无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Monday (2020) ⭐IMDB: 5.7/10 (6 k Votes) 🎬 #Drama #Romance #Uncategorized 🗓 2020 🎞 movie 🌎 #UnitedKingdom #UnitedStates #Greece #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Drama,RomanceIMDb – 5.7/10 ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။ အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေတကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင်ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။ နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက်မနေတတ်တဲ့သူက ကလေးအဖေဘဝနဲ့လည်း အဆင်မပြေပါ။ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်ကရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့်သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်းသေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင်ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီးနှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။ အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လိုဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။ဒါကို တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကိုရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။...
Concussion (2015) ⭐IMDB: 7.1/10 (101 k Votes) 🎬 #Biography #Drama #Sport 🗓 2015 🎞 movie 🌎 #UnitedKingdom #Australia #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman ကရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကိုစိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက်စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန်ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။ တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက်သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေကဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီးအားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။...
Third Suspect (2024) ⭐TMDB: 0% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်…ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်… ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့…ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း…ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်… ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကိုသတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့်ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်… သံသယရှိသူတွေကတော့ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ်အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည်တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ်ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ် ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတော့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့...
Archier Gallery (2023) ⭐IMDB: 7.0/10 (33 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Archier Gallery 2023 (အာချီရဲ့ပြခန်း) ဒီတစ်ခေါက်မှာတော့ အရိုအချိုဒရာမာလေးတွေနဲ့ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့်အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။ အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကိုမြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာသူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။ အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ …….အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ ….အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ….. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ Suri ~ Cyrah တို့ပဲဖြစ်ပါတယ်)...
Gaddi Jaandi Ae Chalaangaan Maardi (2023) ⭐IMDB: 6.6/10 (242 Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကား စိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကိုဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့်ကပ်စေးနည်းဖေဖေကြီးနဲ့ ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူးခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကိုအိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင်ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာသတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့်ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကိုကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့်လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Majbooriyan (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Romance #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 30 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Majbooriyan (2023) “အတိတ်ရဲ့ အရိပ်”IMDb – 5.7/10 အိန္ဒိယဆန်တဲ့အလှလို့ခေါ်ရမလားပဲ… ဆာရီလေးနဲ့ ခန္ဓာကိုယ်သွယ်လျကျစ်လစ်နေမှုက အရမ်းကိုလိုက်ဖက်နေတဲ့အိန္ဒိယမင်းသမီးချောလေး Mahima Guptaရဲ့ အလှတွေကိုခံစားကြရဖို့တင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတယ်ဆိုတာနဲ့အတူ ရွာထဲဖြစ်သမျှ တစ်ရွာလုံးသိသလိုအိပ်ယာပေါ်ကကိစ္စတွေကလည်း လုံလုံခြုံခြုံသိမ်းမထားနိုင်တာနဲ့အမျှ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့သိကုန်ကြတာမျိုးပေါ့။ ဆိုနာလီတစ်ယောက်လည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ကြုံရပါတယ်။ဆိုနာလီဆိုတာ ချစ်စရာသမီးလေးတစ်ယောက်နဲ့ သူ့ကိုသိပ်ချစ်ပေးတဲ့ခင်ပွန်းသည်ရယ်နဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေးတစ်ဦး။ဒုတိယရင်သွေးရဖို့ လင်မယားနှစ်ယောက် အသည်းအသန်ကြိုးစားနေတုန်းမှာပဲသူ့ဆီကိုရောက်လာတာက အတိတ်ကအရိပ်မည်းကြီးတစ်ခု။ အိမ်ထောင်မကျခင်က အချစ်ဦးနဲ့အတူ ချစ်ကြည်နူးတစ်တီတူးခဲ့တဲ့ဗီဒီယိုကသူ့ဆီကို ဖုန်းမတ်ဆေ့ချ်ကနေ ဆက်တိုက်ပို့နေခဲ့ပါတော့တယ်။ ဒီမှာပဲဆိုနာလီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Leviathan (1989) ⭐TMDB: 59% User Score 🎬 #Adventure #Horror #Mystery #SciFi #Thriller #ScienceFiction 🗓 1989 🎞 movie 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Leviathan (1989) =========== ထရိုင်အိုးရှင်းဆိုတဲ့ကော်ပိုရေးရှင်းကြီးတစ်ခုဟာ ဘူမိပညာရှင်တစ်ဦးဖြစ်တဲ့ စတိဗ်ဘတ်ခ်ကို ငှားရမ်းပြီးပင်လယ်အောက်သတ္တုတူးဖော်မှုကိုကာလရှည်ဆောင်ရွက်နေပါတယ်။တစ်နေ့တော့ အဖွဲ့သားနှစ်ယောက်ဟာစခန်းထဲကအပြင်ထွက်ပြီး တူးဖော်ရေးလုပ်နေချိန်မှာ လဗိုင်ယာသန် ဆိုတဲ့သင်္ဘောပျက်တစ်စီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သင်္ဘောဟာရုရှားသင်္ဘောဖြစ်ပြီး ရှာတွေ့ခဲ့တဲ့စာရွက်စာတမ်းတွေအရ သင်္ဘောပေါ်မှာရှိသမျှလူအားလုံးဟာ သေဆုံးခဲ့ပြီးသားဖြစ်ပါတယ်။သင်္ဘောကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်နှစ်မြုပ်ခဲ့တာလို့သိရပေမယ့်တစ်ခြားအချက်အလက်တွေကပဟေဠိဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီသင်္ဘောထဲကို ဝင်ရောက်သွားခဲ့တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဆစ်ပတ်ခ်ဟာအရေပြားအင်ပြင်တွေထရာကနေ နာရီပိုင်းအတွင်းသေဆုံးသွားခဲ့သလို ဆစ်ပတ်ခ်နဲ့အတူသွားခဲ့တဲ့ ဘိုးမန်းဆိုတဲ့အဖွဲ့သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ရဲ့အလောင်းနှစ်လောင်းဟာတစ်ခုတည်းအဖြစ်ပူးပေါင်းသွားခဲ့ပြီး သူတို့ကိုစတင်တိုက်ခိုက်ခဲ့သလို အဲ့ဒီကနေပြတ်ကျန်နေခဲ့တဲ့ ခြေထောက်တစ်ဖက်ကပါအသက်ဝင်အသွင်ပြောင်းလာတဲ့အခါမှာတော့..။ Alien တို့၊ Virus တို့လို Vibe မျိုးနဲ့အမိုက်စား science fiction horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Force of Nature: The Dry 2 (2024) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Dry 2 – Force of Nature (2024) ======================= စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
The Lodger (2009) ⭐TMDB: 57% User Score 🎬 #Crime #Horror #Mystery #Thriller #Drama 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lodger (2009) ============ အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ်သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။ စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာလွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား?အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Shortcut (2020) ⭐IMDB: 4.1/10 (2 k Votes) 🎬 #Adventure #Fantasy #Horror 🗓 2020 🎞 movie 🌎 #Italy #Germany ⏰ 1 နာရီ 21 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shortcut (2020) ============ တစ်ကျောင်းတည်းနေ လူငယ်ငါးယောက်ဖြစ်တဲ့ နိုလန်၊ဘတ်စ်၊ရယ်ဂျီ၊ကွီနီနဲ့ကားလ်တို့ဟာ သူတို့ကားဒရိုင်ဘာကြီး ဂျိုးဆက်ဖ်နဲ့အတူ field trip တစ်ခုထွက်လာခဲ့ပါတယ်။တစ်ဖြည်းဖြည်းခရီးရောက်လာရင်း သူတို့လမ်းပေါ်မှာသစ်ပင်တစ်ပင်လဲကျနေတဲ့အတွက် တစ်ခြားလမ်းကြောင်းတစ်ခုကနေပြောင်းသွားခဲ့ရပါတယ်။ဒီလမ်းမှာလဲ သမင်သေတစ်ကောင်ကန့်လန့်ခံနေတဲ့အတွက် ဆင်းဖယ်နေချိန်မှာ သူတို့ကားပေါ်ကိုသေနတ်ကိုင်လူသတ်သမားတစ်ယောက်တက်လာပြီး ကားကိုပြန်ပေးဆွဲပါတော့တယ်။ တစ်ယောက်တည်းပေမယ့် လက်နက်ကိုင်ထားတာရယ်၊ လူငယ်တွေဖြစ်တာရယ်ကြောင့် ပြန်ပေးသမားခိုင်းတဲ့လမ်းကြောင်းအတိုင်းမောင်းရင်း လှိုဏ်ခေါင်းတစ်ခုကိုအဝင်မှာတော့ အဖြေရှာမရပဲ ကားထိုးရပ်သွားသလို ထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့ဟိန်းသံကိုလည်းကြားလိုက်ရတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ပြန်ပေးသမားထက်အဆပေါင်းများစွာပို ကြောက်ဖို့ကောင်းတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ creature features horror ဇာတ်ကားတစ်ကားဖြစ်တာနဲ့အညီ အဲ့ဒီဇာတ်လမ်းတွေမှာပါသင့်ပါထိုက်တဲ့အင်္ဂါရပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။Genre ပရိသတ်တွေအကြိုက်တွေ့မယ့်ကားမျိုးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Enough (2002) ⭐TMDB: 67% User Score 🎬 #Crime #Drama #Thriller 🗓 2002 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Enough (2002) =========== ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲမစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာလက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာမျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေးအချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Tarot (2024) ⭐IMDB: 4.9/10 (5 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Serbia #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။ သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်…. ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။...
Surf's Up (2007) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Comedy #Family #Sport 🗓 2007 🎞 movie 🌎 #UnitedStates #Canada #France #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Surf’s Up (2007) IMdb – 6.7/10 Rt – 79% ငယ်ငယ်က အခွေခေတ်မှာ ကြည့်ခဲ့ရတဲ့ ရေလွှာလျောစီးပင်ဂွင်းကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုဒီ မက်ဗရစ်ကတော့ အန္တာတိကတိုက်မှာနေပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ဘစ်ဇီဆိုတဲ့ ဂန္တဝင် ရေလွှာလျောစီးသမားကိုအားကျလေးစားတဲ့ ပင်ဂွင်းလေးပါ။ပင်ဂွင်းတွေရဲ့လုပ်ရမဲ့ အလုပ်ကို စိတ်မဝင်စားပဲ ရေလွှာလျောစီးတာကိုအရူးအမူးဖြစ်နေတာကြောင့် ကိုဒီ ကိုမတည့်အတူနေသူ့အကို ဂလန်က အမြဲအနိုင်ကျင့်နေကျပါပဲ။ တစ်နေ့မှာတော့ ကိုဒီနေတဲ့ အန္တာတိကကို ဘစ်ဇီအမှတ်တရရေလွှာလျောစီးပြိုင်ပွဲအတွက် ကမ္ဘာအနှံ့ပတ်ပြီး ပါရမီရှင်တွေကိုရှာဖွေယူတဲ့ ဝေလငါးကြီးရောက်ရှိလာခဲ့ပါတယ်။ကိုဒီလည်း သူ့အစွမ်းပြချင်ပေမဲ့ လှိုင်းမရှိတာကြောင့် အစွမ်းပြခွင့်မရလိုက်ပဲဝေလငါးက ဆက်ထွက်သွားပါတော့တယ်။ ကိုဒီလည်း သူ့အိပ်မက်ကို လက်လွှတ်မခံနိုင်တာမလို့ဝေလငါးနောက်အမှီလိုက်ရင်း ချစ်ကင်း ဂျိုးဆိုတဲ့ရေလွှာလျောစီးသမားက ကူပေးလို့ ပြိုင်ပွဲမှာ ဝင်ခွင့်ရသွားခဲ့ပါပြီ။ဒီလိုနဲ့ ကိုဒီတစ်ယောက်က သူ့လေးစားအားကျရတဲ့ ဘစ်ဇီလိုရေလွှာလျောစီးသမားဖြစ်လာမလား ၊ ချစ်ကင်း ဂျိုးနဲ့ ကိုဒီတို့ကြားကမိတ်ဆွေကောင်းဆက်ဆံရေးနဲ့ ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Rating တွေကောင်းတဲ့အပြင်ကိုမှ ငယ်ဘဝအမှတ်တရတွေနဲ့ပြည့်နေတဲ့ ကာတွန်းကားလေးဖြစ်တာမလို့ စိတ်အပန်းဖြေရင်းရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။...
Everything Under Control (2023) ⭐IMDB: 4.8/10 (126 Votes) 🎬 #Action #Comedy #Crime 🗓 2023 🎞 movie 🌎 #HongKong ⏰ 1 နာရီ 49 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Everything Under Control ( 2023 )============================ ဒီဟောင်ကောင်ရုပ်ရှင်ကတော့ အက်ရှင်နဲ့ဟာသနဲ့ ဟော်ရာနဲ့ကို ရောစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်ကို ပြန်ရအောင်ထည့်ထားသလို တစ်ကားလုံးဟာသမြောက်အောင် လက်တွေ့မကျခြင်းတွေ ပတ်လည်ဝိုင်းပြထားတဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဂန်းစတားတွေ ရတနာတွေ လျှို့ဝှက်ဆန်းကြယ်နေရာတွေ ပဟေဠိဆန်တဲ့လူတွေ သရဲတွေစသဖြင့် ဒီရုပ်ရှင်မှာ ပါဝင်တဲ့ Elementsတွေက စုံလင်တယ်။ စုံတာတွေအကုန်လုံးကို အရွှန်းဖောက်ပြီး ပြထားတော့ ဟာသကားကြည့်ချင်တဲ့ လူတွေအတွက် အဆင်ပြေမယ့် ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ လုံခြုံရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတဲ့လူတွေကနေစတယ်။ သူတို့ကုမ္ပဏီ လုံခြုံရေးလိုအပ်နေတဲ့လူတွေကို ကာကွယ်ပေးသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးတယ်။ ဒီတစ်ခါတော့ သူတို့တွေကို အထက်ကတန်ဖိုးကြီးစိန်တွေကို ပို့ဆောင်ခိုင်းလိုက်တယ်။ ထူးတာက သူတို့က ဘယ်လူဆိုးနဲ့မှ မကြုံဖူးတော့ ဒီဘက်ခေတ်မှာ ဘာလူဆိုးမှ မရှိတော့ဘူး ဟန်ပြလုပ်ရတာသက်သက်လို့ ထင်နေကြတာပဲ။ ဒါပေမဲ့ တကယ့်ဂန်းစတားတွေက သူတို့ကားကိုတားပြီး စိန်တွေကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ စိန်တွေကလည်း သူတို့ဆီမှာမရှိနေတော့ဘူး။ ဂန်းစတားတွေကလည်း သူတို့ကိုသတ်တော့မယ်ဆိုတော့ ဂန်းစတားတွေကို စိန်တွေပြန်ရှာပေးပါမယ်လို့ ကတိခံပြီး စိန်တွေပြန်ရှာကြတဲ့အကြောင်းပါပဲ။ ဒီလိုခပ်ကြောင်ကြောင်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို ဟာသတွေအပြည့်နဲ့ကြည့်ရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0130::00 Genre_Action , Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Balinsasayaw (2024) ⭐IMDB: 5.1/10 (22 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balinsasayaw (2024) ============...
The Longest Ride (2015) ⭐IMDB: 7.0/10 (89 k Votes) 🎬 #Comedy #Drama #Romance #Western 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ” လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင် သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် ” ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါ အမျိုးအမျိုး ပြောကြပါလိမ့်မယ် ရိုးရှင်းလွန်းတဲ့ အချက်ကတော့ ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲ ပျော်ရွှင်ရတာပါပဲ…. The Longest Ride ကို ကြည့်မိတဲ့ အခါ နွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ် အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါ လူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ် ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့ တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး… ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါ နွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ် အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေ အိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် သူ့ပါးစပ်က တဖွဖွ ရေရွတ်နေတဲ့ သေတ္တာတစ်လုံးရယ်ကို ဆွဲထုတ်ပြီး ကယ်နိုင်ခဲ့တယ်…. ဇာတ်လမ်း တစ်ခုလုံးမှာ အိုင်ယာ နဲ့ ရုဒ် ရဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ အချစ်ဇာတ်လမ်းတွေ ရယ်…. လုခ် ရှိတဲ့ မြို့လေးမှာ ခဏ ကျောင်းလာတက်တဲ့ ဆိုဖီယာ ရဲ့ အချစ်ကို ရွေးမလား ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို ရွေးမလား ဆိုတဲ့ အချစ်နဲ့ဘ၀ ရောထွေးလာရင် ရွေးချယ်ရ ခက်တဲ့ အဖြေတစ်ချို့ကို ဒီရုပ်ရှင်ကားထဲမှာ ရှာတွေ့နိုင်မယ် ထင်တာပါပဲ...
Dirty Ice Cream (2024) ⭐IMDB: 6.2/10 (38 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 46 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dirty Ice Cream (2024) ============== အလွန်ပူလောင်လွန်းလှတဲ့ နေ့လည်ခင်းတစ်ခုဖြစ်ပါတယ်။လျှပ်စစ်မီးကလည်းထူးထူးခြားခြားပျက်နေတဲ့အတွက် တစ်ရပ်ကွက်လုံးအပူဒဏ်ကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်နေကြပါတယ်။အဲ့ဒီလူတွေထဲမှာ ရပ်ကွက်ထဲက အိမ်ကြီးရှင်မမကြီးတွေပါသလို အိမ်အကူလှလှလေးတွေလည်းပါပါတယ်၊အဲ့ဒီအချိန်မှာ သူတို့အတွက် အဆင်သင့်ရောက်လာကတော့ ရေခဲမုန့်ရောင်းတဲ့လူချောလေးနှစ်ယောက်ပါပဲ။ ဒီနှစ်ယောက်ဟာ သူတို့ရဲ့အပူတွေကိုရေခဲမုန့်တွေနဲ့အေးငြိမ်းစေမှာဖြစ်သလို ရာဂမီးတွေကိုလည်းဖြည့်ဆည်းငြိမ်းသက်ပေးမှာဖြစ်ပါတယ်။ ရှုစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
The Devil's Plan (2023) ⭐TMDB: 76% User Score 🎬 #Reality 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 15 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Devil’s Plan (2023) [Complete]The Devil’s Plan (2023)************************ အပိုင်း (၁ မှ ၁၂) စ/ဆုံး “နယ်ပယ်အသီးသီးက နာမည်ကြီး အနုပညာရှင် ကစားသမား၁၂ယောက် ပါဝင်ပြီး ဆုကြေးငွေ ဝမ် ၅၀၀မီလီယံအထိ ရရှိနိုင်မဲ့ ကစားပွဲ”NF ရဲ့ နာမည်ကြီးရှိုးတွေထဲက တစ်ခုဖြစ်တဲ့ဒီ The Devil’s Plan ဆိုတဲ့ Game Show မှာတော့အဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲဆိုပြီး ကစားပွဲ နှစ်မျိုးပါဝင်ပါတယ်။ကစားသမား တစ်ယောက်ချင်းစီတိုင်းကို Piece တစ်ခုစီ ပေးထားပြီးတော့ဒီ Piece တွေကို အချင်းချင်း အလဲအထပ်လုပ်လို့ရသလိုGameအတွက် အကျိုးရှိမဲ့နေရာမှာလည်း အသုံးချလို့ရပါတယ်။Piece တစ်ခုမှ မရှိတော့တဲ့ ကစားသမားကတော့ ထုတ်ပယ်ခံရမှာ ဖြစ်ပြီးအဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲကနေတဆင့် Piece တွေကို ရရှိနိုင်သလိုဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ပြစ်ဒဏ်အနေနဲ့ကတော့ အဓိက ကစားပွဲကို ယှဉ်ပြိုင်လို့ အပြီးမှာPiece အနည်းဆုံး ပိုင်ဆိုင်ထားတဲ့ ကစားသမား ၂ဦးက အကျဉ်းချခံရမှာ ဖြစ်ပါတယ်။ပူးပေါင်းယှဉ်ပြိုင်ကစားရမဲ့ ဆုကြေး ကစားပွဲမှာတော့ဉာဏ်ရည်ကို စမ်းသပ်တဲ့ ဂိမ်းအမျိုးအစားတွေအပြင်Board ဂိမ်း၊ Card ဂိမ်းနဲ့၊ စိတ်ပိုင်းဆိုင်ရာဂိမ်းတွေကိုစိန်ခေါ်ကစားကြရမှာ ဖြစ်ပါတယ်။ဒီတော့ ကစားပွဲ တစ်ခုချင်းစီတိုင်းက မတူညီတဲ့ ရသတစ်ခုစီကိုပေးစွမ်းသွားမှာ ဖြစ်သလို ကစားသမားတွေကိုလည်းဦးနှောက်ကို ဘယ်လိုသုံးပြီး လှလှပပ ကစားသွားမလဲဆိုတာကိုရှုစားလိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။)...
The Last Kumite (2024) ⭐IMDB: 4.8/10 (1 k Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံတွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။...
Tell Momma Not to Worry (2023) ⭐IMDB: 5.1/10 (47 Votes) 🎬 #Comedy #Drama #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကယ်လီဖိုးနီးယားက ဆိုနိုမာဆိုတဲ့ မွေးရပ်မြို့ကလေးမှာ နေရစ်ခဲ့တဲ့ အဲလိယတ်နှင့် လော့စ်အန်ဂျလိစ်မှာ နာမည်ကျော်ဖြစ်ဖို့ ကြိုးစားနေရင်း နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့ ဂျိုးနပ်စ်တို့ ညီအစ်ကိုဟာ အယ်လ်ဇိုင်းမားဖြစ်နေရှာတဲ့ သူတို့အမေဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ အမေ့ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့အရိုးပြာကို သူသဘောကျတဲ့ တောင်ပေါ်က ရေကန်လေးမှာ ပက်ကြဲပေးဖို့အတွက် အချိန်အကြာကြီးနေမှ နှစ်ယောက်သား ပြန်ဆုံတွေ့ဖြစ်ပါတော့တယ်။ သူတို့အမေသဘောကျတဲ့ ရေကန်လေးကို သွားတဲ့ နေ့ချင်းပြန်တောင်တက်ခရီးမှာ ညီအစ်ကိုနှစ်ယောက်ကြားက အချစ်မေတ္တာတွေ သံယောဇဉ်တွေ နာကြည်းချက်တွေ ကိုယ်စီဒဏ်ရာတွေကို ဖွင့်ဟဖော်ထုတ်ကြရင်း ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမယ့် ဇာ်တ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ အကြီးဖြစ်တဲ့သူကလည်း အကြီးဖြစ်တဲ့အလျောက် အငယ်ဖြစ်သူကလည်း အငယ်မို့ ခံစားရတာတွေ ပေးဆပ်ရတာတွေ မိသားစုတစ်စုဟာ ပျော်ရွှင်မှုရော နာကျင်မှုရော အမှတ်တရတွေနဲ့ ရောပြွန်းနေတာကို လှပစွာ ပုံဖော်ထားတာကြောင့် ဘယ်လို family issue ရှိတဲ့ သားသမီးမဆို relate လုပ်လို့ရတဲ့အတွက် တစ်ခါလောက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။...
