ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
" ဟယ် ..ဖိုးဇင်ရယ် ..နင်က နင့်အဖေလိုပဲ ...အရပ်ကရှည်လိုက်တာဟယ် " တပေါင်းလွှတ်ခနဲ့ပြောလိုက်မိတော့ ဖိုးဇင်မျက်နှာပျက်သွားခဲ့ ၀ယ်။ " နင်ကလဲဟာ .... အရပ်ရှည်တာများ ဘယ်သူနဲ့တူရမှာလဲ ....ငါတို့တွေ ...အပြင်မှာစကားသွားပြောရအောင်လေ " ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်း တွေခနဲဖြစ်သွားမိပြီးမှ " ဟိုလေ ....နင်ကလာမယ်ဆိုပြီး .....ကြိုမပြောထားတော့ ..ငါက အပြင်လိုက်လို့မရဘူးဟ ...အပြင်ထွက်မယ်ဆိုရင် ...ခွင့်တစ်ရက်ကြိုတိုင်ရတာလေ ... လာပါ ....ငါတို့သင်တန်းကျောင်းထဲကို... နင်ဝင်လည်လို့ရပါတယ်ဟ ..ခေါင်းဆောင် အစ်မကို ငါပြောခဲ့ပါတယ်...'' ငယ်သူငယ်ချင်းတွေလဲဖြစ်၊ နေ့တိုင်းလိုလိုလဲဖုန်းပြောနေခဲ့ကြတော့ နှစ်ယောက်သားကြားမှာ စိမ်းမနေခဲ့တာတော့အမှန်။တပေါင်းက ဖိုးဇင်ရဲ့ အင်္ကျီလက်စကိုဆွဲပြီး ဖိုးဇင်ကို ဆွဲခေါ်ခဲ့လိုက်တယ်။ ဖိုးဇင်နဲ့ ပတ်သက်ပြီး တပေါင်းရဲ့အပြုအမူက ငယ်ငယ်တုန်းကအတိုင်းပဲ မပြောင်းလဲခဲ့ပေမဲ့ ဖိုးဇင်ရင်ထဲမှာတော့ လှုပ်ရှားတုန်ခါသွားခဲ့မိတယ်။ခြေတစ်ဖက် သိပ်မသန်တာကလွဲလို့ ဆံပင်ရှည်ရှည်မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခပ်သွယ်သွယ်ပုံစံလေးက ငယ်ငယ်ကထက်ပိုပြီး လှလာတာကို ဖိုးဇင်သတိထားလိုက်မိတယ်။ ~~~~~~ ခြံရှေ့မှာ ယောက်ျားလေးတစ်ယောက်နဲ့ ရင်းနှီးတဲ့ပုံစံနဲ့စကားရပ်ပြောနေပြီးတော့ ယောက်ျားလေးကိုခေါ်ပြီး တိုက်ဘက်ကို ပြန်လျှောက်လာတဲ့တပေါင်းကို အံ့သြစိတ်နဲ့ ကိုချမ်းလှမ်းကြည့်နေမိတယ်။တပေါင်းမှာ ရင်းနှီးတဲ့ ယောက်ျားလေးမိတ်ဆွေ မရှိဘူးလို့ပဲ ကိုချမ်းထင်ခဲ့မိတာ။ပုံစံကြည့်ရတာတော့ နှစ်ယောက်သား ရင်နှီးခင်မင်နေကြပုံပဲ ။ကြည့်ရတာ အွန်းလိုင်းပေါ်မှာစတွေ့ကြပြီး ခင်မင်သွားကြတာများလားလို့ တွေးကြည့်လိုက်မိတယ်။အွန်လိုင်းပေါ်မှာ ခင်မင်သိကျွမ်းတဲ့သူကို သင်တန်းအထိတောင်ခေါ်လိုက်တာဆိုရင်တော့ အခြေအနေက သိပ်မကောင်း။တစ်စုံတစ်ခုကို တွေးပြီးကိုချမ်းစိတ်ထဲ စိုးရိမ်သွားမိပြန်တယ်။ကိုချမ်းစိတ်ထဲ တစ်စုံတစ်ရာကို တွေးလိုက်မိပြီး နေရာကနေချာခနဲလှည့်ထွက်ခဲ့လိုက်မိတယ်။ ================================= အပိုင်း (၂၄)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/

ရုတ်တရက်ဆိုတော့ ကိုချမ်းလဲလန့်ပြီး တပေါင်းလက်ကလေးကို ဆွဲကိုင်ထားမိတယ်။နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြောင်ပြီးကြည့်နေမိကြတယ်။ဒီအခါမှာ ကြည့်လင်သန့်ပြန်ချောမောနေတဲ့ ကိုချမ်းကိုငေးကြည့်ပြီး တပေါင်းရင်ထဲအားငယ်သလိုဖြစ်သွားမိတယ်။ရင်ထဲမှာ ဘာမှန်းမသိတဲ့စိုးရိမ်စိတ်လေးပါဝင်ရောက်လာခဲ့မိတယ်။ ' တပေါင်း ...ဘာလို့လဲဟင်.. " ခေါင်းငုံ့ကာငြိမ်သက်နေတဲ့ တပေါင်းကိုကြည့်ပြီး ကိုချမ်းခပ်တိုးတိုးမေးလိုက်တယ်။ " ဟို..ဟို ...တပေါင်းတို့ ...မုန့်ဟင်းခါးချက်စားလို့ ကိုချမ်းကိုလာပို့ပေးတာ....တော်ကြာအခန်းထဲကနေ ကိုချမ်းထွက်မလာမှာစိုးလို့ပါ " " မုန့်ဟင်းချက်စားတာလား ...တပေါင်းက ဒါလဲရတယ်ပေါ့ ...ကျေးဇူးပါကွာ..ကိုယ်လဲဗိုက်ဆာလို့ ...စားစရာဘာရှိလဲလို့ ကြည့်မလို့ထွက်လာတာ " " ဟုတ်လား...ဒါဆိုအတော်ပဲပေါ့...ဘယ်မှာပြင်ပေးရမလဲ ကိုချမ်း...ထမင်းစားခန်းမှာပြင်ပေးရမလား...ကိုချမ်းအခန်းထဲမှာပဲ ပြင်လိုက်ရမလား " " မုန့်ဟင်းခါပါလာတယ်မဟုတ်လား...ဒီမှာပဲပြင်လိုက်တော့လေ..." ကိုချမ်းရဲ့စကားကြောင့် တပေါင်းရင်ထဲလှုပ်ရှားသွားရပြန်တယ်။ပြောရရင် ကိုချမ်းအခန်းထဲကို သူတို့ငယ်သူငယ်ချင်းခြောက်ယောက်အဖွဲ့ကလွဲလို့ ဘယ်သူ့ကိုမှာပေးဝင်တာမဟုတ်ဘူး။ဒီထဲကမှ တပေါင်းကတော့ အခွင့်ထူးရသူပေါ့။ကိုချမ်းအခန်းထဲကို ဝင်ခွင့်ရသူဖြစ်သလို ပညာသင်ဘဝမှာပဲ လစာရတဲ့ဝန်ထမ်းအဖြစ်ပါ ခန့်အပ်ခံထားရတဲ့ အခွင့်ထူးခံလူတစ်ယောက်ဖြစ်နေခဲ့တာလေ။တပေါင်းတွေးရင်းမှ ကြည်နူးစွာပြုံးလိုက်မိတယ်။ " ဟိတ်ကောင်မလေး ဘာတွေပြုံးနေတာလဲ...ဘာလဲ..မုန့်ထဲမှာ ငရုတ်သီးမှုန့်တွေအများကြီးထည့်ထားတာလား .မလုပ်နဲ့နော် ... ကိုယ်အစပ်မစားနိုင်ဘူးကွ " ကိုချမ်းက စနောက်လိုက်ရင်းက တပေါင်းရဲ့ခေါင်းကိုခပ်ဖွဖွပုတ်လိုက်တယ်။ဒီအပြုအမူက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချစ်စနိုးပြုမူလိုက်တဲပုံးစံမျိုးမို့ တပေါင်းစိတ်ထဲကြည်နူးသွားမိပေမဲ့ တစ်ဖက်ကတွေးတော့လဲ အားငယ်စိတ်ဝင်သွားမိပြန်တယ်။တကယ်ဆိုရင် ကိုချမ်းကတပေါင်းထက် ကိုးလလောက်ပဲကြီးတာလေ။ကိုးလဆိုတာ ဘာကွာလို့လဲ ။ခုနှစ်အရကြည့်ရင် အသက်ကတူတူပဲလေ။ဒါပေမဲ့ ဘာလို့များ ကလေးတစ်ယောက်လိုဆက်ဆံနေရတာလဲ။တပေါင်းကိုလဲ သင်တန်းက ကလေးတွေလိုပဲတွေးနေတာလားလို့တွေ့လိုက်မိပြိး ကြည်နူးစိတ်လေးကရပ်တန့်သွားရတယ်။ " ဟော့ဗျာ ....မုန့်ကစားရမှာလား ..မစားရဘူးလားဟင် " ရုတ်တရက် ကိုချမ်းက တပေါင်းလက်ကို ဖမ်းဆွဲပြီး မေးလိုက်တာမို့ တပေါင်း ရုတ်တရက်ကြောင်အသွားမိတယ်။ပြီးတော့မှ ကြည့်လိုက်မိတော့ ကိုချမ်းကမုန့်ဟင်းခါးစားဖို့ ဟန်ပြင်နေပြီကို တပေါင်းက စေတနာလွန်ပြီး မုန့်ပန်းကန်ထဲကို ဘဲဥတွေရွေးထည့်ပေးဖို့ ပန်းကန်ကို ပြန်ဆွဲယူလိုက်မိတာလေ။ " ဟယ် ..ကန်တော့နော် ကိုချမ်း...တပေါင်းက ဘဲဥတွေ ရွေးထည့်ပေးမလို့ ...ပန်းကန်ကို ပြန်ယူလိုက်တာပါ " တပေါင်းပျာပျာသလဲတောင်းပန်လိုက်မိတယ်။ " ရပါတယ် ဆရာမရယ် ... ဆရာမပြီးပြီဆိုမှ ကျွန်တော်မျိုးစားပါတော့မယ် ..စိတ်ကြိုက် ပြင်ဆင်လိုက်ပါအုံး " မျက်ခုံးကိုတွန့်ကွေးပြီး ပြောလိုက်တဲ့ကိုချမ်းရဲ့ လူငယ်ဆန်ဆန် အမူအရာကြောင့် တပေါင်းကိုချမ်းကို ငေးခနဲ စိုက်ကြည့်လိုက်မိတယ်။ကိုချမ်းက ပြန်မော့ကြည့်လာတော့မှ တပေါင်းလဲ သတိဝင်လာမိပြီး မျက်နှာကို ကမန်းကတန်းလွှဲလိုက်မိတယ်။ ~~~~~~ " တူ..တူ " တပေါင်းအလုပ်လုပ်နေချိန်မှာ ဖုန်းဝင်လာတာကြောင့် ဖုန်းကို ကောက်ယူနားထောင်လိုက်တယ်။ " ဟယ်လို ..တပေါင်းပြောနေပါတယ်ရှင် " " တပေါင်းလား ...ငါပါ ...နင်တို့ သင်တန်းရှေ့မှာ ...ငါရောက်နေတယ် " " ဘယ် ..ဘယ်သူလဲ..ဘယ်ကငါလဲ " ရုတ်တရက်ဆိုတော့ တစ်ဖက်လူပြောတာလို နားမလည်ဘဲ တပေါင်းပြန်မေးလိုက်မိတယ်။ " ငါလေ ဖိုးဇင်ပါ ..." " ဘာ ..ဘယ်လိုဖိုးဇင် ...ဟုတ်လား " တစ်ဖက်က ကြားလိုက်ရတဲ့ အသံကြောင့် တပေါင်းအံ့ဩသွားမိပြီး တုန်တုန်ယင်ယင်နဲ့ ပြန်မေးလိုက်မိတယ်။ '' ဟုတ်တယ် ... ငါဖိုးဇင်ပါ ....မနေ့ကပဲ ပြန်ရောက်တာလေ ..နင့်ကိုတွေ့ချင်လို့လာခဲ့တာ ... ထွက်ခဲ့ပါအုံး " " ဖိုး..ဖိုးဇင် ..နင်တကယ်ပဲ ဖိုးဇင်လား ..နင်တကယ် ပြန်နောက်နေတာလား " တပေါင်းမယုံကြည်နိုင်စွာ ထပ်မေးလိုက်ပြီး ဖုန်းနံပတ်ကို ကြည့်လိုက်မိတယ်။ ဒီအခါ မြန်မာပြည်ရဲ့ဖုန်းနံပတ်စာလုံးတွေကို တွေ့လိုက်ရတာမို့ သိပ်ကို ဝမ်းသာသွားမိတယ်။တပေါင်းထိုင်နေရာက ထရပ်လိုက်ပြီး မနွေးရှေ့ကိုပြေးသွားလိုက်မိတယ်။ " မနွေးရေ ....တပေါင်းသူငယ်ချင်းလာလို့ အလည်ခေါ်လို့ရလားဟင် ..တပေါင်းတို့ မတွေ့ရတာ...လေးနှစ်ကျော်ပြီ မနွေးရဲ့...သူက မနေ့ကမှမလေးရှားကပြန်ရောက်လာတာလေ " " ဪ ..ဟုတ်လား ...ရပါတယ်တပေါင်းရဲ့ ...သွားခေါ်လိုက်ပါ " မနွေးဆီကခွင့်ပြုချက်ရတာနဲ့ တပေါင်းလဲ ခြံဝန်းတံခါးဆီကိုပြေးထွက်လာခဲ့မိတယ်။ ~~~~~~ " တပေါင်း " ဗီဒီယိုကောပြောနေကြမို့ တစ်ယောက်နဲ့တစ်ယောက်ပြောင်းလဲမှု သိပ်ရှိကြတယ်လို့ မထင်မိကြပေမဲ့ လွန်ခဲ့တဲ့လေးနှစ်ကျော်ကထက် အရပ်ကြီးတအားရှည်လာတဲ့ ဖိုးဇင်ကို တပေါင်း တအံ့တသြနဲ့ ငေးကြည့်နေမိတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၃) akyiphyu ********** " ကိုချမ်းရဲ့စည်းကမ်းချက်တွေပြောင်းသွားတဲ့အတွက် ..နွေးတော့ တပေါင်းကိုကျေးဇူးတင် တယ်သိလား ...အရင်ကဆိုရင် နွေးက ...မုန့်လုပ်နည်းသင်မယ်လို့ပြောတိုင်း.... ကိုချမ်းကခွင့်မပြုဘူး...ဝါသနာကနေ စီးပွားဖြစ်လုပ်ချင်လာရင် ..နွေးအတွက် မခက်ခဲလိမ့်မယ်ဆိုပြီး အမြဲတားခဲ့တာ ..အခုတော့သင်ချင်လဲသင်ဆိုပြီး... ခွင့်ပြုလိုက်ပြီး တပေါင်းရဲ့ သိလား " " ဟယ် ..တကယ်လား မနွေး...တပေါင်းဝမ်းသာလိုက်တာနော် " တပေါင်းတကယ်ပဲ ပျော်ရွှင်သွားမိတယ်။ '' ကိုချမ်းကို တပေါင်းငိုပြလိုက်တာများလား ..ကိုစည်းကမ်းကြီးက... စည်းကမ်းတွေ နည်းနယ်လျှော့ပေးလိုက်တယ် ..အင်း ..ပြောမဲ့သာပြောရတာ ..ကိုချမ်းခမျာလဲ သနားစရာပါ တပေါင်းရယ် ..သူကသီချင်းဆိုဝါသနာပါတယ်... ခရီးတွေသွားရတာလဲဝါသနာပါတယ်...ဒါပေမဲ့ ...အားလုံးအတွက် သူကြိုးစားမှရမယ်ဆိုပြီး.... ဝါသနာတွေကို စွန့်လွှတ်ပြီး အလုပ်ပဲလုပ်နေတော့တာ ...တကယ်ဆို သူ့ဝင်ငွေနဲ့သူတစ်ကိုယ်ရေတစ်ကာယအတွက် ...တိုက်နဲ့ကားနဲ့ အေးအေးဆေးနေလို့ရတယ်လေ ..အခုတော့သူ့ခမျာကားတောင်အများသုံးဖို့အတွက် ခွေးဘီးလူးကားလေးပဲဝယ်စီးနေရရှာတယ် " မနွေးရဲ့စကားကြောင့် တပေါင်းစိတ်ဝင်စားသွားမိပြီး " ဟို ..ဟိုလေ မနွေး ...ကိုချမ်းက ဘာအလုပ်တွေလုပ်တာလဲဟင် .. အပြင်ကိုလဲ တစ်ခါတလေမှ သွားတာတွေ့လို့ပါ ." " အမယ်လေး တပေါင်းရယ် ..ကိုချမ်းက အိမ်ထဲကအိမ်ပြင်မထွက်ဘဲ .. ဘာအလုပ်တွေလုပ်နေလို့ ဝင်ငွေတွေအများကြီးရတာလဲ သိချင်နေတာမဟုတ်လား ... သူကအခန်းထဲမှာ ကျွန်ပျူတာတစ်လုံးနဲ့ငွေရှာနေတာလေတပေါင်းရဲ့ ..အဲ့ဒါကြောင့် တပေါင်းကို ကွန်ပျူတာနဲ့ပတ်သက်ရင် သေချာသင်လို ပြောနေတာပေါ့ ....ပြောမဲ့သာပြောရတာပါ တပေါင်းရယ် ....နွေးလဲ တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရတော့ ကြာတော့မလုပ်ချင်တော့ဘူး ... သင်တန်းရှေ့ကဖြတ်သွားနေတဲ့ ဈေးသည်လေးတွေလို....ရပ်ကွက်ထဲဈေးသာလိုက် ရောင်းလိုက်ချင်တော့တယ် ..တကယ်ပြောတာ " မနွေးရဲ့ဒီစကားကိုတော့ တပေါင်းလဲ ထောက်ခံမိတယ်။ကိုယ်တွေရဲ့ခံစားချက်တွေကို ကိုယ်တွေအချင်းချင်းပဲ နားလည်တာမဟုတ်လား။ ~~~~~~~ မနက်လင်းတာနဲ့ ခြံဝန်းထဲမှာ တံမြတ်စည်းလှည်း ၊သစ်ပင်တွေရေဝိုင်းလောင်းနဲ့ တပေါင်းအလုပ်တွေများနေခဲ့မိတယ်။သင်တန်းမှာကအမြဲတမ်းနေထိုင်သူက တပေါင်းအပါအဝင် ဆယ်ယောက်ရှိတယ်။ချက်ရေးပြုတ်ရေးအတွက် ထမင်းချက်သားမိနှစ်ယောက်ရှိတယ်။ဒါကလဲ သားအမိနှစ်ယောက်က အတော်လေးဒုက္ခရောက်နေလို့်ခေါ်ယူစောင့်ရှောက်ထားတာတဲ့။ခြံထဲမှာစောင့်ပျိုးရေးအတွက်က အမြဲတမ်းဝန်ထမ်းတစ်ယောက်ရှိတယ်။သင်းတန်းကျောင်းမှာနေရတာက တစ်ယောက်နဲ့တစ်ယောက်နွေးထွေးကြတယ်။စာနာပေးကြတယ်။တစ်ခုတော့ရှိတာပေါ့။အဲ့ဒါက ကိုချမ်းကစည်းကမ်းနည်းနည်းကြီးချင်တာ။အဓိက က သူကအလုပ်အရမ်းလုပ်သူဆိုတော့ တစ်ယောက်ယောက်အချိန်ဖြုန်းနေတယ်လို့ထင်ရင် သူမကြိုက်ဘူး။ဒါပေမဲ့ခုနောက်ပိုင်းမှာ နည်းနည်းလေးဖြေလျော့ပေးလာတာဆိုတော့ ပိုပြီးအဆင်ပြေလာကြတယ်။ ~~~~~~~~~~~~ တပေါင်းမုန်းဟင်းချိုင့်ကိုကိုင်ပြီး ကိုချမ်းရဲ့အခန်းရှေ့မှာ မဝံ့မရဲနဲ့ရပ်နေမိတယ်။ဒီမနက် သူတို့အုပ်စုတွေ မုန့်ဟင်းခါးချက်စားကြတာ။ဦးဆောင်ချက်သူကတော့ တပေါင်းပေါ့။တပေါင်းက မိထွေးနဲ့နေခဲ့ရတုန်းက အချက်အပြုတ်ကိုတပေါင်းပဲတာဝန်ယူခဲ့ရတော့ အချက်အပြုတ်ကတော့ကျွမ်းတယ်။မြန်မာမုန့်နဲ့မြန်မာအစားအစာမှန်သမျှကိုချက်တတ်တယ်။ဒီနေ့ မုန့်ဟင်းခါးချက်ပြီးတော့ ကိုချမ်းကိုစားစေချင်မိလို့ တမင်းစားခန်းဘက်များ ကိုချမ်းလာမလားဆိုပြီးတပေါင်းမှာမျှော်နေရတာ လည်ပင်းညောင်ရေအိုးဖြစ်နေပြီ။ကိုချမ်းက မီးဖိုဆောင်ဘက်ကိုလုံးဝရောက်မလာခဲ့လို့် ကိုချမ်းအခန်းဆီကို တပေါင်းလာခဲ့မိတာ။ကိုချမ်းက တော်ရုံကိစ္စမရှိဘဲနဲ့ မီးဖိုဆောင်ဘက်နဲ့မိန်းကလေးတွေနေတဲ့အခန်းဘက်ကိုလာလေ့မရှိဘူး။သူ့အခန်းထဲမှာကော်ဖီနဲ့မုန့်တွေထည့်ထားပြီး အဲ့ဒါတွေပဲစားပြီးအလုပ်လုပ်နေတတ်တယ်။အနောက်နိုင်ငံမှာ အနေများခဲ့တဲ့သူဆိုတော့ ကော်ဖီနဲ့ပေါင်မုန့်တွေပဲစားပြီးလဲနေနိုင်တယ်လေ။ဒါကို တပေါင်းကလက်မခံနိုင်ဘူး။ကိုချမ်းတစ်ရက်လောက် ထမင်းမစားရင်ကိုတပေါင်းမှာနေမထိထိုင်မသာဖြစ်နေပြီ ။ဒါကြောင့်လဲမြန်မာမုန့်တွေကို ကိုယ်တိုင်မကြာခဏလုပ်ပေးနေခဲ့မိတာ။ တပေါင်းတံခါးကိုမခေါက်ရဲတာမို့် အခန်းရှေ့မှာအတော်ကြာရပ်နေမိတယ်။သိပ်မကြာခင်မှာ အလုပ်ခန်းထဲကိုဝင်ရတော့မှာဆိုတော့ ဆက်ပြီးတွေဝေနေဖို့အချိန်ကလဲ မရှီတော့တာမို့ တံခါးကိုအရဲ့စွန့်ပြီးခေါက်ဖို့ ပြင်လိုက်တယ်။ " အမေ့ " " ဟာ ...တပေါင်း " တပေါင်းလက်ရွယ်လိုက်ချိန်မှာပဲ အခန်းတံခါးကပွင့်လာခဲ့တာမို့ တပေါင်းမှာအရှိန်မထိန်းနိုင်တော့ဘဲ ယိုင်ခနဲဖြစ်သွားရတယ်။အခန်းထဲက ထွက်လာတဲ့ ကိုချမ်းက အမြန်ဖမ်းထိန်းလိုက်လို့သာ တပေါင်းမှာလဲကျမသွားခဲ့ခြင်းဖြစ်တယ်။

တပေါင်းဆီက ဖြေရှင်းချက်စကားကိုကြားလိုက်ရတဲ့အခါ ကိုချမ်းရင်ထဲ နင့်ခနဲဖြစ်သွားမိတယ်။သူ့ဘက်ကတော့ တပေါင်းရဲ့ခြေထောက်ကိုစိုးရိမ်ပြိး ခြေထောက်တွေကိုလုံးဝအသုံးမပြုရတဲ့လုပ်ငန်းကိုသင်ကြားပေးခဲ့တာ။ ဒီလိုလုပ်လိုက်တဲ့အတွက်လဲ တပေါင်းပျော်မယ်လို့ထင်ခံ့မိတာအမှန်။တစ်ဖက်မှာ သူမခြေထောက်နဲ့ပတ်သက်ပြီး စိတ်အားငယ်စိတ်ဒဏ်ရာရနေတာကို သူလုံးဝကိုထည့်မတွေးမိတာ။သူက အားလုံးအတွက် အဆင်ပြေအောင်ကူညီပေးနေတာပဲဆိုပြီး ကိုယ့်လုပ်ရပ်ကိုမှန်တယ်လို့ပဲ အမြဲတွေးနေခဲ့မိတာလေ။အခုလိုမျိုး တပေါင်းဆီကစိတ်ခံစားချက်စကားကိုကြားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့စေတနာအမှားကို သုံးသပ်လိုက်မိတယ်။သူ့ဘက်ကတော့ ခြေထောက်မသန်တဲ့သူကဘာလုပ်၊အမြင်အာရုံမကောင်းတဲ့သူကဘာလုပ်၊အကြားအာရုံမကောင်းတဲ့သူကဘာလုပ်၊ဘယ်သူကဘာသင်ဆိုပြီး သူတို့တွေလုပ်ရမဲ့အလုပ်တွေကို ဦးနှောက်နဲ့ရွေးချယ်ပေးခဲ့တယ်။တကယ်တမ်းက သူတို့တွေရဲ့နှလုံးသားက ဘာတွေကိုကြိုက်နှစ်သက်လဲ။ဘယ်လုပ်ငန်းတွေမှာ ပျော်ရွှင်နေကြတာလဲဆိုတာကို လုံးဝကိုမမေးခဲ့မိတာလေ။ ကိုချမ်းနေရာမှာ တွေဝေစွာရပ်နေမိတယ်။အားလုံးရဲ့ဘဝလေးတွေကို လှပအောင်ဖန်တီးပေးမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ သူ့ရည်ရွယ်ချက်တွေက အရေးကြီးလှတဲ့ စိတ်ခံစားချက်တွေကို ထည့်မတွက်ခဲ့မိတာကို လုံးလုံးကြီးကိုသဘောပေါက်သွားမိတယ်။"မင်းက ခြေထောက်မသန်ဘူး...ဒါမလုပ်နဲ့။မင်းကနားမကောင်းဘူး....ဒါမလုပ်နဲ့ " ဆိုတဲ့သူ့ရဲ့စိုးရိမ်မှုတွေက သူတို့တွေရဲ့မသန်စွမ်းတဲ့အစိတ်အပိုင်းတွေကို စာနာသလိုလိုနဲ့ ခွဲခြားဆက်ဆံနေမိသလိုဖြစ်နေတာကို သေချာသဘောပေါက်သွားမိတယ်။သူ့မှာစေတနာအမှားတွေ ဘယ်လောက်များနေခဲ့ပြီးလဲလို့အထိတ်တလန့်တွေးမိရင်း တပေါင်းဘေးနားမှာ ဝင်ထိုင်လိုက်မိတယ်။ " တပေါင်း..ကိုယ်ပြောမယ်နော်... ဒီစကားက စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်...တကယ့်စိတ်ရင်းနဲ့ပြောတာပါ ...တပေါင်းက ကွန်ပျူတာနဲ့အလုပ်လုပ်ရတာကိုမပျော်ဘူးလား ...တပေါင်းဘာဝါသနာပါတာလဲ ..ဘာတွေသင်ချင်လဲ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပါ ..ကိုယ်နားထောင်ပေးမယ် " ကိုချမ်းရဲ့အမူအရာတွေက နုညံ့ပျော့ပျောင်းနေပြီး စကားလုံးတွေကလဲ ချိုမြနေခဲ့တယ်။ကိုချမ်းရဲ့အပြုအမူတွေကြောင့် တပေါင်းရင်ထဲ လှုပ်ရှားခုန်လှုပ်သွားမိတယ်။ " ဖြေလေကွာ....ကိုယ်အတည်မေးနေတာ .....စိတ်ဆိုးနေတာမဟုတ်ဘူး...တပေါင်းဖြစ်ချင်တကို ပွင့်ပွင့်လင်းလင်းပြောပြပါ " ကိုချမ်းဆီက ဒုတိယအကြိမ်မြောက်မေးသံထွက်လာတော့မှ တပေါင်းမဝံ့မရဲနဲ့မော့ကြည့်လိုက်မိပြီး " ဟို...တပေါင်း ..စာစီစာရိုက်လုပ်ရတာကို တကယ်ပျော်ပါတယ်ကိုချမ်း...စားတွေရို//က်ရင်းနဲ့ဇာတ်လမ်း‌တွေကိုဖတ်ရလို့ တကယ်လဲပျော်ပါတယ်....ဒါပေမဲ့လေ...ဒီလိုအမြဲတစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရင်...တပေါင်းရဲ့ခြေထောက်တွေမသန်တော့မှာ...လူကြားထဲမှာ လမ်းကောင်းကောင်းမလျှောက်နိုင်တော့မှာကို စိုးရိမ်မိတယ်ကိုချမ်း...ဒါ...ဒါကြောင့် အလုပ်ချိန်မှာလဲ ....တပေါင်းကြိုးစားပြီး အလုပ်လုပ်ပါမယ်...အဲ့ဒီအတွက်အားလပ်ချိန်ပေးပါနော်.....အားလပ်ချိန်မှာ ခြေထောက်ကိုအသုံးပြုပြီးလုပ်ရတဲ့ အလုပ်တွေကို လေ့ကျင့်ခန်းသဘောမျိုးနဲ့တပေါင်းလုပ်ကိုင်ချင်လို့်ပါ " တပေါင်းရဲ့ ခွင့်တောင်းစကားကြောင့် ကိုချမ်းနှစ်ခြိုက်စွာပြုံးလိုက်တယ်။ပြီးတော့ တပေါင်းရဲ့ ပခုံးတစ်ဖက်ကို ခပ်ဖွဖွပုတ်လိုက်ပြီး " အင်း...တပေါင်းသဘောပါ ..အားလုံးအတွက် အားလပ်ချိန်နဲ့အလုပ်ချိန်တွေကို ..ကိုယ်သေသေချာချာ သက်မှတ်ပေးပါမယ် ... ပြီးတော့ပန်းပျိုးလက်ရဲ့ အမာခံအဖွဲ့ဝင်တွေရော...ရုံးထိုင်အဖွဲ့သားတွေနဲ့ ..အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းကိုလဲ .. ဝါသနာပါပြီး သင်ယူချင်တဲ့ ပညာရပ်မှန်သမျှကို ...သင်ယူခွင့်ပေးတော့မှာပါ " ကိုချမ်းရဲ့ အဖြေစကားကြောင့် တပေါင်းရင်ထဲ အတိုင်းမသိ ပျော်ရွှင်သွားမိတယ်။ဒီလိုသာဆိုရင်ဖြင် တပေါင်းရဲ့ အားလပ်ချိန်တွေမှာလဲ ကွန်ပျူတာရှေ့မှာ ထိုင်နေစရာမလိုတော့ဘဲ ဝါသနာပါတဲ့ အချုပ်အလုပ်ပညာတွေကိုလဲ လေ့လာလို့ရပြီ မဟုတ်ပါလား။ ================================= အပိုင်း (၂၃)ဆက်ရန် ည ၈ နာရီမှာ အပိုင်း (၂၃)တင်ပါမယ် A.Kyi.Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃

တပေါင်း ပန်းအိုးတွေကို နိုင်သလောက်ကူမပေးလိုက်တယ်။ပြီးတော့ မြေကြီးပေါက်နေတဲ့ ခြံဝန်ထမ်းနားကို သစ်ပင်ပေါက်တွေ တစ်ပင်ပြီးတစ်ပင် သယ်သွားပေးလိုက်တယ်။စစလုပ်ချင်းမှာတော့ ဆာတာတာဖြစ်နေတဲ့ ခြေထောက်က နာသလိုလိုခံစားနေရပေမဲ့ ကြာတော့ အဆင်ပြေသွားပြီး လျှောက်ရတာ အဆင်ပြေလာတယ်။ခြေထောက် ဒီလိုစဖြစ်ကတည်း ဝမ်းနည်းနာကျင်ခဲ့ရပေမဲ့ သိပ်ငယ်မှုဆိုတာကို သိပ်မခံစားခဲ့ရတဲ့ တပေါင်းပါ။လူကိုတော့ ချစ်ပါတယ်။ ခြေထောက်ကြောင့် ချစ်သူအဖြစ်တွဲမသွားချင်ဘူးဆိုတဲ့ နှိမ်ချသူတွေကို ကျေးဇူးတွေတောင်တင်နေခဲ့တဲ့ တပေါင်းပါ ။ အခုတလောမှာတော့ ဒီခြေထောက်ရဲ့ ဖြစ်တည်မှုကို စိတ်ထဲနာကျင်လာမိတယ်။လမ်းလျှောက်တဲ့အခါ ခြေတစ်ဖက်နိမ့်သွားသလိုမဖြစ်အောင်၊ခပ်သွက်သွက် လျှောက်နိုင်၊သွားနိုင်အောင် ကြိုးစားချင်စိတ်တွေပေါ်နေမိတယ်။ဒါကြောင့်လဲ အချိန်ရတာနဲ့ ခြံဝန်းထဲဆင်းပြီး စိုက်ပျိုးရေးမှာအမြဲလာကူလုပ်ပေးနေခဲ့မိတာ။ခြေထောက်လေးပြန်ပြီး သန်စွမ်းလာမလားဆိုတဲ့ စိတ်လေးနဲ့ပေါ့ ။ " တပေါင်း ....မင်း ...ဒါဘာလုပ်နေတာလဲ " နောက်ကျောဆီကနေ အသံမာမာနဲ့ အော်လိုက်သံကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲတုန်သွားရတယ်။တပေါင်း အလန့်တကြားနဲ့ လှည့်ကြည့်လိုက်တော့ ကိုချမ်းကိုတွေ့လိုက်ရတယ်။ '' ဟို ...ဟို ..ကို ..ကိုချမ်း ... တပေါင်း....ရှင်း .. ရှင်းပြ " တပေါင်းမှာ စကားပင်ဆုံးအောင် မပြောလိုက်ရပါ။ ကိုချမ်းဆွဲခေါ်ရာနောက်ကို လိုက်ပါသွားခဲ့ရတယ်။ ~~~~~~~ " မင်းက ,,,ငါ့စကားကိုနားမထောင်တာလားတပေါင်း...ဒါမှမဟုတ် ...ကွန်ပျူတာကိုင်ပြီးအေးအေးဆေးဆေးအလုပ်ထိုင်လုပ်နေရတာကို စိတ်မဝင်စားတာလား ...ငါကတော့ ...မင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရမှာစိုးလို့ ...သူများတွေကြည့်နေတဲ့ကြားကနေ.... ကွန်ပျူတာခန်းထဲကို ရအောာင်ထည့်ခဲ့တာကွ ...မင်းကငါ့စေတနာကိုစော်ကားလိုက်တာပဲ...အလုပ်ကို ကြိုးစားမလုပ်ဘဲ ....လှစ်ခနဲရှိ ပျောက်သွားပြီး ...ကိုယ်နဲ့မဆိုင်တာကို လာလုပ်နေတယ် " စိတ်တွေတိုကာ မင်းတွေငါတွေနဲ့ပြောနေတဲ့ ကိုချမ်းရဲ့လေသံမာမာကြောင့် တပေါင်းအသားတွေတဆတ်ဆတ်တုန်လာပြီး ခေါင်းတွေပါတရိပ်ရိပ်မူးဝေလာရတယ်။ " မင်းကစာစီစာရိုက်လေးလုပ်ရတာကို မလုပ်ချင်ဘူးလား...ဘာလဲ...သစ်ပင်စိုက်ပျိုးနည်းတွေသင်ပြီး ခြံစိုက်စားမလို့လား ...မေးနေတာ ဖြေလေကွာ " ကိုချမ်းပြောနေရင်းမှ စိတ်မရှည်တော့ဘဲ တပေါင်းရဲ့လက်မောင်းကို ဆွဲကိုင်လှုပ်လိုက်တယ်။ဒီအခါ အေးစက်နေတဲ့ တပေါင်းရဲ့လက်ကို ကိုင်စမ်းလိုက်မိတာမို့ ကိုချမ်းလန့်ဖျပ်သွားရတယ်။ " ဟင်...တပေါင်း...မင်းလက်တွေ အေးစက်နေပါလား ..နေမကောင်းဘူးလား...ဘာဖြစ်တာလဲ " ကိုချမ်းစိတ်ပူပန်စွာမေးလိုက်ရင်း တပေါင်းရဲ့မျက်နှာကိုဆွဲမော့ပြီး နဖူးကိုစမ်းဖို့ပြင်လိုက်တယ်။ " ဟာ..တပေါင်း ...မင်း...မင်းဘာဖြစ်တာလဲ " တပေါင်းတစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်လုံးကိုအတင်းဇွတ်မှိတ်ထားတာကြောင့် ကိုချမ်းအတော်လေးလန့်သွားမိပြီးမှ တပေါက်းရဲ့ပခုံးနှစ်ဖက်ကို ဆွဲကိုင်လှုပ်ယမ်းပစ်လိုက်တယ်။ဒီအခါမှပဲ တပေါင်းကမျက်လုံးအစုံကို ဖွင့်ကြည့်လာပြီး ကိုချမ်းကို မျက်လုံးအပြူးသားနဲ့မော့ကြည့်လာတယ်။တပေါင်းရဲ့ပုံစံကိုသေချာစိုက်ကြည့်နေမိပြီးနောက် ကိုချမ်းသက်ပြင်းကိုမသိမသာချလိုက်မိတယ်။ " သတိထားလေ တပေါင်း.....မင်းကိုဆူတာမဟုတ်ပါဘူးတပေါင်းရယ်....အမှန်တိုင်းပြောရရင် မင်းကို ပင်ပင်ပန်ပန်အလုပ်တွေမလုပ်စေချင်လို့ပါ...မင်းဘဝတစ်လျှောက်လုံး အေးအေးလူလူနေသွားလို့ရမဲ့ အလုပ်တွေကိုပဲလေ့လာစေချင်တာ....နောက်ဆိုရင် ကွန်ပျုတာတစ်လုံးနဲ့အွန်လိုင်းပေါ်ကနေ အေးအေးဆေးဆေးအလုပ်လုပ်ရတာမျိုးတွေပဲ လုပ်စေချင်လို့ပါ...ကိုယ်ပြောတာကို သဘောပေါက်လား...ဒီနှစ်ရက်သုံးရက်အတွင်းမှာ ..မင်းအလုပ်အားလပ်ချိန်ရတာနဲ့ ...ပန်းခြံထဲမှာပဲအချိန်ကုန်နေတယ်တဲ့...အဲ့ဒါကြောင့် ကိုယ်စိတ်တိုသွားမိတာ ....တောင်းပန်ပါတယ်ကွာ...နောက်တစ်ခါဆိုမအော်တော့ပါဘူး " ကိုချမ်းဆီက တောင်းပန်စကားကိုကြားလိုက်ရတော့ တပေါင်းရင်ထဲမှာ တလှပ်လှပ်ခုန်ကာဝမ်းနည်းသလိုကြီးဖြစ်သွားမိတယ်။ " ကဲပါကွာ...ဒီနေ့တော့ စာတွေလဲမရို**က်ပါနဲ့တော့ ...သွားနားတော့ ..ဆေးသောက်ပြီးအိပ်လိုက်တော့...ဆေးမရှိရင် မ‌နွေးဆီမှာ သွားတောင်းလိုက် .." ကိုချမ်းကပြောပြီးတာနဲ့ နေရာကထလိုက်တယ်။ " ကို..ကိုချမ်း " မတ်တတ်ထရပ်လိုက်တဲ့ ကိုချမ်ကို တပေါင်းတုန်တုန်ယင်ယင်နဲ့ခေါ်လိုက်မိတယ်။ တပေါင်းရဲ့ခေါ်သံကြောင့် ကိုချမ်က လှမ်းလက်စခြေလှမ်းတွေကိုရပ်ပြီး တပေါင်းကိုငဲ့ကြည့်လိုက်တယ်။ " တ...တပေါင်းက ...ကိုချမ်းသင်ခိုင်းထားတာတွေကို မလုပ်ချင်လို့်မဟုတ်ပါဘူး....အားလုံးပြီးအောင်လုပ်မှာပါ...သစ်ပင်စိုက်တာကို သွားလုပ်နေတာကလဲ...တ..တပေါင်းရဲ့ခြေထောက်တွေက... ထိုင်ရပါများလွန်းလို့ ... ပိုပြီးမသန်စွမ်းဖြစ်သွားမှာစိုးလို့် လေ့ကျင့်ခန်းလုပ်တဲ့သဘောနဲ့ သွားလုပ်တာပါ ..ကိုချမ်းရဲ့စေတနာကို တပေါင်းနားလည်ပါတယ်...ဒါ..ဒါပေမဲ့ ...တပေါင်းရဲ့ခြေထောက်တွေ... မသန်တော့မှာကိုလဲစိုးရိမ်မိလို့ပါ "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၂) akyiphyu ********** "ကို ..ကိုချမ်း " အနားမှာလာထိုင်လိုက်တဲ့ ကိုချမ်းကိုကြည့်ပြီး တပေါင်းတုန်တုန်လှုပ်လှုပ်နဲ့ ခေါ်လိုက်မိတယ်။ " ဟေ့ ...ဘာကြည့်နေတာလဲ ..ထည့်ဖို့ အိတ်ပေးပါဆို .. မိုးတွေရွာတော့မယ်ကွ..မြန်မြန်ပေးလေ " " ဟုတ် ..ဟုတ်ကဲ့ " ကိုချမ်းဆီက ခပ်လောလော ပြောသံကိုကြာလိုက်ရမှ တပေါင်းလဲထည့်စရာအိတ်ကို အမြန်ပေးလိုက်ရတယ်။ " မိုးတွင်းကြီးမှာ ....ဈေးရောင်းရတာမလွယ်ပါလားကွာ " ကိုချမ်းက ပြောရင်းမှ ပစ္စည်းတွေကို မြန်မြန်သိမ်းလိုက်ပြီး သူရဲ့ကားဆီကိုသယ်သွားခဲ့တယ်။ " တပေါင်း လာလေ ..မိုးတွေရွာနေပြီလေကွာ " အထုပ်တွေကို ကားဆီကို သယ်သွားပြီးတော့ ကိုချမ်းက လှမ်းအော်တာမို့ တပေါင်းလဲ နေရာကနေ ကားဆီကို ခပ်မြန်မြန်သွားလိုက်ရတယ်။ " တော်သေးတာပေါ့ကွာ ...ဒီနားရောက်ရင်းနဲ့ ...မင်းကို သတိရလိုက်လို့ ..လာ၀င်ကြည့်လိုက်တာ ... မိုးတွေရွာနေရင်လဲ စျေးမထွက်ပါနဲ့လား ..ဒါနဲ့ တစ်နေ့ကို ပျမ်းမျှအမြတ်ငွေ ဘယ်လောက်ရှိလဲကွ " ကိုချမ်းရဲ့ အမေးကြောင့် တပေါင်းတွက်ချက်ထားတဲ့ ပျမ်းမျှအမြတ်ငွေကို ပြောပြလိုက်တယ်။ " ပုံမှန်တော့ ပြောလို့မရပေမဲ့ ... တစ်နေ့ကို ငါးထောင်နဲ့ တစ်သောင်းကြားပါ ...ပိုတဲ့ရက်တွေလဲရှိတယ် ..." " အင်း ..အိမ်လခက တစ်လဘယ်လောက်လဲ ..." " ခြောက်သောင်းပါ " " ရေဖိုးမီးဖိုးအပါလား " စစ်စစ်ပေါက်ပေါက် မေးနေတဲ့ကိုချမ်းကို တပေါင်းဖျတ်ခနဲမော့ကြည့်လိုက်မိတယ်။ " ရေဖိုးမီးဖိုးကတော့ ... သုံးသလောက်ရှင်းပေါ့ .. တစ်လလေးငါးထောင်ပါပဲ " တပေါင်းပြောလိုက်တော့ သူကတွက်ချက်ကြည့်နေပြီးမှ တပေါင်းကို ပြန်ငဲ့ကြည့်လာပြီး " ဒီပစ္စည်းတွေ ကုန်အောင် ရောင်းပြီးသွားရင် ..ဈေးမရောင်းနဲ့တော့ ..အိမ်ကိုပြန်အပ်လိုက်ပြီး ..သင်တန်းမှာလာနေ ..မင်းအတွက် လစာပေးမယ် ..စာစီစာရိုက်ကျွမ်းအောင်သာ လေ့ကျင့်ထား ..တကယ်လို့ တစ်ချိန်မှာ ...သင်တန်းမှာ မင်းအလုပ်မလုပ်ချင်တော့ဘူးဆိုရင်လဲ ....စာစီစာရိုက်နဲ့မိတ္တူဆိုင်လေးဖွင့်နိုင်အောင်အထိ ကူညီပေးမယ် ..အဲ့ဒါက မင်းအတွက် ပိုအဆင်ပြေမှာပါ ...အခုတော့ နေစားငြိမ်းနဲ့တစ်လကို နှစ်သိန်းလောက်ရစေမယ်လို့ အာမခံတယ်ကွာ ... " ကြားလိုက်ရတဲ့စကားကြောင့် တပေါင်းရင်ထဲတဒိန်းဒိန်းဆောင့်ခုန်သွားပြီး ဝမ်းသာပျော်ရွှင်သွားမိတယ်။ တစ်ဆက်တည်းမှာပဲ မနွေးပြောတာကို သတိရသွားပြီး ကိုချမ်းကို မဝံ့မရဲခိုးကြည့်လိုက်မိတယ်။ ဒီအခါ ကိုချမ်းကလှည့်ကြည့်ပြီး ပြုံးပြလာတာမို့ နှလုံးသားက တဖျပ်ဖျပ်လှုပ်ရှားခုန်လှုပ်သွားရတယ်။တကယ်ပဲ ကိုချမ်းကတပေါင်းအပေါ်မှာ တခြားသူတွေနဲ့ မတူဘဲ ပိုပြီးဂရုစိုက်ပြနေတာလားလို့တွေးပြီး တပေါင်းရင်ထဲ လှုပ်ရှားသွားရတယ်။ ~~~~~ " တပေါင်းရေ ... နင်အခုတလော တစ်မျိုးပဲနော် ..ငါ့ကိုစိမ်းသွားသလို ခံစားနေရတယ် ..နင်ရည်းစားရနေတာလား " မက်ဆင်ဂျာကို ရောက်လာတဲ့ စာလေးကိုကြည့်ပြီး တပေါင်းတွေဝေသွားမိတယ်။ခုလပိုင်းထဲမှာ ဈေးရောင်းပစ္စည်းတွေကို အပြတ်ရောင်းပြီး သင်တန်းကျောင်းကို ပြောင်းရွေ့ဖို့စီစဉ်နေရတာတွေကြောင့် တပေါင်း အလုပ်မအားနိုင်အောင်ဖြစ်ခဲ့ရတယ်။တစ်နေကုန် အလုပ်ပင်ပန်းသွားပြီးရင် ညကျရင် စောစောအိပ်ပျော်သွားတော့တာလေ။ ဒါကို ဘယ်လိုရှင်းပြရမလဲမသိတော့။ " တူ ...တူ " ဖိုးဇင်ကို ရှင်းပြဖို့ အတွက် တပေါင်းခေါင်းရှုပ်နေချိန်မှာပဲ မက်ဆင်ဂျာကနေ ဖိုးဇင်က ဖုန်းခေါ်လာခဲ့တယ်။ " ဟယ်လို ..ဖိုးဇင် ..ပြောလေ " " အင်း .. နင် .. အလုပ်များနေတာလား ....ချစ်သူရနေတာလား တပေါင်း " " နင်ကလဲ ပြောတော့မယ် ...ငါအလုပ်များနေလို့ပါဟယ် ....နောက်ရက်ထဲမှာ ငါအိမ်ပြောင်းတော့မှာလေ ....ဈေးလဲ မရောင်းတော့ဘူး " " ဘယ်လို ..နင်အိမ်ပြောင်းမလို့ ...ဟုတ်လား ... ဘယ်ကိုပြောင်းမှာလဲ ..စျေးမရောင်းဘူးဆိုတော့ ဘာလုပ်မှာလဲ " " အင်း ... ငါအခုအဖွဲ့ဝင်ထားတဲ့ သင်တန်းကျောင်းမှာ ပြောင်းနေမှာလေ ..အဲ့ဒီမှာ ကွန်ပျူတာစာစီစာရိုက်လုပ်ရမှာ ... နေစားငြိမ်းလေ ..လစာလဲရမှာ ..နင့်ကို ပန်းပျိုးလက်ရဲ့ အကောင့်ကို ပို့ပေးထားတယ်လေ " " အင်း ... တွေ့ပါတယ် ..အဲ့ဒီမှာ ယောက်ျားလေးတွေများတယ်နော် ..ခေါင်းဆောင်ကလဲ ငါတို့နဲ့ ရွယ်တူပဲနော် ... ရုပ်လဲ ချောသားပဲ " ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်းစိတ်ထဲ ထင့်ခနဲ ဖြစ်သွားမိတယ်။ " နင်ကလဲ ဘာတွေပြောနေတာလဲ ...ငါက ဟိုဟိုဒီဒီဈေးလိုက်မရောင်းရတော့ဘဲ ...အဲကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာလေဟာ ..နင်က ငါ့အတွက်ဝမ်းမသာဘူးလား " " အေးပါ ...ဝမ်းသာပါတယ် ... ဒါပဲဟာ ..ငါအိပ်တော့မယ်နော် တပေါင်း ..." စကားပြောနေရင်းက ချက်ချင်းကြီးဖုန်းချသွားတဲ့ ဖိုးဇင်ကြောင့် တပေါင်းနားမလည်နိုင်ဘဲဖြစ်သွားရတယ်။ ~~~~~

ကျန်တဲ့လေးယောက်လဲ နွေးနဲ့ စိတ်ချင်းတူကြတယ်လေ ... " မနွေးပြောပြတဲ့ သူတို့ဘဝ အကြောင်းတွေကို နားထောင်ပြီး တပေါင်းရင်ထဲမှာ ကိုချမ်းကို ပိုပြီးလေးစားသွားမိတယ်။တပေါင်းက ကိုယ့်တစ်ကိုယ်ရေ တစ်ကာယအတွက် ကြိုးစားနေချိန်မှာ ကိုချမ်းကအများအတွက်ပါ ကြိုးစားနေခဲ့တာတဲ့လေ။ ~~~~ ကောင်းကင်ထက်မှာ အုံ့ဆိုင်းမည်းမှောင်လာတဲ့ မိုးရိပ်မိုးသားတွေကိုကြည့်ပြီး တပေါင်းဈေးပစ္စည်းတွေကို ခပ်မြန်မြန်ကောက်သိမ်းလိုက်တယ်။ " ဟ ..မိုးတွေကို မည်းနေပါလားဟေ ..မနက်ကတော့ လင်းလို့ပါဟ...သိမ်းမှဖြစ်မယ်ထင်တယ်ဟေ့ " ကုန်ခြောက်သည် အချို့ ပျာယာခတ်ကုန်ပြီး ဈေးခြင်းတွေကို အမြန်သိမ်းနေကြတယ်။ကုန်စိမ်းသည်တွေကတော့ ခပ်အေးအေးပါပဲ။တပေါင်းမှာ ကိုယ်ရောင်းတဲ့ ပစ္စည်းတွေက ရေစိုမခံတာမို့ ခပ်မြန်မြန်ခပ်သွက်သွက်သိမ်းနေရတယ်။ အလုပ်ကိုမြန်မြန် လုပ်ပြီဆိုရင်ဖြင့် ခြေထောက်က မလိုက်နိုင်ဘဲတုံ့ဆိုင်းဆိုင်း ဖြစ်နေတာကိုလဲ စိတ်တိုနေမိတယ်။မိုးတွေက ရွာတော့မယ်။ ခေါင်းစည်းကြိုးတွေကို အရင်သိမ်းရတယ်။မိုးပေါက်တွေက ကျနေပြီမို့ ပစ္စည်းအမျိုးအစားလဲမခွဲနိုင်တော့ဘူး။ဒီအချိန်မှာပဲ ဘေးနားကိုလူတစ်ယောက် ရောက်လာခဲ့တယ်။ "ကစားစရာတွေက ဘာနဲ့ထည့်မှာလဲ ... ထည့်မဲ့ အိတ်ပေး .." အသံနဲ့အတူ ကလေးကစားစရာတွေကို ခပ်မြန်မြန်ကောက်ယူလိုက်တဲ့ အသံရှင်ကို တပေါင်းအံ့ဩတကြီးနဲ့မော့ကြည့်လိုက်မိတယ်။ ================================== အပိုင်း (၂၂)ဆက်ရန် ဒီနေ့တော့ တစ်ပိုင်းပဲဖတ်ကြပါနော် A.Kyi.Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/

" ဒီလိုအခြေအနေမှာ မင်းကြိုးစားခဲ့တာကို ....တကယ်လေးစားပါတယ်ကွာ...မနက်ဖြန်အလုပ်အားတဲ့အချိန်... သင်တန်းကိုလာခဲ့ပါ...မင်းအတွက်အဆင်းပြေတာကို ကိုယ်စဉ်းစားပေးထားမယ်....ဒီနေ့လဲ... အချိန်ရသေးရင်သင်တန်းတွေကို ဝင်လေ့လာသွားလေ " " ဟုတ်ကဲ့ ....ကျေးဇူးတင်ပါတယ် ကိုချမ်း " " ဒါဆို ..ကိုယ့်ကို ခွင့်ပြုအုံးနော်...အလုပ်လေးနည်းနည်းကျန်သေးလို့ " ကိုချမ်းဆီက ခွင့်တောင်းစကားကိုကြားလိုက်ရတော့ တပေါင်းလဲ အလိုက်တသိနဲ့ထိုင်နေရာကထလိုက်တယ်။ကိုချမ်းက သူမကိုအလွယ်တကူနဲ့ပြန်မှတ်မိတဲ့အထွက် တပေါင်းတကယ်ပဲ ဝမ်းသာပျော်ရွှင်သွးမိတယ်။ ~~~~~~~~~~~~ တပေါင်းဘဝမှာ ကွန်ပျူတာကိုင်ပြီးအလုပ်လုပ်ရလိမ့်မယ်လို့ အိပ်မက်တောင်မက်ဖူးခဲ့တာမဟုတ်ဘူး။အခုတော့ ကိုချမ်းရဲ့စီစဉ်ပေးမှုနဲ့တပေါင်းကွန်ပျူတာကိုင်ခွင့်ရလာခဲ့ပြီ။ကွန်ပျူတာနဲ့ စာစီစာရိုက်အရင်လေ့ကျင့်ရပြီး နည်းနည်းကျွမ်းကျင်လာတော့ ပန်းပျိုးလက်မှာပဲ စာစီစာရိုက်အလုပ်နဲ့ ကူညီပေးခွင့်ရခဲ့တယ်။များသောအားဖြင့်တော့ ဆရာတွေသင်ကြားထားသမျှတွေကို ကွန်ပျူတာနဲ့ စာစီပေးရတာပေါ့ ။စာဖတ်အားများခဲ့တဲ့ တပေါင်းအတွက် စာစီပေးရတဲ့ အလုပ်က သိပ်တော့ အခက်အခဲမရှိပါဘူး။ပန်းပျိုးလက်ကိုရောက်ရှိခဲ့ပြီး ခြောက်လအတွင်းမှာ မနက်မှာဈေးရောင်း ။ ပြီးရင်သင်တန်းမှာပဲ အချိန်ကုန်ခဲ့တယ်။သင်တန်းမှာသင်ကြားပေးတဲ့ပညာရပ်တွေက တပေါင်းအတွက်စိတ်ဝင်စားစရာပညာရပ်တွေပါပဲ ။ဒါပေမဲ့ ပညာကို ဟိုစပ်စပ်ဒီစပ်စပ်မသင်ရဘဲ တစ်ခုခုကိုသေချာတတ်အောင်သင်ရမယ်လို့် ကိုချမ်းကပြောထားလို့ တပေါင်းမှာ စာစီစာရိုက်ကိုပဲကျွမ်းကျင်သထက်ကျွမ်းကျင်အောင် သင်နေရတယ်။ " တပေါင်းနဲ့ကိုချမ်းက အရင်ကတည်းကသိတာလား....အဖွဲ့သားတွေအားလုံးကို ..တန်းတူဆက်ဆံတတ်တဲ့ ကိုချမ်းက တပေါင်းကိုတော့ နည်းနည်းပိုဂရုစိုက်သလားလို့ ..တစ်နေ့တစ်နေ့ တပေါင်းတိုးတက်လာရဲ့လား ... လာစစ်ရတာလဲအမောပဲ " "ရှင်.." မနွေးရဲ့စကားကြောင့် တပေါင်းရင်ထဲ လှုပ်ရှားခုန်လှုပ်သွားပြီး ရှက်သလိုလိုဖြစ်သွားမိတယ်။ "ဟို ..တ...တပေါင်းတို့က ငယ်ငယ်ကသိခဲ့ကြပါတယ် မနွေး " " ဟုတ်လား ... ဘယ်မှာသိခဲ့ကြတာလဲ ..ကိုချမ်းနဲ့နွေးတို့က ..ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာအတူတူနေခဲ့ကြတာလေ... မိဘမဲ့ဂေဟာဆိုပေမဲ့...အစိုးရအသိအမှတ်ပြုတော့မဟုတ်ဘူး ....လင်းမယားနှစ်ယောက်တည်ထောင်ထားတဲ့ ဂေဟာပေါ့ ... ဂေဟာကို တောက်ပံ့ပေးနေတဲ့သူတွေရှိလို့ .... ထမင်းနပ်မှန်အောင်ကျွေးပြီး ..ပညာလဲသင်ပေးပေမဲ့ ... ဂေဟာပိုင်ရှင်ဖြစ်တဲ့ မွေးစားအဖေက ..တို့တွေကိုအရမ်းရို-က်တယ်....ပြီးတော့အပြင်မှာလဲ ပိုက်ဆံလိုက်တောင်းခိုင်းတတ်တယ်လေ.....ပိုဆိုးတာက ... သူ့မိန်းမအိမ်မှာ မရှိတဲ့အချိန်ဆိုရင် ...မိန်ကလေးတွေကို မဖွယ်မရာတွေလုပ်တတ်လာတယ်...ပြောရရင် နွေးခြေထောက်နှစ်ဖက်လုံးသွင်သွင်ကျိုးခဲ့ရတာလဲ သူ့ကြောင့်ပါပဲ ...အဲ့ဒီတုန်းက နွေးကအသက် (၁၄)နှစ်ကျော်လေ... ဂေဟာက ကလေးတွေ အလှူခံထွက်နေကြချိန် ..နွေးကနေမကောင်းလို့ ကျန်ခဲ့တယ်...အဲ့ဒီမှာ မွေးစားအဖေက စော်ကားဖို့ ကြံလို့ ..ထွက်ပြေးရင်းနဲ့ အပေါ်ထပ်က ပြုတ်ကျခဲ့တာ...ကံကောင်းလို့ အဲ့ဒီအချိန်မှာ မိုက်ပြန်ရောက်လာတယ်လေ...ဪ ...မိုက်ဆိုတာ ကို ချမ်းရဲ့ငယ်နာမည်နော်....ချမ်း ပြည့်စုံဆိုတာက မှတ်ပုံတင်လုပ်မှပြောင်းလိုက်တာ " " ဟုတ်ကဲ့ " မနွေးပြောပြနေတဲ့ အကြောင်းအရာတွေကို တပေါင်းစိတ်ဝင်တစားနားထောင်နေရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်မိတယ်။ " မိုက်လဲ ရောက်လာရော မွေးစားအဖေနဲ့ ပြဿနာဖြစ်ပြီး ... မွေးစားအဖေကို ပြန်ရို) က်တော့တာပဲ ...နွေးလဲ အဲ့ဒီနေရာမှာသတိလစ်သွားခဲ့တာ ..သတိပြန်ရလာတော့ ဆေးရုံပေါ် ရောက်နေခဲ့တယ်...မိုက်လဲ အဖမ်းခံလိုက်ရတယ်တဲ့...နောက်တော့မှ ...နွေးတို့ကိုထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားကအလှူရှင်ရောက်လာပြီး ...မိုက်ကိုလဲ ထောင်ထဲက ပြန်ထုတ်ပေးခဲ့ပြီး ခေါ်သွားခဲ့တယ်... နွေးတို့အတွက်လဲ ... ဂေဟာတစ်ခုကို ပို့ပေးခဲ့တယ်လေ....ပြောရရင် ...မိုက်က နိုင်ငံခြားလိုက်သွားပြီး သုံးနှစ်ပြည့်တော့ပြန်လာခဲ့တယ်.... သူပြန်လာတာက တို့တွေအဆင်ပြေရဲ့လားလို့ လာပြန်ကြည့်တာ ...ပြီးတော့ သူပြန်လိုက်သွားတယ်...မသွားခင်မှာ ... အသက် (၂၀) ပြည့်ပြီးတာနဲ့ မြန်မာပြည်ကို သူပြန်လာပြီး ... တို့လို့ ဘဝတူကလေးတွေကို စောင့်ရှောက်ပေးကြမယ်လို့ မှာသွားခဲ့တယ်လေ... တကယ်လဲ သူပြန်လာခဲ့လို့ ဂေဟာမှာအတူနေခဲ့ကြတဲ့ တို့ခြောက်ယောက်ပေါင်းပြီး.... ပန်းပျိုးလက်ကို တည်ထောင်နိုင်ခဲ့တယ်...အလှူရှင်တွေကတော့ ...နိုင်ငံခြားက မိုက်ရဲ့မွေးစားမိဘတွေနဲ့ သူတို့ရဲ့မိတ်ဆွေတွေပေါ့ ... ပြောရရင် ...တပေါင်းကမှမိဘနဲ့ နေဖူးသေးတယ်...နွေးတို့ကတော့ မိဘတွေဆိုတာ ဘယ်သူဘယ်ဝါတွေမှန်းလဲ မသိပါဘူး ...လူရယ်လို့ သိလာကတည်းက..မွေးစားမိဘတွေ အိမ်တွေမှာနေပြီး ပိုက်ဆံလိုက်တောင်းခဲ့ရတာလေ ... မိုက်ကတော့.... တို့အားလုံးအခုလို အေးအေးဆေးဆေးနေနိုင်အောင် ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်ပေါ့ ...သူကသတ္တိရှိတယ်...ပြောရဲဆိုရဲတယ်...သူ့မှာ အကြောက်တရားဆိုတာလဲ မရှိဘူး ...သူကနွေးထက် အသက်ငယ်ပေမဲ့... နွေးတော့ သူ့ကိုလေးစားတယ် ..အစ်ကိုတစ်ယောက်လိုလဲ ချစ်ခင်အားကိုးတယ် ..

~~~~~~~~~~ ရှေ့ကဦးဆောင်ခေါ်သွားသူနောက်ကိုလိုက်ရင်းအပေါ်ထပ်ကိုရောက်လာခဲ့ကြတယ်။အပေါ်ထပ်မှာအခန်းခြောက်ခန်းလောက်ရှိပြီး အခန်းတွေထဲမှာ အတူးတို့အရွယ်ကလေးတွေကို အများဆုံးတွေ့ရတယ်။ " ကလေးတွေကို သင်ပေးနေတဲ့ဆရာ ..ဆရာမတွေအားလုံးက ပန်းပျိုးလက်ကို... မေတ္တာနဲ့လာကူညီပေးနေကြတာပါ..တစ်နေ့ကိုတစ်နာရီ...တစ်နာရီခွဲလောက် လာသင်ပေးကြတယ်လေ ... အဓိကပြောရရင် ပန်းပျိုးလက်က မိဘမဲ့ကျောင်းမဟုတ်ပါဘူး.... လမ်းပျောက်နေတဲ့ ကလေးတွေကို ..သူတို့ဘဝတစ်လျှောက်လုံး ရပ်တည်လို့ရမဲ့ .. စက်မှုလက်မှုပညာတွေကို သင်ပေးပါတယ်..အိမ်တွင်း အကြ*မ်း*ဖ*က်ခံနေရတဲ့ ကလေးတွေနဲ့ ညှ*င်းပ*န်းနှိပ်စက်ခံနေရတဲ့ ကလေးတွေကို ဥပဒေနဲ့အညီ ကူညီကယ်တင်ပေး .. သူတို့အတွက် စောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုရင်လဲ ...စောင့်ရှောက်ပေးမဲ့ဂေဟာတွေနဲ့ ဆက်သွယ်ပေးပါတယ်... ရပ်ကွက်တိုင်း နေရာတိုင်းမှာ အကြမ်း *** ဖက် နေရတဲ့ ကလေးတွေ ရှိတာမို့ ...ရပ်ကွက်တိုင်းမှာအဖွဲ့ဝင်တွေ ဖိတ်ခေါ်ထားပါတယ် ... သူတို့ကတော့ လိုအပ်မှ ရုံးတက်ပေးရတဲ့ အဖွဲ့ဝင်တွေပေါ့ " ရှေ့ကနေပြီး သူကရှင်းပြသွားတယ်။တပေါင်းမှာ ပညာရပ်အမျိုးမျိုးကို သင်ကြားနေကြတဲ့ ဆရာတွေနဲ့ကလေးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေမိတယ်။ ရှေ့ကလူက အခန်းတစ်ခန်းရှေ့အရောက်မှာ အခန်းတံခါးကိုခေါက်လိုက်တာမို့ တပေါင်းလဲ နောက်မှာရပ်နေလိုက်တယ်။သိပ်မကြာခင်မှာဘဲ အခန်းတံခါးပွင့်လာခဲ့တယ်။ " သင်တန်းသားအသစ် လာလျှောက်လို့ပါ ကိုချမ်း " " ဪ ...ဝင်ခဲ့လေ " တပေါင်းတို့အခန်းထဲဝင်လိုက်ချိန်မှာ တပေါင်းတို့နဲ့ရွယ်တူလူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ်။သူ့ပုံစံက အဖြူရောင်ရှပ်လက်ဲရှည်နဲ့ခဲရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီး သန့်ပြန်တဲ့ရုပ်ရည်သွင်ပြင်ရှိတယ်။ပုံစံကလဲ လူရည်သန့်ပုံစံမျိုး။ကြည့်လိုက်တာနဲ့ သူဌေးသားတစ်ယောက်လို့်ထင်ရတဲ့ပုံစံမျိုး ။ " ထိုင်ပါအုံးဗျ ...ကျွန်တော့်နာမည်က ချမ်းပြည့်စုံပါ...အားလုံးကကိုချမ်းလို့ပဲ ခေါ်ကြတာမို့ ကိုချမ်းလို့ပဲခေါ်ပါ " " ဟုတ်..ဟုတ်ကဲ့ပါရှင့် ကိုချမ်း..ကျွန်မ...ကျွန်မနာမည်က တပေါင်းလို့ခေါ်ပါတယ် " သူကဖော်ရွေစွာနှုတ်ဆက်ရင်းနဲ့ အခန်းတစ်က စာရေးမရေးပေးလိုက်တဲ့ တပေါင်းရဲ့ကိုယ်ရေးရာဇဝင်ကို ဖတ်နေတယ်။အတော်လေးကြာတော့မှ တပေါင်းကိုသေချာမော့ကြည့်လာခဲ့တယ်။ " နာမည်ကတပေါင်းနော်...ပထမဆုံးပြောချင်တာကတော့ ..ကျွန်တော်တို့ဆီမှာလုပ်အားပေးတဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပေမဲ့ ....လုပ်အားခလစာတော့မပေးပါဘူး...အားလုံးကမေတ္တာနဲ့ကူညီပေးနေကြတာပါ ခင်ဗျ " " ဟုတ်...ဟုတ်ကဲ့ပါရှင့် ..အားလုံးကိုကျွန်မသိပါတယ်...ဒါကြောင့် ကျွန်မလဲနိုင်ရာတာဝန်ကိုထမ်းပြီး ကူညီပေးချင်လို့ပါရှင် " တပေါင်း ပြန်ဖြေရင်းနဲ့မှ ကိုချမ်းမျက်နှာကိုမော့ကြည့်လိုက်မိတယ်။ဒီအခိုက်မှာ သူ့ရဲ့ညာဘက်နားရွက်ပေါ်ကမှဲ့စိမ်းလေးကို တွေ့လိုက်ရတာမို့ တပေါင်းသတိလက်လွတ်နဲ့ငေးကြည့်နေမိတယ်။ " ဟို ...ဒီမှာခင်ဗျ ..ကျွန်တော်ပြောတာကြားလား မသိဘူး " " ဟင်...ရှင်...ဘာ...ဘာပြောလိုက်တာလဲ မသိဘူး " သူ့ဆိက မေးသံကိုကြားလိုက်ရမှ တပေါင်းသတိဝင်လာပြိး အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်မေးလိုက်မိတယ်။ " ဟို ..ကျွန်တော်တို့ အရင်ကတွေ့ဖူးသလားလို့ ....တပေါင်းကိုတွေ့ဖူးနေသလို ..စိတ်ထဲကထင်နေမိလို့ " ကိုချမ်းရဲ့စကားကြောင့် တပေါင်းရင်ထဲလှိုက်ခနဲခုန်ကာ ဝမ်းသာသွားမိတယ်။တပေါင်းမှတ်မိနေသလို သူကလဲမှတ်မိနေတယ်ဆိုတော့ ရင်ထဲပျော်သွားမိတယ်။ဘာပဲဖြစ်ဖြစ် ရပ်ကွက်ရုံးမှာ သူနဲ့ဆုံခဲ့ရပြီးနောက် တပေါင်းရင်ထဲမှာ သတ္တိတွေ ပိုရှိလာခဲ့တာလေ ။ " ဟုတ်..ဟုတ်ကဲ့...တပေါင်းလဲ တွေ့ဖူးတယ်လို့ ထင်နေမိလို့ ကြည့်နေမိတာပါ ... ဟို...ဟိုလေ...ငယ်ငယ်က ရပ်ကွက်ရုံးမှာ ဆုံခဲ့ဖူးတဲ့သူလားလို့် ...ထမင်းအတူစားခဲ့ဖူးတဲ့သူလားဟင်..ပြီးတော့ သိမ်ကြီးဈေးနားမှာ... တပေါင်းချော်လဲတုန်းက ပြုတ်ကျသွားတဲ့ပစ္စည်းတွေကို ကူကောက်ပေးခဲ့တဲ့ သူလားရှင် " တပေါင်းက သူမမှတ်မိသမျှကိုပြောလိုက်တော့ ကိုချမ်းမျက်နှာပေါ်မှာ အံ့ဩရိပ်တွေ ဖြတ်သန်းသွားတာကိုတွေ့လိုက်ရတယ်။ " ဪ ...အဲ့ဒီကောင်မလေးက မင်းလား...ပြန်ဆုံရတာဝမ်းသာပါတယ်ကွာ...အခုနေရးထိုင်ရေးအဆင်ပြေရဲ့လား ..ဒီရပ်ကွက်မှာနေတာလား ...အဖေနဲ့ရောအဆင်းပြေသွားပြီလား " ကိုချမ်းရဲ့အမေးကြောင့် တပေါင်းခပ်ခပ်မဲ့မဲ့လေးပြုံးလိုက်မိတယ်။ " အဖေတို့နဲ့ အတူမနေပါဘူး ကိုချမ်း...တပေါင်းအသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးကတည်းက ...အိမ်ပေါ်ကဆင်းလာခဲ့တာပါ ..အခုအလှကုန်နဲ့ကလေးကစားစရာတွေ ဈေးထဲမှာရောင်းပါတယ် " " ဟုတ်လား...မင်းက သတ္တိရှိသားပဲကွ... တော်လိုက်တာ...ကိုယ်တို့အသင်းကို စိတ်ဝင်းတစားလို့လဲ ကျေးဇူးတင်ပါတယ် ...ဒီမှာအသင်းဝင်လိုက်ပြီးဆိုတော့ လိုအပ်တဲ့အကူအညီကိုပြောနော်...ဒါနဲ့ခြေထောက်က ... အဲ့ဒီတုန်းက ဖြစ်သွားတာလား...သူတို့ဆေးမကုပေးဘူးလား " ကိုချမ်းရဲ့အမေးကို တပေါင်းခေါင်းငြိမ့်ပြလိုက်မိတယ်။ တပေါင်းဆီက အဖြေစကားကြောင့် ကိုချမ်းသက်ပြင်းချလိုက်မိတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၁) akyiphyu ********** "လာလေ အစ်မတပေါင်း...လာပါဗျ ... ဒီကဆရာဆရာမတွေက သဘောကောင်းပါတယ် " အတူးနဲ့လိုက်လာခဲ့ပြီးမှ သင်တန်းဝန်းရှေ့ကိုရောက်တော့ တပေါင်းအားငယ်သလိုဖြစ်သွားမိပြီး ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားရတယ်။သင်တန်းကျောင်းက ခြံဝန်းကျယ်ကြီးထဲမှာ နှစ်ထပ်အဆောက်အဦး။ ခြံထဲမှာ သစ်ပင်မျိုးစုံစိုက်ပျိုးထားတော့ တစ်ခြံလုံးသစ်ပင်တွေနဲ့ပြည့်ပြီးကြည့်ရတာ အေးချမ်းလှတယ်။ သာယာအေးချမ်းလှတဲ့သင်တန်းရှေ့မှာရပ်ပြီး ညာခြေထောက်ကို ငုံ့ကြည့်ကာ တပေါင်းရှေ့ဆက်ဖို့မရဲဖြစ်နေချိန်မှာပဲအတူးက တပေါင်းလက်ကို ဆွဲခေါ်သွားခဲ့တာ။တပေါင်းမှာ ခြေထောက်ကို ထော့နဲ့ထော့နဲ့နင်းပြီး လိုက်ပါသွားရတယ်။ " ဟေ့ ..အတူး ..ဧည့်သည်ပါလာတာလားကွ " လူငယ်တစ်ယောက်ရဲ့လှမ်းမေးသံကို ကြားလိုက်ရတာမို့ တပေါင်းမဝံမရဲနဲ့လှမ်းကြည့်လိုက်မိတယ်။လူငယ်က အဖြူ ရောင်ရှပ်အင်္ကျီလက်ရှည်နဲ့ သပ်သပ်ရပ်ရပ် ပုံစံရှိလှတယ်။လူငယ်က အတူးကိုမေးရင်းနဲ့ တပေါင်းကို လှမ်းပြုံးပြတာမို့ စိုးရိမ်စိတ်လေးနည်းနည်းတော့ လျော့သွားရတယ်။ " ဟုတ်ကဲ့ပါ ဆရာ ...ကျွန်တော့်အသိအစ်မပါ ...အသင်းဝင်ချင်တယ်ဆိုလို့ ခေါ်လာပေးတာပါ " " ဟုတ်လား ..ဒါဆိုရင် ..ရုံးခန်း(၁)က ဆရာမတွေဆီကို ခေါ်သွားလိုက်နော် " " ဟုတ်ကဲ့ပါ ဆရာ " အတူးက ဆရာလို့ခေါ်တဲ့တစ်ယောက်ကို တပေါင်းခေါင်းလေးညှတ်ပြကာ နှုတ်ဆက်လိုက်ပြီး အတူးနဲ့လိုက်သွားလိုက်တယ်။ ~~~~~ " ဧည့်သည်ပါလာတာလား အ တူး...လာပါ..ထိုင်ပါနော် ....ထိုင်ပါအုံးရှင် ...အချိန်ရတယ် မဟုတ်လား ..အတူးရေ မမကို သောက်ရေဘူးထုတ်ခဲ့ပေးပါအုံး " တပေါင်းတို့ကို ပျူပျူငှာငှာကြိုဆိုလိုက်တဲ့ စာရေးမလေးကြောင့် တပေါင်းရဲ့အားငယ်စိတ်တွေ ပျောက်ပျက်သွားရတယ် ။ဒီအချိန်မှာပဲ စာရေးမလေးက ကွန်ပျူတာစားပွဲနောက်ကနေ ဝှီးချဲလ်ကိုလက်နဲ့အသာလှိမ့်ရင်း တပေါင်းထိုင်နေတဲ့နေရာဆီကို ထွက်လာတာမို့ တပေါင်းအံ့ဩသွားပြီး ငေးကြည့်နေမိတယ်။ " နွေးက အပြင်ကိုမလိုက်နိုင်လို့ ရုံးခန်းထဲမှာတာဝန်ကျတာလေ... နွေးနာမည်က နွေးနွေးတဲ့...အသက်ကနှစ်ဆယ့်ငါးနှစ်...ဒီက ညီမနာမည်ရောဘယ်လိုခေါ်လဲ ...အသက်ကရော" " ဟုတ်...ဟုတ်ကဲ့..ကျွန်မနာမည်ကတပေါင်းပါ... အသက်က နှစ်ဆယ့်သုံးနှစ်ပါရှင် " " တပေါင်းတဲ့လား နာမည်လေးက လှလိုက်တာ...ပန်းပျိုးလက်ကိုစိတ်ဝင်စားလို့ ကျေးဇူးတင်ပါတယ်...ဒါလေးက သင်တန်းအကြာင်းစာအုပ်လေးပါ ...သေချာလေးဖတ်ကြည့်စေချင်ပါတယ် " " ဟုတ်ကဲ့ ...စာအုပ်ကိုဖတ်ပြီးပါပြီရှင်...ဖတ်ပြီးတော့မှ စိတ်ဝင်စားလို့ အသင်းသားအဖြစ်အဖွဲ့ဝင်ချင်လို့ပါရှင် " " ဪ...ဒါဆို ပန်းပျိုးလက်အကြောင်းကို သေချာလေးဖတ်ပြီးပြီပေါ့ ..ကြိုဆိုပါတယ်နော်...မေးခွန်းလေးတွေတော့ ဖြေဆိုပေးရပါမယ်.....မေးခွန်းမေးတဲ့ အခါ...မိသားစုအကြောင်းနဲ့ ကိုယ်ရေးရာဇဝင်ကိုမေးလေ့ရှိပါတယ်...မဖြေချင်တဲ့မေးခွန်းမျိုးဆိုရင် ကျော်ပေးပါလို့ ပြောလို့ရပါတယ် " " ဟုတ်ကဲ့ပါရှင့် ' တပေါင်းက ခေါင်းငြိမ့်ပြလိုက်တဲ့အခါ မေးခွန်းတွေကိုစမေးတယ်။သူမေးသမျှကို တပေါင်းက အကုန်ဖြေပေးလိုက်ပါတယ်။မေးခွန်းတွေကလဲ ခက်ခက်ခဲခဲတွေမှ မဟုတ်တာ။မိသားစုအကြောင်း၊ကိုယ်ရေးရာဇဝင်နဲ့လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ကိုမေးတယ်။ဘာလို့အသင်းဝင်ချင်ရတာလဲလို့မေးတယ်။တပေါင်းက မိသားစုအကြောင်းကစပြီး အကုန်လုံးကိုမှန်မှန်ကန်ကန်ပဲဖြေလိုက်တယ်။စာရေးမလေးက တပေါင်းရဲ့ညာခြေထောက်အကြောင်းကိုပါမေးတယ်။ဒါကိုလဲ တပေါင်းမကွယ်မဝှက်ပဲပြန်ဖြေလိုက်တယ်။ " ပန်းပျိုးလက်က လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုပါ ..အားလုံးက အားလပ်ချိန်တွေမှာ ပန်းပျိုးလက်မှာ စေတနာ့ ဝန်ထမ်းအဖြစ် လာကူညီပေးကြတာပါ...အသင်းရဲ့ရေရှည်ရပ်တည်မှုကတော့.... စေတနာရှင်တွေနဲ့ အကူအညီနဲ့ရပ်တည်နေတာပါ..ပန်းပျိုးလက်မှာအသင်းသားဖြစ်သွားပြီးဆိုရင် ...ပန်းပျိုးလက်မှာ အခမဲ့သင်ကြားပေးနေတဲ့ ပညာတွေကိုလဲ သင်ယူလို့ရပါတယ်..." ရုံးခန်း(၁)မှာ လိုအပ်တာတွေ မေးဖြေလုပ်ပြီးတော့ နောက်ထပ်ရုံးခန်းတွေကို ထပ်သွားရပြန်တယ်။သုံးယောက်လောက်နဲ့ မေးဖြေလုပ်ပြီးသွားတော့ တပေါင်းကို အသင်းဝင်အဖြစ်လက်ခံလိုက်ကြတယ် ။ " အသင်းဝင်ကတ်ကိုတော့ တစ်လပြည့်မှထုတ်ပေးပါတယ်..တကယ်လို့ အသင်းကပြန်နှုတ်ထွက်ချင်တယ်ဆိုရင်လဲ အချိန်မရွေးတင်ပြလို့ ရပါတယ်ခင်ဗျာ " " ဟုတ်ကဲ့ပါရှင့် " " ဒီရပ်ကွက်ထဲမှာပဲနေတာဆိုတော့... ရုံးကိုတစ်နေ့တစ်နာရီလောက်တော့ လာလေ့လာကြည့်ပါ..ကိုယ်တိုင်ဘာတွေလုပ်ချင်လဲ ဘာတွေသင်ယူချင်လဲဆိုတဲ့စိတ်လေးပေါ်လာပါလိမ့်မယ်....ရုံးကတော့လိုအပ်ရင် ဖုန်းနဲ့ဆက်သွယ်ပြီးခေါ်ပါတယ် " " ဟုတ်ကဲ့ပါ ဆရာ " " ဟာ ..ကျွန်တော့်ကို ဆရာလိုမခေါ်ပါနဲ့နော် ...ဒီမှာက အသင်းသားတွေအချင်းချင်း ..သူငယ်ချင်းတွေလို ..မောင်နှမတွေလိုပဲနေကြတာပါ...တစ်ယောက်နဲ့တစ်ယောက် နာမည်တွေခေါ်ကြသလို အမှတ်စဉ်နံပတ်တွေကိုလဲ ခေါ်ကြပါတယ် ..." " ဟုတ်ကဲ့ပါရှင် " " ဒါဆိုရင် .. နောက်ဆုံးအဆင့်အနေနဲ့ အသင်းခေါင်းဆောင်နဲ့ ဝင်တွေ့လိုက်ပါအုံး ....ကျွန်တော်လိုက်ပို့ပေးပါ့မယ် " " ဟုတ်ကဲ့ပါရှင့် '

မစိန်ရဲ့ စကားကြောင့် တပေါင်းမှာ သိချင်စိတ်ကိုမနည်းမျိုသိပ်လိုက်ရတယ်။ ~~~~~~~~~~~ " အစ်မကလဲ ..ပန်းပျိုးလက်သင်တန်းကျောင်းရဲ့သတင်းကိုတောင် မကြားဖူးဘူးလား ...သင်တန်းကလူတွေက အစ်မတို့အရွယ်တွေများတယ်...သူတို့အသင်းက ...ဒုက္ခရောက်နေတဲ့ ကလေးတွေကို လိုက်ကူညီပေးတာလေ..သူတို့အဖွဲ့ကိုဝင်ချင်ရင်ဝင်လို့ရတယ်...တစ်နေကုန်အချိန်ပြည့် သင်တန်းမှာ နေရတာမဟုတ်ဘူး...သင်တန်းမှာ စာသင်ပေးတဲ့ဆရာတွေလဲရှိတယ်..ပြီးတော့ စက်ပြင်သင်တန်း...ဘာသာစကားသင်တာတွေရော...ဖုန်းတွေပြုပြင်တာတွေသင်ပေးတဲ့သင်တန်းတွေလဲ ရှိတယ်..ပန်းပျိုးလက်မှာ အစ်မတိုလိုမသန်စွမ်းတွေလဲရှိတယ်...ဘာလဲ...အစ်မရောသင်တန်တက်ချင်လို့လား..ဘာသင်တန်းတက်ချင်တာလဲ.....အလှပြင်သင်တန်း ...စက်ချုပ်သင်တန်းနဲ့မုန့်လုပ်နည်းသင်တန်းတွေလဲ ရှိတယ်ဗျ.....ပြီးတော့ ပန်းပျိုးလက်က ခေါင်းဆောင်အစ်ကိုရဲ့စတိုင်လ်က အရမ်းမိုက်တယ်ဗျ သိလား " " အေးပါဟယ်..သူ့ဆရာကိုလာကြွားနေသေးတယ် ...ဘာပဲဖြစ်ဖြစ် ...နင်တိုသင်တန်းကို ငါစိတ်ဝင်စားလို့ပါ ...လိုက်လည်လို့ရလား " " ရပါတယ် အစ်မရဲ့ ...ရော့ ဒီမှာ ...သင်တန်းကပေးထားတဲ့ သင်တန်းအကြောင်းနဲ့စည်းကမ်းချက်တွေပါတဲ့ စာအုပ် ..အစ်မစိတ်ဝင်စားရင် ဒီနေ့ ကျွန်တော်နဲ့လိုက်ခဲ့လေ..." အတူးက သူတိုသင်တန်းဆရာအကြောင်းကို ကြွားရုံသာမကဘဲ သူတို့သင်တန်းအကြောင်းကိုပါ အားတက်သရောပြောနေတာမို့ တပေါင်းမှာ စိတ်ဝင်စားမှုတွေ ပိုပြီးမြှင့်တက်လာရတယ်။ " ဒီနေ့တော့ မလိုက်သေးပါဘူး အတူးရယ်...ဒီမှာပါတဲ့အကြောင်းတွေကို သေချာဖတ်ကြည့်လိုက်အုံးမယ်လေ...နောက်နေ့လိုက်မယ်ဆိုရင်... ဈေးစောစောသိမ်းပြီးလိုက်ခဲ့မယ်လေ " တပေါင်းက အတူးကိုပြန်ပြောရင်းနဲ့ အတူးပေးတဲ့ ပန်းပျိုးလက်သင်တန်းကျောင်းလမ်းညွှန်စာအုပ်လေးရဲ့မျက်နှာဖုံးကို ကြည့်လိုက်မိတယ်။ ~~~~~~~~~~ အတူးဆီကယူလာခဲ့တဲ့ ပန်းပျိုးလက် သင်တန်းကျောင်းစာအုပ်လေးကိုဖတ်ပြီးတော့ တပေါင်းစိတ်ထဲမှာ ပန်းပျိုးလက်သင်တန်းကျောင်းကို ပိုပိုပြီး စိတ်ဝင်စားသွားမိတယ်။သင်တန်းကျောင်းရဲ့ အဓိကရည်ရွယ်ချက်က ညှ**င်းပ*န်းနှိ*-ပ်စက်ခံနေရတဲ့ ကလေးသူငယ်တွေကို အကူအညီပေးနိုင်ဖို့ ရည်ရွယ်ထားတာတဲ့။ သူတို့ဆီမှာ ပရဟိတအသင်းဝင်လိုက်ပြီဆိုရင် ကိုယ့်မှာပညာစွမ်းရှိရင် ကိုယ်တတ်တဲ့ ပညာတွေကို ကလေးတွေကို သင်ပေးရမယ်။ပညာလို့ဆိုရာမှာ စာပေပညာ တင်မဟုတ်ဘဲ စက်မှုလက်မှုပညာနဲ အချက်အပြုတ် ပညာတွေ၊ ဘဝသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ပညာရှင်မှန်သမျှကိုလဲ ဖိတ်ခေါ်ထားတယ်။တကယ်လို့ အသင်းဝင်ဖြစ်ချင်ပေမဲ့ ဘာပညာမှမတတ်တဲ့ တပေါင်းတို့လို အရွယ်ရောက်နေတဲ့ လူငယ်တွေကိုလဲ သူတို့ကလက်ခံတယ်။စက်မှုလက်မှုပညာတွေ သင်ချင်ရင်လဲသင်ပေးတယ်။တကယ်လို့ ပညာလဲမသင်ချင်ဘူးဆိုရင် သူတို့အဖွဲ့ရဲ့ကူညီစောင့်ရှောက်ရေးအဖွဲ့တွေမှာ လူအားနဲ့ လိုက်ကူညီပေးလို့ရတယ်။ထူးခြားချက်က သူတို့ဆီမှာ အသင်းဝင်လိုက်တဲ့သူက မိဘမဲ့ဆွေမျိုးသားချင်းမရှိသူဖြစ်နေခဲ့ရင် သူတို့ဘက်ကလဲ အသင်းသားကို အထူးတလည်ပြန်ပြီးတော့ ကူညီစောင့်ရှောက်ပေးပါတယ်တဲ့ ။သင်တန်းမှာ စည်းကမ်းချက်တွေ ရှိပေမဲ့ တစ်ဖက်သက် ချမှတ်ထားတဲ့ စည်းကမ်းရယ်လို့လဲ မရိုဘူး။ထူးခြားတာက သူတို့အသင်းနာမည်ကိုသုံးပြီး အလှူခံစားခဲ့ရင်တော့ ထိရောက်စွာအရေးယူပါမယ်တဲ့လေ။ သင်တန်းအကြောင်းကို ဖတ်ပြီးသွားချိန်မှာတော့ တပေါင်းအရမ်းကို စိတ်ဝင်စားသွားမိပြီး အဖွဲ့ဝင် ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့မိတယ်။သင်တန်းမှာပါတဲ့ အကြောင်းအရာတွေက တပေါင်းစိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းတွေနဲ့ ဆင်တူနေခဲ့တယ်လေ။ပန်းပျိုးလက် သင်တန်းသားအဖြစ် အဖွဲ့ဝင်ဖို့ တပေါင်းဆုံးဖြတ်ချက်ချလိုက်တာမို့ ဖိုးဇင်ဆီကိုပါ စာပို့ပြီးပြောပြလိုက်မိတယ်။ ================================== အပိုင်း (၂၁)ဆက်ရန် A.Kyi.Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/

အားလုံးရဲ့အနာဂတ်က ဖိုးဇင်စိတ်ကူးထားသလို ဖြစ်မလာနိုင်တာကတော့ အမှန်ပဲထင်ပါရဲ့။ ဒီအချိန်မှ အိမ်ကို ငွေပို့ပေးနေတာကို ရပ်လိုက်ပြန်ရင်လဲ တစ်အိမ်သားလုံး ဘာအလုပ်မှမရှိဘဲထိုင်စားနေကြတာဆိုတော့ ဒုက္ခများဖို့ပဲရှိတော့တယ်။အလတ်ကောင်ကတော့ရှင်းတယ်။အသက်ဆယ့်ငါးနှစ်ပြည့်ပြီးကတည်းက ဘဘကြီးတို့ဆီကိုရောက်သွားပြီး အိမ်ကိုလဲ ပိုက်ဆံတစ်ပြားမှ မပို့ဘူးတဲ့လေ။ အလတ်ကောင်က ပြတ်သားနိုင်တယ်။မပြတ်သားနိုင်တာက ဖိုးဇင်။ပြောရရင် မပြတ်သားနိုင်တာထက် မပြတ်သားရက်တာပါ။ဖိုးဇင်ဘက်က ပြတ်သားပြလိုက်ရင် အားလုံးဒုက္ခရောက်သွားမှာလေ။ဒီတော့လဲ လှူချင်သပဆိုရင်လဲလှူဆိုပြီးတော့လွှတ်ထားပေးလိုက်တော့တယ်။ပြောမရပြောမနိုင်တဲ့မိဘတွေကို ဘယ်သူကတားဆီးနိင်မှာတဲ့လဲ။လှူသင့်သလောက်ပဲလှူ ၊စားသင့်သလောက်ပဲစားပါလို့ပြောမိရင် စိတ်ဆိုးသွားပြီးတော့ အိမ်ကပစ္စည်းတွေကို ဖျက်ဆီးပစ်မှာကိုလဲကြောက်ရသေးတယ်။အမေ့စိတ်က ဘယ်တော့မဆို ခန့်မှန်းလို့မရနိုင်တာမို့ တော်ရုံဆို ဖိုးဇင်မပြောရဲဘူး။တော်ကြာ ညီမဖြစ်သူက အမေ့ကိုကြောက်ပြီး တွေ့ရာလူနဲ့အိမ်ထောင်ပြုလိုက်မှာကိုလဲ ဖိုးဇင်စိုးရိမ်နေမိတယ်။ ~~~~~~~~~~ ဖိုးဇင်ပြောပြတာတွေကို နားထောင်ပြီးတော့ တပေါင်းသက်ပြင်းကိုအခါခါချလိုက်မိတယ်။ဖိုးဇင်ဘဝကလဲ နိုင်ငံရပ်ခြားမှာနေရပြီး လုပ်အားခငွေ လေးငါးဆယ်သိန်ရနေပေမဲ့ တပေါင်းလောက်တောင်ပိုက်ဆံမစုမိဘူးတဲ့လေ။သူ့စကားတွေနားထောင်ပြီးတော့ တပေါင်းဘယ်လိုအကြံပေးရမလဲမသိတော့ဘူး။သူတို့ မိသားစုကြားမှာ ဝင်မပါရဲတာတော့အမှန်ပါပဲ။ " ဒါနဲ့ ,,,နင်က... ဈေးထဲမှာ ဈေးရောင်းနေတုန်းပဲလား တပေါင်းရယ် ...ဆိုင်ခန်းငှားပြီးဖွင့်ပါလားဟာ...ဆိုင်ခန်းငှားဖို့ပိုက်ဆံကို ငါပို့ပေးပါမယ်ဆို..ငါ့မှာခြေစောင့်လက်စောင့်ထားတဲ့ပိုက်ဆံရှိပါသေးတယ်ဟာ ' ဒီစကားက ဖုန်းပြောတိုင်း ဖိုးဇင်ပြောနေကြစကားပါ။ဖိုးဇင် ဒီလိုပြောတိုင်းလဲ တပေါင်းကအမြဲငြင်းခဲ့တာပါ။ဖိုးဇင်ပင်ပင်ပန်းပန်းငွေရှာနေရတာကို သိသိနဲ့တပေါင်းယူမသုံးရက်ပါဘူး။နောက်တစ်ချက်က သူများဆီက ချေးတာငှားတာမျိုးကို တပေါင်းမကြိုက်ဘူး။ လူဆိုတာလွယ်လွယ်ငွေချေးလို့ရသွားရင် ဒုက္ခလေးနည်းနည်းတွေ့တာနဲ့ အလွယ်ချေးငှားတတ်တဲ့အကျင့်ဖြစ်သွားတတ်တယ်။ဒီလိုအကျင့်တွေကြောင့်လဲ ဒုက္ခရောက်သွားတဲ့သူတွေအများကြီးကိုတွေ့ဖူးတယ်။ဈေးထဲမှာဆိုရင် ချေးထားတဲ့ငွေကတစ်သိန်း။ပြန်ဆပ်နေရတဲ့ငွေက နှစ်သိန်းကျော်နေပြီ။အရင်းတစ်သိန်းက တစ်ကျပ်တောင်မကြေသေးဘူးလေ။ဒါတွေကိုမြင်တွေ့ရပါများတော့ တပေါင်းကိုယ်တိုင်ကလဲ သူများဆီက ငွေမချေးသလို ၊တပေါင်းဆိက လာချေးရင်လဲ မချေးဘူး။ " ငါတော့ ရှေ့ဆက်ဘာလုပ်ရမှန်းတောင် မသိတော့ဘူး တပေါင်းရယ် ..." ဖိုးဇင်က စိတ်ပျက်စိတ်ရှုပ်စွားပြောလိုက်တယ်။ ဖိုးဇင်ရဲ့စိတ်ပျက်အားငယ်တဲ့ စကားကြောင့် တပေါင်းလဲဘယ်လိုနှစ်သိမ့်အားပေးရမှန်းကိုမသိတော့ဘူး။ ~~~~~~~~~~~ " အမေ ..သားသွားတော့မယ်နော် " " အေး...အေး...သင်တန်းပြီးတာနဲ့အိမ်ကိုတန်းပြန်လာနော် ...မလာရင်ငါလိုက်ရို--က်မှာနော် " ဘေးကကုန်စိမ်းရောင်းတဲ့ အတူးတို့သားအမိရဲ့စကားသံတွေကြောင့် တပေါင်းလှမ်းကြည့်လိုက်တယ်။အတူးဆိုတာက အသက်ဆယ့်သုံးနှစ်လောက်တော့ရှိတယ်။အတူးတို့အသားအမိက နှစ်ယောက်တစ်ဘဝတွေ။အဖေဆိုတဲ့လူက နောက်မယားယူပြီးထွက်ပြေးသွာတာတဲ့။ဒီတော့ အတူးလေးလဲ မအေနဲ့အတူရုန်းကန်နေရတာပေါ့ ။အတူးလေးခမျာ တပေါင်းလိုပဲ ပညာမသင်ရှာရဘူး။သူ့မအေဖြစ်တဲ့ မစိန်က မကြာခဏနေမကောင်းဖြစ်နေတာနဲ့ပဲ အတူလေးလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ပညားရေးကိုပါစွန့်လွှတ်ပြိး စီးပွားကူရှာနေရတာပေါ့ ။ တပေါင်းက မစိန်ကိုကြည့်လိုက်ပြီး လှမ်းစပ်စုလိုက်တယ်။ " အတူးကို သင်တန်းတွေဘာတွေတက်ခိုင်းနေတယ်ပေါ့လေး ဟုတ်လား...ဒါနဲ့ ...ဘာသင်တန်းတက်ခိုင်းထားတာလဲ မစိန်ရဲ့ " " အမယ်လေး ..ငါလဲသေချာမသိပါဘူး တပေါင်းရယ်....သူပြောတာတော့ စက်ပြင်သင်တန်းဆိုလား...လူငယ်ပရဟိတအသင်းက အခမဲ့သင်ပေးတာတဲ့...ပန်းပျိုးလက် ပရဟိတအဖွဲ့လေသိလား ...သူတို့သင်တန်းကျောင်းက တို့ရပ်ကွက်လမ်းမကြီးအဆုံးမှာရှိတာလေ " " အင်း ..ကြားတော့ကြားဖူးသလိုပဲ " " ဟော့တော့ ...ဒီလောက်နာမည်ကြီးနေတာကို ကြားဖူးရုံပဲလားတပေါင်းရယ်...အဲ့ဒီမှာ ညည်းတိုအရွယ်လေးတွေအများကြီးပဲ...ပရဟိတလိုက်လုပ်နေကြတာလေ...အိမ်ကကိုယ်တော်ကိုလဲ... သူတို့တွေဈေးထဲလာရင်းနဲ့ တွေ့သွားကြလို့...ကျောင်းမတက်တော့ဘူးလား...ဘာဝါသနာပါလဲဆိုပြီးမေးမြန်သွားတာလေ...သူတို့ပရဟိတလုပ်တာက ကလေးတွေကိုအဓိကကူညီပေးတာတဲ့...ဒုက္ခရောက်နေတဲ့ ကလေးတွေကို အကူအညီလိုက်ပေးတာတဲ့လေ..အဖွဲ့ဝင်ချင်ရင်လဲလက်ခံတယ်တဲ့...ညည်းမောင်ကတော့ သူတို့အဖွဲ့နဲ့တွေ့ပြီးသွားကတည်းက တက်ကြွနေတော့တာပဲ " မစိန်ရဲ့စကားတွေကြောင့် တပေါင်းအတော်လေးကို စိတ်ဝင်စားသွားမိတယ်။ဒုက္ခရောက်နေတဲ့ ကလေးတွေကို ကူညီပေးတယ်ဆိုတဲ့စကားက တပေါင်းရဲ့စိတ်အစဉ်ကို အတော်လေးဖမ်းစားသွားတယ်။ "တပေါင်း စိတ်ဝင်စားလိုက်တာ မစိန်ရယ်...သူတို့အဖွဲ့အကြောင်း... မစိန်သိသလောက်ပြောပြပါအုံး " " အဲ့ဒါတော့ ...ငါလဲသေချာမသိဘူးဟယ်...နင့်မောင်လာမှ မေးကြည့်လိုက်ပါ...သူပဲသိတာ "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၀) akyiphyu ********** ဒီတစ်ကြိမ် တပေါင်းရဲ့ပြောင်းရွှေ့မှုကတော့ ရန်ကုန်မြို့တွင်းနဲ့သိပ်မဝေးတဲ့ မြိုု့သစ်တွေဘက်ကိုဖြစ်တယ်။မြို့သစ်ဘက်က လှိုင်သာယာထက်အိမ်ငှားခဈေးချိုတယ်။တစ်လမှလေးသောင်းပဲပေးရတယ်။လူကတော့ သိပ်မစည်ဘူးပေါ့။အိမ်ရှေ့မှာလဲ ဆိုင်ဖွင့်လို့မရဘူး။ဈေးထဲမှာ သွားချရောင်းရတယ်။ဒီတစ်ခါက်တော့ တပေါင်းက ဈေးထဲကိုသုံးလေးရက်ဆက်တိုက်သွားပြီးတော့ နေရာအရင်ရှာတယ်။တော်ကြာ နေရာရှာရင်းအဆဲခံရလို့ စိတ်ဓါတ်ကျတာမျိုးမဖြစ်ချင်တော့ဘူးလေ။ဈေးကလဲ သိပ်အစည်ကြီးတော့မဟုတ်ဘူး။ဒါပေမဲ့သူ့ဟာနဲ့သူတော့ခပ်အေးအေးရောင်းရတယ်၊ဒီမှာက ခေါင်းစည်းကြိုးလေးတွေ ကလစ်လေးတွေပိုရောင်းရတယ်။ဒီလိုဖန်စီလိုင်းလေးတွေအမြဲပိုရောင်းနေရရရင်တော့ တပေါင်းအတွက်တွက်ချေပိုကိုက်တယ်။ဖန်စီပစ္စည်းတွေက ထက်ဝက်တိတိမြတ်တယ်လေ။သုံးရာနဲ့ရောင်းတဲ့ ခေါင်းစည်းကြိုးတစ်ကွင်းက ဝယ်ဈေးတစ်ရာ့လေးဆယ်ပဲပေးရတယ်။အဲ့ဒီတော့ တစ်နေ့တစ်သောင်းဖိုးပဲရောင်းရပါစေအုံး အမြတ်ကလေးငါးထောင်ပဲ။တစ်နေ့လေးငါးထောင်ဆိုတာက တပေါင်းအတွက်တော့ လောက်ငှပါတယ်။စားစရိတ်ကလဲ တစ်နေ့မှဆန်တစ်လုံးလေ။ဆီငါးဆယ်သားမှ ရှစ်ရာပဲပေးရတာ။ဆီငါးဆယ်သားနှစ်ဘူးဝယ်ထားရင်တစ်လစာပဲ။ဆန်တစ်ပြည်မှ တစ်ထောင်။ထောင့်နှစ်ရာ။ဆန်တစ်ပြည်မှာ အပြည့်မပါတော့ ဆန်တစ်ပြည်ဝယ်ပြီးရင် ချက်စားတာရယ်။ဆရာလေးတွေလှူတာရယ်ဆိုတော့ ဆန်တစ်ပြည်ကိုလေးရက်လောက်တော့ချက်ရတယ်။တပေါင်းကဈေးရောင်းထွက်ရင် ဆန်ကိုကော်ဘူးထဲထည့်ထည့်သွားတယ်။၊ဈေးထဲမှာ ဆရာလေးတွေအလှူလာခံရင် ကန်တော့ပါသေးရဲ့လို့ပြောစရာမလိုတော့ဘူးပေါ့။ငွေဆိုရင်တော့ ဈေးရောင်းပါးတဲ့နေ့တွေမှာ လှူဖို့ခဲယဉ်းတယ်လေ။ဈေးထဲကြွတဲ့ဆရာလေးတွေကလဲ အပါးရေများတယ်မဟုတ်လား။ အိမ်သစ်ကိုရောက်ပြီးတော့ တပေါင်းအခြေအနေနည်းနည်းတည်ငြိမ်သွားတော့မှ တပေါင်းလဲ သက်မချနိုင်တော့တယ်။ဒီတစ်ကြိမ်တော့ သနားတာပဲဖြစ်ဖြစ်၊စာနာတာပဲဖြစ်ဖြစ် အလွန်အကျွံတွေမဖြစ်ဖို့ မလုပ်မိဖို့ ကိုယ့်ကိုယ်ကို သတိနဲ့ ထိန်းတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် တပေါင်းသေချာလေး စဉ်းစားဆင်ခြင်ပြီးမှလုပ်ဖို့ ကိုယ့်ကိုယ်ကိုသတိပေးဆုံးမထားရတယ်။ ~~~~~ " သားရေ ... ဒီနှစ်နွေမှာ အမေတို့အလှူလုပ်ချင်လို့... ငွေလေးပို့ပေးပါအုံး .... " ဖုန်းပြောနေရင်းကနေ တစ်ဖက်ကပြောလိုက်တဲ့ အမေ့ရဲ့စကားသံကြောင့် ဖိုးဇင်ရင်ထဲအောင့်ခနဲတော့ ဖြစ်သွားမိတယ်။ သို့ပေမဲ့ မပေးချင်ဘူးလို့လဲ ပြောမထွက်ဘူး။မလေးရှားရောက်ပြီးသုံးနှစ်အတွင်းမှာ ပထမနှစ်လသုံးလကလွဲလို့ နောက်လတွေကစလို့ အိမ်ကို လတိုင်းပိုက်ဆံပို့ခဲ့တယ်။ကလေးတွေ ပညာကို အေးအေးဆေးဆေး သင်ယူနိုင်အောင် လိုအပ်သလောက် ပို့ပေးခဲ့တယ်။အကုန်မပို့ခဲ့ဘူးဆိုတာကလဲ ဖိုးဇင်မြန်မာပြည်ပြန်ရင် အလုပ်လုပ်ဖို့အတွက် ချန်ထားတာ။ ဒါပေမဲ့ဖိုးဇင် မလေးရောက်ပြီး တစ်နှစ်မပြည့်ခင်မှာဘဲ အိမ်ပြင်ဆောက်ဖို့ ငွေတောင်းလို့ ပို့ပေးလိုက်ရတယ်။နောက်တော့ အဖေကဆိုင်ကယ် ကယ်ရီဆွဲချင်တယ်ဆိုလို့ ဆိုင်ကယ်ဝယ်ဖို့သက်သက် ထပ်ပို့ပေးလိုက်တယ်။ဖုန်းဆိုရင်ဖုန်း။ရွာမှာအလှူသွားချင်တယ်ဆိုရင်လဲ ငွေပို့ပေးရတယ်။ဒါတွေ ထားလိုက်ပါ ။အမေတို့ တောင်းသမျှကို မပေးချင်လဲမပေးလို့ရပေမဲ့ အမေတို့ စိတ်ကြည်အောင် တမင်ပေးနေတာ။အမေတို့ စိတ်ကြည်မှ အငယ်လေးတွေလဲ အရို/က် အနှက်ဒဏ်ကလွတ်မှာလေ။ တကယ်ဆို ဖိုးဇင်လစာက ဘာရလို့လဲ ။အိုဒီကြေးဘာညာနဲ အလုပ်မနားလို့သာ လစာက အတော်အသင့် စုမိနေတာ ။ဒီလို စုမိအောင်လဲ ဖိုးဇင်အစားအသောက်ချွေတာရတယ်။တစ်နေ့ကို ထမင်းတစ်နပ်လောက်စားပြီး ကျန်တာကို ခေါက်ဆွဲပြုတ်စားတယ်။ခေါက်ဆွဲပြုတ်စားတော့ ဟင်းဖိုးထပ်မကုန်လို့စားတာ ။ ဖိုးဇင်ရဲ့ ရည်ရွယ်ချက်က ဒီမှာငါးနှစ်ပဲ အလုပ်လုပ်ပြီးပြန်ဖို့ စီစဉ် ထားပြီးသား။ ဖိုးဇင်မှာရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ခက်တာက ရည်ရွယ်ထားသမျှတွေက တဖြည်းဖြည်းနဲ့မှုန်ဝါး ပျောက်ကွယ်လုမတတ်ဖြစ်လာခဲ့ပြီ။ သုံးနှစ်အတွင်းမှာ ဘာကိုမှ မစုဆောင်းမိသေးဘူး ။ဆိုင်ကယ်ဝယ်ပေးလိုက်တော့လဲ အဖေက ကယ်ရီမဆွဲတော့ဘဲ တစ်နေ့တစ်နေ့ဆိုင်ကယ်နဲ့ အလည်အပတ်ထွက်တယ်။ ဒါတင်မပြီးသေးဘူး။နှစ်လုံးသုံးလုံးကလဲ ထိုးလိုက်သေးတယ်တဲ့။ပြီးတော့ အမေကလဲ အသုပ်ဆိုင်မထွက်တော့ဘူးတဲ့ ။အသုပ်ဆိုင်မထွက်တာကိုတော့ ဖိုးဇင်လဲ သဘောကျပါတယ်။ဖိုးဇင်ကိုမွေးပြီးကတည်းကနေ အငယ်ဆုံးလေးမွေးပြီးတဲ့အထိ အမေလဲဈေးရောင်းခဲ့ရတဲ့တာမို့ ပင်ပန်းနေပြီလေ။ဒါကြောင့် စျေးမရောင်းတာက ပြဿနာမဟုတ်ပေမဲ့ အိမ်မှာတီဗီအကြီးကြီးဝယ် ကာရာအိုကေစက်တွေဝယ်ပြီး အိမ်နီးနားချင်းတွေကို မုန့်အမျိုးမျိုးနဲ့ ဧည့်ခံနေတာတဲ့လေ။ရပ်ကွက်ရဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင် အလှူပွဲတွေနဲ့ သင်္ကြန်တွင်းအလှူတွေကိုလဲ အများထက်သာအောင်လှူပြတန်းပြနေတာတဲ့။ ရပ်ကွက်ထဲမှာ ဦးမောင်ခိုင်နဲ့ ဒေါ်အေးလှိုင်ဆိုရင် သူဌေးပေါက်စတွေအဖြစ်တောင် ရပ်ကွက်လူတွေက သတ်မှတ်နေကြပြီတဲ့။ ဒီလိုသတင်းတွေကို ညီမဖြစ်သူက ပြောပြတိုင်း ဖိုးဇင်မျက်ရည်ဝဲပြီး နားထောင်မိတယ်။အကြီးမလေးကလဲ ဆယ်တန်းမအောင်တာမို့ အိမ်ဈေးဆိုင်လေးဖွင့်တာဖြစ်ဖြစ်၊ စက်ချုပ်သင်တာဖြစ်ဖြစ် လုပ်ဖို့ ပြောတော့လဲ အမေတို့ ခိုင်းနေကြတာနဲ့ အကြီးမမှာ နားချိန်တောင်မရပါဘူးတဲ့။

ဒီလိုမျိုး တစ်လနီးပါးလောက်ကြုံလိုက်ရပြီးချိန်မှာတော့ တပေါင်းလဲအရှူံးကိုပိုက်လို့တပ်ခေါက်ပြီး နေရာသစ်ကို ရှာဖို့ ထပ်ပြီးကြိုးစားရပြန်တယ်။တပေါင်းစုဆောင်းထားခဲ့သမျှရွှေတိုရွှေစလေးတွေအားလုံးကို ပြန်ရောင်းထုတ်ပစ်လိုက်ရတယ်။ဒီလိုအချိန်မှာ တပေါင်းတွေးမိတာက တပေါင်းသာ သန်သန်စွမ်းစွမ်းဖြစ်နေခဲ့ရင် အဆင်ပြေသင့်တော်တဲ့ အလုပ်လေးတစ်ခုခုလုပ်ပြီး ဈေးသက်သာတဲ့အဆောင်လိုနေရာမျိုးမှာပဲငှားနေလို့ရတယ်။ဒါဆိုရင် ဒီလောက်ဒုက္ခမများလောက်ဘူးလို့ တွေးလာမိတယ်။ဒီလိုတွေးမိတိုင်း စိတ်ထဲမှာ နာကြည်းပြီး နာကျင်ခံစားခဲ့ရတယ်။ဒီလိုတွေးမိတော့ တပေါင်းသာ ငယ်ငယ်လေးကတည်းက ထွက်ပြေးခဲ့ရင်ရောဆိုပြီး အတိတ်ကို နောင်တနဲ့တွေးမိတယ်။ တပေါင်းဘယ်လိုပဲ တွေးမိပါစေ။ သေချာတာက ခုချိန်မှာတော့ အတိတ်ကို လွှတ်ချပြီး ရှေ့ဆက်ရှင်သန်ဖို့ပဲ ကြိုးစားရမှာ မဟုတ်လား ။ ဒီတစ်ခါ အိမ် လပြည့်သွားရင် ဘယ်ကိုပြောင်းရမလဲဆိုတာကို တပေါင်း တွေးတောစဉ်းစားရအုံးမှာပေါ့ ။ ================================== အပိုင်း (၂၀)ဆက်ရန် (ည ၈ နာရီမှာ အပိုင်း (၂၀) ဆက်တင်ပေးပါမယ် ) A kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/