无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Together: 4-in-a-Row (2024) ⭐IMDB: 6.3/10 (47 Votes) 🎬 #Documentary #Sport 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Together: 4-In-A-Row (2024) IMDb Rating (6.3) ဘောလုံးလောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ရန်ကို ဘယ်လိုမျိုးကျော်လွှားပြီး လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားလဲဆိုတာကို ဒီထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Love The Stars (2024) ⭐TMDB: 10% User Score 🎬 #Mystery #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 42 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ဇာတ်ကားတွေကို အားပေးနေတဲ့ ချစ်ပရိတ်သတ်တို့ရေ…အခန်းတစ်ခန်းထဲမှာ မတူညီတဲ့အချိန်နှစ်ခုက လာတဲ့ လူနှစ်ယောက်ရဲ့ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်တယ်နော်… ဘတ်ဂျက်ကားလေးဆိုပေမယ့် ရူပါတွေက နွံထဲက ပတ္တမြားခဲလေးမို့အရှုံးမရှိသလို…ဇာတ်လမ်းလေးကလည်း မဆိုးလှဘူး ဘာဖြစ်မလဲ တွေးတွေးရင်းဇာတ်သိမ်းသွားတာတောင်မသိလိုက်ဘူးဖြစ်မယ်… ဇာတ်လမ်းလေးကတော့ အင်္ဂလန်မှာ ကျောင်း၅ နှစ်တက်ပြီးပြန်လာတဲ့ ရှန်ကျန့်ဆိုတဲ့ ကောင်လေးဟာ…အမေတစ်ခု သားတစ်ခုမို့ သူ့အပေါ် အမှီခိုလွန်တဲ့ အမေကိုဆန့်ကျင်ဖို့ တစ်ယောက်တည်း အခန်းငှားခဲ့ရာက စတာပါပဲ…တစ်မနက်ခင်းလုံး အကောင်း အကျိုးဆောင်နဲ့ အိမ်အတူတူကြည့်ပြီးစိတ်တိုင်းကျလို့တောင် စာချုပ်ချုပ်ပြီးပြီ…. ပြောင်းပြီးလာလည်းလာရော ည ၉ နာရီရောက်မှ ထူးထူးခြားခြား သူပြင်ဆင်ထားတဲ့အခန်းအပြင်အဆင်တွေအားလုံးပြောင်းသွားတဲ့အပြင် သူ့အခန်းထဲမှာပိုင်မုန့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ ပေါ်လာတယ်… နောက်တော့ အဲ့ပိုင်မုန့်ဆိုတဲ့အမျိုးသမီးက ဒီအခန်းရဲ့ပိုင်ရှင်တဲ့…သာမန်အနေအထားဆို အခန်းလိမ်ခံရပြီး စာချုပ်မှားချုပ်မိတာပေါ့…ဒါပေမယ့် ထူးခြားတာက သူက ဩဂုတ်လ ၁ ရက်နေ့မှာရှိနေပြီးသူ့ကိုရန်လုပ်နေတဲ့ အမျိုးသမီးက ဇွန်လ ၁ ရက်နေ့မှာ ရှိနေတာပါပဲ…ဘာလို့ သူတို့ကြားမှာ ဒီလို ကိစ္စပေါ်လာတာလဲ…ဘာလို့ အချိန်နှစ်ခု တိုက်ခန်းတစ်ခန်းဖြစ်နေတာလဲ…ပိုင်မုန့်နဲ့ ရှန့်ကျန့်ကြားမှာ ဘာပတ်သက်မှုရှိနေလို့လဲ…ဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြတော့နော်...
Journey to the End of the Night (2023) ⭐IMDB: 4.2/10 (119 Votes) 🎬 #ScienceFiction #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Journey to the End of the Night (2024) IMDb Rating (4.2) CM ပရိတ်သတ်ကြီးအတွက် ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ 3 Body Problem လိုမျိုး မရောက်လာသေးတဲ့ရန်သူကကိုယ့်ကိုအရင်လက်ဦးအောင် တိုက်ခိုက်ထားရင် ဆိုတဲ့ခံစားချက်မျိုး ဘယ်နေရာသွားသွားမလုံခြုံဘူး အကုန်စောင့်ကြည်နေတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းစေမဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၀၂၉ ခုနှစ်မှာ အမေရိကန်နိုင်ငံကို တရုတ်ကဓာတ်အားတွေပြတ်တောက်သွားအောင်လုပ်ပြီး ဘာသတင်းအချက်လက်မှမရပဲ သတင်းအမှောင်ဖုံးလိုက်ပါတယ်။ ဒါပေမဲ့အမေရိကန်စစ်တပ်ကနေ လူငယ်တွေကိုစစ်ထဲထည့်ပြီးတော့ ပြန်လာခုခံဖို့ကြိုးစားပေမဲ့ ဓာတ်အားတွေလုံးဝမရှိတော့ ကျောက်ခေတ်ပြန်ရောက်သွားသလိုပဲ လူတွေကအစာရေစာငတ်ပြတ်လာတယ်။ ဒီလိုဝရုန်းသုန်းကားအခြေအနေကနေ ထိန်းချုပ်ဖို့ဘယ်လိုမှမတတ်နိုင်တော့တဲ့အခြေအနေမှာ အမေရိကန်စစ်တပ်လဲတကွဲတပြားစီဖြစ်ကုန်ပါတယ်။ ဒီလိုကမ္ဘာပျက်သလိုအခြေအနေမျိုးမှာမှ လူတွေကလဲပုံမှန်မဟုတ်ပဲ ထူးဆန်းလာကြပါတယ်။ လူတွေက စစ်တပ်ကလူတွေကို ပြန်ပြီးတိုက်ခိုက်လာကြပါတယ်။ ကျူးကျော်လာတဲ့ တရုတ်တွေကလဲပုံမှန်လိုမျိုးမဟုတ်ကြပါဘူး။တရုတ်တွေလဲဒီလို ဓာတ်အားပြတ်တာတွေကြုံနေရတာကို ဘာလို့အမေရိကန်ကိုကျူးကျော်လာတာလဲဆိုတာ ဘယ်သူမှရှင်းမပြနိုင်ကြဘူး။ အမေရိကန်စစ်တပ်ထဲမှာတင်ကို ကျောက်ခေတ်လိုဖြစ်သွားတော့ဘယ်လိုမှတခြားနေရာတွေမှာဖြစ်ပျက်နေတာတွေကို မသိနိုင်ကြပါဘူး။ ဘာလို့ဒီလို ကိုယ့်လူအချင်းချင်း ပြန်တိုက်နေရတာလဲလူတွေကလဲ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခြေနေကြီးမှာ ပုံမှန်မဟုတ်တာတွေဖြစ်လာရတာလဲဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင်လို့ ဆက်လက်ပြီးကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။)...
柯村风云 (2025) ⭐TMDB: 0% User Score 🎬 #Action #War 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံတော်လှန်ရေးခေတ်မှာမြေရှင်သူဌေးတွေက ရွာသူရွာသားတွေကိုဖိနှိပ်ခေါင်းပုံဖြတ်နေပြီးတော့ ကူမင်တန်အာဏာရှင်တွေနဲ့ပူးပေါင်းပြီးလက်ဝါးကြီးအုပ်ထားကြတယ်။ကူမင်တန်အာဏာရှင်ကိုတော်လှန်ဖို့ အောက်ခြေလူတန်းစားတွေကိုကွန်မြူနစ်တွေကဦးဆောင်ပြီးလှုံ့ဆော်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုဖိနှိပ်မှုတွေအောက်ကလွတ်မြောက်အောင်ရပိုင်ခွင့်ပြည်သူ့အခွင့်အရေးတွေကိုပြန်ရအောင် တော်လှန်ရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးပြီးတော်လှန်ရေးမီးပွှားလေးတွေတောက်လောင်လာအောင်တိုင်းပြည်အတွက်အသက်စွန့်ပြီးတော့ကြိုးစားသွားတဲ့ရဲဘော်တွေရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။...
Mad Hairdressers (2025) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီးတကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကိုဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီးအဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက်အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။ ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့်လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်ကသူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ်...
Partners (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Mystery #Thriller #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Partners (2024) အမှန်တရား ဘယ်ဆီ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါတဲ့။အခုချိန် ဖုံးကွယ်ထားလို့ရရင်တောင် နောင်တစ်ချိန်ပေါ်ပေါက်လာရမှာပါ။ဘာလို့လဲဆိုတော့ လိမ်ညာ ဖုံးကွယ်မှုဟာ တစ်ခါတည်းနဲ့ပြီးပြတ်တယ်မရှိဘဲ ဒီတစ်ခုမပေါ်အောင် ဆက်လက် လိမ်လည် ဖုံးကွယ်နေရတဲ့အတွက်ပါပဲ။ ဒီလိုမကောင်းမှု ရာဇဝတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ၈၀% က ငွေကြေးကြောင့်ပါတဲ့။လူတွေဟာ ငွေကြောင့် သူစိမ်းကနေမိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကနေ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရွာတွေရဲ့ထုံးစံအတိုင်း ငွေတိုးချေးစားခေါင်းပုံဖြတ်နေတဲ့သူတွေကိုကြောက်နေရချိန်အဲဒီရွာလေးမှာ ဘဏ်တစ်ခုလာဖွင့်ပါတယ်။ ရွာသားတွေကတော့ သူတို့ရွာမှာပထမဆုံးဖွင့်တဲ့ဘဏ်မို့ ပျော်နေလေရဲ့။ဒါပေမဲ့ဒီဘဏ်က ရိုးရိုးသာမန်ဘဏ်မဟုတ်ဘဲနောက်ကွယ်မှာ မကောင်းမှုကိုကြိုးကိုင်သူတွေရှိနေပါတယ်။ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ရွှေတွေငွေတွေကိုပမာဏများစွာ ခိုးယူဖို့ သူတို့ဘယ်လိုအလုပ်ဝင်လာကြမလဲ၊ဘယ်လိုလှုပ်ရှားကြမလဲ၊ ရွာသားတွေကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ဘဏ်လုပ်ငန်းရှင်တွေရော ဒီအမှုမှာပါဝင်နေမလားဆိုတာကြည့်ရှုခံစား အဖြေထုတ်ကြည့်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။...
Yin Yang Mansion (2024) ⭐TMDB: 25% User Score 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုလိုအင်တာနက်တွေသုံးလာကြတဲ့ခေတ်ကြီးထဲမှာ အင်တာနက်ပေါ်မှာမြင်မြင်သမျှတွေကိုလိုက်လံဝေဖန်နေကြတဲ့လူတွေကလူတစ်ယောက်ကိုဘဝပျက်အောင်ဖျက်စီးပစ်နိုင်စွမ်းရှိလာခဲ့ကြတယ်။ဖုန်းရွှယ်ချင်လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကသနားကြင်နာတတ်ပြီးရုပ်ချောမောလှပတာကြောင့် သူ့စီနီယာအစ်ကိုဖြစ်တဲ့လျိုကျန့်ကျုံးကအသည်းအသန်ကြိုက်ခဲ့တာပေါ့။ဒါပေမဲ့တနေ့အင်တာနက်ပေါ်မှာအိမ်သာထဲကလေးမွေးဖွားတဲ့တက္ကသိုလ်ကျောင်းသူဖူန်းရွှယ်ချင်ဗီဒီယိုဖိုင်ပြန့်နှံ့သွားတဲ့အခါ မြင်မြင်သမျှကိုလိုက်လံဝေဖန်နေကြတဲ့အင်တာနက်ပေါ်က လူတွေကြောင့် ဖုန်းရွှယ်ချင်တယောက်ဘဝပျက်သွားပြီး သေသွားခဲ့တယ် သူသေသွားတဲ့အချိန်မှာ မိဘမရှိဆွေမျိုးမရှိတာကြောင့်သူယုံကြည်ရတဲ့စီနီယာအစ်ကို လျိုကျန့်ကျုံးနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့အထက်အရာရှိစူးကျဲခဲ့သူတို့တွေကို သူအာမခံဝယ်ခဲ့တဲ့ အန်းရှန်အာမခံကုမ္ပဏီကဆက်သွယ်လာပြီး ဖုန်းရွှယ်ချင်ရဲ့အာမခံလျော်ကြေးကိုသေတမ်းစာအတိုင်းပေးဖို့ခေါ်ယူခဲ့တယ်။ဒါပေမဲ့ စည်းကမ်းချက်အနေနဲ့အချစ်ဌက်စံအိမ်မှာခုနှစ်ရက်တိတိ နေရမှာဖြစ်ပြီးအဲ့စံအိမ်ထဲမှာနောက်ဆုံးအချိန်ထိကျန်နေတဲ့လူမှာ အာမခံလျော်ကြေးအများအပြားကိုရရှိပါဖြစ်တယ်။ အဲ့စံအိမ်ကတော့တကယ်တမ်းမှာ အိမ်မဟုတ်ဘူး သရဲအိမ်ကြီးဖြစ်နေတာကြောင့်လျိုကျန့်ကျုံးနဲ့သူ့ကောင်မလေးကျန်းချန်နှင့်အတူ စူးကျဲခဲ့တို့ကလက်မခံချင်ပေမဲ့နောက်ဆုံးမှာတော့ ခုနှစ်ရက်တိတိသည်းခံဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်...
Under Suspicion (2000) ⭐TMDB: 61% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Under Suspicion (2000) IMDb Rating (6.4) / Rotten Tomatoes (50%) ဒီဇာတ်ကားလေးကတော့ 2000 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ ပြစ်မှုမှုခင်းဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Morgan Freeman နဲ့ Gene Hackman တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Stephen Hopkins ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း….. ဟင်နရီ ဟတ်စ် ဟာ ပေါ်တိုရီကို ဆန်ဟွမ်မြို့က အလွန်ချမ်းသာတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ ပရဟိတ အသင်းများစွာရဲ့ ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ မနက်ပိုင်းပြေးရင်းနဲ့ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကိုတွေ့ရှိခဲ့ပြီးတော့ ရဲစခန်းကို ဖုန်းခေါ်ခဲ့ပါတယ်။ အမှုက သူထင်ထားသလိုမရိုးရှင်းနေပဲနဲ့ သက်သေတွေအားလုံးက ဟင်နရီ ကိုညွှန်းဆိုပြနေတဲ့ အခါမှာတော့…. Under Suspicion ဆိုတဲ့အတိုင်းပဲ ဟင်နရီ တစ်ယောက် သံသယအဝင်ခံရပုံတွေကို ရိုက်ကူးထားပါတယ်။ ထွက်ထားတာ နှစ်20 ကျော်လောက်ရှိပြီ ဖြစ်ပေမယ့်လဲ old but gold ဆိုတဲ့အတိုင်း ရွှေဖြစ်နေဆဲဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Thirteen Days (2000) ⭐TMDB: 70% User Score 🎬 #Drama #History #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thirteen Days (2000) IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။ တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။)...
September 5 (2024) ⭐IMDB: 7.2/10 (4 k Votes) 🎬 #Drama #History #Thriller 🗓 2024 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 September 5 (2024) IMDb Rating (7.2) 1972 ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဖြစ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နွေရာသီ အိုလံပစ်ပွဲတော်အတွင်း ဖြစ်ပွားခဲ့ပြီး အစ္စရေး အားကစားသမား ၁၁ ဦးနှင့် နည်းပြများကို ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ Black September မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို ABC Sports အဖွဲ့၏ ရှုထောင့်မှ ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်တာကြောင့် မတူညီတဲ့ ပုံစံမျိုးနဲ့ ရင်တမမကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ABC Sport ရိုက်ကူးရေးအဖွဲ့က အိုလံပစ်ပွဲကို သတင်းထောက်လှမ်းရင်း မတော်တဆ သမိုင်းဝင် ဖြစ်ရပ်ကြီးကို မှတ်တမ်းတင်မိသွားသည့် ဇာတ်လမ်းဖြစ်ပြီး ဖြစ်ရပ်မှန်မှတ်တမ်းဗီဒီယိုများကို ထည့်သွင်းရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီအချက်တွေအပြင် ဇာတ်လမ်းအဆုံးမှာ ဒီဇာတ်ကားကို ဖန်တီးထားတဲ့ဒါရိုက်တာ၊ စာရေးဆရာ၊ အယ်ဒီတာတွေနဲ့အတူ ဇာတ်လမ်းပုံဖော်ဖန်တီးခဲ့စဉ် နောက်ကွယ်က လျှို့ဝှက်ချက်လေးတွေကို ပြောကြားထားပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
One Day (2017) ⭐IMDB: 6.5/10 (691 Votes) 🎬 #Drama #Fantasy 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ကိုမာဝင်ပြီးသတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကိုရိုက်ကူးထားပါ ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် အလုပ်ကိုလည်းမသွားတော့ပါဘူး အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ်။ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ …. (ဘာသာပြန်သူကတော့ idiotMyoKo ပဲဖြစ်ပါတယ်)...
Magnificent Warriors (1987) ⭐TMDB: 65% User Score 🎬 #Action #Drama #Martial 🗓 1987 🎞 movie 🌎 #HongKong ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသမီးကြီး Michelle Yeoh ငယ်ရွယ်စဉ်ကာလက ရိုက်ခဲ့တဲ့ action/adventure ကားကောင်းလေး တင်ဆက်ပေးထားပါတယ်Mr.Vampire III, Pom Pom တို့နဲ့ လူသိများကြတဲ့ ဟာသမင်းသားကြီး Richard Ng လည်း ပါဝင်ပါတယ် Michelle Yeoh ရဲ့ အက်ရှင်လှလှတွေကို အဝကြီးကြည့်ရမှာပါ ဇာတ်လမ်းလေးက ၁၉၃၀ ကာလဝန်းကျင် တရုတ်ဂျပန် စစ်ဖြစ်ပွားနေချိန် ဂျပန်တွေဟာ ဘူတန်နိုင်ငံထဲက ခါရီ ဆိုတဲ့မြို့လေးမှာ ဓာတုလက်နက်တစ်မျိုး ထုတ်လုပ်ဖို့ အခြေစိုက်စခန်းချနေကြပါတယ် ခါရီမြို့ရဲ့ မြို့စားဖြစ်သူက ဒီကိစ္စကို သဘောမတူလိုတဲ့အတွက် တရုတ်ဘက်က စပိုင်တစ်ယောက်ကို လျှို့ဝှက်သတင်းပေးပြီး အလဲအလှယ်အနေနဲ့ သူ့ကို ဘေးကင်းလုံခြုံတဲ့နေရာ ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တယ် ဒီတော့ သူ့ကို ခေါ်ခဲ့ဖို့ ဖော့မင်မင်(Michelle Yeoh) ကို လေယာဉ်နဲ့ လွှတ်လိုက်ပြီး ခေါ်ခိုင်းခဲ့ပါတယ် ဖော့မင်မင် ခါရီမြို့ကို ရောက်သွားတဲ့အချိန် အားလုံး စီစဉ်ထားသလို ဖြစ်မလားဆိုတာကို ရှုစားလိုက်ကြပါဦးခင်ဗျ...
God of Driving (2025) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝအမောတွေ ပြေပျောက်သွားအောင် အားလုံးအတွက် တရုတ်ဟာသရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပြိုင်ကားပြိုင်ပွဲဝင် ကောင်းလျန့်ဟာ ပြိုင်ကားအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီးနောက်စိတ်ဓာတ်ကျပြီး ရှန်ယာရွာကို ပြန်လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်လုပ်နေတဲ့ ကောင်းလျန့်တစ်ယောက် မထင်ထားဘဲ ရှန့်ယာရွာကားနတ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားခဲ့ပြီး အရင်ကားနတ်ဖြစ်သူ လီဟုန်ကွမ်းကို ဆရာတင်ခဲ့ပါတယ်။ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာတပည့်နှစ်ယောက်ကရယ်မောစရာအဖြစ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာ ရွာလမ်းကို ပြင်ဖို့အတွက် ကျွမ်းကျင်ပြိုင်ကားချန်ပီယံနဲ့ ပြိုင်ရမဲ့အချိန်မှာ……ကောင်းလျန့်တစ်ယောက် အောင်မြင်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Identity (2025) ⭐IMDB: 8.2/10 (6 k Votes) 🎬 #Action #Bollywood #Crime #Thriller #Mystery 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Identity (2025) ဖြစ်တည်မှု CM Bollywood ပရိသတ်ကြီးအတွက်ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက်အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်…. နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီးကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေကအရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ် ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်းဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
Ne Zha (2019) ⭐IMDB: 7.4/10 (9 k Votes) 🎬 #Action #Adventure #Animation #Family #Fantasy #Thriller 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 50 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ne Zha (2019) IMDb Rating (7.4) ဒါကတော့ Classic novel တစ်ခုဖြစ်တဲ့ The Investiture of the Gods ကိုအခြေခံထားတဲ့ နာမည်ကြီး Chinese Donghua ပါ။၀တ္ထုအရ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းနဲ့သူ့ရဲ့တတိယသားတော်အောင်းပင်း၊ နီကျားတို့ရဲ့ အကြောင်းကိုတော့ တော်တော်များများရင်းနှီးကြပါတယ်။မဟာရန်သူတော်အောင်းပင်းနဲ့နီကျားက ဒီ Movie မှာတော့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ကောင်းကင်ရဲ့နတ်စွမ်းအင်တွေကနေ ဟွမ့်ယွမ်ပုလဲလုံးဖွားမြင်လာခဲ့ပြီး ထိန်းမရဖြစ်ခဲ့တာကြောင့်ကောင်းကင်အရှင်မင်းက မိစ္ဆာပုလဲလုံးနဲ့ကောင်းကင်ပုလဲလုံးဆိုပြီးခွဲခြားလိုက်ပါတယ်။ကောင်းကင်ပုလဲလုံးကို ချန်ထန်ကွမ်းရဲ့အုပ်ချုပ်သူလီကျန့်ရဲ့သားတော်အဖြစ်ဖွားမြင်စေပြီးမိစ္ဆာပုလဲအပေါ်မှာတော့ နောက်သုံးနှစ်အကြာ ကောင်းကင်မှစီရင်ချက်ခံရမယ်ဆိုပြီးကျိန်စာထားထားခဲ့ပါတယ်။ တပည့်တွေအနက် တပည့်အကြီး ထိုက်ယီကျန်းရန်ကို အဲ့ဒီတာ၀န်အပ်နှင်းခဲ့တော့ ကျန်တပည့်ရှန်းကုန်းပေါင်က မနာလိုမုန်းတီးစိတ်တွေဖြစ်လာပြီး ကောင်းကင်ပုလဲလုံးကိုခိုးကာ အရှေ့ပင်လယ်အောက်နဂါးနန်းတော်မှာချုပ်နှောင်ထားခြင်းခံရတဲ့ နဂါးမင်းအောင်းကွမ်းရဲ့တတိယသားတော်နဲ့ကောင်းကင်ပုလဲလုံးကိုပေါင်းစပ်ပေးဖို့အပေးအယူထားထားခဲ့ပါတယ်။ မိစ္ဆာပုလဲလုံးကတော့ လီကျန့်ဇနီးသည်ဆီမှာ ဖွားမြင်ခဲ့ပြီး ထိန်းချုပ်မရလို့ ချန်းခွင်းရွှေကွင်းနဲ့ထိန်းထားခဲ့ရပြီးလီကျင့်နဲ့သူ့ဇနီးသည်မျက်နှာနဲ့ ထိုက်ယီကျန်းရန်က မတတ်နိုင်ပဲ ရှင်သန်ခွင့်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သုံးနှစ်အကြာမှာ ကောင်းကင်စီရင်ချက်အရ မိုးကြိုးဒဏ်နဲ့ဖျက်ဆီးခံရမှာမို့အဲ့ဒီသတ်မှတ်ခံထားရတဲ့ကံကြမ္မာကို နီကျားတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ အဆက်ကလည်း ရုံတင်နေပြီဖြစ်ဖို့ ကြည့်ပြီးရင်လည်းပြန်ကြည့်လိုက်ကြပါ။ဒုတိယကားမှာဆိုလည်းပင်လယ်နဂါးမင်းအောင်းကွမ်းရဲ့လူပုံစံကြီးကိုပါမြင်ရတော့မှာပါ။အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းမှာသားတော်သုံးပါးရှိပါတယ်။သူတို့အကြောင်းပိုသိချင်ရင်တော့ ဒါကိုအခြေခံထားတဲ့ Aobing Zhuan ဆိုတဲ့ Manhua လေးလည်းရှိတယ်နော်။ဒီ Movie ကတရုတ်မှာတင်မက နိုင်ငံတစ်ဝှမ်းမှာတော်တော်လေးအောင်မြင်ခဲ့ပြီးDonghua တွေထဲမှာ Animation ကလည်းမိုက်ပြီး တော်တော်လေးကိုကောင်းတဲ့ကားပါ။မကြည့်ရသေးရင် ကြည့်ကြည့်လိုက်ကြပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။) ယခင်တင်ထားတုန်းက Eng သံဖြစ်နေလို့ ယခုတော့ မူရင်းတရုတ်သံနဲ့ဘာသာပြန်လိုအပ်ချက်တချို့ကိုပါ ပြုပြင်ထားပြီး 4K DD5.1 Quality ထိပါ တင်ဆက်လိုက်ပါတယ်။...
Poltergeist (1982) ⭐TMDB: 71% User Score 🎬 #Horror #Thriller 🗓 1982 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပုဏ္ဏကတိုက်ခြင်းလို့ အနီးစပ်ဆုံး ပြန်ဆိုလို့ရမဲ့ Poltergeist ရုပ်ရှင်ဟာ အထွေအထူး ပြောစရာမလိုလောက်အောင် အောင်မြင်မှုရရှိခဲ့ပြီး ဂန္တဝင် Horror ရုပ်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဆန်ဆန် ပြကွက်တွေ၊ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ထဲ မတင်မကျဖြစ်စေတဲ့ atmospheric tension တွေကို တုန်လှုပ်သွေးပျက်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ထည့်သွင်းပေါင်းစပ်ခဲ့တဲ့အပြင် အဲဒီခေတ်ကာလအရ ပီပြင်ပြောင်မြောက်တဲ့ visual effects တွေကိုပါ အသုံးပြု ရိုက်ကူးခဲ့တဲ့အတွက် နောင်လာမဲ့ Horror ရုပ်ရှင်တွေအတွက် စံပြုစရာ Guideline တစ်ခု ချမှတ်ပေးခဲ့တဲ့အထိ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဒါရိုက်တာကတော့ နာမည်ကျော် ဂန္တဝင် Horror ရုပ်ရှင်ဖြစ်တဲ့ Taxas Chainsaw Massacre (1974) ရဲ့ ပဲ့ကိုင်ရှင် Tobe Hooper ဖြစ်ပြီး ထုတ်လုပ်သူကတော့ ဂန္တဝင်ဒါရိုက်တာ Stephen Spielberg ဖြစ်ပါတယ်။ Spielberg ဟာ သူ့ရဲ့ ဂန္တဝင်လက်ရာဖြစ်တဲ့ ဂြိုလ်သားရုပ်ရှင် Closed Encounter of the Third Kind (1977) ကို ရိုက်ကူးပြီးနောက်မှာ Night Skies ဆိုတဲ့ ရုပ်ရှင်တစ်ခု ရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပြင်ပ အာကာသကလာတဲ့ ဆိုးသွမ်းကြမ်းကြုတ်သော ဂြိုလ်သားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမဲ့ မိသားစုတစ်စုအကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ Sci-fi /Horror နဲ့ Family Drama အမျိုးအစား ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ Spielberg က စိတ်ပြောင်းသွားပြီး Night Skies ရုပ်ရှင်ရဲ့ concept ကို နှစ်ခုခွဲကာ မတူညီတဲ့ ရုပ်ရှင်နှစ်ခုအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ပထမတစ်ခုက သူကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အော်စကာလေးခုရ ဂန္တဝင်ရုပ်ရှင် E.T. ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဒီရုပ်ရှင် Poltergeist ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ထုတ်လုပ်သူအဖြစ်နဲ့ပဲ ပါဝင်ခဲ့တယ် ဆိုပေမဲ့ Spielberg ရဲ့ ဒီရုပ်ရှင်အပေါ် လွှမ်းမိုးမှုက ဒါရိုက်တာဖြစ်သူ Tobe Hooper ထက်တောင် ကြီးမားခဲ့တဲ့အတွက် Tobe က အမည်ခံသက်သက်ပဲဖြစ်ပြီး တကယ်တမ်း ဒါရိုက်တာက Spielberg လို့တောင် ပြောဆိုငြင်းခုံကြတာတွေ ရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ် Cuester Verde အိပ်ယာမှာနေထိုင်တဲ့ Freeling မိသားစုအပေါ်ကို ကျရောက်လာတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ တုန်လှုပ်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ Steven Freeling က Cuester Verde အိပ်ယာစီမံကိန်းကို ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ မိသားစုရဲ့ အငယ်ဆုံးသမီးဖြစ်သူ Carol Anne ဟာ ထပ်ခိုးပေါ်မှာရှိတဲ့ တီဗွီတစ်လုံးကနေတဆင့် တစ္ဆေဝိညာဉ်တွေနဲ့ ဆက်သွယ်မိရာကနေ ဆန်းကြယ်ဖြစ်ရပ်တွေကို တစ်မိသားစုလုံး ကြုံတွေ့လာရပါတော့တယ်။ ဒီဝိညာဥ်တွေက တစ်နေ့တခြား ပိုမိုဆိုးသွမ်းလာရာကနေ Carol Anne ကို ပြန်ပေးဆွဲသွားတဲ့အထိ သောင်းကျန်းလာပါတော့တယ်။ တစ်ချိန်တည်းမှာ Steven ကလည်း သူတို့နေထိုင်တဲ့ Cuester Verde အိမ်ယာဟာ သင်္ချိုင်းမြေကြီးကို ဖျက်သိမ်းပြီး ဆောက်လုပ်ထားတာ ဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ပြန်ပေးဆွဲခံရတဲ့ သမီးလေးကိုရော Steven တို့ ဇနီးမောင်နှံ ကယ်တင်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Poltergeist ရုပ်ရှင်ဟာ သုံးကားရှိပြီး ပထမဆုံးဖြစ်တဲ့ ဒီရုပ်ရှင်ကိုသာ အကောင်းဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ ကျန်နှစ်ကားမှာတော့ Spielberg ရော Tobe Hooper ရော ပါဝင်ပတ်သက်ထားခြင်းမရှိပါဘူး။ Horror နဲ့ Classic ရုပ်ရှင် နှစ်သက်သူများ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။...
A Burning Hot Summer (2011) ⭐TMDB: 52% User Score 🎬 #Drama 🗓 2011 🎞 movie 🌎 #France #Italy #Switzerland ⏰ 1 နာရီ 37 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Burning Hot Summer (2011) ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂန္ဓဝင်အလှတရားပိုင်ရှင်မမကြီး မော်နီကာရဲ့ဇာတ်ကားဟောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ရောမရဲ့နွေရာသီတစ်ခုက စုံတွဲနှစ်တွဲဖြစ်တဲ့ ပန်းချီဆရာဖရက်ဒရစ်နဲ့ သူ့ရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးဇနီးချော အိန်ဂျယ်၊နောက်တော့ သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့အိမ်ကိုရောက်လာတဲ့ ဖရက်ဒရစ် သူငယ်ချင်း ပေါလ်နဲ့သူ့ကောင်မလေး အဲလိဇဘတ်တို့ကိုအခြေခံပြီးအချစ်၊ပေါင်းသင်းဆက်ဆံရေးနဲ့လူသားတွေရဲ့စိတ်သဘောတွေကို နှီးနွယ်တင်ပြထားတာဖြစ်ပါတယ်။အီတလီဇာတ်ကားတွေထုံးစံအတိုင်း အေးအေးငြိမ့်ငြိမ့်နဲ့ cinematography လှလှ မင်းသမီးလှလှတွေကိုတစ်၀ငေးရမယ့် ဇာတ်ကားပါပဲ။...
Pushpa: The Rule - Part 2 (2024) ⭐IMDB: 6.2/10 (48 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 3 နာရီ 44 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pushpa 2 – The Rule (2024) “ပွတ်ရှ်ပါ ပြန်လာပြီ” Netflix WEB-DL ကြည်တောက်ရှင်းဖြစ်ပြီး၄နာရီနီးပါး အပြည့်စုံဆုံး ဗားရှင်းကိုတင်ဆက်လိုက်ပါပြီ(4kလဲ ထွက်ရှိလာပါက ထပ်မံupdateပေးသွားပါမယ်) =============================== အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေးအပြင်းအထန်ကြိုးစားနေပါတယ်။ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းကပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက်ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။ တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန်ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲအခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက်ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)...
Dark Night of the Soul (2024) ⭐IMDB: 4.5/10 (106 Votes) 🎬 #Drama #Mystery 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama, Mystery အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က ကမ္ဘာကြီးပေါ်မှာ ကူးစက်ရောဂါဗိုင်းရပ် တွေရှိခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်တွေဟာ ရေခဲခေတ်နဲ့အတူ ဝင်ရိုးစွန်းဒေသတွေရဲ့ ရေခဲဆောင်ကြီးတွေထဲမှာ အေးခဲပြီး ပိတ်မိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေခဲဆောင်တွေ အရည်ပျော် လာတဲ့အခါမှာတော့ ရှေးဟောင်းဗိုင်းရပ်တွေကလည်း လူသားတွေကို ကူးစက်လာပါတော့တယ်။ အဲလက်စ်ဆိုတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဟာ ဒီဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကလည်း သူမအပေါ်မှာ မူတည်နေပါပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူသူမရှိတဲ့ဒေသမှာ ကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ကလည်း ညပ်မိနေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဗိုင်းရပ်ကြောင့် စတင်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးကြီးနဲ့ အစပြုထားပေမဲ့ ဇာတ်လမ်းတစ်လျှောက်မှာတော့ အဲလက်စ်ရဲ့ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကို တင်ဆက်ထားတာပါ။ ကားထဲမှာ ပိတ်မိနေရင်း သေလုမျောပါးဒဏ်ရာကြောင့် ထင်ယောင် ထင်မှားဖြစ်နေတဲ့ အတွေးစတွေကို တင်ဆက်ထားပြီး တာဝန်ဝတ္တရား ၊ ရွေးချယ်မှု၊ အကျိုးဆက်နဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို မေးခွန်း ထုတ်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်ကိုပါ ကြည့်ရင်းနဲ့ အတွေးစထဲ မျောသွားစေမဲ့ ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ အဲလက်စ် တစ်ယောက် ရှင်သန်ကျန်ရစ်နိုင်ခဲ့မလား၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။...
Bring It On (2000) ⭐TMDB: 62% User Score 🎬 #Comedy 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်နှစ်ကျော်တွေက trend တစ်ခုလိုမျိုး အများအပြား ထွက်ရှိခဲ့တဲ့ အမေရိကန် Teen/Comedy ရုပ်ရှင်ကားတွေထဲက ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးက ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် Torrence အဖြစ် ပါဝင်ထားပါတယ်။ 90s born တွေအနေနဲ့ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကို ကြည့်ရင်း လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခုကို ရရှိမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Torrence ဟာ အထက်တန်းကျောင်း ကိုယ်စားပြု နာမည်ကျော် Cheerleader အသင်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Big Red က ကောလိပ်တက်ရမှာ ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ ကပ္ပတိန်နေရာကို ရွေးကောက်ကြရမှာ Torrence တစ်ယောက် အရွေးခံရပါတော့တယ်။ ကပ္ပတိန်အဖြစ် တာဝန်ယူတဲ့နေ့မှာပဲ အသင်းသူတစ်ယောက် လေ့ကျင့်ရင်းနဲ့ ဒဏ်ရာရသွားလို့ Missy လို့ခေါ်တဲ့ ဂျွမ်းဘား အလွန်ကျွမ်းကျင်သူ ကျောင်းသူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလိုနဲ့ နိုင်ငံလုံးဆိုင်ရာ Cheerleader ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေရင်းနဲ့ Torrence တစ်ယောက် သူတို့အသင်း အသုံးပြုတဲ့ ကကွက်တွေက East Compton က Clovers အသင်းရဲ့ ကကွက်တွေနဲ့ တူညီနေကြောင်း သိလိုက်ရပါတော့တယ်။ အကြောင်းကတော့ ကပ္ပတိန်ဟောင်းဖြစ်သူ Big Red က Clovers အသင်းရဲ့ ဖျော်ဖြေပွဲတွေကို ဗီဒီယိုရိုက်ကူးပြီး ကကွက်တွေကို ခိုးယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence တို့အသင်းဟာ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ကလိုဗာအသင်းကလည်း ဝင်ပြိုင်မှာဖြစ်ပြီး Torrence တို့အသင်းကို ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့ ကပ္ပတိန်အသစ်စက်စက် Torrence တစ်ယောက် ကကွက်အသစ်တွေ ဖန်တီးဖို့ ကြိုးစားရပါတော့တယ်။ Torrence အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါ့မလား၊ စည်းလုံးမှုပြိုကွဲနေတဲ့ အသင်းကို စည်းရုံးပြီး ဖိုင်နယ်ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမေရိကန်အထက်တန်းကျောင်းသားဘဝ၊ အချစ်ရေးနဲ့ လူမှုရေး ရုန်းကန်မှုတွေကို ပေါ့ပါ့ပါးပါး တင်ဆက်ထားတဲ့ ကြည့်ပျော်သော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။)...
