无数据
订阅者
-524 小时
-47 天
+730 天
帖子存档
My Happy Ending (2023)
⭐IMDB: 5.2/10 (148 Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 1.6 GB ⦿ 710.9 MB
🌎 #UnitedKingdom #Israel #UnitedStates
⏰ 1 နာရီ 29 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Happy Ending (2023)
ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ… အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။
ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။
ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်းတစ်ယောက်ဖလှယ်ရင်း၊ အားလပ်ရက်ခရီးသွားတမ်းကစားကြရင်း ဂျူလီယာက သူ့ရောဂါအခြေအနေနဲ့ သူ့မှာအချိန်သိပ်မရှိတော့တာကို သတိထားမိသွားတဲ့အခါ…
သူရွေးချယ်တဲ့ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ ဘယ်လိုမျိုးလဲ… အဆင့် ၄ ကင်ဆာရောဂါသည်တစ်ယောက်အတွက် အရမ်းပြင်းတဲ့ကီမိုဆေးတွေသွင်းရင်း အချိန်ဆွဲဆန့်တာက တန်တာလား… ကျန်တဲ့အချိန်လေးမှာ ချစ်ရတဲ့သူတွေနဲ့ တန်ဖိုးရှိရှိပျော်ပျော်ရွှင်ရွှင် ဆန္ဒအတိုင်းနေထိုင်သွားတာက တန်တာလားဆိုတာ ဆက်လက်အားပေးကြပါဦး။
ဇာတ်ကားတစ်ကားလုံးက တကယ်တော့ တစ်ရက်တည်း တစ်နေရာတည်းမှာ ဖြစ်သွားတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာပေမဲ့ ကြည့်ပြီးရင် တစ်ခုခုတော့တွေးစရာကျန်ခဲ့မှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Pocket Dial Murder (2023)
⭐IMDB: 5.5/10 (111 Votes)
🎬 #Crime #Drama #Thriller #TVMovie
🗓 2023 🎞 tv movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 678.8 MB ⦿ 381.4 MB
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb – 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။...
Gone (2012)
⭐IMDB: 5.9/10 (45 k Votes)
🎬 #Thriller #Action #Adventure #Mystery
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 711.0 MB ⦿ 411.3 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်...
The Animal (2001)
⭐IMDB: 4.8/10 (62 k Votes)
🎬 #Comedy #SciFi
🗓 2001 🎞 movie
📺 #1080p #720p
💿 1.5 GB ⦿ 820.2 MB
🌎 #UnitedStates
⏰ 1 နာရီ 20 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာ
တစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့
ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်
မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်
တွေနဲ့တင် တန်စေရမယ်။
ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမား
မာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေက
ရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်
ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့
ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်
ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့
တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှု
ဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်
သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါ
လေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ်
ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်
ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလို
ပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်း
အဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် သိပ္ပံပညာရှင်
ဆရာဝန်ကြီးက တွေ့ပြီး ကယ်ဖို့ အင်္ဂါအစိတ်အပိုင်းလိုတာကို
တိရစ္ဆာန်ဟာတွေ ထည့်ပြီး ခွဲစိတ်ကုသလိုက်ရာကနေ လူစင်စစ်
ကနေ တိရစ္ဆာန်လုံးလုံး ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်း
လူသားစိတ်ကိုကျော်လွန်ပြီး တိရစ္ဆာန်စိတ် များလာတဲ့အချိန်
မှာတော့…..။ အညွန်းအတိုင်းပါပဲ ဒီဘဲကြီး တိရစ္ဆာန်စိတ်ပေါက်ပြီး
ပရမ်းပတာလုပ်တဲ့အချိန်တွေ အခွီရဆုံး အချိန်တွေပါပဲ ခွေးတွေ
လိုဖြစ်တာတို့ မိတ်လိုက်ချင်တာတို့ဆို တကယ်အတောမသတ်ရပဲ
ရယ်နေရတာ။ ဒီဟာသမင်းသားကြီး သရုပ်ဆောင်ပြီး ထိန်းသွား
တာလည်းပါတယ် မင်းသမီးလေးကလည်း ငယ်ဘဝတုန်းက ချစ်သုဝေ
တို့လို ဒီဇိုင်းနဲ့ ချစ်စရာလေး ခက်တာ ဒီကားပြီးတော့ ဆက်ရိုက်ကူးခြင်း
မရှိခဲ့တော့ အလွမ်းပြေပဲ ကြည့်ရတာပေါ့လေ။ ကဲ စိတ်ညစ်နေရင်
တော့ ဒေါင်းသာကြည့်လိုက်ပါတော့ တစ်ခုရှိတာက အဖော်အချွတ်
အိပ်ရာခန်းမပါပေမဲ့ လိင်ဟာသလေးတွေ ပါတာမို့ ကလေးသူငယ်ရှိ
တစ်ချက် သတိထားစေလိုပါတယ်ဗျ။...
A Nashville Legacy (2023)
⭐IMDB: 6.4/10 (192 Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2023 🎞 tv movie
📺 #1080p #720p
💿 1.5 GB ⦿ 776.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Nashville Legacy(2023)
************************
Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။
ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။
ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ
အလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှ
ာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။
အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေ
တစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ….....
Bangkok Storm (2023)
⭐TMDB: 20.0% User Score
🎬 #Action #Crime #Drama
🗓 2023 🎞 Movie
📺 #1080p #480p
💿 975.5 MB ⦿ 414.7 MB
🌎 #China
⏰ 1 နာရီ 19 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Action ကားကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်Bangkok Storm ဆိုတဲ့ လက်ဝှေ့ကားလေးကိုဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
မြေအောက်လက်ဝှေ့ချန်ပီယံဖြစ်သူ လင်ဖုန်းဟာ အသက်အန္တရာယ်နဲ့ခြိမ်းခြောက်ခံနေရတဲ့ကြားက လက်ဝှေ့အတုမထိုးတဲ့အတွက် လုပ်ကြံခံခဲ့ရလို့အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ လင်ဖုန်းတစ်ယောက်အပေါ်ယံမှာတော့ ရိုးသားဖြူစင်ပြီး ပေါ့ပေါ့ပါးပါးနေသလို ဖြစ်နေပေမဲ့အတိတ်က အဖြစ်အပျက်တွေမှာတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။
ရန်ငြိုးအသစ် အဟောင်းတွေ ရောထွေးနေပေမယ့်လည်း သိုင်းပညာစိတ်ဓာတ်ကိုဆက်လက်ထိန်းသိမ်းပြီးတော့ ဒုစရိုက်ဂိုဏ်းတွေနဲ့ လုံးဝ မပူးပေါင်း ခဲ့ပါဘူး။နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင် အစွမ်းဖြင့် လောင်းကစားရုံကိုဖျက်ဆီးခဲ့နိုင်ပြီး မကောင်းမှုတွေကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လင်ဖုန်းတစ်ယောက် ဒုစရိုက်ဂိုဏ်းကြီး တစ်ခုလုံးကို ဘယ်လို တိုက်ခိုက်မလဲ……သူချစ်ရတဲ့ လူတွေကိုရော အန္တရာယ်ထဲက ကြိုးစား ကာကွယ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။...
Cosmopolis (2012)
⭐IMDB: 5.1/10 (49 k Votes)
🎬 #Drama #Crime #Fantasy #Mystery #Thriller
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 793.6 MB ⦿ 433.5 MB
🌎 #Canada #France #Portugal #Italy
⏰ 1 နာရီ 49 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်းပေါင်းများစွာသော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းကနေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး)...
New Religion (2022)
⭐IMDB: 5.9/10 (109 Votes)
🎬 #Drama #Horror
🗓 2022 🎞 movie
📺 #1080p #720p
💿 2.1 GB ⦿ 416.7 MB
🌎 #Japan
⏰ 1 နာရီ 40 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
New Religion(2022)
*******************
မာရာဘီ ဟာ Single Mother ဖြစ်ပြီး သမီးဖြစ်သူနဲ့ နေထိုင်ရင်းဝမ်းရေးအတွက် ကြေးကြီးဇိမ်မယ်
အလုပ် ကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ တစ်ရက်မှာ သမီးဖြစ်သူ သေဆုံးသွားတာကြောင့် စိတ်ဆင်းရဲနေချိန်မှာ
ယောက်ျားဟောင်းဖြစ်သူကပါ သမီးသေသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး လာနှိပ်စက်သွားလို့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေ မီးလောင်ရာလေပင့်ဖြစ်နေပါတယ်။
ဒီလိုသောကပွားနေတဲ့ မာရာဘီကို တစ်ရက်မှာ သူ့အလုပ်က ဖောက်သည် အသစ်တစ်ယောက်နဲ့ချိတ်ဆက်ပေးလို့
ထိုသူ့ဆီရောက်သွားပါတယ်။ ထိုဖောက်သည်ဟာ မာရာဘီနဲ့ ပက်သက်ပြီး တခြားကိစ္စကိုစိတ်မဝင်စားဘဲ
ခန္ဓာကိုယ်ကိုသာ ဓါတ်ပုံရိုက်ဖို့ စိတ်ဝင်စားတဲ့ ထူးထူးဆန်းဆန်းလူတစ်ယောက်ပါ။
နောက်ပြီး နောက်ရက်တွေမှာလည်း မာရဘီကို ထပ်ခေါ်ပြီး ဓါတ်ပုံရိုက်ရင်း ထူးဆန်းတာတွေ ပြောပြပါတယ်။
ထို သူက မာရာဘီရဲ့ စိတ်ဆင်းရဲမှုတွေကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါသေးတယ်။
သူပြောသလိုပဲ မာရဘီရဲ့စိတ်ဆင်းရဲမှုတွေ ပျောက်သွားမလား၊ မပျောက်ကင်းဘဲ ပိုဆိုးသွားမလားဆိုတာကိုတော့
ဇာတ်ကားလေး ထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးဗျာ။ကလေးတစ်ယောက်ပြေးရင်းလွှားရင်း အကြောင်းတစ်ခုခုကြောင့် မှောက်လျက်လဲသွားချိန်မှာ ထူပေးရင်
ဆွဲထူပေးတဲ့သူဘယ်သူဖြစ်နေနေ လက်လှမ်းပြီး ထတတ်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေလည်း
ကိုယ် ဒုက္ခရောက်ချိန် အနားမှာ နှိမ့်သိမ့်ပေးသူ၊ ကူညီပေးသူမှန်သမျှကို ကျေးဇူးတင်ရုံမက ယုံမှတ်ပြီး
ထိုသူပြောသမျှကို လိုက်လုပ်တတ်ပါတယ်။ ကိုယ့်ကို ကူညီတဲ့သူက စေတနာနဲ့လား၊ ဝေဒနာပေးဖို့လားဆိုတာ ထိုအချိန်မှာ
မတွေးမိ တတ်တဲ့အတွက် ဒီလိုလူတွေရဲ့အားနည်းချိန်ကို ကျားချောင်းချောင်းနေတဲ့သူတွေရဲ့ သားကောင်အဖြစ်
ရောက်သွား လေ့ရှိကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို သေချာရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။...
The Spiderwick Chronicles (2008)
⭐IMDB: 6.5/10 (99 k Votes)
🎬 #Action #Adventure #Drama #Family #Fantasy #Thriller
🗓 2008 🎞 movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 729.4 MB ⦿ 487.3 MB
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Spiderwick Chronicles (2008)========================IMDb Rating – 6.5/10
ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကိုမှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ်ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်းခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့ပါသေးတယ်။ သရုပ်ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက်ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေးကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပိုစတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး SarahBolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။
ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကိုပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ်ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ်အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော်ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကိုကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သတ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက်ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...
Master Gardener (2022)
⭐IMDB: 6.3/10 (3 k Votes)
🎬 #Drama #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 532.9 MB ⦿ 1.2 GB
🌎 #UnitedStates #Australia #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Master Gardener (2022)
~ IMDb – 6.3/10, Rotten Tomatoes – 70% ~
“God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။
ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အကြောင်းခံလေးတွေပေါ်လာပါတော့တယ်။
ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။
“God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။
အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။
ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။
ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက“ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ”ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Monica (2022)
⭐IMDB: 6.2/10 (598 Votes)
🎬 #Drama
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 2.2 GB ⦿ 1.2 GB ⦿ 594.1 MB
🌎 #Italy #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.3 Rotten Tomatoes 83% 2 wins ,6 nominations ဒီကားလေးကတာ့ ၂၀၂၂တုန်းကထွက်ခဲ့တဲ့ မိသားစုဒရာမာကားကောင်းလေးပါ။ မော်နီကာဆိုတဲ့အမျိုးသမီး ဘရိန်းကျူမာရောဂါခံစားနေရတဲ့မိခင်အိုကြီးကိုဂရုစိုက်ပေးဖို့ နှစ်၂၀အတွင်းမှာ အိမ်ကိုပထမဦးဆုံးပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မော်နီကာဟာ မိခင်ဖြစ်သူ ယူဂျီးနီးယားက သူ့ကိုမှတ်မိဖို့ရာ မသေချာပေမယ့် သူ့ရဲ့ငယ်ဘ၀တုန်းကအိမ်လေးမှာ မိသားစုဝင်တွေနဲ့ပြန်ဆုံဆည်းပြီး အတိတ်ကဒဏ်ရာတွေကိုကုသရင်း ခွင့်လွှတ်ခြင်း၊ လက်ခံခြင်းတွေနဲ့အတူ သူ့ဘ၀အတွက်လမ်းအသစ်ဖောက်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်က မော်နီကာဆိုတဲ့အမျိုးသမီးရဲ့ နာကျင်မှုတွေ၊စိတ်ဒဏ်ရာတွေ၊လိုအင်ဆန္ဒတွေကို ရိုက်ပြထားပြီး မိသားစုတစ်ခုအတွင်းက ချစ်ခြင်းမေတ္တာ၊ခွင့်လွှတ်နားလည်ပေးမှု၊ပစ်ပယ်ခံရမှုတို့ကိုလည်း မီးမောင်းထိုးရိုက်ကူးပြထားတဲ့ healing drama ကားကောင်းလေးမလို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (Nudity နဲ့ sex scene တချို့ပါတာကိုတော့သတိပြုပေးပါ)...
Firenado (2023)
⭐TMDB: 60.0% User Score
🎬 #Action
🗓 2023 🎞 movie
📺 #1080p #720p
💿 1.1 GB ⦿ 610.5 MB
🌎 #UnitedKingdom #UnitedKingdom
⏰ 1 နာရီ 15 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ ဒီတစ်ခါတော့ တော်တော်ကြီးကြမ်းတဲ့ လေဆင်နှာမောင်းတစ်ခုအကြောင်းကိုရိုက်ပြထားတဲ့2023 ထွက် ဇာတ်ကားအသစ် လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေမင်းသား Stephen Staley နဲ့ မင်သမီးချောလေး Sian Altman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်(ကျွန်တော်ကတော့ မင်းသမီးပဲထိုင်ကြည့်နေတာ D:)
ဇာတ်လမ်းကတော့ မင်းသီးတို့အဖွဲ့က မိုးလေဝသပညာရှင်အဖွဲ့ တစ်ခုလေလေ့လာမှုတွေ စူးစမ်းမှုတွေ တီထွင်မှုတွေနဲ့ Research & Development Team ပေါ့တစ်နေ့တော့ သူတို့တီထွင်ထားတဲ့ ကိရိယာတစ်ခုကို လေဆင်နှာမောင်းအသေးစားလေးတစ်ခုနဲ့သွားပြီး စမ်းသပ်ခဲ့တာပေါ့ရည်ရွယ်ချက်ကောင်းတွေနဲ့စမ်းသပ်ခဲ့ကြတာပါပဲ ဒါပေမဲ့ လက်တည့်မစမ်းသင့်တာတစ်ခုကိုသွားစမ်းပြီးတဲ့နောက်တော့…………
နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲလေဆင်နှာမောင်းကရော ဘယ်လိုအခြေအနေဖြစ်သွားမလဲဒီထဲမှာဘာတွေပတ်သတ်နေသေးတာလဲအဲ့ဒီလေဆင်နှာမောင်းကို အခွင့်အရေးယူပြီး အသုံးချတဲ့လူတစ်စုကရော ဘယ်လိုဇာတ်သိမ်းခဲ့ရလဲ……..အစရှိတဲ့ ဇာတ်ကွင်းဇာတ်ကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
That's My Boy (2012)
⭐IMDB: 5.5/10 (105 k Votes)
🎬 #Comedy #Drama
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.8 GB ⦿ 1021.2 MB ⦿ 606.2 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။
လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ သူ့သားက သူ့ရင်ကိုစုံကန်ပြီး ထွက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားပြီး ဒွန်နီတစ်ယောက် မဖြစ်မနေ သူ့သားနဲ့ ပြန်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့ ပြတ်သွားတဲ့ရေစက်ကို ပြန်ဆက်ဖို့ သားဆီအရောက်လှမ်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကို အမုန်းကြီးမုန်းနေတဲ့ သားက မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်မပြုတာမို့ သားနဲ့အဆင်ပြေဖို့အရေး စစ်ဆင်ရေးစခဲ့ရပါတော့တယ်။
ဒွန်နီက သူ့သားဆီ နှစ်တွေကြာသွားပြီးမှ ဘာလို့ သွားရှာခဲ့တာလဲ။ သူ့သားကရော သူ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား။ သူသွားရှာရတဲ့ ရည်ရွယ်ချက်ကရော အောင်မြင်နိုင်ပါ့မလား။ သူ့သားရဲ့ သတို့သမီး မိသားစုကရော သူ့ကို အသိအမှတ်ပြု ရင်းနှီးသွားနိုင်မှာလား ဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဖော်ချွတ်အခန်းတွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ ပါတာမို့ ထုံးစံအတိုင်း မိသားစုနဲ့မကြည့်သင့်ပါ၊ တစ်ယောက်တည်းကြည့်ရင်လည်း တချို့နေရာတွေမှာ အသံတိုးပြီး ကြည့်ကြပါလို့) ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။...
Would You Rather (2012)
⭐IMDB: 5.7/10 (43 k Votes)
🎬 #Horror #Thriller
🗓 2012 🎞 movie
📺 #1080p #720p
💿 1.1 GB ⦿ 491.9 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မင်းသာဆိုရင်ဘာလုပ်မလဲ” ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်ခေါ်တာခံလိုက်ရပါတယ်။
ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။...
Punch (2022)
⭐IMDB: 6.3/10 (537 Votes)
🎬 #Drama #Sport
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 789.6 MB ⦿ 359.5 MB
🌎 #NewZealand
⏰ 1 နာရီ 39 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.4/10 ထိရရှိထားပြီး 2023 Nominee Audience Award အတွက်ဇကာတင်ထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့အတုအယောင်တွေ၊ပေါ်ယံတွေပေါများတဲ့လောကအကြောင်းကိုလူငယ်လေးနှစ်ယောက်ရဲ့ဘဝဇာတ်လမ်းလေးတွေနဲ့ရိုက်ကူးပြထားတာကိုတွေ့ရမှာပါ Whetu နဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးနှစ်ယောက်ဟာ သူတို့နေတဲ့အမြင်ကျဉ်းမြောင်းပြီးအကျင့်ယုတ်တဲ့သူတွေရှိတဲ့မြို့လေးကနေထွက်သွားနိုင်ဖို့အတွက်ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ပြီးကြိုးစားကြရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်...
Summer Camp Girls (1983)
⭐TMDB: 80.0% User Score
🎬 #Adult #Comedy
🗓 1983 🎞 Movie
📺 #1080p #720p
💿 2.0 GB ⦿ 1.0 GB
🌎 #UnitedStates
⏰ 1 နာရီ 29 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အမေရိကန် ပျိုဖြူလေးတွေအတွက် သီးသန့်ထိန်းကျောင်းတဲ့နွေရာသီ လေ့ကျင့်ရေးစခန်းမှာ ဖြစ်ပွါးခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပါ…အမေရိကန်ပျိုဖြူလေးတွေရဲ့ ဘွင်းဘွင်းရှင်းရှင်း အန်ဆင်ဆာ အချစ်ဇာတ်လမ်းလေး…
တကယ်တော့ အဲဒီစခန်းကို ဘယ်သူမှမသွားချင်ကြပါဘူးဘာလို့လဲဆိုတော့ အနေထိုင် အရမ်းတင်းကြပ်လို့ပါပဲ
အန်ဂျလာ…..အန်ဂျလာကတော့ လူကုံထန်အသိုင်းဝိုင်းက ပေါက်ဖွါးလာသူလေးပြစ်မျိုးမှဲ့မထင်လေး အလှတရားပြည့်စုံတယ်….သူမရဲ့အဖေက အရမ်းစည်းကမ်းတင်းကြပ်တယ်သူမအဖေက ဘာသာရေးသမားအခုလည်းကြည့်လေ အန်ဂျလာချစ်သူက တခြားဘာသာဝင်ဖြစ်နေလို့မရရအောင်ဖြတ်ပြီး လေ့ကျင့်ရေးစခန်းပို့ပစ်တယ်…
အဲမှာ အန်ဂျလာတစ်ယောက် အထူးဆန်းတွေ စတွေ့တာပဲသူရဲ့အခန်းဖော်တွေက ပူစီလေးတွေ..သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ…စိတ်ဝင်စားဖို့ကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းခန်းတွေ များတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...
Credimi! (2022)
⭐IMDB: 7.0/10 (12 Votes)
🎬 #Drama #Family #Fantasy
🗓 2022 🎞 movie
📺 #1080p #720p
💿 2.4 GB ⦿ 727.7 MB
🌎 #Italy
⏰ 1 နာရီ 24 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Credimi! (2022)
~ IMDb rating – 7/10 ~
သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။
ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့…
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ့် Fantasy နဲ့ကိုယ် ကျင်လည်တတ်ကြသမို့ သားသားမီးမီး ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ကိုယ်တိုင်ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ဒေါင်းကြည့်လိုက်ကြပါဦးလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Pichaikkaran 2 (2023)
⭐IMDB: 5.9/10 (1 k Votes)
🎬 #Action #Bollywood #Drama #SciFi #ScienceFiction #Thriller
🗓 2023 🎞 movie
📺 #4K #1080p #720p
💿 8.5 GB ⦿ 3.0 GB ⦿ 1.2 GB
🌎 #India
⏰ 2 နာရီ 31 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pichaikkaran 2 (2023)
2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလိုရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ဆရာဝန်တစ်ယောက်က နှလုံးတွေ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ်ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါသူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကိုဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာတစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင်ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်
အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ်...
A Tale of Sorrow (1977)
⭐IMDB: 6.3/10 (276 Votes)
🎬 #Drama
🗓 1977 🎞 movie
📺 #1080p #720p
💿 1.7 GB ⦿ 744.4 MB
🌎 #UnitedStates #Japan
⏰ 1 နာရီ 33 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Tale of Sorrow and Sadness ( 1977 )
ဒီ Erotic ကားကို ရိုက်တဲ့လူက seijun suzuki။ လူတော့သိပ်သိမှာမဟုတ်ပေမဲ့ ဂျပန်ရုပ်ရှင်ကို ဂိတကာဂိနေတဲ့လူတစ်ချို့တော့ သိကြလိမ့်မယ်။ Branded to Killတို့ Tokyo Drifterတို့လို ထိပ်တန်းစာရင်းဝင်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Action Crime ကားတွေကို ရိုက်ခဲ့တဲ့သူ။ ဒါပေမဲ့သူက ၁၉၅၆ လောက်ကတည်းကနေ ၁၉၆၇အထိ B Movies တွေရိုက်လာတဲ့သူဆိုတော့ ဒီကားကို သူပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တာ ဆန်းတော့လည်းမဆန်းဘူး။ ဒါပေမဲ့လည်း သာမန် Erotic ကားတွေနဲ့ နည်းနည်းမှ မတူတဲ့အချက်ကိုတော့ ကျွန်တော်တို့လက်ခံရမှာပဲ။ စတိုရှိခွန်ရဲ့ Perfect Blue တောင် ဒီကားရဲ့ အငွေ့အသက်နည်းနည်းယူထားသလားလို့ပါ မြင်မိတဲ့အထိ Erotic ကားပေမဲ့ တော်တော်လေး ဆိုက်ကိုဆန်ပြီးကြမ်းတယ်။ Perfect Blueကိုယ်တိုင်လည်း တော်တော်လေးကြမ်းနေတာ ဒီအငွေ့အသက်မကင်းခဲ့လို့လားလို့ ထင်ချင်စရာကောင်းတယ်။ ထင်မြင်ချက်သက်သက်ပါပဲ။ ဒီလိုခံစားရတာတော့ ကျွန်တော့်ဘက်ကသေချာတယ်။ ကိုယ့်အထင်နဲ့ ကိုယ်တိုက်ကြည့်ပေါ့။ seijun suzukiဟာ Takeshi Kitanoလို ဂျပန်ဒါရိုက်တာဆရာကြီး, Wong Kar-waiလို ဟောင်ကောင်ဒါရိုက်တာဆရာကြီးနဲ့ Quentin Tarantinoလို ဟောလိဝုဒ်ဆရာကြီတွေကပါ အထင်ကြီးလေးစားရတဲ့သူဆိုလည်း မမှားဘူး။ နူးညံ့တဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့လူတွေအတွက်တော့ ကားကောင်းဟုတ်ချင်မှဟုတ်မှာပေမဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်တဲ့ဘက်ခြမ်းကို မြင်ချင်တဲ့လူတွေအတွက်တော့ A Tale of Sorrow and Sadness ဟာ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။
သူ့ဇာတ်ကတော့ ဂေါက်ရိုက်သမလေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက်အောင်မြင်အောင်လုပ်ပေးလိုက်ပြီးတဲ့နောက် အဲဒီဂေါက်ရိုက်သမလေး ခံခဲ့ရတဲ့ အောင်မြင်မှုဒဏ်တွေ အတိုက်အခိုက်တွေ လဲပြိုမှုတွေ အတုအယောင်တွေအကြောင်းပါပဲ။ ပြောရရင် Perfect Blue နဲ့ အတိုင်းအတာတစ်ခုအထိ ထပ်တူညီပါတယ်။ မတူတာက စတိုရှိခွန်ဟာ အန်နမဲသမားပီပီသသ သူ့စိတ္တဇကမ္ဘာကို ပိုစိတ္တဇဆန်အောင်ပုံဖော်သွားပြီး ဆူဇူကီးကတော့ သူ့စိတ္တဇကမ္ဘာကို လူတွေကြားမှာပဲ ပီပြင်လာအောင် ပုံဖော်သွားခဲ့ပါတယ်။ အသိရခက်တဲ့ရုပ်ရှင်တစ်ကားမို့ လူတိုင်းတော့ အကြိုက်တွေ့မှာမဟုတ်သလို Erotic Scene တွေလည်းပါလို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Wပါ )...
A Family (2021)
⭐TMDB: 72.0% User Score
🎬 #Action #Crime #Drama
🗓 2021 🎞 Movie
📺 #1080p #720p
💿 2.3 GB ⦿ 1.0 GB
🌎 #UnitedStates #Japan
⏰ 2 နာရီ 16 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Family (RT 71% , IMDb 7 )
ယာကူဇာ… ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ… ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့… ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..
တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ … ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်…
မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်… ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ…
ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်… ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်…
ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဖြိုခွင်းရေး ဥပဒေတွေ မပေါ်ပေါက်ခင် အခြေအနေနဲ့ … ဥပဒေပြဌာန်းပြီး ယာကူဇာတွေရဲ့ ဘဝဟာ ဘယ်လောက်တောင် ကြပ်တည်းသေးသိမ်သွားသလဲဆိုတာကို ယာမာမိုတိုကို အခြေတည်ပြီး ဖော်ပြထားတာပါ…
ဂျပန်လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းကျဉ်ခြင်းကို ခံရတဲ့ လူမိုက်ကြီးတွေ အကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်လမ်းရဲ့ ရိုက်ချက်တွေ ဇာတ်ကွက်တွေက ကြည့်ကောင်းသလား မကောင်းသလား rating တွေကတော့ တစ်ဖက်တစ်လမ်းက ထောက်ပြပေးနေပါတယ်… ယာကူဇာကားတွေ ဂိုဏ်းဂဏကားတွေ ကြိုက်တတ်ရင်တော့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )...
