无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Aloha Heart (2023)
⭐IMDB: 5.6/10 (412 Votes)
🎬 #Comedy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Island time” “ကျွန်းအချိန်” ဆိုတာက ဟာဝိုင်ယီကျွန်းသူကျွန်းသားတွေရဲ့ လက်သုံးစကားပါ။
အဓိပ္ပာယ်ကတော့ ကျန်တာတွေအကုန်မေ့ထားပြီး စိတ်အပန်းဖြေတဲ့အချိန်ဆိုတဲ့ သဘောမျိုးသုံးတာပါ။
ဒီကားလေးထဲ ဒီအသုံးအနှုန်းကို ထပ်ခါထပ်ခါမြင်ရပါမယ်နော်။
ဒီဇာတ်လမ်းလေးက ဟာဝိုင်ယီကျွန်းပေါ်မှာ ဇာတ်အိမ်တည်ထားတာပါ။
ဆယ်ရာဆိုတဲ့ ဂေဟဗေဒပညာရှင် အလုပ်ကြမ်းပိုးလေး ဆယ်ရာက
အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ဟာဝိုင်ယီကျွန်းပေါ်က မင်္ဂလာပွဲအတွက်
ခွင့်ရက်ယူပြီး ခရီးထွက်ခဲ့ရာက သူတို့တည်းတဲ့ အပန်းဖြေစခန်းက မန်နေဂျာဖြစ်ခါစ
မာနူနဲ့ သွားတွေ့ပါတော့တယ်။
အပန်းဖြေစခန်းမှာ စီစဉ်ထားတဲ့ပုံတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမရောက်လို့
အလုပ်နဲ့ပတ်သက်နေရင် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့ ဆယ်ရာက မာနူကို အမေးသွားထူပါတော့တယ်။
အဲကနေစပြီး သူတို့နှစ်ဦးရဲ့ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းပုံတွေ
တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း သံယောဇဉ်တွယ်သွားပုံလေးတွေကို
ဟာဝိုင်ယီကျွန်းရဲ့ ဓလေ့တွေ သဘာဝအလှတွေနဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်ရှင်။...
The Assistant (2022)
⭐IMDB: 5.4/10 (394 Votes)
🎬 #Action #Crime #Thriller
🗓 2022 🎞 movie
🌎 #Malaysia
⏰ 2 နာရီ 4 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ ရှင်းရှင်းလေးနဲ့လှည့်သွားတဲ့ ဖိုက်တင်ခန်းများများနဲ့ မလေးရှားအက်ရှင်ဇာတ်ကားလေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်
သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။
နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….
ဘာဆက်ဖြစ်မလဲဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးလို့……....
Carry on Jatta 3 (2023)
⭐IMDB: 7.4/10 (11 k Votes)
🎬 #Bollywood #Comedy #Drama #Romance #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Carry on Jatta 3 (2023)IMDb-7.5/10
ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။
ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့်အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကိုအဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ချွေးမအတုရှာကြတဲ့အခါမှာတော့။
သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်)...
Sense and Sensibility (1995)
⭐TMDB: 74.0% User Score
🎬 #Drama #Romance
🗓 1995 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedKingdom
⏰ 2 နာရီ 16 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ သူဌေးကြီးဖြစ်သူ မစ္စတာဒတ်ရ်ှဝုဒ်ဆုံးသွားတဲ့အချိန်မှာ ဥပဒေအရသူ့ရဲ့ပထမအိမ်ထောင်မှာ ရခဲ့တဲ့ သားဖြစ်သူ ဂျွန် ဒတ်ရှိဝုဒ်က ပိုင်ဆိုင်မှုအကုန်လုံးကို အမွေဆက်ခံခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယအိမ်ထောင်မှာရခဲ့တဲ့ အမျိုးသမီး မစ္စဒတ်ရှ်ဝုဒ်နဲ့ သမီးသုံးယောက်ကတော့ တစ်နှစ်ကိုမှ ပေါင်ငါးရာပဲရမှာဖြစ်တဲ့အပြင် လန်ဒန်မှာနေတဲ့ မစ္စတာဂျွန်နဲ့ ဖန်နီ တို့ရောက်လာရင် သူတို့နေတဲ့ အိမ်ကနေပြောင်းပေး လိုက်ရတော့မှာပါ။ ဂျွန် တို့ရောက်လာတဲ့အချိန်မှာတော့ ဖန်နီရဲ့ မောင်လေးဖြစ်သူ အက်ဒဝပ် ဖာရာ့စ်လည်းပါလာခဲ့ပြီး သမီးကြီး အယ်လီနာနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ မစ္စဒတ်ရှ်ဝုဒ်ရဲ့ ဝမ်းကွဲအကို ဆာဂျွန် မစ်ဒဲတန်က ဒေဗွန်ရှိုင်ယာက ဘာတွန်ပန်းခြံ မှာရှိတဲ့ သူရဲ့တစ်ထပ်တိုက်အိမ်အလွတ်မှာ နေခွင့်ပေးလိုက်လို့ အယ်လီနာတို့လည်း ဘာတွန်ကိုပြောင်းခဲ့ကြပါတယ်။ ဂျွန် မစ်ဒဲတန်ရဲ့ ယောက္ခမဖြစ်သူ မစ္စ ဂျန်းနင်းစ်က သူတို့ရဲ့အသိမိတ်ဆွေဖြစ်သူ ကာနယ် ဘရန်ဒန်နဲ့ အယ်လီနာကို မိတ်ဆက်ပေးခဲ့ပေမဲ့လည်း ညီမလေးဖြစ်သူ မယ်ရီအန်းကိုပဲ ပိုပြီးစိတ်ဝင်စားသွားခဲ့ပါတယ်။ ဒီလိုနဲ့ မယ်ရီအန်းကိုပိုးပန်းတဲ့ လူနောက်တစ်ယောက်ပေါ်လာခဲ့ပြီး မယ်ရီအန်းဘယ်သူ့ကိုရွေးချယ်မလဲ၊ ပိုက်ဆံအများကြီးမရှိတဲ့ ညီအစ်မနှစ်ယောက်ရဲ့အချစ်ရေးလေးကတော့ အဆင်ပြေဖြောင့်ဖြူးသွားမလား၊ အယ်လီနာရော သူ့သဘောကျတဲ့ အက်ဒဝပ်နဲ့ ပြန်တွေ့ရမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
The Young Victoria (2009)
⭐TMDB: 72.0% User Score
🎬 #Uncategorized #Biography #Drama #History #Romance
🗓 2009 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.2/10 Rotten Tomatoes – 76%
အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။
မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ အကာကွယ်ပေးဖို့ ခေါင်းစဥ်နဲ့ အချုပ်ကျခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ထီးနန်းကို ဆက်ခံရတော့လည်း ၁၈နှစ်ပြည့်ပြည့်ချင်း ရခဲ့တာမလို့ အသိမကြွယ်ဝမှု အတွေ့အကြုံနုနယ်သေးမှုအပေါ်မှာလည်း အမြတ်ထုတ်ခံရပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါသေးတယ်။ Romance/Dramaဖြစ်တာမို့လို့ ဘုရင်မကြီးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ချစ်စရာ sceneတွေလည်း ပါ ပါသေးတယ်။ Emily Bluntရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းပြီး true storyကို ရိုက်ပြထားတာမို့လို့ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘုရင်မ ဗစ်တိုးရီးယားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေထဲ ဒီကားက တော်တော်သေသေသပ်သပ်နဲ့ လှလှပပရိုက်ထားလို့ ကြည့် ကြည့်ကြဖို့တိုက်တွန်းပါတယ်။...
Strays (2023)
⭐IMDB: 6.3/10 (8 k Votes)
🎬 #Adventure #Animation #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Strays (2023)
CM က ခွေးကားအသစ်လေးတင်ထားတယ် ကလေးတွေကိုပြဖို့ဒေါင်းဦးမယ်တော့ မတွေးလိုက်နဲ့နော်။ဒီခွေးကားက လူကြီးတွေကြည့်ပြီး အထာတွေပေါက် စခွီထရမယ့်ကားပါ။စကားအသုံးအနှုန်းကြမ်းတမ်းမှု အဆဲအဆိုအစုံ မူးယစ်ဆေး လိင်ကိစ္စအားလုံးပါဝင်တာကြောင့် R-Rated ဖြစ်ပါတယ်ဇာတ်လမ်းလေးကလဲ ကြည်နူးစရာပါပဲ။ခွေးတစ်ကောင်က သူ့သခင်ဟူးမန်းရဲ့ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး သူ့ဟူးမန်းဆီကို ပြန်တဲ့ အိမ်ပြန်ခရီးပါ။ဒီလိုပြောလို့ ခွေးက ဆိုးလှချည်းလားလို့ မထင်ပါနဲ့။ဒီခွေးလေးနာမည်ကတော့ ရက်ဂျီပါ။ သူ့သခင်ဒေါ့ဂ်က သူ့ကိုတစ်စက်မှမချစ်ပါဘူး။သူ့ရည်းစားရဲ့ခွေးကို ရည်းစားနဲ့ပြတ်သွားတော့ တမင်ညစ်ပြီးယူထားလိုက်တာပါပဲ။ရက်ဂျီကတော့ အဲ့ဒါကိုနားမလည်ဘဲ သူ့ဟူးမန်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး သူ့ကို အချစ်ဆုံးလို့ထင်နေတာပါပဲ။ဒေါ့ဂ်ကမလုပ်မရှိ အကိုင်မရှိ စော်ပစ်ကောင်လဲဖြစ်နေတော့ တစ်နေကုန် ထိုင် fap နေတဲ့သူပါ။ရက်ဂျီကိုလဲအကြိမ်ကြိမ်အခါခါစွန့်ပစ်ဖို့ကြိုးစားပေမယ့်ရက်ဂျီက ဒါကဂိမ်းတစ်ခုလို့ထင်နေတော့ အိမ်ကိုအရောက်ပြန်ပြန်လာနေပါလေရော။တစ်နေ့တော့ ရက်ဂျီကို အဝေးကြီးထိခေါ်သွားပြီးစွန့်ပစ်လိုက်တာမှာ ရက်ဂျီက တခြားလမ်းဘေးခွေးတွေနဲ့ပေါင်းမိမှပဲသူ့သခင်က ဘယ်လောက်ဆိုးမှန်း သူ့ကိုစွန့်ပစ်သွားမှန်းသဘောပေါက်လိုက်ပါတယ်။အဲ့တော့သူ့သခင်ကို လက်စားချေဖို့အတွက် သူ့သခင် အကြိုက်ဆုံးအချစ်ဆုံး တစ်နေကုန်ကိုင်ကိုင်နေတဲ့ ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီးအငြိုးအတေးနဲ့ ပြန်လာတဲ့ ခွေးကလေး ရက်ဂျီ နဲ့ သူ့ဘော်ဒါအသစ်လမ်းဘေးခွေးတစ်သိုက်ရဲ့အိမ်ပြန်ခရီးမှာ ဘာဆတွ ဆက်ဖြစ်မလဲဆိုတာ စခွီထရင်း ကြည့်လိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...
Barfi! (2012)
⭐IMDB: 8.1/10 (85 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓 2012 🎞 movie
🌎 #India
⏰ 2 နာရီ 32 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barfi (2012)
IMDb Rating (8.1) / Rotten Tomatoes (80%)
မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်…ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။
၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့်ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီးကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာလူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။
Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိတစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာအခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။
ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ်ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှုဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေအချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကိုBarfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ဟာ တစ်ကားလုံးမှာ”Barfi”ဆိုတဲ့Dialogueကိုသာအများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင်မူဟာSlient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့တာဖြစ်ပါတယ်။Ranbir Kapoorဟာ Barfi အတွက် ဒေလီက ဆွံ့အနားမကြားကျောင်း“Vari School”မှာ ၂ပတ်တိတိသွားရောက်နေထိုင်ကာ သရုပ်ဆောင်မှုတွေအတွက်ဆွံ့အနားမကြားတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုအတိုင်းနေခဲ့ပြီးမင်းသမီးPriyanka Chopra ဟာ Barfiရုပ်ရှင်အတွက် ၁၅ပေါင် Weightချကာဆံပင်ပါညှပ်ခဲ့ပြီး ကျပ်မပြည့်တဲ့မိန်းကလေးဇာတ်ကောင်အတွက် ကျကျနနပြင်ဆင်ခဲ့ပါတယ်။
Barfiရဲ့ အောင်မြင်မူကတော့ ရူပီကုဋေ၄၀သာ ရင်းခဲ့ပေမယ့် ရူပီ၁၇၂ကုဋေထိပြန်ရကာhighest-grossing Bollywood films of 2012 အပြင် filmfare award မှာလဲရုပ်ရှင်ဆုများစွာရရှိခဲ့ပါတယ်။Barfi ဟာ ရှားရှားပါးပါး ဂျပန်Film Industryမှာ၂ပတ်တိတိရုံတင်ခံရတဲ့ အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါသေးတယ်။
(ရုပ်ရှင်အညွှန်းကိုHtet Wa Na Facebookမှ ကူးယူဖော်ပြပါသည်။)...
Perfect Sense (2011)
⭐IMDB: 7.0/10 (62 k Votes)
🎬 #Drama #Romance #ScienceFiction #SciFi
🗓 2011 🎞 movie
🌎 #UnitedKingdom #Sweden #Denmark #Ireland #Germany
⏰ 1 နာရီ 33 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အားတွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။
အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုးတွေ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင်...
Erotic Tutoring 2 (2019)
⭐TMDB: 78.0% User Score
🎬 #Adult #Drama #Romance
🗓 2019 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 13 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Erotic Tutoring 2019
အခုတစ်ခေါက်အချစ် 18+ကားလေး ကတော့ ယောကျာ်းယူထားပေမယ့် အိမ်ထောင်ရေးသုခမရှိလို့ စိတ်ညစ်နေရတဲ့မီဂျင်းဆိုတဲ့ အမေလှလှလေးနဲ့ မြီးကောင်ပေါက်စ သမီးလေး ယူဂျောင်းတို့က ဂိုက်ဆရာသူငယ်ချင်းအဖွဲ့နဲ့ ဆုံတွေ့ တဲ့အခါဘယ်လိုစခန်းသွားမလဲဆိုတာ လှလှပပပုံဖော်ရိုက်ကူးထားပါတယ်
အမေကတော့ ပိန်ပိန်ပါးပါး ကျစ်ကျစ်လစ်လစ် body fitလေးဖြစ်ပြီးတော့သမီးကတော့ လုံးကြီးပေါက် အလှသွေးကြွယ်လှသူပေါ့အမေဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျထားလို့၃၀ကျော် ၄၀ဆိုပေမယ့် ကြည့်လိုက်ရင် ၂၀ကျော်လို့ပဲထင်ရတဲ့အထိအရွယ်တင်ပါတယ် သမီးဖြစ်သူကလဲ အလှအပပိုင်းမှ မခေလှသူမို့သားအမိ ၂ယောက်နဲ့ ဂိုက်ဆရာ ဘယ်လိုစခန်းသွားတယ်ဆိုတာ လေ့လာဖို့ ဒေါင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်...
Gone with the Wind (1939)
⭐TMDB: 80.0% User Score
🎬 #Drama #History #Romance #War
🗓 1939 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 3 နာရီ 58 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ
ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီးအေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကားမသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကားစပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်“After all, tommorrow is another day! ”
(ဒီဇာတျကားကို ဘာသာပွနျသူနဲ့ အညှှနျးရေးပေးသူကတော့ Ye Khant Min ပဲ ဖွစျပါတယျ)—————————————————————–ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမာၻကျော်စစ်နောက်ခံအချစ်၀တ္ထုကြီးအေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကားမသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကားစပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက််ားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓ၀င်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်“After all, tommorrow is another day! ”
(ဒီဇာတ်ကားကို ဘာသာပြန်သူနဲ့ အညွှန်းရေးပေးသူကတော့ Ye Khant Min ပဲ ဖြစ်ပါတယ်)File Size : 1.6GB
Quality : Blu ray 720P
Running Time : 3hr 53 minute 14 seconds
Format : Mp4
Genre : Drama, Romance
Encoder : seniorkaung91
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
After Sex (2007)
⭐TMDB: 55.0% User Score
🎬 #Comedy #Drama #Romance
🗓 2007 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 18 မိနစ် 00 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Sex is a background to examine intimacy and vulnerability. Looks at the complexity of modern day relationships told through eight separate couples. Through dialogue and compromising situations, the film takes us from the beginning of a relationship to the aftermath of one, and examines every stage in between seeing humor within the drama, heartache and confusion of it all....
Rocky Aur Rani Kii Prem Kahaani (2023)
⭐IMDB: 7.2/10 (31 k Votes)
🎬 #Bollywood #Comedy #Drama #Family #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 59 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rocky Aur Rani Ki Prem Kahani (2023)IMDb-7.2/10ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာ
အချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင်နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီးယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစုဒီမိသားစုနှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာအချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ်
ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလားဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလားတဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ်လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်...
30 jours max (2020)
⭐IMDB: 5.4/10 (2 k Votes)
🎬 #Action #Comedy #Crime
🗓 2020 🎞 movie
🌎 #France
⏰ 1 နာရီ 30 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
30 Jours Max (2020)===============IMDb Rating – 5.4/10
ဒီဟာသဇာတ်ကားလေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ဘဝကိုဖြတ်သန်းနေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်တော့မယ်ဆိုရင် ကျွန်တော်တို့ရော ဘာတွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျချော်နိုင်တဲ့ရဲဝန်ထမ်းတစ်ယောက်၊ အဖေဖြစ်သူကိုဂုဏ်ယူစေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီးကြိတ်ကြိုက်နေရတဲ့ တွဲဖက်ရဲမေကိုလည်း အထင်ကြီးအောင် လုပ်ပြချင်နေတဲ့သူပေါ့။ ကံဆိုးချင်တော့ သူရဲ့ပေါ့တိပေါ့ပျက်နိုင်မှုတွေကြောင့် အရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲဘော်ရဲဖက်တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့တောင် မထင်ဘဲ ချိုးနှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအပေါ် လိုတာထက်ပိုပြီးသည်းခံတတ်တာလည်းပါတာပေါ့။
ဘယ်လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ရည်းစားဟောင်းက သူငှားနေတဲ့အိမ်ပေါ်တက်နေပြီး လူပါးဝတာကိုမှ ငြိမ်ခံပြီး ဆက်နေခိုင်းတယ်။ အဲဒီနောက် ကြွက်တစ်ကောင်နဲ့ဆရာဝန်တစ်ယောက်ကြောင့် သူရဲ့ဘဝက အကြီးအကျယ်ပြောင်းလဲဖို့ဖြစ်လာတယ် ဘာတွေဘယ်လိုပြောင်းလဲကုန်မလဲသိရဖို့ အပြေးလေး ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
Ruby Red (2013)
⭐IMDB: 6.0/10 (8 k Votes)
🎬 #Adventure #Drama #Family #Fantasy #Romance #Mystery #SciFi
🗓 2013 🎞 movie
🌎 #Germany
⏰ 2 နာရီ 2 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်
ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကို
ပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှ
ပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့
မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။
ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့
အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီ
ဆက်ခံခဲ့ကြတာပါ။
မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကို
ပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။
ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာ
နေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။
တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာ
သူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။
ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကို
ဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့
ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊
ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ
စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။
ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့
အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။
ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲ
ပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိ
ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။
ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်
Funဖြစ်ပြီး အေးအေးဆေးဆေး chillပြီးကြည့်လို့ရမှာပါ။
time travelဇာတ်လမ်းတွေကို သဘောကျသူတွေအတွက်တော့
တကယ်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ဗျ။...
The French Minister (2013)
⭐IMDB: 6.4/10 (4 k Votes)
🎬 #Comedy
🗓 2013 🎞 movie
🌎 #France
⏰ 1 နာရီ 54 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.4/10
ဇာတ်လမ်းအညွှန်း
ဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက
နေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကို
ရိုက်ကူးထားတာဖြစ်ပါတယ်။
သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာ
နိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလို
ဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။
ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီက
သူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အ
ာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။
ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊
စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါ
ပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်
သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကို
အာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ
အာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲ
ဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။
ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်
ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊
စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရ
ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Quai d’Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန
အကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီး
နိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာ
နာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီး
ဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီး
award တွေလည်း ရရှိထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့
အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကို
စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ
ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။...
Stockholm (2013)
⭐IMDB: 6.9/10 (5 k Votes)
🎬 #Drama #Romance
🗓 2013 🎞 movie
🌎 #Spain
⏰ 1 နာရီ 29 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.9/10
ဇာတ်လမ်းအညွှန်း
အလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့
တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက်
ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။
ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့
စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။
ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့
ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့်
ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။
ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာ
ဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကို
သက်သေပြဖို့လုပ်တော့တာပေါ့။
အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့
ကောင်လေးနဲ့ သူစိမ်းတစ်ယောက်ကိုအလွယ်တကူမယုံလိုက်နိုင်တဲ့
ကောင်မလေးတို့ရဲ့ စကားပြောခန်းတွေဟာ စိတ်ဝင်စားစရာဖြစ်လာပြီး
ကောင်လေးရဲ့ ပိုးပန်းမှုလေးတွေက ကြည်နူးစရာ ဖြစ်နေမှာပါ။
ဇာတ်လမ်းသဘောလေးက ပါတီပွဲကအိမ်ပြန်လာတဲ့
သူတို့နှစ်ယောက် ညသန်းခေါင်အချိန် လမ်းမထက်မှာ
စကားတောက်လျှောက်ပြောကြတဲ့ပုံစံကို
ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာမျိုးလေးဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ
ကောင်လေးက ကောင်မလေးကို အိမ်အပါခေါ်နိုင်ပါ့မလား၊
သူတို့နှစ်ယောက်ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့
စိတ်ဝင်စားစရာဖြစ်နေမှာပါ။
ရိုးရိုးရှင်းရှင်းရိုက်ကူးထားတယ်ဆိုပေမယ့်လည်း
လူငယ်တွေရဲ့ သဘာဝတွေ ရိုမန့်ဖြစ်တဲ့အချစ်တွေ
လိမ်ညာမှုတွေ ဒါတွေ စဉ်းစားကြည့်မယ်ဆိုရင်တော့
တကယ့်အကြောင်းတွေပဲဆိုတာမျိုးဖြစ်နေမှာပါ။
“ကြွေမွအက်ကွဲနေတဲ့ ဖန်ခွက်လေးတစ်ခွက်ဟာ ထိလိုက်တဲ့အခါမှာ
အစိတ်စိတ်အမွှာမွှာသာဖြစ်သွားမယ်ဆိုရင်…
ဒီဖန်ခွက်ကိုဒီအတိုင်းလေး ဆက်ရှိစေချင်သေးတယ်ဆိုရင်
မထိလိုက်ဘဲ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်မလား။
ဒီလိုဖန်ခွက်နဲ့တူတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။“
awards တွေလည်း အများကြီးသိမ်းပိုက်ခဲ့တဲ့ romance/drama
ဇာတ်လမ်းလေးကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။...
Haddi (2023)
⭐IMDB: 8.3/10 (53 Votes)
🎬 #Bollywood #Crime #Drama #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Haddi (2023)IMDb – 8.5/10
ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။
ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေအနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်းဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။
ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာဘာကြောင့်များလဲ…ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ….။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်)...
Birth/Rebirth (2023)
⭐IMDB: 6.3/10 (658 Votes)
🎬 #Horror #Thriller #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်အသက်ဆုံးရှုံးရတာကို
ကြုံတွေ့ဖူးတဲ့ လူတွေအနည်းနဲ့အများရှိကြမှာပါ။
အဲ့လိုသေဆုံးသွားရတဲ့ ကိုယ့်ရဲ့ချစ်ရသူကိုပြန်ခေါ်နိုင်မယ်
အသက်ပြန်သွင်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပျော်ရပြီး အရာရာကို
စွန့်လွှတ်မဲ့လူတွေချည်းပါပဲ။
ဒီကားထဲမှာ စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်က အလုပ်ကိုမနားမနေလုပ်ပြီး
သမီးလေးလီလာကို ပြုစုစောင့်ရှောက်နေရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူ့သမီးလေးကအဖျားတွေတက်နေပြီး အလုပ်ကလဲ မသွားလို့
မဖြစ်တဲ့အတွက် အိမ်နီးချင်းဆီမှာ အပ်ထားခဲ့ပြီးအလုပ်သွားခဲ့ပါတော့တယ်။
ဖြစ်ချင်တော့ သူအလုပ်ရောက်တဲ့အခါမှာ ဖုန်းကပျက်သွားပါတော့တယ်။အလုပ်
ဆင်းတဲ့အချိန်မှာ သိလိုက်ရတာက သူ့သမီးလေးက ဦးနှောက်အမြှေးရောင်ရောဂါ
ဖြစ်ပြီးဆုံးပါးသွားပြီဆိုတာပါပဲ။ ဒီလိုနဲ့ သမီးရဲ့နောက်ဆုံးအချိန်မှာ ဘေးနားမှာမရှိ
ပေးနိုင်တဲ့ စီလီတစ်ယောက်လဲ ယူကျုံးမရတွေဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအပြင်ကိုမှ
သူ့သမီးအလောင်းကို ထုတ်ဖို့အတွက် ရင်ခွဲရုံကိုသွားပြန်တော့လဲ သမီးဖြစ်သူရဲ့
အလောင်းကပျောက်ဆုံးနေပါတယ်။ ဒီလိုနဲ့ စီလီတစ်ယောက်လဲ ဆပ်ပြာသည်
လင်ပျောက်သလိုဖြစ်ပြီး ရင်ခွဲရုံမှာတာဝန်ကျပြီး သူ့သမီးရဲ့အလောင်းကို
ကိုင်တွယ်ပေးခဲ့တဲ့ရို့စ်ကို သွားမေးကြည့်တော့ မသင်္ကာစရာကောင်းတာနဲ့
ရို့စ်ရဲ့အိမ်ကို လိုက်သွားခဲ့တဲ့အချိန်မှာ သူ့သမီးအသက်ဆက်ရှင်နေသေးတာကို
တွေ့ခဲ့ရပါတယ်။ဒါပေမယ့် အဲ့လိုအသက်ဆက်ရှင်နေတာက ရိုးရိုးတန်းတန်း
အသက်ရှင်နေတာမဟုတ်ပါဘူး။ ရို့စ်ကလဲလီလာကို အသက်ဆက်ရှင်နေအောင်
ဘယ်လိုတွေလုပ်ထားတာလဲ ဘာလို့အသက်ဆက်ရှင်နေအောင်လုပ်ထားတာလဲ
ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။...
A Man of Reason (2022)
⭐IMDB: 6.3/10 (114 Votes)
🎬 #Action #Drama #Thriller
🗓 2022 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 38 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Man of Reason (2023)
Jung Woo Sung, Kim Nam Gil, Park Sung Woong တို့လိုနာမည်ကြီးတွေ cast တွေ ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းကောင်းလေးကို တင်ဆက်ပေးပါဦးမယ်
ဇာတ်လမ်းအကျဉ်းကတော့ ဘော့စ်ရဲ့ကိုယ်စား ထောင်ထဲမှာ ၁၀ ကျော်ကြာအောင် အစားဝင်နေပေးခဲ့တဲ့ ဆူဟျော့ဟာထဒထောင်က လွတ်လာတဲ့အချိန်မှာ သမီးလေးတစ်ယောက်ရှိနေတာကို သိသွားတဲ့အချိန်မှာ သာမန်လူအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်ပါတော့တယ်
ဒါပေမဲ့ လူမိုက်လောက ဆိုတာ ဝင်ချင်တိုင်း ထွက်ချင်တိုင်းထွက်လို့ မရတာမို့ အခက်တွေ့နေပြီးတစ်ဖက်မှာလည်း သူ့ကိုရှင်းပစ်ချင်တဲ့လူတွေရှိနေပါသေးတယ်
ဝူဂျင်းကတော့ ကြေးစားလူမိုက်ဖြစ်ပြီး မိုက်တာလိုလို မမိုက်တာလိုလိုပါပဲ…မိုက်ချင်ယောင်ဆောင်ပေမဲ့ တကယ်တမ်းကျမမိုက်နိုင်တဲ့လူမျိုးပါ..ခပ်မိုက်မိုက်ပုံစံနဲ့ ပိုက်ဆံယူပြီး တကယ့်လူမိုက်ကိုမှ သွားရှင်းရမယ့် အဖြစ်ကိုကြုံတဲ့အခါမှာတော့…
ဘယ်လိုတွေဖိုက်ကြမလဲ.. ဘယ်လိုတွေကြမ်းမလဲဆိုတာ ကြည့်ပေးကြပါဦးမင်းသားကြီးတွေချည်း ပါဝင်ထားတဲ့ရုပ်ရှင်မို့လို့ သဘောတွေ့ကြမယ်လို့တော့ မျှော်လင့်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
Lost in the Sun (2015)
⭐IMDB: 6.0/10 (4 k Votes)
🎬 #Action #Drama #Thriller #Crime
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက်
အခြားသူတွေကို အပြစ်တင်ကြတယ်”
“ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး”
“ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ”
ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီး
ဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။
လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမား
ဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့
သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။
လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး
မိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာ
ဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့်
ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။
လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့
လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။
ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်က
ဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့
ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။
လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်း
ရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ်
နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။
လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကို
အန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။
သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက်
လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ဘာကြောင့်ဖြစ်မလဲ။
ဂျွန်ဆိုတဲ့လူကြီးက လူးဝစ်ဆိုတဲ့ကလေးကို အိမ်လိုက်ပို့ပေးတဲ့ ခရီးတစ်ခုကို
ကြည့်ရှူရင်းနဲ့ ဂရုစိုက်မှုတွေ၊ သနားကြင်နာမှုတွေကို ခံစားရပြီး သင့်နှလုံးသားကို
နွေးထွေးအောင်လုပ်ပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။...
