无数据
订阅者
-524 小时
-47 天
+730 天
帖子存档
In Order of Disappearance (2014)
⭐IMDB: 7.1/10 (28 k Votes)
🎬 #Action #Comedy #Crime #Thriller #Drama
🗓 2014 🎞 movie
🌎 #Norway #Denmark #Sweden
⏰ 1 နာရီ 57 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ နော်ဝေထုတ်ဇာတ်ကား
ဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။
ဇာတ်လမ်းရဲ့အကျဉ်းက
အမြဲတစေနှင်းတွေကျနေတဲ့ တောင်ပေါ်မြို့လေးမှာ
နှင်းရှင်းစက်မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သားကောင်းဆု ရထားတဲ့
နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်နေ့မှာ သားဖြစ်သူ အသတ်ခံ
လိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်တွေကို
စုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်ကြောင်း သိသွားတဲ့
အခါ အဲဒီဂိုဏ်းသားတွေကို တစ်ယောက်ချင်း ပြန်လိုက်သတ်ရင်း
သားရဲ့သွေးကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံတွေကို ကြည့်ရှုရမှာပါ။...
Killer Book Club (2023)
⭐IMDB: 4.6/10 (3 k Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #Spain
⏰ 1 နာရီ 29 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းကတော့
တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကို
မျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်က
သေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆ
လူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့
အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့
လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီး
တစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက်
ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်
ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖို့အတွက်
ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင်
ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီ
သွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို့ ညွှန်းဆိုလိုက်ရင်း…....
Equilibrium (2002)
⭐TMDB: 70.0% User Score
🎬 #Action #Drama #SciFi #Thriller #ScienceFiction
🗓 2002 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Christian Bale ကို ကျွန်တော့် fav; မင်းသားစာရင်းထဲ ပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ…
ကျွန်တော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေအာဃာတတရားတွေ မနာလိုမှုတွေအချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင်ဘယ်လိုဖြစ်သွားနိုင်သလဲ…..အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင်ခံစားမှု ခံစားချက် တွေကဘယ်လိုတောင်အရေးပါသလဲ….ဒါတွေကို Sci- Fi ရုပ်ရှင်တစ်ခုအနေနဲ့ရှုထောင့်တစ်မျိုးကနေ ပြောပြသွားပါတယ်
2002 ခုနှစ်ကထွက်ရှိထားပေမယ့် လူနဲ့ခံစားချက်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ရုပ်ရှင်ကားပါ။IMDb Rating 7.3 ရရှိထားပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို YeWai LynnHtut မှတင်ဆက်ထားတာပါ။)
အသစ်ထွက်ရှိလာတဲ့ BluRayOpen-MatteVersion နဲ့တင်ဆက်ထားတာကြောင့် မြင်ကွင်းကျယ် Screen အပြည့် ကြည့်ရှုခံစားရမှာဖြစ်ပြီး သိမ်းထားချင်သူများအတွက်လဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version ဖြစ်ပါတယ်။...
Subspecies (1991)
⭐TMDB: 53.0% User Score
🎬 #Fantasy #Horror
🗓 1991 🎞 video movie
🌎 #Romania #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ပရိသတ်ကြီးကို ၁၉၉၁ခုနှစ်ကထွက်ထားတဲ့ Subspecies: The.Awakening ကားလေး တင်ဆက်ပေးလိုက်ပါတယ်
ရုပ်ရှင် ၅ကားမှာ ပထမဆုံးထွက်ရှိထားတဲ့ကားဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ထားဖြစ်တဲ့အတွက် ဒီဘက်ခေတ်အမြင်နဲ့တော့ ယှဉ်မကြည့်ဖို့ အရင်တောင်းဆိုပါရစေ။ ဇာတ်လမ်းလေးကတော့ မီရှဲလ် နဲ့ မာရာ တို့ သူငယ်ချင်းနှစ်ယောက်က ရိုးရာဓလေ့ဘာသာရပ်သုတေသနလုပ်ဖို့အတွက် သူတို့သူငယ်ချင်း လီလီယန် ရှိရာ မြို့လေးကို ရောက်ရှိသွားပါတယ်။ သူတို့နေမဲ့ ရွာနားလေးမှာ ဟိုတယ်တစ်လုံးမှ မရှိတာနဲ့ အနီးနားက သမိုင်းဝင် ခံတပ်ကြီးမှာ သွားတည်းလိုက်ကြရတာပါ။ အဲဒီမှာပဲ သူတို့တွေ ရှေးရိုးဓလေ့တွေကို လေ့လာရင်းနဲ့ ထူးဆန်းတဲ့ ဗလက်ဒီဆလက် ခံတပ်ကြီးကို သတိထားမိသွားကြတာပါ။
ထူးဆန်းတယ်ဆိုတာက အဲဒီခံတပ်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်နေပြီး အရမ်းခန့်ညားနေလျက်ရဲ့ ဘယ်ဘာသာ ဘယ်စာပေမှာမှ အဲဒီခံတပ်ကြီးအကြောင်းထည့်မရေးထားတာပါပဲ။ အဲဒါနဲ့ သူတို့ကလည်း သိချင်စိတ်အရမ်းပြင်းပြတာနဲ့ သုတေသနလုပ်ရင်း ဘာတွေရှာတွေ့သွားမလဲ လူတွေက ဘာလို့ အဲဒီရဲတိုက်အကြောင်းဘာမှမပြောတာလဲ သိသွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားကြပါဦးလို့……....
Mathagam (2023- )
⭐IMDB: 6.4/10 (345 Votes)
🎬 #Crime #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 36 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mathagam (2023) S1 CompleteMathagam (2023)(TV Series)
IMDb-6.4/10Disney+Hotstarကနေထုတ်လွှင့်ခဲ့တဲ့ တမီးလ်မှုခင်းစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။
အပိုင်းငါးပိုင်းပါဝင်ပြီး စာဘူးတောင်းသိုက်ထဲကသပွတ်အူလို ရှုပ်ထွေးလှတဲ့နိုင်ငံရေး၊
ဖြောင့်မတ်တဲ့ရဲအရာရှိနဲ့ နောက်ခံအင်အားတောင့်တင်းတဲ့ရာဇဝတ်ကောင်တို့အားပြိုင်ကြပုံကိုကြည့်ရှုခံစားရမှာပါ။
ဖြောင့်မတ်တဲ့ရဲအရာရှိနာမည်က အက်ရှဝန့်။သူကိုင်ထားတဲ့စစ်ဆင်ရေးက မြို့ရဲ့နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့
ရာဇဝတ်ကောင်တွေကို ဖမ်းဆီးနှိမ်နှင်းဖို့။နိုင်ငံရေးနောက်ခံအင်အားနဲ့ ပါတီဖွဲ့စည်းထားတာက
ဝေးလ်လို့ လူသိများတဲ့ လူသတ်မှုများစွာကျူးလွန်ထားပြီး ရဲအလိုရှိဆုံးစာရင်းထဲက ရာဇဝတ်ကောင်ပါဒလမ်ဆီကာ။သူတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့ ဘယ်သူကဘယ်လိုတွေကောက်ကျစ်ပြီး
ဘယ်သူကဘယ်လိုပရိယာယ်တွေသုံးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်မှုခင်းစီးရီးလေးပါပဲ။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Dee~V~Zwe~Yunniတို့ဖြစ်ပါတယ်)File Size – 790MB / 400MBQuality – 1080p WEB DL / 720pDuration – 45minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime...
Queen of Triads 2 - Infinite Sneak (2022)
⭐TMDB: 0.0% User Score
🎬 #Action #Crime #Drama
🗓 2022 🎞 Movie
🌎 #China
⏰ 1 နာရီ 19 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင်မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့…ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲကဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားကယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကိုကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ…
နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ …သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေးအပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီးသူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့…
နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ…တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူအစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့…
ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီးဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာစိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်.....
Camp (2013)
⭐IMDB: 6.7/10 (787 Votes)
🎬 #Drama
🗓 2013 🎞 movie
🌎 #UnitedStates #Australia
⏰ 1 နာရီ 50 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက
ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို
စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့
အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။
အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ
ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။
အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။
သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး
ရိုက်တတ်သူတစ်ယောက်ပါ။
ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး
နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။
ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။
သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ်
အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ
လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။
ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက်
နွေရာသီစခန်းကို ရောက်လာပါတော့တယ်။
မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို
ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ
စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ
ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော်
ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ...
White Noise 2: The Light (2007)
⭐TMDB: 55.0% User Score
🎬 #Fantasy #Horror #Thriller #Drama
🗓 2007 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဗိသုကာတစ်ယောက်ဖြစ်တဲ့ ဂျိုနာသန်ရေးဗားဟာ ဇနီးသည်စာရေးဆရာဖြစ်တဲ့ အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာက သူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့တဲ့အတွက် ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲ့သူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်က ခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာ အန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ ဒါ့အပြင် သူကိုယ်တိုင်ဆီကိုပါ သေဆုံးသူဇနီးသည်အန်နာဆီက ဖုန်းတွေဝင်လာ အသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် တစ်ဖက်လောကမှာ ကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The Flash မှာ Bruce Wayne အဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့ Batman မင်းသားဟောင်းကြီး Michael Keaton ခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာ တစ်ချိန်ကနာမည်ကျော်ခဲ့တဲ့ Horror တစ်ကားဖြစ်ပြီး genre audience တွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။...
Semret (2022)
⭐IMDB: 6.1/10 (71 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Switzerland
⏰ 1 နာရီ 23 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။...
The Graduate (1967)
⭐TMDB: 77.0% User Score
🎬 #Comedy #Drama #Romance
🗓 1967 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ”
အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။
လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။
“ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ”
“ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်”
“ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့”
“လာမပေးတာကောင်းလိမ့်မယ်ဗျာ”
အီလိန်းအခန်းထဲတင်ပဲ လာခဲ့
” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့
အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။
မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက်
ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက်
အလွတ်မရုန်းနိုင်ခဲ့ပြန်။
ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့
အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။
သူမ ကဘယ်သူလဲ…
သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့
လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။
သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။
သူ(မ) ငတ်မွတ်နေတယ်။
ဆာလောင်နေတယ် ။
တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။
မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။
အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။
ဒုက္ခလည်းမရှိခဲ့။
တစ်ဖန်သုခလည်း မရှိပြန်။
သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။
မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။
ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။
Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင်
ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။
ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။
ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့
Simon & Garfunkel ရဲ့သီချင်းများနဲ့
တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။
အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။
အိမ်ဟုတ်မနေဘူး။
နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။
ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။
ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ
ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။
ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။
ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး
ကိုယ်တိုင်ကတော့ သိနေတာပါပဲ။
ဘုရားသခင်ကတော့နားလည်မှာပါ။
နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး
ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။
ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့
ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။
လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို
သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။
ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။
ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက
သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။
ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ
မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။
မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။
မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က
ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က
မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။
အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။
အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့
အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။
တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက်
အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့
အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။
သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့
မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။
နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့
Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို
Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ
ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။
April, come she willWhen streams are ripe and swelled with rainMay, she will stayResting in my arms againJune, she’ll change her tuneIn restless walks she’ll prowl the nightJuly, she will flyAnd give no warning to her flight
တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင်
ပရိသတ်များအပြည့်အဝခံစားနိုင်အောင်
အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။
(ဘာသာပြန်နှင့်အညွန်...
Jailer (2023)
⭐IMDB: 7.5/10 (15 k Votes)
🎬 #Action #Bollywood #Comedy #Crime #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 44 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jailer (2023)IMDb-7.5/10
ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့်ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။
ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။
သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကိုလက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေအသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်)...
Yool and Seul (2021)
⭐TMDB: 35.0% User Score
🎬 #Adult #Drama #Romance
🗓 2021 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 16 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yool and Seul 2020
အခုဇာတ်လေးကတော့ ငြိမ့်ငြိမ့်လေးနဲ့အဆုံးသတ်မှာ တစ်ခုခုစိတ်ထဲကျန်မယ့်အများနဲ့မတူတဲ့ 18နှစ်အထက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ပြောလို့ရပါတယ်
ညိုကီတို့ကြည့်ပြီးတာနဲ့ အဆုံးသတ်မှာ တစ်ခုခု ပညာရသွားစေရမယ်လို့အာမခံပါတယ်ဇာတ်လမ်းကတော့ သတ်သေချင်လောက်အောင်စိတ်ဓါတ်တွေ ကျနေတဲ့ ကောင်မလေး ၂ယောက်ဆုံတွေ့တဲ့အခါ အတိတ်အကြောင်းတွေ အပြန်အလှန်မျှဝေရင်း ဘာတွေဖြစ်ခဲ့ကြတယ် ဆိုတာကိုပွင့်လင်းမြင်သာစွာတင်ဆက်ထားတာပါ
ဒီကောင်မလေး ၂ယောက် ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ပညာလည်းယူရင်းအလှအပတွေလည်းခံစားလို့ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဆိုမမှားပါဘူးတစ်ချို့ပြကွက်တွေ တော်တော်မိုက်လို့ အပိုမပြောတော့ပဲ ကြည့်ရင်းပဲ ခံစားလိုက်ပါလို့ ညွှန်းလိုက်ပါတယ်...
The Daughter-in-law 2 (2019)
⭐TMDB: 0.0% User Score
🎬 #Adult #Drama #Romance
🗓 2019 🎞 Movie
🌎 #SouthKorea
⏰ 1 နာရီ 36 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Family Virgin 2 (2020)
*********************သားအဖရှိတယ်ဗျာအဖေအရင်းတော့မဟုတ်ဘူး
သားက သူ့မိန်းမနဲ့ သူ့ခယ်မနဲ့ အတူတူနေတာသူ့မိန်းမက သူ့ယောကျ်ားရဲ့စွမ်းဆောင်ရည်ကိုသဘောမကျဘဲ အဖေဖြစ်သူနဲ့ လုပ်နေတာအဖေကတော့ ဆရာကြီးပေါ့နော် 😆
အဲမှာ မိန်းမလုပ်တဲ့သူက သူ့ညီမက အထီးကျန်နေလို့ဆိုပြီး dating app လိုမျိုး random chatting ဆိုတဲ့ app ကို ပြောပြလိုက်တာအမှန်က အဟွာအကြောင်းပြောချင်တဲ့သူတွေ သုံးကြတဲ့ဟာပေါ့အဲကနေ သူ့ယောကျ်ားနဲ့ သူ့ညီမတွေ့ပြီးဖြစ်ကြတာလူချင်းမတွေ့ခင်တုန်းက ခယ်မနဲ့ ခဲအိုမှန်းမသိဘူးလူချင်းတွေ့လည်း သူစိမ်းထက်စာရင်ကောင်းတာပေါ့ဆိုပြီး ဂျိမ်းတာ
တနေ့ကျ မိန်းမလုပ်သူက သူ့ညီမနဲ့ သူ့ယောကျ်ားနဲ့ ဖြစ်နေတာကိုသိသွားတော့ယောက္ခထီးကြီးကိုခေါ်ပြီးတိုင်ပင်တာအဲခါကျမှ ယောက္ခထီးကြီးက သူ့သားက သူ့ထက်ကျော်သွားလို့မဖြစ်ဘူးဆိုပြီးသားရော ချွေးမရောအလုပ်သွားကြတဲ့အချိန် အိမ်မှာရှိနေတဲ့ကျောင်းသူဖြစ်တဲ့ ခယ်မလေးကိုပါ သွားဂျိမ်းတာအဲကနေ ညီအစ်မတွေနဲ့ဟွာဖူးချင်လို့ဆိုပြီး သူ့ချွေးမကိုခေါ်ပြောပြတော့ ညီအစ်မတွေက ရူးနေလားဆိုပြီး အိမ်ပြန်ယောကျ်ားဖြစ်သူနဲ့တွေ့ အားလုံးပြောပြအရက်တွေသောက်ပြီး threesome တွေဖြစ်အဲကနေ ခယ်မလုပ်တဲ့သူကရှည်ပြီး အဖေကိုပါဖုန်းဆက်ခေါ်ပြီး နှစ်တွဲ ဖြစ်ချင်သလိုဖြစ်ကြတာ…...
Why Didn't They Ask Evans? (2022-2022)
⭐IMDB: 7.1/10 (7 k Votes)
🎬 #Drama #Mystery #Thriller
🗓 2022-2022 🎞 tv mini series
🌎 #UnitedKingdom #UnitedStates
⏰ 59 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Why Didn’t They Ask Evans? (2023)Why didn’t they ask Evansစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအနေနဲ့ စာရေးဆရာမကြီး Agatha Christieရဲ့ လက်ရာတွေကို ရင်းနှီးကြမှာပါ။
သူ့ရဲ့ဝတ္ထုတွေဖြစ်တဲ့ Murder on the Orient Expressနဲ့ Death on the Nileတို့ကို ရုပ်ရှင်အဖြစ်
ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း ပရိတ်သတ်တွေကြား လူကြိုက်များခဲ့ပါတယ်။
ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Agatha Christieရဲ့ဝတ္ထုဖြစ်တဲ့
Why didn’t they ask Evans?ကို ပြန်လည်ရိုက်ကူးထားတဲ့ Mini Seriesလေးပဲဖြစ်ပါတယ်။ခပ်ဝေးဝေးကလူတစ်ယောက်ရဲ့အော်သံကြောင့် ရိုက်လျက်စဂေါက်တံကို ရပ်တန့်ပြီး
ဘော်ဘီဂျုန်းစ်တစ်ယောက်အသံလာတဲ့ဖက်ကို လှမ်းကြည့်မိတယ်. လှိုင်းတွေရိုက်ခတ်နေတဲ့ချောက်ကမ်းပါးစွန်းကနေ
လူတစ်ယောက်ပြုတ်ကျနေတာကိုတွေ့တော့ အကူအညီပေးဖို့
အပြေးအလွှားဆင်းသွားတဲ့ဘော်ဘီကို သေလုဆဲဆဲလူက စကားတစ်ခွန်းပဲပြောနိုင်ခဲ့တယ်‘သူတို့ဘာလို့ အီဗန်ကိုမမေးခဲ့တာလဲ’တဲ့.
ဘော်ဘီဂျုန်းစ်ဆိုတာက ရေတပ်ကဒုဗိုလ်အနေနဲ့ထွက်လာတဲ့ သင်းအုပ်ဆရာရဲ့သားဖြစ်ပြီး
မာ့ချ်ဘော့တ်မြို့ရဲ့ဂေါက်ကွင်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ. အေးအေးဆေးဆေးနဲ့
သူတပါးကိုကူညီတတ်တဲ့သူ့ဘဝထဲကို ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့
သေသွားတဲ့လူတစ်ယောက်ရဲ့နောက်ဆုံးစကားက အမြဲတဝဲလည်လည်ဖြစ်ပြီးမေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်.ဒီမေးခွန်းကိုပိုပြီးတော့ အသက်ဝင်လာအောင်တွန်းအားပေးနေတာကတော့ လန်ဒန်မြို့ကနေပြန်လာတဲ့သူဠေးသမီးလေး လေဒီဖရန်စစ်ဒါဝက်ပါပဲ.
စပ်စပ်စုစုနဲ့ သွက်လက်လွန်းတဲ့သူ့ရဲ့ဖိအားပေးမှုတွေနဲ့အတူ ဒါဟာ လူသေမှုလား လူသတ်မှုလားဆိုတာကို ရှာဖွေရင်းနဲ့
ကိုယ်တိုင်ပါအသက်အန္တရာယ်နဲ့ရင်ဆိုင်လာရတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာအဖြေရှာရမှာပါ.စုံထောက်ဝထ္ထုတွေမှာနာမည်ကြီးတဲ့ Agatha Christieရဲ့လူကြိုက်များခဲ့တဲ့ Why didn’t they asked Evans?ကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်.
မင်းသားအနေနဲ့ပါဝင်ထားတဲ့သူကတော့memeတွေမှာအမြဲတွေ့ရလေ့ရှိတဲ့ Will Poulterပဲဖြစ်ပါတယ်. We arr the Miller’s တို့
midsommarဇာတ်ကားတွေမှာလဲပါဝင်ဖူးတဲ့မင်းသားပဲဖြစ်ပါတယ်. စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး
၃ပိုင်းတည်းပါဝင်တဲ့ဇာတ်လမ်းမျိုး ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်.Quality : 1080p AMZ WEBDL / 720pTotal Episodes : 3EpsFormat : mp4Genres :Drama, MysteryDuration : 1hSubtitle : Myanmar Subtitle ( Hardsub )...
Hosa Dinachari (2022)
⭐IMDB: 8.5/10 (106 Votes)
🎬 #Bollywood #Drama
🗓 2022 🎞 movie
🌎 #India
⏰ 1 နာရီ 56 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hosa Dinachari (2022)
IMDb-8.5/10မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွားလာစေမယ့်ဇာတ်လမ်းလေး“Hosa Dinachari” ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာအချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာအားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင်Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ….
(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်)...
The Innkeepers (2011)
⭐IMDB: 5.5/10 (37 k Votes)
🎬 #Horror #Thriller #Drama #Mystery
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါ...
Die Tomorrow (2017)
⭐IMDB: 7.1/10 (733 Votes)
🎬 #Drama
🗓 2017 🎞 movie
🌎 #Thailand
⏰ 1 နာရီ 15 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Die Tomorrow (2017)
အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။
လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေကသေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။
Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။
လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hazelပဲ ဖြစ်ပါတယ်။...
The Big Year (2011)
⭐IMDB: 6.2/10 (47 k Votes)
🎬 #Comedy
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။းဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။
လူသုံးဦးကတော့ တနှစ်တာ အကောင်းဆုံးငှက်ကြည့်သမားဆုကို ရည်ရွယ်နေကြပါတယ်။ အရင်နှစ် Big Year မှာ မျိုးစိတ် 732 ခု မှတ်တမ်းတင်ထားတဲ့ ကန်နီ ဘော့စတစ် ၊လတ်တလောကမှ ပင်စင်ယူထားတဲ့ စတူ ပရိုက်စလာ ပြီးတော့ ပရိုဂရမ်မာ ဘရက်ဒ် ဟဲရစ်တို့ပါ။ သူတို့ဟာဘဝမှာ အခက်ကြုံလာကြပါပြီ ဘော့စတစ်ရဲ့ ဇနီးက ကလေးလိုချင်နေတယ်။ စတူရဲ့ ကုမ္ပဏီက ညှိနှိုင်းရေးတွေမှာ သူ့ကို လိုအပ်နေတယ် ပြီးတော့ 36 နှစ်အရွယ် အိမ်ထောင်ကွဲ ဘရက်ဒ် ကတော့ အမေက အားပေးပေမဲ့ သူ့အဖေကမကြိုက်ပါဘူး သူတို့က မြောက်အမေရိကတိုက် တလျှောက် သွားလိုက်ပြန်လိုက် လုပ်ကြရပါတယ်( အလာစကာရဲ့ အနောက်ဖက်စွန်းဆုံး ကျွန်း အပါအဝင်ပေါ့) ငှက်တွေရဲ့ဆောင်းခို လမ်းကြောင်းတွေ၊ငှက်တွေကို မြေပေါ်နားစေမယ့် မုန်တိုင်းတွေကို လိုက်ကြရပါတယ်။အဆုံးသတ်မှာတော့ ဘယ်သူက အနိုင်ရမလဲ။ ဘာတွေပေးဆပ်ရမလဲ။ ဘာဆုလာဘ်တွေ ရကြမလဲ။...
From Paris with Danger (2023)
⭐IMDB: 5.3/10 (96 Votes)
🎬 #Thriller #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Her Deadly Night in Paris (2023)
ဇာတ်လမ်းနာမည်အတိုင်းပါပဲ… ပဲရစ်ကို ပညာသင်ဖို့ရောက်လာကာမှ အန္တရာယ်တောထဲ ခုန်ဆင်းသလိုဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပါ။
လူစီက အမေရိကကနေ ပြင်သစ်ကို Exchange Program နဲ့ ကျောင်းလာတက်တဲ့ အဖေတစ်ခု သမီးတစ်ခု ကောင်မလေးပေါ့။ ပဲရစ်မှာ သူ Homestay နေရတဲ့အိမ်က မိသားစု 3 ယောက်ရှိပြီး သူတို့သား အန်တွိုင်းကလည်း လူစီတို့ကျောင်း၀င်းထဲမှာပဲ ဥပဒေကျောင်းတက်ပါတယ်။
အန်တွိုင်းရဲ့ဖခင် ရေမီက နာမည်ကျော်တရားသူကြီးဖြစ်ပြီး သူ့သားကိုလည်း သူ့ခြေရာနင်းစေချင်ပေမဲ့ သားဖြစ်သူကတော့ ဝါသနာမပါပါဘူး။ အမေဖြစ်သူကလည်း ဖအေကိုကြောက်ရပြီး သူ့သားဘက်မပါပါဘူး။
တစ်ရက် လူစီ ကျောင်းက ပြန်လာတဲ့အချိန် ရေမီက လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်လိုက်တာ တွေ့လိုက်ရပါတယ်။ ရေမီက သူခိုးဆိုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ထိုးလိုက်တာပါတဲ့။ လူစီကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားလိုက်တာပေါ့။
ဒါပေမဲ့ နောက်နေ့မှာ ရဲတွေက သေသွားတဲ့လူအလောင်းမှာ လူစီရဲ့ DNA တွေ့တယ်ဆိုပြီး တရားခံအနေနဲ့ လာဖမ်းကြတဲ့အခါ…သေသွားတဲ့လူရဲ့ ရေမီတို့မိသားစုကြားက လျှို့ဝှက်ချက်… လူစီနဲ့ အန်တွိုင်းတို့ကြားက ချစ်ခြင်းနဲ့ ဒီအရှုပ်ထုပ်ထဲက လွတ်အောင် ကြိုးပမ်းတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
My Father's Violin (2022)
⭐IMDB: 6.4/10 (4 k Votes)
🎬 #Drama #Music
🗓 2022 🎞 movie
🌎 #Turkey
⏰ 1 နာရီ 54 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Father’s Violin (2022)
~ IMDb – 6.4/10, Rotten Tomatoes – 82% ~
ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်…
“တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ”တဲ့။
ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။
ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ…
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။
နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
