ch
Feedback
မြန်မာ့သမိုင်းနှင့် သုတစုံ

မြန်မာ့သမိုင်းနှင့် သုတစုံ

前往频道在 Telegram
1 319
订阅者
+124 小时
+97 天
+1430 天
帖子存档
Social media တွေဆိုတာ အသုံးချတတ်ရင် အသုံးချတတ်သလောက် ကောင်းကျိုးကျေးဇူးများပါတယ်
+4
Social media တွေဆိုတာ အသုံးချတတ်ရင် အသုံးချတတ်သလောက် ကောင်းကျိုးကျေးဇူးများပါတယ်

အခမဲ့ AI TOOLS ပြန်လည်မျှဝေပါသည်။
+6
အခမဲ့ AI TOOLS ပြန်လည်မျှဝေပါသည်။

42. wikiart . org — အွန်လိုင်း အနုပညာနှင့် ပန်းချီကားများ စုစည်းမှု 43. publicdomainreview . org — သမိုင်းဝင် အနုပညာနှင့် စာပေရတနာများ စုစည်းရာ 44. openculture . com — အခမဲ့ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ သင်တန်း/စာအုပ်များ 45. metmuseum . org — The Met ပြတိုက်၏ အနုပညာပစ္စည်း စုဆောင်းမှုများ ၆။ အပျင်းပြေ၊ ဂီတနှင့် ထူးဆန်းထွေလာ အတွေ့အကြုံများ 🎧🕹️ 46. neal . fun — ဆော့ကစားရင်း ဗဟုသုတရစေမယ့် interactive game များနှင့် စမ်းသပ်ချက်များ (အရမ်းပျော်ဖို့ကောင်း) 47. musicmap . info — ကမ္ဘာ့ဂီတအမျိုးအစား (Music Genres) များရဲ့ ဆင့်ကဲပြောင်းလဲမှု မြေပုံ 48. radiooooo . com — နိုင်ငံနဲ့ ဆယ်စုနှစ်အလိုက် ခေတ်ဟောင်းသီချင်းများ ရွေးနားထောင်နိုင်တဲ့ ဂီတအချိန်စက် 49. listen . hatnote . com — Wikipedia မှာ တစ်ယောက်ယောက် စာပြင်ရေးလိုက်တိုင်း တူရိယာသံလေးတွေ ထွက်ပေါ်လာတဲ့ နေရာ 50. wikipedia . org/wiki/Special:Random — နှိပ်လိုက်တိုင်း မထင်မှတ်ထားတဲ့ ဗဟုသုတအသစ်တစ်ခုဆီ ကျပန်းပို့ပေးမယ့် စာမျက်နှာ တကယ်ကို အချိန်ကုန်မှန်းမသိ ကုန်သွားစေမယ့် Website တွေမို့လို့ နောက်မှ အေးဆေးဝင်ကြည့်ဖို့ အခုပဲ Save/Share လုပ်ထားလိုက်ပါဦးနော်။ Nang Htike Aung

အင်တာနက်လောကကြီးထဲမှာ ကျွန်တော်တို့ မသိသေးတဲ့ အလွန်အသုံးဝင်ပြီး ဆန်းကြယ်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဗဟုသုတလည်းရ၊ အပျင်းလည်းပြေစေမယ့် Website (၅၀) ကို ကဏ္ဍအလိုက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ တစ်ခုချင်းစီကို ဝင်မွှေကြည့်ရင်း အချိန်ကုန်မှန်းတောင် သိမှာမဟုတ်ပါဘူး။ ၁။ ကမ္ဘာမြေနဲ့ ရာသီဥတုကို Live ကြည့်ချင်သူများအတွက် 🛰️ 1. zoom . earth — ဂြိုဟ်တုကနေ ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို Live ကြည့်မယ် 2. flightradar24 . com — ကမ္ဘာတစ်ဝန်းက လေယာဉ်တွေ ဘယ်ပျံနေလဲ အချိန်နဲ့တပြေးညီ ကြည့်မယ် 3. marinetraffic . com — ပင်လယ်သမုဒ္ဒရာထဲက သင်္ဘောတွေရဲ့ သွားလာလှုပ်ရှားမှု radar 4. windy . com — ကမ္ဘာ့လေထု၊ မုန်တိုင်းနဲ့ မိုးလေဝသခန့်မှန်းချက် မြေပုံ 5. lightningmaps . org — လက်ရှိ ကမ္ဘာပေါ် ဘယ်နေရာတွေမှာ မိုးကြိုးပစ်နေလဲ Live ပြတဲ့မြေပုံ 6. earthquake . usgs . gov — လတ်တလော လှုပ်ခတ်သွားတဲ့ ငလျင်သတင်းအချက်အလက်များ 7. submarinecablemap . com — ပင်လယ်ရေအောက်က အင်တာနက် fiber ကြိုးလိုင်းများ မြေပုံ 8. globalforestwatch . org — ကမ္ဘာ့သစ်တော ပြုန်းတီးမှု/ထိန်းသိမ်းမှု အခြေအနေများ ၂။ ကမ္ဘာလှည့် ခရီးသွားချင်သူများအတွက် 🗺️ 9. thetruesize . com — နိုင်ငံတွေရဲ့ အကျယ်အဝန်း အစစ်အမှန်ကို နှိုင်းယှဉ်ကြည့်မယ် 10. oldmapsonline . org — သမိုင်းဝင် ရှေးဟောင်းမြေပုံများကို ရှာဖွေလေ့လာမယ် 11. davidrumsey . com — ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းမြေပုံ မော်ကွန်းတိုက် 12. openstreetmap . org — လူထုကိုယ်တိုင် ပူးပေါင်းရေးဆွဲထားတဲ့ ကမ္ဘာ့မြေပုံ 13. window-swap . com — ကမ္ဘာအရပ်ရပ်က လူတွေရဲ့ ပြတင်းပေါက်ကနေ အပြင်ရှုခင်းကို သွားချောင်းမယ် 14. virtualvacation . us — နိုင်ငံတကာ မြို့ကြီးတွေထဲ virtual လမ်းလျှောက် လည်ပတ်မယ် 15. mapcrunch . com — ကမ္ဘာပေါ်က မထင်မှတ်ထားတဲ့ နေရာတစ်ခုဆီကို random ပို့ပေးမယ့် မြေပုံ 16. atlasobscura . com — ကမ္ဘာပေါ်က ထူးဆန်းအံ့သြဖွယ် နေရာများနှင့် လျှို့ဝှက်ချက်များ ၃။ အာကာသနှင့် သိပ္ပံပညာ စိတ်ဝင်စားသူများအတွက် 🚀 17. htwins . net/scale2 — အက်တမ် (Atom) အသေးဆုံးအမှုန်ကနေ စကြဝဠာကြီးတစ်ခုလုံးရဲ့ အရွယ်အစား နှိုင်းယှဉ်ချက် 18. eyes . nasa . gov — အာကာသနှင့် ဂြိုဟ်များကို 3D စနစ်ဖြင့် လေ့လာမယ် 19. stellarium-web . org — ကြယ်တာရာတွေနဲ့ ညကောင်းကင်ယံပြမြေပုံ 20. apod . nasa . gov — NASA က နေ့စဉ်တင်ပေးတဲ့ အာကာသရုပ်ထွက်ပုံများ 21. images . nasa . gov — NASA ရဲ့ ဓာတ်ပုံနှင့် ဗီဒီယို မော်ကွန်းတိုက်ကြီး 22. timeanddate . com — ကမ္ဘာ့အချိန်ဇုန်နှင့် နက္ခတ်ဗေဒဆိုင်ရာ အချက်အလက်များ 23. sciencedaily . com — နောက်ဆုံးပေါ် သိပ္ပံသတင်းများ 24. arxiv . org — သိပ္ပံနှင့် နည်းပညာ သုတေသနစာတမ်းများကို အခမဲ့ဖတ်ရှုနိုင်တဲ့နေရာ ၄။ ကိန်းဂဏန်း၊ စာရင်းဇယားနှင့် Data Visualizations 📊 25. worldometers . info — ကမ္ဘာ့လူဦးရေနှင့် အထွေထွေ အချိန်နဲ့တပြေးညီ စာရင်းဇယားများ 26. internetlivestats . com — အင်တာနက်အသုံးပြုမှု Live ဒေတာများ 27. pudding . cool — စိတ်ဝင်စားစရာ အကြောင်းအရာတွေကို visual data နဲ့ ဇာတ်လမ်းဆင်ပြထားတဲ့ဆိုဒ် 28. ourworldindata . org — ကမ္ဘာ့ပြဿနာများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနဒေတာများ 29. gapminder . org — ကမ္ဘာ့ခေတ်ရေစီးကြောင်းများကို မျက်မြင်ရှင်းလင်းစေမယ့် ဇယားများ 30. informationisbeautiful . net — ရှုပ်ထွေးတဲ့ ဒေတာတွေကို လှပရှင်းလင်းစွာ ပုံဖော်ထားသော နေရာ 31. data . worldbank . org — ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုဒေတာများ 32. data . tuik . gov . tr — တူရကီနိုင်ငံ၏ တရားဝင် စာရင်းအင်းအချက်အလက်များ 33. observablehq . com — Interactive ဒေတာ visual များ ဖန်တီးလေ့လာနိုင်တဲ့ platform ၅။ စာအုပ်၊ အနုပညာနှင့် ယဉ်ကျေးမှု မော်ကွန်းတိုက်များ 📚🎨 34. archive . org — ဝက်ဘ်ဆိုဒ်ဟောင်းများ၊ စာအုပ်၊ ရုပ်ရှင်ပေါင်း သန်းချီသိမ်းဆည်းထားရာ ဒစ်ဂျစ်တယ်မော်ကွန်းတိုက်ကြီး 35. gutenberg . org — မူပိုင်ခွင့်လွတ် ရှေးဟောင်းဂန္ထဝင်စာအုပ်များကို အခမဲ့ဖတ်ရှုနိုင်သောဆိုဒ် 36. openlibrary . org — ကမ္ဘာ့စာအုပ်ပေါင်း သန်းပေါင်းများစွာကို ရှာဖွေဖတ်ရှုနိုင်သည့် စာကြည့်တိုက် 37. loc . gov — အမေရိကန် ကွန်ဂရက်စာကြည့်တိုက် မော်ကွန်း 38. europeana . eu — ဥရောပ၏ အနုပညာနှင့် ယဉ်ကျေးမှု ပြတိုက်များ မော်ကွန်း 39. dp . la — အမေရိကန် ဒစ်ဂျစ်တယ် ပြည်သူ့စာကြည့်တိုက် 40. artsandculture . google . com — ကမ္ဘာကျော် ပြတိုက်ကြီးများထဲကို virtual လှည့်လည်ကြည့်ရှုမယ် 41. rijksmuseum . nl — အရည်အသွေးမြင့် ကမ္ဘာကျော် လက်ရာစစ် အနုပညာလက်ရာများ

လေဖြန်းခြင်း နှင့် လေဖြတ်ခြင်း ဗဟုသုတ
+3
လေဖြန်းခြင်း နှင့် လေဖြတ်ခြင်း ဗဟုသုတ

ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ အရဟံဂုဏ်တော် ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမှုသော မြတ်စွာဘုရား။ အရဟံဂုဏ်တော် (၅) ချက် ၁။ အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။ ၂။ ပစ္စယာဒီနံ အရဟတ္ထာပိ - လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။ ၃။ နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။ ၄။ အရီနံ ဟတတ္တာပိ - ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။ ၅။ အရာနံ ဟတတ္တာပိ - သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော် တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။ (အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား ) ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော် ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။ ဝိဇ္ဇာဉာဏ် (၃) ပါး ၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။ ၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။ ၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။ ဝိဇ္ဇာဉာဏ် (၈) ပါး ၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။ ၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။ ၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။ ၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။ ၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။ ၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။ ၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။ ၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။ စရဏ အကျင့် ၁၅ ပါး သဒ္ဓါ သတိ ဟိရီ ဩတ္တပ္ပ ဝီရိယ သုတ ပညာ ဘောဇနမတ္တညုတာ ဇာဂရိယာနုယောဂ သီလ ဣန္ဒြိယသံဝရ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။ သုဂတော ဂုဏ်တော် အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။ လောကဝိဒူ ဂုဏ်တော် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော် မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။ သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ ဗုဒ္ဓေါ ဂုဏ်တော် သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။ သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိယောဓသစ္စာ- ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ- နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။ ဘဂဝါ ဂုဏ်တော် ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။ ဘုန်းတော်ခြောက်ပါး ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဗုဒ္ဓဘါသာဝင်တိုင်ငယ်ငယ်ကနှုတ်တိုက်သင်ပေးခဲ့လို့ ဘာမှန်းမသိနားထောင် သို့မဟုတ် ပါးစပ်ကပွစိပွစိ နေမယ့်အစား တစ်ခုချင်းနားလည်တော့ပိုကောင်းမယ်ထင်လို့ပါခင်ဗျာ။

မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူပါပေ၏။

လက်သည်းများကပြောသော သင့် ကျန်းမာရေး
လက်သည်းများကပြောသော သင့် ကျန်းမာရေး

လူတိုင်း ကြီးပွားချမ်းသာနိုင်ကြပါစေ

ကြွက်ပြေးစေကြောင်း နည်းလမ်းကောင်းများ
ကြွက်ပြေးစေကြောင်း နည်းလမ်းကောင်းများ

ကျောက်ကပ်ထဲ ကျောက်တည်တဲ့လူနာတွေ ... အဲ့ဒီကျောက်တွေကအထဲမှာ ပြုတ်ထွက်လာပြီး နေရာရွေ့တဲ့အချိန် ... အရမ်းနာကျင်တဲ့ဝေဒနာကိုခံစားကြရတာဘာကြောင့်လဲဆိုတာကို😥 ကျောက်ကပ်ထဲက ထွက်လာတဲ့ကျောက်တွေကို အီလက်ထရွန်မိုက်ခရိုစကုပ် ( Electron Microscope )နဲ့ကြည့်မှပဲ သဘောပေါက်တော့တယ်😌 ဘုရားဟောထဲမှာပါတဲ့ ... လက်ပံတောငရဲ သံလျက်တောငရဲ ကြိမ်ပိုက်မြစ်ငရဲ တို့လို... ကျောက်ခဲအသေးလေးတွေမှာ ဆူးတွေ ထိုးထိုးထောင်ထောင်နဲ့ ကျောက်ကပ်ကို ထိုးဆွှပြီး ကျလာရာဆီးလမ်းတလျှောက် နံရံတွေကို ထိုးခွဲလာခဲ့ကြတာကိုး😥 ဆီးထဲကနေ ထွက်ကျသွားတော့မှပဲ လူနာတွေခမျာ သက်သာရာရကြတော့တယ်၊ တချို့လူနာတွေဆို သွေးချောင်းစီးသလို ဆီးကသွေးချည့်ပဲ😥... တကဲ့ ဆူးငရဲပါ😥😓 ဆီးကျောက်မတည်အောင်... ကိုယ်လက်လှုပ်ရှားမှု့လုပ်ပါ ရေများများသောက်ပါ အချည်ရည်သောက်ပါ ဆီးကို မအောင့်ထားပါနဲ့ ကွမ်းမစားပါနဲ့ ကာလသားရောဂါ (STD)ကူးစက်မခံရပါစေနဲ့ ကျန်းမာသက်ရှည်ကြပါစေ

(၉) အမျှကြိုက်သောနတ်များ (ဝါ) အမျှပေးဝေခြင်းကို နှစ်သက်တတ်သောသဘောရှိသည့်နတ်များ။ ဘုရားအလောင်းတော်နုစဉ်က ရေလမ်းခရီးမှာ၊ အစာစားပြီး စားကြွင်းစားကျန်တွေကို မြစ်ထဲကငါးတွေကိုကျွေးပြီးမြစ်စောင့်နတ်ကို အမျှပေးဝေခဲ့ပါတယ်။ သူ့ကိုအမျှပေးခဲ့လို့ မြစ်စောင့်နတ်က ပြန်လည် ကျေးဇူးဆပ်တဲ့ အနေနဲ့ မြစ်ထဲကျသွားတဲ့သူ့ရတနာထုပ်ကို ပြန်ရအောင် မြစ်စောင့်နတ်ကငါးဝမ်းမှာဟပ်စေပြီးပြန်ရစေခဲ့ဖူးတယ်လို့မှတ်သားဖူးပါတယ်။ (၁၀) ကုသိုလ်ရှိသူကိုမှ နတ်ကယ်မလို့ရလို့ ကုသိုလ်များများလုပ်ထားကြ။ဘုရားလောင်းနုစဉ်ကသူ့နောက်ပါတပည့်နဲ့အတူရေလမ်းခရီးမထွက်ခင် ရဟန်းတော်တစ်ပါးကို ဖိနပ်လှူခဲ့ပါတယ်။သင်္ဘောနစ်တော့ ပင်လယ် စောင့်နတ်ကဘုရားလောင်းတစ်ဦးတည်းကိုပဲ၊ လာကယ်ပါတယ်။ဘုရားလောင်းကသူ့တပည့်ကိုလည်းကယ်ပေးပါလို့တောင်းပန်တဲ့အခါ၊သူ့မှာဖိနပ်(ဝါ)ယဉ်အလှူမရှိလို့ကယ်လို့မရပါလို့ဆိုပါတယ်။ပညာဉာဏ်ကြီးတဲ့ဘုရားလောင်းကချက်ချင်းပဲ၊ တပည့်ကိုအမျှပေးလိုက်တဲ့အခါ တပည့်ဖြစ်သူကသာဓုခေါ်လိုက်တာနဲ့တပြိုင်နက် ကုသိုလ်ရှိသွားလို့နတ်ကကယ်လို့ရသွားပါတယ်။ (၁၁) ဘုရား၊ပစ်စကေဗုဒ်ဓါ၊ရဟန်တာအရိယာစတဲ့သီလ၊ သမာဓိ၊ပညာကြီးမားလှတဲ့သူတော်ကောင်းကြီးတွေနဲ့တရားအားထုတ်သူတွေကိုနတ်တွေကစောင့်ရှောက်ပေးရပါတယ်။သူတော်ကောင်းတွေကိုနတ်ကောင်းမရပါတယ်။မဖို့ကယ်ဖို့ပျက်ကွက်ခဲ့ရင်၊နတ်သဘင်အစည်းအဝေးတက်ခွင့်မရကြပါဘူး။နတ်သဘင်အစည်းအဝေးတက်ခွင့်မရရင်၊ သူတို့အခက်အခဲတွေတင်ပြတောင်းဆိုလို့မရတော့ပါဘူး။ပုဂံပြည်မှာ သူတော်ကောင်းလည်းဖြစ်၊မိဘလုပ်ကျွေးနေတဲ့ ကွမ်းဆော်မင်းကိုရှင်ဘုရင်ဖြစ်အောင်နတ်တွေမခဲ့ဖူးတယ်လို့မှတ်သားရဖူးပါတယ်။ သူတော်ကောင်းနတ်ကောင်းမခံကြရပါစေ။

နတ်မ ခံချင်သလား၊ နတ်ချစ် ခံချင်သလား။ ... .. ........ .............. ............. နတ်တွေချစ်မြတ်နိုးခံတဲ့သူတွေဟာ နတ်တွေရဲ့ စောင့်ရှောက်၊ စောင်မခြင်းကို ခံရလို့ (ဝါ) နတ်မ ခံရလို့ အစစအရာရာအဆင်ပြေပြီးကောင်းစားတတ်ပါတယ်။လူတို့အတွက်ခက်ခဲနေတာမျိုးဟာ နတ်တို့အတွက် လွယ်နေတတ်၊လွယ်နေတာမျိုးဖြစ်တတ်ပါတယ်။ ကျေးဇူးတော်ရှင်မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီးက၊ ချမ်းသာချင်ရင်၊ကောင်းစားချင်ရင် အနီးနေတွေနဲ့ တည့်အောင်နေရတယ်။ အနီးနေတွေဆိုတာ ကိုယ့် ကိုယ်စောင့်နတ်၊အိမ်စောင့်နတ်၊ဝန်းခြံစောင့်နတ်၊ကွင်းပိုင်နတ်၊ရွာစောင့်နတ်၊ရုက္ခစိုး၊ဘုမ္မစိုးနတ်တွေပါပဲ။သူတို့နဲ့ရန်မဖြစ်ရဘူး။တည့်အောင်နေပါတဲ့။ ကျေးဇူးတော်ရှင်ပါ မောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်း၊ နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ၊အကောင်းချည်းပဲတွေ့တယ်။တိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးကြုံလာတယ်။ဘာလုပ်လုပ်အဆင်ပြေလာတယ်။ အန္တရာယ်တွေကင်းလာတယ်။မိခင်ကသားသမီးအပေါ်မှာစောင့်ရှောက်သလိုနတ်တွေကကိုယ့်အပေါ်မှာအကြင်နာတွေမေတ္တာတွေပိုပြီးတော့ကိုယ့်ကိုစောင့်ရှောက်လာတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက "ယသ္မိံ ပဒေသေကပ္ပေတိ၊ဝါသံ ပဏ္ဍိတဇာတိယော" စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ၊ အရပ်တစ်ခုခုမှာနေတယ်ဆိုရင်ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအဲဒီကုသိုလ်ကောင်းမှုရဲ့အဖို့ဘာဂကိုပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေကိုအမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေကကိုယ့်ကိုစောင့်ရှောက်လိမ့်မယ်။ကိုယ်ကအမျှအတန်းပေးဝေတော့သူတို့မှာဘုန်းတန်ခိုးတွေတက်တယ်။ဘုန်းတန်ခိုးတက်တော့ကိုယ့်အပေါ်မှာအကြင်နာတရားတွေထားလာတယ်။ (၁) ရန်ကုန်ဘုရားစောင့်နတ်မင်းကြီးများဆန္ဒ။ ဗုဒ္ဓဂယာဘုရားဖူးသွားတဲ့အခါအသွားအပြန်ဘုရားဖူးခရီးစဉ်အစအဆုံး (၈)ပါး၊ (၉)ပါးဥပုသ်သီလဆောက်တည်သွားဖို့အိမ်မက်ပေးခဲ့ကြပါတယ်။ (၂) ပုဂံနတ်တွေရဲ့ဆန္ဒ။ ပုဂံဘုရားတွေမှာစောင့်တဲ့နတ်တွေက ဘုရားတွေရောက်တယ်ဆိုရင်ပဲ ဘုရားမဖူးခင် ဘုရားမရှိခိုးခင် မေတ္တာသုတ်(၂)ခေါက်ရွတ်ဖတ်ပူဇော်ပေးဖို့ ရှမ်းပြည်ကအမျိုးသမီးတစ်ဦးကိုအိမ်မက်ပေးဖူးပါတယ်။ နတ်တွေဟာမေတ္တာသုတ်ကိုနှစ်လိုတဲ့သဘောပါ။ (၃) တာဝတိံသာအစရှိသည့်အထက်နတ်များ၏ဆန္ဒ ။ တာဝတိံသာ အစရှိသည့် အထက်နတ်ပြည်ကနတ်များက ပဌာန်း၊မဟာပဌာန်းကို ပူဇော်စေလိုပါကြောင်းသတင်းစကားပါးလိုက်ကြသည်ဟုမှတ်သားရဖူးပါတယ်။ (၄) ဘုမ္မစိုးရုက္ခစိုးစသည့်အနီးအနားနတ်များနှင့်အခြားနတ်ကြီးများ၏ဆန္ဒ။မဟာသမယသုတ်ကိုပုံမှန်ရွတ်ဖတ်ပူဇော်ပေးဖို့ဘုမ္မစိုးရုက္ခစိုးစသည့်အနီးအနားနတ်များနှင့်အခြားနတ်ကြီးများကလျှောက်ထားဖူးသည်ဟုမှတ်သားရပါတယ်။ (၅)နတ်များကပင်သရဏဂုံမပြတ်ပွားသူထံမှအကူအညီတောင်းခံရခြင်းနှင့်နတ်များက အထူးအရေးကြီးပုဂ္ဂိုလ် VIP အဖြစ်မှတ်တမ်းတင်ထားရသူဦးထွန်းရွှေ။သရဏဂုံသုံးပါးကို ငယ်စဉ်ကတည်းဝတ်မပျက်နေ့စဉ်ပုတီး(၃)ပတ်၊ ဖြည်းဖြည်းနဲ့မှန်မှန်စိပ်ခဲ့သူဦးထွန်းရွှေကိုညောင်ပင်စောင့်ရုက္ခစိုးကြီးကအခြားသူကိုပူးပြီးအကူအညီတောင်းခံခဲ့ပါတယ်။ဦးထွန်းရွှေဟာနတ်တို့မှတ်တမ်းတွင်အထူးဩဇာတိက္ကမအရှိန်အဝါရှိသူအဖြစ်မှတ်းတမ်းတင်ထားရသူဖြစ်ပါကြောင်း၊ သို့ပါ၍ အထက်လမ်းအောက်လမ်းဆရာတို့မှ အတတ်ပညာများဖြင့်ထိုရုက္ခစိုးကြီးအားခေါ်ယူခိုင်းစေခြင်းအားဦးထွန်းရွှေလိုသရဏဂုံအမြဲပွားနေသူမှတားမြစ်အမိန့်ပြန်ပေးပါမှ၊သူသာရာရမည်ဖြစ်ပါကြောင်းအခြားပုဂ္ဂိုလ်တစ်ဦးအားပူးကပ်ပြော၍အမိန့်ပြန်ပေးလိုက်ရာအဆင်ပြေသွားခဲ့ဖူးပါတယ်။ (၆) နတ်ချစ်ဂါထာ သတသဟဿာရဟဂါထာ။ သတသဟဿာရဟနတ်ချစ်ဂါထာတော်ကြီးပုံမှန်နေ့စဉ်ရွတ်ဖတ်သရဆါယ်ပူဇော်လေ့ရှိသောတောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးအားတောင်စောင့်နတ်ကြီး(၆)ကြိမ်လာရောက်ဖူးမျှော်ကြည်ညိုလျှောက်ထားကြောင်းမှတ်သားရဖူးပါတယ်။ပုံမှန်ရွတ်ပွားခဲ့သူလူပုဂ္ဂိုလ်တစ်ဦးအား ၎င်းဖခင်ကြီးဆုံးပါးမည့်အရေးလာရောက်အိပ်မက်ပေးခဲ့ဖူးပါသည်။ (၇)ပဌာန်းပုံမှန်ပူဇော်သူဗန်းမော်ဆရာတော်ဘုရားကြီးအားနတ်တို့ကိုယ်ထင်ပြခြင်း။ပဌာန်းပစ္စယုဒ္ဒေသနိဒ္ဒေသအချိန်မှန်၊နေရာမှန်၊ပုံမှန်ပူဇော်လေ့ရှိသောကျေးဇူးတော်ရှင်ဗန်းမော်ဆရာတော်ဘုရားကြီးအားနတ်တို့ကကိုယ်ထင်ပြဖူးကြောင်းမှတ်သားရပါသည်။ (၈)တောင်တန်းသာသနာပြုပရိတ်ရေဆူဆရာတော်ဘုရားကြီးပရိတ်ကြီးအသံတော်နှင့်နတ်များ။ပြည်ပနိုင်ငံတစ်ခုတွင် လာရောက်အလုပ်ရှာသော မြန်မာတစ်ယောက် တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးဦးဥတ္တမသာရ၏ပရိတ်ကြီး(၁၁)သုတ်တရားခွေအား ပုံမှန်ဖွင့်ပူဇော်ရာ နတ်များကအိပ်မက်လာပေးခဲ့ပါတယ်။၎င်းတို့မှာဤလမ်းထဲတွင်နေရပါကြောင်း၊ယခင်ကဆာလောင်မွတ်သိပ်စားစရာမရ၊ရင်မှာလည်းအစဉ်အမြဲလိုလိုပူလောင်နေရကြောင်း၊ယခုမှုအသင်မှဤတရားတော်ဖွင့်၍နာခွင့်ရကာ အစာလည်းရ၊ရင်မှာလည်းအေးမြချမ်းသာရာရပါ၍အသင်လိုချင်တာကူညီပါမည်ပြောပါဟုဆိုရာ၊အလုပ်ကောင်းကောင်းနှင့်ဒုနိုင်ငံသားလိုချင်ကြောင်းပြောရာ၊ရက်မကြာခင်အလုပ်ကောင်းရ၊ဒုနိုင်ငံသားလည်းအံ့ဩစွာရခဲ့ကြောင်းမှတ်သားဖူးပါတယ်။