ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Substance (2024) ⭐IMDB: 7.5/10 (114 k Votes) 🎬 #Drama #Horror #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom #France #UnitedStates ⏰ 2 နာရီ 22 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။ အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကို ပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက် ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ် ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာ တစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကို ပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီး ကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။ အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ
...

Cold Eyes (2013) ⭐IMDB: 7.1/10 (9 k Votes) 🎬 #Action #Crime #Thriller 🗓 2013 🎞 movie 🌎 #SouthKorea #HongKong ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cold Eyes (2013)**************** ဇာတ်ကားအစကနေအဆုံးအထိဇာတ်ရှိန်ကောင်းကောင်းနဲ့ခေါ်သွားမယ့်ကားကိုကြည့်ချင်ပါသလား… ဒီကားကိုကြည့်လိုက်ပါ လုံးဝအာမခံပါတယ်။ IMDB rating 7.1ရထားတဲ့ကားလေးပါ။ အဓိကပါဝင်ထားသူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင် woo sung jung… မင်းသမီးချောလေးကတော့ Hyo Joo Han နဲ့ ဝါရင့်သရုပ်ဆောင် Kyung gu Sol တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း————– ဇာတ်လမ်းအစမှာ ဘဏ်ကိုဓားပြတိုက်တဲ့အခန်းက တဖြည်းဖြည်းဇာတ်ရှိန်မြှင့်အောင်ခေါ်သွားမှာပါ… ဘဏ်ကိုဓားပြတိုက်ထဲမှာပါတဲ့သူတစ်ယောက်ကို ကင်မရာကတွေ့လိုက်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးက.. ခေါင်းဆောင်ဝမ်နဲ့ သူ့လူတွေကမြို့ထဲမှာရက်တော်တော်ကြာအောင်လိုက်ရှာပြီး တရားခံတွေ့သွားတယ်။ တွေ့သွားတော့တရားခံရဲ့တိုက်ခန်းမှာ ကင်မရာတွေတပ်၊ စောင့်ကြည့်ပြီးတရားခံအားလုံးရဲ့ခေါင်းဆောင်ကို.. အမိဖမ်းဖို့လိုက်စုံးစမ်းပါတော့တယ်။ ခေါင်းဆောင်ဝမ်တို့က ထောက်လှမ်းရေးသာလုပ်ရတဲ့အတွက်… ရန်သူခေါင်းဆောင်ကိုတွေ့ပေမယ်ဖမ်းလို့မရဘူးပေါ့။ ရန်သူဘက်ကလည်းတိကျစေ့စပ်လှပါတယ်။ တစ်ဖက်က ဦးဆောင်သူက နောက်ဆုံးအလုပ်ကိုလက်ခံပြီး..ကိုရီးယားကနေထွက်ပြေးတော့မဲ့အချိန်.. ကံမကောင်းအကြောင်းမလှဘဲ သူ့အလုပ်ပေါက်ကြားပြီးနောက်ဆုံးမှာဖမ်းမိသွားပါတော့တယ်။ ရန်သူဘက်ကဗျူဟာတွေနဲ့ ရဲဘက်ထောက်လှမ်းရေးဗျူဟာတွေကို ကြည့်ရှုခံရမယ့်ကားကောင်းလေးမို့… အက်ရှင်ကြိုက် ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)
...

Gone Baby Gone (2007) ⭐TMDB: 73% User Score 🎬 #Crime #Drama #Mystery 🗓 2007 🎞 video movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gone Baby Gone (2007)*********************** IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်။ (Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ။) ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး။ (၁) ဘယ်သူက မှန်လဲ။ (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား။ ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချို့ခံစားရှုမြင်ခဲ့တဲ့အပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်… (A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့… အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ…. ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။ (B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိတော့မဲ့အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို… တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။ Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ… ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။ ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်။ “ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမယ်လို့ ပြောတာလား” “မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ ရသွားတဲ့ အကျိုးကျေးဇူးကိုကြည့်ပြီး ပြောမှာလား” (C) ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး…တစ်ဆက်တည်းမှာပဲ.. ဘဝရဲ့အလှတရားတွေကို ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊ မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင် ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်
...

Scooby-Doo! Shaggy's Showdown (2017) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Animation #Comedy #Mystery #Family #Western 🗓 2017 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ အားလုံးရဲ့ဇာတ်လိုက်ကျော်ကြီး ရှက်ဂီတစ်ယောက် အွန်လိုင်းပေါ်ကနေ သူ့ရဲ့ဝမ်းကွဲညီမဆိုသူနဲ့ ဆက်သွယ်မိပြီး သူကတဆင့် ဆိုဂန်ဆိုတဲ့ ကောင်းဘွိုင်မြို့လေးတစ်မြို့ကို Mystery Incအဖွဲ့နဲ့တူတူ အလည်အပတ် ရောက်သွားခဲ့ပါတယ်။ ဆိုဂန်မြို့က ခရီးသွားလုပ်ငန်းနဲ့ လည်ပတ်နေတဲ့ မြို့လေးပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီမြို့လေးမှာ ဒက်ပါဂျက်ဆိုတဲ့ တောပုန်းဓါးပြကောင်းဘွိုင် သရဲကြီးတစ်ကောင်က ‌ခြောက်လှန့်နေတာကြောင့် လာလည်ရဲသူ မရှိတော့ဘဲ တစ်မြို့လုံးနီးပါး ခြောက်ကပ်နေပါတော့တယ်။ အဲဒီသရဲကြီး ဒက်ပါဂျက်ဆိုတာ တခြားသူ မဟုတ်ဘဲ ရှက်ဂီရဲ့ ဘိုးဘေးအရင်းကြီး ဖြစ်နေတာပါ။ သရဲတစ္ဆေဆိုရင် အသံ‌တောင်ကြားလို့မရတဲ့ မဟာသတ္တိခဲ ရှက်ဂီတစ်ယောက် သူ့ဘိုးအေရဲ့ ဝိညာဉ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ။ အဲဒီသရဲကြီး ခြောက်လှန့်နေတဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ စကူဘီဒူး ထုံးစံအတိုင်း အလွဲတွေ တပြုံတမကြီးနဲ့ ကြည့်ရှုရမှာပါ။
...

The Knight and the Princess (2019) ⭐IMDB: 5.8/10 (519 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #History #Musical 🗓 2019 🎞 movie 🌎 #Egypt #SaudiArabia ⏰ 1 နာရီ 36 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Knight & The Princess (2019)********************************* ဒီတစ်ခါတော့ Animationကားကောင်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ၇ ရာစုပိုင်းလောက်မှာ အာရပ်တွေနေထိုင်တဲ့ အာရေးဗီးယန်းကျွန်းဆွယ်နဲ့… အန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ ဆိပ်ကမ်းရှိတဲ့တိုင်းပြည်တွေဟာ… ရောင်းဝယ်ဖောက်ကားမှုတွေ ကုန်သွယ်မှုတွေလုပ်ခဲ့ကြပါတယ်…. ပလိပ်ရောဂါစတင်ဖြစ်ပွားတဲ့အချိန်မှာ အာရပ်ကုန်သည်တွေဟာလည်း… ပလိပ်ရောဂါခံစားခဲ့ရပြီးတော့ သူတို့တိုင်းပြည်အတွင်း ရောဂါမကူးစက်နိုင်ဖို့ ပင်လယ်ပြင်မှာပဲအသေခံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်…. သူတို့သေသွားပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ သူတို့ရဲ့ဇနီးတွေနဲ့သားသမီးတွေကို.. သင်္ဘောတစ်စီးနဲ့ ရတနာပစ္စည်းတွေကိုတင်ပြီးတော့ သူတို့နေရပ်… အာရပ်တိုင်းပြည်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘုရင်ဒယ်ဟာအမိန့်ပေးခိုင်းစေတဲ့ မဒ်ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ပြန်ပေးဆွဲခံခဲ့ရပြီး.. စစ်ပွဲကြီးဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ စွန်းစားခန်း အမိုက်စား Animation ကိုမှ ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်
...

Dumbo (2019) ⭐IMDB: 6.3/10 (84 k Votes) 🎬 #Adventure #Family #Fantasy 🗓 2019 🎞 movie 🌎 #USA #UnitedKingdom #Canada #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 90’s born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney’s Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။ 1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Dumbo လေးကို အမှတ်မထင် ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့ အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။ အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး… Dumbo လေးက ချစ်စရာလေးမို ့ကလေးလေးတွေနဲ ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို ့ဖြစ်ခဲ့ရာကနေ Dumbo ရှိတဲ့ ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ…ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။
...

Virtuosity (1995) ⭐TMDB: 55% User Score 🎬 #Action #Crime #SciFi #ScienceFiction #Thriller 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကား က​တော့ မင်းသားကြီး Denzel Washingtonက ဇာတ်လိုက်မင်းသား ​ရဲမူး​ဟောင်း Parker Barnes ​နေရာကသရုပ်​​ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို အက်ရှင် ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အကျဥ်းချုပ်က​တော့ Parker Barnes ဟာ လူသတ်သမား အ​ယောက် ၂၀၀နီးပါးရဲ့ ကိုယ်ရည်​ကိုယ်​သွေး​တွေနဲ့ တည်​​ဆောက်ထားတဲ့ SID 6.7 လို့​ခေါ်တဲ့ AI ကိုလူသတ်မှု​တွေမကျူးလွန်​အောင်တားဆီးရတာပဲဖြစ်ပါတယ်။ မင်းသားကြီး ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ပြီး ရင်ဆိုင်​ကျော်လွှားမလဲ AI က​ရော ဘယ်လိုနည်းဗျူဟာ​တွေနဲ့ စိန်​ခေါ်မလဲဆိုတာကို​တော့ ဇာတ်လမ်း​လေးမှာကြည့်ရှု့ကြပါဦးခင်ဗျား။
...

Lampir (2024) ⭐IMDB: 6.1/10 (157 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 37 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

Blue Cave (2024) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 28 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
...

Why Did You Come to My House (2009) ⭐TMDB: 67% User Score 🎬 #Comedy #Romance 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Why Did You Come to My House? (2009) ************************************ ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့2009တုန်းကထွက်ရှိခဲ့တဲ့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန်ဟယ်ဂျောင်းနဲ့ ဘတ်ဟီဆွန်းတို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း **************** မိန်းမဖြစ်သူ သေသွားပြီးကတည်းက ဘဝကို စိတ်ပျက်လက်ပျက်နဲ့နေလာခဲ့တဲ့ဂင်ဗြောင်ဟီးတစ်ယောက် .. တစ်နေ့မှာတော့သူ့အိမ်မှာပဲဆွဲကြိုးချသေဖို့ လုပ်ပါတော့တယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အိမ်ထဲကြိုရောက်နေပြီးသား မိန်းမတစ်ယောက်ရဲ့လက်ချက်ကြောင့်မသတ်သေဖြစ်ခဲ့တဲ့အပြင် ထိုမိန်းမရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုပါ ခံလိုက်ရပါသေးတယ်။ ဒီမိန်းမက ဘာကြောင့်သူ့အိမ်ထဲကိုရောက်နေရတာလဲ၊ ဘာလို့သူ့ကိုဖမ်းဆီးထားခဲ့ရတာလဲဆိုတာကိုတော့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးမှာ အဖြေရှာလိုက်ကြတာပေါ့။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်)
...

Montage (2013) ⭐TMDB: 73% User Score 🎬 #Drama #Mystery #Thriller #Crime 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Montage (2013) ***************** လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့်အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်းမိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါလိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် .. ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။ အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်းတစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာအပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊ သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကိုရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင်Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်)
...

Sattam En Kaiyil (2024) ⭐IMDB: 8.6/10 (2 k Votes) 🎬 #Bollywood #Horror #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sattam En Kaiyil (2024)“တရားမျှတမှု” အသစ်ထွက်ရှိလာတဲ့ တမီးလ်မှုခင်းသည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ရဲစခန်းတစ်ခုမှာ ဘာရှာဆိုတဲ့ နိုင်ထက်စီးနင်းရဲတစ်ယောက်ရှိတယ်ရိုက်နှက်ဖို့ခိုင်းရတဲ့ ယုတ်မာရိုင်းစိုင်းတဲ့လူစကားထစ်တဲ့ ဂိုသန်ဆိုသူက ညဘက်စိတ်ဂနာမငြိမ်ကားမောင်းလာပြီးအက်ဆီးဒင့်ဖြစ်ရာမှာ ဒီအမှုကိုရှောင်လွှဲဖို့ အရက်သောက်ကားမောင်းအမှုနဲ့ အဖမ်းခံရအောင် လုပ်တယ် ဘာရှာဆိုတဲ့ရဲကို ပါးရိုက်လိုက်မိလို့ ဘာရှာက သူ့ကိုဒေါသထွက်ပြီး စခန်းကိုခေါ်လာကာ အငြိုးတေးထားတဲ့အချိန်အနီးဝန်းကျင်မှာ မိန်းကလေးတစ်ယောက် ဆိုးဆိုးရွားရွားအသတ်ခံရတဲ့ အလောင်းတစ်လောင်းပေါ်လာရာမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတစ်ခုနဲ့တစ်ခု ဆက်စပ်နေမှာလဲအိန္ဒိယရဲတွေရဲ့ အကျင့်ပျက်ခြစားမှု၊ တရားမျှတမှုစတဲ့ရှုထောင့်အလီလီကို ပြထားတဲ့ရုပ်ရှင်လေးမှာ ဆက်လက်ခံစားကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ Yunni ~ Bluri မှ ဖြစ်ပါတယ်
...

Blue Cave (2024) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 28 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
...

Un Amor (2023) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Spain ⏰ 2 နာရီ 7 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023ကထွက်ရှိထားတဲ့ စပိန်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာတာလီယာက အာဖရိကဘက်ကတချို့စစ်ဖြစ်တဲ့နေရာတွေကနေပြေးရှောင်လာတဲ့ စစ်ဘေးရှောင်ခိုလှုံသူတွေပြောပြတဲ့စကားတွေကို ဘာသာပြန်ပေးတဲ့ ဘာသာပြန်ဆရာမပါ။ သူတို့ချစ်ရသူတွေဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ခက်ခဲမှုတွေ၊ နာကျင်ခံစားမှုတွေအကြောင်းပြောပြတာကို ဘာသာပြန်ဖြစ်တဲ့နာတာလီယာက အမြဲနားထောင်နေခဲ့ရတာပေါ့။ ဒီလိုအကြောင်းတွေပဲ နေ့စဉ်ရက်ဆက်ကြားလာရတဲ့အခါ သူလဲကြာကြာခံနိုင်ရည်မရှိခဲ့ပါဘူး။ နောက်ဆုံး ထိုအလုပ်ကထွက်လာခဲ့ပြီး မြို့ကြီးပြကြီးနဲ့ဝေးလံနဲ့နယ်မြို့‌လေးတစ်မြို့မှာ အခြေချဖို့စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ထိုမြို့လေးမှာကလဲ သူထင်သလောက်တော့ လွယ်လွယ်ကူကူအဆင်မပြေတဲ့အခါမှာတော့ သူဘာလုပ်မလဲ? ထိုမြို့ကလူထုနဲ့ဝင်ဆံ့နိုင်အောင်ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
...

Thangalaan (2024) ⭐IMDB: 7.1/10 (5 k Votes) 🎬 #Action #Adventure #Bollywood #Drama #Fantasy #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thangalaan 2024ကျိန်စာသင့်ရွှေတွင်း IMDb7.1/10 ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ‌ရွှေတူးသမားတွေတွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါBox Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေကသူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။။။ ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီးဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ်တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်ကဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေကလိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ်ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့ ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင်စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါ ဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီးသမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ် မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရကအမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေကမဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ KKKZ ~ Bluri တို့ပဲဖြစ်ပါတယ်
...

City of Dreams (2023) ⭐IMDB: 6.9/10 (832 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Mexico #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သင်မဖြစ်မနေကြည့်သင့်ပြီးအသည်းခိုက်စေမယ့်ဇတ်ကားကောင်းတစ်ခု- – – – City of Dreams (2023) ကိုတော့ အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသား မိုဟစ်ရမ်ချန်ဒန်နီ (Mohit Ramchandani)က ရေးသားရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိုဟစ်က ၂၀၁၀ ကရိုက်ခဲ့တဲ့ The Lost Tribeဇတ်ကားနဲလည်းလူသိများလာတာဖြစ်တယ်။ ဒီဇတ်ကားက ဖြစ်ရပ်မှန်ဇတ်ကားဖြစ်ပြီး လွန်ခဲ့တဲ့ခြောက်နှစ်ကရိုက်ကူးထားတာဖြစ်တယ် ။အဓိက ဇတ်ကောင်ဂျီးဆပ်စ်အဖြစ် သရုပ်ဆောင်တဲ့AriLopez ကလည်းဇတ်ကားနဲ့အတူလူသိများလာပြီး ၂၀၂၃ ထဲမှာကို လူကြိုက်များတဲ့အခြားဇတ်ကားကောင်းတွေကိုရိုက်ကူးခဲ့ရပါတယ်။ အမေရိကန်မင်းသားJason Patric (ဂျေဆင်ပက်ထရစ်) မက္ကဆီကန်မင်းသားDiego Calva(ဒိုင်ဂျီယို ကယ်လ်ဗာ) မက္ကဆီကန်မင်းသား Andre´s Delgado (အန်ဒရီးစ် ဒယ်လ်ဂါဒို) ချီလီမင်းသားAlfredo Castro(အယ်လ်ဖရက်ဒို ကက်စ်ထရို) မက္ကဆီကန်မင်းသမီး Renata Vaca(ရန်နားတာ ဗေကာ) ရိုမေးနီးယားလူမျိုးမင်းသမီးEdinaEady( အက်ဒီးနာ အာဒီ) ဂျိန်းစဘွန်းမင်းသား(Pierce Brosnan) ပီးယာ့စ်ဘရော့စ်နန်နဲ့အခြားဇတ်ပို့များစွာပါဝင်ထားပါတယ်။ ဇတ်လမ်းကတော့ ဘောလုံးစတားဖြစ်ချင်တဲ့ မက္ကဆီကန် ကောင်လေးဂျီးဆပ်စ်ကို ဘောလုံးသင်တန်းကျောင်းတက်ရမယ်လိမ်ခေါ်ပြီးတကယ်တော့ချွေးထွက်တဲ့ အလုပ်ရုံလို့ခေါ်တဲ့စည်းမျဥ်းမရှိအကာကွယ်မရှိအခွင့်ရေးမရှိတဲ့ အလုပ်ရုံတွေမှာရောင်းစားခံရပြီးခေတ်သစ်ကျွန်ပြုခံရတာပဲဖြစ်တယ်။ဒါ့အပြင်လိင်ကျွန်ပြုတာတွေ ကလေးအပြာတွေရိုက်ကူးတာတွေကိုပါချပြထားပါတယ်။ရဲတွေရင်ဆိုင်ရတဲ့အခက်အခဲတွေသာမကအကျင့်ပျက်ခြစားမှုတွေရှိနေတာငွေနဲ့ဖုံးကွယ်ပြီး အချို့ကုမ္မဏီတွေဘာတွေလုပ်နေသလဲဘယ်လောက်တောင်ဘာတွေကိုအပိုင်ကိုင်ထား လဲဆိုတာပါ တစ်စေ့တစ်စောင်းပြထားပါတယ်။ပရဟိတမျက်နှာဖုံးလေးစွပ်ထားတဲ့အကွက်လေးကိုလည်းပြလိုက်ပါသေးတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သလို သူတို့လေးတွေမှာလည်းကိုယ်စီအိပ်မက်ကလေးတွေရှိကြတာဖြစ်တယ်။သူတို့လေးတွေရဲ့ အိပ်မက်လေးတွေဘယ်လောက်တောင်လှပလိုက်သလဲဆိုတာပါပြထားပါသေးတယ်။ဒီဇတ်ကားက ပြဿနာကိုဘယ်လို​ဖြေရှင်းမယ်ပြတာထက် ဒီလိုလူမဆန်တဲ့ခေတ်သစ်ကျွန်ပြုတာတွေဟာ အမေရိကန်လိုလူ့အခွင့်ရေးကိုအလေးထားတဲ့နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေကိုမီးမောင်းထိုးပြထားတဲ့ဇတ်ကားဖြစ်တယ်။အိပ်မက်မြို့တော် အိပ်မက်တိုင်းပြည်ကဒီလိုလားလို့လဲမသိမသာမေးခွန်းထုတ်ပြထားပါသေးတယ်။ကြည့်ရှုသူတွေကိုအံသြထိတ်လန့်အောင်သာမက ကရုဏာဖြစ်အောင်ရိုက်ကူးနိုင်ပြီးဇတ်ကားအစအဆုံးကိုမပျင်းအောင်ကြည့်ရှုသူကိုဆွဲခေါ်သွားမှာဖြစ်တယ်။ဒါရိုက်တာက ဒီကလေးငယ်လူကုန်ကူးတာနဲ့ ခေတ်သစ်ကျွန်ပြုတာကိုမီးမောင်းထိုးပြချင်လို့နှစ်တော်တော်ကြာ အပင်ပန်းခံအချက်အလက်တွေစုဆောင်းပြီးရိုက်ခဲ့ရတာလို့ပြောထားပါတယ်။ အကြိုက်ဆုံးကတော့ ရိုက်ချက်တွေနဲ့တေးဂီတဖြစ်တယ်။ရိုက်ချက်တွေကတကယ့်အနုပညာဆန်ပြီးတေးဂီတကတော့ ဘယ်သူဖန်တီးတာလဲသိချင်စိတ်ဖြစ်လောက်အောင်ကိုဆွဲဆောင်မှုရှိပါတယ်။တေးဂီတနဲ့ရိုက်ချက်တွေကဇတ်ကားကိုဆွဲဆောင်မှုရှိအောင်အများကြီးပံ့ပိုးထားတာဖြစ်တယ်။ဇတ်ကားအစမှာပါတဲ့” ကလေးသူငယ် ၁၂သန်းဟာခေတ်သစ်ကျွန်ပြုခံနေရတယ်” ဆိုတဲ့စကားအောက်မှာမိမိတိုင်းပြည်က ကလေးတွေပါပါနေလားဆိုတဲ့အသိကိုလည်းပေးမယ့်ဇတ်ကားဖြစ်တယ်။ဂျီးဆပ်စ် တစ်ယောက်လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ပိတ်ကားပေါ်မှာဆက်ကြည့်ပါ။ ရုပ်ရှင်ကို မတ် ၂၀၂၃ ကMammoth ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ၂၀၂၄သြဂုတ်လ၃၀ရက်ကမှအမေရိကန်ပြည်တွင်းမှာ ပြသတာဖြစ်တယ်။ဒီနှစ် အမေရိကန်ပြည်တွင်း BoxOffice (လက်မှတ်ရောင်း)မှာတော်တော်ပေါက်တဲ့ဇတ်ကားဖြစ်ပြီးနိုင်ငံတကာမှာလည်း $ ၁.၇ သန်းရရှိထားပြီဖြစ်ပါတယ်။ဒါရိုက်တာကအလှူရှင်တွေအကူအညီနဲ့မေတ္တာလက်ဆောင်လက်မှတ်တစ်သန်းကိုစီစဥ်ထားတာလည်းထုတ်ပြောပါတယ်။ ကြည့်ရှုသူတွေပေးတဲ့rating90%ရထားတဲ့ဇတ်ကားကောင်းဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ပါတိုက်တွန်းလိုပါတယ်။
...

L'immensità (2022) ⭐TMDB: 64% User Score 🎬 #Drama #Uncategorized 🗓 2022 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 38 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်လောက်မှာဇာတ်အိမ်တည်ထားပြီး ကလာယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်ပြီးကြမ်းတမ်းစွာပြောဆိုပြုမှုတတ်တဲ့ယောကျာ်းနဲ့ စိတ်ဆင်းရဲစွာပေါင်းသင်းနေရတာပါ။ သူ့ဖက်က ကွာရှင်းဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်တာကြောင့်အောင့်အီးသည်းခံပြီး ဆက်လက်ပေါင်းဖက်နေရတာပေါ့။ ဒီလိုမျိုး မိဘတွေကအမြဲတမ်း အ‌ဆင်မပြေဖြစ်နေတော့ ကလေးတွေအပေါ်ကိုပါတဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတော့တာပါပဲ။ ကလေးသုံးယောက်ရှိတာကိုမှ အခံစားရဆုံးကတော့ သိတတ်နားလည်တဲ့အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး အန်ဒရီရာပါ။ မိဘတွေနဲ့ပတ်သက်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့အန်ဒရီရာဟာ စိတ်ထွက်ပေါက်အနေနဲ့ ယောကျာ်းလေးလိုဝတ်၊ယောကျာ်းလေးလိုပြောပြီး၊ ယောကျာ်းလေးလို‌ပဲနေပါတော့တယ်။ ဒီလို‌နဲ့တစ်နေ့မှာတော့ ဆာရာဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး သူငယ်ချင်းအဖြစ်ကနေ တစ်ဖြည်းဖြည်းသံယောဇဉ်ပိုလာကာ ဘာတွေဆက်ဖြစ်မလဲဆို‌တာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။
...

The Guilty (2018) ⭐IMDB: 7.5/10 (66 k Votes) 🎬 #Crime #Thriller #Drama 🗓 2018 🎞 movie 🌎 #Denmark ⏰ 1 နာရီ 26 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ ဇာတ်လမ်းအကျဉ်း============ အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။ အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။ အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ဌာနတွေနဲ့ ချိတ်ပြီးလိုက်ခိုင်းတယ်။ ဒီကားမှာ အခြားရဲတွေ အဓိကဇာတ်ကောင် မိန်းမ ယောက်ျား ကလေးတွေ ဘာကိုမှ မပြသွားပါဘူး။ အက်စ်ဂါရဲ့ ဖုန်းထဲက အမေးအဖြေတွေ အသံတွေအစုံပြပြီး ပရိသတ်ကို ကိုယ်တိုင် မျက်စိနဲ့ လိုက်မြင်ယောင် ခံစားအောင် ဆွဲဆောင်သွားတာပါ။ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ တကယ်တမ်းပြောရရင် ဒီလို ဇာတ်ညွှန်းမျိုးကို မြန်မာတွေသာ စဉ်းစားမိခဲ့တဲံလူရှိရင် ကောင်းကောင်းရိုက်နိုင်ပါတယ်။ အသံတွေ ဖမ်းဖို့နဲ့ လူတစ်ယောက် ရုံးခန်းတစ်ခုပဲ လိုသလောက်ရှိမှာပါ။ ဒါပေမယ့်ပေါ့လေ မပြောတော့ပါဘူး အာလည်းပေါက်လှပါပြီ။ ဒိန်းမတ်ကားလေးပဲ စိတ်ချမ်းသာအောင် ကြည့်ကြပါတော့။
...

The Circle (2017) ⭐IMDB: 5.4/10 (102 k Votes) 🎬 #Drama #Thriller #ScienceFiction #Mystery #SciFi 🗓 2017 🎞 movie 🌎 #UnitedArabEmirates #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျိုှုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ….. ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
...

2001: A Space Odyssey (1968) ⭐TMDB: 81% User Score 🎬 #Adventure #SciFi #ScienceFiction #Mystery 🗓 1968 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 29 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2001: A Space Odyssey (1968)****************************IMDb….8.3, Rotten….92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်… ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး ၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာ ရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။ အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာ မမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီကားဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင် 2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ 2001 ရုပ်ရှင်အကြောင်း၊Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီးဒီရုပ်ရှင်ဟာ အနာဂတ်ဟောစာတမ်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ လူသားတွေဆီရောက်ရှိလာတဲ့ ကျောက်တိုင်ကြီး ၄ တိုင်ကို ရှာဖွေပုံအကြောင်းနဲ့ ဒီကျောက်တိုင် ၄ တိုင်ရဲ့ ဆက်စပ်မှုအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး အထင်ရှားဆုံးထူးခြားချက်ကတော့ လကမ္ဘာကို လူတွေမရောက်သေးခင်မှာတင် လကမ္ဘာကို စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးတွေ လပေါ်တကယ်ရောက်ရှိခဲ့ပြီး ပြန်လာတဲ့အခါမှာလည်း လကမ္ဘာဆိုတာ 2001: A Space Odyssey ထဲကအတိုင်းပါပဲလို့ ပြောသွားရလောက်တဲ့အထိ မှန်ကန်တိကျခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ 2001 ဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလိုပဲ အချိန်ကြာလေလေ ရုပ်ရှင်ထဲကအချက်အလက်တွေ၊ သီအိုရီတွေက လူတွေနဲ့ ပိုမိုနီးစပ်လာလေ၊ ရင်းနှီးလာလေဖြစ်ပြီး Stanley Kubrick တစ်ယောက် ဒါကြီးကို ဘယ်လိုများစဉ်းစားမိပါလိမ့် လို့တွေးသွားရလောက်အောင် အံ့သြစေပါလိမ့်မယ်။ ၁၉၆၀ က မရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင် အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့ A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားပြီး တကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့်ရှူသူတစ်ယောက်ကို အမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီး ဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။ Stanley Kubrick ရဲ့ နှစ်ခါပြန်မရနိုင်တော့တဲ့ 2001 ဇာတ်ကားကြီးကို အခုပဲ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ အာကာဖြိုးမှရေးသားပေးပြီး ဘာသာပြန်သူကတော့  JtheKoala ဖြစ်ပါတယ်
...