无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Who Are You People (2023)
⭐IMDB: 5.3/10 (89 Votes)
🎬 #Drama #Mystery
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Who Are You People(2023)
************************
မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့
၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကို
သူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။
ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။
အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီက
စာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ… အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ…
လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့
နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းက
တကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.
. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။
Salamat daks (2023)
⭐IMDB: 6.2/10 (270 Votes)
🎬 #Adult #Drama #Comedy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 33 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***********************
အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ…မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ်
သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီးသူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလို
အထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်း
သူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီမစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။
အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီးသူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေး
အယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီး
မိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ?
အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကိုစိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula)
ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။
Encino Man (1992)
⭐IMDB: 5.8/10 (43 k Votes)
🎬 #Comedy
🗓️ 1992 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Encino Man (1992)
အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။
ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
Still Time (2022)
⭐IMDB: 6.6/10 (499 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Italy
⏰ 1 နာရီ 50 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Still Time(2022)
**************
ဒီကားလေးထဲက မင်းသားဖြစ်သူ Dante က အလုပ်အရမ်းလုပ်တဲ့ Workaholic တစ်ယောက်ပါ
သူအဲ့ဒီလို အရမ်းအလုပ်လုပ်တာကလည်း သူ့မိသားစုလေးကို ပြည့်ပြည့်စုံစုံထားချင်တာကြောင့်ပါ….ဒါပေမယ့် တစ်နေ့ သူ့ရဲ့ အသက်၄၀ ပြည့်မွေးနေ့မှာ သူ့ရဲ့အိမ်မှာ ပါတီပွဲကျင်းပပါတယ်… အဲ့ဒီပါတီပွဲပြီးလို့
ညအိပ်ရာဝင်ပြီး နောက်တစ်နေ့မနက်မှာတော့ သူဟာ မနက်ဖြန်ဆိုတဲ့ အချိန်ကို ရောက်နေတာမဟုတ်ဘဲ
နောက်တစ်နှစ် သူ့မွေးနေ့ကို ရောက်သွားတာပါ …. အချိန်ရှေ့ကိုကြိုက်ရောက်နေတဲ့သဘောပေါ့..
အဲ့ဒီနောက်မှာတော့ သူမထင်ထားတဲ့အရာတွေဖြစ်ပျက်နေတဲ့အတွက်ကြောင့်
ဒါတွေကို သူဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့…
Who Are You People (2023)
⭐IMDB: 5.3/10 (89 Votes)
🎬 #Drama #Mystery
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Who Are You People(2023)
************************
မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့
၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကို
သူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။
ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။
အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီက
စာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ… အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ…
လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့
နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းက
တကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.
. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။
Still Time (2022)
⭐IMDB: 6.6/10 (499 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Italy
⏰ 1 နာရီ 50 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Still Time(2022)
**************
ဒီကားလေးထဲက မင်းသားဖြစ်သူ Dante က အလုပ်အရမ်းလုပ်တဲ့ Workaholic တစ်ယောက်ပါ
သူအဲ့ဒီလို အရမ်းအလုပ်လုပ်တာကလည်း သူ့မိသားစုလေးကို ပြည့်ပြည့်စုံစုံထားချင်တာကြောင့်ပါ….ဒါပေမယ့် တစ်နေ့ သူ့ရဲ့ အသက်၄၀ ပြည့်မွေးနေ့မှာ သူ့ရဲ့အိမ်မှာ ပါတီပွဲကျင်းပပါတယ်… အဲ့ဒီပါတီပွဲပြီးလို့
ညအိပ်ရာဝင်ပြီး နောက်တစ်နေ့မနက်မှာတော့ သူဟာ မနက်ဖြန်ဆိုတဲ့ အချိန်ကို ရောက်နေတာမဟုတ်ဘဲ
နောက်တစ်နှစ် သူ့မွေးနေ့ကို ရောက်သွားတာပါ …. အချိန်ရှေ့ကိုကြိုက်ရောက်နေတဲ့သဘောပေါ့..
အဲ့ဒီနောက်မှာတော့ သူမထင်ထားတဲ့အရာတွေဖြစ်ပျက်နေတဲ့အတွက်ကြောင့်
ဒါတွေကို သူဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့…
Encino Man (1992)
⭐IMDB: 5.8/10 (43 k Votes)
🎬 #Comedy
🗓️ 1992 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Encino Man (1992)
အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။
ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
Encino Man (1992)
⭐IMDB: 5.8/10 (43 k Votes)
🎬 #Comedy
🗓️ 1992 🎞️ Movie 📺 1080p FHD

Deranged (2012)
⭐IMDB: 6.3/10 (3 k Votes)
🎬 #Drama #Thriller #SciFi
🗓️ 2012 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 49 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deranged (2012)
IMDB rating 6.4 ,,,,,Rotten Tomatoes 60%
Google user 90%
ကိုရီးယားရဲ့သာယာလှတဲ့အခြေအနေတွေကို
ရုပ်ဆိုးအကျဥ်းတန်စေတဲ့အပြင်တစ်နိုင်ငံလုံးကို
ထိတ်လန့်ကြောက်ရွံစေတဲ့အဖြစ်ကိုစခဲ့တာကတော့
တစ်ခုသောမနက်ခင်းကအစပြုခဲ့တာပါ…
အဲ့ဒီမနက္ခင္းမွာ
အလောင်းတစ်လောင်းကိုချောင်းထဲကစတွေ့ခဲ့တာပါ…ဒီအလောင်းရဲ့ပုံစံဟာနှစ်ရှည်လများသေဆုံးပြီးမှပေါ်လာဟန်ပါပဲ..အရိုးပေါ်အရေတင်ပုံဖြစ်နေတဲ့အပြင်ကျားမတောင်ခွဲရခက်နေတယ်…
သို့ပေမယ့်ရဲတွေနဲ့မှုခင်းဆရာဝန်တွေနဲ့
စစ်ဆေးချက်အရအလောင်းဟာကြာချိန်တစ်ရက်သာ
ရွိသတဲ့…
ဒီလိုနဲ့နောက်ရက်နောက်ရက်များမှာကိုရီးယားရဲ့မြစ်ချောင်းတွေမှာအလောင်းတွေကိုမမြင်ချင်မှအဆုံးဖြစ်ကုန်တယ်….
တစ်ဖြည်းဖြည်းရာချီလာလေတော့ကိုရီးယားတစ်နိုင်ငံလုံးထိပ်လန့်မှုကတော့ဆိုဖွယ်ရာမရှိ…
ဆရာဝန်တွေအစိုးရထိပ်သီးပိုင်းလူကြီးတွေရဲတွေ
အကုန်တိုင်ပတ်နေသလိုပြည်သူတွေလည်းဘာကြောင့်သေရမှန်းမသိလေတော့ကြောက်ရွံခြင်းတွေနဲ့သာဖြတ်သန်းနေလေရဲ့…
ကိုင်းဘာကြောင့်သေကြတယ်…
ဘယ်သူတွေကြောင့်ဖြစ်တာလဲ…
သူတို့ ဘယ်လို ကာကွယ်ကြမလဲ…
ဘယ်သူတွေကရအောင်စုံစမ်းကြမလဲ…
ဒီကားကေတာ့…
ဇာတ္လမ္းအစကေနအဆံုးအထိ
လုံးဝဇာတ်ရှိန်မကျဆဲြခေါ်သွားမယ့်ဇာတ်ကားတစ်ကားပါ…တစ်ခုတော့ရှိတယ်ဒီကားကြည့်နေတုန်း
အစားအစာတွေစားရင်းတော့မကြည့်ပါနဲ့…
ဖွတ်ဥစားတာထက်အရသာရှိသွားနိုင်လို့ပါ…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့
Tin Myo Lwin ပဲဖြစ်ပါတယ်….
Robust (2021)
⭐IMDB: 5.7/10 (264 Votes)
🎬 #Comedy #Drama
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #France #Belgium
⏰ 1 နာရီ 30 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Robust (2021)============IMDb Rating – 5.7/10
သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်းဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာကအသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်းရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ်မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။
ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယားတွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်းဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက်ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင်ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမလဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)
Possessed (2022)
⭐IMDB: 4.4/10 (128 Votes)
🎬 #Action #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Malaysia
⏰ 1 နာရီ 35 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rasuk or Possessed (2022)
IMDb 5.3 ရထားတဲ့ အင်ဒိုနီးရှား Horror ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖုန်းလိုင်းသိပ်မမိတဲ့ ကျောင်းတစ်ကျောင်းမှာစာသင်နှစ်ဝက်ကျောင်းပိတ်ရက်ရောက်တော့ အိမ်မပြန်ဘဲ အဆောင်မှာနေခဲ့တဲ့ ကျောင်းသားတွေရှိပါတယ်။ဆရာ Nazmi ကတော့ အိမ်မပြန်တဲ့ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့ ခွင့်ယူထားရာကနေအဆောင်ကိုပြန်လာရပါတယ်။အဲဒီထဲက ကျောင်းသားအဖွဲ့တစ်ဖွဲ့က မြစ်ကမ်းဘေးကို ပျော်ပွဲစားထွက်ရာကနေ အဖွဲ့ထဲက Wari ဆိုတဲ့ကျောင်းသားက ထူးဆန်းတဲ့ပုလင်းလေးကို ဖွင့်မိသွားလို့ သရဲဝင်ပူးခံရပြီး Zombie လို ဖြစ်သွားပါတယ်။Wari က တခြားကျောင်းသားတွေကို လိုက်တိုက်ခိုက်တော့ တခြားသူတွေပါ ကူးစက်ခံရပြီး သူ့လိုဖြစ်ကုန်ပါတယ်။အဆောင်မှာ ဖုန်းလိုင်းမမိတဲ့အပြင် ညဘက် မီးပါပျက်သွားတော့ ဆရာ Nazmi နဲ့ကျောင်းသားတွေအသက်ရှင်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။
Money Shot: The Pornhub Story (2023)
⭐IMDB: 5.4/10 (674 Votes)
🎬 #Documentary #Adult
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Money Shot: The Pornhub Story (2023)
~ Rotten Tomatoes – 69% ~
(အပြာ ဝက်ဆိုဒ် ပွန်းဟတ်အကြောင်းရိုက်ပြထားတာကြောင့် ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါတာကြောင့် ၁၈ နှစ်ပြည့်မှ ကြည့်စေလိုပါတယ်)
ကမ္ဘာပေါ်မှာလူကြည့်အများဆုံး ၁၀ခုမြောက် ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ ပွန်းဟတ်ရဲ့ ဖြတ်သန်းလာရတဲ့ အခက်အခဲတွေကို Netflix က မှတ်တမ်းရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။
ကုမ္ပဏီစစထောင်ချင်းကတော့ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီပေမယ့် နောက်ပိုင်း လူတွေ အပြာဓါတ်ပုံတွေ ဗီဒီယိုတွေ ဝေမျှဖို့ ဝက်ဆိုဒ်လုပ်ရင်း အဲ့ဒီကရတဲ့ ကြော်ငြာခတွေကနေ ချမ်းသာလာပြီး ကမ္ဘာလူအကြည့်အများဆုံးဝက်ဆိုဒ်တစ်ခုဖြစ်လာတဲ့ပွန်းဟတ်…
တစ်ဖက်မှာလည်း ပွန်းဟတ်ပေါ်မှာ ဘယ်အရာမဆို ကန့်သတ်ချက်မရှိ ဝေမျှလို့ရတဲ့အချက်ကြောင့် လူဝင်များလာတဲ့အလျောက် ကလေးသူငယ်ဆိုင်ရာ လိင်အကြမ်းဖက်မှုတွေ မုဒိမ်းကျင့်တဲ့ဗီဒီယိုတွေ ဝက်ဆိုဒ်ထဲ အမည်မသိပဲ တင်လာကြတဲ့အခါ… ပွန်းဟတ်အတွက် ဘယ်လိုနစ်နာမှုတွေဖြစ်လာစေလဲ ဘာတွေရင်ဆိုင်ရမလဲဆိုတာတွေ…
၂၀၂၀ နှောင်းပိုင်းမှာ လိုင်လာဆိုတဲ့အမျိုးသမီးစတင်လိုက်တဲ့ ပွန်းဟတ်ဖြုတ်ချရေး ကမ်ပိန်းကရော ပွန်းဟတ်ကို ဘယ်လောက်ထိရိုက်ခတ်သွားလဲ၊ ဘာတွေပြောင်းလဲပေးလိုက်ရလဲဆိုတာတွေ …
ရုတ်တရက် အသစ်ထွက်ရှိလာတဲ့ဥပဒေတွေ၊ ကမ်ပိန်းတွေကြောင့် ဒါကို မှီခိုနေရတဲ့ လိင်လုပ်သားတွေအပေါ် ဘယ်လောက်ရိုက်ခတ်သွားလဲ၊ သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ၊ ဒီလိုဖြစ်သွားတာတွေအပေါ် သူတို့ အမြင်ကရောဘာတွေ… ဆိုတာကို ဘက်ပေါင်းစုံကနေ ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Drown (2022)
⭐TMDB: 60.0% User Score
🎬 #Horror #Thriller #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #SouthKorea
⏰ 1 နာရီ 40 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Drown (2022)
ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ်မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်
တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ်ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ်
ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲသူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ်အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလား
ဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။
Writer Padmabhushan (2023)
⭐IMDB: 8.6/10 (5 k Votes)
🎬 #Bollywood #Comedy #Drama #Family
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 58 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Writer Padmabudhan (2023)Comedy, DramaIMDb 8.7/10 (4.6K)
စာအုပ်မြို့တော်လို့ တင်စားရလောက်တဲ့ ဗီဂျေးဗာဒါဆိုတဲ့နယ်မြို့လေးမှာ ပဒ်မားဘူရှန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။
အဲ့ဒီမြို့လေးက စာအုပ်နဲ့ပတ်သက်လာရင် နာမည်ကြီးလွန်းလို့စာရေးဆရာကတောင် သူရေးခဲ့ဖူးတဲ့စာအုပ်ဟောင်းကိုပြန်ရှာတွေ့နိုင်လောက်အောင်ပေါ့ကွယ်။
ဒီလို စာပေထွန်းကားတဲ့မြို့လေးမှာ စာရေးဆရာတအားဖြစ်ချင်နေတဲ့သူကတော့ကျွန်တော်တို့ ဇာတ်လိုက်ကြီး ပဒ်မားဘူရှန်းပဲဖြစ်ပါတယ်။
အကြွေးတွေယူပြီး စွန့်စွန့်စားစားနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။ကံခေလွန်းတာများ တစ်အုပ်တောင် မရောင်းရတဲ့အပြင် စာအုပ်ပုံကြီးသာ အဖတ်တင်သွားခဲ့တယ်လေ။
အခွင့်အလမ်းက အိမ်တံခါးလာခေါက်တဲ့အခါ မဖွင့်ပေးတဲ့သူဟာအရူးဆုံးသောလူပါပဲဆိုတဲ့အတိုင်းပဲ သူ့ဆီလည်း တစ်ကြိမ်လာခေါက်ခဲ့ပါတယ်။
အဲ့ဒီအခွင့်အလမ်းက ဘာဖြစ်နေမလဲ…။ဘယ်လိုကြောင့် သူ့ဆီရောက်လာတာလဲ…။သူနဲ့သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကိုဆက်လက်ရှုစားပေးပါနော်။………..

The Hundred-Foot Journey (2014)
⭐IMDB: 7.3/10 (85 k Votes)
🎬 #Comedy #Drama
🗓️ 2014 🎞️ Movie 📺 720p HD
🌎 #India #UnitedArabEmirates #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hundred-Foot Journey(2014)
*******************************
အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား…ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား…ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊
စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ….
ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်…ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့
မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲတခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားက
ပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲ
ငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါ
ဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ….
ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှ
ကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း…….
The Hundred-Foot Journey (2014)
⭐IMDB: 7.3/10 (85 k Votes)
🎬 #Comedy #Drama
🗓️ 2014 🎞️ Movie 📺 1080p FHD

Do Your Worst (2023)
⭐IMDB: 6.3/10 (97 Votes)
🎬 #Comedy #Drama #Romance
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #SouthAfrica
⏰ 1 နာရီ 32 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Do Your Worst(2023)
*******************
ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေး
ကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော်
လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့
ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့
သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီး
မိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့
မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။
တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျား
ဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာ
တည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။
ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊
စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါး
ရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့
သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေ
တစ်လှေကြီးနဲ့ပါ။ ဘွင်း ဘွင်းရှင်းရှင်း၊ တစ်တစ်ခွခွစကားလုံးတွေ ပါဝင်တဲ့အတွက်
အရွယ်မရောက်သေးသူများနဲ့ မိသားစု အတူ ကြည့်ရှုရန် မသင့်ပါ။
The Magician's Elephant (2023)
⭐IMDB: 6.6/10 (596 Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Magician’s Elephant (2023)
“ဘောလ်တိစ်” ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲအဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင်ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက်အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက်ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။