုင်တော့ဘဲ ရှေ့တွင် ရှိနေသော ပန်းကန်တစ်ချပ်ကို ကောက်ယူပေါက်ခွဲပစ်လိုက်လေသည်။ထိုအခါ ဒေါ်တင်နွဲ့သည် စူးစူးဝါးဝါးအသံဖြင့် ထ၍အော်လေသည် "အမယ်လေး အစ်ကိုရေ...အစ်ကိုသမီးကိုလာကြည့်ပါအုံး ...လူကြီးကို လူကြီးမှန်းမသိ ရိုင်းစိုင်းနေတာလာကြည့်ပါအုံး " "ဒုန်း " "ဝုန်း " အမှန်အားဖြင့်မူ သလင်းဖြူသည် ဤမျှလောက်ရိုင်းစိုင်းကြမ်းတမ်းသောသူ မဟုတ်သော်လည်း ဒေါ်တင်နွဲ့၏ အပြုအမူများကို မနှစ်သက်သောကြောင့် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါလေသည်။ ~~~~~~~ "ဟုတ်တယ် သမီး ....သမီးအမေဆုံးပြီး သွားကတည်းက အဖေ့ဆီမှာ စုဆောင်းထားတာ ဘာမှ မကျန်ခဲ့ဘူးလေ...အဖေ့လစာနဲ့လဲ ဘယ်လောက်ငှ မလဲကွယ် ...အဒါကြောင့် မနွဲ့ရဲ့ အကူအညီကိုယူခဲ့ရတာပေါ့ကွယ် " ဖခင်ကြီး၏ စကားကြောင့် သလင်းဖြူခေါင်းငိုက်စိုက် ကျသွားမိသည်။မိခင်ဖြစ်သူ ဆုံးပါးသွားပြီးသည့်နောက်တွင် သလင်းဖြူလည်း စိတ်ထဲ နေထိုင်ရ အဆင်မပြေသည်နှင့် အလုပ်အားလပ်ချိန်များတွင် စိတ်ထဲရှိရာ သင်တန်းပေါင်းစုံကို တက်ခဲ့မိသည်။တို့ကြောင့် ဖခင်ဖြစ်သူ အဆင်မပြေဖြစ်နေသည်ကို မသိရှိမရိပ်မိပါဘဲ လုပ်ခလစာကိုလည်း ဖခင်ကြီးထံသို့ ပေးအပ်နှံခြင်းနည်းပါးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါလေသည်။ " ဒါမှ သမီးက မဖြစ်မနေ နိုင်ငံခြားကို သွားရမှဖြစ်မယ်ဆိုရင်လဲ ...ဒီအိမ်ကို ပေါင်နှံတာပဲဖြစ်ဖြစ် ...ရောင်းချတာပဲ ဖြစ်ဖြစ် အဖေလုပ်ပေးပါမယ်ကွယ် ...အဖေတို့နှစ်ယောက် အခန်းကျဉ်းလေးတစ်ခန်းလောက်ငှားနေရင် ဖြစ်ပါတယ် "

"စာပို့ရထားလက်မှတ်ပဲရခဲ့တာပေါ့လေ ...အင်း ... နင်တော့ ပျော်ပွဲစားထွက်ရပြီပေါ့ဟာ...အဲ့ဒီရထားက ဘူတာစေ့ ရပ်တာလေ ... ရထားပေါ်မှာလဲ ဈေးသည်တွေစုံမှစုံ...စဆုံးခရီးစဉ်ကို နှစ်ဆယ့် လေးနာရီကျော်မောင်းတာလေ... ကလေးတစ်သိုက်နဲ့ ပိုက်ဆံများများထည့်ပြီး စာပို့ရထားသာ စီးသွား... ပျော်ပွဲစားထွက်နေရသလိုပဲ ပျော်စရာကြီးလေ " ထိုစဉ်က ထိုသို့ ပြောသော သူငယ်ချင်းဖြစ်သူကို သလင်းဖြူက မျက်စောင်းထိုးခဲ့သေးသည်။ သူပြောပုံက မသိလျှင် သလင်းဖြူက အပျော်ခရီးပဲ ထွက်လာရသလိုလို။အမှန်ဆိုရလျှင်မူ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးဖြစ်လိမ့်မည်ထင်ပါသည်။မလာချင်သော ဤခရီးကို အဘယ်ကြောင့် လာခဲ့ရသည်ဆိုရသော် သလင်းဖြူ၏အဖြစ်မှာ ဟန်သာရှိပြီး အဆံမရှိသော သင်္ကြန်အမြှောက်ကဲ့သို့ပဖြစ်နေသည်မဟုတ်ပါလား။ ~~~~ "ဘယ် ....ဘယ်လို ... အဖေတကယ်ပြောနေတာလား ... ဘယ်သူနဲ့လဲ ... ဘယ်သူနဲ့ အဖေက လက်ထပ်မှာလဲ " သလင်းဖြူသည် အဝတ်များကို မီးပူတိုက်နေရာမှ ဖခင်ကြီးရှိရာဆီသို့ ဝုန်းခနဲ ပြေးသွားကကမေးလိုက်မိလေသည်။ " မတင်နွဲ့နဲ့ ပါ ..သမီးလဲ အိမ်အလုပ်တွေမလုပ်ရဘဲ အလုပ်ကို အေးအေးဆေးဆေးလုပ်နိုင်တာပေါ့ကွယ် ....ပြီးတော့ အဖေလဲ အလုပ်တစ်ဖက်နဲ့ သမီးကို ဂရုမစိုက်ပေးနိုင်ဘူးလေ.ဘာပဲဖြစ်ဖြစ် ...အနွဲ့ ရောက်လာတော့ ငါ့သမီးလဲ တိုင်ပင်ဖော်ရတာပေါ့ကွယ် " "အဖေက လုပ်ချင်ရာလုပ်တယ်...သမီးကိုတော့ အရင်မတိုင်ပင်ဘူး ... ဒေါ်တင်နွဲ့ဆိုတဲ့ အဲ့ဒီမိန်းမကြီးကိုလဲ ကြည့်လို့မရပါဘူး ... အမေရှိကတည်းက အဖေ့နားမှာ ရစ်သီရစ်သီနဲ့ ...သမီးကတော့ သဘောမတူဘူး " "ဟာ ...ဒီကောင်မလေးတော့ '' သလင်းဖြူ ပြောချင်ရာပြောပြီး ဖခင်ကြီးအနားမှ ထွက်လာခဲ့သည်။မိခင်ဖြစ်သူ ဆုံးပါးသွားသည်မှာ တစ်နှစ်ပင် ရှိသေးသည်ကို ဖခင်ဖြစ်သူက အိမ်ထောင်သစ် ထူထောင်မည်ဆိုသောအခါ သလင်းဖြူ မကျေမနပ်ဖြစ်မိသည်မှာ အမှန်ပါပင်။ယခုဆိုလျှင် ဖခင်ကြီးသည် အသက်အရွယ်အားဖြင့် ငါးဆယ်ကျော်နေပြီဖြစ်သောကြောင့် အိမ်ထောင်သစ်ထူထောင်ရန်ကို သလင်း ဖြူသဘောမတူနိုင်ပါချေ။အထူးသဖြင့် ဖခင်ကြီး၏ အိမ်ထောင်ဖက်မှာ ဒေါ်တင်နွဲ့ဖြစ်နေခြင်းကို သာ၍ပင် မကျေမနပ်ဖြစ်မိပြန်ပါလေသည်။ထိုမိန်းမကြီးသည် မိခင်ရှိစဉ်ကပင် အိမ်သို့အ၀င်အထွက်ရှိခဲ့လေသည်။ထိုစဉ်ကလည်း အသက်အရွယ်နှင့် မလိုက်အောင် ပွင့်လင်းရဲတင်းလှသော ထိုမိန်းမကြီးကို သလင်းဖြူ ကြည့်မရခဲ့ပါချေ။လွန်ခဲ့သော သုံးနှစ်ကျော်က သလင်းဖြူ၏ မိခင်ဖြစ်သူသည် နယ်မှသူ၏ဖခင်ကြီးဆုံးးသဖြင့် သွားရောက်ခဲ့ပြီးနောက် အိမ်သို့ ပြန်အရောက်တွင် တရှောင်ရှောင်နှင့် မကျန်းမမာစ၍ဖြစ်ခဲ့လေသည်။ထိုမှ ဆေးရုံဆေးခန်း ပေါင်းစုံသို့ ပြသခဲ့သော်လည်း မီးယပ်သွေးဆုံးရောဂါလိုလို ၊ တီဘီရောဂါလိုလို နှင့် အိပ်ရာထဲသို့ လဲခဲ့ရလေသည်။မိခင်ကြီးသည် ထိုသို့ ဝေဒနာကို နှစ်ရှည်လများ ခံစားပြီးနောက်တွင် နာတာရှည်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရခြင်းဖြစ်လေသည်။ ~~~~~~~ "ယူတော့လဲ ယူပေါ့ ဘာဖြစ်လဲကွာ ...မင်းအဖေလဲ အသက်သိပ်ကြီးသေးတာမှ မဟုတ်တာဖြူရယ် " "ဘာပြောတယ် ကိုလတ် ...ကိုလတ် မိဘမဟုတ်တော့ ပြောထွက်တာပေါ့ ...ကိုလတ်ကလေ ကိုယ်ချင်းစာစိတ်ကို မရှိဘူး " သလင်းဖြူစိတ်တိုတိုနှင့် လက်ထဲမှ မုန့်ထုတ်ကိုပါ လွှင့်ပစ်လိုက်ပြီး ချစ်သူကို ရန်တွေ့လိုက်သည်။ "ကိုယ်ပြောတာ ဘာမှားလို့လဲ ...ဖြူရယ် မင်းလဲကလေးမဟုတ်တော့ဘူးလေ ... မကြာခင်ပဲ အသက်နှစ်ဆယ့်ငါးနှစ် ပြည့်တော့မှာမဟုတ်လား ကလေး မဆန်စမ်းပါနဲ့ကွာ ...ရင့်ကျက်ပါတော့ " " ကိုယ့်မိဘ အိမ်ထောင်သစ် ထူမှာကို စိတ်တိုတာက ကလေးဆန်တာလား ပြောစမ်းပါအုံး ...တော်ပြိ ကိုလတ်နဲ့ စကားပြောရတာလဲ အဆင်မပြေပါဘူး ...ပြန်တော့မယ် " ချစ်သူနှင့် စကားပြောရသည်မှာလဲ အဆင်မပြေသောကြောင့် သလင်းဖြူစိတ်တိုတိုနှင့် ထ၍ပြန်ခဲ့သည်။ ~~~~~~~ "သမီး ...နိုင်ငံခြားသွားမို့ အဖေ .. သမီးကို ပိုက်ဆံ နည်းနည်းလောက် ထုတ် ချေးပေးပါလား " "ဘာပြောတယ် သမီး.....နိုင်ငံခြားသွားမလို့ဟုတ်လား ..ဘာကိစ္စ သွားမှာလဲ ... ဒီမှာလဲ အလုပ်အဆင်ပြေနေတာပဲမဟုတ်လား " " ဒီမှာက သုံးသိန်းအပြင် ပိုမှမရတာ .. ပြီးတော့ ဒီမှာလဲ မနေချင်တော့ဘူး " သလင်းဖြူသည် မိထွေးဖြစ်သူ ဒေါ်တင်နွဲ့ကို တည့်တည့်ကြည့်လျက် ပြောလိုက်သည်။ဒေါ်တင်နွဲ့ကလည်း သလင်းဖြူကို မဲ့ကာရွဲ့ကာနှင့်ကြည့်ပြီးလျှင် မျက်စောင်းတစ်ချက်ထိုး၍ သူတို့၏ အိပ်ခန်းထဲသို့ ခြေဆောင့်၍၀င်သွားလေသည်။ "ဘယ်နိုင်ငံသွားမှာလဲ ...ကုန်ကျစရိတ်က ဘယ်လောက်တဲ့လဲ သမီး " "ဂျပန်ကို သွားမှာ ... ကုန်ကျစရိတ် လေးငါးခြောက်ဆယ်လောက်ရှိမယ် ...ဒါပေမဲ့ ဟိုရောက်ပြီး လေးငါးလဆို ကုန်ထားတဲ့ ငွေပြန်ရမှာပါ အဖေ " "လေးငါးခြောက်ဆယ် ဟုတ်လား ... ခုတော့ အဖေ့ဆီမှာ လေးငါးခြောက်သိန်းတောင် အနိုင်နိုင်ပဲ ... ဒါမှ လိုချင်သပဆိုရင်လဲ ဒီအိမ်ကိုသာ ရောင်းသွားတော့ ... နေစရာမရှိတော့ရင်လဲ လမ်းဘေးမှာနေရုံပေါ့ " " အဖေပြောပုံက မသိရင် သမီးက လူဆိုးကျနေတာပဲ....ရွဲ့ပြီးပြောနေတယ်အဖေက "

❤️❤️❤️မဖတ်ရသေးသူများအတွက်❤️❤️❤️ မိထွေးနဲ့အတူမနေချင်တာကြောင့် နိုင်ငံခြားသွားဖို့ ကြိုးစားနေတဲ့ သလင်းဖြူ... နိုင်ငံခြားသွားဖို့ အတွက် ငွေလိုနေလို့.မိခင်ဖြစ်သူရဲ့ ညီကိုမောင်နှမတွေ ဆီမှာ အမွေတောင်းဖို့ သွားရောက်ခဲ့တဲ့အခါ သူမဘာတွေ့ကြုံတွေ့ရမှာလဲ ... ရေချိုးခန်းထဲက ကြားနေရတဲ့အသံတွေ အိမ်ခြံဝန်းထောင့်က ဘိုးဘွားတွေရဲ့ အုတ်ဂူတွေ ပျောက်ဆုံးနေတဲ့ အဒေါ်ဖြစ်သူ.... စာရေးသူ -A Kyi Phyu ဧကြည်ဖြူ "အဝါရောင် ရဲတိုက် " အပိုင်း ( ၁ ) ****. ( နိဒါန်း ) အဝါရောင်ဆိုတာ ..ပျော်ရွှင်ခြင်း .... ဝမ်းမြောက်ခြင်း ...အနုပညာနဲ့ ထင်ရှားကျော်ကြားခြင်းကို ကိုယ်စားပြုသတဲ့ ... တစ်နေမှာ ... အဝါရောင် ဆေးသား အပြည့်နဲ့ ခြယ်မှုန်းထားတဲ့ ရဲတိုက်ကြီးသဖွယ် ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးဆီသို့ .....သူမရောက်ရှိသွားတဲ့အခါမှာ..... ~~~~ "အစ်မလေး ထမင်းစားအုံးမလား... တစ်ဗန်းလုံးမှ ထောင့်ငါးရာတည်းပါ ...ငါးကြော်ပါတယ် ... ငရုတ်သီးကြော်နဲ့မြေပဲကြော်အပြင် သရက်ချဉ်သုတ်လဲပါတယ် ...ထမင်းကလဲ ဘူးအပြည့်ထည့်ပေးမှာပါ " ဘေးနားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး အော်နေသော ဈေးသည်၏ အသံစာစာနှင့်စျေးရောင်းသံကြောင့် မအိပ်ချင်ပါဘဲ ဇွတ်မှိတ် ပိတ်ထားမိသော မျက်လုံးများကို အသာဖွင့်ပြီး သလင်းဖြူ ကြည့်လိုက်မိသည်။ထိုအခါ စျေးသည်လေးကိုင်ထားသော စတီးဗန်းအသေးပေါ်ရှိ သရက်ချဉ်သုတ်များနှင့် ငရုတ်သီးတောင့်ကြော်များကို ကြည့်ပြီး တံတွေးကို မျိုချလိုက်မိသည် ။မည်မျှပင် စိတ်ဆင်းရဲသောကဖြစ်နေစေကာမူ ဗိုက်သည် အချိန်တန်ရင် ဆာလာမြဲပင်ဖြစ်သည်။ စျေးသည်ကလည်း သလင်းဖြူ၏ ဆာလောင်နေမှုကို သတိပြုမိပုံရသည်။ဟင်းထည့်ထားသော စတီးဗန်းကို သလင်းဖြူ၏ မျက်နှာရှေ့တည့်တည့်သို့ ဝေ့ကာဝိုက်ကာဖြင့် ဟန်ရေးပြ၍နေလေသည်။ငါးကြော်တုံးများသည်လည်း သလင်း ဖြူ၏ဆာလောင်မှုကို မျက်စပစ်ပြသကဲ့သို့ ရှိနေသောကြောင့် ခံနိုင်မရှိတော့သည့်အဆုံးတွင် သလင်းဖြူကဈေးသည် လေးကို ခေါ်လိုက်လေသည်။ "ဒီကို တစ်ဗန်းပေး " "ရမယ် အစ်မလေး ရမယ် " ဈေးသည်လေးသည် မသိလျှင် သလင်းဖြူဈေးအ၀ယ်ကို စောင့်နေဘိသကဲ့သို့ပါပင်။ စလွယ်သိုင်းထားသော လွယ်အိတ်ကြီးထဲမှ ဖော့ဘူး နှစ်ဘူးကို ထုတ်လိုက်လေသည်။ပြီးလျှင် ထမင်းထည့်ထားဟန်တူသော ဖော့ဘူးကို သလင်းဖြူဆီသို့ လှမ်း၍ပေးပြီးလျှင် ကျန်ဖော့ဘူးထဲသို့ စတီးဗန်းပေါ်မှ ဟင်းများကို ထည့်လိုက်လေသည်။ကျွမ်းကျင်လှပေစွ။ တဂျိန်းဂျိန်း ခုတ်မောင်းသွားနေသော ရထားပေါ်တွင် မတ်မတ်ရပ်လျက် ဗန်းထဲမှ ဟင်းများကို မြေပဲတစ်စေ့မှ အစ အောက်သို့ ဖိတ်မကျအောင် ဘူးထဲသို့ထည့်၍ သွားလေသည်။အလုံးစုံပြီးသွားသောအခါ ဈေးသည် လေးသည် သူ့နောက် ဘက်ရှိ အဖော်ပါလာသူထံမှ ဘူးတစ်ဘူးကို လှမ်းယူလိုက်ပြီးလျှင် ဗန်းထဲသို့ အစီစဉ်တကျ ပုံလျက် အသံစာစာနှင့် ရထားတွဲတစ်လျှောက်အော်ဟစ်လျက်ထွက်သွားလေသည်။ "ဟင်းသုံးမျိုးနဲ့ထမင်းအ၀စားကို ထောင့်ငါးရာတည်းနော် ... တစ်ဗန်းလုံးမှ ထောင့်ငါးရာနော် " ~~~~~~ ငါးကြော်လေးကိုက်လိုက်၊ ငရုတ်သီးတောင့်ကြော်လေးကို ထမင်းထဲတို့မြှုပ်စားလိုက်နှင့် စားရသည်မှာ အရသာတွေ့လှပါသည်။ငရုတ်သီးကြောင့် စပ်သွားလျှင် သရက်ချဉ်သုတ်လေးစားလိုက်လျှင်ဖြင့် ရန်ကုန်မြို့မှာ စားခဲ့ရသမျှထမင်းဆိုင်ပေါင်းစုံ၏ အရသာများထက်ပင်ပို၍သာကောင်းနေလေသည်။ယုတ်စွအဆုံး သလင်းဖြူမကြိုက်သော မြေပဲကြော်သည် ပင် ချို၍ စိမ့်၍အရသာရှိလှပေသည်။ "တူမလေး ... အသုတ်လေးစားအုံးမလား...ကြာဆံခေါက်ဆွဲပဲပြားသုတ် အစုံရမယ်နော် ...တစ်ပွဲမှ သုံးရာတည်းရယ် " သလင်းဖြူ ထမင်းစားနေစဉ် ရောက်လာသောစျေးသည်ကြောင့် ခေါင်းမော့ကြည့်လိုက်သောအခါ နှီးဖြင့်ရက်လုပ်ထားသော ဇကောထဲတွင် အချဉ်ရည်ဘူးနှင့် အချိုမှုန့် ဘူး၊ ငရုတ်သီးမှုန့်ဘူး၊ ပဲမှုန့်ဘူး၊ ဆီချက်ဘူးလေးများကိုအစီအရီထည့်ထားပြီး ခပ်ရွယ်ရွယ်ကော်ပန်းကန်ပြားတစ်ထပ်နှင့် ဇွန်းများ အပါအဝင် ပုဝါပါးဖြင့်လွှမ်းခြုံထားသော ခေါက်ဆွဲကြာဆံဖက်များကိုလည်း တွေ့ရလေသည်။သည်ကြားထဲ၌ လက်တစ်ဖက်မှလည်း အဖုံးပါသော ခပ်ရွယ်ရွယ်ကော်ရေပုံးတစ်ပုံးကိုဆွဲ၍ထားပြန်လေသေးသည်။အသာအရွယ်အားဖြင့်မူ ခပ်စောစောက ထမင်းရောင်းသူများကဲ့သို့ ငယ်ငယ်ရွယ်ရွယ် မဟုတ်ဘဲ အသက်အရွယ် ငါးဆယ်ကျော်ခန့်ရှိပေလိမ့်မည်ထင်ရလေသည်။သလင်းဖြူသည် စျေးသည် အဒေါ်ကြီးကို ကြည့်နေမိပြီးလျှင် ကိုယ့်အကြောင်းကိုယ်ပြန်တွေးလိုက်မီ ပြီးနောက်သက်ပြင်းချမိပြန်လေသည်။ "စပျစ်သီးတွေချိုမှချို နော် ....ယူအုံးမလား ...လိမ္မော်သီးလဲပါတယ်နော် " "ကြက်ဥပြုတ်...ငုံးဥပြုတ်တွေရမယ် " " အိပ်ချင်ပြေ ချဉ်ပေါင်းတွေရမယ်နော် " "ရထားစီးရင်း ပျင်းနေကြမယ်ဆိုရင် ... စာအုပ်တွေ ငှားဖတ်လို့ရပါတယ် " မသိလျှင် ရထားစီး နေသည်နှင့်မတူဘဲ ဘုရားပွဲဈေးထဲ ရောက်နေသကဲ့သို့ပင် ဈေးသည်များ စုံလင်လှပါပေသည်။သို့ကြောင့်မို့ထင်သည်။စာပို့ရထားလက်မှတ်ပဲ ရခဲ့သည်ဟု သူငယ်ချင်းဖြစ်သူကို ပြောပြစဉ်က သူငယ်ချင်းဖြစ်သူက သလင်းဖြူကို ကြည့်လျက် ပြောခဲ့သည်။

"ဒီမှာ ...မကျဉ်းဘူးလား ... နီးနီးနားနားမှာ ခန်းမ မရှိဘူးလား ....အဓိကက ရပ်ကွက်က အသိမိတ်ဆွေတွေကို သွားရေလာရေး လွယ်ကူစေချင်တာမဟုတ်လား ....အနီးဆုံး ခန်းမတစ်ခုကို ငှါးပြီး ...ကားကြိုပို့ လုပ်ပေးလိုက်ကြမယ်လေကွယ် ...ဖိတ်စာတွေက မဝေရသေးဘူး မဟုတ်လား ခန်းမငှားကြရအောင် ... သမီးတို့ဘက်က ဖြစ်ချင်တာကိုလဲ ပြောကြအုံးနော်... ပြီးတော့ တစ်ခါတည်း ပြောရအုံးမယ် ... အိမ်ခွဲနေခွင့်မပြုဘူးနော် ...အိမ်မှာပဲ နေရမယ် ...အစကတည်းက မင်းတို့ အဖေက သားနှစ်ယောက် တစ်ယောက် တစ်အိမ်ဆိုပြီး ပုံစံတူ ဆောက်ပေးထားခဲ့တာ " ဒေါ်မေဇင်ထက်က သားနှင့် ချွေးမလောင်းကို ကြည့်၍ပြောလိုက်သည်။ "ဟုတ်..ဟုတ်ကဲ့ပါ အန်တီ " " အမေနဲ့ အတူနေရမယ်ဆိုရင် ပျော်တာပေါ့ အမေရယ် " ~~~~ အိသဇင်သည် မျက်နှာကို မှုန်ကုပ်ထားပြီးလျှင် ဧည့်ခန်းဆိုဖာထက်၌ ထိုင်နေလေသည်။ဘေးတွင် ခင်ပွန်းဖြစ်သူမှာ ဇနီးဖြစ်သူ အိ သဇင်၏ အလိုမကျ ဖြစ်နေသော ပုံစံကို စိတ်ပျက်လက်ပျက်ပုံနှင့် မသိမသာ ကြည့်နေလေသည်။ " အားလုံးကို အမေ ပြောမယ် ... မင်္ဂလာပွဲ ပြီးရင် သားသွင်တို့ ဒီမှာ လာနေကြမှာ ...မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေကြစို့နော် ... ပြဿနာဖြစ်တာကို မလိုချင်ဘူး " ဒေါ်မေဇင်ထက်၏ စကားကြောင့် အိသဇင် သည် မျက်နှာကို မသိမသာမဲ့ပစ်လိုက်သည်။ "သမီးအိကိုလဲ အမေတောင်းပန်ချင်တယ် ... အမေတို့ သမီးတို့က ခင်ပွန်းကောင်းတွေနဲ့ တွေ့ဆုံခဲ့ရလို့ အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ကို နားလည်မပေးနိုင်ကြဘူးပေါ့ကွယ် ...ဒါပေမဲ့ ဒါကလဲ သူ့အပြစ်ကျူးလွန်ထားတာမဟုတ်ဘူးလေ.... သူ့နေရာမှာ ကိုယ်ဆိုရင် ရော ဘယ်လိုခံစားနေရ ရမလဲဆိုတာကို တွေးကြည့်ပါ ...အမေကတော့ ကိုယ့်သားတွေ ချစ်တဲ့ မိန်းခလေးကို လိုက်ချစ်ခင်ပေးဖို့ပဲ တွေးထားတယ်...အဓိကက အမေ့ရဲ့ သားသမီးတွေ မိသားစုတွေနဲ့ ပျော်ရွှင်နေရင် အမေကျေနပ်ပါတယ် ...သမီးအီကို အမေလိမ်ပြီး ခေါ်သွားမိသလို ဖြစ်သွားတာကိုတော့ အမေတောင်းပန်ပါတယ်ကွယ် " ~~~~~~ "မောင်သွင်ငြိမ်းထက်နှင့် မနွေးနွေး"တို့၏ မင်္ဂလာဧည့်ခံပွဲ "လက်ဖွဲ့ပစ္စည်း လုံးဝလက်မခံပါဆိုသော လှပခံ့ညားသောဆိုင်းဘုတ်ကြီးထောင်ထားသောရှေ့တွင် လူအပြည့်ပါသော ကားများသည် တစ်စီးပြီး တစ်စီး ထိုးဆိုက်လာလေသည်။ "လောကကြီးက ဆန်းကြယ်တယ်နော် ... နွေးနွေးက ခမ်းခမ်းနားနား မင်္ဂလာပွဲ ကျင်းပနေချိန်မှာ မောင်မောင်လတ်က ဆိုင်ကယ်မှောက်ပြီး အရေးပေါ် ရောက်သွားသတဲ့ ... အဲ့ဒါပြောတာပေါ့ ...သူတစ်ပါးကို အပြစ်လုပ်ရင် အချိန်တန်ရင် အပြစ်ပြန်ခံရမယ် ဆိုတာလေ..." "သတို့သားက ဆရာဝန်တဲ့တော့ ... တော်တော်လေးလဲ ကြည့်ကောင်းတယ်နော် .....ချမ်းလဲချမ်းသာကြတယ်တဲ့ " "ချမ်းသာလား မချမ်းသာလာ ... လက်ဖွဲ့ငွေမယူတဲ့အပြင် ကျွေးတော့လဲ အလျှံအပယ်... ပြီးတော့ ထီလက်မှတ်တွေတောင်း လက်ဆောင်ပြန်ကမ်းလိုက်သေးတယ် မဟုတ်လား ... နွေးနွေးတော့ သိပ်ကို ကံကောင်းတာပဲ ...မောင်မောင်လတ်လို လူမျိုးနဲ့ကွဲခဲ့လို့ တော်သေးတာပေါ့ " ပွဲခန်းမရှေ့ရှိအကြိုအပို့ လုပ်နေကြသော ကားများပေါ်မှ ဆင်းလာသူနှင့် ကားပေါ်သို့ ပြန်တက်သွားကြသူများသည် နွေးနွေးတို့၏ အကြောင်းကို ပြောမဆုံးနိုင်အောင်ပင် ဖြစ်နေကြလေသည်။ ~~~~~~ သွင်ငြိမ်းထက်သည် ချစ်သူနွေးနွေး၏ လက်ကလေးကို ယုယကြင်နာစွာဆုပ်ကိုင်လျက် နှစ်ယောက်သား ဧည့်ပရိတ်သက်များ၏အလယ်တွင် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည်နူးစွာကြည့်၍နေမိကြလေသည်။ မအေးရီသည် ဆွေမျိုးသားချင်းများနှင့် အပေါင်းအသင်းမိတ်ဆွေများကို လိုက်လံ နှုတ်ဆက်ဧည့်ခံနေရင်းမှ ပျော်ရွှင်ကြည်နူးနေသော ညီမငယ်လေး နွေးနွေးကို ကြည်နူးဝမ်းမြောက်စွာ ကြည့်နေမိလေသည်။ ===================== ပြီးပါပြီ အစမှ အဆုံး အားပေးဖတ်ရှုပေးခဲ့ကြသူများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင် ဧကြည်ဖြူ 21 .3.2022 ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

"ညီမလေးကို အပ်ပါတယ်ရှင် ...ညီမလေးက အရွယ်မရောက်ခင်ကတည်းက မိဘတွေနဲ့ ခွဲခဲ့ရတာမို့ မလိမ္မာတာရှိရင် ဆုံးမပါရှင် ...ညီမလေးကို အခုလို လက်ခံပေးလို့ အေးရီတို့က ကျေးဇူးတင်ပါတယ်ရှင် " ဒေါ်မေဇင်ထက်သည် စကားပြောနေရင်းမှ အိမ်ထဲသို့ မသိမသာ အကဲခတ်ကြည့်လိုက်သည်။ အိမ်လေးသည် ပျဉ်ခင်းပျဉ်ကာသွပ်မိုးထားသော အိမ်လေး ဖြစ်သည်။အိမ်လေးကို ကြည့်ရသည်မှာ လက်တလောမှ ရှင်းလင်းထားသည် မဟုတ်ဘဲ အမြဲတစေပင် ရှင်းလင်းထားပုံရလေသည်။ကြမ်းပြင်ပေါ်တွင် ဖျားများ အပြည့်ခင်းထားသော်လည်း ဖျားလွတ်နေသောနေရာများမှ သစ်သားကြမ်းပြင်သည် ပြောင်လက်၍နေသည်ကို တွေ့ရပေသည်။ဘုရားကျောင်းဆောင်ကိုကြည့်လိုက်သောအခါတွင်လည်း ဘုရားကျောင်းဆောင်ပေါ်တွင် ရွှေရောင်ဝင်းလျက်ရှိသော ခပ်သေးသေး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကိုးကွယ်ထားပြီး ဘုရားပန်းအိုး သုံးလုံးနှင့် သန့်ရှင်းသပ်ရပ်သော သောက်တော်ရေဗန်းကို လည်းတွေ့ ရသည်။ဖယောင်းတိုင်းနှင့် အမွှေးတိုင်ထွန်းသောခွက်လေးများကိုလည်း အောက်တွင် သံလင်ပန်းတစ်ချပ်ခံ၍ထားသည်ကို တွေ့ရလေသည်။ထို့ကြောင့် ဘုရားခန်းသည် မခမ်းနားသော်လည်း သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နှင့် ကြည်ညို သပ္ပာယ်ဖွယ် ဖြစ်နေသည်ကို တွေ့ရသောကြောင့် ဒေါ်မေဇင်ထက် စိတ်ထဲမှ ကျေနပ်၍သွားမိလေသည်။ ဒေါ်မေဇင်ထက်နှင့် မအေးရီတို့ ပြောဆိုတိုင်ပင်နေကြသကဲ့သို့ သွင်ငြိမ်းထက်နှင့် နွေးနွေးမှာလည်း ဆိုင်ခန်းထဲတွင်နှစ်ယောက်သားတိုးတိုးတိတ်တိတ်ပြောဆိုတိုင်ပင်နေကြလေသည်။ "နွေးလဲ ဘာမှမသိရဘူး ...ကိုသွင့်အသိုင်းအဝိုင်းက တစ်မျိုးထင်သွားမှဖြင့် .. နွေး ဒါကို လက်မခံနိုင်ဘူး " နွေးနွေးသည် တိုက်ခန်းစာချုပ်လေးကို သွင်ငြိမ်းထက် ထံသို့ ကမ်းပေးရင်းမှပြောလိုက်သည်။ "နွေးရယ် ... ဖြစ်နိုင်ရင် ကိုယ်က နွေးအတွက် ခြံလေး၀န်းလေးနဲ့ တောင်ဝယ်ပေးချင်တာ .... ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာလဲ နွေးပိုင်တာပဲ ... နွေးပိုင်တာလဲ ကိုယ်ပိုင်တာပဲလေ ... နောက်ဆို ကိုယ်တို့မှာ မိသားစုတွေ တိုးလာမှာမဟုတ်လား ...အဲ့ဒါကြောင် ငွေကို မပျောက်ပျက်အောင် ရင်းနှီးမြှုပ်နှံထားတာပဲဟာ ... ဒါလေးအတွက်မဟုတ်တာတွေ မတွေးနဲ့နော်နွေး ...တကယ်ဆို နွေးအတွက် အကောင်းဆုံးတွေပဲ ဖန်တီးပေးချင်တာ ... ရှေ့လျှောက်ကိုယ်တို့တွေ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော် ...." သွင်ငြိမ်းထက်သည် ချစ်သူလေး၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်းမှ ပြောလိုက်သည်။ "လာပါကွာ ....လူကြီးတွေနဲ့ စကားသွားပြောရအောင် တော်ကြာ ကိုယ်တို့ကို တစ်မျိုးထင်နေအုံးမယ် " သွင်ငြိမ်းထက်သည် ပြောပြောဆိုဆိုနှင့် နွေးနွေး၏လက်ကလေးကို ဆွဲကာ ဆိုင်ထဲမှ ထထွက်ခဲ့ကြပြီးအိမ်ထဲသို့ ဝင်ခဲ့လေသည်။ ~~~~~~~ "နွေးနဲ့ ကိုသွင့်ကို သဘောတူလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် အန်တီ ... " နွေးနွေးသည် အိမ်ထဲသို့ ရောက်သည်နှင့် သွင်ငြိမ်းထက်၏ မိခင်ကြီးရှေ့တွင် ခပ်ယို့ယို့ ထိုင်လိုက်ပြီးနောက် လက်အုပ်လေးချီ၍ ကန်တော့လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်မိပါသည်။ "ကျွန်တော်လဲ ကျေးဇူးတင်ပါတယ် အမေ ... ကျွန်တော်တို့ အမေ့ကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ် အမေ " သွင်ငြိမ်းထက်သည် လည်း နွေးနွေးနည်းတူ မိခင်ကြီးကို ကန်တော့လိုက်ပြီးလျှင် ကျေးဇူးတင် စကားပြောလိုက်လေသည်။ " ကျေးဇူးတင်ဖို့ မလိုပါဘူးကွယ် ... ဒါက မိဘတစ်ယောက်အနေနဲ့ လုပ်ရမယ့် တာဝန်ပဲလေ...အမေ့ဘက်က ပြောမှားဆိုမှားရှိခဲ့ရင်လဲ သားကိုရော သမီးကိုပါ တောင်းပန်ပါတယ်ကွယ် " ဒေါ်မေဇင်ထက်သည် လူယဉ်ကျေးပီပီ သားဖြစ်သူနှင့် ချွေးမလောင်းကို ပြန်၍ တောင်းပန်စကားဆိုလိုက်လေသည်။ " အန်တီမမှားပါဘူးရှင်...ဒါက မိဘတစ်ယောက်ရဲ့ စေတနာဆိုတာ သမီးတို့ နားလည်ပါတယ်ရှင် " ဒေါ်မေဇင်ထက်နှင့် နွေးနွေးတို့ အပြန်အလှန်ပြောနေကြသော မြင်ကွင်းကို ကြည့်၍ မအေးရီသည် မျက်ရည်ဝဲလောက်အောင်ပင် ၀မ်းသာကြည်နူးနေမိလေ၏။ညီမငယ် နွေးနွေးအတွက် မအေးရီ၏ရင်ထဲမှ အပူလုံးကြီးသည်လည်း ကင်းစင်လွင့်ပျယ်ခဲ့ရလေပြီဖြစ်ပေသည်။ထို့အတွက် မတ်ဖြစ်သူ သွင်ငြိမ်းထက်အား မအေးရီ အထူးပင်ကျေးဇူးတင်နေမိလေသည်။အထူးသဖြင့် ယနေ့တွင် ညီမငယ် နွေးနွေးကို လူကြီးစုံရာရှေ့တွင် တိုက်ခန်းနှင့်တင့်တောင့်တင့်တယ် တောင်းရမ်းခဲ့သည့်အတွက် မအေးရီ ပြောမပြတတ်အောင် ၀မ်းမြောက်မိသလို မောင်မောင်လတ်ကြောင့် ရခဲ့သော စိတ်ဒဏ်ရာများသည်လည်း တစ်ရက်တည်းနှင့်ပင် လွင့်စင်ကင်းပျောက်ခဲ့ရပြီ ဖြစ်လေသည်။ထိုအရာများအားလုံးအတွက်လည်း ညီမငယ် နွေးနွေးကို တန်ဖိုးထားချစ်ခင်ပေးသော မတ်ဖြစ်သူ သွင်ငြိမ်းထက်ကိုလည်း ကျေးဇူးတင်မဆုံးဖြစ်နေမိလေသည်။ "ဒါနဲ့ မင်္ဂလာပွဲကို ဘယ်မှာ စီစဉ်ထားကြလဲ ..ရက်ကရော သက်မှတ်ပြီးပြီလား " ဒေါ်မေဇင်ထက်က မင်္ဂလာပွဲကိစ္စကိုမေးလိုက်သည်။ "မင်္ဂလာပွဲကို ဒီမှာပဲ လုပ်မှာ အမေ ... ရက်လဲ သက်မှတ်ပြီးပြီ "