无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Cuban (2019) ⭐IMDB: 6.3/10 (412 Votes) 🎬 #Drama #Musical 🗓 2019 🎞 movie 🌎 #Canada ⏰ 1 နာရီ 49 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cuban (2020)**************** မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက… အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာ လာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။ အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက် သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ… သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက… စိတ်ကြီးပြီး အစားအသောက် ချေး(ဂျီး)များတဲ့ ပြဿနာအိုး အဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီးဟာ… သူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း… အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလို သူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့… ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။ လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်… ချစ်သူတွေချင်း ကြားက လေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို… လှပစွာ ခြယ်မှုန်းထားတဲ့ ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...
London Confidential (2020) ⭐TMDB: 45% User Score 🎬 #Crime #Drama #Thriller 🗓 2020 🎞 movie 🌎 #India ⏰ 1 နာရီ 17 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 London Confidential (2020)************************** IMDb rating 7.7 ရရှိထားပြီး Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ Virus ဟာ တစ်ကမ္ဘာလုံးကို ပျံနှံပြီး အားလုံးဒုက္ခရောက်နေတယ်… ဒီပြဿနာရင်းမြစ်ဟာ တရုတ်ကြောင့်လို အိန္ဒိယတို့က စွပ်စွဲပါတယ်…ဒီလိုစွပ်စွဲမှုနဲ့ … covid -19 ပြဿနာမပြီးသေးဘူး အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ ဒီထက်ဆိုးတဲ့ ဗိုင်းရပ်စ်တစ်မျိုးက… ထပ်ပျံ့လာတယ်။ စွပ်စွဲမှုတွေငြင်းဆန်မှုတွေနဲ့ (၂)နိုင်ငံစစ်ဖြစ်လာသည့်အထိ တင်းမာတဲ့အခြေအနေတွေဖြစ်လာတယ်။ စစ်ဖြစ်မဲ့အရေးကိုတားဆီးနိုင်ဖို့ အိန္ဒိယက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် တစ်ယောက်ဟာ… သတင်းပေးနဲ့ဆက်သွယ်ပြီး လန်ဒန်ရဲ့နိုင်ငံတကာညီလာခံမှာ ထုတ်ဖော်ဖို့ကြိုးစားပါတော့တယ်… သူတို့ကြိုးစားသလိုအောင်မြင်မှာလား…တခြားဘယ်လိုလှည့်ကွက်တွေရှိဦးမလဲ… ဒီပြဿနာဆိုးတွေဖြစ်ဖို့ တကယ်ကြိုးကိုင်နေတဲ့သူတွေက ဘယ်သူလဲ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။...
Like Mike (2002) ⭐TMDB: 61% User Score 🎬 #Comedy #Family #Fantasy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)...
The Bar (2017) ⭐IMDB: 6.3/10 (29 k Votes) 🎬 #Comedy #Horror #Thriller 🗓 2017 🎞 movie 🌎 #Spain #Argentina ⏰ 1 နာရီ 42 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲမှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန်ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကိုဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်…အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားကအသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။...
From Up on Poppy Hill (2011) ⭐IMDB: 7.4/10 (55 k Votes) 🎬 #Animation #Drama #Family #Comedy #History #Romance 🗓 2011 🎞 movie 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေက အဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်း ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။ Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ… Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့...
Stage Mother (2020) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Comedy #Drama #Music 🗓 2020 🎞 movie 🌎 #Canada ⏰ 1 နာရီ 49 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stage Mother (2020)******************* ခရစ်ယာန်ဘုရားကျောင်းရဲ့ဓမ္မတေးဆိုအဖွဲ့ရဲ့ခေါင်းဆောင် မေဘီလင်းမက်ကပ်ဖ်ဟာ… စန်ဖရန်စစ္စစကိုက သူ့သား ရစ်ကီပီးဒီးယားရုတ်တရက်သေသွားတဲ့သတင်းကို ကြားရချင်းချင်းပဲ… သူ့သားအသုဘကို သွားခဲ့ပါတယ်။ သူ့သားက ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ကထွက်ပြီး… Pandora’s Boxလို့ခေါ်တဲ့ Drag Club တစ်ခု တည်ထောင်ခဲ့တာပေါ့။ Drag club ဆိုတာ… ယောကျ်ားလေးတွေက မိန်းကလေးတွေလို ဝတ်စားခြယ်သတယ်၊ ဆံပင်အတုတွေတပ်ပြီး သီချင်းတွေ ဆိုကြတယ်။ Drag Queen ဆိုတာ သူတို့ကိုခေါ်ကြတဲ့နာမည်ပေါ့။ သူတို့ရဲ့ခေါင်းဆောင်ကိုတော့ Drag mother လို့ ခေါ်ကြတယ်။ ရစ်ကီသေပြီးတဲ့နောက်ပိုင်း အဲဒီ clubကို ဦးစီးဖို့ မေဘီလင်းတာဝန်ဖြစ်လာပါတော့တယ်… ရှေးရိုးဆန်တဲ့ မေဘီလင်းတို့လင်မယားအဖို့ ဒါဟာ တကယ်ကို စိန်ခေါ်မှုကြီးပါပဲ… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...
Girl Online (2024) ⭐TMDB: 0% User Score 🎬 #Drama #Comedy #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girl Online (2024) အွန်လိုင်းက အလှလေး ဖာတီမာဟာ Facebook live လွှင့်ပြီးသူ့နေ့စဉ်ဘဝကို အမြဲမှတ်တမ်းတင် ကြေညာနေသူပါ။ သူ့live ကိုကြည့်ရှုသူတွေနဲ့လည်း သူက ပျော်ရွှင်နေပါတယ်။သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေပြေရှိသလိုအရာရာ ပြောဆိုတိုင်ပင်ပြီး နေ့ရက်တိုင်းကိုပေါ့ပါးစွာဖြတ်သန်းနေတဲ့ကောင်မလေးပေါ့။ တစ်နေ့ အဆောက်အဦတစ်ခုကအထွက်မှာ သီချင်းသံစဉ်တွေကြားရလောက်ပြီးသူ့ဘဝမှာအပျော်ဆုံးအချိန်ပါလိုထင်ရတဲ့အထိဖြစ်စေတဲ့ကောင်ချောလေးတစ်ယောက်နဲ့ ဝင်တိုက်မိပါတော့တယ်။ အဲဒီလိုကနေသိကျွမ်းပြီး သူတိုနှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့တွဲလာရင်းနှစ်နှစ်ပြည့်လုဆဲဆဲအချိန်မှာ သူ့ကောင်လေးကသူ့ကိုစားသောက်ဆိုင်ကြီးတစ်ခုဆီ ချိန်းဆိုပါတော့တယ်။ သူကတော့သူ့ကို လက်ထပ်ခွင့်တောင်းတော့မှာဆိုပြီးအားလုံးကိုပြောပြပျော်ရွှင်နေတာပါ။သူငယ်ချင်းတွေကတော့ မဟုတ်နိုင်ကြောင်းပြောလည်းသူကယုံကြည်နေဆဲပါပဲ။ အဲဒီတော့ ကောင်လေးကသူ့ကိုဘာပြောမလို ချိန်းဆိုတာလဲဖာတီမာရဲ့ဘဝက ရှေ့ဆက်ဘာတွေကြုံတွေ့မှာလဲသူဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။...
Nirangal Moondru (2024) ⭐IMDB: 6.1/10 (390 Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nirangal Moondru (2024)“ပဟေဠိ” စိတ်ဝင်စားစရာဇာတ်အိမ်နဲ့ အသစ်ထွက်ရှိလာတဲ့သည်းထိပ်ရင်ဖို တမီးလ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း ပြောရရင်တော့ရှရီဟာ သူ့ကျေးဇူးရှင် ကျောင်းဆရာရဲ့ သမီးဖြစ်သူပါဗာသီကို မေတ္တာသက်ဝင်နေတာဖြစ်ပြီးဆရာ့မျက်နှာထောက်လို စည်းမကျော်နိုင်ဘဲရှိပါတယ် တစ်နေ့ မနက်အစောမှာ ကားတစ်စီးနဲ့ ပါဗာသီကိုလူသုံးယောက်က ဖမ်းခေါ်သွားတာမြင်လိုက်ရပြီးနောက်စိုးရိမ်တကြီး ပါဗာသီကိုရှာဖိုအလုပ် တစ်ဖက်မှာလည်း ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူဗစ်ထရီနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ ဆယ်ဗန်တိုရဲ့ဇာတ်လမ်းကိုယ်စီနဲ့အတူဘယ်လိုချိတ်ဆက်မှုတွေရှိနေမှာလဲ အခုပဲဒေါင်းကြည့်ပြီး အဖြေရှာလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Antares (2004) ⭐TMDB: 61% User Score 🎬 #Adult #Drama #Romance 🗓 2004 🎞 movie 🌎 #Austria ⏰ 1 နာရီ 52 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Austrian ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာ sex scene တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာတွေပါတာကိုတော့ သတိချပ်ပေးပါ။ ဇာတ်လမ်းကတော့ အမျိုးသမီးသုံးယောက်ရဲ့ အချစ်ရေး ကို ရိုက်ပြထားတာပါ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီအမျိုးသမီး သုံးယောက်ရဲ့ ဇာတ်လမ်းကို တစ်ခုနဲ့ တစ်ခု လှမ်းပြီးချိတ်ဆက်ထားတာလေးပါ။ တစ်ယောက်ရဲ့ ဇာတ်လမ်းကနေ နောက်တစ်ယောက်အကူးမှာ ပြန်ချိတ်ထားတဲ့ပုံလေးကလည်း သဘောကျချင်စရာပါပဲ။ ဒီ ဖြစ်ရပ်တွေကို ဘယ်လိုရိုက်ပြထားလဲ ဘယ်လိုပြန်လည် ချိတ်ဆက်ပေးထားလဲဆိုတာတော့ ကြည့်ရှုပေးကြပါဦး။...
A Beautiful Imperfection (2024) ⭐IMDB: 6.4/10 (499 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Netherlands #Belgium #Italy ⏰ 1 နာရီ 48 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားပြီးတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Dar Zuzuvsky နဲ့ မင်းသား Jonah Hauer-King တို့ က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့Michiel van Erp ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း… Giacomo Casanova ဆိုတဲ့ကောင်လေးရဲ့ ပထမဆုံးနဲ့ အခမ်းနားဆုံး အချစ်ဖြစ်ခဲ့တဲ့ Lucia ဟာ ရေကျောက်ရောဂါကြောင့် သူ့ရဲ့မျက်နှာက ပျက်စီးသွားပြီးတဲ့နောက်မှာ Italy ကို စွန့်ခွါခဲ့ပြီးတော့ Amsterdam ကိုရောက်လာခဲ့ပါတယ်။ ၁၆ နှစ်အကြာမှာတော့ သူမဟာ Galathée ဆိုတဲ့ နာမည်နဲ့ ပြည့်တန်ဆာ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး Giacomo နဲ့လည်း ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Lucia ဟာ သူမရဲ့မျက်နှာနဲ့ သူမဘယ်သူလဲဆိုတာ ဖုံးကွယ်ထားင်းနဲ့ Giacomo နဲ့ ချစ်ကြိုက်သွားခဲ့ပြန်ပါတယ်။ Lucia က သူမရဲ့ပုံစံအစစ်အမှန်ကို Giacomo ကို ထုတ်ပြမလား Giacomo ကရောနောက်ဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်တစား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မိန်းမငယ်လေးတစ်ယောက်ရဲ ရုန်းကန်မှုတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ **တချို့ ယုတ္တိတန်လွန်းတဲ့အခန်းလေးတွေကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး...
Robot Sound (2016) ⭐IMDB: 6.6/10 (280 Votes) 🎬 #Drama #SciFi #ScienceFiction 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sori: Voice from the Heart (2016) ******************************** IMDb… 6.6 ရုံတင်နေတုန်းက အရမ်းပေါက်ခဲ့သလို ဝါရင့်သမ္ဘာရင့်တွေဖြစ်တဲ့ ee Sung Min၊ Lee Hee Joon၊ Lee Honey နဲ့ Chae Soo Bin တို့ ပါဝင်ထားတဲ့ ဇာတ်ကားဟောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂင်ယူဂျူ (Chae Soo Bin) ဟာ ငယ်ငယ်လေးကတည်းက လမ်းပျောက်တတ်သူ ဖြစ်တာမို့ ဖခင်ဖြစ်သူ (Lee Sung Min) က အမြဲ အရိပ်တကြည့်ကြည့် ရှိနေခဲ့ပြီး လမ်းပျောက်သွားတဲ့အခါ ပြန်ဆုံကြမဲ့ လျှို့ဝှက်နေရာ တစ်ခုကိုလည်း သားဖ နှစ်ယောက် အတူတူ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ယူဂျူ ၁၉နှစ် အရွယ်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံး သွားခဲ့ပါတော့တယ်။ ဖခင်ဖြစ်သူ ဂင်ဟယ်ဂွမ်ဟာ သမီးဖြစ်သူကို နေရာအနှံ့ ရေဆုံးမြေဆုံး လိုက်လံရှာဖွေရာကနေ ကျွန်းတစ်ကျွန်းပေါ် ရောက်တဲ့အထိပါပဲ။ တစ်နေ့မှာတော့ ရုတ်တရက်ဆိုသလို အဲဒီကျွန်းပေါ်က ကမ်းစပ်နားကို ထူးဆန်းတဲ့ ဂြိုဟ်တုစက်တစ်လုံး ပြုတ်ကျလာပြီး အဲဒီ ဂြိုဟ်တုဟာ ဆက်သွယ်ရေးလိုင်းကို နားဆင်ရတဲ့ လုပ်ဆောင်ချက်ကို တာဝန်ယူထားရတယ်ဆိုတာကို သိသွားတဲ့ ဂင်ဟယ်ဂွမ်ကတော့ ဂြိုဟ်တုရဲ့ အကူအညီနဲ့အတူ သမီး ဖြစ်သူကို ရှာဖွေဖို့ လမ်းစ တွေ့သွားခဲ့ပါတော့တယ်။ ပျောက်ဆုံးသွားတဲ့ ဂြိုဟ်တုကို လိုက်လံရှာဖွေမဲ့ ထောက်လှမ်းရေးအဖွဲ့နဲ့ ဂြိုဟ်တုရဲ့ အကူအညီနဲ့ သမီးဖြစ်သူကို ရှာဖွေမဲ့ ဖခင်တို့ရဲ့ ဇာတ်လမ်းကို တမူထူးပြီး ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။)...
Teen Adkun Sitaram (2023) ⭐IMDB: 4.6/10 (73 Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Teen Adkun Sitaram (2023)သောက်တလွဲလုပ်ဖို့ မွေးဖွားလာပါတယ် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2023 ခုနှစ်ထွက်အိန္ဒိယ-မာရသီစကားပြော Comedy/Drama ဇာတ်ကားပဲဖြစ်ပါတယ်။ အာဂျင်ကယာ ၊ ကုတ်တရားနဲ့ ပူရှ်ကာရတ်တို့ဟာ အရမ်းချစ်ကြတဲ့သူငယ်ချင်းဆိုးဖော်ပေဖက်တွေဖြစ်ကြပါတယ် တစ်ရက်မှာတော့ ဘားသွားရင်း အပျော်လွန်ပြီး ရန်ဖြစ်ကြပါတော့တယ်။ပူရှ်ကာရတ်နဲ့ အာဂျင်ကယာတို့ဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့သားတွေဖြစ်ကြပြီးအဖေချင်းက ရွေးကောက်ပွဲအတွက် ပြိုင်ဘက်တွေဖြစ်နေကြတာကြောင့်နိုင်ငံသတင်းထဲမှာတောင် ပါလာတဲ့အတွက် အဖေဖြစ်သူတို့အရှက်ရကာ သားတွေကို နိုင်ငံထဲကနေ နှင်လွှတ်ကြပါတော့တယ်။ ဘယ်နိုင်ငံသွားပြီး ဘာပဲလုပ်လုပ် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီးလွှတ်လိုက်ပေမဲ့ သူတို့ချင်းပူးပေါင်းကြံစည်ပြီးလန်ဒန်ကိုပဲ အတူထွက်သွားကြပါတယ်။ သူတို့သုံးယောက်ပေါင်းပြီး လန်ဒန်မှာ လောင်းကျော်မလားမြောင်းကျော်မလား မြောင်းထဲပဲကျမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးဗျ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Love Bomb (2024) ⭐IMDB: 3.2/10 (197 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Bomb (2024) 2024 မှာ ထွက်ရှိထားတဲ့ Thriller ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာ David Guglielmo က ရိုက်ကူးတင်ဆက်ထားပါတယ်။ Tinder လို Dating App တွေမှာမှ သမားရိုးကျ ဒိတ်လုပ်တာ မဟုတ်ဘဲ ပထမဆုံး ဒိတ်မှာတည်းက Role play လုပ်လို့ရမယ်ဆိုရင်ရော? သူ့အကြောင်း ကိုယ့်အကြောင်း သေချာမသိသေးဘဲ Role play လုပ်ကြတဲ့အခါ အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်မလဲ။ ဒီဇာတ်လမ်းလေးထဲ ခံစားကြည့်ရှု့လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Kaung San ဖြစ်ပါတယ်။)...
Leah's Perfect Gift (2024) ⭐IMDB: 5.9/10 (608 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica #Canada ⏰ 1 နာရီ 25 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Leah’s Perfect Gift (2024) IMDb Rating (5.8) ချစ်ခြင်းမေတ္တာ၊ မိသားစုတန်ဖိုးနဲ့ လက်ဆောင်ပေးခြင်းရဲ့ အမှန်တကယ် အနက်ကို စိတ်ကူးယဉ်ဖွယ် ဖော်ပြထားတဲ့ “Leah’s Perfect Gifts” ဟာ 2024 ရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Jessica Lowndes က Leah အဖြစ် ထူးချွန်စွာ သရုပ်ဆောင်ထားပြီး သူမဟာ လူတိုင်းရဲ့ နှလုံးသားကို ထိမိစေတဲ့ လက်ဆောင်တွေကို အမြဲမှန်ကန်စွာ ရွေးပေးနိုင်သူပါ။ ဒါပေမယ့် သူမရဲ့ ကိုယ်ပိုင်ဘဝမှာတော့ အမှန်တကယ် ပြည့်စုံတဲ့ လက်ဆောင်ကို ရှာဖွေရင်း ခရီးတစ်ခု စတင်လိုက်ပါတယ်။ Leah ရဲ့ ခရီးမှာ Christopher Russell က David အဖြစ် ပါလာပြီး ချစ်ခြင်းမေတ္တာရဲ့ အံ့ဖွယ်ကောင်းတဲ့ အခန်းတွေကို ဖြစ်လာစေပါတယ်။ Fiona Vroom က Mrs. Wilson အဖြစ် ပါဝင်ပြီး ဇာတ်လမ်းကို ပိုပြီး ကောင်းသွားစေသလို စိတ်ဝင်စားစရာ ကောင်းစေပါတယ်။ ဒါရိုက်တာ Terry Ingram ရဲ့ လက်ရာက ပရိသတ်ရဲ့ နှလုံးသားကို တစ်ချိန်တည်းမှာပဲ နူးညံ့စွာ ထိမိစေပြီး လက်ဆောင်တစ်ခုရဲ့ တန်ဖိုးဟာ ပစ္စည်းထက် ကျော်လွန်တဲ့ ခံစားချက်တွေဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ရင်သပ်ရှုမောစရာ ချစ်ခြင်းမေတ္တာ၊ အပြုံးတွေနဲ့ အလှပဆုံး အမှတ်တရတွေကို ပေးစွမ်းတဲ့ “Leah’s Perfect Gifts” ဟာ မိသားစုနဲ့အတူ ကြည့်သင့်တဲ့ စိတ်လှုပ်ရှားဖွယ် ကားတစ်ကားဖြစ်ပြီး ပရိသတ်ရဲ့ နှလုံးထဲမှာ အမှတ်ရစရာ လက်ဆောင်တစ်ခုလို ထာဝရကျန်ရစ်စေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Bangsal Isolasi (2024) ⭐IMDB: 4.9/10 (83 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 16 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bangsal Isolasi ( 2024 ) အမှန်တရားIMDb – 6.3/10ဒီတစ်ခါတော့ အင်ဒိုနီးရှား ထောင်ကားအကြမ်းစားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဝင်နီဟာ ဆေးမှုသံသယရှိသူအနေနဲ့ ရာတူ အက်ဒေး အကျဉ်းထောင်ထဲကို ရောက်လာပါတယ်။ထောင်ဆိုတဲ့အတိုင်းပဲ အမှုမျိုးစုံနဲ့ရောက်လာကြတဲ့ ဇိုးလေးတွေ အကုန်စုနေကြတဲ့နေရာပေါ့။ ဝင်နီနဲ့ တစ်ခန်းတည်းနေရမဲ့ ထောင်အခန်းဖော်ကတော့ ယန်တီလို့ခေါ်တဲ့ တစ်ယောက်ပါ။ယန်တီက လောလောဆယ် ပေါင်းသင်းကြည့်ရသလောက်တော့ထောင်အကြောင်း ထောင်မှူးအကြောင်းတွေပြောပြပေး ကူညီပေးနဲ့ မိတ်ဆွေကောင်းတစ်ယောက်လိုပါပဲ။ ဒီထောင်မှာ ပဟေဠိအဆန်ဆုံးသော အခန်းတစ်ခန်းလည်းရှိပါသေးတယ်။အဲဒါက သီးသန့်ထောင်လို့ခေါ်တဲ့ ဝင်နီတို့နားလေးက အခန်းပါ။ညညဆိုရင် အဲဒီအခန်းကနေ အော်ညည်းသံတွေကြားနေရပြီးသီးသန့်ထောင်အကြောင်း ကောလာဟလတွေကလည်း မဆုံးနိုင်အောင်ပါပဲ။ဝင်နီတစ်ယောက် တကယ်ပဲ အပြစ်ကျူးလွန်ခဲ့လို့ ထောင်ထဲကိုရောက်လာတာဖြစ်မလား။ဒီထောင်ကိုလာရတဲ့ သူ့ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။အဆုံးမှာ သူလိုချင်နေတဲ့အဖြေတွေကို ရသွားမလားဆိုတာတော့… (ဘာသာပြန်နဲ့အညွှန်းကတော့ Eaindra ~ ToMo ~ KKKZ ~ Yunni တို့ပဲဖြစ်ပါတယ်)...
Black Eagle (1988) ⭐TMDB: 49% User Score 🎬 #Action #Drama 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1988 ရဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Black Eagle ဇာတ်ကားမှာတော့ မင်းသားကြီး Sho Kosugi နဲ့ Jean-Claude Van Damme တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗန်ဒိန်းလို့ ပရိသတ်ကြားမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသားကြီးကို ထူးထူးဆန်းဆန်း ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာ တွေ့ရပြီး Kane Kosugi လည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ Kane Kosugi ကလည်း အဖေ့ခြေရာနင်းပြီး နောက်ပိုင်းမှာ ကိုယ်ခံပညာအသားပေး ဇာတ်လမ်းတွေနဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ မော်တာ ဆိုတဲ့ကျွန်းနိုင်ငံလေးအနီးမှာ ပျက်ကျသွားခဲ့တဲ့ F1-11 လေယာဉ်ပေါ်က ဒုံးကျည်လေဆာပဲ့ထိန်းစနစ်နည်းပညာကို ရုရှားတို့လက်ထဲကို မရောက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ လင်းယုန်နက်လို့ အမည်ဝှက်ပေးထားတဲ့ (ကန်တာနီ)ကို ဆယ်ယူဖို့ စေခိုင်းခဲ့ပါတယ်.။ သူ့ရဲ့ကလေးတွေကို တစ်နှစ်မှာ ၂ ပတ်ပဲ အချိန်ပေးနိုင်တဲ့ ကန်တာနီကို ချုပ်ကိုင်နိုင်ဖို့ ဒင်းရစ်ကတ်အနေနဲ့ ဒန်နီနဲ့ ဘရိုင်ယန်တို့ကို ကြိုတင်ပြီး မော်တာကို ခေါ်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကေဂျီဘီအေးဂျင့်တွေဖြစ်တဲ့ ကာနယ်ကလီမန်ကို နဲ့ ညာလက်ရုံး (အန်ဒရေး) တို့ကလည်း သူတို့ရဲ့အကျိုးအတွက် အသုံးချနိုင်ဖို့ မော်တာနိုင်ငံအနားမှာ ပျက်ကျသွားတဲ့ လေယာဉ်ဆီက လေဆာပဲ့ထိန်းစနစ်နည်းပညာကို အမေရိကန်တွေထက် လက်ဦးမှုရယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ကန်တာနီဟာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လင်းယုန်နက်ရဲ့အမွေကို ဆက်ခံမယ့် သား (၂) ယောက်ကို စစ်ဆင်ရေးကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားလာခဲ့ရပါတယ်။ သူ့ကို လက်စဖျောက်ဖို့ ကြိုးစားလာတဲ့ ကလီမန်ကိုတို့ ရန်ကနေ သား (၂) ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ လင်းယုန်နက်ဝိညာဉ်ကို နိုးထဖို့ အချိန်တန်လာခဲ့ပါတယ်။ Jean-Claude Van Damme နဲ့ Sho Kosugi တို့ရဲ့ ကိုယ်ခံပညာအားပြိုင်မှု ဇာတ်ကွက်တွေကို တစ်ဝကြီးကြည့်ရှုနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်...
Sakaratul Maut (2024) ⭐IMDB: 6.2/10 (89 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sakaratul Maut 2024 ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေးဆီကိုမိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။ ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်ကလည်း မရှိသလောက်ဖြစ်နေလိုမိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။ သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်းလျှောက်ပြီးတော့အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ်သူတာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါတော့တယ်။ တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက်အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ………ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာ ကောင်းသောနိုးထခြင်းမျိုးလား …..သူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ……ဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Linn ~ Yunni~ KKKZ ဖြစ်ပါတယ်)...
Little Children (2006) ⭐TMDB: 71% User Score 🎬 #Drama #Romance 🗓 2006 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Little Children (2006) IMDb Rating (7.5) / Rotten Tomatoes (80 %) မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့..ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ” လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး..ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်…စပြောင်းလဲဖို့သာ အဓိကပါပဲ” – Little Children (2006) (အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။)...
Real Life Fiction (2024) ⭐TMDB: 0% User Score 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Real Life Fiction (2024)“လက်တွေ့ဘဝထဲက စိတ်ကူးယဉ်ဇာတ်လမ်း” အင်္ဂလိပ်စကားပြော ဖိလစ်ပိုင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ထင်ရှားကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပါကိုဟာအတိတ်တစ်ခုကနေ ရုန်းမထွက်နိုင်ဘဲ သူ့စိတ်ထဲနားထဲတီးတိုးသံတွေကြားရပြီး လောကနဲ့အဆက်ပြတ်သလို ဆောက်တည်ရာမရတဲ့သူပါ သူ့ရဲ့ therapist ကိုလည်း ရေရေရာရာမရှင်းပြနိုင်ဘဲသူ့ရဲ့အမြင်အာရုံတွေထဲ ပေါ်လာဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိနေတယ် သူ့ရဲ့အမှန်တရားကိုရှာဖွေဖို့အတွက် ရုပ်ရှင်တစ်ကားကိုသူကိုယ်တိုင် ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ခဲ့အခါမှာ သူလိုချင်တာကို ရလာမှာလား ဝေဝါးမှုတွေပဲဖြစ်သွားမလား ကြည့်ရှုခံစားပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn ~ ToMo ~ Star တို့ပဲ ဖြစ်ပါတယ်...
Naach Ga Ghuma (2024) ⭐TMDB: 58% User Score 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nach Ga Ghuma (2024) “ကမောက်ကမ အိမ်ထောင်ရှင်မ” ခွီရမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သဘာ၀ကျကျ ရယ်ရမဲ့ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားတွေချည်းပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင်အပြောင်းအလဲအနေနဲ့ ဒီလိုဇာတ်လမ်းမျိုး ကြည့်သင့်ပါတယ်။ အိမ်ရှင်မတစ်ယောက်နဲ့ သူ့မိသားစုရေးကို အခြေခံပြီးအိမ်တွင်းဟာသလေးတွေကို သဘာ၀ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရာနီဟာ အိမ်ရှင်မတစ်ယောက်ပီပီ မနက်မိုးလင်းတာနဲ့ပျာယာခတ်အလုပ်များနေပုံနဲ့ အစပျိုးထားပါတယ်။ အလုပ်သွားမဲ့ယောကျာ်းဖြစ်သူကိုနှိုးရ၊ သမီးအတွက်ပြင်ဆင်ပေးရနဲ့ အလုပ်များနေရတာကရာနီ့ရဲ့နေ့စဉ်ကြုံနေရတဲ့ အိမ်ရှင်မဘ၀ပါ။ အဲဒီကြားထဲ အလုပ်ချိန်အမြဲနောက်ကျတတ်တဲ့ အိမ်အကူ အစ်မအက်ရှာနဲ့ကလည်း အမြဲတကျက်ကျက်ပေါ့။ နောက်ပိုင်းမှာတော့ ရာနီရဲ့အိမ်ရှင်မဘ၀ဟာ ဒီလိုပဲဆက်ဖြစ်သွားမလား၊ ဘာအပြောင်းအလဲတွေကြုံရမလဲ၊ ရာနီနဲ့အက်ရှာကြား ဘယ်လိုကမောက်မကတွေ ဖြစ်ဦးမလဲဆိုတာရယ်ရယ်မောမော ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေကြုံတွေ့ရတတ်တဲ့အိမ်ထောင်ရေး၊ မိသားစုရေးနဲ့လူမှုရေးကိစ္စပေါင်းစုံကို သဘာ၀ကျကျ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာမို့ ဘ၀အမောလေးတွေ ခဏတာပြေပျောက်စေမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
