无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Chelsea Detective (2022) ⭐IMDB: 7.4/10 (6 k Votes) 🎬 #Crime #Mystery #Thriller 🗓 2022 🎞 tv series 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 30 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီစီးရီးကတော့ ၂၀၂၂ တုန်းက ထွက်ရှိခဲ့တဲ့ Crime Drama ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ လန်ဒန်မြို့ရဲ့ ချယ်ဆီးနယ်မြေဘက်က စုံထောက်တစ်ဦးရဲ့ဘဝအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ ဝုန်းဝုန်းဒိုင်းဒိုင်း အက်ရှင်ခန်းတွေမပါဘဲ ဖြည်းဖြည်းအေးအေးကြည့်ရမယ့် စုံထောက်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပိုင်းနဲ့တစ်ပိုင်း မတူညီတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာကြောင့် စိတ်ဝင်စားစရာကောင်းပြီး မတူညီတဲ့ရသ၊ ခံစားမှုတွေကိုရရှိစေမှာပါ။ စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း မြှုပ်ကွက်တွေ၊ လှည့်ကွက်တွေနဲ့ လိုက်တွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပါတယ်။...
Keep Breathing (2022) ⭐TMDB: 62% User Score 🎬 #Action #Adventure 🗓 2022 🎞 Series 🌎 #UnitedStatesofAmerica ⏰ 34 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.3 /10 ဒီစီးရီးကတော့ Netflix က ထုတ်လွှင့်တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့ Scream၊ Abigail နဲ့ Your Monster ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့မင်းသမီး Melissa Barrera က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ – လစ်ဗ်ဆိုတဲ့ ရှေ့နေမလေးတစ်ယောက်က ကနေဒါက မြို့လေးတစ်မြို့ကို သွားဖို့အတွက် သူမလက်မှတ်ဝယ်ယူထားတဲ့ လေယာဉ်က ရာသီဥတုဆိုးဝါးလို့ သူမရောက်ရှိရာ လေဆိပ်ကို မဆိုက်ကပ်နိုင်တဲ့အခြေအနေဖြစ်လာပါတော့တယ်။ အဲ့လေဆိပ်မှာရှိနေစဉ် ယောက်ျားနှစ်ယောက်က ကိုယ်ပိုင်လေယာဉ်နဲ့ သူမသွားချင်တဲ့ မြို့ကိုသွားမယ်ဆိုပြီး ပြောဆိုသံကြားလိုက်ရတဲ့အခါ… သူစိမ်းယောက်ျားနှစ်ယောက်ဖြစ်နေပေမယ့် သူမကိစ္စကလည်း အရေးကြီးနေတော့ ထိုလူနှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ပဲ သူမကိုတင်ခေါ်ဖို့ပြောပါတော့တယ်။ အစကတော့ ဟိုလူနှစ်ယောက်က အင်တင်တင်လုပ်နေပေမယ့် သူမဘက်က အတင်းအကြပ်တောင်းဆိုခဲ့တဲ့အတွက် သူမကို တင်ခေါ်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်သား ကနေဒါရဲ့ အနောက်မြောက်ဘက်ကို ထွက်လာစဉ် တောနက်တစ်နေရာ၌ လေယာဉ်ကပျက်ကျသွားပြီးနောက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး လေယာဉ်ထဲက ထွက်လာပါမှ….. သူမကိုခေါ်တင်လာတဲ့ လူနှစ်ယောက်က သူမကို အမှန်အတိုင်းမပြောခဲ့တဲ့ကိစ္စတွေရှိနေကြောင်း သိလိုက်ရတဲ့အခါ …. ဘာတွေဆက်ဖြစ်မလဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)...
Snowfall (2017) ⭐IMDB: 8.4/10 (36 k Votes) 🎬 #Drama #Crime 🗓 2017 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 48 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmarဇာတ်ညွှန်း 📜 Season 1 ဒီ Seriesရဲ့ Creatorက Baby Boy (2001)တို့, Boyz n the Hood (1991)တို့လို လူမဲအသားပေး လူမဲတွေရဲ့ဖြတ်သန်းမှုကို ရိုက်ပြထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့ လူမဲဒါရိုက်တာ John Singleton။ Snowfallကလည်း လူမဲတွေကို အဓိက အသားပေးထားတဲ့ မူးယစ်ဆေးလောကအကြောင်း ရုပ်ရှင်ပါပဲ။ ဟိုးအောက်ခြေကအနေ စတဲ့အကြောင်းတွေပေါ့။ Snowfallက မူးယစ်ဆေးလောကကို ရိုက်ပြတဲ့နေရာမှာတော့ တော်တော်လေးသေသပ်တယ်ပြောရမယ်။ Character Devlopmentလည်း တော်တော်ကြမ်းတဲ့စီးရီးပဲ။ Pilotအပိုင်းမှာ ကျွန်တော်တို့ကို ဘာမှမဟုတ်တဲ့ ကာရိုက်တာတွေချည်းပဲ ချပြထားတယ်။ တစ်ချို့ဇာတ်လမ်းတွေမှာကျ အဲဒီလိုချပြတာတွေမှာ သူတို့ရဲ့အလားအလာကို သိပ်မမြင်ရဘဲ ဖြစ်လာမှဖြစ်လာတယ်လို့ သိလိုက်ရတာမျိုးရှိပေမဲ့ Snowfallကတော့ ဒီကာရိုက်တာတွေရဲ့ အလားအလာကို သူတို့စလာကတည်းက မြင်နေရအောင်ကို သေချာလေးပြထားတယ်။ ဒီတော့ အပိုင်းတစ်ကြည့်လိုက်ရုံနဲ့ ဆက်ကြည့်ချင်သွားမယ့်စီးရီးပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ပိုင်းပြန်ပြီး နောက်ထပ်၁၉ပိုင်းဆက်တိုက်ကြည့်ဖြစ်သွားတယ်။ ဇာတ်ကတော့ ၁၉၈၆ လော့အိန်ဂျယ်လိစ်မှာ ဇာတ်အိမ်တည်ထားတယ်။ Creatorရဲ့ဖြတ်သန်းမှုရှိတဲ့ကာလမှာ တည်ထားတာထင်ရပါတယ်။ လူမဲကောင်လေးတစ်ယောက် မူးယစ်ဆေးလောကထဲ ငြိသွားတာရယ်, စီအိုင်အေနဲ့ မက္ကဆီကန်တွေကြားက အရှုပ်အရှင်းတွေ, စီအိုင်အေကိုက ဆေးတွေခိုးရောင်းပြီး မက္ကဆီကန်ကွန်မြူနစ်တွေကို ဖြုတ်ချဖို့ လက်နက်တွေကူပေးခဲ့တာလို့ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့ မူးယစ်ဆေးငြိနေတဲ့အကြောင်းတွေကိုပါ ပြထားတယ်။ ပြောရရင် ဒီကားရဲ့ တားဂတ်က လူမဲသက်သက်မဟုတ်ဘဲ မက္ကဆီကန်တွေရဲ့ မူးယစ်ဆေးလောကပါပါနေတယ်။ အရာအားလုံးက အချိတ်အဆက်နဲ့ပဲဆိုတော့ ဇာတ်ကောင်တိုင်းက တစ်ပိုင်းထက်တစ်ပိုင်း ပိုစိတ်ဝင်စားဖို့ကောင်းလာတဲ့ စီးရီးပါပဲ။ မူးယစ်ဆေးအရောင်းအဝယ်လောကကိုရိုက်ပြထားကိုမှ နိုင်ငံရေးနဲ့မူးယစ်ဆေးငြိနေတာတွေပါ ပါနေသလို Character Devlopmentတွေလည်း ကြမ်းတာမလို့ ဒီလိုစီးရီးတွေကြိုက်ရင် ကြည့်ကိုကြည့်ကြသင့်တဲ့ စီးရီးပါပဲ။ အတွဲ၆တွဲရှိပြီး အပိုင်း၆၀ရှိပေမဲ့ အစအဆုံးစိတ်ဝင်စားဖို့ကောင်းနေမှာတော့ သေချာပါတယ်။ File Size : 1.2 GB, 600 MBQuality : WEB-DL 1080p / 720pRunning Time : 50minFormat : Mp4Genre : Crime, DramaSubtitle : Myanmar Subtitle (Hard Sub)Translated by : Wira AungEncode by : Thit San Khant 1080p EP 01 –Usersdrive/Yoteshin/Megaup/Streamsb EP 02 –Usersdrive/Yoteshin/Megaup/Streamsb EP 03 –Usersdrive/Yoteshin/Megaup/Streamsb EP 04 –Usersdrive/Yoteshin/Megaup/Streamsb EP 05 –Usersdrive/Yoteshin/Megaup/Streamsb EP 06 –Usersdrive/Yoteshin/Megaup/Streamsb EP 07 – Usersdrive /Yoteshin/Megaup/Streamsb EP 08 – Usersdrive /Yoteshin/Megaup/Streamsb EP 09 – Usersdrive /Yoteshin/Megaup/Streamsb EP 10 – Usersdrive /Yoteshin/Megaup/Streamsb 720p END Season 2 ဇာတ်အိမ်ကတော့ လူသုံးယောက် လောကသုံးခုကိုဦးတည်ပြီး ၃ခုခွဲပြထားတယ်။ အဓိကဇာတ်ကောင် ဖရန်ကလင်စိန့်ဆိုတဲ့ လူမဲကောင်လေးရယ်။ စီအိုင်အေက မက်ဒေါ်နယ်လို့ခေါ်တဲ့လူရယ်။ မက္ကဆီကန်ဖိုက်တာ အိုဆိုတဲ့ လူရယ်ပေါ့။ ဒီသုံးယောက်စလုံးက စစတုန်းက ဒီမူးယစ်ဆေးလောကနဲ့ ဘာမှမပတ်သက်တဲ့လူတွေပဲ။ ဇာတ်လမ်းရဲ့အစက သူတို့ ဒီလောကနဲ့ဘာမှမပတ်သက်ရသေးတဲ့ ကနဦးနဲ့ စပေးထားတယ်။ ပြီးတော့ကာမှ သူတို့မူးယစ်ဆေးလောကထဲ မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ရောက်သွားပုံ သူတို့ချင်း ချိတ်ဆက်မိသွားပုံ သူတို့ချင်းတစ်ယောက်ကိုတစ်ယောက် အသုံးချကြုပုံတွေကို ပြထားတယ်။ လူမဲကောင်လေးကတော့ အနှိမ်ခံဆင်းရဲမွဲတေနေတဲ့ လူမဲတွေရဲ့ဘကြောင့် ဒီလောကထဲ ကိုယ်တိုင်ဝင်ဖို့ရွေးချယ်ခဲ့တဲ့သူ။ စစချင်းတော့ ဖရန်ကလင်က ပျော့ညံ့တဲ့ မရက်စက်တဲ့ကောင်လေးပဲ။ ဒီစီးရီးရဲ့ Character Devlopmentအပိုင်းက တော်တော်တော့မိုက်တယ်။ စီဆန်တွေသာ ရှည်လာပြီး Character Devlopment ဘာမှမထူးလာတဲ့ စီးရီးတွေကို ကြည့်ခဲ့ရလို့လားမသိ နောက်ပိုင်းဖရန်ကလင်ဟာ အကြောင်းအရင်းတွေနဲ့ စစက ဖရန်ကလင်ကိုပါ မမှတ်မိနိုင်တော့တဲ့အထိ ပြောင်းလဲသွားတာတွေကိုကြည့်ရတာ တော်တော်တော့ အရသာရှိတယ်။ ဒါကသူမှမဟုတ်ဘဲ ဒီစီးရီးထဲက ဇာတ်ကောင်တိုင်းပါပဲ။ ဒီလောကကပဲတိုက်စားသွားသလား မူးယစ်ဆေးလောကကပဲ တိုက်စားသွားသလို မသိပေမဲ့ စစချင်းမှာ သူတို့ဟာ လိပ်ပြာရှိသေးတဲ့ လူတွေဖြစ်ခဲ့ကြပေမဲ့ ကြာလာလေ သူတို့မှာ လိပ်ပြာမဲ့လာလေဖြစ်လာတယ်။ စီအိုင်အေက မက်ဒေါ်နယ်ခေါ် ရိဒ်ဆိုလည်း အတူတူပဲ။ စစမှာတော့ သူဟာ အထက်က အမိန့်အရသာ ဒီလောကထဲ ဝင်လာခဲ့ပေမဲ့ အစိုးရအားကိုးနဲ့ အဆက်အသွယ်ကောင်းတာကြောင့် သူကိုယ်တ...
Generation Z (2024) ⭐TMDB: 58% User Score 🎬 #SciFi #Fantasy 🗓 2024 🎞 Series 🌎 #Germany #UnitedKingdom ⏰ 47 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ လတ်တလောမှထွက်ရှိထားတဲ့အပိုင်း၆ပိုင်းပါ ဗြိတိန်မီနီစီးရီးလေးဖြစ်ပါတယ်။ အပိုင်းတစ်အစမှာ စစ်တပ်သယ်ပို့ရေးယာဉ်က စမ်းသပ်ခန်းကနေ ပစ္စည်းသယ်လာရာမှ ဒမ်ဘရီမြို့အနီးမှာ ကားမှောက်ပြီး ဓါတုလက်နက်ယိုစိမ့်သွားပါတယ်။ အနီးအနားမှာရှိနေတဲ့ သက်ကြီးစုံတွဲက ကူးစက်ခံရပြီး ဘိုးဘွားဂေဟာက လူတချို့ပါ ကူးစက်ခံလိုက်ရပါတယ်။ ကူးစက်ခံလက္ခဏာတွေကတော့ အသားကိုဆာလောင်တာဖြစ်ပြီး ဇွမ်ဘီတွေနဲ့မတူဘဲ ကိုယ်ပိုင်အသိစိတ်ကတော့ ကျန်နေသေးတာပါ။ ဂေဟာကနေမှတဆင့် ဒမ်ဘရီမြို့ထဲကိုပါကူးစက်လာပြီး ဆယ်ကျော်သက်တွေဖြစ်ကြတဲ့ ကယ်လီ၊ ဖင်န်၊ ချာလီနဲ့ စတက်ဖ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။...
The Midwich Cuckoos (2022) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Drama #SciFi #Fantasy #Mystery #Horror 🗓 2022 🎞 tv series 🌎 #UnitedKingdom ⏰ 45 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်မြို့လုံးကို အိပ်ငွေ့ချပြီး မိန်းကလေးတွေကို ချက်ချင်းဗိုက်ကြီးသွားစေတဲ့ လက်သည်က ဘယ်သူလဲ??? ဒီသိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲလေးကတော့ စာရေးဆရာ John Wyndham ရဲ့ The Midwich Cuckoos ဆိုတဲ့ စာအုပ်ကို ဒါရိုက်တာ David Furr က ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပေါ်ကအတိုင်းပါပဲ။ အင်္ဂလန်က ကျေးလက်နယ်မြို့ကလေးတစ်ခုမှာ ထူးဆန်းတဲ့ရောင်ခြည်စက်ကွင်းတစ်ခု လွမ်းခြုံသွားပြီးနောက် တစ်မြို့လုံးက သတိလစ် လဲကျပြီး အိပ်မောကျသွားပါတော့တယ်။ အကြောင်းတိုက်ဆိုင်လို့ မြို့ပြင်ရောက်နေတဲ့လူတွေကလည်း မြို့ထဲမှာ ကျန်ခဲ့တဲ့ ဇနီးမယား သားသမီးတွေကို ဆက်သွယ်ချင်ပေမဲ့ ဖုန်းဆက်လည်းမရ စာပို့လည်းမရတော့ပါဘူး။ စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရေးပေါ်တပ်ဖွဲ့တွေလည်း ရောက်ရှိလာပြီး စုံစမ်းပေမဲ့ မြို့ကိုလွမ်းခြုံထားတဲ့ မမြင်ရတဲ့ စက်ကွင်းကို ဖြတ်ကျော်သွားတာနဲ့ သတိလစ်သွားလို့ အရာမရောက်ဖြစ်နေကြပါတယ်။ ၁၂ နာရီအကြာမှာတော့ မြို့ထဲကလူတွေက ပြန်နိုးလာပြီး စက်ကွင်းလည်း မရှိတော့ပေမဲ့ မြို့ထဲက အမျိုးသမီးအများစုမှာတော့ ထူးဆန်းစွာပဲ ဗိုက်ကြီးသွားပါတော့တယ်။ ဒီတော့ ဒါက ဘယ်လိုဖြစ်ရပ်ဆန်းမျိုးလဲ၊ တစ်ပွဲတစ်လမ်း အကဲစမ်းသွားတာက ဂြိုဟ်သားတွေလား ဘယ်သူတွေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။...
High Potential (2024) ⭐IMDB: 7.6/10 (12 k Votes) 🎬 #Drama #Crime #Mystery 🗓 2024 🎞 tv series 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 44 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ကလေး ၃ ယောက်နဲ့တိုင်ပတ်ပြီး သန့်ရှင်းရေးဝန်ထမ်းလုပ်နေပေမဲ့ အိုင်ကျူ ၁၆၀ ရှိပြီး အယ်အေရဲစခန်းတစ်ခုလုံး ပေါင်းလို့တောင် မဖော်နိုင်တဲ့အမှုတွေကို ဖော်နိုင်တဲ့အမျိုးသမီး တစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ ရဲတွေရဲ့အမှုတွေကို သူဖော်ပေးနေပေမဲ့ သူ့ကိုယ်တိုင်မှာတော့ သူ့ယောကျာ်း ၁၅ နှစ်လုံး ပျောက်ဆုံးသွားရတဲ့ ပဟေဠိကို မဖော်နိုင်သေးတဲ့သူပါ။ ဒီစီးရီးမှာတော့ ရှုပ်ထွေးတဲ့ အမှုတွေကို ဉာဏ်ရည်အမြင့်စားနဲ့ ရှားလော့ဟုမ်းစတိုင် ဖော်ရင်းကနေ သူ့ခင်ပွန်းပျောက်ဆုံးမှုကို လိုက်ရှာနေတာတွေ ကြည့်ရမှာပါ။ စီးရီးနာမည်ဖြစ်တဲ့ High Potential ဆိုတာက High Potential Intellectual လို့ တရားဝင်အခေါ်အဝေါ်ရှိတဲ့ အလားအလာအရမ်းကောင်းတဲ့ ဉာဏ်ရည်မြင့် လူပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ။ တစ်ပိုင်းပြီးတစ်ပိုင်းအမှုတွေဖော်ရပုံတွေကို ကြည့်ရမှာဖြစ်လို့ ရှားလော့ဟုမ်းတို့လို စီးရီးကြိုက်တဲ့လူတွေ လက်လွတ်မခံသင့်ပါဘူး။...
The House on Laura Anne Dr. (2024) ⭐IMDB: 4.5/10 (633 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 ထွက် Horror ရုပ်ရှင်အသစ်ဇာတ်ကားတစ်ကားတင်ပေးထားပါတယ် ဇာတ်လမ်းအကျဥ်း လင်မယားနှစ်ယောက်ဟာ ဘဝကို အသစ်ပြန်စတင်ဖို့အတွက် ဖလော်ရီဒါက အိမ်အသစ်လေးဆီကို ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း ရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေ စတင်ကြုံလာရပြီး သူတို့ ရောက်နေတဲ့ အိမ်က ဘယ်လိုနေရာကြီးလဲဆိုတာကို သိသွားတဲ့အခါမှာတော့….။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရှုစားကြပါဦးခင်ဗျာ...
Collapse (2025) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ဒီ အက်ရှင်ဇာတ်ကားကောင်းလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းလေးကတော့ လုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းကို ဗန်းပြပြီးငွေဖြူက ငွေမည်းလုပ်ပြီး ငွေတွေ လှည့်ထုတ်ပြီးကြီးပွားချမ်းသာဖို့ကြိုးစားနေတဲ့ အကြောင်းကို အခြေခံရိုက်ကူးထားတာပါ… နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ရာဇဝတ်သားဒုစရိုက်ကောင်တွေလည်း တုံးအပြီး မကျန်ခဲ့ပါဘူး…နည်းပညာအသစ်တွေ နည်းလမ်းသစ်တွေနဲ့ ဒုစရိုက်တွေကူးလွန်နေသလို…ရဲဖက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးအရာရှိတွေလည်း အသစ်သစ်သောနည်းလမ်းတွေ ဗျူဟာတွေနဲ့ ဒုစရိုက်သမားတွေကို အမှီလိုက်ပြီး ဖမ်းနိုင်ဖို့ကြိုးစားရသလို…ကျော်လွန်ပြီး ဒုစရိုက်မကျူးလွန်ခင်မှာ ကာကွယ်တားဆီးနိုင်ဖို့လည်း ကြိုးစားရပြန်တယ်… ဒီကားလေးမှာတော့ ငွေဖြူ ငွေမည်းနဲ့ လှည့်ပြီး တိုးတက်ကြီးပွားဖို့ကြိုးစားနေတဲ့ မသမာသူတို့အုပ်စုကလည်း လက်ငင်းငွေတွေလိုက်စုပြီးနိုင်ငံခြားအကောင့်ထဲ ပိုင်ဆိုင်မှုပြောင်းဖို့ကြိုးစားနေသလို…ရဲဖက်ဆိုင်ရာကလည်း ဒီလိုမသမာတဲ့ ငွေမည်း ငွေဖြူပြောင်းမယ့်ကိစ္စကိုကြိုတင်တားဆီးဖို့ ကြိုးစားနေပြန်တယ်…ဒီကြားထဲမှာ ပလော့အလှည့်အပြောင်းလေးတွေလည်း ရှိတာပေါ့…နည်းနည်းဗျူဟာများပြီး အပြောနဲ့တင် အားမရနိုင်တာမို့ဇာတ်ကားလေး အတူကြည့်ဖို့ပဲ ဖိတ်ခေါ်လိုက်ပါရစေနော်...
The Color Purple (1985) ⭐TMDB: 78% User Score 🎬 #Drama #History 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Color Purple ရုပ်ရှင်ဟာ 1986 ခုနှစ် အော်စကာ ဆုပေးပွဲမှာ Best picture, Best director, best actress, best supporting actress အပါအဝင် nomination 11 ခုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စီလီဆိုတဲ့ လူမည်းကောင်မလေးတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု အိမ်တွင်းအကြမ်းဖက်မှု လိင်အမြတ်ထုတ်ခံရမှုတွေကို သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၂၀ရာစုအစောပိုင်းက ပညာမဲ့ လူဆင်းရဲ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အိမ်အပြင်မှာရော အိမ်အတွင်းမပါ အနှိမ်ခံ အနှိပ်စက်ခံ ဘဝ ဖြစ်နေခဲ့ပြီး တကယ့်ပြင်ပဘဝက ခုလို လူမည်းအမျိုးသမီးများစွာကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ oscar ၂ကြိမ် ရထားတဲ့ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်သူ Steven Speilberg ပဲဖြစ်ပါတယ်။ ဒီရူပ်ရှင်ဟာ နာမည်ကျော်မင်းသမီး Whoopi Goldberg ရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Oprah Winfrey နဲ့ Danny Glover တို့လို နာမည်ကျော် သရုပ်ဆောင် များစွာလည်း ပါဝင်ထားပါတယ်။...
Umjolo: My Beginnings, My End! (2025) ⭐IMDB: 3.8/10 (63 Votes) 🎬 #Comedy #Drama #Romance 🗓 2025 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 15 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတခါ တင်ဆက်ပေးချင်တာကတော့၂၀၂၅မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်ဟာသစိတ်လက်ပေါ့ပါးစရာ ရုပ်ရှင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် မာရီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ကမိဘတွေပေါ်သိတတ်ပြီး စေ့စပ်ထားသူရှိပြီးသားပါ သူ့ရဲ့စေ့စပ်ထားသူကလဲ ဂျာမာအင်ပါယာလို့ခေါ်တဲ့ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းထဲကပါ တစ်ရက် သူ့အသက် ၃၀ပြည့်မွေးနေ့မှာဘားတစ်ခုသွားရင်းကဆက်ဇိုဖုန်းတီးသမားလေးတစ်ယောက်နဲ့တွေ့ရင်းချစ်မိသွားရာက သူဘယ်လိုရှေ့ဆက်သွားမလဲသူတို့နှစ်ဦးပေါက်ဖက်ရပါ့မလားအဆင့်အတန်းဆိုတဲ့စည်းကရောသူတို့ကြား ကွာခြားစေမှာလားဆိုတာကတော့...
My Friend is a Cute Shark (2025) ⭐TMDB: 0% User Score 🎬 #Crime #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ကူးယဉ်သိပ္ပံကား ဆန်းဆန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ လူသားတွေကိုအကျိုးပြုနိုင်ဖို့ ပါမောက္ခကြီးတစ်ယောက်ကမျိူးရိုးဗီဇပေါင်းစပ်နည်းကိုသုတေသနာလုပ်နေခဲ့ပါတယ်။ငါးမန်းရဲ့မျိုးရိုးဗီဇနဲ့ ရေဘဝဲရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ကြည့်ပြီး လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်တာမအောင်မြင်ဘူးလို့ထင်ခဲ့ပေမယ့် အောင်မြင်ပြီးတော့သုတေသနခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးရိုးဗီဇဆန်းရေဘဝဲငါးမန်းတစ်ကောင်ကလမ်းပေါ်ရောက်သွားပြီးငါးရောင်းတဲ့သားအဖ၂ယောက်ဆီကိုရောက်သွားခဲ့ပါတယ်။ မျိုးရိုးဗီဇစမ်းဖြစ်တဲ့အတွက် ကြီးထွားနှုန်းကအရမ်းကိုမြန်ပြီးတော့လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာငါးသည်ရဲ့သမီးလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ကလေးရဲ့အဖေနဲ့ ပါမောက္ခတို့လူတွေကလဲ ရေဘဝဲငါးမန်းကိုလိုက်ရှာကြပါတယ်။သုတေသနအတွက်အရမ်းကြီးတဲ့ဒီထူးဆန်းသတ္တဝါကိုအရှင်လိုချင်ပေမယ့်သူ့ရဲ့အရွယ်အစားနဲ့ထိခိုက်စွမ်းရည်ကြောင့် သတ်ပစ်ရမလားဝေခွဲမရဖြစ်နေကြပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာဘယ်လိုဖြစ်သွားမလဲ...
Las ilusyunadas (2025) ⭐TMDB: 30% User Score 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 30 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Las Ilusyunadas (2025) ၁၉၈၀ ဝန်းကျင်ကာလ မငြိမ်းချမ်းသေးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာအခြေတည်ထားပါတယ်။ အမ်မာနဲ့ဆန်ဒရာတို့ဟာ အကြောင်းကိုယ်စီနဲ့မုဆိုးမတွေဖြစ်လာခဲ့ကြပါတယ်။ သင်္ချိုင်းမြေတစ်ခုတည်းမှာ မြုပ်နှံထားတဲ့ သူတို့ခင်ပွန်းတွေရဲ့မြေပုံတွေဆီကို လာလည်ရင်း အချင်းချင်းရင်းနှီးမှုရလာခဲ့ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သံယောဇဉ်တွေရင့်သန်လာရင်းနဲ့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ မိတ်ဆွေစည်းကိုကျော်စပြုလာပါတယ်။ မပွင့်လင်းသေးတဲ့ခေတ်ကာလဖြစ်တဲ့အတွက် သူတို့အနေအထားကို တစ်ယောက်ယောက်က မဖြစ်သင့်ဘူးဆိုပြီး နောက်ဆုတ်မလား? ဒါမှမဟုတ် ရူးရူးမိုက်မိုက်ရှေ့ဆက်တိုးကြမလား ဆက်လက်ရှူစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
A Matter of Loaf and Death (2008) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2008 🎞 movie 🌎 #UnitedKingdom ⏰ 29 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Wallace and Gromit series မှ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်တို့ဟာ မုန့်ဖုတ်ရောင်းကြပြီးတော့ နေ့စဉ် မုန့်လိုက်ပို့ကြရပါတယ်။ တစ်နေ့မှာတော့ ဝေါလေ့စ်ဟာ နာမည်ကြီး မုန့်ဖုတ်သမကောင်မလေးတစ်ယောက်နဲ့တွေ့မိပြီး ချစ်ကျွမ်းဝင်သွားပါတော့တယ်။ သူတို့အချစ်ရေးဟာ တစ်ဖြည်းဖြည်း တိုးတက်လာပြီး သံယောဇဉ်တွယ်လာတဲ့အခါ နှစ်ယောက်သား လက်ထပ်ဖို့စီစဉ်ကြပါတော့တယ်။ ဒါပေမဲ့ သူ့ချစ်သူ မုန့်ဖုတ်သမဟာ တကယ်တမ်းမှာ မုန့်ဖုတ်သမမဟုတ်ဘဲ ဝေါလေ့စ်နဲ့ဂရိုမစ်တို့ နှစ်ယောက်သားအတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတော့တယ်။...
Wallace & Gromit: The Curse of the Were-Rabbit (2005) ⭐TMDB: 71% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2005 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။ တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်က သီးနှံဖျက် ယုန်တွေကိုလိုက်လံရှင်းလင်းရင်း ဒီယုန်တွေရဲ့ပြဿနာကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို စမ်းသပ်ရင်း တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ ဆက်လက်ကြည့်ရှုကြပါဦး။...
Vojna policajtov (2024) ⭐IMDB: 6.5/10 (311 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Slovakia ⏰ 2 နာရီ 31 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vojna policajtov (2024) IMDb Rating (6.5) ဒီဇာတ်ကားကတော့ ဆလိုဗားကီးယားနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အီဂေါဆိုတဲ့သူဟာ စစ်အေးကာလမှာ စလိုဗားကီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ရဲကောစုံထောက်နေနဲ့ပါလုပ်ရတဲ့ မူးယစ်ရဲတစ်ယောက်ပေါ့။ လူမိုက်ဂိုဏ်တွေပဲလာလာ ဒုစရိုက်သမားတွေပဲလာလာ အပြတ်ရှင်းနိုင်တဲ့ ဖမ်းပြီးဘဝဖျက်နိုင်တဲ့ရဲမလို့ သူ့လောကက လူတိုင်းက လက်ပွန်းသမားဆိုပြီး နာမည်ပေးထားသူပါ။ တစ်နေ့မှတော့ အီဂေါတို့မြို့ကို ရဲအသစ်တစ်ယောက်ရောက်လာပါတယ်။ ဆုံးသွားတဲ့ အီဂေါရဲ့အရင်တွဲဖက်အတွက်အစားထိုးဖို့ဆိုပြီး မြို့ထဲကနေ ရာထူးချခံလိုက်ရတဲ့လူသစ်လေးကို ဒုစရိုက်မြို့ထဲလာထည့်ထားတာပါ။ ဖိအားဒဏ်ကိုမခံနိုင်တဲ့ လူသစ်လေးဟာ ဖြစ်ချင်တော့ လူမိုက်တွေရဲ့ဘားမှာ သွားမူးပြီးရမ်းကားတော့ လူမိုက်တွေလုပ်ကြံတာခံလိုက်ရပါတယ်။ ဒါကို အီဂေါတစ်ယောက်ရိပ်မိသွားတဲ့အချိန်မှာ တစ်ဂိုဏ်းလုံးကိုမွှေဖို့ကြံစည်လာပါတယ်။ လူမိုက်တွေကလည်းလည်တော့ သူတို့ရဲ့ လူမိုက်လောကက လက်စွဲလူသတ်သမားဖြစ်တဲ့ “အင်ဂျင်နီယာကြီး” ဆိုတဲ့ဘဲကို အလွတ်တမ်းငှားပြီးတော့ အီဂေါ့ကိုသတ်ခိုင်းဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ အမှောင်လောကကြားထဲက ဝါရင့်ရဲရဲ့ ဇကပဲအနိုင်ယူသွားမလား အင်ဂျင်နီယာကြီးကပဲ သူ့ကိုအပျောက်ပြန်ဖျောက်သွားမလားဆိုတာကို စိတ်ဝင်တစားမျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Weeping Rock (2025) ⭐TMDB: 0% User Score 🎬 #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောကကြီးကို စိတ်ပျက် စိတ်ကုန်ပြီး… ဘဝကိုဖြစ်ချင်ရာဖြစ်နေတော့မယ်ကွာလို့ တွေးမိတဲ့သူရှိရင်…ဒီကားလေးကို ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်…ဒီကားလေးထဲမှာ မိဘနှစ်ပါး ငယ်ငယ်က ဆုံးပါးသွားလို့ အစ်ကိုနဲ့ အဆင်မပြေ…ဘဝကို ဘယ်လို တန်ဖိုးထားရမယ်မသိဘဲလေလွင့်နေတဲ့ ကောင်မလေးတစ်ယောက်…တစ်နေ့တစ်နေ့ အရက်နဲ့ပဲ နှစ်ပါးသွားနေတဲ့ ကောင်မလေးတစ်ယောက်… ဒီအရက်ကြောင့်ပဲ လူတစ်ယောက်ကို ဆိုင်ကယ်နဲ့ တိုက်ခဲ့ပြီး…ရှီထုံဆိုတဲ့ ကလေးလေးတစ်ယောက်နဲ့ ရေစက်ဆုံပြီးတွေ့ခဲ့တယ်…အဲ့မှာ ကလေးကပဲ သူ့ကို ပြန်ဂရုစိုက်ရမလား…သူကပဲ ကလေးထိန်းရမလား…နောက်ပြီး သူ့မိဘမဲ့ဘဝကြောင့် ရထားတဲ့လောကဓံဒဏ်ရာကို ကုစားပေးမယ့် ဆေးပင်လေးပဲဖြစ်နေမှာလား…ဇာတ်လမ်းလေးကို ကြည့်မယ်ဆို ဘဝအတွေးလေးတစ်ခုရသွားမှာပါ...
The Paradise of Thorns (2024) ⭐IMDB: 7.8/10 (673 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 11 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Paradise Of Thorns (2024)***************************** မင်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ…မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း————– တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက် ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်… ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်… အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာမျိုးကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်...
The Savior of the World (2025) ⭐TMDB: 0% User Score 🎬 #Action #Fantasy 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Savior of the World (2025) သံသရာစက်ဝန်းတစ်ပတ်လည်တဲ့အခါ နတ်ဆိုးမိစ္ဆာကြီးဟာပြန်လည်မွေးဖွားလာပါတယ်။ကောင်းကင်ဝိဇ္ဇာဂိုဏ်းသားတွေဟာနတ်ဆိုးမိစ္ဆာကြီးကို အချိန်မီနှိမ်နင်းနိုင်ခဲ့ပေမယ့်ဂိုဏ်းခေါင်းဆောင်ကြီးအသက်ကိုတော့ပေးဆပ်လိုက်ရပါတယ်။အနာဂတ်ရဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်လာမယ့် ဝမ်ရွှမ်ကျီဟာ ငယ်သေးတဲ့အတွက်ကျန်းဖန်းမုဆိုတဲ့သူဟာ ဂိုဏ်းကိုကိုယ်စားအုပ်ချုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျန်းဖန်းမုရဲ့လောဘကြောင့် သစ္စာရှိဂိုဏ်းသားတွေကိုသတ်ပစ်ပြီးဂိုဏ်းချုပ်နေရာကို အပိုင်စီးဖို့ကြံစည်လိုက်ပါတယ်။သစ္စာရှိဂိုဏ်းသားတစ်ယောက်ဟာ ဝမ်ရွှမ်ကျီလေးကိုကယ်ထုတ်ထွက်ပြေးသွားပြီး ဇာတ်မြှုပ်နေခဲ့ပါတယ်။ဝမ်ရွှမ်ကျီအရွယ်ရောက်လာတော့ သူ့ရဲ့ဘဝမှန် နေရာမှန်ကိုပြန်ရဖို့ဘဝခရီးစွန့်စားခန်းကိုစတင်လိုက်ပါတော့တယ်...
Wrong Numbers (2024) ⭐IMDB: 4.3/10 (131 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wrong Numbers (2024) Jackက အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်သလို အရမ်းချစ်ရတဲ့ ဇနီးဖြစ်သူနဲ့ သားလေးတစ်ဦးတို့ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အမ်မာဆိုသူကောင်မလေးတစ်ယောက်ဟာမဆီမဆိုင် ဂျက်ခ်ကိုစကားစပြောရာကနေ One night standတဲ့အထိကိုဖြစ်သွားကြပါတော့တယ်။ အဲ့လိုဖြစ်သွားရာကနေ နောက်ဘယ်လိုတွေရှုပ်ထွေးလာမလဲဆိုတာကိုတော့ romantic dramaဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
The Invisible Raptor (2023) ⭐IMDB: 5.6/10 (389 Votes) 🎬 #Comedy #Mystery #Thriller #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Invisible Raptor (2024) IMDb Rating (5.6) ဒိုင်နိုဆောရုပ်ရှင်တွေကြိုက်တတ်တဲ့သူတွေအတွက် The Invisible Raptor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ တခြားဒိုင်နိုဆောအတော်များများလိုပဲ မျိုးသုဥ်းသွားပြီဖြစ်တဲ့ဒိုင်နိုဆောတစ်ကောင်ကိုဖန်တီးမွေးမြူရာကနေ မထိန်းချုပ်နိုင်တော့ဘဲအပြင်ကိုလွတ်သွားပြီး လူတွေကိုလိုက်သတ်တဲ့ပုံစံမျိုးလေးကို ဟာသနှောပြီးရိုက်ကူးထားတာပါ။ ဒါပေမဲ့ ဒီကားရဲ့ထူးခြားချက်က ဒီထဲမှာပါတဲ့ဒိုင်နိုဆောက ရိုးရိုးသာမန်မဟုတ်ဘဲ “ကိုယ်ပျောက်ဒိုင်နိုဆောကြီး”ဖြစ်နေတာပါ အဲ့ဒါကြောင့် သူ့ကိုရှင်းပစ်ဖို့လည်းပိုခက်သလို ပိုပြီးလည်းအန္တရာယ်များပါတယ်။ ဒိုင်နိုကမ္ဘာဆိုတဲ့ဒိုင်နိုဆောပြတိုက်မှာအလုပ်လုပ်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်ဒေါက်တာ”ဂရန့်ဝေါ်ကာ”နဲ့ လုံခြုံရေးအစောင့်”ဒန်နီ”တို့က ကိုယ်ပျောက်ဒိုင်နိုဆောတစ်ကောင်က လူတွေကိုလိုက်သတ်နေတယ်လို့သတိပေးခဲ့ပေမဲ့ ဘယ်သူကမှမယုံကြည်ခဲ့တာကြောင့် သူတို့ကိုယ်တိုင်ပဲဒိုင်နိုဆောကိုလိုက်ဖမ်းပြီး တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)...
