无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Fester (2024) ⭐TMDB: 45% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 23 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fester (2024) ************** Psychological Movie တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက် Thriller, Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စားဖိုမှူး ဘုံးဂျင်က ဂျပန်စားသောက်ဆိုင် အသေးစားလေးဖွင့်ထားတဲ့သူပါ။ မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သားကို တစ်ပြိုင်တည်းဆုံးရှုံးခဲ့ရတာမို့ ယာယီ အတိတ်မေ့ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်။ အဲဒီမတော်တဆမှုကြောင့်ပဲ ဘုံးဂျင်ဟာ မှတ်ဥာဏ်ထုံထိုင်းတဲ့အခြေအနေကို ရောက်သွားတာနဲ့ တစ်ဖက်လူရဲ့ သေဆုံးမယ့်ရက်နဲ့အချိန်ကို တိကျစွာခန့်မှန်းနိုင်တဲ့ အစွမ်းကို ရရှိလာပါတော့တယ်ယ်။ တစ်နေ့မှာတော့ သက်လတ်ပိုင်းစုံတွဲတစ်တွဲကို နောက်ဆုံးဧည့်သည်အဖြစ် ကြိုဆိုပြီးချိန်မှာပဲ ဒီစုံတွဲဟာ နောက်တစ်နာရီအကြာ သူ့ဆိုင်ထဲမှာ သေသွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့… ဘုံးဂျင်တစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကနေ ကာကွယ်ဖို့ ဧည့်သည်တွေကို သူ့ဆိုင်ထဲကနေ ထွက်သွားအောင် ဘယ်လိုလုပ်သွားမလဲဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae မှ ရေးသားပေးထားပါတယ်။)...
Green Border (2023) ⭐IMDB: 6.4/10 (7 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Poland #UnitedStates #Czechia #France #Belgium #Germany #Turkey #CzechRepublic #UnitedStatesofAmerica ⏰ 2 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်း ကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာ ကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင် ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ ရပါတယ်။ Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာ Agnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာ ဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့် တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့ Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီး ထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲ အမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလို ရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။ Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲ အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ်...
The Man Who Loved UFOs (2024) ⭐IMDB: 5.2/10 (528 Votes) 🎬 #Biography #Comedy #Drama #Fantasy 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 48 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဂြိုလ်သားယာဉ်ပျံတွေအကြောင်းကိုလိုက်လံစုံစမ်းတဲ့ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Josè De Zer ဆိုတဲ့အာဂျင်တီးနားနိုင်ငံရဲ့နာမည်ကြီးသတင်းထောက်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ Josè တစ်ယောက်သူယုံကြည်ရာကိုလိုက်လံသက်သေပြရင်း ဘယ်လိုတွေကြုံရမလဲဆိုတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကျွန်တော်လေ့လာကြည့်သလောက် Josè ဆိုတာအပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး UFOတွေရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဖြစ်မှန်နဲ့အနည်းငယ်ပြောင်းထားတဲ့အတွက်ကြည့်ရှု့သူတွေအဖို့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းမှာအမှန်ပါပဲလို့ထင်ပါတယ်။...
The Lady of the Lake (2024) ⭐IMDB: 2.6/10 (165 Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Maria Capp ရိုက်ကူးထားပြီး မင်းသမီး Nia Sioux နဲ့ မင်းသားကြီး Seth Gilliam တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖို ကျိန်စာတွေပါဝင်တဲ့ကားလေးပါ။ ဂျေမီရှောဇ်ကတော့ အထက်တန်းကျောင်းက ဘွဲ့ရတော့မယ့် ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိသားစုနဲ့အတူ ရွန်ကွန်ကိုမာ ရေကန်ကြီးဘေးမှာ နေထိုင်တာပါ။ သူတို့ကမ်းရိုးတန်းက ဒေသခံမျိုးနွယ်စုတွေကြားမှာ ကျိန်စာလိုမျိုး ဒဏ္ဍာရီတစ်ပုဒ်ရှိပါတယ်။ ရွန်ကွန်ကိုမာလို့ခေါ်တဲ့ အမျိုးသမီးလေးက သူ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ရေကန်ထဲမှာ သတ်သေခဲ့ပါတယ်… သူက ဆုံးရှုံးသွားရတဲ့ ချစ်သူကိုပြန်ရှာဖွေဖို့ ရေကန်ထဲမှာ စောင့်နေရင်း တစ်နှစ်ကို ယောကျ်ားလေးတစ်ယောက် ရေနှစ်သတ်တတ်ပါတယ်တဲ့။ ဒေသခံအများစုကတော့ ဒါကကျိန်စာမဟုတ်ဘဲ သာမာန်ပုံပြင်လို့ပဲ သတ်မှတ်ထားကြတာပါ။ ဂျေမီဘွဲ့မရခင် တစ်နှစ်အလိုမှာပဲ ဂျေမီ့ရဲ့အကို ရေကူးချန်ပီယံ အဲရစ်က ရေကန်ထဲမှာရေကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့ပါတယ်။ ဂျေမီက သူ့အကိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူဘွဲ့ရပြီးတဲ့နောက် မွေးနေ့ကို ရေကန်ဘေးမှာ ပါတီလုပ်ချင်ခဲ့ပါတယ်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ရေကန်ရဲ့ကျိန်စာကို ကြောက်နေတဲ့ မိသားစုကလည်း ဂျေမီ့ကို ရေကန်ဘေးမသွားဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် ကျိန်စာကို မယုံကြည်တဲ့ ဂျေမီတို့ သူငယ်ချင်းတစ်စုက ရေကန်ဘေးမှာ မွေးနေ့ပါတီ လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…. သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ…. ဒီတစ်ခေါက်မှာရော ပစ်မှတ်ကဘယ်သူဖြစ်သွားမလဲ… ရေကန်ကရော တကယ်ပဲဒဏ္ဍာရီထဲကလို ကျိန်စာရှိနေတာလား… ဒါတွေကို ဒီသဲထိတ်ရင်ဖို ကျိန်စာဇာတ်ကားလေးထဲမှာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။...
Buddha: The Great Departure (2011) ⭐IMDB: 6.3/10 (504 Votes) 🎬 #Adventure #Animation #Biography #Drama #History 🗓 2011 🎞 movie 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာ ဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ် မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ် ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ ဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ် ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသော ကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည်...
Buddha 2: The Endless Journey (2014) ⭐TMDB: 76% User Score 🎬 #Adventure #Animation #Biography #Drama #History 🗓 2014 🎞 movie 🌎 #Japan ⏰ 1 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.2/10MyAnimeList 6.9/10 ဒီကာတွန်းလေးကတော့ ၂၀၁၁ထွက် Buddha : the great departureရဲ့နောက်ဆက်တွဲကာတွန်းပါ။ ပထမကားအပြီး တောထွက်ရာကနေ သဗ္ဗညုတဥာဏ်ဆိုက်ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ဂင်္ဂါမြစ်စစ်ပွဲ၊ ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့တွေ့ဆုံခန်း၊ သာကီဝင်တွေကျဆုံးခန်းတွေကိုဝေဝေဆာဆာမြင်တွေ့ရမှာပါ။ တစ်ခုတော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကိုကျောရိုးလောက်ပဲယူထားတာမလို့ ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့တော်တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်းတွေဆိုရင် အသစ်ထည့်တာတွေ၊ အချိန်ကွဲတာတွေပါပါတယ်။ ဥပမာ ကောသလက သကျသာကီတွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်းစောနေတာတို့ပါ။ အပျင်းပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် – နာမည်တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ရေးပေးထားပါတယ်...
Very Ordinary Couple (2013) ⭐IMDB: 6.3/10 (669 Votes) 🎬 #Comedy #Drama #Romance 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Very Ordinary Couple (2013) **************************** IMDb… 6.3 ကျွန်တော်တို့ CM ကနေ ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ rom-com တွေကိုလည်း ကြိုက်တယ်… drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေ အသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်များစွာပါတဲ့ ဇာတ်ကားကောင်းလေး The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ ဘဏ်တစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ ၃ နှစ်တာ ခိုးတွဲခဲ့ကြပြီး လောလောလတ်လတ် လမ်းခွဲထားကြတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပါတယ်။ လမ်းခွဲပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ရွဲ့လွန်းတဲ့အပြုအမူတွေကြောင့် ရုံးအတွင်းမှာလည်း ကောလာဟလမျိုးစုံနဲ့ပေါ့။ အချိန်ကာလတစ်ခုအကြာ တွဲခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အလျောက် တစ်ယောက်အပေါ် တစ်ယောက် စိတ်မပြတ်သားနိုင်သေးဘဲ သံယောဇဉ်တစ်ဖြစ်လည်း ချစ်ခြင်းမေတ္တာတွေကျန်ရှိနေသေးတဲ့အခါ… သာမန်စုံတွဲတွေလိုမျိုးပဲ တစ်ကျက်ကျက်ရန်ဖြစ်ပြီး ပြန်တွဲမိမလား အကယ်၍များ ပြန်တွဲဖြစ်ခဲ့ရင်တောင် ဆက်ဆံရေးကြာရှည်ပါ့မလားဆိုတဲ့ အကြောင်းအရာကို မှတ်တမ်းရုပ်ရှင်ပုံစံလေးမျိုးရိုက်ကူးထားတဲ့အပြင် တကယ့် ချစ်သူရည်းစားတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါ ထည့်သွင်းထားတာကြောင့် ရည်းစားရှိတဲ့သူတွေရော မရှိတဲ့သူတွေရော ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ရေးသားပေးထားပါတယ်။)...
The Dark Eye (2024) ⭐TMDB: 0% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 56 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို Psycho Horror ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..။ ဒီဇာတ်ကားမှာ လော်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ဒန်နီရယ်ဆိုတဲ့ MMA နာမည်ကြီး နပန်းသမား ကောင်လေးတစ်ယောက် အိမ်ထောင်ရက်သားကျပြီး နောက်ပိုင်း ရသမျှ ကိုယ်ဝန်အဖတ်မတင်ဘဲ အကြိမ်တိုင်း ပျက်ကျခဲ့ပြီး သုံးကြိမ်မြောက် ပျက်ကျပြီးနောက်ပိုင်းမှာတော့ လော်ရန်ဟာ Postmortem Depression လို့ခေါ်တဲ့ ပြင်းထန် မီးဖွားပြီး စိတ်ကျ ရောဂါ ဖြစ်လာခဲ့ပါတယ်။ ဒီလိုရောဂါဟာ ထင်ယောင်ထင်မှား အမြင်မှားတွေ ဖြစ်တာနဲ့အတူ စိတ်တက်လွယ် ကျလွယ်ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်က သူတွေသာမက ကိုယ်တိုင်အတွက်ပါ ဘေးဒုက္ခ ဖြစ်နိုင်တဲ့အထိ အန္တရာယ် ကြီးပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ သူတို့တွေဟာ နာမည်ကြီး စိတ်ကုထုံးဆရာမ တစ်ယောက်ဖြစ်တဲ့ ကရီနာဆိုတဲ့ စိတ်ဆရာဝန် ဖွင့်လှစ်ထားတဲ့ လူသူဝေးရာ Resort Clinic ဆီကို လာခဲ့ကြပါတယ်။ ကုသမှုခံယူနေချိန်မှာ ပြင်ပနဲ့ အဆက်အသွယ် မလုပ်ရတဲ့အပြင် ဖုန်း/အင်တာနက် ဘာမှအသုံးပြုခွင့် မပေး ထားတာကြောင့် ဒန်နီရယ်အနေနဲ့ လော်ရန်နဲ့ အတူစောင့်နေဖို့ မဖြစ်နိင်လို့ ပြန်သွားခဲ့ပါတယ်။ လော်ရန်အနေနဲ့ ကုသမှုကို ခံယူနေရင်း သက်သာသလို ရှိလာတဲ့ အချိန် သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ ဒီအချိန်မှာပဲ သူတို့ဆေးခန်းဆီကို ဖိတ်ခေါ်မထားတဲ့သူတွေ ရောက်လာခဲ့ပါတယ်။ ဒီလူတွေက လော်ရန်ရဲ့ အရင်က ပျက်ကျသွားခဲ့တဲ့ ကိုယ်ဝန်တွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိနေတာလဲ..။ လော်ရန်နဲ့ ဒန်နီရယ်တို့ ဘယ်လိုဘေးအန္တရာယ်တွေ ကျရောက် လာဦးမလဲ ဆိုတာကိုတော့...
Tony Takitani (2005) ⭐TMDB: 67% User Score 🎬 #Drama 🗓 2005 🎞 movie 🌎 #Japan ⏰ 1 နာရီ 16 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tony Takitani (2004) ~ IMDb – 7.2/10, RT – 88%, Meta – 80% ~ မူရာကာမိရဲ့ ဝတ္တုတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေသိပ်အများကြီးမရှိသလို အခုထိအနေနဲ့လည်း နည်းပါးတုန်းလို့ပြောရပါမယ်။ ပြန်ရိုက်လိုက်ရင်လည်း အောင်မြင်ကြတာတော့ များပါတယ်။ Drive My Car, Burning, Norwegian Wood နဲ့ Tony Takitani တို့ကတော့ အောင်မြင်မှုကြီးတယ်ပြောရမယ်။ Tony Takitani ကိုတော့ Blind Willow, Sleeping Woman စာအုပ်ထဲက နာမည်တူဝတ္တုတိုကိုပဲ ပြန်ရိုက်ထားတယ်။ Blind Willow, Sleeping Woman ဝတ္တုတိုကိုတော့ မနှစ်ကတင် အန်နီမေးရှင်းအဖြစ်ရိုက်ခဲ့ပါသေးတယ်။ Tony Takitani ထဲတော့ မူရာကာမိဝတ္တုတွေထဲက တွေ့ရများတတ်တဲ့ Element ဖြစ်တဲ့ သူ့စာရေးဆရာဘဝမစခင် မကင်းခဲ့တဲ့ ဂျတ်ဇ်ဂီတတို့ ဘာတို့ပါတယ်။ ဒီရုပ်ရှင်က တခြား မူရာကာမိဝတ္တုကို ရိုက်ထားတဲ့ကားတွေထက် ဝတ္တုကို အားပြုမှုတော်တော်ကြီးတယ်လို့ပြောလို့ရတယ်။ Narrative တွေလှိုင်လှိုင်သုံးပြီး ရုပ်ရှင်တစ်ကားကြည့်ရတဲ့ဖီလင်ထက် မူရာကာမိဝတ္တုတိုတစ်ပုဒ်ဖတ်နေရတဲ့ဖီလင်တော့ရတယ်။ ဇာတ်ကတော့ တိုနီတာခိတနိလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ သူ့ခံစားချက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအကြောင်းတော့ ဘာမှများများစားစား ပြောစရာမရှိပါဘူး။ မူရာကာမိဝတ္တုတိုတွေကို ကြိုက်တဲ့သူတွေကြိုက်ကြမယ့်၊ မူရာကာမိဝတ္တုတိုအရသာ အပြည့်အဝရတဲ့၊ သူ့ဝတ္တုတိုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Survive (2024) ⭐IMDB: 4.5/10 (1 k Votes) 🎬 #Adventure #SciFi #ScienceFiction #Thriller #Action 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 29 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apocalypse ကမ္ဘာပျက်ကားတွေကို ကြိုက်နှစ်သက် သူများအတွက် အသစ်ထွက်ရှိထားတဲ့ Survive ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒါမျိုးကားတွေမတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စောင့်မျှော် နေသူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ဘက်ဂျက်ကြီးကြီးမားမားနဲ့ အကြမ်းစားကြီး ရိုက်ကူးထားတာမျိုးမဟုတ်ပေမဲ့ သူ့အနေအထားနဲ့သူတော့ အဆင်ပြေပြီး အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ကမ္ဘာ့ကပ်ဘေးကို ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************* ဂျူလီယာနဲ့တွမ်တို့က သားသမီးတွေဖြစ်တဲ့ ကက်စီနဲ့ ဘန်တို့နဲ့အတူတူ အပျော်စီးရွက်လှေတစ်စီးနဲ့ခရီးထွက်လာခဲ့ ကြပါတယ်။အစပိုင်းမှာထူးဆန်းတဲ့အရာတစ်ခုကြောင့် အမေဖြစ်သူ ရေနစ်တော့မလိုဖြစ်ခဲ့ပေမဲ့ ဘန့်မွေးနေ့တွေဘာတွေလုပ်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင်မှာထူးဆန်းတဲ့ တိမ်တိုက်ကြီးတွေပေါ်ထွက်လာပြီး ရေပြင်ကလည်း၀ုန်းဒိုင်းကြဲ လာပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ထဲမှာလှိုင်းလူးပြီး ခက်ခဲတဲ့ည တစ်ညကိုရင်ဆိုင်ခဲ့ရပြီး မနက်ရောက်တဲ့အခါမှာတော့ သူတို့လှေက သဲကန္တာရလိုခြောက်ကပ်နေတဲ့ မြေပြင်ပေါ်ကိုရောက်နေမှန်း တွေ့လိုက်ရပါတော့တယ်။နောက်မှရေဒီယိုက ရေငုပ်သမား တစ်ယောက်နဲ့အဆက်အသွယ်ရပြီး ပင်လယ်က ကုန်းပေါ်ကို ရောက်သွားပြီး ပင်လယ်ထဲမှာဘာရေမှမရှိတော့တာဖြစ်ကြောင်းကို သိလိုက်ရပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာလှေနဲ့ ခရီးထွက်နေတဲ့သူတို့မိသားစုအတွက် ကံကောင်းသွားတယ်ဆိုပေမဲ့ ပျောက်သွားတဲ့ပင်လယ်ရေတွေက တစ်ပတ်အတွင်း၀ုန်းဒိုင်းကြဲပြီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် ရေငုပ်သမားရှိတဲ့ ရေငုပ်သင်္ဘောဆီကို မိသားစုခရီးနှင်ကြရင်း ဘယ်လိုအခက်အခဲတွေရင်ဆိုင်သွားရဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
Jezabel (2022) ⭐IMDB: 5.7/10 (554 Votes) 🎬 #Crime #Mystery #Romance #Thriller 🗓 2022 🎞 movie 🌎 #Venezuela #Mexico ⏰ 1 နာရီ 47 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jezabel (2022) IMDb Rating (5.8) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ စပိန်လူငယ် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller, Crime အမျိုးအစားပါ။ ဇာတ်လမ်းအစမှာတော့ လိင်ကိစ္စတွေ ဆေးတွေနဲ့ ထင်တိုင်းကြဲနေကြတဲ့ ရေပေါ်ဆီ အထက်တန်းကျောင်းသူ၊ ကျောင်းသားအဖွဲ့ကို ရိုက်ပြထားပါတယ်။ အဲ့ဒီအဖွဲ့သာ ယောကျာ်းလေး အုပ်စုလိုက် ပျော်ပါးနေကြရင်း တစ်ရက်မှာ သူတို့အဖွဲ့ထဲက Eli ဆိုတဲ့ ကောင်မလေးတစ်ယောက်က အသတ်ခံလိုက်ရပါတယ်။ အဲ့လိုနဲ့ နှစ်တွေကြာပြီးနောက် အဖွဲ့ထဲကတစ်ယောက်က သူ့ကောင်လေးကို ငယ်ငယ်ကအကြောင်းတွေပြောရင်း အဲ့ဒီ သေဆုံးမှုကို အစဖော်မိသွားပါတယ်။ သူ့ကောင်လေးက Journalist ဆိုတော့ ထုံစံအတိုင်း အမှုကို အစကနေ သူ့ဘာသာသူ ပြန်စုံစမ်းရင်း ဘာတွေကိုသိသွားမှာလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အိပ်ယာပေါ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတာမို့ 18 ယောက်စုပြီးမှ ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)...
Apsara (2024) ⭐TMDB: 40% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apsara 2024 (အိပ်မက်မင်းသမီးလေး) ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းကဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။ နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ … ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား …ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Zebra (2024) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zebra (2024) “ဆူရီယာ” ဒီတစ်ခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ တေလဂူးစကားပြောမှုခင်းဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့က Satyadev နဲ့ Priya Bhavani Shankar တို့အဓိကပါဝင်ပြီး ပရိသတ်ရီဗျူးတွေလည်း အသင့်အတင့်ကောင်းတဲ့ ဒီကားမှာ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဆူရီယာကထက်ထက်မြက်မြက်ရှိတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသူ့ကောင်မလေးကလည်း တခြားဘဏ်တစ်ခုမှာ လုပ်နေတဲ့ဝန်ထမ်းပါတစ်ရက်မှာတော့ သူ့ကောင်မလေးဆွာတီက အလုပ်မှာအမှားအကြီးကြီးတစ်ခုလုပ်မိတဲ့အခါ ဆူရီယာတစ်ယောက်ပြင်ဆင်ပေးဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအရှုပ်အထွေးတွေထဲရောက်သွားမှာလဲ ကြွယ်ဝမှုတိုင်းရဲ့နောက်ကွယ်မှာပြစ်မှုတစ်ခုရှိတယ်ဆိုတဲ့ စကားအတိုင်း ဘယ်လိုအမှုအခင်းတွေဆက်ဖြစ်လာမှာလဲ အိန္ဒိယဇာတ်ကားချစ်ပရိသတ်တို့ ရှုစားအားပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Pay It Forward (2000) ⭐TMDB: 73% User Score 🎬 #Drama #Romance 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pay It Forward (2010)********************* ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ… ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်… ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ…. ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို… သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်… ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ… ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး…ကျွန်တော်တို့နှလုံးသားတွေကို… ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ ဇာတ်လမ်းအကျဉ်း————– အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ… ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ… သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ… ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ… ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ…ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ… ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်...
Knock Out (2020) ⭐TMDB: 60% User Score 🎬 #Drama #Martial #Sport #Action 🗓 2020 🎞 movie 🌎 #China ⏰ 2 နာရီ 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Knock Out (2020)**************** ကျုံးရှီး ဟာ ချန်ပီယံလုပွဲအတွက်အရမ်းကြိုးစားနေတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်… ပူပူနွေးနွေးဇနီးသည်လေးကလည်း ကိုယ်ဝန်ရှိတာဆိုတော့ ကျုံးရှီးတစ်ယောက် ချန်ပီယံရအောင်ယူပြီး… အနာဂတ်မိသားစုဝင်လေးအတွက် အောင်ပွဲခံချင်နေတော့တယ်။ သူ့ကြိုးစားမှုအောင်မြင်တယ်ပြောရမှာပေါ့… သူ ချန်ပီယံဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူ့ပျော်ရွှင်မှုတွေဟာ နေ့တောင်မကူးခဲ့ပါဘူး။ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး… နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ကထွက်လာတဲ့အချိန်မှာအရာအားလုံးပြောင်းလဲခဲ့ပါပြီ။ သူမရှိတဲ့အချိန်အတွင်း… သမီးလေးအတွက် တစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့ဇနီးသည်လေး ဆုံးပါးသွားတဲ့အပြင်… ငွေကြေးလည်းအရမ်းကိုခက်ခဲနေပါတယ်။ အဲဒီနောက်သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ … သူတတ်စွမ်းတဲ့ လက်ဝှေ့ကိုအသုံးချပြီး ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့ကြိုးစားပါတော့တယ်… ဇာတ်လမ်းလည်းကောင်းတဲ့အပြင် ထိုးသတ်ခန်းတွေလည်းကြည့်ကောင်းပါတယ်… ခံစားကြည့်ကြပါဦး...
Great Nobody (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းလေးကတော့… တိုးတက်နေတဲ့ခေတ်ကြီးမှာ…ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား…ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကိုလုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်… ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ…ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်…နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီကနှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်… အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး….လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ…ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့…ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့...
The Yellow Duck (2023) ⭐TMDB: 60% User Score 🎬 #Comedy 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Yellow Duck (2023) IMDb Rating (5.0) ဒါရိုက်တာ Essam Nassar စီစဥ်ရိုက်ကူးပြီးတော့ IMDb rating 5 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ Romantic Comedy ရုပ်ရှင်အမျိုးအစားပါ။ ငွေကြေးလိုအပ်မှုကြောင့် အတူမနေရတဲ့ စုံတွဲဟာ သူတို့ကြားထဲမှာ တဖြည်းဖြည်းနဲ့ အနေအေးလာကြပါတယ်။ သဘောထားတွေ မတိုက်ဆိုင်ကြတော့ဘဲ တနေ့တော့ အမျိုးသမီးဘက်က ခဏ ခွဲနေဖို့ပြောလာရတဲ့အထိပါပဲ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အမျိုးသမီးဘက်က သူ့ကို အကိုကြီးလိုပဲ သဘောထားလာတဲ့အခါမှာတော့ တစ်ဖက်မှာ ဝါဖစ်ခ်က စွန့်စားရမှာတွေ ရှိလာပါတယ်။ ဒီစွန့်စားစရာတွေကပဲ သူ့ကို ပြန်ပြီးတော့ ရှင်သန်လာစေပါတော့တယ်။ သူ့ကို စိတ်လှုပ်ရှားတတ်တဲ့သူ ပြန်ဖြစ်လာစေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
Secret Sessions (2024) ⭐IMDB: 5.7/10 (28 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 7 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Secret Sessions (2024) လက်ဖက်ဆီပြန်ကားတွေဆက်တိုက်ထွက်ခဲ့ပြီးနောက် ပထမဆုံးပြန်ထွက်လာတဲ့ အဖြောင့်ကားလေးဖြစ်ပါတယ်။ အဲရစ်နဲ့ကိတ်တို့က မကြာခင်လက်ထပ်တော့မယ့် ဇနီးမောင်နှံဖြစ်ပြီး လက်ထပ်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်ပါ။ ကိတ်နဲ့လုပ်ဖော်ကိုင်ဖက် ကာရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားနဲ့ပြတ်စဲပြီး သောကရောက်နေတဲ့အတွက် ကိတ်က သူ့ခင်ပွန်းလောင်း Therapist တစ်ဦးဖြစ်တဲ့ အဲရစ်ကိုတိုင်ပင်ဆွေးနွေးဖို့လွှတ်လိုက်ချိန်မှာတော့ ငါးပါးမှောက်ဖို့ ဖြစ်လာပါတော့တယ်။ တဏှာစိတ်မှာ အစွန်းရောက်နေတဲ့ကာရာက အိမ်ထောင်သည်ယောက်ျားတွေကိုသာ စိတ်ဝင်စားလေ့ရှိသူဖြစ်ပြီး အဲရစ်ကိုရုန်းမရအောင်ချည်တုပ်ပြီး သူတို့အချစ်ရေးကို ဘယ်လိုတွေ ခလောက်ဆန်မလဲဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Pallotty 90's Kids (2023) ⭐IMDB: 7.6/10 (566 Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pallotty 90’s Kids (2024)၉၀ ဖွားကလေးတို့ရဲ့သကြားလုံးချိုချိုလေး ဒီတစ်ခါတင်ဆက်ပေးမှာကတော့ လူကြီးမင်းတို့ရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကိုလွမ်းဆွေးတမ်းတသွားစေမယ့် မာလေယလမ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဒီဇာတ်ကားမှာတော့ ကန်နန်ဆိုတဲ့ကလေးငယ်နဲ့ အူနီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တွဲအကြောင်းကိုဇာတ်ကြောင်းတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ တောရွာကလေးမှာ ကလေးပီပီအဆော့သန်တဲ့ကန်န်နဲ့အူနီဟာ ကျောင်းကို ခြေလျင်သွားရသူတွေဖြစ်ပါတယ်။ လမ်းတစ်လျှောက် စက်ဘီးနဲ့သွားတဲ့သူ ၊ဆိုင်ကယ်နဲ့လိုက်ပို့တဲ့သူ ၊ သုံးဘီးစီးပြီးကျောင်းသွားသူတွေရှိတာတောင် ခြေလျင်ကျောင်းတက်ရတဲ့သူတို့အပျော်ကိုမှီသူရှိမယ်မထင်ပါဘူး။ အသီးတွေခူးမယ် ၊ အရွက်တွေခြွေမယ် ၊ အုန်းလက်ကို ဒန်းလိုခိုစီးကြမယ် ၊တုတ်တစ်ချောင်းကိုပုခုံးပေါ်ထမ်းလို့လမ်းလျှောက်ကာလမ်းမှာတွေ့သမျှကို ကောက်ယူစူးစမ်းမယ်။ ဒီလိုမျိုး ၉၀ ခုနှစ်ဖွားကလေးတို့ရဲ့ဘဝကိုကြည့်ပြီးငယ်ဘဝကိုပြန်လည်တမ်းတလွမ်းဆွတ်မိစေမယ့်ဇာတ်ကားလေးကို၉၀ ဖွားလူကြီးမင်းတို့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ ၉၀ ဖွားမဟုတ်ရင်ရော မကြည့်ရတော့ဘူးလားဆိုတော့….ပိုပြီးတောင် ကြည့်ရမှာပေါ့ဗျာ။ ကိုယ်မမီလိုက်ရတဲ့ခေတ်ကလူတွေဘယ်လောက်ဆော့ပြီး ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲဆိုတာကိုဒီရုပ်ရှင်ကတဆင့် စီးမျောခံစားကြည့်လိုက်ပါဗျ။ ( ဘာသာပြန်န်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်...
Shadows Side (2024) ⭐IMDB: 4.3/10 (103 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shadows Side (2024) Sophieနဲ့ Carlတို့ဟာစေ့စပ်ပြီးသား လက်ထပ်ဖို့ပါပြင်ဆင်နေတဲ့ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ Carlအနေနဲ့ သူ့ရဲ့မွေးရပ်မြေ Brazilဘက်က သူ့ရဲ့ငယ်ဘဝအမှတ်တရအိမ်ကို Honeymoonအနေနဲ့သွားချင်ပါတယ်ဆိုပြီး Sophieကိုအပူကပ်ပါတော့တယ်။ ဆိုဖီလည်းမငြင်းနိုင်တာနဲ့ နှစ်ယောက်သား ချောင်ကြိုချောင်ကြား လူသူအရောက်အပေါက်နည်းတဲ့ ကားလ်ရဲ့မွေးရပ်မြေစံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို တင်ပြထားတဲ့Horror ဆန်ဆန် Psychological Thriller ဆန်ဆန် eerie ဆန်တဲ့ soundtrackတွေနဲ့ ရင်ဖိုစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
