ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Scooby-Doo! and the Goblin King (2008) ⭐TMDB: 77% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Music 🗓 2008 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ စကူဘီဒူးတို့အဖွဲ့က ကူဗေးလ်ဟော်လိုဝင်းပွဲတော်မှာ လာဆင်နွှဲကြပါတယ်။ မှော်ဆရာခရက်ဒ်စကီနဲ့ ပဋိပက္ခတွေဖြစ်မိရာကနေ အန္တရာယ်တွင်းထဲဆင်းကြရပြန်ပါဦးမယ်။ ဝိညာဉ်လောက မြေအောက်ကမ္ဘာကို စွန့်စားခရီးသွားကြမယ့် စကူဘီနဲ့ရှက်ဂီတို့ ဘာတွေကြုံတွေ့ကြရဦးမလဲ။ ဒါရိုက်တာ Joe Sichta ရဲ့ လက်ရာဆန်းတွေနဲ့အတူ musical ပိုင်းမှာလည်း အားဖြည့်ထားမြဲမို့ ကြည့်လို့ကောင်းနေမှာပါ။ စကူဘီဒူးဖန်တွေအတွက် CM မှ တင်ဆက်ပေးလိုက်ပါပြီ။
...

Till Love Do Us Apart (2024) ⭐TMDB: 100% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 53 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကိုယ်လက်အင်္ဂါမပြည့်စုံကြတဲ့လူတွေကိုဖယ်ကျဥ်းနေကြစမြဲဆိုတဲ့အရာကိုမီးမှောင်းထိုးပြထားတဲ့ Till love do us apartဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဖူကျားယိဆိုတဲ့အသက် ၃၀ အရွယ်ဝန်းကျင်ကောင်မလေးကမွေးရာပါလက်နှဖက်မပါတဲ့မသန်စွမ်းတစ်ယောက်။ သူနဲ့အတူအကြားအာရုံချို့တဲ့နေတဲ့ ဖူမန်သော်ဆိုတဲ့မောင်လေး ၂ ယောက်လုံးကမသန်ပေမဲ့ စွမ်းတယ်ဆိုတဲ့အတိုင်းအရမ်းကြင်နာတတ်ပြီးစိတ်ထားကောင်းကြတဲ့ မောင်နှမ ၂ ယောက်။ ဒီလိုနဲ့တနေ့မှာဖူမန်သော်ကိုအနိုင်ကျင့်တဲ့ အစ်ကိုမန်ဆိုတဲ့လူက ဖူကျားယိနဲ့မာကျောက်ဆော့ရင်းရူံးသွားခဲ့တယ်။ဒါပေမဲ့ မကျေနပ်ပဲ ဖူကျားယိကိုမိဘမဲ့အကြည်းတန်လှောင်ပြောင်စော်ကားမိတာကြောင့် ဖူကျားယိတစ်ယောက်စိတ်ဆိုးလို့အရက်သောက်ပြီးအိမ်ပြန်လမ်းမှာ အမှိုက်ပုံးထဲက ကလေးငိုသံကြားလို့သွားကြည့်ရင်းသမီးမိန်းကလေး တစ်ယောက်ကို အမှိုက်ပုံးထဲစွန့်ပစ်ထားခဲ့တာတွေ့သွားတာပေါ့။ ဒီလိုနဲ့သနားစိတ်နဲ့အိမ်ခေါ်လာပြီး မောင်နှမထိန်းကျောင်းလာကြတာအချိန်တခုကြာပြီးနောက်အိမ်နီးနားချင်းတွေကကလေးငိုသံကြောင့်မအိပ်ရကြောင်းကို အစ်ကိုမန်နားထဲရောက်သွားခဲ့တယ်။ပတ်ဝန်းကျင်က  ရဲကိုဖူကျားယိတစ်ယောက် ကလေးလူကုန်ကူးကြောင်းလုပ်ကြံတိုင်ကြားခဲ့တာကြောင့် ဖူကျားယိတယောက်ရဲစခန်းကိုရောက်သွားတဲ့အခါမှာတော့ ဒီဇာတ်ကားလေးဟာ လူသားချင်းမေတ္တာတရားတွေနဲ့ဆက်ဆံပုံအပြင် ဘဝမှာဘယ်အရာအရေးအကြီးဆုံးဆိုတာကိုမီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးတကားပဲဖြစ်ပါတယ်
...

Welcome To The Game (2024) ⭐TMDB: 50% User Score 🎬 #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကစားပွဲလေးက ကြိုဆိုလိုက်ပါတယ်…အမြဲတမ်း လောင်းကစားဆိုနိုင်နေတဲ့ ပန်ကာထိပ်က ဝက်အူ လုဖေးတစ်ယောက်…အချီကြီးရှုံးသွားတဲ့ကစားပွဲတစ်ခုကို ပုံဖော်တင်ဆက်ပေးထားတဲ့ကားလေးတစ်ကားပါ…အားလုံးသိမှာပါ လောင်းတယ်ဆိုတဲ့ ကစားပွဲမှာ… လောင်းတာက ငွေမဟုတ်ပါဘူး…စိတ်ကိုပါ….အလျော်အစားတော့ကြီးတာပေါ့…လုဖေးတစ်ယောက်က ကာစီနိုတွေမှာ အချဉ်ဖမ်းနေကြသူတစ်ယောက်ပေါ့…တစ်နေ့ သူအချဉ်ဆိုပြီး ၁၀ သိန်းနဲ့လောင်းလိုက်မိတာ… သူရှုံးသွားခဲ့ပါတော့တယ်… ဒီလိုနဲ့ ၆ ရက်အတွင်း သူအကြွေးမဆပ်နိုင်ရင်ကလီစာထုတ်ရောင်းခံရမယ့်အခြေအနေရောက်နေတာပေါ့…ဒီတော့ လုဖေးလည်း ဒီအကြွေးကိုဆပ်ဖို့နောက်ထပ် ကစားပွဲတစ်ခုကို လောင်းကြေးထပ်ခဲ့ပါတယ်… ဒါကတော့ သူ့အကြွေးရှင်ရဲ့သမီးကို ပြန်ပေးဆွဲတာပါပဲ…ဟုတ်ပါတယ်… လုဖေးတစ်ယောက် နေရင်းထိုင်ရင်း သူဌေးသမီးတစ်ယောက်ကို ကောက်ရပြီး…အဲ့သူဌေးသမီးက အကြွေးရှင်သမီးဖြစ်နေတာကြောင့်….ပြန်ပေးဆွဲယောင်ဆောင်ပြီး ရတဲ့ငွေနဲ့ အကြွေးပြန်ဆပ်ဖို့မဟာစီမံကိန်းကြီးရေးဆွဲပြီး ကစားပွဲကို စကပါတော့တယ်…. သူ့အစီစဉ်တိုင်းအောင်မြင်မှာလား….ဒီကစားပွဲက ဘယ်သူက ကစားသမားလဲ…ဘယ်သူက နယ်ရုပ်လဲဆိုတာကတော့…CM နဲ့အတူ ကြည့်ပြီး ဖော်ထုတ်ကြတာပေါ့ စုံထောက်တို့ရေ
...

Lucky Baskhar (2024) ⭐IMDB: 8.1/10 (19 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lucky Baskhar (2024) “ဖိုးကံကောင်း ဘာစကာ” IMDb – 8.4/10 အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့ဇာတ်လမ်းကောင်းဆိုတာမျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။ တလေဂူးရုပ်ရှင်…။တောင်ပိုင်းမင်းသား ဒူလ်ကာဆာလ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။ဘာစကာ…။မာဂါဒါဘဏ်က ငွေကိုင်တစ်ယောက်။ လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထားခြင်းခံရတဲ့သူ။ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေပေါများလှတဲ့သူ။လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံးယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။ တစ်နေ့မှာတော့ စီဘီအိုင်ကနေ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရပါတော့တယ်။မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူကဘာလို့ စီဘီအိုင်အဖွဲ့ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရလဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Scooby-Doo! Spooky Games (2012) ⭐IMDB: 6.6/10 (479 Votes) 🎬 #Adventure #Animation #Comedy #Mystery #Family #Short 🗓 2012 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ရှက်ဂီနဲ့ စကူဘီဟာ သူတို့ ဆန်းကျယ်မှုတွေကို လိုက်စုံစမ်းရင်း အသက်လုပြေးနေတာကို အနီးနားမှာရှိတဲ့ ကမ္ဘာ့အားကစားပြိုင်ပွဲ စီစဉ်သူက မြင်သွားပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ် အဲဒီလိုနဲ့ ရှက်ဂီက အပြေး အားကစားသမား စကူဘီက ရှက်ဂီရဲ့ နည်းပြအဖြစ်နဲ့ တလွဲတွေ လုပ်နေတာကို ကြည့်ရဦးမှာပါ အဲဒီအပြင် အားကစားပြိုင်ပွဲကျင်းပတဲ့ နေရာမှာရှိတဲ့ နှစ် ထောင်ချီနေတဲ့ ရုပ်တုကြီး အသက်ဝင်လာပြီး ဒီအားကစားပွဲကို ဖျက်ဆီးတဲ့ အခါမှာ ဘာတွေဖြစ်သွားမလဲ mystery inc ကရော ဒီကိစ္စကို ဖြေရှင်းပေးသွားနိုင်မှာလားဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်
...

Remo Williams: The Adventure Begins (1985) ⭐TMDB: 63% User Score 🎬 #Action #Adventure #Comedy #Crime 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။ နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။ CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။ အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့် CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်. သူတို့ကိုယ်တိုင် ထောက်လှမ်းဖို့ နည်းလမ်းရှာမတွေ့နိုင်သေးတဲ့ လက်နက်ကုမ္ပဏီတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနိုင်ဖို့ ရီမို့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်.။ The Destroyer ဆိုတဲ့ ဝတ္ထုစီးရီးရဲ့ ရုပ်ရှင်အဖြစ် ပထမဦးဆုံးခြေလှမ်းလည်းဖြစ်တဲ့ Remo Williams : The Adventure Begins ဆိုတဲ့ ၁၉၈၅ ခုနှစ်က အက်ရှင်ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
...

Two Guys (2004) ⭐TMDB: 54% User Score 🎬 #Action #Comedy 🗓 2004 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Two Guys (2004) ************************* IMDb… 7.2 My Sassy Girl ထဲမှ Cha Tae Hyun ၊ Bad Guys: City of Evil ထဲမှ Park Joong Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရယ်လည်း ရယ်ရ အက်ရှင်ကားဆန်ဆန်လေးလည်း ကြည့်ရှုရမဲ့ comedy action ဖြစ်တဲ့ Two Guys ရုပ်ရှင်ကို CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဇာတ်လမ်းအညွှန်း- ဂင်ဟွန်း ( Cha TaeHyun) ဟာ အကြွေးတွေထူပြီး အကြွေးရှင်တွေဆီကနေ ပုန်းရှောင်နေရတဲ့ နာမည်ကြီး အကြွေးထူတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ငွေတိုးချေးစားသူတစ်ယောက်ဟာ ဂင်ဟွန်းဆီက အကြွေးကို ပြန်တောင်းပေးဖို့ ဘတ်ဂျွန်ထယ် (Park Joong Hoon) ကို ငှါးရမ်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဘတ်ဂျွန်ထယ်နဲ့ ဂင်ဟွန်းတို့နှစ်ယောက်သားတွေ့ဆုံမိပြီး တစ်နေ့မှာ ထူးဆန်းတဲ့အိတ်တစ်လုံးကြောင့် လူသတ်မှုတစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့အပြင် ထိုအိတ်ကိုလည်း လိုချင်နေတဲ့ အဖွဲ့တစ်ခုနှင့်လည်း ရင်ဆိုင်ရတဲ့အခါမှာတော့… ဂင်ဟွန်းနဲ့ ဘတ်ဂျွန်ထယ်တို့ နှစ်ယောက် ဘယ်လိုတွေ ဒုက္ခများကြမလဲ.. ပွက်လောရိုက်ကြမလဲ.. အိတ်ကို လိုချင်နေတဲ့အဖွဲ့ရဲ့လက်ထဲကနေရော ဘယ်လို လွတ်အောင် ထွက်ပြေးကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို  Theint မှ ရေးသားပေးထားပါတယ်။)
...

Bonds Will Be Broken (2024) ⭐TMDB: 50% User Score 🎬 #Drama #Thriller #Uncategorized #TVMovie 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bonds Will Be Broken (2024) ***************************** 2024 မှာထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအသစ်တစ်ခုဖြစ်ပြီး ဒါရိုက်တာPaula Elle ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Emily Tennant,Greyston Holt, Andrew Fransic, Natalie Sharp တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ညီမဖြစ်သူ Nina တစ်ယောက် White Light လို့ခေါ်တဲ့ cult တစ်ခုထဲရောက်သွားပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် အစ်မဖြစ်သူGinny Budd တစ်ယောက် အဆိုပါ cult ထဲ ဝင်ဖို့အတွက်အယုံလွယ်တဲ့ ဥပဒေကျောင်းဆင်း Anna အဖြစ်ဟန်ဆောင်ပြီး cult ထဲဝင်နိုင်ဖို့ဒေါ်လာ သုံးရာပေးရတဲ့ အတန်းတက်တာကစလို့ အဆင့်ဆင့်ကျော်ဖြတ်ရပါတော့တယ်။ Cult ထဲအောင်အောင်မြင်မြင်ရောက်သွားတဲ့အခါ သူ့ညီမကိုသူ့ဆန္ဒအတိုင်း ကယ်ထုတ်နိုင်မလားဆိုတာကိုတော့….. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်)
...

Mortal World 2 (2023) ⭐TMDB: 63% User Score 🎬 #Comedy #Action #Crime 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 56 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mortal World 2 (2023) “အကြမ်းစားတိုက်ပွဲ”IMDb – 6.8/10 အတွဲတစ်မှာတုန်းက review ကောင်းကောင်းလေးတွေရထားတဲ့Mortal World တူရကီမှုခင်းဟာသရုပ်ရှင်ဟာဆိုရင်ဒီတစ်ခါမှာတော့ မတူညီတဲ့ပုံစံတွေနဲ့ ပရိသတ်ရင်ကို ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။ မာမာမိသားစုဟာ ဥပဒေလိုက်နာတဲ့ မိသားစုအနေနဲ့ သာမန်ဘဝလေးမှာ နေထိုင်နေကြပါတယ်။ဒါပေမဲ့ မိသားစုဝင်တိုင်း တစ်ယောက် အပူတစ်ခုစီနဲ့ပါ။ ဆာဟန်က ကိုယ်ဝန်ရှိနေတဲ့သူ့မိန်းမနဲ့ အမြန်ရန်တကျက်ကျက်ဖြစ်နေပြီး ဆာဟတ်ကတော့ တစ်စုံတစ်ယောက်သောသူကိုလွမ်းဆွတ်ကာ အထီးကျန်နေပါတယ်။ ဒီလိုအပူကိုယ်စီနဲ့ သူတို့ဆီကို အပူပေါ်အပူဆင့်ဆိုသလိုပြဿနာအကြီးကြီးတစ်ခု ရောက်လာပါတော့တယ်။အဲဒါကတော့ ဇက်ဖီတစ်ယောက် အန္တရာယ်များတဲ့အဖွဲ့အစည်းတစ်ခုဆီမှာ ပြန်ပေးဆွဲခံလိုက်ရတာပါ။ဇက်ဖီကိုကယ်ဖို့အတွက် ဂါဇန်ဖာဟာသူ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ်။ အန္တရာယ်များလွန်းတဲ့ အော်ပရေးရှင်းတစ်ခုဖြစ်တာကြောင့် မိသားစုဝင်တွေကြားလက်ရှောင်ချင်တဲ့သူနဲ့ ကြောက်လန့်နေတဲ့သူနဲ့ စသဖြင့် စိတ်ဝမ်းကွဲနေကြပါတယ်။ဂါဇန်ဖာတစ်ယောက် စည်းလုံးမှုပြိုကွဲနေတဲ့ သူမိသားစုကို ဖျောင်းဖျနိုင်ပါ့မလား။ဇက်ဖီကိုရော သူတို့ကယ်တင်နိုင်ပါ့မလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

A Carol for Two (2024) ⭐IMDB: 6.2/10 (628 Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Carol for Two (2024) ********************** ခရစ္စမတ် Vibe ရပြီး ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့်Romance ကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ .. Broadway ဆိုတာက သီချင်းပြဇာတ်လောကမှာတက်သစ်စ အနုပညာရှင်တိုင်းအတွက် အိပ်မက်တစ်ခုပါ .. ဗိုင်အိုလက်ဆိုတဲ့ နယ်မြို့လေးက ကောင်မလေးဟာBroadwayမှာ ပါဝင်ဖို့အရွေးခံရပြီးNew Yorkကို တက်လာခဲ့ပါတယ် .. ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုရွေးထားတဲ့ ပွဲဟာပျက်သွားတဲ့အခါမှာတော့အဖေဖြစ်သူကိုလည်း အမှန်အတိုင်းပြောလို့မရတဲ့ အခြေအနေဖြစ်လာပြီးဗိုင်အိုလက်တစ်ယောက် New Yorkမှာ သောင်တင်ဖို့ဖြစ်လာပါတော့တယ် .. ဒီလိုနဲ့ အဒေါ်ဖြစ်သူရဲ့ဆိုင်မှာ အလုပ်သင်ဝင်လုပ်ရင်းအိပ်မက်နောက်ကိုဆက်လိုက်ဖို့ ကြိုးစားရကနေ အဲဒီဆိုင်မှာပဲအလုပ်လုပ်နေတဲ့ဝါသနာတူအဲလက်စ်နဲ့ဆုံပြီး ခရစ္စမတ်အကြိုညမှာ ဖျော်ဖြေဖို့အခွင့်အရေးရလာခဲ့ပါတယ် .. ဝါသနာတူလူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ဗိုင်အိုလက်နဲ့ အဲလက်စ်တို့ကြားမှာဘယ်လိုမျိုးတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ရအောင်ပါ .. ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်)
...

Don't Tell Mom the Babysitter's Dead (1991) ⭐IMDB: 6.3/10 (39 k Votes) 🎬 #Comedy #Family 🗓 1991 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
...

Ted Bundy (2002) ⭐TMDB: 57% User Score 🎬 #Crime #Horror 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းက‌ေလး‌ေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အ‌ေတာ်ကြာငြင်းဆိုပြီး‌ေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။ တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။ များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ ” Handsome Devil ” တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှု‌‌ေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။ သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က Ted Bundy အနေနဲ့သရုပ်ဆောင်ပြီး Boti Bliss ကသူ့ရည်းစား Lee အနေနဲ့ပါ၀င်ထားပါတယ်။ တချို့အခန်းတွေက နည်းနည်းကြမ်းလို့ အတူကြည့်မယ်ဆို လူရွေးကြည့်ကြပါနော်။
...

Heavy Snow (2024) ⭐TMDB: 80% User Score 🎬 #Romance #Youth #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heavy Snow (2024) ************************* IMDb… 7.2 ကဲ အကုန်လုံး စောင့်နေကြတဲ့ ဟန်ဆိုဟီးရဲ့ GL ကားလေး ထွက်ရှိလို့လာပါပြီ။ -ဇာတ်လမ်းအညွှန်း- အီဆူအန်း (Han Hae In) ဟာ အနုပညာကျောင်းသူဖြစ်ပြီး အီယွန်း‌‌ဆော (Han So Hee) က‌တော့ တက်သစ်စမင်းသမီးလေးပေါ့။ ဆောလေးရဲ့ အိပ်မက်ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆူအန်းနဲ့ အချစ်ကား ရိုက်ကူးရဖို့ဆိုရင်လည်း မမှားပါဘူး။ ကျောင်းမှာ အရင်းနှီးဆုံးဖြစ်ကြတဲ့ သူတို့ သူငယ်ချင်း၂ယောက်ဟာ ဆိုးလ်မြို့ကို ခရီးထွက်လာပြီး အချင်းချင်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှု တွေကို မျှဝေရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ခိုင်မြဲလာကြပါတယ်။ ဒါပေမဲ့ ရုတ်တရက် နှစ်ယောက်ကြား ပေါ်လာတဲ့ အထင်လွဲမှုတွေကြောင့် ဆူအန်းက မြို့ကနေ ထွက်သွားတဲ့အခါမှာတော့.. ဆူအန်းနဲ့ ဆောလေးတို့ ပြန်ပြီး အဆင်ပြေနိုင်ပါ့မလား.. ဆောလေးကရော သူ့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ စောင်ကိုက်ပြီး ကြည့်ရှုပေးကြပါဦးနော်၊ (ဇာတ်လမ်းအကျဉ်းကို  ToeToe Aung မှ ရေးသားပေးထားပါတယ်။)
...

Outsider Girls (2024) ⭐TMDB: 55% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #Chile ⏰ 1 နာရီ 22 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Outsider Girls (2023) Imdb 6.4 လူငယ်တစ်ယောက်သေဆုံးသွားရင် လူအများစုက ဒီလူငယ်လေးမှာရှေ့လျှောက်အနာဂတ်ကောင်းတွေ အများကြီးရှိတယ်နှမြောစရာပဲလို့ပြောကြတယ် သေသွားတဲ့လူက ဘယ်လောက်ပဲသုံးစားမရတဲ့ အမှိုက်ဖြစ်နေရင်တောင်မှပေါ့ဒီတော့ နင်အကောင်းဆုံးလုပ်နိုင်တာက ငယ်ငယ်လေးနဲ့သေသွားဖို့ပဲဆိုတဲ့အချင်းချင်းအားပေးတတ်ကြတဲ့ သူငယ်ချင်းတွေ အပူပင်ကင်းတဲ့တက္ကသိုလ်ကျောင်းသူဘဝမှာ အပူကင်းလွန်ပြီး ရာဖီတစ်‌ယောက်ကိုယ်ဝန်ရခဲ့ပါတယ် သူတို့နိုင်ငံမှာက ဖျက်ချတာကိုမိတာနဲ့ ထောင်ကျမှာပါ ကိုယ်ဝန်ဖျက်ချလို့မရတဲ့အပြင်ထောင်ထဲမှာပါ ဘဝမဆုံးချင်တဲ့ရာဖီတို့ တိုးတိုးတိတ်တိတ်နဲ့ ဖျက်ချပေးမဲ့လူရှာရပါတော့တယ်လူငယ်ပီပီ တက်တက်ကြွကြွဖြစ်ခဲ့တဲ့ရာဖီအဖို့တော့ တရားမဝင်ဖျက်ချခန်းတွေရှာဖို့သူငယ်ချင်းနဲ့အတူဘယ်လို အခက်အခဲတွေကျော်ဖြတ်သွားရမယ်ဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်
...

What Death Leaves Behind (2018) ⭐TMDB: 50% User Score 🎬 #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What Death Leaves Behind(2018) *********************************** အလုပ်ကြိုးစားပြီး ဘဝကိုရိုးစင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်ရှိတယ်… တစ်နေ့တော့ သမရိုးကျ မဟုတ်တဲ့ဖြစ်စဉ်ကြီးတစ်ခု မလွှဲသာမရှောင်သာ သူရင်ဆိုင်လိုက်ရတယ်…အဲဒါကတော့ သူ့ကျောက်ကပ်အစားထိုးကုသလိုက်ရတာပါပဲ… ကျန်းမာရေးအဆင်ပြေနေပေမဲ့ အစားထိုးပြီးကတည်းက သူ့ရင်ဘတ်ထဲက ကျောက်ကပ်အကြောင်းကို အချိန်ပြည့်တွေးနေတယ်… သူ့ရဲ့ အတွေးအခေါ်တွေဟာလည်း သာမန်လူတစ်ယောက်လိုမဟုတ်တော့ဘူး… အဲဒီနောက် သူ့ပတ်ဝန်းကျင်မှာလည်း လူသတ်မှုတွေတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတယ်… သူနဲ့ ပတ်သက်နေလား ဒီလူသတ်မှုတွေက … ဒီပြသနာအရှုပ်တွေကို သူဘယ်လိုရင်ဆိုင်မလဲ..ဆိုတာကိုတော့ ခံစားကြည့်ပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်
...

Daaaaaalí! (2024) ⭐TMDB: 62% User Score 🎬 #Comedy #Drama #Fantasy 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 18 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Daaaaaalí! ( 2023 )ဒါလီ ဒါလီဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် ပြင်သစ်ဟာသရုပ်ရှင်ဖြစ်ပြီးအိပ်မက်ဆန်ဆန်သရုပ်ဖော်မှုကို ဦးစားပေးသည် ၁၉၂၀ ဝန်းကျင်မှအနုပညာရှင် ဆေလ်ဗာဒေါဒါလီအကြောင်းကို အတ္ထုပ္ပတ္တိကိုအစစ်အမှန်နဲ့အမှားရောပြီး ရိုက်ကူးဖော်ပြထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ..ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျူဒစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ကနာမည်ကြီး စပိန်အနုပညာရှင် ဆေလ်ဗာဒေါဒါလီနှင့် တွေ့ဆုံ၍မှတ်တမ်းရုပ်ရှင်ပရောဂျက်အတွက် အကြိမ်များစွာကြိုးစားခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အင်တာဗျူးဖို့ ချိန်းဆိုခဲ့တဲ့အခါမှာတော့အင်မတန်နာမည်ကြီးသလို အင်မတန်မှလည်းချေလှပါသောအနုပညာရှင်ကြီးက ရုပ်ရှင်ကင်မရာမပါဘဲစာရွက်နဲ့ဘောပင်နဲ့တင် အင်တာဗျူးမယ်ဆိုလို့ ချက်ချင်းထပြန်သွားပါတယ်။အဲဒီနောက်မှာတော့ ဂျူဒစ်က ဒါလီ့ကို အင်တာဗျူးခွင့်ရဖို့အတွက်ပုံစံမျိုးစုံနဲ့ ကြိုးစားချဉ်းကပ်ပါတော့တယ်။ နာမည်ကြီးသလောက် အကောင်းတကာ့အကောင်းဆုံးကိုမှ ရွေးချယ်တတ်တဲ့ဒါလီ့ကို ပြင်သစ်မလေး ဂျူဒစ်က အောင်မြင်စွာပဲ အင်တာဗျူးခွင့်ရပါ့မလားဆိုတာကိုတော့…. ( ဘာသာပြန်နဲ့အညွှန်းကိုတော့ CM Bollywood Team မှတင်ဆက်ပေးထားပါတယ်
...

Warriors of the Nation (2018) ⭐IMDB: 6.2/10 (108 Votes) 🎬 #Action 🗓 2018 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Warriors Of The Nation(2018) IMDb …… 6.1 ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး။ ၁၉၀၇ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကို သိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်ပိုက်ဖို့ အတွက်Planကြီးဆွဲထားခဲ့တယ်။ အဲဒီအချိန် ဘုရင်ရဲ့ အမိန့်နဲ့ ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ကို ကယ်တင်ချင်တဲ့ စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်
...

Deepavali Bonus (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deepavali Bonus (2024) ဒီပါဝလီအပိုဆုကြေး ဒီပါဝလီပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်လိုအပ်တာတွေပြင်ဆင်နေကြတဲ့ရာဗီနဲ့ ဂီသာတို့ လင်မယား၂ယောက် .. ဂီသာရဲ့သူဌေးကတော့ အလုပ်လုပ်ဖို့ရောက်တာနဲ့ပြစ်တင် ကြိမ်းမောင်းနေသူမျိုးပါ ရာဗီရဲ့အလုပ်ရှင်ကတော့ ပွဲတော်အတွက်အပိုဆုကြေးပေးမယ်ပြောပေမဲ့တကယ်ရက်နီးတဲ့အခါ အလုပ်ဆင်းရမယ်ဆိုပြီးအာဏာသုံးဖိအားပေးလာတဲ့အခါသူတို့ဟာအလုပ်ရှင်ကိုမကျေနပ်ကြောင်းထုတ်ဖော်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ် သူတို့သူဌေးတွေရဲ့ ဖိအားပေးမှု၊ အပိုဆုကြေးလိုလိုချင်ချင်ထုတ်မပေးမှုတွေအပြင်သူတို့သားငယ်လေးရဲ့လိုအပ်ချက်တွေပါဖြည့်ဆည်းဖို့ဖြစ်လာတဲ့အခါမှာတော့…ဘယ်လိုရှေ့ဆက် ကြိုးစားသွားရမလဲ သူတို့ရဲ့ဆက်ဆံရေးပေါ်မှာလည်းသက်ရောက်မှုရှိမလားဆိုတာ………… အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Sumotherhood (2023) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Action #Comedy #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sumotherhood (2023) IMDb Rating (4.6) / Rotten Tomatoes (42%) အူတက်အောင်ရယ်ရမယ့် လန်ဒန်က ဂိုဏ်းစတားဟာသကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ရီကို နဲ့ ကိန်း ဆိုတဲ့သူငယ်ချင်း၂ယောက်ဟာ လမ်းဘေးမှာကြုံရာကျပန်းဂိုဏ်းစတားအလုပ်တွေလုပ်ကိုင်ပါတယ်။ ပင်ကီဆိုတဲ့လူကိုတင်နေတဲ့ အကြွေးတွေပေးနိုင်ဖို့ ဘဏ်ကိုဓားပြတိုက်ရင်း လီယိုဆိုတဲ့ဂိုဏ်းစတားတစ်ဦးကို မတော်တဆသတ်မိရင်း ပြဿနာတွေတက်သွားကြပါတယ်။ ဒီတော့လီယိုရဲ့ ညီ ဂိုဏ်းကလည်းသူတို့၂ယောက်ကိုလိုက်နေကြတာပေ့ါ။ ဒီသတင်းကို ပြိုင်ဘက်ဂိုဏ်းဖြစ်တဲ့ ရှော့တီတို့ကြားသွားရာ သူတို့နဲ့ပူပေါင်းလိုက်ပါတယ်။ ရှော့တီတို့ဂိူဏ်းကိုရောက်သွားတဲ့ သူတို့သူငယ်ချင်း၂ယောက် ပိုက်ဆံရှာရင်း ဘယ်လိုတလွဲလုပ် ဘယ်လိုအကြွေးဆပ်ကြမလဲဆိုတာ ကြည့်ရှုကြပါဦး။ အဆိုတော် Ed Sheeran လဲပါဝင်အားဖြည့်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)
...

Extinction (2018) ⭐IMDB: 5.8/10 (59 k Votes) 🎬 #Action #SciFi #Thriller #Drama #ScienceFiction 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ… ဟုတ်ပါတယ် Michael Peña ပါ သူကတော့ Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီး ဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါ အခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာ ခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာ Ant Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့ စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲ အိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင် အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာ ဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါ Netflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲ ပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်း သိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့ တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကို ဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ် ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့ လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို အမြဲလိုလို မြင်မက်နေပါတယ် သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာတစ်ဖက်က ဂြိုလ်သားတွေ ရန်ကြောင့် ပျက်စီးပြီး သူတို့ အားလုံးသေကြရတာကို မြင်မက်နေတာပါ သူ့ဇနီး ရော အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကပါ သူရူးနေတယ်လို့ သက်မှတ်ထားကြပြီး ဆရာဝန် နဲ့ ပြဖို့သာ တွင်တွင် ပြောနေခဲ့ပါတယ် ဒီလိုနဲ့ ပီတာဟာ လူတွေ နဲ့ ခပ်ကင်းကင်း နေဖြစ်ခဲ့ပြီး သူ့ အိပ်မက်ထဲက အဖြစ်အပျက်ကိုပဲ စိုးရိမ်ထိတ်လန့်နေခဲ့တယ် တစ်ရက်မှာ ပီတာ ရဲ့ ဇနီးဖြစ်သူက ပီတာ စိတ်သက်သာစေဖို့ သူငယ်ချင်းတွေ မိတ်ဆွေတွေကို ခေါ်ပြီး ပါတီ လုပ်ခဲ့ကြတယ် အဲ့ဒီ ပါတီလုပ်နေတဲ့ ညမှာပဲ မိုးပေါ်က ကြယ်တွေ တဖြုတ်ဖြုတ်ကြွေပြီး ကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ် ပီတာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလား သူတို့ အားလုံး တကယ်သေရတော့မှာလား ဆိုတာနဲ့ ပီတာ အိပ်မက်ထဲက အရာတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ
...