ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Gurudev Hoysala (2023) ⭐IMDB: 7.3/10 (451 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 11 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gurudev Hoysala 2023IMDb 7.6/10 ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက်ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ်ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုးသဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲအဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ် အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီးအဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ…သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလားဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်

The Colors of Fire (2022) ⭐IMDB: 6.7/10 (498 Votes) 🎬 #Drama #History 🗓️ 2022 🎞️ Movie 📺 720p 🌎 #France #Belgium ⏰ 2 နာရီ 15 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ? ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ…။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။

The Colors of Fire (2022) ⭐IMDB: 6.7/10 (498 Votes) 🎬 #Drama #History 🗓️ 2022 🎞️ Movie 📺 1080p 🌎 #France #Belgium ⏰ 2 နာရီ 15 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ? ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ…။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။

Una rosa de Francia (2006) ⭐IMDB: 5.3/10 (262 Votes) 🎬 #Adult #Crime #Drama 🗓️ 2006 🎞️ Movie 📺 720p 🌎 #Spain ⏰ 1 နာရီ 33 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်….ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)

Bunker (2022) ⭐IMDB: 4.0/10 (603 Votes) 🎬 #Horror #Thriller #War 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦး

Bunker (2022) ⭐IMDB: 4.0/10 (603 Votes) 🎬 #Horror #Thriller #War 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦး

Ved (2022) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2022 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 36 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ved (2023) IMDb-7.6/10 2022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ်Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီးGenelia D’Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါလူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ် ဇာတ်လမ်းအညွှန်း ဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ် ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ်အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲအညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင် ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေစုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါ ဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေမြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရောအချစ်ကဘာနဲ့တူပါသလဲ

Ved (2022) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 36 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ved (2023) IMDb-7.6/10 2022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ်Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီးGenelia D’Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါလူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ် ဇာတ်လမ်းအညွှန်း ဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ် ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ်အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲအညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင် ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေစုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါ ဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေမြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရောအချစ်ကဘာနဲ့တူပါသလဲ

Paupahan (2023) ⭐IMDB: 6.0/10 (146 Votes) 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paupahan (2023) ~ IMDb rating – 6/10 ~ နီကိုဆိုတဲ့လူငယ်လေးဟာ မြို့တော်ကြီးမှာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ကြိုးစားရင်း အိပ်မက်တွေနဲ့အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ အဝေးရောက်ချစ်သူရဲ့ကူညီထောက်ပံ့မှုနဲ့အဓိကနေထိုင်နေရပြီး ဘော်ဒါဆောင်တစ်ခုမှာ အခန်းငှားခဲ့မိပါတယ်။ အဆောင်ပိုင်ရှင်က ငယ်ရွယ်လှပတဲ့ အန်နလင်းဆိုတဲ့ မိန်းမငယ်လေးဖြစ်ပြီး ထူးခြားနက်နဲတဲ့အသိရခက်တဲ့ စရိုက်မျိုးပိုင်ရှင်တစ်ယောက်ပါ။ ဒါပေမဲ့လည်း အန်နလင်းဟာ သူ့ကိုအထူးအရေးပေးသလို ရေလာမြောင်းပေးလဲလုပ်ပါတယ်။ နဂိုကတည်းက တွေ့ရာဆွဲစားတတ်တဲ့ ပွေပွေရှုပ်ရှုပ်နီကိုတစ်ယောက်ဟာ အန်နလင်းကို မျှော်လင့်ချက်တွေပေးမိခြင်းအားဖြင့် အမှားကြီးတစ်ခုကို မထင်မှတ်ပဲကျူးလွန်မိပါတော့တယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာမှတိုင်းတစ်ပါးက သူ့ချစ်သူ ကတ်သရင်း ပြန်ရောက်လာတဲ့အခါမှာတော့… အန်နလင်းအဖြစ်Lovely Ladies Dormitoryစီးရီးထဲမှာ ပျော်ပျော်နေတတ်တဲ့ ချစ်စရာမိန်းမငယ်လေး အယ်လ်မာဇာတ်ရုပ်နဲ့ လူသိများခဲ့တဲ့ Tiffany Grey ကပွဲဦးထွက်ခေါင်းဆောင်ပါဝင်ထားပြီး အားလုံးရင်းနှီးပြီးသား မမ Rob Guinto နဲ့တကွ မင်းသမီးငယ်လေးတွေအများကြီးဇာတ်ပို့ထားပေးပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Paupahan (2023) ⭐IMDB: 6.0/10 (146 Votes) 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paupahan (2023) ~ IMDb rating – 6/10 ~ နီကိုဆိုတဲ့လူငယ်လေးဟာ မြို့တော်ကြီးမှာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ကြိုးစားရင်း အိပ်မက်တွေနဲ့အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ အဝေးရောက်ချစ်သူရဲ့ကူညီထောက်ပံ့မှုနဲ့အဓိကနေထိုင်နေရပြီး ဘော်ဒါဆောင်တစ်ခုမှာ အခန်းငှားခဲ့မိပါတယ်။ အဆောင်ပိုင်ရှင်က ငယ်ရွယ်လှပတဲ့ အန်နလင်းဆိုတဲ့ မိန်းမငယ်လေးဖြစ်ပြီး ထူးခြားနက်နဲတဲ့အသိရခက်တဲ့ စရိုက်မျိုးပိုင်ရှင်တစ်ယောက်ပါ။ ဒါပေမဲ့လည်း အန်နလင်းဟာ သူ့ကိုအထူးအရေးပေးသလို ရေလာမြောင်းပေးလဲလုပ်ပါတယ်။ နဂိုကတည်းက တွေ့ရာဆွဲစားတတ်တဲ့ ပွေပွေရှုပ်ရှုပ်နီကိုတစ်ယောက်ဟာ အန်နလင်းကို မျှော်လင့်ချက်တွေပေးမိခြင်းအားဖြင့် အမှားကြီးတစ်ခုကို မထင်မှတ်ပဲကျူးလွန်မိပါတော့တယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာမှတိုင်းတစ်ပါးက သူ့ချစ်သူ ကတ်သရင်း ပြန်ရောက်လာတဲ့အခါမှာတော့… အန်နလင်းအဖြစ်Lovely Ladies Dormitoryစီးရီးထဲမှာ ပျော်ပျော်နေတတ်တဲ့ ချစ်စရာမိန်းမငယ်လေး အယ်လ်မာဇာတ်ရုပ်နဲ့ လူသိများခဲ့တဲ့ Tiffany Grey ကပွဲဦးထွက်ခေါင်းဆောင်ပါဝင်ထားပြီး အားလုံးရင်းနှီးပြီးသား မမ Rob Guinto နဲ့တကွ မင်းသမီးငယ်လေးတွေအများကြီးဇာတ်ပို့ထားပေးပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Everything Is Illuminated (2005) ⭐IMDB: 7.4/10 (59 k Votes) 🎬 #Comedy #Drama 🗓️ 2005 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 45 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everything Is Illuminated(2005) ****************************** အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင်လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။

Everything Is Illuminated (2005) ⭐IMDB: 7.4/10 (59 k Votes) 🎬 #Comedy #Drama 🗓️ 2005 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 45 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everything Is Illuminated(2005) ****************************** အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင်လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။

AKA (2023) ⭐IMDB: 6.7/10 (895 Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #France ⏰ 2 နာရီ 6 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 AKA(2023) ********* တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းပါပဲ။ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာ ပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့ အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊ စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ….။အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင် လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ…

AKA (2023) ⭐IMDB: 6.7/10 (895 Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #France ⏰ 2 နာရီ 6 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 AKA(2023) ********* တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းပါပဲ။ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာ ပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့ အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊ စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ….။အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင် လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ…

Fear (2023) ⭐IMDB: 3.4/10 (523 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fear (2023) ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် စပိန်တွေရဲ့နယ်မြေဖြစ်ပြီး စုန်းမတွေနဲ့ ရိုးရာပွဲတွေ အစီအရင်လိုမျိုး တွေ ရှိခဲ့ပါတယ်တဲ့။ အဲဒီအကြောင်းတွေပြောရင်းနဲ့ ရွန်တို့က သူတို့ရဲ့ ကိုယ်စီအကြောက်ရွံ့ဆုံးအရာတွေကို ဖွင့်ဟပြောခဲ့ကြပါတယ်။ နောက်တော့ အပိတ်အနေနဲ့ လက်ဆောင်ရခဲ့တဲ့ ဝိုင်ပုလင်းကို ဖောက်သောက်ခဲ့ကြပါတယ်။ ဝိုင်က အရသာ ထူးဆန်းတဲ့အတွက် အကုန်တော့ မသောက်ခဲ့ကြပါဘူး။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ တီဗီသတင်းမှာလည်း အမျိုးအမည်မသိ အရင်းမြစ်မသိတဲ့ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက လူတွေအားလုံးကို အပြင်မထွက်ဖို့ ဂရုစိုက်ဖို့ကြေညာနေပါတယ်။ ရွန်တို့လည်း ရွေးစရာမရှိဘဲ ဒီရိပ်သာကြီးထဲမှာ ပိတ်မိနေကြပါတယ်။ ဒီမှာပဲ အောက်လမ်းအတတ်က အလုပ်စလုပ်နေပြီဖြစ်ပါတယ်။ သူတို့သူငယ်ချင်းတွေအားလုံး ထင်ယောင်ထင်မှားဖြစ်ပြီး ထိတ်လန့်စရာတွေ စဖြစ်လာပါတော့တယ်။ ဆက်ပြောရင် Spoil သလိုဖြစ်တော့မှာမို့ ဇာတ်လမ်းအကျဉ်းကို ဒီမှာတင် ရပ်လိုက်ပါမယ်။ သူတို့ကိုယ်စီ အကြောက်ဆုံးအရာတွေနဲ့ ရင်ဆိုင်ရပြီးနောက် သိလာရတဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲ… ဒီရိပ်သာကြီးနဲ့ ပတ်သက်တဲ့အမှန်တရားကရော ဘာလဲ… အဆုံးသတ်မှာ ဒီကြောက်စရာအဖြစ်ဆိုးကနေ လွတ်မြောက်အောင် သူတို့ဘယ်လို အဖြေရှာကြမလဲ…ဆိုတာတွေကို အသည်းတအေးအေးနဲ့ မျက်တောင်မခတ်တမ်း ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)

Fear (2023) ⭐IMDB: 3.4/10 (523 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fear (2023) ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် စပိန်တွေရဲ့နယ်မြေဖြစ်ပြီး စုန်းမတွေနဲ့ ရိုးရာပွဲတွေ အစီအရင်လိုမျိုး တွေ ရှိခဲ့ပါတယ်တဲ့။ အဲဒီအကြောင်းတွေပြောရင်းနဲ့ ရွန်တို့က သူတို့ရဲ့ ကိုယ်စီအကြောက်ရွံ့ဆုံးအရာတွေကို ဖွင့်ဟပြောခဲ့ကြပါတယ်။ နောက်တော့ အပိတ်အနေနဲ့ လက်ဆောင်ရခဲ့တဲ့ ဝိုင်ပုလင်းကို ဖောက်သောက်ခဲ့ကြပါတယ်။ ဝိုင်က အရသာ ထူးဆန်းတဲ့အတွက် အကုန်တော့ မသောက်ခဲ့ကြပါဘူး။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ တီဗီသတင်းမှာလည်း အမျိုးအမည်မသိ အရင်းမြစ်မသိတဲ့ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက လူတွေအားလုံးကို အပြင်မထွက်ဖို့ ဂရုစိုက်ဖို့ကြေညာနေပါတယ်။ ရွန်တို့လည်း ရွေးစရာမရှိဘဲ ဒီရိပ်သာကြီးထဲမှာ ပိတ်မိနေကြပါတယ်။ ဒီမှာပဲ အောက်လမ်းအတတ်က အလုပ်စလုပ်နေပြီဖြစ်ပါတယ်။ သူတို့သူငယ်ချင်းတွေအားလုံး ထင်ယောင်ထင်မှားဖြစ်ပြီး ထိတ်လန့်စရာတွေ စဖြစ်လာပါတော့တယ်။ ဆက်ပြောရင် Spoil သလိုဖြစ်တော့မှာမို့ ဇာတ်လမ်းအကျဉ်းကို ဒီမှာတင် ရပ်လိုက်ပါမယ်။ သူတို့ကိုယ်စီ အကြောက်ဆုံးအရာတွေနဲ့ ရင်ဆိုင်ရပြီးနောက် သိလာရတဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲ… ဒီရိပ်သာကြီးနဲ့ ပတ်သက်တဲ့အမှန်တရားကရော ဘာလဲ… အဆုံးသတ်မှာ ဒီကြောက်စရာအဖြစ်ဆိုးကနေ လွတ်မြောက်အောင် သူတို့ဘယ်လို အဖြေရှာကြမလဲ…ဆိုတာတွေကို အသည်းတအေးအေးနဲ့ မျက်တောင်မခတ်တမ်း ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)

Apocalypse, Please! (2022) ⭐IMDB: 3.3/10 (32 Votes) 🎬 #Comedy #Action 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Austria ⏰ 1 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ဂေါက်တောက်တောက် အဖွဲ့တစ်ဖွဲ့အကြောင်းပါပဲ။ ကမ္ဘာပျက်ရင် ဘယ်လိုအသက်ရှင်ကျန်အောင်နေကြမလဲ တွက်ချက်ကြံစည်ပြီး ဘန်ကာတစ်ခု ပြင်ဆင်ကြပါတယ်။ ပြင်ဆင်ရင်းနဲ့ကို အတ္တတွေကြီး၊ ထင်ယောင်မှားတွေဖြစ်၊ မနာလိုဝန်တိုတွေဖြစ်ကြပြီး ကမ္ဘာမပျက်ခင် သတ်ကုန်ကြတဲ့အကြောင်းကို အက်ရှင် ဟာသ အမျိုးအစားအနေနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်။ ထိုင်ခွီလို့ကောင်းမယ့်ရုပ်ရှင်ပါပဲ

Pinball: The Man Who Saved the Game (2022) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Comedy #Drama #History #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး Roger အငယ်အနေနဲ့ West Side Story(2021) ထဲက Mike Faist နှင့် Roger အကြီးကတော့ Dennis Boutsikaris တို့ပဲဖြစ်ပါတယ်။ Ellen အနေနဲ့ Teen Wolf နှင့် Gotham စီးရီးတွေအပြင် Swamp Thing ထဲမှာပါ Abby Arcane အနေနဲ့ပါဝင်ထားတဲ့ ကောင်မလေးချောချောလေး Crystal Reed ကသရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။

Traffickers (2012) ⭐IMDB: 6.3/10 (801 Votes) 🎬 #Action #Crime #Drama #Comedy #Thriller 🗓️ 2012 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Traffickers(2012) **************** ဒီတစ်ခါတော့ crime, thriller ပရိတ်သတ်ကြီးအတွက် 2012 ကထွက်ခဲ့တဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အဲ့ဒီအလုပ်ကိစ္စကြောင့် သင်္ဘောနဲ့တရုတ်ပြည်ကိုကူးမှာပါ… တစ်ဖက်မှာလည်း တရုတ်ပြည်ကို အပန်းဖြေခရီးထွက်လာတဲ့စုံတွဲရယ်… အဖေက အစားထိုးခွဲစိတ်မှုခံယူဖို့ တရုတ်ပြည်သွားမယ့် သားအဖရယ် ပါလာပါသေးတယ်…မှောက်ခိုအဖွဲ့ကရော သင်္ဘောပေါ်မှာ ဘယ်သူ့ဆီက ဘယ်လို အင်္ဂါအစိတ်အပိုင်းတွေထုတ်ယူမလဲ.. ဟိုသားအဖနဲ့ စုံတွဲကရော ဒီကိစ္စနဲ့ဘယ်လိုတွေ ဆက်နွှယလာမလဲဆိုတာကတော့….. အကောင်းဆုံး Action , Crime ထဲ စာရင်းဝင်မို့ ဒေါင်းကြည့်ကြပါကုန်…

Traffickers (2012) ⭐IMDB: 6.3/10 (801 Votes) 🎬 #Action #Crime #Drama #Comedy #Thriller 🗓️ 2012 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Traffickers(2012) **************** ဒီတစ်ခါတော့ crime, thriller ပရိတ်သတ်ကြီးအတွက် 2012 ကထွက်ခဲ့တဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အဲ့ဒီအလုပ်ကိစ္စကြောင့် သင်္ဘောနဲ့တရုတ်ပြည်ကိုကူးမှာပါ… တစ်ဖက်မှာလည်း တရုတ်ပြည်ကို အပန်းဖြေခရီးထွက်လာတဲ့စုံတွဲရယ်… အဖေက အစားထိုးခွဲစိတ်မှုခံယူဖို့ တရုတ်ပြည်သွားမယ့် သားအဖရယ် ပါလာပါသေးတယ်…မှောက်ခိုအဖွဲ့ကရော သင်္ဘောပေါ်မှာ ဘယ်သူ့ဆီက ဘယ်လို အင်္ဂါအစိတ်အပိုင်းတွေထုတ်ယူမလဲ.. ဟိုသားအဖနဲ့ စုံတွဲကရော ဒီကိစ္စနဲ့ဘယ်လိုတွေ ဆက်နွှယလာမလဲဆိုတာကတော့….. အကောင်းဆုံး Action , Crime ထဲ စာရင်းဝင်မို့ ဒေါင်းကြည့်ကြပါကုန်…