ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Black Magic Baby (2024) ⭐IMDB: 4.8/10 (113 Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #Philippines #Thailand ⏰ 1 နာရီ 43 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Magic Baby (2024) Original title: Kuman thong IMDb Rating (7.3) ကူမန်ထုံဆိုတဲ့ နာမည်ကိုကြားရင် ထဲထဲဝင်ဝင်မသိဘူးဆိုရင်တောင် အများစုကတော့ ကြားဖူးနေကျ ရင်းနှီးနေကျ နာမည်တစ်ခုဖြစ်မှာပါပဲ။ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ရိုးရာယုံကြည်မှုအစီအရင်တစ်ခုဖြစ်ပြီး အပေါ်ယံသဘောပြောရရင်တော့ ကလေးသရဲတွေကိုအစီအရင်တွေနဲ့အရုပ်ထဲထည့်ပိတ်ပြီး ကလေးတွေကိုဆက်ဆံသလို မုန့်ကျွေး၊အဝတ်ဆင်၊ ကစားစရာပေး၊ ကိုယ့်ဘက်က လိုရာဆုတောင်းကြတဲ့ပုံစံမျိုးပါ။ အဲ့ဒီဖြစ်စဉ်တွေကြောင့် မသမာမှုတွေ၊ရာဇဝတ်မှုတွေ၊အမှုအခင်းတွေဖြစ်ပေါ်လာတဲ့နောက် အာဏာပိုင်တွေကပါ နှိမ်နင်းရတဲ့အထိအုတ်အော်သောင်းတင်းဖြစ်ခဲ့တာပါ။ အခုချိန်မှာ တရားမဝင်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလေးအလောင်းအစစ်ကိုမသုံးတော့ပေမယ့် တစ်ခြားနည်းလမ်းတွေနဲ့တော့ ဆက်ပြီး တည်ရှိနေကြတုန်းပါပဲ။ ဒီဇာတ်ကားကလည်း အဲ့ဒီနာမည်ကျော် ကူမန်ထုံကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။ တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။ Vivamax ရဲ့မိခင် ကုမ္ပဏီကြီးဖြစ်တဲ့ Viva Film ကထုတ်တဲ့ကားဖြစ်ပြီး Iskandalo (2022)၊ Nerisa ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်းနှီးကြတဲ့Cindy Miranda နဲ့ ‌ထိုင်းမင်းသား Max Nattapol Diloknawarit (Bad Romance၊ Together with Me) တို့ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Girlfriends (2009) ⭐TMDB: 43% User Score 🎬 #Comedy #Drama #Romance #Uncategorized 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girlfriends (2009) ******************* လက်ရှိရည်းစားရဲ့ Side Chick လေးတွေနဲ့ညီအစ်မလိုဖြစ်နေတဲ့သူလေးတွေ ရှိကြလား .. ယောက်ျားတစ်ယောက်အပေါ် အကြိုက်ချင်းတူတဲ့ မိန်းကလေး ၃ယောက်ဟာသူတိုချင်း ရင်းနှီးသွားတဲ့အခါ ရည်းစားကိုတောင် သတိမရတော့ဘဲအချင်းချင်း အရမ်းချစ်ခင်သွားကြတဲ့ အကြောင်းကို2009 ခုနှစ်မှာ ထွက်ခဲ့တဲ့ Girlfriends ဆိုတဲ့ ဇာတ်ကားလေးမှာသရုပ်ဖော်ထားရိုက်ကူးထားတာဖြစ်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့************************အသက် ၂၉ နှစ် အရွယ် ဆုန်းရီက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဂျင်းဟိုနဲ့ မထင်မှတ်ဘဲတွဲဖို့ဖြစ်လာတာကနေ စခဲ့တာပဲဖြစ်ပါတယ်။ ရည်းစားဖြစ်တဲ့ ဂျင်းဟိုက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ထင်ပြီးအဲဒီမိန်းကလေးနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဆုန်းရီထင်ခဲ့သလို တစ်ယောက်တည်း မဟုတ်ဘဲနောက်ထပ်တစ်ယောက်ပါ ရှိနေတာကိုသိသွားခဲ့ပါတယ်။ ယောက်ျားတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့မိန်းကလေး ၃ ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာဒီကားလေးမှာ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်)
...

The Romance (2006) ⭐TMDB: 55% User Score 🎬 #Drama #Melodrama #Romance 🗓 2006 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Romance (2006) ********************** ဝမ်းနည်းဖို့ကောင်းပြီး တစ်ရှုးဆောင်ရတဲ့ အချစ်ကားတွေမှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်ကြီးတွေအတွက် Jo Jae Hyum နဲ့ Kim Jee Soo တို့ သရုပ်ဆောင်ကြီးတွေ ပါဝင်ထားတဲ့ The Romance ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း- ယွန်းဟီးကတော့ ခင်ပွန်းသည်ရဲ့ သူ့အပေါ်ကို အလွန်အမင်း စွဲလမ်းမှုတွေ ရူးသွပ်တဲ့ မှားယွင်းတဲ့ ချစ်ပုံချစ်နည်းတွေကြောင့် အမြဲတမ်း အသက်ရှူကျပ်နေရသူပေါ့။ အဲဒါအပြင် ခင်ပွန်းသည် ဖြစ်တဲ့ လွှတ်တော်အမတ်က သူ့အပေါ်မှာ အမြဲတမ်း နိုင်ထက်စီးနင်း အကြမ်းဖက်လေ့ရှိတာကြောင့် မွန်းကြပ်ပြီး တစ်နေ့မှာ သတ်သေဖို့ ကြိုးစားခဲ့ရာ တစ်စုံတစ်ယောက်ရဲ့ ကယ်တင်မှုကြောင့် မအောင်မြင်ခဲ့ပေ။ တစ်ဖက်မှာလည်း ဟျောင်းဂျွန်းက အသက်ရှူနေရုံကလွဲပြီး ဘ၀ကြီးကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပြီး တစ်ရက် အမှတ်မထင် ဟျောင်းဂျွန်းနဲ့ ယွန်းဟီး တွေ့ဆုံကာ တစ်ယောက်ဘဝကို တစ်ယောက် စာနာရင်း ချစ်ကြိုးသွယ်မိသွားပါတော့တယ်။ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်လက်ထဲကနေ ထွက်ပြေးချင်နေတဲ့ ယွန်ဟီး.. ဟျောင်းဂျွန်းနဲ့တွေ့မှ ချစ်ခြင်းမေတ္တာ အမှန်ကို သိရှိခဲ့ရတဲ့ ယွန်းဟီး.. အိမ်ထောင်ဆိုတဲ့ ထောင်ကနေ လွတ်မြောက်အောင် ကြိုးစားနိုင်ပါ့မလား..။ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။)
...

Lord of Wolves (2024) ⭐IMDB: 3.4/10 (96 Votes) 🎬 #Horror #Mystery 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာပေါ်မှာမတရားဆုံးအရာကိုပြောပြပါဆိုရင်တော့ ကံကြမ္မာလို့ ပြောရမှာပါပဲ။ကိုယ်တိုင်ကကြိုးစားချင်စိတ်ရှိတဲ့ သဘောကောင်းတဲ့ နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ဖြစ်နေရင်တောင် လောကကြီးကလက်ခလယ်ထောင်ပြပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကို ခက်ခဲစေခဲ့တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။ အခုတင်ဆက်ပေးမဲ့ Lord Of Wolves ဆိုတဲ့ဇာတ်ကားထဲမှာတော့ အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက် မလွယ်ကူပေမဲ့ ကိုယ့်ဆန္ဒတွေကိုတကယ်ဖြစ်လာစေမဲ့အခွင့် အရေးတွေကိုကမ်းလှမ်းလာရင်ကိုယ်တိုင်ကရော သူတို့လို လက်ခံနိုင်ပါ့မလားဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ နစ် ရှောင် ဘက်သ်ဆိုတဲ့လူ ၃ ယောက်ပဲဖြစ်ပါတယ်။နစ်ကဓာတ်ပုံဆရာ အရမ်းဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူ့ဆရာရဲ့အိမ်မှာကပ်နေနေ ရသူတစ်ယောက်ဖြစ်ပါတယ်။ကင်မရာလေးတစ်ကားကားနဲ့ သူ့ဘ၀ကိုသာသာယာယာဖြတ်သန်းနေပေမဲ့ တစ်ညမှာတော့ရှိသမျှ ပစ္စည်းတွေအကုန်အလုခံလိုက်ရပြီး သူ့ရဲ့တန်ဖိုးထားရတဲ့ ကင်မရာအကောင်းစားလေးပါပျက်စီးသွားခဲ့ပါတော့တယ်။ ရှောင်ကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကို မိဘတွေကစိတ်ပျက်နေတဲ့အတွက် တစ်နေ့တစ်ခြားပိုပိုဆိုးပြနေတဲ့ ကောင်လေးဖြစ်ပါတယ်။ဒါပေမယ့်အစ်မဖြစ်သူကတော့သူ့ကို ချစ်တဲ့အတွက် သူ့ဘ၀မှာသူ့ကိုဂရုစိုက်တဲ့သူတစ်ယောက်တော့ ရှိနေပါသေးတယ်။ဘက်သ်ကတော့ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရုံးကသူဌေးချစ်တဲ့အားကိုးတာခံရတဲ့လူတစ်ယောက်ကသူ့ကိုအဓမ္မပြု ကျင့်ခဲ့တဲ့အတွက်အခုအချိန်မှာကိုယ်ဝန်ရနေပြီဖြစ်ပါတယ်။ သူ့ယောက်ျားရဲ့အခြေအနေကကိုယ်ဝန်မရနိုင်တာဖြစ်တဲ့အတွက် ယောက်ျားကိုလည်းမပြောပြရဲဘဲနဲ့ သူတစ်ယောက်တည်းဝေဒနာ ပေါင်းစုံကိုရူးမတတ်ခံစားနေခဲ့ရပါတယ်။ သိပ်မကြာခင်မှာဇာတ်ကားနာမည်ထဲက ဝံပုလွေတွေရဲ့သခင်ပေါ် ထွက်လာခဲ့ပြီး ဒီလူ ၃ ယောက်ကိုသူတို့ရဲ့နာကျင်ခံစားမှုတွေ ပျောက်ကွယ်သွားပြီး လိုချင်တာတွေရအောင်ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံလိုက်ကြမလား အဲ့ဒီဝံပုလွေသခင်ကြီးကရော ဘယ်ကနေပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

The Stoic (2024) ⭐IMDB: 3.4/10 (264 Votes) 🎬 #Thriller #Crime #Action 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The stoicဆိုတဲ့ ရုပ်ရှင်လေးကတော့ Thriller ဆန်ဆန်ရုပ်ရှင် တစ်ကားဖြစ်ပြီး ကြေးစားခေါင်းဆောင် တစ်ယောက်က မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို အငိုက်ဖမ်းတိုက်ခိုက်ပြီးနောက် အမျိုးသမီးနှစ်ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းလာခဲ့ပါတယ်။ ဒါပေမယ်လို လမ်းမှာတင်ပဲ ရှေးမှောင်ခို ဂိုဏ်းက လူနဲ့ ကြုံရပြီး သူတိုအစီအစဉ်တွေဘယ်လိုဖြစ်သွားမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

A subordinate who is too beautiful-Rei Kamiki (STARS-734-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 21 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rei Kamiki ရဲ့ ဝိသေသကတော့ ကြွေရုပ်လေးလို လှပရွှန်းစိုတဲ့ အသားအရည်ရှိတာပါပဲ.. အသားအရည်ရဲ့ ဝင်းလက်မှုဆိုတာ ဒါမျိုးလေးပေါ့… ခန္ဓာကိုယ်အချိုးအဆစ်ကလဲ မပိုမလိုလေးပါပဲ။ STARS-734-Decensored ဒီဇာတ်လမ်းထဲမှာတော့ ဒုက္ခရောက်နေတဲ့ စာရေးမလေးအဖြစ် ခက်ခဲကြမ်းတမ်းစွာပါဝင်သရုပ်ဆောင်ထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

End Times (2023) ⭐IMDB: 4.5/10 (265 Votes) 🎬 #Action #Drama #Horror #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးကရောဂါဆိုးတစ်ခုကြောင့် ပျက်စီးလာနေပြီး အစိုးရတွေကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ ၏ အခြေအနေကိုရောက်လာခဲ့ပါတယ်။ ရောဂါကြောင့် လူတွေက ဇွန်ဘီးတွေဖြစ်လာပြီးသက်ရှိမှန်သမျှကို လိုက်သတ်ပြီးစားသောက်နေပါတယ်။ ဒီလိုအဖြစ်အပျက်ကြားမှာအသက်ရှင်ကျန်ရစ်နေသေးတဲ့ သူတွေလည်းရှိပါတယ်။ ဖရက်ဒီဟာ အစိုးရဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဇွန်ဘီးတွေကြားမှာခက်ခဲစွာအသက်ရှင်ရင်း ဘေးကင်းတဲ့နယ်မြေကို ရှာနေပါတယ်။ ကလဲယာဆိုတဲ့ခအမျိုးသမီးဟာခတစ်နေရာကနေကခနိုးထလာပြီး ကမ္ဘာကြီးဘာဖြစ်နေမှန်းတောင်မသိပဲ လျှောက်သွားရင်း လူတစ်စုရဲ့အနိုင်ကျင့်စော်ကားတာကိုခံလိုက်ရပါတယ်။ ရက်အတော်ကြာမစားရမသောက်ရဖြစ်ပြီးအားနည်းနေတဲ့ ကလဲယာကိုဇွန်ဘီးတစ်ကောင်ကစားဖို့လုပ်နေတာကို ဖရက်ဒီက ဝင်ကယ်လိုက်ပြီးနှစ်ယောက်အတူသွားဖို့ ကလဲယာကို ကမ်းလှမ်းခဲ့ပါတယ်။ စိတ်ဒဏ်ရာတစ်ချို့ကြောင့်မယုံကြည်ပေမယ့် ဖရက်ဒီရဲ့ချက်ကျလက်ကျပြောဆိုချက်တွေကြောင့် လက်ခံသွားခဲ့ ပါတယ်။ တွေ့သမျှလိုက်ကိုက် စားသောက်တတ်တဲ့ ဇွန်ဘီးတွေကြားမှာ ဖရက်ဒီတို့နှစ်ယောက် ဘယ်လို အသက်ရှင်အောင်ရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုပေးပါဦး။
...

Devil's Men (2023) ⭐IMDB: 3.7/10 (177 Votes) 🎬 #Uncategorized #War #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ပွဲဟာအရာရာကိုပြောင်းလဲစေတတ်ပါတယ်။ အဲဒီအထဲမှာမှ စစ်ကိုတိုက်နေရတဲ့လူတွေကိုပြောင်းလဲမှုအဖြစ်စေနိုင်ဆုံးပါ။ ဆမ်ဘားဆိုတဲ့လူငယ်လေးဟာ ငယ်စဥ်ကတည်းကပထမ ကမ္ဘာစစ်ပြန်ဖြစ်သူအဖေရဲ့လေ့ကျင့်ပေးမှုကြောင့် သေနတ်ပစ် တော်တဲ့လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ ဒုတိယ​ကမ္ဘာ​စစ်ကြီးဖြစ်တဲ့အခါမှာတော့ ဆမ်ဟာ စစ်ထဲကို ဝင်ရပြီးတော့ အထူးတပ်ဖွဲဝင်တစ်ဦးဖြစ်လာပါတယ်။ စိတ်သဘောထားနူးညံ့တဲ့ဆမ်ဟာ ငယ်စဥ်ကတည်းကလူတွေကို ထိခိုက်အောင်လုပ်ရတာကိုသဘောကျတဲ့သူမဟုတ်ခဲ့ပါဘူး။ လူငယ်သဘာဝအေးအေး​ဆေးဆေးနေပြီး မိန်းမလှလေး တစ်ယောက်နဲ့အချစ်ဇာတ်လမ်းလေးဖန်တီးကာဘဝကိုဖြတ်သန်း ချင်သူပါ။ ဒါပေမယ့်စစ်ဆိုတဲ့အရာကြီးကလူငယ်တွေကိုဒီလို ဖြစ်ခွင့်မပေးပါဘူး။ လူငယ်တွေရဲ့စိတ်ကိုပြောင်းလဲစေသလို အသက်တွေကိုလည်းယူဆောင်သွားတဲ့အရာမျိုးပါ။ ဆမ်တစ်ယောက်လေ့ကျင့်​ရေးကာလပြီးဆုံးလို လက်တွေ့ စစ်မြေပြင်မှာတိုက်ပွဲဝင်ရတဲ့အခါကြုံတွေ့ရတာတွေကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားရပါတော့တယ်။ ဒီကားလေးကိုကြည့်ပြီးရင်တစ်ခုခု​တော့ကျန်ခဲ့မှာပါ။
...

Braddock: Missing in Action III (1988) ⭐TMDB: 57% User Score 🎬 #Action #Adventure #Drama #War 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Missing in Action Trilogy ရဲ့နောက်ဆုံးကားဖြစ်ပြီး MIA II ရဲ့ Sequel ရုပ်ရှင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း အတော်လေးကိုကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး အက်ရှင် ပြကွက်မျိုးစုံကိုခံစားမိမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ကာနယ် ဂျိမ်းစ်ဘရက်ဒေါ့ခ် ဟာ စစ်ပွဲကြီးအပြီး ၁၉၇၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ပြန်လာခဲ့ပါတယ်။ သူဟာ စစ်ပွဲထဲမှာ အမေရိကန်သံရုံးမှာအလုပ်လုပ်နေတဲ့ ဗီယက်နမ်မလေး လင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ထိမ်းမြားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကံမကောင်းစွာနဲ့ လင်းကတော့အသက်ရှင်လျက်နဲ့ ဗီယက်နမ်ကနေမထွက်နိုင်ခဲ့ပါဘူး။ ဒါကတော့ ဘရက်ဒေါ့ခ်ရဲ့အမြင်ပေါ့လေ။ တစ်ရက်မှာတော့ ဖာသာကြီးတစ်ယောက်ရောက်လာပြီး ဘရက်ဒေါ့ဒ်ကို သူ့မိန်းမ လင်း မသေသေးကြောင်းနှင့် ကလေးတစ်ယောက်ပါရှိနေကြောင်းလာပြောခဲ့ပါတယ်။ ဒါပေမယ့် မျက်စိနှင့်တပ်အပ်မြင်ခဲ့တဲ့ ဘရက်ဒေါ့ခ် ဟာ အဆိုပါအကြောင်းအရာကိုယုံကြည်ခြင်းမရှိခဲ့ပဲ ဖာသာကြီးကိုမောင်းထုတ်ခဲ့ပါတယ်။ သို့သော်လည်း သိပ်မကြာခင်မှာ အမှန်တရားကိုသိရှိသွားခဲ့ပြီး ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်ကို တရားမဝင်ပြန်ဝင်လာပြီး မိန်းမနဲ့ သားလေးကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဘယ်လိုမျိုး အတားအဆီးတွေနဲ့ ကြုံရမယ် ဘယ်လိုကြမ်းမလဲဆိုတာကို တော့ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါ။
...

Missing in Action 2: The Beginning (1985) ⭐TMDB: 58% User Score 🎬 #Action #War 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MIA 1 ရဲ့ Preque; ရုပ်ရှင်ဖြစ်ပါတယ်။ ပထမကားရဲ့ အရှေ့မှာဖြစ်ခဲ့တဲ့အချိန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်အတွဲရဲ့ ၂ကားမြောက်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆရာ့ဆရာကြီး Chuck Norris ရဲ့ ကားမလို့ အက်ရှင်မကြမ်းမှာကိုတော့ စိုးရိမ်စရာမရှိပါဘူး။ ဇာတ်ညွှန်း ကာနယ်ဘရက်ဒေါ့ခ်နဲ့ သူ့လူတွေဟာ ဗီယက်နမ်စစ်မြေပြင်မှာ အဖမ်းခံခဲ့ရပါတယ်။ သူတို့ကို ကာနယ်ရင်ဦးဆောင်တဲ့ ဗီယက်နမ်စစ်သားတွေဟာ တောထဲက စခန်းတစ်ခုမှာ ဖမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ ကာနယ်ဘရက်ဒေါ့ခ်တို့အုပ်စု လွတ်အောင်ဘယ်လိုပြေးမလဲဆိုတာကို အက်ရှင် အလန်းစားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။
...

Missing in Action (1984) ⭐TMDB: 58% User Score 🎬 #Action #Adventure #Drama #War #Thriller 🗓 1984 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mission In Action (1984) ကတော့ နာမည်ကျော် မင်းသား Chuck Norris ရဲ့ အက်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Chuck Norris ဆိုတာကတော့ “ကိုယ်မွေးမယ့်ဆေးရုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့လူ” “မြွေကိုက်ရင်တောင် ၂ ရက်နေရင် မြွေ အနိစ္စရောက်သွားလောက်အောင်ကိုယ်ခံအားကောင်းတဲ့လူ” Stars War မှာလည်း Chuck Norris ပါပါတယ်။ “May the Force Be With You” မှာ Force ဆိုတာ Chuck Norris ကိုပြောတာဖြစ်ပါတယ်။ အဲဒီလိုမျိုး သုတ်မယ်၊ ပြုတ်မယ်၊ အရည်သောက်မယ်၊ အဖတ်စားမယ် မင်းသားသရုပ်ဆောင်ထားတာဖြစ်လို့ မကြမ်းမှာတော့မပူပါနဲ့။ ဇာတ်ညွှန်းကာနယ် ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်စစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဗီယက်နမ်မှာ ၇ နှစ်ကြာ အဖမ်းခံခဲ့ရပြီးမှပြန်လွတ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လွတ်လာသေးတဲ့ စစ်သုံ့ပန်းတွေအများကြီးရှိသေးကြောင်း သူထွက်ဆိုခဲ့ပေမယ့် တရားဝင်ဖြောင့်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ စိတ်ပြောင်းသွားပြီး အထက်လွှတ်တော်အမတ်နဲ့ ဗီယက်နမ်ကိုလိုက်သွားပြီး ဒီကိစ္စကိုအပြီးသက်ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ သို့သော်ငြား ဗီယက်နမ်ဖက်ကတော့ အဲလိုမျိုး ဖမ်းထားခြင်းမရှိဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ဘရက်ဒေါ့ခ်ဟာ တစ်ကိုယ်တော် အမေရိကန်သုံ့ပန်းတွေကို ကယ်တင်ဖို့လုပ်ပါတော့တယ်။ ဆက်လက်ခံစားကြည့်လိုက်ကြပါ။
...

Jilla (2014) ⭐IMDB: 6.2/10 (14 k Votes) 🎬 #Action #Bollywood #Crime #Drama 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 49 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jilla (2014)“ဂျီလ်လာ” IMDb 6.2 တမီးလ်မင်းသား Vijay နဲ့ မင်းသမီးချော Kajal Aggarwal တို့ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ရုံတင်ငွေ ရူပီး ၈၅ ကုဋေရရှိတဲ့ဒီရုပ်ရှင်လေးမှာ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ရှန်သီက လူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ ညာလက်ရုံးမွေးစားသားတစ်ယောက် ငယ်ငယ်က သူ့အဖေကို ရဲတစ်ယောက်က သတ်သွားလို့ ရဲဆိုရင်ဇွတ်မုန်းနေပြီးအိန္ဒိယရဲတွေဝတ်တဲ့ ကာကီရောင်ဝတ်လာတဲ့ လုံခြုံရေးကို ရန်လုပ်လို့လုပ် ရဲသားကြီးဖြစ်ချင်တယ်လို့ ထဖြေတဲ့ကျောင်းသားတစ်ယောက်ကိုလည်းထောက်ချွန်နဲ့သွားထိုးတဲ့ အထိပါပဲ ဒါပေမဲ့ သူ့မွေးစားအဖေ လူမိုက်ခေါင်းဆောင်ကသူအကာအကွယ်ရဖို့ ရှန်သီ့ကို ရဲတပ်ဖွဲ့ထဲ ဝင်ခိုင်းတဲ့အခါမှာတော့ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်ဦးမလဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Bluri ~ Kyaw Htay ~ Yunni တို့မှ ဖြစ်ပါတယ်
...

Vaayai Moodi Pesavum (2014) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vaayai Moodi Pesavum (2014)“စကားမပြောရ” IMDb6.7/10 မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ် စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲစကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်နားလည်‌နိုင်အောင်ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ် ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ်တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ်တစ်ချို့ကချိုချိုသာသာပြောတယ်တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ်တစ်ချို့ကမလိုအပ်တာတွေပြောတယ်အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ်ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲတစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြားဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ်ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကိုစကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ် အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီးစကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ်မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လိုဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Scooby-Doo & Batman: The Brave and the Bold (2018) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Action #Family #ScienceFiction #Mystery 🗓 2018 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီ ဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ် တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ် DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့ အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ
...

Scooby-Doo! The Mystery Begins (2009) ⭐TMDB: 64% User Score 🎬 #Adventure #Comedy #Mystery #Fantasy #Family 🗓 2009 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ဘဝရဲ့ အကောင်းဆုံးအမှတ်တရတစ်ခုဖြစ်ခဲ့တဲ့ Scooby-Doo ကာတွန်းကို LAအနေနဲ့ ကြည့်ရှုခံစားရမယ့် Scooby-Doo The Mystery Begins ဒီ live actionလေးမှာလည်း ဇာတ်လိုက်ကျော်ကြီးရှက်ဂီကတော့ ထုံးစံအတိုင်း အယောင်ယောင်အမှားမှားနဲ့ တလွဲအမြဲလုပ်တတ်တဲ့သူပေါ့။ သူ့ရဲ့partner in crimeကတော့ ရှက်ဂီလိုပဲအမြဲတလွဲလုပ်နေတဲ့ ခွေးလေးစကူဘီပါပဲ။ ဒီလိုနဲ့ ရှက်ဂီတစ်ယောက် ကျောင်းကားပေါ်မှာ အယောင်ယောင်အမှားမှားလုပ်မိရာကနေစလို့ ရှက်ဂီ ဒပ်ဖနီ ဗယ်မာနဲ့ ဖရက်ဒ်တို့ ၄ ယောက် ပွဲဆူမှုနဲ့ စာကြည့်တိုက်မှာ အပြစ်ပေးခံရပါတော့တယ်။ ဒါပေမဲ့ သူတို့စာကြည့်တိုက်ထဲမှာ အပြစ်ပေးခံရလို့ တကျက်ကျက်ဖြစ်နေတုန်း ရုတ်တရက် စာအုပ်တွေစင်ပေါ်ကနေပျံကျလာ ပစ္စည်းတွေလွင့်ထွက်ပြီး သရဲ ၃ ကောင်ပေါ်လာတဲ့အချိန်မှာတော့ သတ္တိခဲရှက်ဂီဦးဆောင်လို့ စုဝေးပွဲက ကျောင်းသားတွေကိုပါ ထွက်ပြေးခိုင်းပါတော့တယ်။ ဒါပေမဲ့ ဒုကျောင်းအုပ်က သူတို့ပြောတာကိုမယုံဘဲ ကျောင်းတွင်းဆူပူမှုဖန်တီးမှုနဲ့ ၄ ယောက်လုံးကို ကျောင်းနားလိုက်တဲ့အခါ… ဒီတော့ ရှက်ဂီ ဖရက်ဒ် ဗယ်မာနဲ့ ဒက်ဖနီတို့ ကျောင်းမနားရရေးတို့အရေးအတွက် စကူဘီဒူးနဲ့အတူ ကျောင်းတွင်းသရဲအရှုပ်တော်ပုံကို သက်သေရဖို့ရှာဖွေရင်း ဘာတွေကြုံရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။
...

The Last Metro (1980) ⭐TMDB: 72% User Score 🎬 #Drama #Romance #War 🗓 1980 🎞 movie 🌎 #France ⏰ 2 နာရီ 12 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာ့ရုပ်ရှင်လောကအပေါ် သက်ရောက်မှုကြီးမားခဲ့တဲ့ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့ François Truffaut ရဲ့ နောက်ဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ တိတိကျကျဆို သူ့နောက် Truffautရိုက်ခဲ့တာက Confidentially Yours ပဲရှိပါတော့တယ်။ ဒါပေမဲ့ ဒီကားကတော့ César Award ၁၂ဆုဆန်ခါတင်ဝင်ခဲ့ပြီး ၁၀ဆုရခဲ့တယ်။ ဒီရုပ်ရှင်ဖြစ်တည်လာပုံကလည်း သူ့အဘိုးနဲ့ ဦးလေးက ပြင်သစ်တော်လှန်ရေးတပ်မှာ ပါခဲ့တာကြောင့် ဂျာမန်တွေ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့ကာလကို ရိုက်ပြချင်တာကနေစပါတယ်။ ၁၉၄၂မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်တွင်းကာလကို ဇာတ်အိမ်တည် ဇာတ်ရဲ့ဒဏ်တွေကိုခံရတာကို ပြထားပေမဲ့ တိုက်ပွဲတွေကိုတော့ တော်တော်ဝေးဝေးပဲထားထားတယ်။ ဒီရုပ်ရှင်တစ်ကားလုံးနီးပါးက ပြဇာတ်ရုံတစ်ခုထဲပဲ ပြီးသွားပြီး စစ်တွင်းကာလမှာ ဂျူးလူမျိုးတွေကြုံခဲ့ရတဲ့ ဒုက္ခတွေကိုလည်း ပြထားတယ်။ အဓိကဇာတ်ကောင်၃ယောက်ထဲက တစ်ယေံာက်ဖြစ်တဲ့ ပြဇာတ်ဒါရိုက်တာက ဂျူးလူမျိုးဖြစ်နေတော့ စစ်ကာလမှာ ဂျူးလူမျိုးပြဇာတ်ဒါရိုက်တာတစ်ယောက်ဟာ ဒီစစ်ကြီးရဲ့ ဒုက္ခကို အလူးအလဲခံရပုံကို မြင်ရလိမ့်မယ်။ စစ်က တော်လှတဲ့ ပြဇာတ်အနုပညာသမားတွေဘဝကို ငရဲလုံးလုံးဖြစ်အောင် လုပ်ပြသွားတာဆိုတော့ Farewell My Concubineကိုတောင် ပြေးမြင်ချင်စရာကောင်းတယ်။ ဇာတ်ကြောင်းရော ဇာတ်အိမ် အကျယ်အနက်ရောက ဒီလောက်မှာပဲ တည်ထားတယ်။ အံ့ဩဖို့ကောင်းတာက Truffautရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။ Truffaut အဓိကရိုက်ချင်ခဲ့တာက အဲဒီခေတ်ကိုပါ။ ဒါပေမဲ့ ဇာတ်ဟာ ဆိုခဲ့သလို ပြဇာတ်ရုံတစ်ခုထဲက အကြောင်းအရာတွေချည်းပဲ။ ပြောရရင် ပြင်ပအကြောင်းအရာဆိုတာကလည်း ပြဇာတ်လည်ပတ်ဖို့ တိုက်ရိုက်လိုအပ်တဲ့ အကြောင်းအရာတွေသက်သက်ပဲ။ အဲဒီပြဇာတ်ရုံကြီးနဲ့မဆိုင်တာ ဘာမှမပါဘူး။ ဒီလိုဇာတ်ကို Truffautက သူပြချင်တဲ့ ခေတ်ကိုလည်းပေါ်အောင် တင်ဆက်သမျှကလည်း ဒီပြဇာတ်ကနေ ချော်ထွက်မသွားအောင် တင်ဆက်ထားတယ်။ ခေတ်တစ်ခေတ်ကိုရိုက်ပြဖို့ ဒါမျိုးဇာတ်ကိုရွေးတယ်ဆိုတာ တော်တော်ယုံကြည်ချက်ရှိတဲ့ ရွေးချယ်မှုလို့ပြောရမယ်။ ပြဇာတ်ရုံကိုပဲ တင်ဆက်တယ်ဆိုပေမဲ့ သူကပြဇာတ်ရုံနဲ့ ပတ်သက်တဲ့ ထောင့်တိုင်းကို စေ့အောင်တော့ ပုံဖော်သွားတယ်။ ဒီပြဇာတ်ရုံရဲ့ စီမံခွဲခန့်မှု ငွေရေးကြေးရေး, သရုပ်ဆောင်မင်းသားသမီးရှာဖွေပုံ, မင်းသားမင်းသမီးတွေရဲ့အခြေအနေ, ပိုင်ရှင်ရဲ့အခက်အခဲ, ပရိသတ်လက်ခံအောင်ကြိုးစားရပုံ, ဝေဖန်ရေးသမားတွေရဲ့ ရိုက်ခတ်မှုနဲ့ အန္တရာယ်, ပြဇာတ်နဲ့နိုင်ငံရေး အဆက်အနွယ် နောက်ဆုံးပြာတာတစ်ယောက်လုပ်ရတဲ့အလုပ်တွေအထိကို စုံစေ့အောင် ထည့်သွင်းထားတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူပြချင်တဲ့ ခေတ်ကို ပေါ်လွင်အောင် ပြထားသေးတယ်။ ပြဇာတ်ကပြတာနဲ့ ဇာတ်တိုက်တာကိုလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားတယ်။ ဇာတ်က ဒီလောက်ပဲဆိုပေမဲ့ ဒီလောက်လောက်ဇာတ်အတွင်းမှာ သူပုံဖော်ထားတဲ့ ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေ ဒွိဟတွေ အခြေအနေတွေကလည်း ဒီဇာတ်ကို ထူးထူးခြားခြားဇာတ်ဖြစ်စေခဲ့တယ်။ သူ့တင်ဆက်ပုံမှာလည်း ဒီလောက်လောက်ဇာတ်ကိုမှ အများကြီးထူးခြားသွားအောင် လုပ်ခဲ့တဲ့ ဟန်တွေလည်းရှိသေးတယ်။ ကြည့်ဖြစ်ရင် သတိထားမိကြမှာပါ။ ကျွန်တော်တော့ ရုပ်ရှင် နာမည်ပေးထားပုံအထိကိုက အထင်ကြီးစရာကောင်းတယ်လို့မြင်တယ်။ အဲဒီကာလ ပြင်သစ်မှာ ၁၁နာရီဆို ညမထွက်ရအမိန့်အရ ဘယ်သူမှ အပြင်မှာရှိနေလို့မရတော့ဘူး။ ဒီတော့ နောက်ဆုံးရထားတော့ ဘယ်သူမှ လွတ်လို့မရဘူး။ ပြဇာတ်သမားတွေဟာ ညဘက်အလုပ်လုပ်ရတဲ့သူတွေဖြစ်သလို ပြဇာတ်ကြည့်ပရိသတ်တွေဟာလည်း ညဘက်နဲ့ဆက်စပ်နေသူတွေပါပဲ။ ဒီအခြေအနေဟာ ခေတ်နဲ့လည်း ဆက်စပ်နေတယ်။ Truffautဟာ နာမည်အထိကို သူပြချင်တာနဲ့ ဘာမှမဆိုင်သလိုထင်ရပေမဲ့ ပညာသားပါပါနဲ့ သူပြချင်တာကို သေချာပြသွားနိုင်တဲ့ အထာကျတဲ့ ဒါရိုက်တာပါပဲ။ ပြင်သစ်နယူးဝေ့ရဲ့ ပဲ့ကိုင်ရှင်သိပ်ပီသတဲ့ ဒါရိုက်တာပါပဲ။
...

The Servant (2010) ⭐TMDB: 58% User Score 🎬 #Adult #Comedy #Drama #Historical #Romance #History 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 5 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Servant (2010)****************** လူကြီးမင်းတို့ပိတ်ရက်မှာ အပန်းဖြေကြရအောင်လို့ အခုလို ပူပူစပ်စပ်… ၁၈ယောက်အထက် စုကြည့်ရတဲ့ စပိုင်စီကားလေးကိုတင်ဆက်‌ပေးပါရစေ။ Forbidden questဒါရိုက်တာကြီးရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့ ဒီကားလေးမှာ… Parasite နဲ့ Casa Amor မှ မင်းသမီးချော Cho Yeo Jeong ကို… Kim Ju Hyeok နဲ့ Ryoo Seung Bum တို့မင်းသားနှစ်လက်နဲ့ အပြိုင်တွေ့ကြရမှာဖြစ်ပါတယ်။ ကိုရီးယားရိုးရာအချစ်ပုံပြင်လေးတစ်ခုကို အမှီသဟဲပြုပြီး ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့… ဒီဇာတ်လမ်းလေးထဲမှာ…ဆင်းရဲပေမဲ့ အချစ်တွေကတော့ အဆပေါင်းများစွာ ချမ်းသာတဲ့… အစေခံ‌ကောင်လေး ဘန်ဂျာကို ဇာတ်လိုက်အနေနဲ့ ကြည့်ရူခံစားရမှာဖြစ်ပါတယ် အထက်တန်းလွှာအိမ်တော်မှ သခင်လေးမုံယောင်းရဲ့ မိန်းကလေးချွန်းညန်းကိုမှ တမ်းတမ်းစွဲမိတဲ့ ဘန်ဂျာ၊ ‌မကျော်သင့်တဲ့စည်းကို ‌ကျော်လိုက်မိတဲ့ သူတို့‌‌တွေ၊ ပူပြင်းတောက်လောင်နေတဲ့ အချစ်တွေ… လိုချင်ရမ္မက်တွေနဲ့မတူဘဲ မထင်မှတ်ထားတဲ့ဇာတ်သိမ်းပိုင်းကြောင့်… ကြည့်ရူသူများ ရင်ထဲတစ်ခုခုကျန်ခဲ့မှာ အသေအချာပဲမို့ လက်မလွှတ်သင့်ပါဘူးနော်။
...

Andhaghaaram (2020) ⭐IMDB: 7.5/10 (4 k Votes) 🎬 #Bollywood #Horror #Mystery #Thriller #Uncategorized 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 51 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andhaghaaram (2020)စိတ်ရဲ့အရိပ် ဒီတစ်ခါအလှည့်ကျတာကတော့ IMDb 7.5 ရရှိထားတဲ့Andhaghaaram ဆိုတဲ့ တမီးလ်စကားပြော Horror ,Mystery ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာဆိုရင် Netflix မှာ ထုတ်လွှင့်ခဲ့ကတည်းကထူးခြားတဲ့ဇာတ်လမ်းသွားနဲ့ စိတ်ခြောက်ခြားစရာခံစားချက်ကိုပေးနိုင်တဲ့အတွက် မှတ်ချက်ကောင်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားအစမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ်မရှိတဲ့အမျိုးသား သုံးယောက်နဲ့ သူတို့ဘဝရဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ပုံဖော်ထားပါတယ်။ ပထမလူကတော့ နိုင်ငံ၏ အကျော်ကြားဆုံး စိတ်ရောဂါကု ဆရာဝန် ဒေါက်တာအင်ဒရန်ဖြစ်ပြီးစိတ္တဇလူနာတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ပြီး အသံရော အလုပ်ကိုပါ ဆုံးရှုံးခဲ့ရသူပါ။ ဒုတိယလူက ဆယ်လ်ဗန်ဖြစ်ပြီး စာကြည့်တိုက်မှာအလုပ်လုပ်နေတဲ့ရိုးသားကြိုးစားတဲ့ မျက်မမြင်လေးတစ်ယောက်ဖြစ်ပါတယ်။ တတိယတစ်ယောက်ကတော့ အသစ်တပ်ဆင်ထားတဲ့ဖုန်းကတဆင့်လျှို့ဝှက်ဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိနေတဲ့ ဗင်နို့ဒ်ပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကို ရည်းစားကိုရင်ဖွင့်ပေမယ့်ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ ထင်မှတ်ခံနေရသူပါ။ အဲဒီအမျိုးသားသုံးယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာတဖြည်းဖြည်းချင်းပုံဖော်ရိုက်ကူးထားပြီး စိတ်ဝင်တစားနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ Slow burn typeဖြစ်ပေမယ့် ထူးခြားကောင်းမွန်တဲ့တင်ဆက်မှုနဲ့ မထင်ထားတဲ့လှည့်ကွက်တွေပါဝင်တာကြောင့်သင့်အတွက် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိဘဲဖြစ်သွားမှာပါ။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Salt Lake Project (2024) ⭐TMDB: 30% User Score 🎬 #Adventure #Comedy #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MV တစ်ပုဒ်လိုလှတဲ့ ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဟာသမှုခင်းဇာတ်လမ်းကိုရှာနေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ ညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၂ နှစ်က မူးယစ်ဖမ်းဆီးရဲမေ ရှောင်ယွီဟာ တာဝန်ထမ်းဆောင်နေချိန်မှာမူးယစ်ဂိုဏ်းအဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစသူ့ရဲ့ချစ်သူ လောင်ရှန့်ဟာ ရူးသွားခဲ့ပြီး ခြေဦးတည့်ရာထွက်ခဲ့ပြီးနောက်အနောက်မြောက်ဘက်ကို ရောက်လာခဲ့ပြီး ဦးလေးယင်တို့အဖွဲ့နဲ့အတူ နေထိုင်နေပါတယ်။ တစ်နေ့မှာ ဦးလေးယင်တို့အဖွဲ့က မူးယစ်အဖွဲ့နဲ့ အပေးအယူလုပ်ဖို့ လောင်ရှန့်ကို သွားခိုင်းပါတယ်။လောင်ရှန့်နဲ့ အပေးအယူလုပ်ဖို့ ရောက်လာတဲ့လူကတော့ယွမ် ၂ သောင်းနဲ့ ပစ္စည်းပို့ခိုင်းလို့ ရောက်လာတဲ့ မှောင်ခိုကားဆရာ လျိုလုပဲဖြစ်ပါတယ်။ အပေးအယူလုပ်မဲ့အချိန်မှာ လောင်ရှန့်တစ်ယောက် အရူးဖောက်ပြီး ပိုက်ဆံအိတ်ကိုယူပြေးတဲ့အခါ ဦးလေးယင်တို့အဖွဲ့ကလည်း အလိမ်ခံရတဲ့ ခံပြင်းစိတ်နဲ့အနောက်က လိုက်ဖမ်းပါတော့တယ်။ သူတို့တွေ ခရီးလမ်းတစ်လျှောက်မှာဘယ်လို အလွဲမျိုးတွေနဲ့ ကြုံကြရမလဲ ဆိုတာကို ရုပ်ရှင်ကို ဆက်ပြီးကြည့်ရှုခံစားလိုက်ရအောင်နော်။
...

A Frozen Rage (2024) ⭐TMDB: 60% User Score 🎬 #Comedy #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 55 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့အတွက် Frozen Rage ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆို….လောင်တနဲ့ လောင်အာ့ ဆိုတဲ့ ညီအစ်ကို ၂ ယောက်ရှိတယ်ကွယ်…လောင်တက လောင်အာ့ကို အရမ်းချစ်တယ်ဆိုတာထက် အပြစ်ရှိတယ်လို့ ခံစားရတာ…သူ့ပေါ့ဆမှုကြောင့် သူ့ညီလေး ကားတိုက်ခံရပြီး ကြပ်မပြည့်ဖြစ်ခဲ့ရတယ်… ဒါကြောင့်လည်း အသက်လေးရလာတော့ အစ်ကိုကြီးအဖရာအဖြစ် သူ့ညီလေးအတွက် ကြင်ဖက်ရှာပေးတာပေါ့….ကြင်ဖက်ရှာပေးပေမယ့်လည်း သူ့ညီလေးရဲ့ ထူးခြားတဲ့အခြေအနေကြောင့်သမီးရှင်ဖက်က တော်ရုံ သဘောမတူဘူးပေါ့… တစ်ဖက်မှာ လောင်အာ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဦးလေးယိဆိုသူက…သူတို့မိဘမြေကို ဈေးနှိမ်ငှားထားတဲ့အပြင် လောင်တချစ်ရတဲ့ကျင်းယန်ကိုလည်း လက်ထပ်ယူထားတာပေါ့…ဒါတွေကို သည်းခံနိုင်ပေမယ့်… အခု လောင်တအတွက် အရေးကြီးတာ ငွေရှာဖို့… လောင်အာ့အတွက် တောင်းရမ်းငွေစုဆောင်းနိုင်ဖို့ပဲ…ဒီတော့ ဒီမြေကို ပြန်ယူဖို့လိုတယ်…လောင်တတစ်ယောက် လောင်အာ့အတွက် တောင်းရမ်းငွေစုနိုင်မှာလား…မိဘပိုင်မြေကိုရော ပြန်ရမှာလား….ဒီမြေမှာ ဘာလျို့ဝှက်ချက်ရှိနေသေးတာလဲ…နောက်ပြီး လောင်အာ့ကို တိုက်သွားတဲ့သူကရောဘယ်သူလဲ…CM နဲ့အတူ ဇာတ်လမ်းလေးထဲ အဖြေရှာကြရအောင်
...