无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Hibiscus Town (1987)
⭐IMDB: 8.1/10 (1 k Votes)
🎬 #Drama #History #Romance
🗓 1987 🎞 movie
📺 #1080p #720p #480p
💿 2.8 GB ⦿ 816.4 MB ⦿ 502.9 MB
🌎 #China
⏰ 2 နာရီ 44 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hibiscus Town (1986)================IMDb Rating – 8.1/10
Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းကအကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ်ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကားတွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေမဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ်ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက်မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကိုသူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်ကလည်း ဒီကားနဲ့ နာမည်အတူတူပဲ။
ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာတရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးကဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်းကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of theSunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ်ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည်နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူတယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လားတော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်းကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကားဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)...
Burn Notice: The Fall of Sam Axe (2011)
⭐IMDB: 7.1/10 (7 k Votes)
🎬 #Action #Comedy #Crime #Mystery #Drama #Thriller
🗓 2011 🎞 tv movie
📺 #1080p #720p
💿 2.4 GB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့
မိတ်ဆက်ပေးလိုက်ပါတယ်။
The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာက
ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEAL
ရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိ
ရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့
သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီ
စစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေ
ချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက်
ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့
လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲ
သူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီ
အစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံ
နှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီး
ဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။
အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်း
သူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ်
ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့
ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေ
မလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရော
သူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ်
ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့
ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံ
တွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုက
ဘယ်လိုရှိမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရူလိုက်ပါ။
နယ်စပ်ဒေသတွေ မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ဖြစ်ရပ်တွေကို ထင်ဟပ်ရိုက်
ပြထားတာဖြစ်တဲ့အတွက် ဗဟုသုတလည်း အတော်ရမဲ့ဇာတ်လမ်းပါ။
သရုပ်ဆောင်တွေအနေနဲ့ကတော့ ဆမ်အဖြစ် Bruce Campbell နဲ့
RonReaco Lee၊Kiele Sanchez၊ Ilza Ponkoတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။...
Nana's Boys (2022)
⭐IMDB: 4.6/10 (55 Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
📺 #1080p #720p
💿 1.3 GB ⦿ 421.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nana’s Boys (2022)==============
ဒီတစ်ခေါက်ပရိတ်သတ်ကြီးအတွက် ခပ်အေးအေး BLDrama အမျိုးအစားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ ကြေကွဲဖွယ်ရာအရိပ်အယောင်တွေပြည့်နေတဲ့ လူနှစ်ယောက် သူတို့ဆက်ဆံရေးကအရင်လိုမခိုင်မြဲတော့တာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်တစားရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းကောင်လေးတစ်ပုဒ်ပါ။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…အမာရီလို့ခေါ်တဲ့ ကောင်လေးရဲ့မွေးနေ့ကို သူ့ရဲ့ဘဲကြီးဖြစ်တဲ့Q က အစီအစဉ်တွေအပြည့်ချထားပါတယ်။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ပါတီတွေလည်းဆင်နွှဲမယ်၊ နောက်နေ့ခရီးပါထွက်မယ်ပေါ့။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက အနားမှာပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူတွေကိုအပြင်မထွက်ရအမိန့်ထုတ်လိုက်တာပါ။ ဒါကြောင့် Q တစ်ယောက် သူစီစဉ်ပေးထားတာတွေပျက်ကုန်လို့စိတ်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကပဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကြားက အထစ်အငေါ့လေးတွေကိုနှစ်ယောက်သား သေချာအချိန်ယူပြီး ဆွေးနွေးပြောပြတိုင်ပင်ခွင့်ရသလို ဖြစ်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...
Whiplash (2014)
⭐IMDB: 8.5/10 (910 k Votes)
🎬 #Drama #Music
🗓 2014 🎞 movie
📺 #720p
💿 902.5 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့…
.အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ.
..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့..
.ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..
တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်….
ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..
ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…
ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ.
..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….....
Wicked Games (2021)
⭐IMDB: 4.7/10 (165 Votes)
🎬 #Thriller #Horror
🗓 2021 🎞 movie
📺 #1080p #720p #480p
💿 1.9 GB ⦿ 785.8 MB ⦿ 440.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wicked Games (2021)================
Wicked Games (2021) ဂိမ်းတစ်ခု ဆော့ကြမယ်။ အနိုင်ရသူကတစ်ယောက်တည်း။ ကျန်တဲ့သူတွေ အကုန်သေလမ်း။ ဆိုတော့ဒီဂိမ်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ သူတို့ဆော့ကြမယ့်ဂိမ်းကတော့ ဒီလို။
ကီးလ် နဲ့ ဟာလီတို့က အွန်လိုင်းပေါ်ကနေ တွေ့ကြပြီး ချစ်သူတွေဖြစ်လာကြတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ ဟာလီတစ်ယောက်ကီးလ်ရှိတဲ့ဆီ လာတွေ့ခဲ့ပြီး မကောင်းသတင်းတွေ ပျံ့နေတဲ့ ကီးလ်ရဲ့ မိသားစုစံအိမ်တော်ဆီကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်တော်မှာကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွားကြပြီး အဲဒီအိမ်ဝန်းအတွင်းမှာပဲ မြှုပ်နှံထားခဲ့တယ်တဲ့။
စံအိမ်ကိုရောက်ပြီး နောက်တစ်နေ့မှာ ဟာလီတစ်ယောက် ဝုန်းကနဲအသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်က သွေးအိုင်ထဲမှာလဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ၉၁၁ ကို ဖုန်းဆက်လိုက်တဲ့အချိန်မှာပဲ ဂိမ်းစတင်ပြီဆိုတဲ့ အသံနဲ့ မျက်နှာဖုံးစွပ်လူတွေရောက်လာပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန်လိုက်ကြပါတော့တယ်။သူတို့တွေ ဆော့ကြတဲ့ဂိမ်းမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကတော့……။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
Half Broken Things (2007)
⭐IMDB: 7.2/10 (414 Votes)
🎬 #Drama #Thriller
🗓 2007 🎞 tv movie
📺 #1080p #480p #720p
💿 2.1 GB ⦿ 547.7 MB ⦿ 886.3 MB
🌎 #UnitedKingdom
⏰ 1 နာရီ 33 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Half Broken Things (2007)====================IMDb Rating – 7.2/10
ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama/Thriller အမျိုးအစားဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက စာရေးဆရာ Morag Joss ရေးခဲ့တဲ့ Half Broken Things ဆိုတဲ့CWA Silver Dagger ဆုရ နာမည်ကြီးစာအုပ်ကိုပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဂျင် ကအိမ်စောင့်အလုပ်လုပ်နေတဲ့ အဘွားကြီးတစ်ယောက်ပါ။တစ်နေ့မှာတော့ အိမ်စောင့်အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒီအလုပ်ကတော့ စတန်းဒစ်ကေ့ လင်မယားရဲ့ ဝေါဒန် အိမ်ကြီးကိုစောင့်ရှောက်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကအရမ်းလှပြီး ခြံကြီးကလည်းအကျယ်ကြီးပါ။ နောက်ပိုင်းတော့ ဂျင် ကအဲဒီအိမ်ကြီးကိုကိုယ့်အိမ်အဖြစ်သဘောထားသွားပြီး သူ့စိတ်ကြိုက်စီမံပါတော့တယ်။
တစ်ရက်မှာတော့ မိုက်ကယ် နဲ့ စတပ်ဖ် ဆိုတဲ့အတွဲတစ်တွဲကအိမ်ကိုရောက်လာပါတယ်။ စတပ်ဖ် ကတော့ကိုယ်၀န်နဲ့ပါ။မိုက်ကယ် နဲ့စကားပြောနေတုန်းမှာပဲ စတပ်ဖ် ကကလေးမွေးရတော့မှာမလို့ ဂျင် ကပဲကလေးမွေးပေးခဲ့ရပါတယ်။ ဂျင် ကမိုက်ကယ် တို့အတွဲနဲ့ သူမွေးပေးခဲ့တဲ့ကလေးကို သံယောဇဉ်တွယ်မိသွားပြီး အိမ်ကြီးမှာပဲနေဖို့ပြောပါတော့တယ်။ အဲဒီနောက်မှာတော့ သူတို့လေးယောက် ဝေါဒန် အိမ်ကြီးမှာဒရမ်မာတွေစဖြစ်ပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...
Pretty Red Dress (2022)
⭐IMDB: 6.5/10 (195 Votes)
🎬 #Drama #Comedy
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 2.1 GB ⦿ 804.2 MB ⦿ 465.9 MB
🌎 #UnitedKingdom
⏰ 1 နာရီ 50 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pretty Red Dress (2022)==================
သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက်ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ်ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ်ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင်ကနေ ထွက်လာခါစအဖေ။
တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာအလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ်ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြုပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာသည်နေရာကနေ ပေါ်လာတော့တာပေါ့။
ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားကကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့်သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Kisi Ka Bhai Kisi Ki Jaan (2023)
⭐IMDB: 6.8/10 (37 k Votes)
🎬 #Action #Bollywood #Comedy #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p #4K
💿 1.7 GB ⦿ 3.5 GB ⦿ 9.2 GB
🌎 #India
⏰ 2 နာရီ 19 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kisi Ka Bhai Kisi Ki Jaan (2023)******************************************
ယခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2023 ခုနှစ်ထွက်ရုံတင်ငွေ 182 ကုဋေထိရခဲ့တဲ့ ဆလူးဘိုင်လို့ ချစ်စနိုးခေါ်ကြတဲ့ စလ်မာန်ခန်းက ဘိုင်ဂျန်း(အကိုကြီး)နေရာကဦးဆောင်ပါဝင်ထားပြီး ဆလူးရည်းစားသစ်လေး ပူဂျား၊ အာသောကမင်းသားဆစ်ဒါးသ်နီဂဟမ်နဲ့မင်းသမီးချောလေး ဝရ်နာလီ ဘတ်နာဂရ်အပြင် တမီးလ်သရုပ်ဆောင်ကြီး ဂျဂါပသီဘာဘူကလည်းကိုဒါသီ နာဂေးရှ်ဝရ်အဖြစ်နဲ့ အားဖြည့်ပါဝင်လာတဲ့ အက်ရှင်ဒရာမာရုံတင်ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ်သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲလူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ)
ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကိုရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ်အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေးတွေကိုလည်းမခွဲနိုင်တော့အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကိုမွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့
အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါမွေးနေပြီမို့ အကိုကြီးကို သူ့ ex နဲ့နာမည်တူအမကြီးတစ်ယောက် ခေါ်လာပေးပြီးဂျင်းထည့် ဝိုင်းအောင်သွယ်ပေးတဲ့အခါမှာ ဘာဆက်ဖြစ်လာမလဲ ညီအကိုတွေဘယ်လိုလွဲကြဦးမလဲ စသဖြင့် အက်ရှင် အချစ် ဒရမ်မာ စုံလင်နေအောင် ကြည့်ရှုရမဲ့ကားဖြစ်ပါတယ်လူပျိုကြီး ဆလူးဘိုင်တစ်ယောက် အပြင်က သူ့အချစ်ဇာတ်လမ်းနဲ့တောင်ဆင်နေတဲ့ကျန်ရစ်ဇာတ်လမ်းလေးနဲ့အတူ သီချင်းလေးတွေဝေဝေဆာဆာနဲ့ဘယ်လိုကြမ်းရမ်းပြမလဲဆိုတာကို ပရိသတ်တို့ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ Moon ~ Aditi တို့ပဲဖြစ်ပါတယ်။...
Black Clover: Sword of the Wizard King (2023)
⭐IMDB: 7.7/10 (4 k Votes)
🎬 #Action #Adventure #Animation #Fantasy #SciFi
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 2.7 GB ⦿ 1.1 GB ⦿ 711.0 MB
🌎 #Japan
⏰ 1 နာရီ 54 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Clover: Sword of the Wizard King (2023)==================================IMDb Rating – 7.7/10
Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen typeanime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရောAnime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခုSword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမိုကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။
Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေအတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်းခံလေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင်အရပ်မရှည်လာသေးပါဘူး။ ယူနိုကတော့ ပိုပိုချောလာ..အဲလေ..ပိုရင့်ကျက်လာပါတယ်ပေါ့။
ဒီ Movie ထဲမှာ အရင်မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေက ဗီလိန်အဖြစ်ပါလာမှာမို့ Blattle ကောင်းကောင်းတွေကို တဝကြီးကြည့်ရမှာပါ။ မှော်စွမ်းအားအရ Next Level မှာရှိနေတဲ့ မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေကိုအက်စ်တာတို့ Magic Knights တွေဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Space Pups (2023)
⭐IMDB: 6.1/10 (120 Votes)
🎬 #Adventure #Family #SciFi #ScienceFiction
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.5 GB ⦿ 732.0 MB ⦿ 353.6 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Space Pups (2023)
Space Pups သို့မဟုတ် အာကာသထဲက ခွေးလေးတွေပေါ့။Space Pups ဆိုတဲ့ နာမည်နဲ့ ကာတွန်းကားတွေ ကာတွန်းဇာတ်လမ်းတွဲတွေ ထွက်ဖူးပါတယ်။ဒီရုပ်ရှင်ဟာဆိုရင်လည်း အဲနာမည်နဲ့ပဲ ထွက်လာတဲ့ Live action ပါပဲ။IMDb – 6.3 ရရှိထားတာမို့ ဒီရုပ်ရှင်ဟာဆိုရင် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။တစ်ခေတ်တစ်ခါက ခေတ်စားခဲ့ဖူးတဲ့ မိသားစုအသားပေး စွန့်စားခန်းရုပ်ရှင်အလွမ်းပြေ ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အာစီ၊ အေ့စ်နဲ့ ဟက်စ်တို့ဟာ အာကာသတွင်းမှာ ခရီးသွားလာနေတဲ့ ဂြိုဟ်သားတွေပါ။သူတို့ ခရီးသွားရင်း ဥက္ကာပျံလမ်းကြောင်းထဲဝင်သွားခဲ့လို့ ယာဉ်လည်း ထိခိုက်သွားခဲ့ပြီး ကမ္ဘာပေါ်ကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။ဆင်းသက်လာတဲ့ လမ်းကြောင်းမှာ အစိတ်အပိုင်းတွေ ပြုတ်ကျကျန်နေခဲ့ပါတယ်။အာစီတို့လည်း အဆိုပါအစိတ်အပိုင်းတွေကို ပြန်ရှာဖို့အတွက် ခွေးလေးတွေအနေနဲ့ ရုပ်ဖျက်လိုက်ပါတော့တယ်။သူတို့ ဆင်းသက်လိုက်တဲ့နေရာမှာတော့ မြို့ကနေ နွေရာသီကျောင်းပိတ်ရက်မို့ တောမြို့လေးမှာ လာနေနေတဲ့ မိသားစုတစ်စုရှိနေပါတယ်။အဲဒီမိသားစုက သားဖြစ်သူ ဆမ်နဲ့ သမီးလေး ကက်စီတို့ဟာ ခွေးအဖြစ် ရုပ်ဖျက်ထားတဲ့ အာစီတို့နဲ့တွေ့ပြီးအစိတ်အပိုင်းတွေကို လိုက်ရှာဖို့ ကူညီပေးရင်း စွန့်စားခန်းထွက်ကြပါတော့တယ်…..မိသားစုရုပ်ရှင်ဖြစ်တာမို့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ တင်ဆက်ပုံတွေ အများကြီးမျှော်လင့်မထားဘဲ ပေါ့ပေါ့ပါးပါးပဲ ကြည့်လိုက်ပါ။Low budget ဖြစ်တာမို့ တစ်ချို့ဂြိုဟ်သားအခန်းတွေမှာ အရမ်းသိသာနေတာမျိုးရှိပါတယ်။ဒါပေမယ့် သားသမီးတွေနဲ့အတူ ကြည့်ရှု့လို့ကောင်းမယ့် မိသားစုကားတစ်ကားပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Skull Island (2023- )
⭐IMDB: 6.8/10 (256 Votes)
🎬 #Action&Adventure #Animation #Family #SciFi&Fantasy #Action #Adventure #SciFi #Fantasy #Drama #Romance
🗓 2023- 🎞 tv series
📺 #1080p
🌎 #Japan #UnitedStates #UnitedStatesofAmerica
⏰ 27 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Skull Island (2023) Season 01 (Complete)Skull Island (2023) Season 01 Complete
MonsterVerse ရဲ့ ပရိသတ်များအတွက် Skull Island Animated Series Season 1 ထွက်ရှိလာပါပြီ။ Kong: Skull Island (2017) ရဲ့ Sequel ဖြစ်ပြီးတော့ King Kong ဘဝနဲ့ Skull Island မှာ ထီးနန်းစိုးစံစဉ်ကာလတွင်းကို အခြေတည်ရိုက်ကူးထားတာပါ။ King Kong (2005) ရဲ့ အငွေ့အသက်လေးတွေကိုလည်း ခံစားမိစေမှာပါ။ လေ့လာစူးစမ်းရှာဖွေသူတစ်စုက ပင်လယ်ပြင်မှာ ရွက်လွှင့်ရင်း လက်နက်ကိုင်လူတစ်စုကိုတင်ဆောင်လာတဲ့ တခြား သင်္ဘောတစ်စင်းကနေ ထွက်ပြေးလာတဲ့ ဆယ်ကျော်သက်ကောင်မလေးကို ကယ်ထားလိုက်ပါတယ်။ အဲဒီကောင်မလေးထွက်ပြေးလာတဲ့ သင်္ဘောက ကြည့်နေရင်းတင် မြင်ကွင်းကပျောက်သွားပြီး သူတို့ရဲ့ စူးစမ်းရှာဖွေရေးသင်္ဘောလေးကပါ အဲဒီ သင်္ဘောလို ကံကြမ္မာမျိုးနဲ့ ကြုံသွားရရှာပါတယ်။ အဲဒီလိုနဲ့ ရေမျောကမ်းတင် အသက်ရှင်ကျန်သူတစ်စုတင်တဲ့ကမ်းကတော့ ရေဒါပေါ်မှာ ရှာမတွေ့တဲ့ Skull Island ဖြစ်နေပြီး MonsterVerse ထဲက သတ္တဝါတွေကို မျက်ဝါးထင်ထင်တွေ့လာရပါတော့တယ်။ သူတို့တတွေ Skull Island ကနေ ဘယ်လို လွတ်မြောက်အောင် ပြန်သွားကြမလဲ…
သင်္ဘောပေါ်ကထွက်ပြေးလာတဲ့ ကောင်မလေးကရော ဘယ်သူလဲ… အဲဒီအချိန်မှာပဲ သူတို့ရှေ့က မြုပ်သွားတဲ့ သင်္ဘောပေါ်က လက်နက်ကိုင် လူတစ်စုကလည်း Skull Island ပေါ်မှာပဲ သောင်တင်လာတဲ့အခါမှာတော့… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 300MB...
Modern Love Chennai (2023- )
⭐IMDB: 7.5/10 (559 Votes)
🎬 #Comedy #Drama
🗓 2023- 🎞 tv series
📺 #1080p
🌎 #India
⏰ 1 နာရီ 9 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Modern Love Chennai (2023)Modern Love ChennaiIMDb-7.4/10
National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက်
စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ်
ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို
ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို
အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲအချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ်
လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ်
အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့်
ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ
လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ…..
အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ
၂ မျက်ဝန်းလေးတွေ
၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ
၄ ဒီဇင်ဘာ
၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး
၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့
ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ
အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ်အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ
အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ
ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့
ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ~ chiclon3 ~ Yunni ~ Thaik San တို့ပဲဖြစ်ပါတယ်)File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Drama...
Inspector Avinash (2023- )
⭐IMDB: 8.4/10 (15 k Votes)
🎬 #Action&Adventure #Mystery #Action #Adventure #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #India
⏰ 35 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inspector Avinash (2023) CompleteInspector Avinash (TV Series 2023)
IMDb – 8.4/10Fourth Wall break တယ်လို့ပြောလိုက်ရင် ကျွန်တော်တော့
Deadpool ရုပ်ရှင်တွေထဲက ဆရာဓာတ်ဘူးကြီးနဲ့ You(2018) စီးရီးထဲက
ဆရာကြီးဂျိုးဂိုးဘတ်ကို ပြေးမြင်မိတာပဲ။
သူတို့ ကာရိုက်တာတွေကို သရုပ်ဆောင်နေရင်း ကျွန်တော်တို့ ကြည့်နေတဲ့သူတွေကို
လှမ်းလှမ်းပြီး ပြောတာလေ။ တခါတလေ ကျွန်တော်တို့ ကြည့်နေတဲ့သူတွေက
အပြစ်တင်ခံရသေးတာ။(အပေါ်ကကားတွေကို မကြည့်ရသေးရင် CM မှာတင်ဆက်ပေးထားပါတယ်)
ဒီဇာတ်လမ်းတွဲထဲမှာလည်း ဆရာကြီးအာဗီနက်ရှ်က သူ့ဇာတ်ကောင်ကို
သရုပ်ဆောင်နေရင်းနဲ့ပဲ ကျွန်တော်တို့ကို လှမ်းပြီး ဇာတ်ကြောင်းပြောပြနေတာ။
ဇာတ်လမ်းအကျဉ်း
၁၉၉၇ ခုနစ်ဝန်းကျင် အိန္ဒိယနိုင်ငံ အူတာပရာဒတ်ရှ်ပြည်နယ်က အင်စပက်တာ အာဗီနက်ရှ်။
လူဆိုးတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရသူ လူကြမ်းကြီး အင်စပက်တာ အာဗီနက်ရှ်။
ဝန်ကြီးချုပ်အသက်အန္တရာယ်ကိုပါ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာတဲ့အထိ
လူဆိုးဂိုဏ်းတွေ တန်ခိုးထွားလာတဲ့အခါ ဝန်ကြီးချုပ်အမိန့်နဲ့
ပြည်ထဲရေးဝန်ကြီးကနေပြီး STF ဆိုတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။
ဇာတ်လိုက်ကျော် မစ္စတာအာဗီနက်ရှ်လည်း ဒီအဖွဲ့ထဲမှာပါတာပေါ့။အဲဒီ STF အဖွဲ့ကနေပြီး
အကြမ်းဖက်သမားတွေ ရာဇဝတ်သားတွေကို ဘယ်လိုနှိမ်နှင်း အရေးယူမလဲ။ပိုပြီးကြီးမားတဲ့ လက်နက်ဂိုဏ်းတစ်ခုနောက်ကို လိုက်ရတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ
ရဲမှုခင်းကား ကြိုက်တတ်သူတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာမို့
CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,BpL,Yunni,YH,Cherry တို့ပဲဖြစ်ပါတယ်File Size – 800MB / 400MBQuality – 1080p / 720pDuration – 46 min Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Mystery...
About My Father (2023)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Comedy
🗓 2023 🎞 movie
📺 #1080p #720p
💿 1.2 GB ⦿ 576.2 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
About My Father (2023)
သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။
~ ဇာတ်လမ်းအကျဥ်း ~
ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
Secret Invasion (2023-2023)
⭐IMDB: 7.5/10 (4 k Votes)
🎬 #Action&Adventure #Drama #SciFi&Fantasy #Action #Adventure #SciFi #Fantasy #Mystery #Thriller
🗓 2023-2023 🎞 tv mini series
📺 #4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 53 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Secret Invasion (2023)Secret Invasion (2023) Ongoing Mini Series
~ IMDb – 8.6/10, Rotten Tomatoes – 69% ~ ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်)Size ~ 2GB, 900MB+, 300MB+...
Mr. Zoo: The Missing VIP (2020)
⭐IMDB: 5.6/10 (476 Votes)
🎬 #Action #Comedy #Fantasy
🗓 2020 🎞 movie
📺 #720p
💿 949.5 MB
🌎 #SouthKorea
⏰ 1 နာရီ 54 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါ
အမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 5.7/10 ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီ
း တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။
လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။
သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။
တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။
တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။
အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။
တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။
တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လို
ပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။
ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့
တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်
နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ
(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)
ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါ
အမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 5.7/10 ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းအကျဥ်းလေးကတော့ လူနဲ့တိရိစာၦန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီ
း တိရိစာၦန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။
လျှူိ့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစာၦန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။
သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစာၦန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစာၦန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။
တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။
တိရိစာၦန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှုိက်ပုံးထဲပစ်ထည့်လိုက်တယ်။
အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။
တိရိစာၦန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစာၦန်စကားကိုနားလည်သွားတာပါ။
တိရိစာၦန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လို
ပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။
ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့
တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်
နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ
(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)...
Kondraal Paavam (2023)
⭐IMDB: 8.5/10 (309 Votes)
🎬 #Bollywood #Crime #Drama #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.9 GB ⦿ 735.8 MB
🌎 #India
⏰ 1 နာရီ 47 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kondraal Paavm(2023)ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။
ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစားအဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကိုကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာတကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။
လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံကစိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်းဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။...
Hosto (2023)
⭐IMDB: 4.4/10 (8 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 1.8 GB ⦿ 747.7 MB
🌎 #Philippines
⏰ 1 နာရီ 34 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hosto (2023)
ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။
တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။
ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ… ချစ်သူတွေဝိုင်းနေတဲ့ ပက်ထရစ်တစ်ယောက် သူနဲ့ သူချစ်ရတဲ့သူတွေ မနာကျင်စေဖို့ ဘယ်လမ်းကိုရွေးမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဆက်လက်ရှုစားလိုက်ကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Arbitrage (2012)
⭐IMDB: 6.6/10 (54 k Votes)
🎬 #Drama #Thriller
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 802.8 MB ⦿ 453.7 MB
🌎 #UnitedStates #Poland #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ်...
Pichaikkaran (2016)
⭐IMDB: 7.6/10 (2 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓 2016 🎞 movie
📺 #1080p #720p
💿 2.6 GB ⦿ 1.4 GB
🌎 #India
⏰ 2 နာရီ 3 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pichaikkaran (2016)IMDb-7.6/10
မကြာသေးခင်က CMမှာ တက်ဆက်ပေးထားတဲ့ Pichaikkaran-2(2023)ရဲ့ရှေ့ကကားပါ။Pichaikkaran1,2ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကားချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်။
ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။
ဇာတ်ကားနာမည်ကိုက”သူတောင်းစား”တဲ့။အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကိုဖော်ညွှန်းထားတဲ့အပြင် သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့။
အရွယ်ရောက်တဲ့ထိ အနှစ်နှစ်အလလပြုစု စောင့်ရှောက်လာခဲ့တဲ့ အမေဖြစ်သူ အက်ဆီးဒန့်တစ်ခုနဲ့အိပ်ရာထဲလဲပါရော။အမျိုးမျိုးအဖုံဖုံကုသခဲ့ပေမယ့်လည်း နလန်မထူလာခဲ့ပါဘူး။ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး ဗီဂျေးကို မိခင်ဖြစ်သူ နေပြန်ကောင်းစေချင်ရင်သူတောင်းစားစစ်စစ်ဘ၀နဲ့ ၄၈ရက်နေခိုင်းပါတယ်။ အဲဒီလိုနေနိုင်ခဲ့ရင် သူ့အမေ နေပြန်ကောင်းမယ်လို့ဆိုပါတယ်။ဗီဂျေးတစ်ယောက် စီးပွားရေးကိစ္စတွေ အကုန်ပစ်ပြီး သူတောင်းစားတစ်ယောက်အနေနဲ့ ၄၈ရက်နေနိုင်မှာလား။နေနိုင်ရင်ရော သူ့အမေက တကယ်ပဲနေပြန်ကောင်းလာမှာလားဆိုတာတော့ ဆက်လက်ရှုစားတော်မူပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Saii~BpL~Yunniတို့ပဲဖြစ်ပါတယ်)...
