无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Place of Bones (2023) ⭐IMDB: 4.8/10 (620 Votes) 🎬 #Thriller #Western #Horror #Action #Drama 🗓 2023 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Place of Bones (2024) ဒီဇာတ်ကားလေးကတော့ အမေရီကန်အနောက်ပိုင်းဒေသ ကောင်းဘွိုင်တွေရဲ့ခေတ်ကိုရိုက်ပြထားတာဖြစ်ပါတယ်။ Pandora နဲ့ Hester လို့ခေါ်တဲ့သားအမိနှစ်ယောက်ဟာ ဖခင်မရှိတော့ဘဲ မိန်းမသားနှစ်ယောက်တည်းသာနေထိုင်ပါတယ်။ တစ်နေ့ သူတို့တဲနားမှာဒါဏ်ရာရထားတဲ့လူတစ်ယောက်တွေ့လို့ ကယ်ထားလိုက်ပါတယ်။ ပြဿနာက ဒီလူကဓားပြဖြစ်နေတဲ့အတွက် သူနဲ့ပါလာတဲ့ပြဿနာတွေကို သူတို့သားအမိနှစ်ယောက်ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားမှာဘယ်သူမှမထင်ထားတဲ့ Mind-blowing plot twist အကြီးကြီးတစ်ကွက်ပါပါတယ်။ ဆိုတော့အဲ့ plot twist ကိုသိချင်ရင်တော့ ဒီဇာတ်ကားလေးထဲမှာကိုယ်တိုင်ရှု့စားလိုက်ကြဖို့အကြံပေးချင်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Forlife ဖြစ်ပါတယ်။)...
时空救赎 (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဘာဝလွန်ဇာတ်ကားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်ကားလေးကတော့ သေနတ်တစ်လက်ကအစပြုပြီးအရင်းနှီးဆုံးလူတွေရဲ့စိတ်ရင်းမှန်တွေကို သိလိုက်ရတဲ့အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ –အားကျယ်လို့ခေါ်တဲ့ကောင်လေးက ဒုစရိုက်လောကက ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်ပါ ။ဒါပေမဲ့ သူကသစ္စာရှိပြီး ညီအစ်ကိုသံယောဇဉ်ကိုလည်းအလွန်မှ တန်ဖိုးထားပါတယ် ။တစ်နေ့မှာတော့ သူတို့ဆိုင်တစ်ဆိုင်ကိုပစ္စည်းဝင်လုဖို့ မစ်ရှင်လုပ်ကြရင်းမထင်မှတ်ထားဘဲ အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုတစ်ခုဖြစ်လာပါတော့တယ် ။ အဲဒီအချိန် သူမထင်မှတ်ထားတဲ့ သူ့ညီအစ်ကိုက သူ့အစ်ကိုကြီးကိုပစ်လိုက်တဲ့အခါသူ့ကိုယ်သူစိတ်မထိန်းနိုင်ဘဲ သူလည်း အဲဒီညီအစ်ကိုသေနတ်နဲ့ပစ်လိုက်ပါတော့တယ် ။ဒါပေမဲ့ မထင်မှတ်ထားဘဲ သူကိုယ်တိုင်က သူပစ်လိုက်တဲ့သူရဲ့ခန္ဓာကိုယ်ထဲဝိညာဉ်ဝင်သွားတဲ့အချိန်မှာတော့….သူတို့အချင်းချင်းအပြင်မှာအဆင်ပြေသလိုရှိပေမဲ့ စိတ်ထဲမှာဘယ်လိုအကောက်ကြံနေလဲဆိုတာကို ခံစားကြည့်ဖို့အခွင့်အရေးရလာပါတော့တယ် ။ကဲဇာတ်လမ်းလေးထဲမှာ သူဒီလိုမျိုးသူများကိုယ်ထဲဝင်ခံစားရင်အချင်းချင်းပစ်ခတ်ကြတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့အဆူံးထိစောင့်ကြည့်ပေးကြပါအုံးနော်။...
Miracle (2011) ⭐IMDB: 6.5/10 (14 Votes) 🎬 #Drama #Family 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miracle (2011) **************** Family drama အမျိုးအစားဖြစ်တဲ့ Miracle ဆိုတဲ့ ဇာတ်ကားကောင်းလေးမှာတော့Boys Over Flower (F4) ကားထဲက မင်းသမီးရဲ့မောင်အနေနဲ့သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင် Park Ji bin,ဒီကားနဲ့ debut လုပ်တဲ့ ကလေးသရုပ်ဆောင်လေး Lee Seul-Gi နဲ့The Fiery Priest ကားထဲက မင်းသားကြီး Lee Moon Sik တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း************** အွန်းချောလ် (Park Ji bin) နဲ့ အွန်းဟာ (Lee Seul-Gi) တို့ဟာမိဘများဆုံးပါးသွားတဲ့အတွက် နာမကျန်းဖြစ်နေတဲ့အဘွားဖြစ်သူနဲ့အတူနေနေရတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပါတယ်.. ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုအွန်းဟာလေး မျက်စိအမြင်အာရုံ ပျောက်ကွယ်ရတော့မဲ့အချိန်မှာအဘွားဖြစ်သူဟာလည်း လူကြီးရောဂါနဲ့ ဆုံးပါးသွားရှာပါတော့တယ်… ကလေးမလေး အွန်းဟာတစ်ယောက် အသိအစ်ကိုတစ်ယောက်ရဲ့ဗဟုသုတမျှဝေမှုကြောင့်နဲ့ ဝေလငါးတွေနဲ့ပတ်သက်ပြီး ရူးသွပ်လာတဲ့အခါအစ်ကိုဖြစ်သူ အွန်းချောလ်အပေါ် ဝေလငါးကို အပြင်မှာတွေ့မြင်နိုင်ဖို့အတွက် ပူဆာပါတော့တယ်… နိုဒေါ့ဆူ (Lee Moon-Sik) ဟာ သူဌေးဖြစ်သူကို သတ်မှုနဲ့အလိုရှိဆုံးရာဇဝတ်သားဖြစ်ကာ ပြစ်မှုကိုရှောင်ရှားဖို့အတွက်အွန်းဟာတို့မောင်နှမရှိရာ တောရွာလေးဘက်ကို ရောက်လာကာအွန်းဟာတို့ အွန်းချောလ်တို့နဲ့ ဘယ်လို သံယောဇဉ်တွေတွယ်သွားမလဲ အွန်းချောလ်တို့ရဲ့ ဝေလငါးသွားကြည့်မဲ့အစီအစဉ်ကိုလည်း ဘယ်လိုအကူအညီပေးသွားမလဲ ကလေးတွေအပေါ် ဘယ်လိုတွေ မေတ္တာထားပေးသွားမလဲဆိုတာကိုတော့မျက်ရည်ဖြိုင်ဖြိုင်ကျကာ ကြည့်ရမဲ့ ရင်ကို ထိစေမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်တာမို့လို့ခံစားကြည့်ရှုလိုက်ပါဦးနော် .. (အညွှန်းကို Theint မှ ရေးသားထားပါတယ်)...
My Divorce Party (2024) ⭐IMDB: 3.7/10 (140 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇန်ဟာ သူ့ယောက်ျားဖြစ်သူ တိုနီနဲ့ ကွာရှင်းဖို့အကြောင်းဖန်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဆမန်သာ၊ ရန်၊ ဝင်ဒီနဲ့ အစ်စဘယ်လာတို့နဲ့အတူ ကန္တာရဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်လာပါတော့တယ်။ တစ်ဖက်မှာ အစ်စဘယ်လာကလည်း မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ တိုနီက ဘော်ဒါကောင်းတွေဖြစ်လို့ သတို့သားအရံလုပ်ဖို့ ဖိတ်ထားပြီးသားဖြစ်လို့ အစ်စဘယ်လာအနေနဲ့ ဇန်ကို သတို့သမီးအရံလုပ်ခိုင်းရင် ကွာရှင်းတော့မဲ့ လင်မယားကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နေမှာမို့ အခက်တွေ့နေပြီး ဇန်ကို မင်္ဂလာဆောင်ကိစ္စ မပြောသေးပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ပိုဆိုးတာက ဇန်က သူ့စုထားတဲ့ ဒေါ်လာတစ်သိန်းကို ကွာရှင်းပြီးသွားရင် တိုနီကို တစ်ဝက်ပေးရမှာဖြစ်လို့ မပေးချင်တဲ့အတွက် ကန္တာရထဲကို ယူလာပြီး သုံးဖြုန်းပစ်ဖို့ လုပ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့ သူငယ်ချင်းငါးယောက် ကန္တာရထဲက သူစိမ်းပြင်ပြင်ကြားမှာ ဒေါ်လာတစ်သိန်းနဲ့ ဘယ်လို ငါးပါးမှောက်ကြမလဲဆိုတာက အခွီတလိုင်းကြည့်ရမှာဖြစ်လို့ လက်မနှေးပဲ အခုသာ ကြည့်လိုက်ကြပါတော့ဗျာ။...
Crackcoon (2024) ⭐IMDB: 3.8/10 (251 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဆိပ်ပြင်းစွမ်းအားပြင်းတဲ့မူးယစ်ဆေးတမျိုးက မရောက်သင့်တဲ့ သူတွေလက်ထဲကို ရောက်သွားခဲ့ရင်ဘာဖြစ်မလဲ။ ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားကြည့်ပါမိတ်ဆွေ။ အမေရိကရဲ့ မြို့ငယ်လေးတစ်မြို့မှာ လိမ္မော်ရောင် ကိုကိန်းမူးယစ် ဆေးဝါးတမျိုး ပြန့်နှံ့နေပါတယ်။ ဒီ ဆေးအသစ်က အရမ်းကို အစွမ်းထက်ပြီး သုံးမိတဲ့လူတွေက စိတ်ဖောက်ပြန်ပြီး အချင်းချင်း ကိုက်ဖြတ်စားသောက်ကြတဲ့အထိဖြစ်စေပါတယ်။ ဒီလိုနဲ့ပဲ ဒီမူးယစ်ဆေးဝါးက တနေ့မှာ မတော်တဆမှုတစ်ခုကြောင့် ရက်ကွန်းတစ်ကောင်ရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲ။ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာတော့ သွေးသံရဲရဲနဲ့ ညစ်ညမ်းပြကွက်တွေအများအပြား ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ မိသားစုနဲ့အတူကြည့်ရှုရန် မသင့်တော်ပါခင်ဗျာ။...
Enjoy Yourself (2024) ⭐TMDB: 60% User Score 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ဇာတ်ကားဆန်းဆန်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဖန်ပြွန်သန္ဓေသားဆိုတာကို ကြားဖူးမှာပါ…မျိုးအောင်ပြီးသားဖန်ပြွန်သန္ဓေသားကို ဆေးရုံရဲ့ ပိုးသတ်အအေးခန်းထဲမှာ သိမ်းထားတဲ့အချိန်မှာပဲ…သန္ဓေသားပိုင်ရှင်လင်မယားက ယာဉ်မတော်တဆဖြစ်သွားပြီး…ယောက်ျားကသေ မိန်းမက ကုတင်ပေါ်မှာ ကိုမာဝင်သွားတယ်ဆိုရင်….ဆေးရုံကလည်း သတ်မှတ်သက်တမ်း ၃ နှစ်ပြည့်တာနဲ့ သန္ဓေသားကို ဖျက်စီးမှာတဲ့….ယောက်ျားလေးရှင်ဖက်က ပိုင်သင့်လား… မိန်းကလေးရှင်ဖက်က ပိုင်သင့်လား…တွေးကြည့်ရင် အဖြေအမျိုးမျိုးထွက်လာတယ်မလား… ဒီစဉ်းစားစရာကိစ္စက ဒီဇာတ်လမ်းလေးကို ဖန်တီးပေးလိုက်ပါပဲ…နှစ်ဖက်မိဘ ညှိနှိုင်းမရတော့လည်း တရားရုံးရင်ဆိုင်ဖို့အထိဖြစ်ခဲ့တာပေါ့…တိုက်ဆိုင်စွာနဲ့ပဲ… ဒီသန္ဓေသားကို တာဝန်ယူ ဖန်တီးပေးခဲ့တဲ့ဆရာဝန်မနဲ့ ဒီအမှုကို တိုင်ကြားတဲ့ အမျိုးသားရှင်ဖက်က မိဘနှစ်ပါးရဲ့ရှေ့နေက ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းကိုမထောက်ကွာရှင်းဖို့ ကြိုးစားနေတဲ့ လင်မယားတွေတဲ့… ကဲ… ဇာတ်လမ်းအဆုံးမှာ ဒီသန္ဓေသားကို ဘယ်သူပိုင်မှာလဲ…၁၀ နှစ်တာ အိမ်ထောက်သက်တမ်းကို မငဲ့ကွက်ဘဲကွာရှင်းဖို့ထိ စိတ်ပြတ်သားစေခဲ့တဲ့ အကြောင်းအရင်းကရောဘာလဲ…စိတ်ဝင်စားတယ်ဆို CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်...
A True Gentleman (2024) ⭐IMDB: 4.5/10 (2 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 50 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို တူရကီ romance drama ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Çagatay Ulusoy, မင်းသမီးချော Ebru Sahin, Senay Gürler တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ ပိုက်ဆံရှာတဲ့ Saygin ဆိုတဲ့ကောင်လေးဟာ အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့မိသွားတဲ့အခါ သူ့ဘဝဟာ လုံးဝပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမယ့် အတိတ်တုန်းက သူလုပ်ခဲ့တဲ့ကိစ္စတွေဟာ သူ့နောက်ကို အရိပ်လိုလိုက်လာပါတယ်။ သူ့အရင်ဘဝကို ကောင်မလေး မသိအောင် လျှို့ဝှက်ထားရင်း ဗျာများနေတဲ့ Saygin ရဲ့ဘဝဇာတ်လမ်းကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ကြည့်ပြီးသွားတဲ့အခါ ခေါင်းထဲမှာ တွေးစရာတွေကျန်နေခဲ့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို အစကနေအဆုံးထိ သယ်ဆောင်ပေးသွားပြီးတော့ ကြည့်ရှုသူတွေကို ခံစားချက်ပေါင်းစုံပေးတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
She Cat (1983) ⭐TMDB: 41% User Score 🎬 #Crime #Drama #Thriller 🗓 1983 🎞 movie 🌎 #Japan ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 She Cat (1983) မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန် Pink Film လေးတွေဘက်ပြန်လှည့်ကြရအောင်ပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ နာမည်ကျော် Roman porno series ထဲက နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ She Cat ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒေါက်တာ ကတ်ကာဂါမီဟာသူ့ရဲ့အတိတ်ဆိုးတွေကိုပြည်ဖုံးကားချပြီး လက်ရှိဘ၀မှာ အနိုင်ကျင့်ခံအားကိုးရာမဲ့အမျိုးသမီးတွေကို ကူညီပေးနေသလို သားဖွားမီးယပ်ဆေးခန်းလည်းဖွင့်ထားပါတယ်။ သူနဲ့အတူလက်တွဲလုပ်ဆောင်နေတဲ့သူကတော့ သူ့ရဲ့လိင်တူချစ်သူလည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်ပေမယ့် နောက်ကြောင်းကိုမသိရတဲ့ ကိုတိုဟီရတ်ဆုကာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်အတူသွားတက်တဲ့ပါတီတစ်ခုမှာ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ပြီး အသက်ဘေးက သီသီလေးလွတ်ခဲ့ပေမယ့် အမည်မသိတစ်ဖက်ဂိုဏ်းသားတွေက သူတို့ကို ပစ်မှတ်ထားလာချိန်မှာတော့ ဒေါက်တာ ကတ် တစ်ယောက် သူ့အရည်အချင်းတွေကိုထုတ်ပြဖို့ဖြစ်လာပါတော့တယ်။ Pink Film ဆိုပေမယ့် အဖော်အချွတ်သက်သက်မဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်လှည့်ကွက်အပြည့်ကိုမှ ခေတ်ဟောင်း ဂန္ဓဝင်မမတွေရဲ့ ဂန္ဓဝင်အလှကို ကွက်ကွက်ကွင်းကွင်းရှုစားရမယ့် ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Gatekeeper (2024) ⭐TMDB: 0% User Score 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The gatekeeper(2024)ကားလေးကတော့ ဖိလစ်ပိုင် ဟော်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Trauma တွေနဲ့ကောင်မလေးတစ်ယောက်ဟာ တစ်ယောက်တည်းရှင်သန်လာပြီး ရှေးဟောင်းပစ္စည်းတွေကို လေ့လာစုဆောင်းရသည်ကို ဝါသနာပါသည့်အလျှောက် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုဖွင့်ထားပါတယ်။ တစ်နေ့ မြိုနယ်လေးတစ်ခုမှာ ဘုန်းတော်ကြီးတစ်ဦးဆုံးပါးသွားပြီး နောက် သူရဲ့ကျန်ရှိတဲ့ပစ္စည်းတွေကိုဝယ်ယူဖိုသွားပါတယ်။ သူဝယ်ယူခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ ဗီဒို ဟာ ဘယ်လိုဆန်းကြယ်မှုတွေနဲ့ ပြည့်နက်နေမလဲ နောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေရှိနေလဲ ဆိုတာတွေကို သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို အဖြေရှာကြရင်း ဘယ်လိုစိတ်လှုပ်ရှားဖွယ် တွေနဲ့ ရင်ဆိုင်ရမလဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဂျူးလူမျိုး Hebrew ဘာသားစကားတွေ သမိုင်းအကြောင်းတွေ နတ်ဆိုးအကြောင်းတွေစိတ်ဝင်စားသူများအတွက်ဒီဇာတ်ကားလေးက အထူးဆွဲဆောင်နိုင်တယ်လို အာမခံပါတယ်။...
The 12th Suspect (2019) ⭐IMDB: 5.7/10 (225 Votes) 🎬 #Drama #History #Mystery #Thriller #Crime 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The 12th Suspect(2020) *********************** File Size : 916MB / 385MBQuality :1080p/720pDuration…01:43:00Genre : History , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by AngelEncoded by Heather Oo...
Youtopia (2018) ⭐IMDB: 5.2/10 (844 Votes) 🎬 #Drama 🗓 2018 🎞 movie 🌎 #Italy ⏰ 1 နာရီ 32 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sugar Baby (2018) IMDb Rating (5.2) ဒီအီတလီရုပ်ရှင်ကတော့ ရိုးရိုးလေးပေမဲ့ အကြောင်းအရာမဆိုးဘူးလို့ပြောရမယ်။ အစစအရာရာပျက်ယွင်းနေတဲ့ ယောက်ျားသားမရှိတဲ့ အဘွား, အမေ, သမီးပဲရှိတဲ့ မိသားစုတစ်ခုရဲ့ အခက်အခဲတွေကို အခြေတည်ထားတယ်။ သူတို့မိသားစုက နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့အပြင် အိမ်ကလည်း အပေါင်ဆုံးတော့မယ် စားစရာခက်ခဲရုံမက နေစရာပါမရှိဖြစ်တော့မယ်။ ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ကိုပြတယ်။ အဲဒီဒဏ်ကို သမီးက ခံရပုံကိုလည်းပြတယ်။ ဖြေရှင်းကြပုံကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပါပဲ။ သူ့သမီးက စစချင်း Dark Web မှာ အဖော်အချွတ်လုပ်ရင်း ရတဲ့ငွေနည်းနည်းကို သူ့အမေကိုပေးတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာက နှစ်ပတ်အတွင်းအိမ်ကိုလေလံတင်ရောင်းတော့မယ်လို့ ဘဏ်က စာပို့လာတာပေါ့။ ဒီအချိန်မှာ အားလုံးကြံရာမရဖြစ်နေကြတဲ့အချိန် သူ့သမီးက သူ့အပျိုစင်ဘဝကို လေလံတင်ရောင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့လုပ်ခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ရုပ်ရှင်မှာ ဆက်မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Welcome to Valentine (2023) ⭐IMDB: 5.6/10 (516 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Welcome to Valentine (2023) IMDb Rating (5.6) Olivia Lafferty က LA မှာ အောင်မြင်တဲ့ ပန်းချီဆရာမဖြစ်ဖို ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်။ ငွေကြေးအခက်အခဲကြောင့် သူငယ်ချင်း Tess ရဲ့ တိုက်ခန်းမှာ ကပ်နေပြီး ပွဲစားပွဲထိုးအဖြစ်နဲ့ ညမှာအလုပ်လုပ်ရင်း သူ့ဝါသနာနဲ့အိပ်မက်ကို လိုက်နေတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတော့ Valentine’s Day နေ့မှာ ပြန်နေကျ သူ့မွေးရပ် Valentine မြိုကိုလည်း ပြန်ဖိုလေယာဥ်လက်မှတ်မရှိ၊ သူဌေးသားတစ်ယောက်ကြောင့် လင်ဗန်းမှောက်လို အလုပ်လည်းပြုတ်သွားတဲ့အပြင် သူ့သူငယ်ချင်းကပါ Chicago ကို ပြောင်းနေမှာမို နေစရာပါမရှိတော့တဲ့ဘဝ ဖြစ်သွားတယ်။ အဲဒီမှာ သူ့ကိုအလုပ်ပြုတ်အောင်လုပ်ခဲ့တဲ့ ကျေးဇူးရှင် ဇီဇာကြောင်တဲ့ သူဌေးသား George က ပြန်တောင်းပန်တဲ့အနေနဲ့ Olivia ကို သူ့ကားနဲ့လမ်းကြုံ Valentine ကို လိုက်ပိုပေးရပါတော့တယ်။ သူ့သူငယ်ချင်း Tess ရဲ့ ဝမ်းကွဲဖြစ်နေတဲ့ George က Olivia နဲ့ Tess သူငယ်ချင်းနှစ်ယောက်ကို သူ့ကားပေါ် လမ်းကြုံအတူခေါ်ပြီးနောက်မှာတော့… ပန်းချီဆရာမအိပ်မက်အတွက် ကြိုးစားရုန်းကန်နေတဲ့ Olivia နဲ့ ဇီဇာကြောင်တဲ့သူဌေးသား George ရဲ့ အချင်းချင်းအပေါ် အမြင်ကတ်မှုတွေက Valentine’s Day နေ့ထိ ခံမလားဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ ဟာသတွေနဲ့ အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Perdida (2019) ⭐IMDB: 7.0/10 (708 Votes) 🎬 #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #Mexico #Colombia ⏰ 1 နာရီ 47 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lost Girl (2019) IMDb Rating (7.၀) စပိန်ကရိုက်တဲ့ The Hidden Face (2011)ကို မက္ကဆီကိုက ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ စပိန်ကားလည်းကောင်းသလို ဒါလည်းမဆိုးပါဘူး။ အဲရစ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူ့အလုပ်အကိုင်က ဂီတမှူး၊ သူ့ရည်းစား ကာရိုလီနာကတော့ ဗိသုကာသမားလုပ်တယ်။ အဲရစ်က တခြားနိုင်ငံမှာ ဂီတမှူးလုပ်ဖို့အကြောင်းဖန်လာတော့ သူတို့အတူတူ ပြောင်းလာခဲ့ကြတယ်။ ဒီတော့ သူတို့တွေ အဲဒီနိုင်ငံ အသိုင်းကြီးအဝိုင်းကြီးက အမျိုးသမီးတစ်ယောက်ရဲ့အိမ်မှာ နေဖြစ်သွားကြတယ်။ အောင်မြင်တဲ့ဂီတမှူးဖြစ်တဲ့ အဲရစ်ဟာ သူ့တီးဝိုင်းက တယောသမလေးနဲ့ ခြေရှုပ်ချင်သလိုလိုဖြစ်နေတယ်။ တစ်နေ့ အဲဒါကို ကာရိုလီနာက ပက်ပင်းမိသွားတယ်။ မိသွားပြီး နောက်ရက်မှာပဲ ကာရိုလီနာ ပျောက်သွားတယ်။ သူ့နိုင်ငံကိုလည်းမပြန်သလို ဘယ်မှာမှမှ သူ့အရိပ်အယောင်မတွေ့ရလို့ ရဲတွေဟာ သူ့ကိုအသည်းအသန်ရှာနေကြတယ်။ သူ့ရည်းစား အဲရစ်ကလည်း သံသယတရားခံအလိုလိုဖြစ်သွားတယ်။ အသည်းတွေကွဲ အရက်တွေသောက်နဲ့ နည်းနည်းကြာတော့ အဲရစ်က ဘားက ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်။ သူ့အိမ်မှာပဲ အတူတူလာနေရင်း အဲဒီကောင်မလေးဟာ ကာရိုလီနာ့နေရာကို အစားယူသွားတယ်။ ဒီတော့ ကာရိုလီနာက ပေါ်လာမှာလား။ အဲရစ်က ကာရိုလီနာ့ကို သတ်လိုက်တာလား။ တကယ်တမ်းဘာတွေဖြစ်ခဲ့လဲ ဇာတ်အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်မှာ သည်းထိတ်ရင်ဖိုကြည့်ကြရမှာပါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Take Point (2018) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Action #Thriller 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 5 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Take Point (2018)******************* အမေရိကန်နိုင်ငံမှာရွေးကောက်ပွဲပြန်လုပ်နေတဲ့အချိန်… လက်ရှိသမ္မတရဲ့ မဲအခြေအနေကအကျဘက်ကိုရောက်နေတဲ့အချိန်မှာ… စစ်ရေးနည်းနဲ့ မြှင့်တင်ဖို့ကြိုးပမ်းလာတယ်…အဲဒီအချိန်မှာပဲ… အမေရိကန်ကမြောက်ကိုရီးယားကိုနူးကလီးယားလက်နက်ဖျက်သိမ်းဖို့တွန်းအားပေးမယ်… တကယ်လို့အောင်မြင်ရင်တစ်နိုင်ငံလုံးကသူ့ကိုထောက်ခံမယ်ပေါ့… အဲဒီလိုလုပ်ဖို့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တစ်ယောက်ကို ဆုကြေးငွေထုတ်ပြီးဖမ်းမိန့်ထုတ်လိုက်တယ်… သိတဲ့အတိုင်းဒီလိုကိစ္စမျိုးဆိုတာပေါ်တင်လုပ်လို့မရတဲ့အတွက် စီအိုင်အေဟာ… ထုံးစံအတိုင်းတရားဝင်အဖွဲ့အစည်းကိုမသုံးဘဲ ကြေးစားတစ်ဖွဲ့ကိုငှါးခဲ့တယ်..ဒါမှလည်း… သူတို့ဘက်အမှုပြန်မပတ်မှာကိုး…အဲဒီကြေးစားတပ်ဖွဲ့ဟာ တကယ့်ကိုကျွမ်းကျွင်သူတွေနဲ့ … ဖွဲ့စည်းထားတယ်…ဒီအဖွဲ့ရဲ့ခေါင်းဆောင် အေဟတ်ဟာ ဒီမစ်ရှင်အဆင်ပြေပြေနဲ့… အစီအစဉ်အတိုင်းဆောင်ရွက်သွားနိုင်မလား…ဘယ်လိုအခက်အခဲအချိုးအကွေ့တွေနဲ့ .. ကြုံတွေ့သွားရမလဲဆိုတာကိုတော့…ဒီကိုးရီးယားကားဟာ အက်ရှင်ဦးစားပေး ဇာတ်ကားမှာ စောင့်ကြည့်ပေးပါဦး… ကိုးရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Jung-woo Ha က အဓိက သရုပ်ဆောင်ထားတာပါ… ဇာတ်လမ်းက မထင်မှတ်တဲ့လက်ကွက်တွေပါသလို ရိုက်ချက်တွေကလည်း အတော်ကြီးကိုကောင်းပါတယ်… ဒါကြောင့်လည်း ကိုးရီးယားမှာ ဝင်ငွေအကောင်းဆုံးစာရင်းဝင်ဖြစ်သွားပါတယ်…ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...
Apocalypse Z: The Beginning of the End (2024) ⭐IMDB: 6.1/10 (4 k Votes) 🎬 #SciFi #Action #Fantasy #Horror #Thriller 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 59 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ ဇွန်ဘီးတွေကြားမှာ အသက်ရှင်ဖို့ ကြိုးစားရင် အစ်မရှိတဲ့ ဌာနချုပ်ကို သွားဖို့ ကြိုးစားတဲ့ စွန့်စားခန်းတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
The Rebound (2009) ⭐TMDB: 65% User Score 🎬 #Comedy #Romance 🗓 2009 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Rebound (2009) Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။ အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ မမနဲ့ မောင်လေးဇာတ်လမ်း ရေးကြပါတော့တယ်။ ကောင်လေးက ရင့်ကျက်ပေမဲ့လည်း မိဘအိမ်မှာကပ်နေတုန်း ဘဝဆိုတာ ဘာလဲအဖြေရှာနေတုန်း အတွေ့အကြုံတွေ အစုံ မခံစားဖူးသေးဘူးဆိုပြီး မမက စိတ်မကောင်းဖြစ်ပြီး ဖြတ်လိုက်ပါတယ်။ သူတို့တွေ ပြန်တွေ့ဖြစ်ကြမှာလား… ဒီတိုင်း တစ်ချိန်တုန်းက တစ်ယောက်သောသူအနေနဲ့ပဲ ဇာတ်လမ်းပြီးသွားမှာလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Frailty (2002) ⭐TMDB: 70% User Score 🎬 #Crime #Drama #Thriller 🗓 2002 🎞 movie 🌎 #USA #Germany #UnitedStatesofAmerica #Italy ⏰ 1 နာရီ 40 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frailty (2001)Genre- Horror/MysteryIMDb – 7.2/10—————————-၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ်ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ ဖန်တန်ဆိုတဲ့ထူးဆန်းတဲ့လူတယောက်ကအက်ဖ်ဘီအိုင်အေးဂျင့်စီကိုလာပြီးသူတို့ရှာနေတဲ့ကွင်းဆက်လူသတ်သမားကသူ့အကိုဖြစ်ကြောင်းပြောပြခဲ့တယ် သူတို့ညီအကိုငယ်စဥ်ထဲကသူ့အဖေကနေဘုရားသခင်ကသူတို့မိသားစုကိုနတ်ဆိုးတွေကိုနှိမ်နင်းဖို့အထူးလျှို့ဝှက်တာဝန်ပေးထားတာဆိုပြီးလူတွေတယောက်ပြီးတယောက်ကိုသတ်ခဲ့တယ် တကယ်ပဲနတ်ဆိုးတွေကိုနှိမ်နင်းတာလားအမှုရဲ့တရားခံအစစ်ကရောဘယ်သူလဲဆိုတာမျိုးကိုဇာတ်လမ်းတခုလုံးအဖြေရှာသွားရမယ့်Mysteryအမျိုးအစားပီသတဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်...
Spring Garden (2024) ⭐IMDB: 4.8/10 (44 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spring Garden (2024) ************************ The Medium ရဲ့ ပဲ့ကိုင်ရှင်တွေ ရိုက်ကူးထားတဲ့ အသစ်ဆက်ဆက် သရဲကားကြီး လာပါပြီနော်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်ဆိုတော့ ကောင်းမကောင်းကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအမှတ်ပေးလိုက်ကြပါဦး..။ ဇာတ်လမ်းအညွှန်းလေးကတော့.. ဆိုဟွီက တိတ်ဆိတ်တဲ့ ကျေးလက်တောရွာလေးက အိမ်ကြီးတစ်ဆောင်မှာ ပန်းဥယျာဉ်လေးကို စိုက်ပျိုးပြီး နေသွားချင်သူ တစ်ယောက်ဖြစ်တဲ့အလျောက် သူ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ သူ့ခင်ပွန်းဖြစ်သူ ချန်းဆူက သူ့ဇနီးမသိစေဘဲ ဇနီးဖြစ်သူ ဆန္ဒအတိုင်း တစ်ထပ်တည်းတူတဲ့ အိမ်ကြီးကို ဖန်တီးပေးနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်ရက်ကျ ခင်ပွန်းဖြစ်သူ ချန်းဆူက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပြီး သူမသေခင် ဆိုဟွီနာမည်နဲ့ ချန်ရစ်ထားခဲ့တဲ့ နွေဦးဥယျာဉ် အိမ်ကြီးအကြောင်းကို ကြားလိုက်ရတဲ့ ဆိုဟွီတစ်ယောက် ခင်ပွန်းသည်ပေးတဲ့ နောက်ဆုံး အမှတ်တရလက်ဆောင်အိမ်ကြီးမှာ ပြောင်းနေခဲ့တဲ့အခါ..။ ဒါပေမဲ့ ဆိုဟွီမသိလိုက်တာကတော့ အဲဒီအိမ်ထဲမှာ သူ့အပြင် နောက်တစ်ယောက် ထပ်ရှိနေသေးတယ်ဆိုတာကိုပါပဲ။ အဲဒီအိမ်ပေါ်ကို ရောက်တာနဲ့ ဆိုဟွီတစ်ယောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက် နေ့စဥ်နဲ့ အမျှ ထူးဆန်းတဲ့ ကိစ္စတွေနဲ့ မျိုးစုံ ကြုံတွေ့လာရပြီး အိမ်ထဲမှာ ရှိနေတိုင်း အမြဲတမ်း တစ်ယောက်ယောက်ကို မြင်နေခဲ့တဲ့အခါ.. အမြဲလိုလို မကောင်းတဲ့ အငွေ့အသက်တွေကိုပဲ ခံစားနေခဲ့ရတဲ့အခါ… အဲဒါတွေက ဆိုဟွီထွက်သွားအောင် နည်းမျိုးစုံ သုံးပြီး ခြောက်လှန့်နေခဲ့တဲ့အခါ.. ..ဆိုဟွီတစ်ယောက် နောက်ဆုံးအချိန် အထိ အဲဒီပုဏ္ဏကတိုက်တဲ့ အိမ်ကြီးထဲမှာ ဆက်လက် နေထိုင်သွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။)...
Andhagan (2024) ⭐IMDB: 7.3/10 (915 Votes) 🎬 #Bollywood #Crime #Drama #Thriller #Music #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andhagan (2024) “မျက်မမြင်စန္ဒယားဆရာ”IMDb – 7.9/10 ဇာတ်လမ်းကောင်းကြိုက်သူတွေအတွက်ဇာတ်လမ်းကောင်းအဟောင်းတစ်ခုကိုပြန်လည်ဖန်တီးထားတဲ့ တမီးလ်ရုပ်ရှင်အသစ်စက်စက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ တဘူးနဲ့ အာရွတ်ရှ်မန်းကူရာနာတို့ရဲ့ နာမည်ကျော်ဘောလိ၀ုဒ်ရုပ်ရှင်Andhadhun (2018)ကို ပြန်လည်ဖန်တီးထားခြင်းပါ။ တူညီတဲ့ဇာတ်လမ်းကို မတူညီတဲ့ဇာတ်ကောင်တွေနဲ့ အရသာတစ်မျိုးခံစားကြည့်ကြတာပေါ့။ ရည်ရွယ်ချက်တစ်ခုကြောင့် အမြင်အာရုံကွယ်ချင်ယောင်ဆောင်နေတဲ့ စန္ဒယားဆရာတစ်ယောက်။စိတ်သဘောထားကောင်းလှတဲ့ မိန်းမလှလေးတစ်ယောက်ကြောင့် ဘ၀ကြီးကသာယာစိုပြေနေပေမဲ့ရုပ်ရှင်မင်းသားကြီးတစ်ယောက်က မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဇနီးဖြစ်သူကို စပရိုက်စ်လုပ်ချင်မှုမှာပါဝင်ပတ်သက်မိတဲ့အခါမှာတော့ စုံလုံးကန်းရတဲ့အဖြစ်မျိုးနဲ့ ဒုက္ခလှလှတွေ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)...
Dark Figure of Crime (2018) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Drama #Mystery #Thriller #Crime 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ဒီမှုခင်းဇာတ်ကားလေးမှာတော့Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့********************ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက်ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုကစုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲလူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကိုရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်)...
