ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Boston Strangler (2023) ⭐IMDB: 6.5/10 (5 k Votes) 🎬 #Crime #Drama #Thriller #History 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား ) IMDb – 6.5/10, RT – 63% Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူAvenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လိုရက်တာတစ်ယောက် ကွင်းဆက်လူသတ်မှု ဖြစ်နိုင်တဲ့ အမျိုးသမီးတွေကို လည်ပင်းညှစ်ပြီး လိုက်လံသတ်ဖြတ်နေတဲ့အမှုတစ်ခုကို လမ်းစဖော်လိုက်မိပါတယ်။ သူဒီအမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့ အမှုဟာ ဘယ်လိုဖြစ်သွားမလဲ၊ ဒီမိန်းမတွေကို လိုက်သတ်နေတဲ့လူကဘယ်သူလဲ၊ ဘာလို့ လည်ပင်းညှစ်ပြီးပဲသတ်ရတာလဲ၊ လူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေရှိနေကြလဲဆိုတာကို ဒီကားထဲမှာ စုံထောက်တစ်ယောက်လို သတင်းထောက်သလောက်လိုPOVနဲ့ကြည့်ရှု့သွားရမှာဖြစ်ပါတယ်။ Disney+ထုတ်ထာမို့လို့ ဇာတ်လမ်းက တစ်ဝက်လောက်မှာ နည်းနည်းလေးအီသလိုဖြစ်ပင်မယ့် အမှုအတွက် လမ်းစခင်းနေတာမို့လို့ နောက်ဆုံးကြမှ အော် အဲလိုလား ဆိုပြီး ဖြစ်မယ့်ရုပ်ရှင်မျိုးပါ။ လူသတ်ကားတွေကြိုက်တဲ့Tasteမျိုးလည်းရှိတယ် စုံထောက်ပုံစံ သတင်းထောက်တွေအလုပ်လုပ်တဲ့ပုံစံမျိုးလည်းကြိုက်တတ်တဲ့tasteရှိတယ်လို့ ဒီကားက အင်မတန်မှ ကြည့်လို့ကောင်းမယ့် ” ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင် ” တစ်ကားဖြစ်ပါကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အိပ်ပါတယ်။

The Sentinel (2006) ⭐IMDB: 6.1/10 (50 k Votes) 🎬 #Action #Crime #Thriller 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား….

Seraphim Falls (2006) ⭐IMDB: 6.6/10 (33 k Votes) 🎬 #Action #Drama #Thriller #War #Western 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seraphim Falls(2006) ******************** ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကို အသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်း အငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။ အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကို ဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။ စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက် ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။

Seraphim Falls (2006) ⭐IMDB: 6.6/10 (33 k Votes) 🎬 #Action #Drama #Thriller #War #Western 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seraphim Falls(2006) ******************** ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကို အသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်း အငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။ အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကို ဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။ စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက် ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။

Semper Fi (2019) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Action #Drama #Thriller 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB – 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။

Semper Fi (2019) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Action #Drama #Thriller 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB – 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။

Gandhada Gudi (2022) ⭐IMDB: 9.2/10 (3 k Votes) 🎬 #Adventure #Bollywood #Documentary #Family #Drama #Musical 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 36 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gandhada Gudi 2022IMDb 9.2/10Documentary /Drama အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူအာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကိုခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။

Tangos, Tequilas y algunas mentiras (2023) ⭐IMDB: 6.2/10 (85 Votes) 🎬 #Romance #Comedy 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Mexico ⏰ 1 နာရီ 54 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tango, Tequila and Some Lies(2023) ********************************* Lu ဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကို စပ်တူ ဖွင့်ထားကြပါတယ်… ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာမို့လို့ သူ့ရဲ့ရှယ်ယာတွေကို မပေးနိုင်သေးပါဘူး .. နေ့ရွှေ့ညရွှေ့ ရွှေ့နေတတ်တာပါ…တစ်နေ့မှာ သူတို့ဘားကို ကောင်လေးတစ်ယောက် လာထိုင်ပါတယ်..အဲ့ဒီကောင်လေး သူ့ကို ချစ်လား မချစ်လားကို သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပါတော့တယ် လောင်းကြေးကတော့ သူနိုင်ရင် သူ့ရဲ့ရှယ်ယာတွေ ပေးစရာမလိုတော့တာပါ,,,အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေး သူ့ကိုချစ်လာအောင် ဖျားယောင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်.. အဲဒီနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…

Tangos, Tequilas y algunas mentiras (2023) ⭐IMDB: 6.2/10 (85 Votes) 🎬 #Romance #Comedy 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Mexico ⏰ 1 နာရီ 54 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tango, Tequila and Some Lies(2023) ********************************* Lu ဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကို စပ်တူ ဖွင့်ထားကြပါတယ်… ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာမို့လို့ သူ့ရဲ့ရှယ်ယာတွေကို မပေးနိုင်သေးပါဘူး .. နေ့ရွှေ့ညရွှေ့ ရွှေ့နေတတ်တာပါ…တစ်နေ့မှာ သူတို့ဘားကို ကောင်လေးတစ်ယောက် လာထိုင်ပါတယ်..အဲ့ဒီကောင်လေး သူ့ကို ချစ်လား မချစ်လားကို သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပါတော့တယ် လောင်းကြေးကတော့ သူနိုင်ရင် သူ့ရဲ့ရှယ်ယာတွေ ပေးစရာမလိုတော့တာပါ,,,အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေး သူ့ကိုချစ်လာအောင် ဖျားယောင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်.. အဲဒီနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…

Gandhada Gudi (2022) ⭐IMDB: 9.2/10 (3 k Votes) 🎬 #Adventure #Bollywood #Documentary #Family #Drama #Musical 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 36 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gandhada Gudi 2022IMDb 9.2/10Documentary /Drama အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူအာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကိုခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။

Oniroku Dan: Best of SM (1984) ⭐IMDB: 5.3/10 (41 Votes) 🎬 #Adult #Documentary 🗓️ 1984 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 6 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ချိန်ကဥရောပ ဇာတ်လမ်းဇာတ်ကွက်အချို့ကိုဇာတ်အိမ်တည်ပြီး ရုပ်ပြရဲ့ အဆုံးသတ်ဇာတ်ဝင်ခန်းပါစုပေါင်း ထည့်သွင်းရိုက်ကူးထားတဲ့ Oniroku Dan ရဲ့လက်ရာကောင်းလေး ဖြစ်ပါတယ်ထင်ပေါ်ကျော်ကြားခဲ့တဲ့ S&M ကားကောင်းတစ်ကားဖြစ်နေတာကြောင့် DS Fans တွေအတွက်တင်ဆက်လိုက်ပါတယ်

ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 51 မိနစ် 52 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 သွန်းဖြိုး တို့သားအမိအိမ်မှာအိမ်ငှားနေရင်းဘာလုပ်လုပ်အဆင်မပြေဖြစ်ပြီးတလွဲနေဖြစ်နေတတ်တဲ့ ရွှေမိုး ၊ ငွေမိုး နဲ့ ဂျိုကာ... အမွေတွေကိုလိုချင်တာကြောင့်မလွဲမရှောင်သာဘဲခွေးမိန်းမဘဝကိုခံယူထားရတဲ့ ကေသီ... ဘဝပေးကံကြောင့်နှစ်ဖက်ချွန်ဘဝကို ရောက်နေတဲ့သူဌေးလေး သီဟသူရ... ဘဝမှာဘာမှအဆင်မပြေဖြစ်နေခဲ့ပေမယ့်မိဘမဲ့ဂေဟာတစ်ခုအတွက် သိန်း ၁၅၀ ရှာဖို့ ဖြစ်လာခဲ့ရာကအစပြုပြီး ကေသီ ရဲ့ခွေးကိုသိန်း ၁၅၀ နဲ့ အလဲအလှယ်လုပ်ဖို့ကြံစည်ခဲ့တဲ့သူတို့ ၃ ယောက်ရဲ့အကြံအစည်အောင်မြင်ပါ့မလား... အသိပညာ ၊ စေတနာ ၊ မေတ္တာ ၊ ကံ ၊ ဉာဏ် တို့နဲ့အတူ ဝက်ဝက်ကွဲအောင်ရီရမယ့် ဟာသလေးတွေနဲ့ရိုက်ကူးတင်ဆက်ပြသထားတဲ့ ရွှေမိုး ငွေမိုး သွန်းဖြိုးလို့ရွာ.... သရုပ်ဆောင် ထွန်းထွန်း၊ရဲလေး၊ညီထွဋ်ခေါင်၊ဂျိုကာ၊ နန်းမြတ်ဖြိုးသင်း ၊ဆုမြတ်နိုးဦး၊မေပန်းချီ ဒါရိုက်တာ သြရသ ထုတ်လုပ်ရေး Media 7

မင်္ဂလာရှိတဲ့အရပ် ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 32 မိနစ် 19 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 အပျော်တမ်းဓာတ်ပုံဆရာလေး ဗညား ... ဗညားရဲ့ တလွဲဓာတ်ပုံရိုက်ချက်တွေကြောင့် မကြာခဏပြသာနာတတ်ရပြီး စံပယ်နဲ့ အမြဲတွေ့ကာ ဗညားရဲ့ ရင်ထဲကိုရောက်လာခဲ့တဲ့ စံပယ်… ကာလသားတွေဝိုင်းကြိုက်ခြင်းကိုခံနေရတဲ့ စံပယ်ရဲ့ရင်ထဲက ချစ်ခြင်းတရားတွေက ဘယ်သူ့ဆီကိုရောက်နေမလဲ… ဗညား ရဲ့ဓာတ်ပုံပြိုင်ပွဲအတွက် ရွာကိုရောက်လာခဲ့ပေမယ့် ဗညားတစ်ယောက် ဘယ်လိုဖြစ်ပြီး ကိုယ်ပျောက်ဘဝကို ပိုင်ဆိုင်သွားရမလဲ… နဂိုကတည်းက တလွဲလုပ်တတ်တဲ့ ဗညား တစ်ယောက် ကိုယ်ပျောက်ဘဝကိုပိုင်ဆိုင်ထားရတော့ ရွာရဲ့ဓလေ့ထုံးစံအတိုင်း ဘယ်လိုဗရုတ်ကျပြီး ဟာသဆန်ဆန် ဆိုတဲ့အတိုင်း မင်္ဂလာရှိသောအရပ်မှာ အမှန်တကယ်ပဲ မင်္ဂလာရှိနေမလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်နော်… သရုပ်ဆောင် မြင့်မြတ်၊ နေဒွေး၊ kelvin kate၊ အေးဝတ်ရည်သောင်း၊ နွယ်ဒါလီထွန်း ဒါရိုက်တာ သြရသ ထုတ်လုပ်ရေး Media 7

အချစ်ကြိုးဝိုင်း ⭐N/A 🎬 #crime #romance 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 32 မိနစ် 8 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 "ငယ်စဉ်ကတည်းကအရာရာကိုအမြဲ နံပါတ်တစ် ဖြစ်ချင်လွန်းတဲ့ နေနတ်သမီး ကိုနားလည်ခွင့်လွှတ်တတ်တဲ့ ရေနတ်သမီး...နေနတ်သမီး နဲ့ ရေနတ်သမီး တို့နှစ်ယောက်ကြားကို ထွန်းသူရိန် ဆိုတဲ့ တစ်ယောက်ကဘယ်လိုဝင်ရောက်လာမလဲဆိုတာ...သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကပုံမှန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမဟုတ်ဘဲ ဒါရိုက်တာစတီးလ် ရဲ့ရိုက်ချက်တွေနဲ့အတူ ဘယ်လိုရင်ခုန်စွာကြည့်ရမလဲဆိုတာ...ဆန်နီ ဆိုတဲ့အချစ်ရူးကြောင့် ကြည်နူးစရာကောင်းတဲ့အချစ်ဆိုတဲ့အရာကို အမုန်းတရားဆိုတဲ့ကြိုးနဲ့ ဒါရိုက်တာစတီးလ် တစ်ယောက်ဘယ်လိုဝိုင်းသွားမလဲ..." သရုပ်ဆောင် နေရဲ၊ ထက်အောင်ရှိုင်း၊ ဘရန်ဒိုလီ၊ စိုးပြည့်သဇင်၊ ရွှေသမီး စတီးလ်(ဒွေးမေတ္တာ) ဒါရိုက်တာ Mahar

အချစ်၏ဖလှယ်ရဂုဏ်သတ္တိ ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 21 မိနစ် 27 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 ဒေါ်မမခက်သည် မာနမိုးထိကာ မိမိ၏သားသမီးသုံးယောက်ကို မိမိစကားတစ်ခွန်းတည်းအရာဝင်အောင် အုပ်စီးချုပ်ကိုင်ထားသူဖြစ်သည်။ သားကြီးဖြစ်သူ လေမိုးထန်သည် စံပယ်ဖြူဟူသည့် သည်းခံတတ်သည့် မိန်းကလေးနှင့် အိမ်ထောင်ကျခဲ့သည်။ စံပယ်ဖြူသည် မိဘနှင့် အဝေးမှာ ချစ်စိတ်တစ်ခုတည်းနှင့် လေမိုးထန်နှင့်လက်ထပ်ကာ လေမိုးထန်နှင့် ဒေါ်မမခက်တို့ နှိမ့်ချဆက်ဆံသည်ကို သည်းခံနေထိုင်ခဲ့သည်။ ဒေါ်မမခက်၏ သမီးလတ်ဖြစ်သူ နေခြည်ရင့်သည် ဒေါ်မမခက်နှင့် စိတ်နေစိတ်ထား တစ်ပုံစံတည်း ရှိသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ မိုးသားရောင်အပေါ်ကို လွှမ်းမိုးချုပ်ကိုင်ချင်သူဖြစ်သည်။ ခင်ပွန်းဖြစ်သူ မိုးသားရောင်အပေါ် အမြဲအနိုင်ယူသလို ယောက္ခမဖြစ်သူ ဒေါ်ပိုပိုကိုလည်း လေးစားစွာ ဆက်ဆံခြင်းမရှိပေ။ ဒေါ်မမခက်၏သားအငယ် ရေပြင်ညီကမူ မိခင်နှင့် အစ်ကိုအမတို့၏ လွန်ကဲစွာ သည်းသည်းလှုပ်ဂရုစိုက်ခြင်းခံရသဖြင့် အိမ်ထဲက အိမ်ပြင်ထွက်ဖို့ပင် ခက်ခဲသည့် လူပျော့တစ်ယောက်ပုံစံဖြစ်နေသည်။ နေခြည်ရင့်၏ယောက္ခမဖြစ်သူ ဒေါ်ပိုပိုတွင်လည်းသားသမီးသုံးယောက်ရှိသည်။ သမီးကြီးဖြစ်သူ ပိုပိုသာမှာ နိုင်ငံခြားတွင် နေထိုင်နေသူတစ်ဦးဖြစ်သည်။ သားလတ်ဖြစ်သူ မိုးသားရောင်မှာ ယောက္ခမနှင့် မိန်းမဖြစ်သူ၏ လွှမ်းမိုးချုပ်ကိုင်ခြင်းခံနေရသည်ကို မခံမရပ်နိုင်ဖြစ်နေသူဖြစ်သည်။ အနိုင်ယူတတ်လွန်းသော ဒေါ်မမခက်နှင့် သူမရဲ့ မိသားစုဝင်များကို မုန်းတီးနေသူဖြစ်သည်။ ဒေါ်ပိုပို၏ သမီးအငယ်ဆုံး အလင်းနှစ်ကမူ သွက်လက်ပြီး နှစ်လိုဖွယ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။ ဒေါ်မမခက်နှင့် ဒေါ်ပိုပိုတို့ မှာ ခမည်းခမက်များဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး သဘောကျခြင်းမရှိကြသောကြောင့် လိုအပ်သည်ထက်ပို၍ အဆက်အဆံမပြုကြသည့်အပြင် မိသားစုဝင် အစုံအလင်ကိုပင် မြင်ဖူးကြခြင်းမရှိကြပေ။ ဒေါ်မမခက်၏ သည်းသည်းလှုပ်ဂရုစိုက် ထိန်းချုပ်ခြင်းခံရသော သားအငယ်ဆုံးလေး ရေပြင်ညီက အိမ်အပြင်ကို ထွက်ခွင့်ရသော အချိန်တွင် မထင်မှတ်ပဲ ဒေါ်ပိုပို၏ သမီးငယ် အလင်းနှစ်နှင့် ဆုံတွေ့ကာ အလင်းနှစ်ကို မြင်မြင်ချင်း သဘောကျသွားခဲ့သည်။ အလင်းနှစ်နှင့် ရေပြင်ညီမှာ မိမိတို့ မိဘများ၏ ဆက်နွယ်မှုကို မသိခဲ့ကြပဲ တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်တွယ်လာခဲ့ကြသည်။ မိမိရဲ့ သားငယ်ကို ဘယ်မိန်းကလေးနဲ့မှ သဘောမတူနိုင်တဲ့ ဒေါ်မမခက်မှာ ရေပြင်ညီနှင့် အလင်းနှစ်တို့ အတူတူရှိနေသည်ကို မြင်သွားပြီး အနောက်က လိုက်ရာတွင် ရေပြင်ညီက အလင်းနှစ်ကိုပါ ခေါ်ကာ ထွက်ပြေးသဖြင့် နှစ်ယောက်သား ခိုးပြေးကြသလို ဖြစ်သွားခဲ့သည်။ ဒေါ်ပိုပိုကမူ မိမိအရမ်းမုန်းတီးသည့် ဒေါ်မမခက်၏ သားအငယ်နှင့် ခိုးရာလိုက်သွားသည့် သမီးဖြစ်သူကို ခွင့်မလွှတ်ပဲ စွန့်လွှတ်ခဲ့သည်။ ဒေါ်မမခက်ကမူ သားငယ်လေးကို ဘယ်နည်းနှင့်မျှမစွန့်လွှတ်နိုင်သဖြင့် အလင်းနှစ်နှင့် ရေပြင်ညီကို အိမ်ကိုခေါ်သွားခဲ့သည်။ သို့သော် အလင်းနှစ်ကို မိမိအိမ်တွင် ဘယ်လိုမှ မနေနိုင်စေရန် နည်းအမျိုးမျိုးဖြင့် ကြံစည်ခဲ့သည်။ အလင်းနှစ်ကို နှိမ်ချဆက်ဆံခဲ့သည်။ အလင်းနှစ်ကမူ ဒေါ်မမခက်၏ နှိပ်စက်မှုကို ခါးစည်းခံကာ မိမိကိုယ်တိုင်အပါအဝင် မိမိ၏ အစ်ကိုလတ်ကိုပါ ဒေါ်မမခက်၏လွှမ်းမိုးမှုအောက်က လွတ်မြောက်နိုင်ရန်ကြံစည်ခဲ့သည်။ အတ္တကြီးမားကာ အနိုင်ယူချင်စိတ်ပြင်းပျလွန်းသည့် ဒေါ်မမခက်က သူမ၏ သားသမီးများနှင့် ချွေးမ သားမက်တို့ကို အမြဲတမ်း ထိန်းချုပ်ထားနိုင်မည်လား? အလင်းနှစ်က အတ္တကြီးတဲ့ ဒေါ်မမခက်ကို ဘယ်လို တုန့်ပြန်ဖို့ ကြိုးစားမလဲ? သရုပ်ဆောင် ထက်အောင်ရှိုင်း၊ကျော်ကျော်၊သိန်းလင်းစိုး၊ထွန်းပုလဲရတနာ၊မြတ်ကေသီအောင်၊ဆုမြတ်နိုးဦး၊ရွှေအိမ်မင်း ဒါရိုက်တာ မေဘရဏီ ထုတ်လုပ်ရေး Mahar

ပင်လယ်ကြီးရဲ့အပြုံး ⭐N/A 🎬 #series #comedy #romance 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 37 မိနစ် 39 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 ပင်လယ်ကမ်းခြေရွာလေးတစ်ရွာတွင် နေထိုင်ကြသည့် မိဘမဲ့များဖြစ်ကြသော ဖိုးခွေး၊ သာပေါင်း၊ ညာစား ၊ လုံးထွေး တို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးကြသည်။ ရိုးသားကြိုးစားကြသည့် ကမ်း‌ခြေရွာလေးသို့ မြို့မှ ရိုက်ကူးရေးအဖွဲ့ရောက်လာသည့် အခါတွင် ထိုမိဘမဲ့လေးဦး၏ နေ့ရက်များသည် ပျော်စရာ စိတ်လှုပ်ရှားစရာ ခံစားချက်အမျိုးမျိုးဖြင့် ပြည့်နှက်လာလေတော့သည်... သရုပ်ဆောင် မြင့်မြတ်၊ ရဲလေး၊ ဂျိုကာ၊ ဒိုပေါက်၊ အိချောပို၊ သွန်းဆက်၊ ဇွန်သံစဉ်၊ စွဲမြတ်သဉ္ဇာ၊ ကေကေဖြိုး ဒါရိုက်တာ ပြည်ဟိန်းသီဟ ထုတ်လုပ်ရေး Mahar

Secret Lives of Housewives (2022) ⭐IMDB: 5.5/10 (136 Votes) 🎬 #Drama #TVMovie 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret Lives Of Housewives (2022)======================== ပီတာနဲ့ကန်ဒရာတို့အိမ်ကို ပြုပြင်ဖို့အတွက် ကန်ထရိုက်တာအဲရစ်က တာဝန်ယူရပါတယ်။ အဲရစ်ဆိုတာ ပညာတတ်လူငယ်တစ်ယောက်လည်းဖြစ်ပြီး အပြောကကောင်း သဘောကလည်းကောင်းဆိုတော့ ကန်ဒရာတစ်ယောက် စိတ်လှုပ်ရှားမှုတွေဖြစ်လာခဲ့တယ်ပေါ့။ တတ်နိုင်သလောက် ထိန်းခဲ့ပေမယ့် နှလုံးသားဆိုတာ ကိုယ့်စကားနားထောင်တဲ့အရာမဟုတ်တော့ ကြာသပတေးနေ့ညမှာ အဲရစ်နဲ့ချိန်းတွေ့မိပါတယ်။ ပီတာတစ်ယောက် ခြေလှမ်းတွေပျက်နေတာကို ကန်ဒရာရိပ်မိပေမယ့်မပြောဖြစ်ခဲ့ပါဘူး။ ကားပတ်မောင်းမယ်ပြောပြောပြီးတစ်နာရီနှစ်နာရီလောက် ပျောက်ပျောက်နေခဲ့တယ်။ တစ်နေ့ဆိုညသန်းခေါင်မှပြန်လာတယ်။ ကန်ဒရာလည်း အိပ်ချင်မူးတူးနဲ့နှုတ်ဆက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့ အိပ်ရာနိုးတော့ အဲရစ်အိမ်နားမှာ ရဲတွေအများကြီး၊အဲရစ်အိမ်ကနေ အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်းကိုလည်း ထမ်းစင်နဲ့သယ်သွားတာတွေ့လိုက်တယ်။ အဲရစ်နဲ့ သူနဲ့သိအောင် မိတ်ဆက်ပေးခဲ့တဲ့ အဲရစ်ရဲ့အချစ်ဆုံးမိန်းကလေးကို ဖုန်းဆက်မေးကြည့်တော့ အဲရစ်ဆုံးပြီတဲ့။ ဘာကြောင့်လဲ၊ အဲရစ် ဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲ၊ ဘယ်သူကသတ်လိုက်တာလဲ၊ နောက်ဆုံးမှာမထင်ထားတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်သွားမလဲ၊အဲဒီ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို ကိုယ်တိုင်ပဲကြည့်ရှုရှာဖွေလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)

Bridget Jones's Diary (2001) ⭐IMDB: 6.8/10 (249 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2001 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #France #UnitedStates ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bridget Jones’s Diary (2001) ~ IMDb – 6.8/10, RT – 80%, Meta – 66% ~ Main Character တွေအဖြစ် Chicago လို Best Picture ရထားတဲ့ရုပ်ရှင်မှာ ကတ်သရင်းဇီတာဂျုန်းနဲ့ အပြိုင်ကြဲခဲ့တဲ့၊ တွမ်ခရုစ်ရဲ့ Jerry Maguire က မင်းသမီး Renée Zellweger က သရုပ်ဆောင်ပေးထားပြီး The King’s Speech နဲ့ အော်စကာရထားတဲ့ Colin Firth နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Notting Hill မင်းသား Hugh Grant တို့ကလည်း ပါဝင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၆မှာထွက်ခဲ့တဲ့ နာမည်တူဝတ္တုကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုကတော့ 1813 ခုတုန်းက ထွက်ခဲ့တဲ့ နာမည်ကျော်ဂန္ထဝင်စာအုပ် Pride and Prejudiceကို အမြင်သစ်နဲ့ ပြန်ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Pride and Prejudice ဖန်တွေ ကြည့်သင့်တဲ့ကားဆိုလည်း မမှားပါဘူး။ နောက်အဆက်၂ကားရှိသေးသလို ၂ကားလုံးလည်း အောင်မြင်ခဲ့ပါတယ်။ အဓိကမင်းသမီးလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အချစ်ရေးနဲ့ အလုပ်အကြောင်းကို ဒိုင်ယာရီ ရေးသားထားသလိုမျိုးရိုက်ကူးထားတဲ့ လှလှပပ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဘရစ်ဂျစ်ဂျုန်းစ်ဆိုတဲ့ အသက်သုံးဆယ်ကျော်အရွယ်တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်ဟာ ဆေးလိပ်၊ အရက်တွေကြိုက်ပြီး ကိုယ်စိတ်ထဲရှိတာကို ထိန်းမထားဘဲ ပြောတတ်သူဖြစ်ပါတယ်။ နှစ်တိုင်း သူမိဘအိမ်ပြန်ရင် သူ့ရဲ့မိခင်က တစ်ယောက်ယောက်နဲ့ အဆင်ပြေဖို့ အောင်သွယ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခါ အားလပ်ရက်အိမ်ပြန်တဲ့အချိန်မှာတော့ ဘရစ်ဂျစ်အမေက ဘရစ်ဂျစ်ရဲ့ငယ်ငယ်က အတူဆော့ကစားဖူးတဲ့ သူ့ထက်လေးနှစ်ကြီးတဲ့ တစ်ခုလပ်အိမ်ထောင်ကွဲအမျိုးသားမာ့ခ်နဲ့ အဆင်ပြေအောင်မိတ်ဆက်ပေးရာကနေ ဇာတ်လမ်းစတင်ခဲ့တာပါ။ အဲဒီအမျိုးသားက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ဘရစ်ဂျစ်ရဲ့ ပင်ကိုယ်စရိုက်ကို သဘောမကျတဲ့အတွက် အဆင်တော့မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ဘရစ်ဂျစ်က အလုပ်ထဲက သူ့သူဌေးလူရှုပ်နဲ့တွဲဖို့ဖြစ်လာပါတယ်။ အဲဒီသူဌေးနဲ့ မာ့ခ်နဲ့က ကျောင်းနေဖက်တွေပါတဲ့။ သူ့သူဌေးပြောပြတဲ့ အတိတ်က အကြောင်းအရာတွေကိုယုံပြီး ဘရစ်ဂျစ်က မာ့ခ်ကိုအထင်လွဲနေပြီး ပိုသဘောမကျဖြစ်လာပါတယ်။ သူ့လက်ရှိရည်းစား သူဌေးကလည်း နောက်တစ်ယောက်နဲ့‌ဇာတ်လမ်းရှုပ်ပြီး ဘရစ်ဂျစ်နဲ့လမ်းခွဲလိုက်ပါတယ်။ နောက်မှသိရတာကတော့ မာ့ခ်ကလည်း မာနကြီးသူပီပီ ဘရစ်ဂျစ်ကို နှုတ်ကအကန်တွေပြောပေမယ့် စိတ်ထဲကတော့သဘောကျနေတယ်ဆိုတာပါ။ ရည်းစားဟောင်းပြောပြတဲ့ မာ့ခ်ရဲ့အတိတ်နဲ့ သူ့အမေတို့သိတဲ့ တကယ့်အမှန်တရားနဲ့မတူတာကို သိသွားတဲ့အခါမှာ… ဘရစ်ဂျစ်တစ်ယောက် ရည်းစားဟောင်းကိုပြန်ရွေးမလား… မာ့ခ်ကိုရွေးမလားဆိုတာကို ဒိုင်ယာရီဖတ်သလိုကြည့်ရှုရမယ့် ဇာတ်ငြိမ်ငြိမ်အေးအေးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)

Do Your Worst (2023) ⭐IMDB: 6.3/10 (98 Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #SouthAfrica ⏰ 1 နာရီ 32 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Do Your Worst(2023) ******************* ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေး ကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော် လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့ ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့ သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီး မိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့ မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။ တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျား ဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာ တည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။ ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊ စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါး ရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့ သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေ တစ်လှေကြီးနဲ့ပါ။ ဘွင်း ဘွင်းရှင်းရှင်း၊ တစ်တစ်ခွခွစကားလုံးတွေ ပါဝင်တဲ့အတွက် အရွယ်မရောက်သေးသူများနဲ့ မိသားစု အတူ ကြည့်ရှုရန် မသင့်ပါ။

Bridget Jones's Diary (2001) ⭐IMDB: 6.8/10 (249 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2001 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #France #UnitedStates ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bridget Jones’s Diary (2001) ~ IMDb – 6.8/10, RT – 80%, Meta – 66% ~ Main Character တွေအဖြစ် Chicago လို Best Picture ရထားတဲ့ရုပ်ရှင်မှာ ကတ်သရင်းဇီတာဂျုန်းနဲ့ အပြိုင်ကြဲခဲ့တဲ့၊ တွမ်ခရုစ်ရဲ့ Jerry Maguire က မင်းသမီး Renée Zellweger က သရုပ်ဆောင်ပေးထားပြီး The King’s Speech နဲ့ အော်စကာရထားတဲ့ Colin Firth နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Notting Hill မင်းသား Hugh Grant တို့ကလည်း ပါဝင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၆မှာထွက်ခဲ့တဲ့ နာမည်တူဝတ္တုကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုကတော့ 1813 ခုတုန်းက ထွက်ခဲ့တဲ့ နာမည်ကျော်ဂန္ထဝင်စာအုပ် Pride and Prejudiceကို အမြင်သစ်နဲ့ ပြန်ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Pride and Prejudice ဖန်တွေ ကြည့်သင့်တဲ့ကားဆိုလည်း မမှားပါဘူး။ နောက်အဆက်၂ကားရှိသေးသလို ၂ကားလုံးလည်း အောင်မြင်ခဲ့ပါတယ်။ အဓိကမင်းသမီးလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အချစ်ရေးနဲ့ အလုပ်အကြောင်းကို ဒိုင်ယာရီ ရေးသားထားသလိုမျိုးရိုက်ကူးထားတဲ့ လှလှပပ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဘရစ်ဂျစ်ဂျုန်းစ်ဆိုတဲ့ အသက်သုံးဆယ်ကျော်အရွယ်တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်ဟာ ဆေးလိပ်၊ အရက်တွေကြိုက်ပြီး ကိုယ်စိတ်ထဲရှိတာကို ထိန်းမထားဘဲ ပြောတတ်သူဖြစ်ပါတယ်။ နှစ်တိုင်း သူမိဘအိမ်ပြန်ရင် သူ့ရဲ့မိခင်က တစ်ယောက်ယောက်နဲ့ အဆင်ပြေဖို့ အောင်သွယ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခါ အားလပ်ရက်အိမ်ပြန်တဲ့အချိန်မှာတော့ ဘရစ်ဂျစ်အမေက ဘရစ်ဂျစ်ရဲ့ငယ်ငယ်က အတူဆော့ကစားဖူးတဲ့ သူ့ထက်လေးနှစ်ကြီးတဲ့ တစ်ခုလပ်အိမ်ထောင်ကွဲအမျိုးသားမာ့ခ်နဲ့ အဆင်ပြေအောင်မိတ်ဆက်ပေးရာကနေ ဇာတ်လမ်းစတင်ခဲ့တာပါ။ အဲဒီအမျိုးသားက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ဘရစ်ဂျစ်ရဲ့ ပင်ကိုယ်စရိုက်ကို သဘောမကျတဲ့အတွက် အဆင်တော့မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ဘရစ်ဂျစ်က အလုပ်ထဲက သူ့သူဌေးလူရှုပ်နဲ့တွဲဖို့ဖြစ်လာပါတယ်။ အဲဒီသူဌေးနဲ့ မာ့ခ်နဲ့က ကျောင်းနေဖက်တွေပါတဲ့။ သူ့သူဌေးပြောပြတဲ့ အတိတ်က အကြောင်းအရာတွေကိုယုံပြီး ဘရစ်ဂျစ်က မာ့ခ်ကိုအထင်လွဲနေပြီး ပိုသဘောမကျဖြစ်လာပါတယ်။ သူ့လက်ရှိရည်းစား သူဌေးကလည်း နောက်တစ်ယောက်နဲ့‌ဇာတ်လမ်းရှုပ်ပြီး ဘရစ်ဂျစ်နဲ့လမ်းခွဲလိုက်ပါတယ်။ နောက်မှသိရတာကတော့ မာ့ခ်ကလည်း မာနကြီးသူပီပီ ဘရစ်ဂျစ်ကို နှုတ်ကအကန်တွေပြောပေမယ့် စိတ်ထဲကတော့သဘောကျနေတယ်ဆိုတာပါ။ ရည်းစားဟောင်းပြောပြတဲ့ မာ့ခ်ရဲ့အတိတ်နဲ့ သူ့အမေတို့သိတဲ့ တကယ့်အမှန်တရားနဲ့မတူတာကို သိသွားတဲ့အခါမှာ… ဘရစ်ဂျစ်တစ်ယောက် ရည်းစားဟောင်းကိုပြန်ရွေးမလား… မာ့ခ်ကိုရွေးမလားဆိုတာကို ဒိုင်ယာရီဖတ်သလိုကြည့်ရှုရမယ့် ဇာတ်ငြိမ်ငြိမ်အေးအေးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)