无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Brothers (2023) ⭐IMDB: 6.7/10 (426 Votes) 🎬 #Action #Drama #History #War 🗓 2023 🎞 movie 🌎 #Czechia #Germany #Slovakia #CzechRepublic ⏰ 2 နာရီ 16 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brothers (2023) IMDb Rating (6.7) ဒီဇာတ်လမ်းလေးက 1950s အစောပိုင်းကာလမှာ Czechoslovakia က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Mašín ညီအစ်ကိုတွေဖြစ်တဲ့ Josef နဲ့ Ctirad ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး Mašín ညီအစ်ကိုနှစ်ယောက်က အနောက်တိုင်းတပ်ဖွဲက လွတ်လပ်ရေးရအောင် လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လက်နက်ကိုင်လုယက်မှုတွေ၊ ရဲတွေကို သတ်ပြီး တော်လှန်ခဲ့တယ်။ 1953 မှာ Mašín ညီအစ်ကိုနဲ့ သူတိုသူငယ်ချင်းသုံးယောက် Berlin မြို အနောက်ပိုင်းကို ထွက်ပြေးဖို ကြိုးစားခဲ့ပြီး အဲဒီခရီးကြမ်းက အမှုထမ်း 20,000 ကျော် ပါဝင်ခဲ့တဲ့ ဂျာမဏီအရှေ့ပိုင်းရဲ့ အကြီးမားဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ဝရမ်းပြေးဖမ်းဆီးမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့တာပဲ ဖြစ်ပါတယ်။ Czech သမိုင်းကြောင်းမှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ ဒါမှမဟုတ် ရာဇဝတ်သားတွေဆိုပြီး အမြင်ကွဲလွဲမှုတွေခံရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ တော်လှန်ရေးခရီးကို ဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Stand By Me (2024) ⭐TMDB: 61% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 8 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲလူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးကဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရောအမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက်တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။ တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာအနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကိုပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုကသတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang ကအဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်းအားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။...
Shaolin vs. Evil Dead (2004) ⭐TMDB: 45% User Score 🎬 #Action #Horror 🗓 2004 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 34 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာတပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။ အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီးကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီးပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်းထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့်ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးကအရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ် ၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်းအက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။...
Paku Tanah Jawa (2024) ⭐IMDB: 5.4/10 (89 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Malaysia #Indonesia ⏰ 1 နာရီ 39 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီး လူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။ ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည် ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲ လုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲ ဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေ အတွက် ပြောစရာကြီးဖြစ်နေတာပေါ့။ အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်း အမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်း နားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့ လူတစ်ယောက် ဝင်လာချိန်မှာတော့...
Geng Jin (2024) ⭐TMDB: 0% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 47 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Geng Jin (2024) သရဲပျော်တဲ့အိမ် အသစ်ထွက်ရှိလာတဲ့ မလေးရှားဟာသသရဲကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ စွန့်ပစ်ထားတဲ့ အိမ်ကြီးတစ်လုံးရှိတယ်။ အဲဒီအိမ်ကြီးကို သရဲနှစ်ဖွဲ့က သူပိုင်ငါပိုင်လုနေကြလေရဲ့။အိမ်ကြီးအနား အိမ်ကြီးဆီ အရဲစွန့်လာကြတဲ့လူတွေကိုခြောက်လှန့်လွှတ်ကြတာပေါ့။ လူတွေကြားမှာလည်း စက်တင်ဘာလ လပြည့်နေ့လရောင်အမှိန်ဆုံးအချိန်မှာ ထူးဆန်းတာတွေဖြစ်မယ်ဆိုတဲ့ပါးစပ်ပုံပြင်ကလည်းရှိနေတယ်။ လပြည့်နေ့ရောက်ဖို့ ရက်ပိုင်းအလို အဲဒီအိမ်ကြီးဆီကိုမိသားစုတစ်စု လာနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်)...
A Normal Family (2023) ⭐IMDB: 7.2/10 (367 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thrillerရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကိုremake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dreamတို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီးလူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်မနေသူပါ။ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်းဂယောင်း (Kim Hee-Ae) နဲ့လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး…တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေးစတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား…သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက်သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Coward Hero (2019) ⭐IMDB: 4.9/10 (128 Votes) 🎬 #Comedy #Drama 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသတွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်ကလူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ် ယန်သဟိုင်မှာ တိတ်တခိုးချစ်နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ်ယန်သဟိုင်က သူ့ဘဝလေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲသူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါ သူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ… ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ…သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ..သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော်...
Mystic River (2003) ⭐TMDB: 77% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystic River (2003) *********************IMDb….7.9,,,,Rotten…88% ဒီဇာတ်ကားကတော့ စာအုပ်လည်း ထွက်ထားပါတယ် ….. ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် ….. တော်တော်များများရုပ်ရှင်တွေက စာအုပ်ကို မမှီဘူးလို့ ဝေဖန်ခံရလေ့ရှိပါတယ် …. ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် …. သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ… Thriller fan တွေတကယ်ကို လက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ.. ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါ ဒီကိစ္စထဲပါလာတယ်… တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ …. သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်.. နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ… သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ … တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယဝင်လာတယ်… ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်… ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ Sean Penn,Tim Robbins, Kevin Bacon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်… အညွှန်းနဲ့ဘာသာပြန်သူကတော့ Jthekoala ပဲ ဖြစ်ပါတယ်...
Housekeeping for Beginners (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #NorthMacedonia #Poland #Croatia #Serbia #Kosovo #Sweden #UnitedStates #Australia #Macedonia #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Housekeeping for Beginners (2024) IMDb Rating (6.9) / Rotten Tomatoes (93%) သာမန်ဇာတ်လမ်းဇာတ်ကွက်မျိုးမဟုတ်ဘဲ လက်တွေ့မှာရှိနိုင်ချေနည်းတဲ့ မိသားစုတစ်စုအကြောင်း ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မက်စီဒိုးနီးယားဖွား ဩစတြီးယားမှာ ကြီးပြင်းခဲ့တဲ့ ဒါရိုက်တာ Goran Stolevski ရဲ့ masterpiece တစ်ခုလို့ပြောလို့ရပါတယ်။ IMDB 6.9 နဲ့ Tomatometer 93% အထိရထားတဲ့အပြင် သက်ဆိုင်ရာနယ်ပယ် ဆုပေါင်းများစွာ ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ခုလို့ ဆိုရပါမယ်။ ဇာတ်လမ်းထဲမှာတော့သွေးသားတော်စပ်တဲ့ လူငါးယောက်ဟာ တစ်မိုးအောက်မှာအတူနေခဲ့ကြတာပါ။ ဇာတ်ဆောင်ဖြစ်သူ ဒီတာဟာ အမေဖြစ်ချင်လျှက်နဲ့ ဖြစ်ခွင့်မရတဲ့အခါမှာ သူ့ရဲ့ အသိမိတ်ဆွတွေထဲက ခိုကိုးရာလိုနေသူတွေအတွက် မိခင်သဖွယ်ကြည့်ရှစောင့်ရှောက်တဲ့သူဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အလျောက် မျောက်ကို မဖိထားရင် မိုးပေါ်တက်ကတတ်တယ် ဆိုတဲ့ စကားအတိုင်း သက်ရွယ်စုံနေတဲ့ ဒီတာတို့မိသားစုကြီးဟာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာခဲ့ပါတယ်။ ပြဿနာကိုယ်စီရှိကြပေမယ့်လည်း ဒါကို ဒီတာက မညည်းမညူပဲကြိုးစားဖြေရှင်းပေးရှာပါတယ်။ အခုလို သွေးသားမတော်စပ်ဘဲ စရိုက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မိသားစုကြီးအကြောင်းကို House Keeping for Beginners ဆိုပြီးတော့ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Villains (2019) ⭐IMDB: 6.2/10 (21 k Votes) 🎬 #Comedy #Drama #Horror #Thriller 🗓 2019 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Villains (2019)*************** ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေ့ါပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲဟာ… လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ်… လမ်းတစ်ဝက်မှာ ကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန်… နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ခမ်းနားတဲ့အိမ်ကြီးကိုရောက်သွားတဲ့အချိန်မှာ… ပြဿနာအကြီးကြီးတွေ စပြီးတက်ပါတော့တယ်။ ဘယ်လိုပြဿနာတွေနဲ့ သူတို့ကို အိမ်ကြီးက ဆီးကြိုနေမလဲ… သူတို့ရဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်သွားမလား…သူတို့ မထင်မှတ်တာတွေ ဘယ်လိုကြုံကြမလဲ… တစ်ယောက်ချင်းစီရဲ့ သရုပ်ဆောင်မှုတွေကို အာရုံစိုက်ကြည့်ရင် သို့လောသို့လောနဲ့ တကယ် စိတ်ဝင်စား… စိတ်လှုပ်ရှားစရာကောင်းလွန်းတာမို့ မလွတ်တမ်းကြည့်ရှုဖို့ ပြောလိုက်ပါရစေ… နည်းနည်းဂေါ်တဲ့အတွဲမို့ စကားလုံးအသုံးတွေတော့ အနည်းငယ်ကြမ်းနိင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...
Hoard (2023) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 2 နာရီ 7 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကိုကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)...
Romance at the Vineyard (2023) ⭐IMDB: 6.1/10 (305 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 25 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romance at the Vineyard (2023) IMDb Rating (6.2) အလက်ဇန်းဒြား a.k.a အယ်လ်ဟာ ကျေးလက်မှာ အဘိုးအဘွားတွေနဲ့အတူနေထိုင်ပြီး ဘိုးဘွားပိုင်ဝိုင်လုပ်ငန်းကို အမွေဆက်ဆံလက်လွှဲပြောင်းယူဖို့အတွက်လုပ်နေတဲ့သူပါ။ သူတို့လုပ်ငန်းဟာ အရင်ကလို မပြေလည်တော့တာကြောင့်မို့ အယ်လ်အနေနဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ သူတို့ရဲ့ “Pinot noir” ဝိုင်ကို အားကိုးပြီး “Hank’s Wine and Spirits” ဆိုတဲ့လုပ်ငန်းနဲ့ပူးပေါင်းကာ ဝိုင်လုပ်ငန်းပြန်အဆင်ပြေလာအောင်လို့ အစီအစဉ်ချထားပါတော့တယ်။ ဒီအချိန်မှာပဲ “Wine Inc.” ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဟာ အယ်လ်တို့ဒေသတဝိုက်က ဝိုင်လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်လိုက်လံဝယ်ယူနေပြီး ဝယ်ယူဖို့ကျန်တဲ့လုပ်ငန်းက အယ်လ်တို့ရဲ့ ဝိုင်လုပ်ငန်းတစ်ခုပဲ ရှိတော့တာကြောင့် အယ်လ်တို့ကို ဖြောင်းဖြရန်အတွက် အီသန်ဘလိတ်ခ်ဆိုတဲ့ဝန်ထမ်းကိုစေလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ “Hank’s Wine and Spirits” လုပ်ငန်းနဲ့တွေ့ဆုံဖို့ တစ်ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာ အယ်လ်တို့ရဲ့ဝိုင်တွေဟာ အမှားတစ်ခုကြောင့် ပျက်စီးသွားပါတော့တယ်။ အယ်လ်တစ်ယောက် တစ်ပတ်တာအတွင်းမှာ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းသွားမလဲ၊ အီသန်ဘလိတ်ခ်ဆိုတဲ့လူကရော ဘယ်လိုဖြောင်းဖြဖို့ကြိုးစားမလဲ၊ သူတို့နှစ်ယောက်အားပြိုင်မှုမှာ ဘယ်သူအနိုင်ရရှိသွားမယ်ဆိုတာ ကြည့်ရှုခံစားပေးကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။)...
Far Haven (2023) ⭐IMDB: 5.8/10 (365 Votes) 🎬 #Action #Drama #Western 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Far Haven (2023) IMDb Rating (5.8) / Rotten Tomatoes (67%) ကောင်းဘွိုင်ချစ်သူတို့အတွက် ကောင်းဘွိုင်ဆန်ဆန် မိသားစု ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDB မှာ 5.8 အထိပဲရရှိထားတယ်ဆိုပေမယ့် ဆုပေါင်း ၅ ဆုနဲ့ ဆန်ကာတင်စာရင်း ၇ ခုအထိ ချိတ်ထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ကောင်းဘွိုင်တစ်ယောက်ရဲ့ မိသားစုဘဝကို ဇာတ်အိမ်တည်ထားပြီးတော့ ဇာတ်လမ်း နောက်ခံကို နည်းနည်းပေးနာထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဟန်တာဘရက်ဒေါ့လို့ခေါ်တဲ့ ကောင်းဘွိုင်ရွာက ယောက်ျားသားတစ်ယောက်ဟာ အချိန်တန်တော့ စစ်တပ်ထဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ကောင်းစွာနဲ့ဘဲ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း အချုပ်အခြာအာဏာစနစ်သည်သာ အဓိကဖြစ်တဲ့အတွက် အထက်လူကြီးရဲ့စကားကို လက်အောက်ခံတပ်သားတွေက ဖီဆန်ခွင့်မရှိပါဘူး။ သို့ပေမယ့်လည်း ကိုယ့်ရဲ့အထက်လူကြီးက စစ်သုံးပန်းဖြစ်သော်ငြားလည်း အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းတဲ့အခါမှာ ဘရက်ဒေါ့ဟာသည်းမခံနိုင်ဘဲ တာဝန်ထမ်ဆောင်ရင်းတန်းလန်း စစ်တပ်ထဲက ရဲဘော်ရဲဘက်တွေကို ချန်ထားခဲ့ပြီးအိမ်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဆိုသလိုပဲ အချိန်တန်တဲ့အခါ ဘရက်ဒေါ့ဟာထောင်ချခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ ဒီကိစ္စတွေအားလုံးကို သူ့ရဲ့ဆုံးပါးသွားတဲ့ အမျိုးသမီးကလွဲရင် ဘယ်သူမှမသိပါဘူး။ ဒီလိုနဲ့ သူ့ရဲ့ ထောင်ဒဏ်ပြည့်သွားတဲ့အခါ နေရပ်ကျေးရွာကို သစ္စာဖောက်နာမည်တပ်ခံရပြီး ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ငကြောက်လို့ ရွာကလူကြီးတွေ မုန်းနေခဲ့ကြတဲ့ ဘရက်ဒေါ့ဟာ လူအများထင်ခဲ့သလို သူရဲဘောကြောင်တဲ့သူမျိုးမဟုတ်ဘဲ ရွာတကယ်အရေးကြုံလာတဲ့အခါမှတော့ ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့ပါတယ်။ Far Haven “ရပ်ဝေးမြေကနားခိုရာ” ဆိုတဲ့ဒီဇာတ်ကားမှတော့ လက်ရုံးရည်သာမက နှလုံးရည်ကိုပါ ကွက်ကွက်ကွင်းကွင်းရိုက်ထားတာဖြစ်လို့ တနည်းတဖုံ entertain လုပ်ပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
How to Survive a Marriage? (2024) ⭐IMDB: 6.9/10 (206 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 2 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How to Survive a Marriage? (2024) IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။ လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့ အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။ အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။ အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။ မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား? မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Terrifier 3 (2024) ⭐IMDB: 6.4/10 (38 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့ သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင် ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာက လက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့ သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင် တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲ ရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။ အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကို ဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြု လုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။ အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေး ဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီး ပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာ အဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့ စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ သူ့ရဲ့အပေါင်းအပါတို့ ပြန်ပေါ်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လုပ်ရင်းနဲ့ ဆီရန်နာကို ဖျက်ဆီးဖို့ ကြိုးစားကြပါတော့တယ်။...
A Normal Family (2023) ⭐IMDB: 7.2/10 (367 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thrillerရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကိုremake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dreamတို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီးလူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်မနေသူပါ။ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်းဂယောင်း (Kim Hee-Ae) နဲ့လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး…တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေးစတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား…သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက်သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Lions for Lambs (2007) ⭐TMDB: 60% User Score 🎬 #Drama #Thriller #War #Action #Adventure #History 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lions for Lambs(2007) *********************** IMDb….6.2 ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့ Meryl Streep တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာ ခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ. တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်……. ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်.. အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်… Andrew Garfield လည်းပါသေးတယ်… ပထမ Scene ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်… အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာ လွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ…. ဒုတိယ Scene အဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာ ရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်…. သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် .. ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်…ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့… တတိယ Scene အမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ…. ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး…. သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး.. ..ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ်...
GTMax (2024) ⭐IMDB: 5.0/10 (916 Votes) 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 40 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ .. ဇာတ်လမ်းအကျဉ်း +++++++++ ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့ လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမ နှစ်ယောက်နဲ့ ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုး ဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။ အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာ မဖြစ်မနေ ပါဝင်ပေးရပါတော့တယ်။ ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာ အက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။ ( ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်...
Holiday Mismatch (2024) ⭐IMDB: 6.2/10 (770 Votes) 🎬 #Comedy #Romance #TVMovie #Family 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 မှာ အသစ်ထွက်ရှိထားတဲ့ Christmas ဇာတ်ကားသစ် တစ်ကားဖြစ်ပြီး ဒါရိုက်တာ Caroline Labreche ရိုက်ကူးပြီး သရုပ်ဆောင်များဖြစ်ကြတဲ့ Caroline Rhea, Beth Broderick, John McLaren, Maxine Denis တို့ ပါဝင်အားဖြည့်ထားကြပါတယ်။ ပင်စင်ယူထားတာမကြာသေးတဲ့ စာရင်းကိုင်ဟောင်း Barbara ဟာ မြို့ကုန်သည်ကြီးများအသင်းက ခရစ်စမတ်ကော်မတီမှာ volunteer လုပ်ဖို့အတွက် စာရင်းပေးခဲ့ပါတယ်။ စည်းစနစ်ကျလွန်းတဲ့ Barbara ဟာ ကော်မတီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Kath နဲ့ စရိုက် မတူညီမှုကြောင့် ပြဿနာတွေတက်ကြပါတယ်။ သူတို့မသိလိုက်ဘဲ dating app ကနေတဆင့် သူတို့သားသမီးတွေကို မိတ်ဆတ် ပေးမိလိုက်တာကို သိသွားကြတဲ့အခါ သူတို့ကလေးတွေ စရိုက် မတူကြဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Barbara နဲ့ Kath တို့ နှစ်ယောက်ပေါင်းပြီး အကြံကုန်ထုတ်ကာ သူတို့အတွဲကို ခွဲကြဖို့ ကြိုးစားပါတော့တယ်။...
Valley Girl (2020) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Comedy #Music #Romance #Musical 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valley Girl (2020)****************** ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ… အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း… သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့… ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း… ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ… ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။ အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့… အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ … ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို…အယူအဆတွေမှာလည်း… ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ … အတော်ခက်တယ်ပြောရမှာပေါ့…ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...
