无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Stroking an Animal (2023) ⭐IMDB: 4.2/10 (91 Votes) 🎬 #Romance 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 11 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stroking an Animal (2023) မရီနာ၊ အာဒါနဲ့ သောမတ်တို့ဟာ တမူထူးခြားတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းထဲမှာရောယှက်နေသူတွေပါ။ မရီနာနဲ့ အာဒါဟာ open relationship တစ်ခုကို တည်ဆောက်ထားပေမယ့် ရင်တလှိက်လှိက်ဖိုအောင် ချစ်ကြသူပါ။ အမြဲတမ်းပူးပူးကပ်ကပ်ရှိနေကြသူပါ။ ဒါပေမဲ့ နှစ်ယောက်လုံးနဲ့သိနေတဲ့ သူငယ်ချင်သောမတ်က သူတို့ကြားထဲဝင်လာတဲ့အခါမှာတော့.. (18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Chicken Coop (2024) ⭐IMDB: 5.6/10 (70 Votes) 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chicken Coop (2024) IMDb Rating (5.6) မိဘနဲ့ သားသမီးကြား ဆက်ဆံရေးတွေကို ရိုက်ပြထားတဲ့ မိသားစုဒရာမာ ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို ဇာတ်ဆောင်က သူ့မိန်းမနဲ့အတူ ခရစ္စမတ်မှာ အဖေဖြစ်သူနေတဲ့ ပြည်နယ်ဆီ သွားနေတဲ့ အခန်းနဲ့ စထားပါတယ်။ ရုပ်ရှင်ကားထဲမှာ ဇာတ်ဆောင်ကို နာမည်မပေးထားပါဘူး။ သူက ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့ အမေဆုံးသွားပြီးထဲက အဖေနဲ့ စကားမပြောဖြစ်တာ ငါးနှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဒီလို အေးစက်နေတဲ့ သားအဖဆက်ဆံရေးကို ပြုပြင်ဖို့အတွက် သူ့မိန်းမက ခရစ္စမတ်မှာ အဖေ့ဆီသွားလည်ဖို့ အကြံပေးပါတယ်။ အဖေဖြစ်သူ Abe ဟာ ခါး ခွဲစိတ်မှု လုပ်ထားတဲ့အတွက်လည်း အဖေ့အိမ်မှာ လိုအပ်နေတဲ့ဝေယျာဝေစ္စတွေကို ကူပြီး လုပ်ရင်းနဲ့ သားအဖတွေ ပြန်ပြီး ရင်းနှီးမှု ရလာတာကို ကြည့်ရမှာဖြစ်ပါတယ်။ မိသားစု ဒရာမာကားကောင်းလေးမို့ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)...
Anyone But Her (2024) ⭐IMDB: 4.9/10 (262 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 32 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anyone But Her (2024) ရိုမန်တစ်ကော်မတီတွေဟာ ကြည့်ရှုသူတိုင်းအတွက် entertain အဖြစ်ဆုံး genre တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သမာရိုးကျ မင်းသားနဲ့မင်းသမီးတင်မဟုတ်ဘဲ ဇာတ်ကွက်ထဲမှာ သူငယ်ချင်းတွေပါ ပါလာပြီဆိုရင်တော့ ဘယ်လိုထင်သွားကြမလဲပေါ့။ ဒီဇာတ်ကားတော့ Romance အပြင် Comedy ကိုပါ ဆန်းပြားတဲ့နည်းလမ်းနဲ့ ထည့်သွင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်ဒရာ၊ လူးဝစ်၊ ဂါဘီ၊ ရောဘတ်တို၊ နော်မာ နဲ့ ဖာဘီယန်တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရမ်းခင်ကြတဲ့သူတွေပါ။ ဘယ်လောက်ထိခင်ကြလဲဆိုရင် သက်ထက်ဆုံးလက်တွဲဖော်ရရင်တောင်မှ သေကွဲပဲကွဲမယ်ဆိုပြီးတော့ တစ်အိမ်ထဲမှာ သွေးနှောတဲ့မိသားစုသဖွယ်နေကြတဲ့သူတွေပါ။ ဖြစ်ချင်တော့ ဆန်ဒရာနဲ့ လူးဝစ်တို့က အရင်က ချိတ်ဟောင်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပြတ်သွားပြီး လူးဝစ်က သူငယ်ချင်းတွေနေရာအိမ်နဲ့ ခဏလောက်ဝေးသွားပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူငယ်တွေအားလုံးမိတ်ဆုံစားဖို့ ချိန်းထားကြတဲ့အချိန်မှာ လူးဝစ်ပါပြန်ရောက်နေတာကို ဆန်ဒရာတစ်ယောက်တွေ့လိုက်ရပါတယ်။ ex ကို ရင်ပြန်ခုန်ချင်သလိုဖြစ်သွားတဲ့ ဆန်ဒရာတစ်ယောက် သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ လူးဝစ်နဲ့ ပြန်ချိန်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးချင်ပြန်တော့ အဲဒီလိုပြောတော့မယ့်အချိန်ကျခါမှ လူးဝစ်က သူ့ရဲ့လက်ရှိကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီးဖြစ်လာပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေသစ္စာဆိုထားတဲ့ သေတူရှင်မကွဲဆိုတာကို ဥပေက္ခာပြုတဲ့သဘောမျိုးဖြစ်သွားတဲ့ လူးဝစ်ရဲ့မင်္ဂလာပွဲကို ဆန်ဒရာရော တခြားသူငယ်ချင်းတွေကပါ မကူချင်ကူချင်နဲ့ ကူရပါတော့တယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်လျှောက် ဘယ်လိုဟာသတွေ အဖျက်အမှောက်တွေဖြစ်လာမလဲဆိုတာကို ရသဆန်ဆန်ကြည့်ရှရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Uang Panai' 2 Maharl (2024) ⭐IMDB: 7.5/10 (33 Votes) 🎬 #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uang Panai 2 (2024) IMDb Rating (7.5) အင်ဒိုနီးရှားရဲ့ လက်ထပ်ပွဲ ယဥ်ကျေးမှုတစ်ခုက မင်္ဂလာဆောင်ရင် သတို့သားဘက်က သတို့သမီးဘက်ကို တောင်းရမ်းပစ္စည်းနဲ့ တောင်းရမ်းငွေတွေပေးရတာ အရေးအကြီးဆုံး ရိုးရာအစဥ်အလာတစ်ခုဖြစ်တယ်။ အဲဒီတောင်းရမ်းငွေကို Panai ငွေလို့ ခေါ်ပြီး တချို့စုံတွဲတွေက Panai ငွေ အလုံအလောက်မတတ်နိုင်လို့ ပြဿနာအခက်အခဲတွေ ရင်ဆိုင်ရပြီး လက်မထပ်ဖြစ်ကြတဲ့အထိ ရှိတတ်ကြတယ်။ ဒီဇာတ်လမ်းမှာ Ancha နဲ့ Risna က သူတိုသူငယ်ချင်း Tumming နဲ့ Abu ပူးပေါင်းပြီး လက်ထပ်ဖို့ Panai ငွေ အခက်အခဲဖြစ်နေတဲ့သူတွေကို ငွေကြေးတိုင်ပင်အကြံပေးတဲ့ PATTUMBU ဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်လိုက်တယ်။ တစ်ဖက်မှာ ဆရာဝန်မလေး Icha နဲ့ ကုမ္ပဏီမန်နေဂျာ Iccang တိုက ချစ်သူသက်တမ်း 7 နှစ်ကြာပြီဖြစ်တဲ့ ချစ်သူတွေ Iccang က Icha ကို လက်ထပ်ချင်ပေမဲ့ Icha က သူ့ထက်ပိုချမ်းသာတဲ့ ဆရာဝန်ဖြစ်နေတာကြောင့် ကောင်မလေးကိုလက်ထပ်ဖို့ Panai ငွေကလည်း အများကြီးလိုအပ်နေတော့ ကြံရာမရတဲ့အဆုံး Iccang တစ်ယောက် Tumming နဲ့ Abu တိုရဲ့ PATTUMBU ကုမ္ပဏီဆီ သွားတွေ့ပြီး Panai ငွေ စုဖို့ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက Imdb 7.5 နဲ့ positive reviews တွေ ရထားပြီး အင်ဒိုနီးရှားရဲ့ အိမ်ထောင်ရေးရိုးရာတွေကို ဟာသအနှောတွေနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Haile: A Family Nightmare (2023) ⭐TMDB: 34% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 34 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Haile: A Family Nightmare (2023) 2020နောက်ပိုင်းမှာတော့ 2000 ရှေ့တုန်းကလိုမျိုး အလယ်ခေတ်ဆန်ဆန် ကျိန်စာတိုက်တဲ့ဇာတ်လမ်းတွေကို ရိုက်ကြတာ ရှာလားပါတယ်။ ဒီဇာတ်ကားကတော့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ ကျိန်စာတိုက်တဲ့ ဇာတ်အိမ်မျိုးကိုဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကာမယ်ဆိုတဲ့သူဟာ သူချစ်တဲ့သူ သူ့ညီနဲ့လက်ထပ်မှာကို မနာလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကစုန်းမကြီးတစ်ယောက်ဆီမှာ ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာကြောင့် သူ့ဆန္ဒအတိုင်းလိုချင်တဲ့ ကာမဆန္ဒကိုဖြေသိမ့်နိုင်ခဲ့ပေမယ့် ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးပါတယ်။ ဒါကတော့ သူ့ရဲ့မယားနဲ့ ပထမဆုံးရတဲ့သားဦးကို ကျိန်စာတိုက်ခဲ့တဲ့နတ်ဆီကို ပူဇော်ပသရမှာပါ။ ဒီလိုနဲ့ နှမြောတွန့်တိုတဲ့စိတ်နဲ့ သားဦးကို စတေးလိုက်ပေမယ့်လည်း ကျိန်စာရဲ့တန်ပြန်မှုတွေက မရပ်သွားတဲ့ ဆက်ပြီးကြီးလာခဲ့ပါတယ်။ ဒီလိုနဲ့ ကာမယ်တို့ လင်မယားနှစ်ယောက်လုံးရဲ့ မိသားစုတွေမှာရှိတဲ့ ညီအစ်ကိမောင်နှမတွေအားလုံး သောကကို ၂၅ နှစ်ကြာဆက်တိုက်ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ လက္ခဏာတူတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအကြောင်းကို အိမ်မက်ရသွားပြီး ကာမယ်တို့ရှိရင်ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘာဖြစ်လို့ ကျိန်စာကြီးဟာ မပျက်သွားဘဲ နက်မှောင်ပြီးချောက်ချားဖို့ကောင်းလောက်အောင် ကာမယ်တို့ ရွာတစ်လုံးကျိန်စာသင့်သွားတဲ့အထိဖြစ်သွာစေလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Martyrs (2015) ⭐IMDB: 4.0/10 (7 k Votes) 🎬 #Drama #Horror #Thriller #Mystery 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲ Remake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။ လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။ သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ် ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီး စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။ နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။ တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကို ခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ပြင်ခဲ့ပါတယ်.။ သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေအပေါ် လက်စားပြန်ချေလိုက်ရင် သူမြင်နေရတဲ့ မကောင်းဆိုးဝါးနဲ့ စိတ်ဒဏ်ရာတွေပျောက်ကွယ်သွားမယ်လို့ လူစီကတော့ တစ်ထစ်ချယုံကြည်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့စိတ်သူမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်ရန်မူလာချိန်မှာတော့ အန်နာကပဲဖေးမကူညီခဲ့ရပြန်ပါတယ်။ နောက်တော့ အလောင်းတွေကို ဖျောက်ဖျက်ပြီး အခင်းဖြစ်တဲ့အိမ်ကို နဂိုမူလအတိုင်း ခြေရာလက်ရာမပျက် ပြန်လည်ထားရှိတဲ့အချိန်မှာပဲ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်… လူစီထင်ထားသမျှ အားလုံးမှန်နေခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ဆမ် ဆိုတဲ့ ကလေးမလေးကိုပါ ရှာတွေ့ခဲ့ပါတယ်..။ အန်နာက လူစီအိပ်ပျော်နေတုန်း ၉-၁-၁ ကို ဖုန်းခေါ်ဆိုထားခဲ့တဲ့အတွက် လူတစ်စုက အိမ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ကိစ္စက သူတို့ထင်မှတ်ထားသလို သာမန်ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေမှန်းသိလိုက်ရပါတယ်.။ လူတွေကို ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို ရှာဖွေမယ့် လူတစ်စုရဲ့ ရည်ရွယ်ချက်က အကြောင်းမဲ့သတ်ဖြတ်တာထက် ပိုပြီးကျောချမ်းစရာကောင်းလွန်းနေတဲ့အချက်ကလည်း ဒီဇာတ်ကားကို လက်မလွှတ်ဘဲကြည့်ရှုသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတော့တယ်။...
The Bunny Game (2011) ⭐IMDB: 3.3/10 (3 k Votes) 🎬 #Horror 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများနှင့် စိတ်မချမ်းမြေ့ဖွယ်ရာ ပြကွက်များ ပါဝင်သောကြောင့်မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါတယ်) ဇာတ်လမ်းအနေနဲ့ကတော့ ခန္ဓာကိုယ်ကို ရောင်းစားကာ ဝမ်းတထွာနဲ့အာသီသကို ဖြည့်ဆည်းနေတဲ့ ကြေးစားမလေးတစ်ယောက် စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးသတ်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအသားပေးရုပ်ရှင်မျိုးမဟုတ်ဘဲ ပြသချင်တဲ့အကြောင်းအရာကို ဦးစားပေးတဲ့ရုပ်ရှင်မျိုးပဲဖြစ်ပါတယ်။ မြန်ဆန်လှုပ်ခတ်လွန်းတဲ့ Editing အပြင် အဖြူအမည်းပုံစံနဲ့အတူ တင်ဆက်ထားတာကြောင့်လည်း ကြည့်ရှုသူကိုမွန်းကြပ်တဲ့ခံစားမှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေထဲမှာမှ Disturbing ဖြစ်လွန်းလို့ ဆက်မကြည့်နိုင်လောက်အောင် ဖြစ်စေနိုင်တဲ့ ရုပ်ရှင်ကားအမျိုးအစားတွေထဲမှာ မပါရင်တောင် ဒီရုပ်ရှင်ဟာ အတော်လေးတော့ နှလုံးသားကို မွန်းကြပ်စေပါတယ်။ သို့သော်လည်း အတုအယောင်ဖန်တီးထားတဲ့ဇာတ်ကားသာဖြစ်လို့ အမှောင်လောကကြီးကို စွဲလမ်းမနေဘဲ အပြင်လောကရဲ့ အလှတရားတွေကိုလည်း မမေ့လျော့ဖို့ တိုက်တွန်းလိုက်ရပါတယ်။...
Nightbitch (2024) ⭐IMDB: 5.7/10 (8 k Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nightbitch (2024) IMDb Rating (5.7) / Rotten Tomatoes (59%) Man of Steel (2013)မှာ လူးဝစ်လိန်းအဖြစ်တမျိုး Enchanted(2007)မှာ ဂျစ်ဆဲလ်အဖြစ်တဖုံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adamsရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ black comedyလည်းဖြစ် horrorလည်းဟုတ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီး Amy Adamsက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သက်လတ်ပိုင်း ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နှစ်နှစ်အရွယ်သားလေးကို အိမ်မှာပဲနေပြီး အချိန်ပြည့်ပြုစုပေးဖို့ ပန်းချီဆရာမအလုပ်ကိုယ်စွန့်လွှတ်လိုက်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ မိခင်တစ်ယောက်။ ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ကြည့်တဲ့အခါ ပြုံးပြီး မင်းသဘောပြောခဲ့တော့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အိမ်မှာပဲနေရင်း သားဖြစ်သူနဲ့လင်ဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ ပင်ပန်းဆင်းရဲမှုတွေ နောင်တတွေ မခံချင်စိတ်တွေ ကြုံတွေ့ခံစားလာရတဲ့အခါမှာတော့ ထင်ယောင်မှားမှုတွေလား၊ အစစ်အမှန်လား မသဲကွဲတော့ဘဲ ရှင်သန်ရာပတ်ဝန်းကျင်မှာ ကမောက်ကမတွေဖြစ်လာခဲ့ပါတော့တယ်။ မိခင်ဘ၀ကို ရှုထောင့်တစ်ခုကနေ သေချာလေးတင်ဆက်ထားပြီး သင်ခန်းစာယူနိုင်စရာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
American Pie Presents: The Naked Mile (2006) ⭐TMDB: 55% User Score 🎬 #Adult #Comedy 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: The Naked Mile (2006) အားလုံးသိကြတဲ့အတိုင်းပဲ American Pie ထဲက ဇာတ်လိုက်ကျော်တွေထဲက စတိဗ်စတစ်ဖ်လာကို မသိသူမရှိကြသလိုစတစ်ဖ်လာ မျိုးရိုးမှာမွေးလာတဲ့ ယောကျ်ားလေးတိုင်းကလဲ စတိဗ်လိုပဲ ခေသူတွေမဟုတ်ပါဘူး။ဆရာ့ဆရာကြီးတွေတောင်မှ ဆရာလို့ခေါ်ရတဲ့ ထိပ်ခေါင်ဆရာကြီးတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိသားစုမှာပဲပေါက်ဖွားလာတဲ့ အဲရစ်ခ်စတစ်ဖ်လာကတော့ အဲလိုမဟုတ်ပါဘူး။လုပ်လိုက်ရင်တလွဲ၊ အံဝင်ဂွင်ကျမဖြစ်၊ အဆိုးဆုံးကတော့ စတစ်ဖ်လာတစ်ယောက်ဖြစ်ပြီး လူပျိုရည်မပျက်သေးတာပါပဲ။စတစ်ဖ်လာ မျိုးရိုးကို အိုးမည်းသုတ်နေတဲ့လူဆိုရင်လည်းမမှားဘူးပေါ့။ ဒါပေမယ့် ခုကြည့်နေတဲ့လူလိုမဟုတ်ပဲ သူ့မှာ ထရေစီဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်။ချစ်သူလေးကလည်း နင့်ခရမ်းသီးငါ့လာမနှပ်နဲ့ အပျိုအတိုင်းပဲနေချင်သေးတယ် ဆိုတဲ့လူမျိုး။အဲဒီတော့ အဲရစ်ခ်တစ်ယောက်တိုင်ပတ်ပြီ။ဘဝကို အပြာကားကြည့်ပြီး သိုင်းကွက်ကျင့်ရင်း ကုန်ဆုံးနေခဲ့ရပါတယ်။ဒါကိုသနားသွားတဲ့ ထရေစီဟာ အဲရစ်ခ်ကိုကျောင်းပိတ်ရက်မှာ ဘာနောက်ဆက်ဆွဲဆိုးကျိုးမှမရှိပဲနဲ့ လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့ပါတယ်။ဒီလိုနဲ့ အဲရစ်ခ်တစ်ယောက် သူ့အစ်ကိုဝမ်းကွဲနာမည်ကြီး ဒွိုက်စတစ်ဖ်လာတက်နေတဲ့ ကောလိပ်မှာ Naked Mile ဆိုတဲ့ပွဲကို ဆင်နွှဲဖို့သူငယ်ချင်း ငမွှေထိုးနှစ်ကောင်နဲ့တူတူသွားခဲ့ပါတယ်။ Naked Mile ဆိုတာကတော့ စာမေးပွဲပြီးတဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်ပျော်ပွဲရွှင်ပွဲအဖြစ် ကိုယ်တုံးလုံးချွတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ တစ်မိုင်ပြေးကြတာဖြစ်ပါတယ်။ဒီလိုနဲ့ အဲရစ်ခ်ရဲ့ လူပျိုရည်ပျက်ရေး ဒို့အရေးဆိုတဲ့ ဆန္ဒလေး ပြီးပြည့်စုံသွားမလားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါခင်ဗျာ။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)...
Funny Birds (2024) ⭐IMDB: 5.6/10 (180 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #France #Belgium #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Funny Birds (2024) IMDb Rating (5.6) ဒီဇာတ်ကားရဲ့ ခေါင်းစဉ်ကတော့ မြူးမြူးထူးထူးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟန်ပေါက်နေပေမယ့် တကယ်တော့ဒရာမအပြည့်နဲ့ ရင်သပ်ရှုမောဖွယ်အခိုက်အတန့်တွေကို ပေါင်းစပ်ပေးထားပါ့တယ်။ ဇာတ်အိမ်ရဲ့ သဘောသဘာဝကိုပြောရမယ်ဆိုရင် ကျေးငှက်သာရကတွေဟာ ငယ်စဉ်မှာအမိရဲ့ ပြုစုပျိုးထောင်ပေးမှုအောက်နေရပါတယ်။ အတောင်စုံကာမှ ကိုယ့်အသိုက်ကိုစွန့်ပြီး ကိုယ့်ရဲနောက်မျိုးသစ်တစ်ခုအတွက် အိုးအိမ်ဖြစ်ပေးရပါတယ်။ ဒီဇာတ်လမ်းမှာတော့ ခင်ပွန်းဖြစ်သူဆုံးသွားတဲ့ လော်ရာဆိုတဲ့အမျိုးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူက အရွယ်ရောက်လို့ အဝေးမှာကျောင်းသွားတဲ့အချိန် ရုတ်ရက်ကြီးကင်ဆာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ ဘဝကြီးရဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကဓံတရားကြားထဲ မရုန်းကန်တော့ဘဲ သူ့ရဲ့နယ်ဘက်က အိမ်လေးမှာပဲကျန်နေတဲ့အချိန်လေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ တစ်နိုင်တစ်ပိုင်နေရင်း အရိုးထုတ်ဖို့ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့စာသင်သားဘဝကို အနာခံပြီး မိခင်ကို ပြုစုပေးဖို့ရောက်လာပါတယ်။ အစကဒီတိုင်းပဲရှိရာအသက်ကိုပဲဆက်တော့မယ်လို့ဆုံးဖြတ်ထားတဲ့ လော်ရာကလည်း သမီးကြောင့် စိတ်ခိုင်ခိုင်ထားပြီး ကင်ဆာကိုတိုက်ဖျက်ဖို့ ဓာတ်ကင်ဖို့အားမွေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ကုထုံးခံနေရင်း လေးလအကြာမှာပဲ ဘယ်ကနေဘယ်လိုမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်က လော်ရာ့ရဲ့အမေပါဆိုပြီး ရောက်ချလာပါတယ်။ မိခင်နဲ့အတိတ်ဆိုးရှိခဲ့လို့ သမီးကိုတောင် အဘွားဖြစ်သူအကြောင်း မပြောပြထားတဲ့လော်ရာဟာ ဘဝအတွက်ရုန်းကန်နေရချိန်မှာ မီးစဟောင်းနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Piglet's Big Movie (2003) ⭐TMDB: 67% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winnie The Pooh ဆိုရင် ဝက်ဝံဝါဝါလေးနဲ့ သူ့သူငယ်ချင်း Tiggers တို့ Piglet တို့ကို 90′ born တွေနဲ့ 2000 born တွေတော်တော်များများသိကြမှာပါ။ Heart Warming ဖြစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေအတွက် Life Lesson လေးတွေပါပြီ ။ ကလေးတွေသာမကပဲ ငယ်ငယ်တုန်းက Winnie The Pooh ကိုပြန်ကြည့်ချင်တဲ့ လူကြီးတွေရော Nostalgia Feeling လေးပြန်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကိုလည်း အဆင်သင့်သလို ဘာသာပြန်ပေးထားပါတယ်။...
Touching Gold Captain (2022) ⭐TMDB: 100% User Score 🎬 #Action #Adventure #Mystery #Fantasy #Drama #Thriller 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့်စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။ သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက်အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကိုတိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ချောင်ရွှင့်ကိုလာရှာတာပါပဲ။ တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့….စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလားဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။...
Tom and Jerry: Willy Wonka and the Chocolate Factory (2017) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2017 🎞 video movie 🌎 #USA #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက နာမည်ကျော်ဇာတ်ကားကြီး တစ်ခုဖြစ်တဲ့ Willy Wonka and the Chocolate Factoryကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ Tom & Jerry ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာကတော့ ရုပ်ရှင်အတိုင်း ဖြစ်ပြီး နာမည်ကျော် ဝန်ကာချောကလက်စက်ရုံက တစ်သက်စာ ချောကလက်တွေကို ရွှေလက်မှတ်ရှာတွေ့တဲ့ ကံထူးရှင် ငါးယောက်ကို ပေးသွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ အတူ ရွှေလက်မှတ်တွေကို ချောကလက်ချောင်းထဲ ထည့်ပေး လိုက်တာကြောင့် ကလေးလူကြီးမရွေး ချောကလက်လုပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ ရွှေလက်မှတ်ပိုင်ရှင်တွေထဲမှာ ချာလီလေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ တွမ်နဲ့ဂျယ်ရီတို့ကတော့ ချာလီလေးရဲ့ မိတ်ဆွေတွေပေါ့။ အဲဒီလိုနဲ့ ချာလီတို့အဖွဲ့ ဝန်ကာရဲ့ချောကလက်စက်ရုံထဲကို အလည်အပတ်ရောက်သွားခဲ့ကြပါတယ်။ စက်ရုံထဲမှာ ဝန်ကာတီထွင်ထားတဲ့ ထူးဆန်းတဲ့သွားရည်စာတွေနဲ့အတူ မထင်တားတဲ့ အန္တရာယ်တွေလည်း ရှိနေတာကို ချာလီတို့ သိလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဝန်ကာရဲ့စက်ရုံကြီး ဒေဝါလီခံရအောင် ကြိုးစားနေတဲ့ ဆလက်ဂ်ဝေါ့ရှ်ဆိုတဲ့စီးပွားပြိုင်ဖက်တစ်ယောက်ရဲ့ အန္တရာယ်လည်း ရှိတာမို့ ချာလီနဲ့ တွမ် ဂျယ်ရီတို့ အဲဒီပြဿနာတွေကို ဖြေရှင်းပုံကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Last Stop: Rocafort St. (2024) ⭐IMDB: 4.2/10 (341 Votes) 🎬 #Horror #Mystery 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 30 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Last Stop: Rocafort St. (2024) IMDb Rating (4.2) Barcelona မီးရထားလမ်းလိုင်းရဲ့ Rocafort ဘူတာရုံမှာ အလုပ်ရခဲ့တဲ့ Laura က Rocafort ဘူတာရုံရဲ့ ကောလာဟလသတင်းတွေကို ဘာမှမသိဘဲ အလုပ်ဝင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ ဒါပေမဲ့ Laura အလုပ်စဝင်ပြီးမှ သိလိုက်ရတာက Rocafort ဘူတာရုံက သရဲပုံပြင်တွေနဲ့ပြည့်နေတဲ့ လူတွေအများကြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လာကြတဲ့ မရဏဘူတာရုံကြီး ဖြစ်နေမှန်းသိခဲ့ရတယ်။ အစပိုင်းမှာတော့ သရဲပုံပြင်တွေကို အယုံအကြည်မရှိဘဲ အလုပ်ကိုပဲ အာရုံစိုက်ဖိုကြိုးစားခဲ့ပေမဲ့ Laura လူတစ်ယောက် ရထားလမ်းပေါ် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အဖြစ်ဆိုးကြီးကို သူ့မျက်စိရှေ့မှာပဲ ချောက်ချားစွာ ကြုံတွေ့လိုက်ရပြီးနောက်မှာတော့အိပ်မက်ဆိုးတွေ ထင်ယောင်ထင်မှားတွေနဲ့ Laura တစ်ယောက် ထူးဆန်းတဲ့ စိတ်ချောက်ချားမှုတွေများစွာ ဆက်တိုက်ပေါ်ပေါက် လာခဲ့တော့တယ်။ Laura သူ့အိပ်မက်ဆိုးတွေအတွက် အဖြေရှာရင်း ရဲသားဟောင်းတစ်ဦးဖြစ်တဲ့ Román ရေးသားခဲ့တဲ့ Rocafort ဘူတာရုံက ကွင်းဆက်လူသတ်သမားအကြောင်း စာအုပ်ကို ဖတ်မိသွားခဲ့တယ်။ အဲဒီနောက်မှာတော့ Rocafort ဘူတာရုံက သရဲပုံပြင်တွေရဲ့ အမှန်တရားကိုရှာဖွေဖော်ထုတ်ဖို Laura နဲ့ Román ပူးပေါင်းရင်း ဘူတာရုံကြီးနဲ့ ဆက်စပ်တဲ့ နတ်ဆိုးကိုးကွယ်မှုတွေနဲ့ ကျောချမ်းစရာဖြစ်ရပ်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Unbelievable (The Cases of Disappearances) (2022) ⭐TMDB: 30% User Score 🎬 #Mystery #Thriller 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်။တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာ သေဆုံးသွားပြီး ကံကြမ္မာဆိုးကမြူခိုးရွာလေးကိုစတင်ရိုက်ခတ်လာပါတော့တယ်။ သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ…အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာတကယ့်အမှန်တရားကိုရှာဖို့ကြိုးစားပါတော့တယ်။အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်။ နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီး၊ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ….အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ဝမ်ကျဲတို့ကရော ဗီဇပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ။ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလားဆိုတာကိုဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ အဖြေရှာကြည့်ကြရအောင်။...
Golden Spider City (2022) ⭐TMDB: 70% User Score 🎬 #Drama #Thriller 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီးရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီးအဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်ကရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊လီဆာရဲ့အသက်နဲ့ခြိမ်းခြောက်ကာမြေအောက်ကမ္ဘာကိုသွားဖို့အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။ အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ…ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီးအသက်ကလည်းရွယ်တူလောက်ကိုသူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ…. သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။မင်းသားရဲ့အဖေဟာ တကယ်ပဲရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား…ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖိုစွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။...
The Flower and the Empress (2019) ⭐TMDB: 0% User Score 🎬 #Action 🗓 2019 🎞 video movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Flower And The Empress (2019) ဆိုတဲ့ကားလေးကိုCM ချစ် ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကိုနောက်ခံထားရိုက်ကူးပြထားတာပါ…ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့အားအထားရဆုံး တတိယမင်းသမီးလေးလန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းကကယ်တင်ပေးရာကနေ… ဒေသခံဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေစစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲအမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင်ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်… တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား.ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား…တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာမြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်ကတောက်လျှောက်လိုက်သွားခဲ့သလို… လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့အမျိုးသားတွေက မင်းမျိုးနွယ်တွေကိုခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့်ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီးတင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ်အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက်သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကိုဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်… ကဲ သူတို့ တကယ်ဆုံမှာလား… ဆုံပြီးရင်ရော ဒီလိုဝါဒကြီးစိုးနေတဲ့လောကကြီးမှာသူတို့အချစ်ဇာတ်လမ်းရောဖြောင့်ဖြူးပါ့မလားဆိုတာဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်...
Faqiu: The Lost Legend (2022) ⭐TMDB: 70% User Score 🎬 #Uncategorized #Thriller #Action #Adventure 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Faqiu-The lost legend (2022) ခွန်းလွန်တောင်ဆိုတာကတော့ ကောင်းကင်ဘုံကနတ်ဘုရားတွေကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပြီးသာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ဆိုကြပါတယ်။ ခွန်းလွန်တောင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်ပြီးနတ်ဘုရားပေါင်းရာချီကနေတည်ဆောက်ထားတဲ့ ရတနာတိုက်ဖြစ်တယ်။ရှေးဟောင်းအုတ်ဂူအမြောက်အများတည်ရှိနေတဲ့နေရာလည်းဖြစ်တယ်။“တောင်တန်းတွေကြားမှာ အထွတ်အမြတ်ရတနာတွေကိုသိုဝှက်ထားတယ်၊ကျောက်မင်ကလမ်းပြလိမ့်မယ်” လို့ထျန်းကွမ်းစာအုပ်ကဆိုပါတယ်။ ကျောက်မင်ဆိုတာဘာလဲ? ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်ပြီးရတနာတိုက်ရဲ့သော့ချက်လို့အများကသိထားကြတယ်။ခွန်းလွန်ရဲ့ရတနာတိုက်ကို မတရားလောဘတက်သူသင်္ချိုင်းဂူဖောက်သမားအများစုဟာလည်း ခွန်းလွန်အပြင်ကိုပြန်မရောက်နိုင်ဘဲအထဲမှာပဲဇိဝိန်ချုပ်သွားခဲ့တယ်။ သားရဲတိရစ္ဆာန်တွေ ၊အသူတရာနက်တဲ့ချောက်ကမ်းပါး၊ အလောင်းကောင်နဲ့အရိုးစုအမြောက်အများကြောင့်ခွန်းလွန်ပတ်ဝန်းကျင်ဟာ ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်။ခွန်းလွန်ကိုသွားသူအကုန်လုံးဟာလည်းပြန်လမ်းမရှိပျောက်ဆုံးသွားကြတယ်။ ဒီလိုဒဏ္ဍာရီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ခွန်းလွန်ကိုကျန်းဝမ်ဖုန်းတစ်ယောက်သွားဖို့ဖြစ်လာတာကတော့မိမိတိုင်းပြည်ရဲ့အမွေအနှစ်တွေကို တိုင်းတစ်ပါးသားလက်ဝါးကြီးအုပ်မှာကိုကာကွယ်ဖို့ရယ်၊လွန်ခဲ့တဲ့ ၁၇နှစ်ကခွန်းလွန်ကိုသွားရင်းပျောက်ဆုံးသွားတဲ့အဖေဖြစ်သူရဲ့အကြောင်းကို တူးဆွဖို့ရယ်ဖြစ်ပါတယ်။ဒါပေမဲ့ ခွန်းလွန်ကိုသွားတာသူတို့တစ်ဖွဲ့တည်းမဟုတ်ဘဲတိုင်းတစ်ပါးကအဖွဲ့နဲ့ရင်ဆိုင်တွေ့မိကြတဲ့အခါ၊အဲ့အဖွဲ့ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့၁၇နှစ်က အဖေဖြစ်သူနဲ့အတူသွားခဲ့တဲ့လူရဲ့တပည့်ဖြစ်နေတဲ့အခါ… ခွန်းလွန်တောင်ရဲ့လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူရတနာသိုက်ရှာပုံတော်အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Avicii - I'm Tim (2024) ⭐IMDB: 7.9/10 (3 k Votes) 🎬 #Biography #Drama #Music #Documentary 🗓 2024 🎞 movie 🌎 #USA #Sweden ⏰ 1 နာရီ 37 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Avicii – I’m Tim (2024)IMDB – 7.9/10 EDM လောကမှာ Avicii ဆိုတာ မသိသူရှားပါတယ်။EDM နားမထောင်လည်း သူ့ သီချင်းတွေကို ကြားဖူးနေကြမယ်ဆိုတာလည်း သေချာပါတယ်Wake Me Up တို့ The Nights တို့ Waiting for Love တို့ စသဖြင့် အများကြီးပါ။ Avicii ဆိုတာ အဓိပ္ပာယ်အပြည့် သီချင်းကောင်းတွေနဲ့အတူ ချန်ရစ်ပြီးစောစောစီးစီး အရွယ်ကောင်းနဲ့ ကြွေလွင့်ခဲ့ရတဲ့ အနုပညာသမားကောင်းတစ်ယောက်ပါ။၂၀၁၇ ခုနှစ်မှာတုန်းကလည်း သူ့အကြောင်း Documentary တစ်ကား ထွက်ခဲ့ပါသေးတယ်။ ဒီကားမှာတော့ ငယ်ဘဝတုန်းက မှတ်တမ်းတွေရော မိတ်ဆွေတွေရဲ့ အမှတ်တရတွေကို ပြန်ပြောပြဇာတ်ဖော်ထားပြီး အစုံအလင်ပါဝင်ထားပြီး ပိုပြီး ပြည့်စုံစေတယ်လို့ မြင်မိပါတယ်။ငယ်ရွယ်စဉ်ဘဝမှာ EDM ကို ဘယ်လိုထိတွေ့ခဲ့ပြီး ဘယ်လိုမျိုး စလုပ်ဖြစ်ခဲ့တာတွေ။ဘယ်လိုမျိုး အောင်မြင်ခဲ့တာတွေ။ အောင်မြင်လာတဲ့အလျောက် ဘယ်လိုမျိုး ဆိုးကျိုးတွေကို ခံစားရပြီးဘာဖြစ်ခဲ့သလဲဆိုတာကို တင်ဆက်ထားတာပါ။ Tiesto တို့ Alesso တို့ David Guetta တို့Coldplay အဆိုတော် Christ Martin တို့ စသဖြင့် နာမည်ကျော်တွေလည်း ပါဝင်ထားတာကို မြင်ရပါဦးမယ်။Avicii ဆိုတာ ထာဝရတည်တံ့စေမယ့် သီချင်းတွေ ဖန်တီးချင်တယ်တဲ့တကယ်လည်း လူသေသွားခဲ့ပေမဲ့ သီချင်းတွေက ခုထိရှင်ကျန်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်က EDM သမားတစ်ယောက်ပါ ကျွန်တော့်အတွက် ဘဝမှာ အနှမြောဆုံးတစ်ခုပြောရမယ်ဆိုရင် Avicii ကို အပြင်မှာ Liveset မကြည့်ခဲ့လိုက်ရတာပါပဲ။အခုချိန်ထိ တချို့ EDM သီချင်းတွေ နားထောင်မိလို့ သူတီးခဲ့တာလေးတွေနဲ့ ဆင်နေရင်ဒါက Avicii စတိုင်ပါလားဆိုပြီး ဒီလောကမှာ ပြောစမတ်တွင်ရလောက်အောင် သမိုင်းချန်ထားခဲ့သူပါ။ အဲဒါကလည်း သူ America မှာ ဒီ Folk, Rock, Blue ဆန်ဆန်လေးတွေနဲ့ House ကိုတွဲလုပ်လိုက်တာက ပိုပြီး ထူးခြားသွားစေတယ် ပြောရမယ်။ သူ့အနေနဲ့ True ရယ် Stories ရယ်Tim ရယ် Album ၃ ခွေထွက်ခဲ့ပြီး နောက်ဆုံးခွေ Tim ကတော့ သူ ဆုံးပြီးမှ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ သီချင်းတွေအနေနဲ့ ကျွန်တော်က အကုန်လုံးနီးပါး ကြိုက်တယ်ဆိုပေမဲ့ လူသိပ်မသိတဲ့ Stories ခွေထဲက City Lights ရယ်Can’t Catch Me ဆိုတဲ့ အပုဒ်လေးကတော့ မှတ်မှတ်ရရပါပဲ။ ဒီ ရုပ်ရှင်လေးထဲမှာဆိုTrue Album ကို ထူးထူးခြားခြား Ultra ပွဲကြီးမှာ Debut လုပ်ခဲ့တာတွေ၊သီချင်းတွေ ဖန်တီးမှုရဲ့နောက်ကွယ်က မှတ်တမ်းတွေ ကြည့်ရတာ တကယ်ကို Nostalgia ဖြစ်ပါတယ်။ အောင်မြင်လာတဲ့ Avicii တစ်ယောက် သူ့အတွက် မအောင်မြင်ခင်က ပိုပျော်ရွှင်ရတယ်ဆိုပြီး ဖြစ်လာတယ်၊အောင်မြင်မှုနောက်က ငွေကြေးတွေ မကြိုက်တော့ဘူး လွတ်လပ်မှုကို ရှာဖွေချင်တယ်ဆိုပြီး အိုမန်နိုင်ငံမှာကိုယ့်ကိုကိုယ် ဖန်ခွဲစနဲ့ အဆုံးစီရင်သွားရလောက်အောင် သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲဆိုတော့ သူကိုယ်တိုင်ပဲ သိမှာပါ။ အနုပညာတွေကိုပဲ လွတ်လပ်စွာဖန်တီးချင်တဲ့လူတစ်ယောက်က ကတိကဝတ်တွေ Deadline တွေ လူပိန်းကြိုက်လုပ်ရတာတွေ အောင်မြင်မှုတွေ ငွေကြေးတွေ ကြိုးကိုင်မှုတွေရဲ့အောက်မှာ နေရတာ မွန်းကျပ်လာပြီးအားရပါးရ ဖွင့်ထုတ်လိုက်တယ်လို့ မြင်မိပါတယ်။ ဘယ်လိုနေနေပါ သူ မရှိတော့ပေမဲ့သူ့ သီချင်းတွေကတော့ သူပြောခဲ့သလို ထာဝရတည်မြဲနေပြီးခုထိ အောက်မေ့အမှတ်ရနေဆဲပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
The Black Dahlia (2006) ⭐TMDB: 56% User Score 🎬 #Crime #Thriller #Drama 🗓 2006 🎞 video movie 🌎 #France #Germany #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Black Dahlia (2006)*********************** ခုတခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ The Black Dahlia ဆိုတဲ့ Crime/Thriller အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်…၁၉၄၇ ခုနှစ်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ The Black Dahlia မှုခင်းအပေါ် မှီငြမ်းဇာတ်အိမ်တည်ရေးထားတဲ့ဝတ္ထုကို ဒါရိုက်တာကြီး Brian De Palma က ရုပ်ရှင်အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်… ယင်းဒါရိုက်တာ Brian De Palma ဟာဆိုရင် နာမည်ကျော်ရုပ်ရှင်ကားများဖြစ်တဲ့ Carrie(1976), Dresses to Kill(1980), Scarface(1983), The Untouchables(1987) နဲ့ Mission: Impossible (1996) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း————– Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနက လက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်း မမျှော်လင့်ထားတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်… အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်… ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ မိန်းမငယ်လေး Elizabeth Short အမှုပေါ်ပေါက်လာပြီး ရဲဌာနတစ်ခုလုံး ခေါင်းရှုပ်ရပါတော့တယ်…တပြိုင်တည်းမှာ Lee ကိုင်တွယ်ဖမ်းဆီးခဲ့တဲ့ လူသတ်မှုတရားခံတွေကလည်း လွတ်ငြိမ်းခွင့်ရကာ လော့စ်အိန်ဂျလိစ်မြို့ဆီပြန်ရောက်နေခဲ့ပါတယ်… မိန်းမငယ်လေး သေဆုံးမှုအတွက် ၎င်းရာဇဝတ်သားများကို သံသယရှိသူ Bucky နဲ့ အပြည့်အဝကာကွယ်ပေးသူ Lee တို့ သဘောထားချင်းမတိုက်ဆိုင်ချိန်မှာတော့… ဒီရုပ်ရှင်ကားလေးဟာ ကျယ်ပြန့်ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေနဲ့ ဖွဲစည်းထားပြီး အမှုကနေအံချော် ကောက်ချက်ဆွဲနိုင်စရာဖြစ်ရပ်တွေနဲ့ ပုံဖော်ထားလို့ ဇာတ်ကားပြီးဆုံးချိန်နားထိ မြှုပ်ကွက်တွေရှာရင်း ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဇာတ်အိမ်ရှုပ်ရှုပ်ထွေးထွေးနှစ်သက်သူ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ...
