无数据
订阅者
-524 小时
-47 天
+730 天
帖子存档
You're Killing Me (2023) ⭐IMDB: 4.9/10 (5 k Votes) 🎬 #Action #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊ Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊ အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊”Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား”၊”Melissa တယောက်ကကောဘာဖြစ်သွားတာလဲ”၊”Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာလဲ” စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်...
The Angry Black Girl and Her Monster (2023) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Drama #Fantasy #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား...
Regeneration (2024) ⭐TMDB: 76% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #China ⏰ 51 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 RegenerationCM က ဒီတစ်ခေါက်မှာ တရုတ်ကားဖန်လေးတွေအတွက်ကို ရူပါကလန်းတဲ့ကျင်းပေါ်ရန် မင်းသား သရုပ်ဆောင်ထားတဲ့ ၁၀ ပိုင်းစာ ဇာတ်လမ်းတွဲလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းထဲမှာ ကျင်းပေါ်ရန် သရုပ်ဆောင်ထားတဲ့ ဖေးခယ်ကတော့ရူပါပဲလန်းတာမဟုတ်ဘူးနော် ပြီး မူယာက ကြွယ်ပြီး တော်ကီတွေနဲ့တစ်ယောက်ပြီး တစ်ယောက်ကို ချုပ်သွားတဲ့ပုံပဲ… ဇာတ်လမ်းအစမှာတော့ သတင်းသမားလေး ဟယ်ရှန်းဆီကို အနှစ်နှစ်အလလ ကွဲနေတဲ့ဖေးခယ်က ဖုန်းဆက်လာခဲ့တယ်… တွေ့ချင်လို့တဲ့ သူမထွက်သွားခင်မှာ အရေးတကြီး ပေးစရာရှိလို့ပါတဲ့… ဒီလိုနဲ့ သတင်းအနံ့ခံနေတဲ့ ဟယ်ရှန်းလည်း သွားတာပေါ့… ရောက်တော့ ဖေးခယ်တစ်ယောက် သေမလိုဖြစ်ပြီး လူနာတင်ယာဉ်နဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်… နောက်တော့ ဟယ်ရှန်းဆီကို ဖိတ်စာတစ်စောင်ရောက်လာတယ်… ဖေးခယ်ရဲ့ ဈာပနကို တက်ရောက်ဖို့တဲ့… ထူးဆန်းတာက ဟယ်ရှန်းဈာပနပွဲကိုရောက်တော့ သူအပါအဝင် ၅ ယောက်ပဲဖိတ်ထားတာတဲ့… တစ်ယောက်ကတော့ ဖေးခယ်ရဲ့ အချစ်ဦး ရွှမ်းအာ နောက်တစ်ယောက်က ဖေးခယ်ရဲ့ ညီအစ်ကိုလိုရင်းနှီးရတဲ့ ချိန်ဟောက် နောက်တော့ ဖေးခယ်ရဲ့ ယောက္ခထီး ချန်ရှူဖာ ပြီးတော့ စူချန်း ဆိုတဲ့ အမျိုးသမီး…သူတို့နဲ့ ဖေးခယ်ဘယ်လိုပတ်သက်တယ်မသိပေမယ့် တိုက်ဆိုင်တာကတော့သူတို့ ၅ ယောက်လုံးက ဖေးခယ်ကို ပေးထားတဲ့နာမည်က လူလိမ်တဲ့…ကဲ ဖေးခယ်က တကယ်လူလိမ်လား … ဘယ်လိုတွေလိမ်ပြီး ဘာတွေ လှည့်စားသွားတာလဲ… ဒီဇာတ်လမ်းက ဘယ်လိုလှည့်ကွက်တွေနဲ့ သွားမှာလဲ… နောက်ပြီး ဖေးခယ်က တကယ်ပဲ လူလိမ်လား…. သိချင်သွားပြီမလား… သိချင်သွားရင် ဇာတ်လမ်းကြည့်ပြီး ကိုယ့်ဘာသာဖော်ထုတ်လိုက်တော့နော်...
Family Aaj Kal (2024) ⭐TMDB: 30% User Score 🎬 #Comedy #Drama 🗓 2024 🎞 Series 🌎 #India ⏰ 27 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Family Aaj Kal (2024)Family Aaj Kal 2024 (မိသားစု) IMDb 6.6/10မိသားစုဆိုတဲ့စကားလုံးက တကယ်နွေးထွေးရပါတယ် မိသားစုထဲပြဿနာတွေရှိနေရင်တောင် အချင်းချင်းရိုင်းပင်းရင်းနဲ့ ရှေ့ဆက်တတ်ကြတာက နွေးထွေးတဲ့မိသားစုရဲ့ပြယုဂ်တစ်ခုပါပဲ မွတ်စလင်နဲ့ယူသွားလို့ဆိုပြီး အိမ်ပေါ်ကနှင်ချခံရလို့ နေရာခြားမှာတစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြတဲ့မူခါဂျီတို့မိသားစု .. အိမ်ပေါ်ကနှင်ချခဲ့တဲ့ယောက္ခမတွေကို အဆက်ဖြတ်ပြီးတော့ သူတို့ရဲ့သားသမီး၂ယောက်ကို အပြည့်အဝလွတ်လပ်ခွင့်ပေးထားတယ်ပေါ့ ဒါပေမဲ့ နှစ်တွေကြာလို့ယောက္ခထီးဖြစ်သူက အမြင်မှန်ရပြီး သူတို့အိမ်ပေါ်လာတက်နေချိန် သူတို့ရဲ့သမီးမှာလည်း ရည်းစားရနေခဲ့တယ် လူမျိုးရေးခွဲခြားခဲ့တဲ့ယောက္ခထီးရှေ့ အရွဲ့တိုက်ပြီး သမီးရဲ့ကောင်လေးကို ဘယ်လူမျိုးဖြစ်ဖြစ်လက်ခံပေးမယ်ဆိုကာမှ သမီးရဲ့ကောင်လေးက တက္ကစီမောင်းသမားဖြစ်နေလေရဲ့ ငါ့သမီးလူရွေးမှားပြီဆိုပြီး အရွဲ့တိုက်ချင်စိတ်ကိုဖျောက် သမီးနဲ့ ဒီကောင်လေးပြတ်ဖို့အရေး တစ်မိသားစုလုံး အခွီတစ်သိုက်နဲ့ လိုက်ဖြတ်တာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်ကောင်မလေးကရော သူလိုချင်တာရသွားမလား မိသားစုကပဲပန်းတိုင်ရောက်မလားဆိုတာကိုတော့….(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)...
Dancing Queens (2021) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Comedy #Drama 🗓 2021 🎞 movie 🌎 #Sweden ⏰ 1 နာရီ 52 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဘွားကလည်း အကမယ် အမေကလည်း အကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေးကြောထဲမှာ အကကို ချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့ အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက် အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီ ရောက်သွားပါတယ်။ အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာ ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။ အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကို အဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန် တစ်ယောက်၊ Dancing Queens ဆိုတဲ့drag show clubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါ တော့တယ်။ Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့ အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အက အဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ဆုံးသွားတာက တစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ အကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်း အဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက် ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။...
Into the Beat (2020) ⭐IMDB: 5.3/10 (2 k Votes) 🎬 #Drama #Music #Romance 🗓 2020 🎞 movie 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Street Dance ကားလေးပဲဖြစ်ပါတယ် Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ် စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါပဲ.. ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာ ဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့ အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကို ဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင် အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက် ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်း တစ်ပြေးနေသူလေးပေါ့.. တစ်နေ့မှာတော့ ကာ့တ်ယာလေးတစ်ယောက် ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေ သူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရပါတော့တယ်.. ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီး အကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ...
Alien (1979) ⭐TMDB: 82% User Score 🎬 #Horror #SciFi #ScienceFiction 🗓 1979 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂန္ဓဝင် စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် “အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင်ပါ” တဲ့… ၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့အထိ ဆက်လက်အောင်မြင်ခဲ့တယ် ဇာတ်လမ်းအကျဥ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဥ်တစ်စင်းမှာ လိုက်ပါလာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဥ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ… သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ “Mother” ကနေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်းလာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုးဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်းတဲ့ Alien နဲ့ အတွေ့မှာတော့ …. နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ်ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်...
Aliens (1986) ⭐TMDB: 79% User Score 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 1986 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ Aliens ကတော့ Alien (1979) ရဲ့ နောက်ဆက်တွဲဖြစ်ပြီး Terminator, Avatar, Titanic ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းကင်မရွန်း ရိုက်ကူးတာ ဖြစ်ပါတယ် Nostromoအဖြစ်အပျက်အပြီး အာကာသမှာ လွင့်မျောနေတဲ့ ရစ်ပလီကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်တွေ့ရှိသွားချိန်မှာတော့ ၅၇ နှစ်ကြာခဲ့ပါပြီ ယခုခေတ်မှာ ဂြိုဟ်အသစ်တွေမှာ ကိုလိုနီတွေ နေထိုင်နေနိုင်တဲ့ ကာလကို ရောက်သွားပြီး LV-426ဂြိုဟ်မှာလည်း လူသားမျိုးနွယ် ကိုလိုနီတွေ နေထိုင်ကြပါတယ် ထူးဆန်းတာက Alien ကို ဘယ်သူမှ မတွေ့ကြုံရတာပါပဲ… တစ်နေ့ အဲဒီဂြိုဟ်နဲ့ အဆက်အသွယ်ပြတ်သွားပြီး အကြောင်းရင်းသိရဖို့ မရိန်းတပ်သားအဖွဲ့ သွားစုံစမ်းရဖို့ ဖြစ်လာတယ် ဒီတစ်ခါမှာ ရစ်ပလီက အကြံပေးအရာရှိအဖြစ် လိုက်လာတာဖြစ်ပြီး စွမ်းအားကြီးတဲ့ Alien Queen နှင့် သူမရဲ့ သားပေါက်တွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်...
The Devil's Wedding Night (1973) ⭐TMDB: 53% User Score 🎬 #Horror 🗓 1973 🎞 movie 🌎 #Italy ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Devil’s Wedding Night (1973)Genre – Horror ကမ္ဘာမြေပေါ် ဥက္ကာခဲကြွေကျတုန်းက အဲဒီဒြပ်ထုနဲ့ ပြုလုပ်ထားတဲ့ရှေးဟောင်းလက်စွပ်ဆိုတာက အစွမ်းထက်ပြီး လူသားမျိုးနွယ်ကိုပါ လွှမ်းမိုးနိုင်တယ်တဲ့။ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာရှီလာဟာဒီလက်စွပ်အကြောင်းကို စုံစမ်းနေရင်း တည်နေရာကို သိသွားခဲ့ပါတယ်အဲဒါကတော့ နာမည်ကျော် ထရန်ဆယ်ဗေးနီးယားက ဒရက်ကူလာရဲတိုက်မှာပဲ ဖြစ်ပါတယ်။ဒါကြောင့် လေ့လာချင်ဇောအားကြီးနဲ့ ဒေါက်တာရှီလာတစ်ယောက်လာဒရက်ကူရွာလေးကို ခရီးထွက်လာပါတော့တယ်။ တည်းခိုခန်းမှာ ခဏနားတော့လည်း ဒေသခံတွေက မနက်ဖြန်လပြည့်နေ့ဟာနှစ် ၅၀ မှ တစ်ကြိမ်ဖြစ်တဲ့ အပျိုစင်လပြည့်ည ဖြစ်ပြီး ဒရက်ကူလာရဲတိုက်ကိုသွားတဲ့ရွာထဲက အပျိုစင်တွေဆိုရင် အသွားပဲရှိပြီး အပြန်မရှိတဲ့ ဒဏ္ဍာရီကိုကြားဖူးကြလို့ မသွားဖို့ တိုက်တွန်းပေမဲ့လည်း သုတေသီပီပီစူးစမ်းလိုစိတ်များကြီး ဒရက်ကူလာရဲတိုက်ကြီးကို ရောက်သွားတဲ့အခါမှာတော့……။ ရှေးဟောင်းကားလည်းဖြစ် ဥရောပကားလည်းဖြစ် သရဲကားလည်းဖြစ်ပြန်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းတဲ့အခန်းတွေ ပါဝင်တာကြောင့် သတိတစ်ချပ် ပြုစေလိုပါတယ်ဗျာ။...
Always I am (2023) ⭐TMDB: 75% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Always I Am ( 2023 )==================Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်းကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ပြောပြချင်တဲ့အမြင်ရော တော်တော်လေးကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်အဖွင့်မှာရေးထားတာက ” တကယ့်မရှိလို့မဖြစ်တဲ့အရာတွေဟာ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေပဲ”တဲ့။ Always I Am ဟာ အဲဒီအရာတွေအကြောင်းပေါ့။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2.3GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama, Music Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Alien³ (1992) ⭐TMDB: 64% User Score 🎬 #Action #Horror #SciFi #ScienceFiction 🗓 1992 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂြိုဟ်တစ်ဂြိုဟ်ပေါ်မှာ တစ်သက်တစ်ကျွန်းကျနေတဲ့ ထောင်သားတစ်စုဆီ လူသာားစားဂြိုဟ်သားတစ်ကောင်နှင့် မိန်းမတစ်ယောက်ပါတဲ့ ယာဉ်ပျံ ပျက်ကျလာတဲ့အခါ…… ဇာတ်လမ်းအကျဉ်း အနာဂါတ်ကာလမှာ အစိုးရက ဆိုးရွားရက်စက်တဲ့ မုဒိန်းကောင်တွေ လူသတ်သမားတွေ ရာဇဝတ်ကောင်တွေ အယောက်သုံးဆယ်လောက်ကို လူသူအရောက်အပေါက်မရှိတဲ့ ဂြိုဟ်သိမ်တစ်ခုမှာ အလုပ်ကြမ်းနဲ့ အကျဉ်းချထားခဲ့ပါတယ်။ တနေ့မှာတော့ သူတို့ဆီကို ယာဉ်ပျံတစ်စီး ပျက်ကျလာခဲ့ပြီး မိန်းမတစ်ယောက်ကလွဲလို့ ယာဉ်ထဲက စီးနင်းလိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့က ဒီမိန်းမကို ကယ်တင်ထားပြီး သူ့ကို လာခေါ်မယ့် ကယ်ဆယ်ရေးယာဉ်ကို စောင့်နေခဲ့ပါတယ်။ သူတို့မသိလိုက်တာက ဒီယာဉ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ အသားစား ဂြိုဟ်သားတစ်ကောင်ပါလာတာကိုပါပဲ။ ဒီယာဉ်ပေါ်က လူတွေသေပြီး ပျက်ကျခဲ့တာ ဒီအကောင်ကြောင့်လား ဒါဆို ဘာလို့ ရှင်ကျန်တဲ့ မိန်းမတစ်ယောက်ကို မသတ်ပဲထားခဲ့တာလဲ၊ ဒီဂြိုဟ်သားက ဘယ်လိုလုပ် ယာဉ်ပေါ်ရောက်လာတာလဲ၊ ဒီဂြိုဟ်သားရန်က ထောင်သားတွေ ဘယ်လိုလွှတ်မြောက်အောင် ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သိပ္ပံဇာတ်ကားကောင်းလေးဖြစ်ပါတယ်။...
Half of a Yellow Sun (2013) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #Nigeria #UnitedKingdom ⏰ 1 နာရီ 52 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Half of a Yellow Sun (2014) ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲအချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
My Oni Girl (2024) ⭐IMDB: 6.0/10 (384 Votes) 🎬 #Adventure #Animation #Drama #Fantasy #Family 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 44 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Oni Girl (2024) “ကျွန်တော့်ရဲ့ဘီလူးမလေး”================ မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက်အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကိုအန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့်ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲကဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့..တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာတစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက်လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။)...
Torino Criminale Blood Revenge (2023) ⭐IMDB: 7.7/10 (71 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 34 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Torino Criminale Blood Revenge (2023) ============================ အီတလီ မာဖီးယားမူးယစ်မှောင်ခိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့လူတွေအတွက် Torino Criminale Blood Revenge ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ တူရင်မြို့က ယဲအားလယ် မူးယစ်မှောင်ခိုဂိုဏ်းကို ညီကိုနှစ်ယောက်ဖြစ်တဲ့ ဆဗာတိုနဲ့ ဗီတိုတို့ကဦးဆောင်ပါတယ်။ ဆဗာတိုဟာ ကာတာနဲ့စ်အဖွဲ့မှာ နေရာရအောင် ဘိရစ်ထရစ်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ အတူအကောက်ကြံ ကြိုးစားနေပါတယ်။ တစ်နေ့မှာ ဆဗာတိုရဲ့အစ်ကိုဗီတိုတစ်ယောက် အသတ်ခံလိုက်ရကနေ စပြီး သူတို့ဂိုဏ်းတွေကြားမှာ ကိစ္စတွေပိုရှုပ်ထွေးလာပါတော့ တယ်။ ကြားထဲမှာလည်း သူတို့ဂိုဏ်းတွေကို အမိဖမ်းဖို့ကြိုးစားနေတဲ့ ရဲအုပ်ကြီးတော့စကိုကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ သူတို့ဂိုဏ်းတွေကြား ဘာတွေဆက်ဖြစ်မလဲ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလက်စားချေမလဲဆိုတဲ့ အသေးစိတ်ကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်ကြည့်ရင်းအဖြေရှာဖို့ပြောချင် ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
3-Iron (2004) ⭐TMDB: 78% User Score 🎬 #Crime #Drama #Romance 🗓 2004 🎞 movie 🌎 #Japan #SouthKorea ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။...
Hard Target 2 (2016) ⭐IMDB: 5.2/10 (7 k Votes) 🎬 #Action #Thriller 🗓 2016 🎞 video movie 🌎 #USA #UnitedStates #Thailand #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
Valentine (2001) ⭐TMDB: 55% User Score 🎬 #Horror #Mystery #Thriller 🗓 2001 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valentine (2001)================= ၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်းသားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါတယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက်ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက်ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ်ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ်ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိသေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ဖြစ်လာပါတော့တယ်။ Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလကဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော်တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Boat Trip (2002) ⭐TMDB: 53% User Score 🎬 #Comedy 🗓 2002 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boat Trip (2002)============== ဂေးပေါင်းငါးထောင်မကပါတဲ့ သင်္ဘောကြီးလာပါပြီ။ ဂျယ်ရီက ချစ်သူကိုလက်ထပ်ခွင့်တောင်းလိုက်ကာမှအငြင်းခံရလို့ လတ်တလောအသည်းကွဲနေတဲ့သူပါ။ သူ့သူငယ်ချင်းဖြစ်သူနစ်ခ်ဆိုတဲ့ငနဲကလည်း ချိန်ပါတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဘော်ဒါနှစ်ယောက်လုံးရည်းစားလက်မဲ့ဘ၀နဲ့ငုတ်တုတ်မေ့နေပါတယ်။တစ်နေ့တော့ကျောင်းတုန်းက ဂေါ်မစွံဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့နစ်ခ် ပြန်ဆုံချိန်မှာ အဲ့ဒီငနဲက အမိုက်စားအမျိုးသမီးတစ်ယောက်ကိုရထားတာတွေ့လိုက်ပါတယ်။ အရမ်းစိတ်ဝင်စားသွားတဲ့ နစ်ခ်က မေးမြန်းစုံစမ်းရင်း FA တွေချည်းပါတဲ့အပျော်သင်္ဘောခရီးစဉ်တစ်ခုမှာ အဲ့ဒီအမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ကြောင်းသိလိုက်ရတဲ့နောက်မှာ သင်္ဘောစီးခရီးထွက်ဖို့ချက်ချင်းပဲစုံစမ်းပါတော့တယ်။ ဒါပေမယ့်လည်း အလွဲလွဲအချော်ချော်နမော်နမဲ့နဲ့ သူတို့နှစ်ယောက်လိုက်ပါလာတဲ့ သင်္ဘောကြီးဟာ ဂေးသင်္ဘောကြီးဆိုတာ ကမ်းကခွာမှပဲသိလိုက်ရတဲ့အခါမှာတော့..။ သင်္ဘောပေါ်မှာပါလာတဲ့ ဂေးတစ်သိုက်နဲ့ မိန်းမငမ်းငမ်းတက်လိုချင်နေတဲ့ Straightနှစ်ယောက်ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။Roselyn Sanchez တို့ Vivica A. Fox တို့လိုအမိုက်စားမင်းသမီးတွေခေါင်းဆောင်ပါဝင်ထားပြီး Insidious ဇာတ်ကားတွဲတွေထဲက နတ်ဝင်သည်အဘွားကြီးLin Shaye ကိုဒီဇာတ်ကားမှာ စရိုက်တစ်မျိုးနဲ့တွေ့မြင်ရမယ့်အပြင် ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး Roger moore ကိုလည်း ဂျိမ်းစ်ဘွန်းအငြိမ်းစားဂေးဗားရှင်းနဲ့တွေ့မြင်ရမှာပါ။ Euro Trip, Road trip တို့ထက်မလျော့တဲ့ Boat Trip ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Before Sunset (2004) ⭐TMDB: 78% User Score 🎬 #Drama #Romance 🗓 2004 🎞 movie 🌎 #USA #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး …. အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။. ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E. သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။. လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။. သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို ့စိတ်ကူးထဲမှာ ...
Before Sunrise (1995) ⭐TMDB: 80% User Score 🎬 #Drama #Romance 🗓 1995 🎞 movie 🌎 #USA #Austria #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 35 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 B E F O R E ရဲ ့နိဒါန်း. Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး …. အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။. ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E. သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။. လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။. သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွ...
