无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Fast & Furious Presents: Hobbs & Shaw (2019) ⭐IMDB: 6.5/10 (245 k Votes) 🎬 #Action #Adventure #FastandFurious #Thriller #Comedy 🗓 2019 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။...
The Fate of the Furious (2017) ⭐IMDB: 6.6/10 (262 k Votes) 🎬 #Action #Adventure #Crime #FastandFurious #Thriller 🗓 2017 🎞 movie 🌎 #China #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++The Fate of the Furious (2017) IMDb Rating (6.6) / Rotten Tomatoes (67%) Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ယူသွားပြီးတော့ Cipher နဲ့ ပူးပေါင်းသွားပါတော့တယ် ။ “Cipher” ဆိုတာကတော့ အလွန်တော်တဲ့ Hacker တစ်ယောက် Cyber အကြမ်းဖက်သူကြီးတစ်ဦးပေမယ့် မိန်းမချောလေးတစ်ဦးပါ။ သူက အလွန်တော်တဲ့Hacker မို့ သူ့အကြောင်းတွေ အလွယ်တကူ စုံစမ်းလို့မရပါဘူး။ဘဝဆိုတာ ရွေးချယ်မှုကြားထဲမှာပဲ ရှင်သန်လုပ်ရှားနေရတာပါ ။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာ ရှိပါတယ် “ အောင်မြင်ချင်သလား ရှုံးနိမ့်ချင်သလား” ကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ ဒွန်တစ်ယောက် ဒီလမ်းကို ရွေးချယ်သွားတာလည်း အကြောင်းရှိပါတယ်။ -မိသားစုတွေကို ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ဒွန် ဒီလမ်းကို ဘာကြောင့်များ ရွေးချယ်သွားရတာလဲ – “Cipher” ကရော ဒီ EMP ဗုံးကို ဘယ်လိုအသုံးချပြီး ဘာတွေကို အကြမ်းဖက်ချင်တာလဲ သူရဲ့ Hacking skill တွေကိုရော ဘယ်လောက်တောင်ပြနိုင်မှာလဲ -Furious အဖွဲ့သားတွေကရော ဒွန်ကို ဘယ်လိုပြန်ရှာဖွေမလဲ -သူတို့ရဲ့ ရန်သူတော်ကြီးရော “ ဒက်ရှော” ကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မှာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ...
Fast Five (2011) ⭐IMDB: 7.3/10 (417 k Votes) 🎬 #Action #Crime #FastandFurious #Thriller 🗓 2011 🎞 movie 🌎 #USA #UnitedStates #Japan #Brazil #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ Fast Five (2011) IMDb Rating (7.3) / Rotten Tomatoes (78%) ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O’Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ကားက သူနဲ့အတူ သွားတဲ့ သူ့သူငယ်ချင်း ကမောင်းတာဖြစ်ပြီး ဖြစ်တဲ့နေရာက Valencia ရပ်ကွက်ရဲ့ Street Race လုပ်တာများတဲ့ လမ်းပေါ်မှာဖြစ်ပါတယ်။ Fast Five အကြောင်းကိုပြောရရင် ဒီကားက Fast & Furious လို့ခေါ်တဲ့ စတုတ္ထမြောက်ကားရဲ့ အဆက် ဖြစ်ပြီး O’Conner နဲ့ Dominic တို့ ဘရာဇီးနိုင်ငံ Rio De Jeneiro မှာ အဲ့ဒီမြို့က လူဆိုး ခေါင်းဆောင် Hernan Reyes နဲ့ပြသ၁နာဖြစ်ကြ သလို၊ လူဆိုးအဖွဲ့နဲ့ အလုပ်တူတူ လုပ်နေတုန်း လူဆိုးတွေက DEA အေးဂျင့်တွေကို သတ်လိုက်တာကိုလည်း သူတို့နှစ်ယောက်အပေါ်ပုံချခံရပါတယ်။ ဒါနဲ့ပဲ DEA က The Rock နဲ့အဖွဲကို လွှတ်ပြီး ဖမ်းခိုင်းပါခဲ့တယ်။ အဲ့ဒီမှာ Dominic နဲ့ Brian က Reyes က ဘိန်းအရောင်းအဝယ်နဲ့ ချမ်းသာနေတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ရှိတယ်ဆိုတာ သိသွားတဲ့နောက် Reyes ကို ဓါးပြတိုက်ဖို့ ကြံစည်ကြပါတယ်။ ဒီလို အစီအစဉ်ဆွဲ ရာမှာ သူတို့ ရဲ့ မိတ်ဆွေတွေကို သူတို့နဲ့အတူ ပါဝင်စေခဲ့ပါတယ်။ Brian က 2 Fast 2Furious ထဲက Roman Pearce (Tyrese Gibson, Paul Walker ရဲ့ အမှတ်တရ ပွဲကို မျက်ရည်စက်လက်နဲ့ တက်ရောက်ခဲ့ပါတယ်) နဲ့ Tej တို့ကို ခေါ်ခဲ့ပြီး Dominic က Fast & Furious ကားထဲက Han (Sung Kang), Gisele, Tego နဲ့ Don Omar တို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီကားမှာ ရှေ့ ထွက်ပြီးသမျှ Fast & Furious ကားတွေထဲက သရုပ်ဆောင်တွေ အကုန် လုံးနီးပါပြန်ပါ ခဲ့ပါတယ်။ (Tokyo Drift က Fast & Furious 7 မတိုင်ခင်ထိ ဇာတ်လမ်းတွေရဲ့နောက်ဆုံးကားဖြစ်ပြီး အစဉ်လိုက် စီရရင် The Fast and the Furious, 2 Fast 2 Furious, Fast & Furious, Fast Five, Fast & Furious 6, Tokyo Drift and Fast & Furious 7 ဖြစ်ပါတယ်။) ဇာတ်လမ်းတစ်ဝက်လောက်က အစီအစဉ်ချတာနဲ့တင် အချိန်ကုန်နေပြီး ဇာတ်လမ်း တစ်ဝက်လောက်မှာစပြီး ဇာတ်ရှိန်တက်လာတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည် မှု အပြည့်အဝနဲ့ သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်သလို ထူးထူးခြားခြား ဓါးပြတိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြိုင်ကားနဲ့ ဇာတ်လမ်းကောင်း မျိုး မရှိနိုင်ဘူးလို့ ပြောနေတဲ့ သူတွေကို ပါးစပ်ပိတ် သွားစေတဲ့ကားဖြစ်ပါတယ်။ ပြိုင်ကား ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မိသားစု တူတူကြည့်သင့်တဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ No Nudity ပေမယ့် Street Race ဇာတ်လမ်းဖြစ်လို့ Half Naked, Bikini ဝတ် မော်ဒယ်တွေ အများပြား ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ #Sololay (အညွှန်းကိုရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။)...
Furious 7 (2015) ⭐IMDB: 7.1/10 (424 k Votes) 🎬 #Action #Crime #Thriller 🗓 2015 🎞 movie 🌎 #USA #UnitedStates #China #Japan #Canada #UnitedArabEmirates #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 54 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++Furious 7 (2015) IMDb Rating (7.1) / Rotten Tomatoes (82%) Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါတယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။ ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည...
2 Fast 2 Furious (2003) ⭐TMDB: 65% User Score 🎬 #Action #Crime #FastandFurious #Thriller 🗓 2003 🎞 movie 🌎 #USA #Germany #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ 2 Fast 2 Furious (2003) IMDb Rating (5.9) / Rotten Tomatoes (37%) F1 ကပြဿနာမျိုးစုံပြီးတဲ့နောက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီး အရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ် အမှုငယ်ပေါင်းများစွာနဲ့ပေါ့။ ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး သတင်းအရမ်းထွက်နေတယ်။ သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်း ငွေဖြူအချီကြီးလုပ်ဖို့ စီစဉ်နေတယ်လို့သတင်းရနေတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့ အသုံးချပါတော့တယ်။...
Fast & Furious (2009) ⭐TMDB: 67% User Score 🎬 #Action #Crime #FastandFurious #Thriller #Drama 🗓 2009 🎞 movie 🌎 #USA #Japan #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ Fast & Furious (2009) IMDb Rating (6.5) / Rotten Tomatoes (29%) ဆီကုန်ကားကြီး(၂)စီးကို ဓားပြတိုက်ပြီး ဒွန်တို့အဖွဲ့ဟာ အေးဆေးနေဖို့ကြိုးစားကြတယ်။ ရဲတွေကလည်း ဒွန်ဆိုတာကို အဓိကပစ်မှတ်ဖြစ်လာတာမို့ ဒွန်ကိုယ်တိုင်ခြေရာဖျောက်ဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့ ဆုံးဖြတ်မိတာကြောင့် နည်းမျိုးစုံကြိုးစားခဲ့တယ်။ သို့ပေမဲ့ အဲ့အခိုက်အတန့်အတွင်းမှာပဲ လက်တီဟာ အသတ်ခံလိုက်ရတယ်။ အဲ့ဒီနောက်မှာတော့...
The Fast and the Furious: Tokyo Drift (2006) ⭐TMDB: 65% User Score 🎬 #Action #Crime #FastandFurious #Thriller #Drama 🗓 2006 🎞 movie 🌎 #USA #Germany #Japan #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ The Fast and the Furious: Tokyo Drift (2006) IMDb Rating (6.1) / Rotten Tomatoes (38%) ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလို ရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်။ ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏ နေရပ်ပြောင်းရလေ့ရှိတယ်။ နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုလွှတ်လိုက်တယ်။ အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့။ သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်။...
The Fast and the Furious (2001) ⭐TMDB: 70% User Score 🎬 #Action #Crime #FastandFurious #Thriller 🗓 2001 🎞 movie 🌎 #USA #Germany #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ The Fast and the Furious (2001) IMDb Rating (6.8) / Rotten Tomatoes (55%) မင်းသား Paul Walker နဲ့ Vin Diesel တို့ရဲ့ နာမည်ကျော် Franchise ဖြစ်လာစေမယ့် ပထမဆုံးသော ဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. ဒွမ်တို့အဖွဲ့ဟာ မြို့ရဲ့ အကြီးမားဆုံးသောခိုးမှုတွေမှာ ရဲတပ်ဖွဲ့တွေရဲ့ သံသယအရှိဆုံးသူတွေပါ။ အချီကြီးမှချတတ်သလို ပိရိလွန်းပြီးလက်တွဲညီလွန်းတဲ့သူတို့အဖွဲ့ကြောင့် ရဲတပ်ဖွဲ့ဟာ ကြိတ်မနိုင်ခဲမရ ဘယ်ကအစကောက်ပြီးလိုက်ရမှန်းမသိဖြစ်နေတယ်။ အဲ့ဒီအချိန်မှာပဲ ကားမောင်းကျွမ်းကျင်ပြီး ဂျလေဘီပုံပေါက်နေတဲ့ ဘရိုင်ယန်ကို သူလျှိုအဖြစ်စေခိုင်းရင်း ဒွန်တို့အဖွဲ့ကို ရဲတပ်ဖွဲ့ဟာ ဖြိုခွင်းဖို့ကြိုးစားပါတော့တယ်။...
Homestead (2024) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM ပရိသတ်များအတွက် တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေး တစ်ကားပဲဖြစ်ပါတယ်… အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက် ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ အကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူး အစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊ အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင် ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခု အနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်… Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေ သိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူ တစ်ယောက်ဖြစ်ပါတယ်.. တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်း ပေါက်ကွဲမှုတစ်ခုမှ အစပြုကာ အမေရိကန်ပြည်ထောင်စုအတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ် နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်း တစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ် Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့် အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့ တဖွဲဖွဲရောက်ရှိလာကြပါတယ်. သို့သော်လည်း Ian Ross ဟာ ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကို မလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင် အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ဗျာများနေရတော့ပါတယ် ထိုအခိုက်မှာပဲ ဇနီးဖြစ်သူ Jenna Ross တစ်ယောက်က လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စားရေရိက္ခာတွေ ခြံပြင်ထွက်ပေးရာ ဗိုက်ဆာနေတဲ့ လူအုပ်ကြီးက အလုအယက်ဝိုင်းယူ ကြသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များကပါ ဝင်ဆွဲရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်နေတဲ့ Jenna နဲ့ စိတ်ခံစားချက်ထက် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတဲ့ Ian တို့ လင်မယားနှစ်ယောက်ရဲ့ အပြန်အလှန်ပဋိပက္ခဖြစ်မှုအပေါ်မှာကျောရိုးတည်ပြီး ကမ္ဘာပျက်ကပ်ဘေး ဆိုက်လာတဲ့အခါ လူသားတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုသဘာဝကို အမြင်ဖွင့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများအနေနဲ့ အတွေးပွားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ...
You're Cordially Invited (2025) ⭐IMDB: 5.5/10 (10 k Votes) 🎬 #Comedy 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Comedy ဆန်ဆန့် ပေါ့ပေါ့ပါးပါး မိသားစုရုပ်ရှင် ဇာတ်ကားလေးပါ။ ဂျင် ကော့ဝဲလ် က ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ သမီးလေး ဖြစ်သူ ဂျန်နီ နဲ့ အတူနေထိုင်ပါတယ်။ ဒီလိုနဲ့ ဂျန်နီလေး တစ်နေ့မှာ လက်ထပ်မဲ့အချိန်ရောက်လာတော့ မင်္ဂလာပွဲစီစဥ်ပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက်ရဲ့ ဆန္ဒအတိုင်း ဂျင် နဲ့ သူ့ဇနီးတို့ လက်ထပ်ခဲ့တဲ့ ကျွန်းကလေးမှာပဲ မင်္ဂလာဆောင်ဖို့ အတွက် စာရင်းသွင်းလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း တိုက်တိုက်ဆန်ဆန်ပဲ စာရင်းမှတ်တဲ့ ဟိုတယ်ဘက်က အမျိုးသမီးက ဖုန်းဖြေကြားပြီးနောက်မှာပဲ ဆုံးပါးသွားတာကြောင့် စာရင်း မမှတ်လိုက်ရပါဘူး။ တစ်ဘက်မှာလည်း မိဘ အသိုင်းအဝိုင်းက သဘောမတူလို့ အစ်မဖြစ်သူ မာဂုတ်ကိုပဲ အားကိုးပြီး မင်္ဂလာပွဲစီစဥ်ရမဲ့ သတို့သမီးလေး နဗ် တစ်ယောက်ရှိနေပါတယ်။ သူတို့ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျင် တို့ စာရင်းသွင်းထားတဲ့ ရက်မှာပဲ စာရင်းသွင်းလိုက်မိတာကြောင့် မင်္ဂလာဆောင်နှစ်ခုက တပြိုင်တည်းမှာ စာရင်းသွင်းမိသလိုဖြစ်သွားပါတော့တယ်။ ဆိုတော့ ဒီဇာတ်ကားလေးမှာတော့ နေရာကျဥ်းကျဥ်းလေးထဲမှာ မင်္ဂလာဆောင်နှစ်ခု ဖြစ်နေတဲ့ မိသားစု နှစ်စုရဲ့ ပွတ်တိုက်မှုတွေ အလွဲအချော်တွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။ သူတို့တွေ ဘယ်လိုဖြေရှင်းကြမလဲ … ဘာတွေ လွဲချော်ကြမလဲဆိုတာကိုတော့ ပေါ့ပေါ့ ပါးပါး ခံစား ကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာ။...
Fall Into The Mortal World (2024) ⭐TMDB: 70% User Score 🎬 #Animation #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 59 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ ရဲ့ Rating ကောင်းတဲ့တရုတ်ဒဏ္ဍာရီဇာတ်လမ်းFantasy Animation ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။တရုတ်ချစ်သူများနေ့ဒဏ္ဍာရီဖြစ်တဲ့ နတ်သမီးလေးကျစ်နွီနဲ့လူသားလေးညိုလန်ရဲ့ဇာတ်လမ်းကိုအခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ကြယ်တာရာ(၂၈)ခုကိုတာဝန်ယူရတဲ့ နတ်သမီးကျစ်နွီဟာတာဝန်ပေါ့ဆတဲ့အတွက်ကြောင့်လူပြည့်ကိုဆင်းသက်ခဲ့ရတယ်လို့ဆိုတယ်။ကြယ်တာရာတွေကပြစ်ဒဏ်ပြန်ခတ်လို့ကျစ်နွီဟာချစ်သူနဲ့ကလေးတွေကိုပါဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာကျစ်နွီရဲ့သားကျင်းဖုန်းဟာသူ့အမေရဲ့အပြစ်တွေကိုပြန်ပေးဆပ်ဖို့အတွက် လူ့ပြည်ကိုပြန်သွားပြီးပျောက်ဆုံးနေတဲ့ကြယ်တာရာတွေကိုပြန်စုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ လူ့ပြည်ကိုသွားတဲ့အချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကိုသွားပြီးအမေရှာချင်တဲ့ကလေးမလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်တွဲပြီးကြယ်တာရာတွေကိုရှာဖွေရင်း အတိတ်ကဖြစ်ရပ်မှန်တွေကိုသိလိုက်ရတဲ့အခါ အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ ကျစ်နွီကို နူးညံ့သိမ်မွေ့ပြီးအချစ်ကိုပဲအလေးထားတာမျိုးမဟုတ်ပဲကြယ်တာရာတွေကိုတာဝန်ယူရတဲ့ ရဲရင့်ပြီးအရည်အချင်းရှိတဲ့နတ်သမီးတစ်ပါးအဖြစ်ဒဏ္ဍာရီထဲဇာတ်ရုပ်နဲ့ကွဲထွက်အောင်ပုံဖော်ထားပါတယ်။ဒါကအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပဲအိမ်ပြန်လမ်းကိုရှာဖွေတဲ့ ဘဝရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
The Grey Men 2 (2025) ⭐TMDB: 10% User Score 🎬 #Action 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 က ထွက်ခဲ့တဲ့ The Grey Men ရဲ့ ဒုတိယမြောက်ကားလို့ပဲဆိုရမှာပါပထမကားကို ကြည့်ချင်ရင်ဒီနေရာကို နိပ့်ပါ ဒီနေ့မှာတော့ ထိုင်ဝမ်ကားချစ်သူတို့ တစ်ခေတ်တစ်ခါက ကြယ်လိုင်းမှာ ငမ်းခဲ့ရတဲ့X Family ကမင်းသားလေး Jiro Wang ဖန်သားပြန်ပေါ် ပြန်လာပါပြီ…ဒီဇာတ်ကားလေးကို အမှီ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်….မူးယစ်ဆေးနဲ့ ငွေအိတ်ပြည့်ခဲ့တဲ့ မူးယစ်ဝိဇ္ဇာဒုစရိုက်ခေါင်းဆောင် စုန့်ပန်းကအခုတော့ နိုင်ငံရေးလောကထဲကို ငွေအိတ်နဲ့ ပစ်ပြီး ဝင်ဖို့ ကြိုးစားနေပြန်ပြီတဲ့… ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တင်ဒါလုတာပါပဲ…လုမရတော့ တင်ဒါအောင်ပြီးသားသူကို မိသားစုဖမ်းပြီး ခြိမ်းခြောက်တယ်….ဆန့်ကျင်တဲ့သူကို ပစ်သတ်လိုက်တယ်…ဒီလိုနဲ့ ငြင်းမရတဲ့အဆုံးမှာ စီမံကိန်းကို ပေးဖို့ စာချုပ်ချုပ်မယ်ဆိုမှ…မြေယာသုံးစွဲခွင့်ကနေ ပိုင်ဆိုင်မှု လွှဲပြောင်းစာဖြစ်နေပြန်ရော… ဟုတ်ပါတယ်… စုန့်ပန်းတစ်ယောက်ဟာ ငွေနဲ့ပေါက်ပြီးတစ်မြို့လုံးကို မောင်ပိုင်စီးချင်ပြန်တာပါ…ဒါနဲ့ ရွာသူကြီးက လက်မှတ်မထိုးဘူးဆိုတော့ ငါးစာကျွေးလိုက်ပါတော့တယ်…ဒီလိုဆိုးတဲ့ စုန့်ပန်းကို ဘယ်သူကရှင်းပေးမှာလဲ…ဘယ်လိုမျိုးမှ ရှင်းနိုင်မှာလဲ...
Bogota: City of the Lost (2024) ⭐IMDB: 5.8/10 (259 Votes) 🎬 #Action #Crime #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bogotá: City of the Lost (2024) ****************************** IMDb….7.4 ဒီတစ်ခေါက်မှာတော့ ကြည့်ရူသူပရိတ်သတ်ကြီးတို့အတွက် အလန်းစား Crime, Thriller, Action ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားချော Song Joong-Ki၊ Lee Hee-Joon၊ မင်းသားကြီး Kwon Hae-Hyo နှင့် အခြားသော သရုပ်ဆောင်ပေါင်းများစွာရဲ့ အရှိန်အဟုန်ပြင်းတဲ့သရုပ်ဆောင်မှုများကို ရူစားကြရမှာဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMF အကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှ ဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့ စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာ ဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကို အန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကို ခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကို အောင်မြင်ပါ့မလား..။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ..။ အောင်မြင်မလား ကျရှုံးမလား စတာတွေကို ရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Ni ပဲဖြစ်ပါတယ်...
Cinta Dari Timor (2024) ⭐IMDB: 4.9/10 (19 Votes) 🎬 #Drama #Romance #History 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cinta Dari Timor (2024) IMDb Rating (4.9) “ငါတို့နာမည်တွေကလိုက်ဖက်တယ်”“ဘာလို့လိုက်ဖက်တာလဲ”“ကြယ်တွေရှိတဲ့နေရာမှာကောင်းကင်ရှိတယ်လေ” “ကြယ်” လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ “ကောင်းကင်” လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။ လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။)...
Yathabhava (2024) ⭐IMDB: 8.4/10 (24 Votes) 🎬 #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yathabhava (2024) “အမှားတစ်ရံ” ကာနာတက်ကာပြည်နယ်မှာ မုဒိမ်းမှုတွေတစ်နေ့တစ်မှုဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။ အုပ်စုလိုက်ကျင့်တဲ့အမှုတွေလည်းများလာပြီး တရားခံတွေကိုမဖမ်းမိတဲ့အတွက် ပြည်သူတွေ မီဒီယာတွေဘက်ကနေရဲတပ်ဖွဲ့ကို မေးခွန်းထုတ်စရာဖြစ်နေတာပေါ့။ ပြည်ထဲရေးဝန်ကြီးကို မီဒီယာတစ်ခုကနေ ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့မိဘတွေပေါ့ဆလို့ဆိုတဲ့အဖြေကြောင့် ဂယက်တွေထသွားခဲ့ပါတယ်။ တစ်နေ့ မုဒိမ်းအကျင့်ခံရတဲ့မိန်းကလေးက ပြည်ထဲရေးဝန်ကြီးရဲ့သမီးဖြစ်နေပြီးရဲတပ်ဖွဲ့က တရားခံဆိုပြီးဖမ်းဆီးထားသူက ဥပဒေကျောင်းကစကားမပြောတတ်တဲ့ နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့။ အမှန်နဲ့အမှားဆိုတဲ့ အလွှာတစ်ခုကြားက အမှန်လားအမှားလားဆိုတာကို အဖြေရှာဖို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)...
Innalekal Thalirkkumbol (2023) ⭐IMDB: 8.6/10 (141 Votes) 🎬 #Bollywood #Family 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 45 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Innalekal Thalirkkumbol (2024)”မနေ့သစ်ပင်လေး”====================================== တမူထူးခြားတဲ့ တင်ဆက်ပုံမျိုးနဲ့ ကဗျာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့မာလျာလမ် အင်ဒီးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ နယ်မြို့လေးတစ်မြို့က ရုံးတစ်ရုံးမှာ တစ်သက်လုံး အတွင်းရေးမှူးအဖြစ်တာဝန်ကျေခဲ့တဲ့ ဆရီကာလာ။ ဆရီကာလာဟာ စာရေးရတာ ဝါသနာပါတယ်။ ကလေးဘဝကတည်းက စာသိပ်ဖတ်တယ်။ ၃၂ နှစ်လုံး စံပြဝန်ထမ်း၊ စံပြဇနီး၊စံပြမိခင်အဖြစ်နေလာခဲ့ပြီးတဲ့နောက်မှာ ဆရီကာလာ ပင်စင်ယူတယ်။ သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့ပစ္စည်းတွေပေးတယ်။ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကိုသူရေးထားတဲ့စာအုပ်တစ်အုပ် ပို့ပေးပြီး တစ်နေရာကိုထွက်သွားတယ်။ ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်တော့ဘူး။ ဒီရုပ်ရှင်ဟာဆိုရင်ဆရီကာလာချန်ခဲ့တဲ့ စာအုပ်ထဲမှာရေးထားတဲ့ သူ့ရဲ့ဇာတ်ကြောင်းကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ သူများစိတ်ကြိုက်ရှင်သန်ခဲ့ရတဲ့ ဆရီကာလာနဲ့ကိုယ့်စိတ်ကြိုက်ရှင်သန်သွားတဲ့ ဆရီကာလာဆိုပြီး ပုံံနှစ်ခုကိုမြင်ကြရမှာပါ။သာမန်ရုံးဝန်ထမ်းတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းဆိုတာထက်လူသားဆန်တဲ့လူသားတစ်ယောက်အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်လို့အင်ဒီးရုပ်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက်CM Bollywood Team ကနေညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
Post Malone: On His Terms (2025) ⭐IMDB: 2.0/10 (30 Votes) 🎬 #Documentary #Music #Biography 🗓 2025 🎞 movie 🌎 #UnitedStates ⏰ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Post Malone: On His Terms (2025) IMDb Rating (2.0) “Post Malone: On His Terms” က genre အမျိုးအစားစုံ အနုပညာရှင်ဖြစ်တဲ့ Post Malone ရဲ့ ဘဝနဲ့ လုပ်ငန်းအကြောင်းကို တင်ပြထားတဲ့ Documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီ Film မှာ Post ရဲ့ ထူးခြားမှုဖြစ်တဲ့ hip-hop, pop, R&B နဲ့ country ဂီတအမျိုးအစားတွေ ရောနှောမှုကို မီးမောင်းထိုးပြထားပြီးဂစ်တာကြိုးပြတ်လို့ ပထမဆုံး audition မှာ အငြင်းခံခဲ့ရတဲ့ ကောင်လေးဘဝကနေ Billboard Music Awards 10 ခုနဲ့ သန်း 80 records sold တွေ ရရှိထားတဲ့ အောင်မြင်တဲ့ artist အဖြစ် သူ့ရဲ့လုပ်ငန်းလမ်းကြောင်းနဲ့ အခက်အခဲတွေအကုန်လုံးကို တင်ပြထားလို့ Post Malone ဖန်တွေ ဒါမှမဟုတ် ဂီတကို စိတ်ဝင်စားသူတွေ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Fungus (2023) ⭐IMDB: 3.5/10 (124 Votes) 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #Sweden ⏰ 1 နာရီ 32 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fungus (2024) ကူးစက်တတ်ပြီး သေစေနိုင်တဲ့ မှိုမျိုးမှုန်တွေပါတဲ့ တိမ်တွေက ဆွီဒင်နိုင်ငံကိုရုတ်ရက်ရောက်လာခဲ့တဲ့အခါ အားလုံးကဘေးလွတ်ရာကို တိမ်းရှောင်ကြရပါတော့တယ်။ ဘေးကင်းဖို့အတွက် လူတွေတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြချိန် သိပ္ပံပညာရှင်အချို့ ကုသဆေးရှာဖို့အတွက် ကြိုးစားကြရပါတော့တယ်။ တစ်နေ့သူတို့နေတဲ့နေရာက မလုံခြုံတော့တာကြောင့် အခြားဘေးကင်းတဲ့ ကဒုတ်ကျင်း K76 ကိုရွှေ့ပြောင်းခဲ့ရပါတယ်။ ရွှေ့ပြောင်းနေစဥ်လမ်းမှာပဲ သလင်းကျောက်အမျိုးအစားတစ်ခုကို အားကိုးပြီး မှိုအန္တရာယ်ကနေ လွှတ်ကင်းနေတဲ့ ကျွန်းလေးပေါ်ကို ရောက်သွားတဲ့အခါမှာတော့ ဒီကျွန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရင်း ဘေးကင်းတဲ့ K76 ကဒုတ်ကျင်းကိုရောက်ဖို့ လမ်းမှာဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်။)...
Chu Fei (2025) ⭐TMDB: 0% User Score 🎬 #Action #Drama #War 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 57 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံ လွတ်လပ်ရေးရပြီးခါစ အချိန်မှာပေါ့…… နိုင်ငံအနှံ့ လူဆိုးဓားပြတွေသောင်းကျန်းနေပြီး တရုတ်ကွန်မြူနစ်တပ်က လိုက်လံချေမှုန်းရချိန် ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းက ဝေးဟူတောင်ပေါ်မှာ ဓားပြအဖွဲ့ကြီးတစ်ဖွဲ့ရှိပါတယ်။အဲဒီခေတ်အခါက ဓားပြအဖွဲ့အားလုံးက ကြောက်လန့်ရတဲ့ လက်နက်ကိုင်အဖွဲ့ကြီးပေါ့။ဓားပြတွေမှာ သူတို့အချင်းချင်းပဲ နားလည်တဲ့ စကားဝှက်လည်း ရှိတယ်တဲ့။ အရှေ့မြောက်ပိုင်း ပြည်သူ့တပ်မတော်အဖွဲ့ခွဲလေး တစ်ဖွဲ့ကထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ယန်ကျီရုံဟာ ဓားပြအဖွဲ့ရဲ့အတွင်းပိုင်း ကာကွယ်ရေးမြေပုံကို ရဖို့အတွက် ဓားပြအဖွဲ့ထဲ သူလျှိုဝင်လုပ်ခဲ့ပါတယ်။ သံသယများပြီး အချင်းချင်းမတည့်တဲ့ ဓားပြအဖွဲ့ထဲမှာယန်ကျီရုံတစ်ယောက် ဘယ်လို စမ်းသပ်မှုတွေနဲ့ ကြုံရမလဲ……ဖြစ်လာတဲ့ အန္တရာယ်အားလုံးကိုလည်း ဘယ်လို ဖြေရှင်းခဲ့သလဲ……အင်အားချင်း ကွာဟနေတဲ့ ဓားပြအဖွဲ့ကို ကွန်မြူနစ်တပ်ဖွဲ့က ချေမှုန်းနိုင်ပါ့မလား ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
The Token (2025) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်တောင်ပိုင်းဒေသမှာရှိတဲ့ ချစ်စရာကောင်းတဲ့ပုရီးတိုင်းရင်းသူလေးရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဟွားရှန်းရွာလေးဟာ တောင်ပေါ်ဝေးလံခေါင်သီတဲ့နေရာမှာရှိတဲ့အတွက်ဆင်းရဲပြီးခေတ်နောက်ကျပါတယ်။ ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန်ကျတဲ့အတွင်းရေးမှူးနုံကျားဟွေးဟာ အထက်တန်းကျောင်းမှာကတည်းကချစ်ရတဲ့ လော်ဟုန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ဒါပေမယ့်ချစ်သူရှိတဲ့သူဖြစ်နေတဲ့အတွက် လက်လျှော့ပြီးရွာဖွံ့ဖြိုးရေးကိုပဲအားစိုက်ပြီးလုပ်ခဲ့တယ်။ဆရာဝန်မလေးဖြစ်တဲ့လော်ဟုန်က မြို့ဆေးရုံမှာပဲအလုပ်ကြိုးစားနေပြီးဘဝတိုးတက်မယ့်လမ်းမှာလျှောက်လှမ်းနေခဲ့တယ်။ဆင်းရဲတဲ့ဇာတိရွာလေးမှာ ဆရာဝန်မမြဲပဲကျန်းမာရေးထောက်ပံ့ချက်တွေအားနည်းတာကိုသိရတဲ့အချိန်မှာ ရွာမှာဆရာဝန်ပြန်လုပ်ချင်လာခဲ့တယ်။ တစ်ဖက်မှာလူသားဆန်တဲ့စိတ်နဲ့ရွာအတွက်ပြန်လုပ်ပေးချင်တဲ့စိတ်ရှိပြီးတော့တစ်ဖက်မှာတော့အနာဂတ်ကောင်းဘဝရှေ့ရေးကိုစွန့်လွှတ်ရမယ့် ရွေးချယ်စရာတွေရှိလာတယ်။စိတ်ထားကောင်းတဲ့ဆရာဝန်မလေးဟာ နောက်ဆုံးမှာဘယ်လမ်းကိုရွေးချယ်မလဲ……မြို့ကဆရာဝန်ချစ်သူနဲ့ ရွာကအတွင်းရေးမှူးကြားမှာ ဘယ်လိုရွေးချယ်မလဲ...
