无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Twelve (2010) ⭐TMDB: 58% User Score 🎬 #Crime #Thriller #Drama #Action 🗓 2010 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Twelve (2010)************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်...
Nine Divine (2023) ⭐TMDB: 40% User Score 🎬 #Adventure #Fantasy 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 35 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိဘမဲ့ဂေဟာတစ်ခုက စိတ်ဒဏ်ရာတွေနဲ့ ကျောင်းသူလေး နိုင်း။ စိတ်ထွက်ပေါက်အနေနဲ့ မောင်ဖြစ်သူနဲ့အတူ ယူကျုမှာ ဗီဒီယိုလေးတွေရိုက်တင်လေ့ရှိပါတယ်။ သူတို့ပတ်ဝန်းကျင်ကကလေးတွေပျောက်နေတဲ့ကိစ္စနဲ့အတူ သူစိတ်ကူးဖန်တီးထားတဲ့ဇာတ်လမ်းက ဝိညာဉ်လောကက အမှန်တရားတစ်ခုကို ဖော်ထုတ်မိတဲ့အခါ။ ဂေဟာက သူ ချစ်ခင်ရတဲ့အုပ်ထိန်းသူ ပြောင်းသွားရပြီး ဆိုးရွားလှတဲ့ အုပ်ထိန်းသူအသစ် ရောက်လာပြီးတဲ့နောက်မှာ သူ့မောင်ဖြစ်သူပါ ပျောက်သွားတဲ့အခါမှာတော့ နိုင်းတစ်ယောက် မောင်ရှာပုံတော်ဖွင့်ရင်း ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)...
The Sun Sets on Us (2024) ⭐TMDB: 50% User Score 🎬 #Crime #Drama #Romance #Thriller 🗓 2024 🎞 video movie 🌎 #Turkey ⏰ 1 နာရီ 46 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အူမွတ်ရဲ့ဘဝက တည်ငြိမ်ပြီး ပြည့်စုံနေတဲ့ ဘဝဖြစ်ခဲ့တယ်။ သို့သော် မတော်တဆမှုကြောင့် သူ့ချစ်သူ အာနီကို ဆုံးရှုံးလိုက်ရချိန် သူမရဲ့ကမ္ဘာကြီးကို ပျက်စီးသွားစေခဲ့တယ်။ နှလုံးကိုဖောက်ထွင်းလိုက်သလို နာကျင်မှုနှင့်အတူ ရင်ဆိုင်ပြီး တိတ်ဆိတ်တဲ့ဘဝကိုဖြတ်သန်းနေခဲ့တယ်။ သူမနောက်ထပ်ကြုံတွေ့တာက အရာအားလုံး ပြောင်းလဲသွားစေခဲ့တယ်။ တစ်ခုပြီးတစ်ခု ဆိုးတဲ့ဖြစ်ရပ်များ ပေါ်ပေါက်လာပြီး အူမွတ် ကို အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေခဲ့တယ်။ အခု အချိန်မှာ သူမ နောက်ပြန်ကြည့်ရင်း ဆုံးရှုံးမှုတွေ အဆက်မပြတ်ဖြစ်ပွားနေတဲ့ အထီးကျန်မှုတွေကို ရင်ဆိုင်ပြီး၊ ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရပါတော့တယ်။အူမွတ် အခက်အခဲတွေကို ကျော်လွှားနိုင်မလား ဒါမှမဟုတ် သူမရဲ့ကမ္ဘာထဲမှာဘာဖြစ်မလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Love Child (2024) ⭐IMDB: 7.6/10 (35 Votes) 🎬 #Romance #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Child (2024) IMDb Rating (7.6) အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက် လိုက်ကြပါတယ်။ နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊ အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။ “Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Where the Heart Is (2000) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Romance 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Where the Heart Is (2000) သည် စိတ်လှုပ်ရှားစရာ ၊ ရယ်စရာနှင့် ချစ်ခြင်းတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအရ Novalee Nation (Natalie Portman)ကို သူ့ချစ်သူက Walmart မှာ ထားခဲ့တဲ့အတွက် တစ်ယောက်ထဲ နေထိုင်ဖို့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ် ။ ဒါပေမယ့် သူ့ရဲ့ ရယ်စရာလေးတွေ နှင့် အားပေးတတ်မှု ကြင်နာတတ်မှုတွေ နဲ့ ချစ်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အနာဂတ်သစ်တစ်ခု ပတ်ဝန်းကျင်အသစ်တစ်ခု စတင်နိုင်ခဲ့ပါတယ် ။ ဒါရိုက်တာ Matt Williams ရဲ့ရိုက်ကူးမှုကတော့ ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာ ပြည့်စုံစေခဲပါတယ် Natalie Portman် အလှတရားနှင့် ဇာတ်ရုပ်တွေကြောင့် သူမရဲ့ Novalee ကို စိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်ပို့တွေဖြစ်တဲ့ Stockard Channing, Joan Cusack နှင့် Ashley Judd တို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်လမ်းကို ပိုမိုကောင်းမွန်စေပြီးတော့ ရယ်စရာတွေ နှင့် စိတ်ပျော်ရွှင်စရာလေးတွေ ဖြစ်စေမှာပါ ။ Where the Heart Is ကတော့ အချစ်နဲ့ ရယ်စရာဟာသလေးတွေကို လှပစွာ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီးတော့ အားလုံးကို စိတ်ပျော်ရွှင်စေဖို့ နဲ့ အားတက်စရာလေးတွေဖြစ်စေမှာပါ ။ drama လေးတွေ ပျော်စရာလေးတွေသဘောကျတတ်တယ် စိတ်ကြည်ကြည်နဲ့ကြည့်ချင်တယ်ဆိုရင်တော့ ကြည့်ဖို့သင့်ပါတယ်။...
A Christmas in New Hope (2024) ⭐TMDB: 80% User Score 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Influencer တစ်ယောက်ဖြစ်တဲ့ ဗစ်တိုးရီးယားက ဒေါင်းရောဂါခံစားနေရသူသမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့ single mom တစ်ယောက်ဖြစ်ပါတယ်… ခရစ်စမတ်မတိုင်ခင် အိမ်ကိုပြန်လည်ပြုပြင်ဖို့အတွက် Home to Heart ပြိုင်ပွဲလေးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်…. ပြိုင်ပွဲကြောင့် သူ့ရဲ့အိမ်နီးချင်း ဂယ်ဗင်ဂါဒင်နာနဲ့ ပိုမိုရင်းနှီးလာရင်း သံယောဇဉ်တွေ တွယ်နေချိန်မှာ သူမရဲ့ခင်ပွန်းဟောင်း ဘတ်ဒီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်….. “သူ့မှာ ဖေဖေရှိပါစေ”ဆိုတဲ့ သူ့သမီးလေးရဲ့ ခရစ်စမတ်ဆုတောင်းကို ဖြည့်စည်းပေးချင်တဲ့ ဗစ်တိုးရီးယားက သမီးလေးရဲ့ဖေဖေနဲ့ ပြန်လည်ပေါင်းစည်းသွားမှာလား? ဒါမှမဟုတ် သူမရဲ့အချစ်ကို ဦးစားပေးရွေးချယ်သွားမှာလား? ပျော်ရွှင်စရာခရစ်စမတ်ပုံရိပ်လေးတွေနဲ့ ဖန်တီးထားတဲ့ ကြည်နူးစရာရုပ်ရှင်ကားလေး ဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Scene Number 62 (2024) ⭐IMDB: 6.8/10 (21 Votes) 🎬 #Bollywood #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scene Number 62 (2024) “ရိုက်ကွင်းနံပါတ် ၆၂” အာဘီ၊ ဆန်ဂျေး၊ ဗိုင်ရှူနဲ့ ဆာဟာနာတို့ကအောင်မြင်မှုကိုလိုက်ရှာရင်း စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့သရုပ်ဆောင်တွေ။ ဒါရိုက်တာရာဗီရာ့ဂျ်ရဲ့စကားကိုနားယောင်ပြီးတဲ့နောက်မှာတော့ရာဗီရာ့ဂျ်ခိုင်းတဲ့အတိုင်း စခန်းသွင်းမယ်ဆိုတဲ့နေရာဆီကိုရောက်လာခဲ့ကြတာပေါ့။ ဒါပေမဲ့ သူတို့ရောက်ရှိသွားတဲ့နေရာကတော့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမဟုတ်ဘဲစိန်ခေါ်မှုတွေ အဆိုးရွားဆုံးအကြောက်တရားတွေကို ရင်ဆိုင်ရမဲ့နေရာဆိုတာကိုသိရတဲ့နောက်မှာတော့…။ Survivalရုပ်ရှင်ဆန်ဆန်ရိုက်ကူးထားတဲ့တမီးလ်ရုပ်ရှင်မို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
The Wild (2006) ⭐TMDB: 55% User Score 🎬 #Adventure #Animation #Family 🗓 2006 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wild (2006)*************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်...
Next Friday (2000) ⭐TMDB: 64% User Score 🎬 #Comedy 🗓 2000 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.1 နာမည်ကြီးရပ်ပါ Ice Cube ပါဝင်ထားတဲ့ ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် meme ပါဝင်တဲ့ Friday (1995) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ခရိတ်ဆိုတဲ့ကောင်လေး အနိုင်ယူလိုက်တဲ့ သူတို့ရပ်ကွက်ထဲက လူမိုက်တစ်ယောက်က ထောင်ဖောက်ပြေးလာတဲ့ သတင်းကြားရချင်း အဖေလုပ်သူက ခရိတ်ကို ထီပေါက်ထားတဲ့ ဦးလေးနဲ့ ဝမ်းကွဲညီတို့အိမ်ကို သွားရှောင်နေခိုင်းပါတယ် ဖြစ်ချင်တော့ သူ့ဦးလေးအိမ်နားမှာလည်း နောက်ထပ် ဂန်းစတားညီအစ်ကို ၃ ယောက် ရှိနေတဲ့အခါ ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါတယ်...
Straight Outta Nowhere: Scooby-Doo! Meets Courage the Cowardly Dog (2021) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Mystery #Family #Fantasy #Horror 🗓 2021 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ စကူဘီအပြင်တခြား နာမည်ကြီး ကာတွန်းခွေးကလေး Courage the Cowardly Dog နဲ့ Collab ထားတဲ့ ကားလေးပါ စကူဘီတို့ အုပ်စုဟာ ကန်းဆက် ပြည်နယ်မှာ ရှိတဲ့ နိုးဝဲဆိုတဲ့ မြို့လေးကို ရောက်လာကြပါတယ် ဒီမြို့ကတော့ တခြားမြို့ မဟုတ်ပါဘူး Courage (သတ္တိ) ဆိုတဲ့ ငကြောက်ခွေးလေး ရှိတဲ့ မြို့ပဲ ဖြစ်ပါတယ် အဲဒီမှာ Courage တို့ နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ဒီမြို့လေးမှာ နတ်ဆိုးတွေ ခြောက်လှန့်နေတယ်ဆိုတာကို သိရပြီး ဒီခြောက်လှန့်မှုတွေကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ် နဂိုတည်းက ကြောက်တတ်တဲ့ စကူဘီတစ်ယောက် သူနဲ့ အတူကြောက်ဖို့အတွက် နောက်ထက်ငကြောက်ခွေးလေးတစ်ကောင်နဲ့ အတူတူ ဘယ်လို အလွဲတွေ လုပ်ဦးမလဲဆိုတာကို ကြည့်ရှု ခံစားလိုက်ပါဦး ခင်ဗျာ...
Thaghut (2024) ⭐IMDB: 6.2/10 (126 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 44 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thaghut (2024) IMDb Rating (6.4) အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာ ကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။ သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြို့ပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။ တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါ အံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။ နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူ တဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။ အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖို့ကမ်းလှမ်းလာချိန်မှာ အလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် ပြန်ဖို့အသင့်ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာမမျှော်လင့်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့ သူတို့သုံးယောက်လုံးရွာက မပြန်ဖြစ်ပဲ ဆက်နေကြရချိန်မှာတော့ ရွာကြီးရဲ့ထူးဆန်းမှုတွေ၊ လျှို့ဝှက်မှုတွေ ပဟေဠိတွေဟာ တစ်စတစ်စ ခြောက်ခြားစရာရုပ်လုံးပေါ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Yin Yang Master Zero (2024) ⭐IMDB: 5.7/10 (214 Votes) 🎬 #Fantasy #History #Mystery #War 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
American Pie Presents: Band Camp (2005) ⭐TMDB: 55% User Score 🎬 #Adult #Comedy 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: Band Camp (2005) Band Camp ဆိုတာကတော့ အရင်ခေတ်က သံစုံတီးဝိုင်းအဖွဲ့တွေကို အားလပ်ရက်မှာ စခန်းသွင်းလေ့ကျင့်ပြီး ပြိုင်ပွဲကျင်းပတဲ့အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မက်စတစ်ဖလာဆိုတဲ့ ကောင်လေးဟာ ဟောလိဝုဒ်မှာနာမည်ကြီး လူကြီးဇာတ်ကားတည်းဖြတ်ပြီး နာမည်ကြီးသွားတဲ့ ဇာတ်လိုက်ကျော် စတိဗ်စတစ်ဖလာရဲ့ ညီလေးဖြစ်ပါတယ်။ မက်က သူ့အစ်ကိုကို ဘယ်လောက်အားကျသလဲဆိုရင် သူ့အစ်ကိုလုပ်ခဲ့တဲ့ကိစ္စတွေမှန်သမျှကို လိုက်လုပ်ပြီး သူ့အစ်ကိုရဲ့အသိအမှတ်ပြုတာကိုခံချင်တဲ့အထိပါပဲ။ ဆိုးသည်ဖြစ်စေ မိုက်သည်ဖြစ်စေ ညစ်ညမ်းသည်ဖြစ်စေ၊ မကောင်းတဲ့အရာမှန်သမျှကို လိုက်လုပ်တဲ့အတွက် အိမ်ကနေ သူ့ကိုလက်မခံဘဲ သီးသန့်ခွဲနေရတဲ့အထိဖြစ်သွားပါတယ်။ မက်က အိမ်မှာတင်မကဘဲ ကျောင်းမှာလည်း သူ့အစ်ကိုလို နာမည်ဆိုးနဲ့ဟိုးလေးတစ်ကျော်ကျော်ဖြစ်တဲ့သူပါ။ ဒီလိုနဲ့ ကျောင်းရဲ့စည်းကမ်းထိန်းသိမ်းရေးမှူးကနေ သူ့ကိုကျောင်းပိတ်ရက်မှာ ကျောင်းကသံစုံတီးဝိုင်းအဖွဲတွေနဲ့အတူတူ စခန်းသွင့်လေ့ကျင့်ခိုင်းရင်းနဲ့ ဇာတ်ကြောင်းလေးက ဖန်လာပါတော့တယ်။ မက်တစ်ယောက် တီးဝိုင်းစခန်းကိုရောက်ပြီးနောက် သူ့ရဲ့အကျင့်ဆိုးတွေပျောက်သွားမလား၊ လူတစ်ယောက်ကို ပတ်ဝန်းကျင်တစ်ခုကနေ မတူညီတဲ့နောက်ပတ်ဝန်းကျင်တစ်ခုကို ဆွဲထည့်လိုက်တဲ့အခါ အကျင့်စရိုက်တွေ အနည်းနဲ့အများ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသဆန်ဆန် ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)...
Tom and Jerry: Back to Oz (2016) ⭐TMDB: 58% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2016 🎞 video movie 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ နာမည်ကျော် Ozဇာတ်လမ်းကို Referenceယူပြီး ရိုက်ထားတဲ့ Tom & Jerry ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒိုရိုသီတစ်ယောက် အော့ဇ်တိုင်းပြည်ရဲ့ မြစိမ်းမြို့တော်ကနေ သူ့ဇာတိကန်းဆက်မြို့တော်ကို ပြန်ရောက်လာချိန်အဒေါ်နဲ့ ဦးလေးဖြစ်သူတို့ရဲ့ မွေးမြူရေးခြံက အကြွေးနဲ့ တိရစ္ဆာန်တွေသိမ်းခံရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။ ဒါကြောင့် သူ့အဒေါ်ရဲ့ခြံကိုကာကွယ်ဖို့ မြစိမ်းမြို့တော်ကိုပြန်သွားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအပြင် အော့ဇ် တိုင်းပြည်ရဲ့မဟာရန်သူတော် နုမ်းဘုရင်ရဲ့ အန္တရာယ်ပါကျရောက်လာတဲ့အခါ ဒိုရိုသီနဲ့ တွမ်၊ဂျယ်ရီနဲ့ တွဲဖက်တွေဖြစ်တဲ့ စာခြောက်ရုပ် ခြင်္သေ့ကြီးနဲ့ သံပုံးလူသားတို့အဖွဲ့ မြစိမ်းမြို့တော်ကို ကယ်တင်ဖို့ အကြောင်းဖန်လာပါတယ်...
The Wizard of Oz (1939) ⭐TMDB: 76% User Score 🎬 #Adventure #Family #Fantasy #Musical 🗓 1939 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကို L. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကို ပြန်ရိုက်ထားတယ်။ L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီးရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့ သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်။ ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကို ကယ်ဖို့ အိမ်ကနေ သူ့ခွေးလေးနဲ့အတူတူထွက်လာရင်း လေမုန်တိုင်းတစ်ခုနဲ့တိုးရာကနေ အဲဒီလေမုန်တိုင်းက သူ့ကို Ozလို့ခေါ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာဆီခေါ်သွားခဲ့တယ်။ ဒိုရိုသီဟာ ဒီကမ္ဘာကနေသူ့အိမ်ပြန်တဲ့လမ်းကိုရှာဖို့ အော့ဇ်ရဲ့မှော်ဆရာကြီးဆီကို သွားရင်း လမ်းမှာ သတ္တုလူသား , စာခြောက်ရုပ်, ခြင်္သေ့အစရှိတဲ့အရာတွေနဲ့တွေ့ခဲ့ပြီး သူတို့မှာလည်း သူတို့ချို့ငဲ့နေတဲ့အရာတွေရှိနေတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့တွေ အော့ဇ်ရဲ့မှော်ဆရာကြီးဆီအတူတူသွားပြီး အကူအညီသွားတောင်းကြဖို့ ခရီးဆက်ကြတဲ့ဇာတ်လမ်းပါပဲ။ ဒီလမ်းတစ်လျှောက်မှာ အနောက်ဘက်စုန်းမဆိုးကြီးက သူတို့ကို နှောင့်ယှက်အန္တရာယ်ပေးတာတွေကို ကျော်လွှားပြီး မှော်ဆရာကြီးဆီ သူတို့ရောက်အောင်သွားကြမယ့် ခရီးကို ကြည့်ရမှာပါ။ ဇာတ်လမ်းအရတော့ Ozဟာ ကလေးပုံပြင်တစ်ပုဒ်ပါပဲ။ အရမ်းခမ်းနားကြီးကျယ်တဲ့ ဇာတ်လမ်းကြီးမဟုတ်ပေမဲ့ ခေတ်အဆက်ဆက် အားလုံးရဲ့ ရင်ထဲရောက်နိုင်ခဲ့တဲ့ဇာတ်လမ်းပါပဲ။ ကလေးပုံပြင်တစ်ပုဒ်ရဲ့ ဒြပ်တွေအကုန်ပါနေတဲ့ ကလေးပုံပြင်စစ်တဲ့ ကလေးပုံပြင်တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ပုံပြင်ဟာ ပုံပြင်ပါပဲ။ ပုံပြင်မဆန်တဲ့ပုံပြင်တွေထက် ပုံပြင်ဆန်တဲ့ပုံပြင်တွေက ကျွန်တော်တို့ရင်ထဲပိုရောက်တတ်တာပါပဲ။ ကလေးပုံပြင်တွေဟာ ကြီးကျယ်ခမ်းနားစရာမလိုသလို ရိုးသားစရာလည်းမလိုပါဘူး။ ကလေးပုံပြင်တွေက လက်တွေ့မကျပေမဲ့ ကမ္ဘာကြီးရဲ့ တကယ့်မျက်နှာအစစ်ကို ရင်ဆိုင်တွေ့ပြီး ကိုယ့်အတွေးအခေါ်တွေ ကိုယ်ဖြစ်တည်မလာခင် စပ်ကြားမှာ ကျွန်တော်တို့ခေါင်းထဲရှိနေတာကောင်းတဲ့ အကောင်းဘက်က အမြင်တွေကို ဖြည့်စွက်ပေးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲ။ Ozဟာ ဒီလိုဒြုပ်မျိုး အပြည့်အဝရှိတဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒုတိယကမ္ဘာစစ်စတဲ့ကာလ ၁၉၃၉မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ပေမဲ့ The Wizard of Ozဟာ သူ့ကာလက ကားလို့မထင်ခဲ့ရသလို မြူဇစ်ကယ်ရုပ်ရှင်တွေရဲ့ အရွေ့အပေါ်လည်း သက်ရောက်မှုကြီးခဲ့တယ်။ သူ့နောက်မှာ နာမည်ကျော် မြူဇစ်ကယ်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့သလို Ozဇာတ်လမ်းတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ကြတယ်။ ဒီနှစ်နဲ့နောက်နှစ်မှာလည်း Jon M. Chuရဲ့ Wicked ( 2024 )နဲ့ Wicked: For Good (2025)ထွက်ဦးမှာဆိုတော့ ဒီအသစ်တွေရဲ့ဇာတ်လမ်းကို သေချာသိဖို့ရော ဂန္တဝင်မြူဇစ်ကယ်တစ်ကားအနေနဲ့ရော ကြည့်ထားသင့်တဲ့ ရုပ်ရှင်ပါပဲ။...
Scooby-Doo! Pirates Ahoy! (2006) ⭐TMDB: 75% User Score 🎬 #Adventure #Animation #Comedy #Fantasy #Family #Mystery 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ စကူဘီတို့ အဖွဲ့ဖြစ်တဲ့ Mystery Inc ဟာ ဖရက်ဒ်ရဲ့ မိဘတွေဆီက လက်ဆောင်ရတဲ့ ဇိမ်ခံသင်္ဘောခရီးစဥ်ကို လိုက်ပါလာကြပါတယ် ထွက်လာကျတဲ့ နေရာကလည်း ဗာမူဒါတြိဂံကို ထွက်လာခဲ့ကြတာပါ အပန်းဖြေဖို့ ထွက်လာခဲ့ကြပေမဲ့ သင်္ဘော ခရီးစဥ်တစ်လျှောက် ထူးဆန်းမှုတွေကို ကြုံလာရပါတော့တယ် ဒီတော့ သူတို့ ဘာတွေ ကြုံသွားရမလဲ ကြုံရသမျှကိုရော ဘယ်လိုဖော်ထုတ်သွားမှာလဲဆိုတာတွေကို စကူဘီဒူးရဲ့ ထုံးစံအတိုင်း ဟာသတွေနဲ့ ဒီတစ်ခါမှာတော့ အပန်းဖြေခရီးစဥ်အဖြစ် ကြည့်ရှုရမှာပါ...
Scooby-Doo! and the Monster of Mexico (2003) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Comedy #Family #Mystery 🗓 2003 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ စကူဘီတို့ အုပ်စု မက္ကဆီကို အပန်းဖြေဖို့ ရောက်လာခဲ့ပါတယ် ဒါပေမဲ့ သူတို့ အနားယူနေတဲ့ မြို့ကလေးမှာ အယ် ချူပါကာဘရာဆိုတဲ့ တိရစ္ဆာန်ရဲ့ ခြောက်လှန့်မှုကို ခံရနေခဲ့ပါတယ် ဒီအခါမှာတော့ စကူဘီတို့တွေ ဒီဆန်းကြယ်မှုကြီးကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ် ဒီဆန်းကြယ်မှုတွေကို သူတို့ ဖြေရှင်းသွားနိုင်မှာလား ဒီတိရစ္ဆာန်ကရော တကယ်တည်ရှိနေတာလားဆိုတာတွေကို စကူဘီဒူးကားတွေရဲ့ ထုံးစံ အတိုင်း ဟာသတွေ အများကြီးနဲ့ ကြည့်ရှုသွားရမှာပါ...
Cryptids (2023) ⭐TMDB: 55% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 26 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cryptids (2024) IMDb Rating (4.2) “အမှန်တရားဆေးရည်” ဆိုတဲ့ ညပိုင်းရေဒီယိုအစီအစဉ်တစ်ခုမှာ အနယ်နယ်အရပ်ရပ်ရှိကြတဲ့ပရိသတ်တွေဟာ သူတို့ရဲ့ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကို ဖုန်းဆက်ပြီးဝေမျှလာကြပါတယ်။ ဖရဲသီးခေါင်း၊ လူပျောက်ရှာပုံတော်၊ စိမ့်တောထဲကဇာတ်လမ်း၊ သွေးစုပ်ကောင်၊ ပန်းကန်ပြားပျံ၊ ရောဂါပိုး၊ အသားစားသတ္တဝါကောင်ကြီးနဲ့ ပိုးဖလံလူသား အစရှိတဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို တထိုင်တည်းကြည့်ရှုရမဲ့ ဇာတ်လမ်းစု ဟော်ရာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)...
Ingeborg Bachmann - Journey Into the Desert (2023) ⭐IMDB: 6.0/10 (621 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Austria #Switzerland #Germany #Luxembourg ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ingeborg.Bachmann.-.Journey.Into.The.Desert.2023 mmsub IMDB-6.1 စာရေးဆရာ Max နဲ့ ကဗျာဆရာမ Bachmann တို့ အကြောင်းအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ။ ကဗျာဆရာမလေးရဲ့ ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းနဲ့ သဝန်တိုလွန်းတဲ့စာရေးဆရာတို့ရဲ့အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။စာရေးဆရာဟာကောင်မလေးကို စာရေးဆရာမအလုပ်ဆက်မလုပ်စေချင်ဘဲ သူ့ဇနီးသည် အဖြစ်နဲ့ပဲမီးဖိုထဲမှာချက်ပြုတ်နေစေချင်ခဲ့တာပါ။ ဒီလိုနဲ့ချုပ်ချယ်ရင်း သူတို့ရဲ့ အချစ်ခရီးဟာ ဆက်လက်သာယာဖြောင့်ဖြူးမလားဆိုတာကို ကြည့်ရှူခံစားလိုက်ကြပါနော် ….။IMDB အနေနဲ့လည်း 6.1 အထိရရှိထားတဲ့စိတ်ဝင်စာဖွယ်ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်နော်...
Hidden Face (2024) ⭐IMDB: 6.5/10 (103 Votes) 🎬 #Drama #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hidden Face (2024) ********************* ဒီကားလေးတော့ 19+ ဖြစ်တဲ့အတွက် ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာတွေရိုက်ကူးထားတာ ဖြစ်လို့ မိသားစုနဲ့ အတူ ကြည့်ရှုရန် မသင့်တော်ပါဘူးနော်။ castတွေ အနေနဲ့တော့ ဂျွန်စောလို့ လူသိများတဲ့ မင်းသားကြီး Song Seung-heon,Cho Yeo-jeong နဲ့ Park Ji-hyun တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ Hidden face ရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်Hidden Face (2011)ကို korea version အဖြစ် ဒါရိုက်တာ Kim Dae woo ကremake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး erotic mystery thrillerအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့******************** ဂီတမှူးဆောင်းဂျင်းက သူ့ဇနီးလောင်း ဆူယွန်းရှိတဲ့ သံစုံတီးဝိုင်းမှာ ဦးဆောင်နေတဲ့ဂီတမှူး တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆူယွန်းက ဗီဒီယိုမက်ဆေ့ချ်တစ်ခုပဲချန်ရစ်ထားခဲ့ပြီးတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ဇနီးလောင်း ပျောက်ဆုံးသွားလို့ ယူကျုံးမရ ဖြစ်နေတဲ့ ဆောင်းဂျင်းဟာ ..သူ့ဇနီးလောင်းရဲ့ တယောကြီးသမားနေရာမှာ အစားထိုးဝင်ဖို့ လာလျှောက်တဲ့ဇနီးလောင်းရဲ့ ဂျူနီယာဖြစ်သူလေး ဂင်မီဂျူ့ကို တွေ့ပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။ မိုးသည်းတဲ့ ညတစ်ညမှာ အရက်မူးနေကြတဲ့ ဆောင်းဂျင်းနဲ့ မီဂျူတို့ နှစ်ယောက်ကိုယ်စီဆန္ဒတွေကို ထိန်းမထားနိုင်ကြတော့ဘဲ ရှင်းဆူယွန်းရဲ့ အိမ်မှာမလုပ်သင့်မလုပ်အပ်တဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ပျောက်ဆုံးသွားပြီလို့ ထင်နေခဲ့ကြတဲ့ ဆူယွန်းကလည်းလွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ အလုံခန်းထဲမှာ ပိတ်မိနေပြီးတော့ထွက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ပါတယ် .. ။ နောက်ဆုံးမှာ ဆူယွန်းတစ်ယောက် ထွက်လာနိုင်မလား .. ဆောင်းဂျင်းနဲ့ မီဂျူတို့ ဇာတ်လမ်းလည်း ဘယ်လိုဆက်ဖြစ်သွားမလဲ .. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်)...
