ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Leave No Trace (2018) ⭐IMDB: 7.1/10 (62 k Votes) 🎬 #Adventure #Drama 🗓️ 2018 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.9 GB)/(1.3 GB)/(700 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:51:00Genre…DramaSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Eunice

Leave No Trace (2018) ⭐IMDB: 7.1/10 (62 k Votes) 🎬 #Adventure #Drama 🗓️ 2018 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.9 GB)/(1.3 GB)/(700 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:51:00Genre…DramaSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Eunice

Marvin's Room (1996) ⭐IMDB: 6.7/10 (29 k Votes) 🎬 #Drama 🗓️ 1996 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marvin’s Room(1996) ******************* အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ…. တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin’s Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Marvin's Room (1996) ⭐IMDB: 6.7/10 (29 k Votes) 🎬 #Drama 🗓️ 1996 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marvin’s Room(1996) ******************* အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ…. တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin’s Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Pathu Thala (2023) ⭐IMDB: 7.8/10 (8 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pathu Thala 2023 (IMDb 7.8/10) ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြောမှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ်သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါတစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ် ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ်ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်

Pathu Thala (2023) ⭐IMDB: 7.8/10 (8 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pathu Thala 2023 (IMDb 7.8/10) ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြောမှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ်သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါတစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ် ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ်ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်

Clock (2023) ⭐IMDB: 5.1/10 (418 Votes) 🎬 #Horror #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Clock(2023) *********** ရုပ်ရှင်နာမည် Clockဆိုတဲ့အတိုင်း ကျွန်တော်တို့လူသားခန္ဓာကိုယ်မှ ာ သူ့အချိန်နဲ့သူဖြစ်ပျက်နေတဲ့ ဇီဝနာရီတွေရှိပါတယ်။အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ကိုယ်ဝန်ဆောင်ချိန်ဆိုတဲ့ နာရီတစ်ခုပိုများပါတယ်။ဒီဇာတ်ကားဟာ ကိုယ်ဝန်ဆောင်ရမှာကို ထိတ်လန့်တတ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။အိမ်ထောင်သက် ၁၀နှစ်ကြာလာပြီး အသက် ၃၈နှစ်ရှိလာတာတောင် ကလေးယူဖို့မရဲသေး၊ ယူချင်စိတ်မရှိသေးဖြစ်နေသူပါ။သူ့ရဲ ဇီဝနာရီဟာ တစ်နည်းနည်းနဲ့ချို့ယွင်းနေရသူပေါ့။ပစ္စည်းတွေဟာ ပျက်ရင်ပြင်ရတဲ့အတိုင်း ဒီအမျိုးသမီးကလည်း သူ့ရဲ့ ကလေးမယူချင်တဲ့စိတ်၊ သူ့ရဲ ဇီဝနာရီကိုပြုပြင်ဖို့ကြိုးစားတဲ့အခါမှာတော့….ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို horror  ကားမို့ ထိတ်လန့်ဖွယ်အခန်းများပါဝင်ပါတယ်..

One More Time (2023) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p 🌎 #Sweden ⏰ 1 နာရီ 25 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One More Time(2023) ******************* ဒီတစ်ခါတော့ Time travel တွေ time loop ကားတွေ သဘောကျတတ်တဲ့လူတွေ အတွက်ကားလေးပါAmelia ဆိုတဲ့‌အမျိုးသမီးဟာ သူ့ အသင် ၄၀ ပြည့်မွေးနေ့မှာ သူငယ်ငယ်က သူ့သူငယ်ချင်းနဲ့အတူ လုပ်ထားခဲ့တဲ့ Time capsule(စာရွက်လေးတွေ‌ပေါ်မှာ ဆုတောင်းတွေရေးပြီး မြေမြှုပ်လေ့ရှိတဲ့ ဘူး) လေးကိုဖွင့်ဖို့ သွားခဲ့ပါတယ်. ..အဲ့ဒါကို ဖွင့်ဖတ်နေချိန် စာရွက်လွင့်လို့ လိုက်ကောက်ရင်း ကားတစ်စီးနဲ့တိုက်မိပါတော့တယ်ဒါပေမယ့် သူမျက်လုံးပွင့်လာချိန်မှာတော့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ပြန်ရောက်သွားတာပါ.. .အဲ့ဒီ့လိုနဲ့  သူ့ရဲ့ အသက် ၄၀ အရွယ်ကို ဘယ်လိုပြန်ရောက်အောင်လုပ်မလဲဆိုတာကတော့….

One More Time (2023) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Sweden ⏰ 1 နာရီ 25 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One More Time(2023) ******************* ဒီတစ်ခါတော့ Time travel တွေ time loop ကားတွေ သဘောကျတတ်တဲ့လူတွေ အတွက်ကားလေးပါAmelia ဆိုတဲ့‌အမျိုးသမီးဟာ သူ့ အသင် ၄၀ ပြည့်မွေးနေ့မှာ သူငယ်ငယ်က သူ့သူငယ်ချင်းနဲ့အတူ လုပ်ထားခဲ့တဲ့ Time capsule(စာရွက်လေးတွေ‌ပေါ်မှာ ဆုတောင်းတွေရေးပြီး မြေမြှုပ်လေ့ရှိတဲ့ ဘူး) လေးကိုဖွင့်ဖို့ သွားခဲ့ပါတယ်. ..အဲ့ဒါကို ဖွင့်ဖတ်နေချိန် စာရွက်လွင့်လို့ လိုက်ကောက်ရင်း ကားတစ်စီးနဲ့တိုက်မိပါတော့တယ်ဒါပေမယ့် သူမျက်လုံးပွင့်လာချိန်မှာတော့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ပြန်ရောက်သွားတာပါ.. .အဲ့ဒီ့လိုနဲ့  သူ့ရဲ့ အသက် ၄၀ အရွယ်ကို ဘယ်လိုပြန်ရောက်အောင်လုပ်မလဲဆိုတာကတော့….

Great Expectations (2023-2023) ⭐IMDB: 4.8/10 (2 k Votes) 🎬 #Drama #History 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 57 မိနစ် 21 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Great Expectations (2023)Great Expectations (2023) Mini-Series  ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ ” မျှော်တလင့်လင့် ” ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ဇနပုဒ်ကလေးမှာ အစ်မနဲ့ ပန်းပဲလုပ်တဲ့ ယောက်ဖနဲ့အတူ ပန်းပဲလုပ်စားနေရတဲ့ ကောင်လေးတစ်ယောက်အပေါ် အခြေပြုထားတယ်။ သူက ဒီထက်မြင့်တဲ့အရပ်ဆီ ပျံတက်ဖို့ ကြံရည်ရွယ်ထားတဲ့လူ။ တစ်နေ့ သူ မထင်မှတ်ထားတဲ့ ကံကြမ္မာနဲ့ပက်ပင်းတိုးပြီး ဆင်းရဲသားဘဝကနေ လူကြီးလူကောင်းဘဝကို ကူးနိုင်အောင် လုပ်ပေးမယ့် လှေကားထစ်တွေပေါ် ဖြတ်သန်းရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ အဲဒီလှေကားထစ်တွေ‌ပေါ် သူလျှောက်ကြည့်တော့ သူထင်သလောက် မလွယ်နေမှန်း သိလိုက်ရတဲ့အခါ… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 800MB+

Extraordinary Attorney Woo (2022-2022) ⭐IMDB: 8.7/10 (19 k Votes) 🎬 #Drama #Comedy 🗓️ 2022-2022 🎞️ Series 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 23 မိနစ် 21 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Extraordinary Attorney Woo (2022)Extraordinary Attorney Woo (2022)“Strange Lawyer Woo Young Woo” ကနေ “Extraordinary Attorney Woo”လို့နာမည်ပြောင်းခဲ့ရပြီး ထုတ်လွှင့်မယ့်ရုပ်သံလိုင်းတွေ အမျိုးမျိုးပြောင်းခဲ့ရာကနေ နောက်ဆုံးတော့ အားလုံးရှေ့မှောက်ကိုရောက်လာပြီဖြစ်တဲ့ ချစ်စရာကောင်မလေး Woo Young Woo လုံးလုံးလေးပါ။ Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင် ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။ ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင် ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။ ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ့် သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။ ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။ လူတွေကြားထဲမှာနေရတာ သူ့အတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့ Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီး တစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ ..အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ Woo Young Woo လေးကိုချစ်ပေးကြပါဦး။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ JimX, Laii, Milkeux, Joyz တို့ပဲ ဖြစ်ကြပါတယ်။Genre….. Drama

Lamya's Poem (2021) ⭐IMDB: 6.9/10 (107 Votes) 🎬 #Adventure #Animation #Drama #Family #Fantasy 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 44 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ကဗျာတွေမှာလူတွေမထင်မှတ်ထားတဲ့စွမ်းအင်တွေရှိနေပါတယ်။ ကဗျာတွေကလူတစ်ယောက်ရဲ့နှလုံးသားကိုပြောင်းလဲနိုင်သလိုမျိုးလူတစ်ယောက်ရဲ့ဘဝကိုပါပြောင်းလဲပေးနိုင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာလဲလမ်ရာဆိုတဲ့ကောင်မလေးရဲ့ဘဝကိုကဗျာတစ်ပုဒ်ကဘယ်လိုပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ လမ်ရာဆိုတာကအလက်ပိုဆိုတဲ့မြို့တစ်မြို့မှာနေထိုင်တဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီမြို့မှာစစ်ပွဲတွေကမကြာခဏဖြစ်ပွားတတ်ပြီးအရမ်းကိုအန္တရာယ်များတဲ့မြို့လဲဖြစ်ပါတယ်။ စာဖတ်ရတာဝါသနာပါပြီးစာတော်တဲ့လမ်ရာအတွက်သူ့ရဲ့ဆရာကကဗျာဆရာတစ်အုပ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့စာအုပ်ကနေတစ်ဆင့် လမ်ရာတစ်ယောက် ၁၃ ရာစုက ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ရူမီနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့လမ်ရာကသူမရဲ့ဘဝကိုကယ်တင်ပေးနိုင်မဲ့ကဗျာတစ်ပုဒ်ကိုရူမီတဲ့အတူတူရေးစပ်ပုံတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

The Hand That Robs the Cradle (2023) ⭐IMDB: 5.1/10 (145 Votes) 🎬 #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 9 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒယ်လွန်ဒရာဟာ အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလုပ်နေတဲ့ဆေးကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မစ္စတက်ဘ်စ်ရဲ့ထပ်ခိုးခန်းကိုပြောင်းလာခဲ့ပြီး သူအရင်ကလေးထိန်းလုပ်ခဲ့တဲ့မိသားစုက အိမ်ပြောင်းတော့မှာဖြစ်တဲ့အတွက် အလုပ်တစ်ခုအမြန်လိုနေခဲ့ပါတယ်။ ဒီလိုနဲ့ မစ္စတက်ဘ်စ်နဲ့စကားပြောရင်းမစ္စတက်ဘ်စ်ရဲ့အိမ်မှာရှိတဲ့ ဒန်နီဆိုတဲ့ကလေးကိုထိန်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒန်နီက လွန်ခဲ့တဲ့၇ နှစ်လောက်က ပြန်ပေးဆွဲခံရဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူကပြန်ပေးဆွဲခဲ့လဲဆိုတာ မသိခဲ့ရပါဘူး။ ဒယ်လွန်ဒရာဟာ ဒန်နီရဲ့အကြောင်းတွေကို သိလိုက်ရတော့ ဒန်နီအပေါ်မှာ ပိုပြီးဂရုစိုက်ပေးခဲ့ပါတယ်။ တစ်နေ့မှာ သူက ဒန်နီနဲ့အတူပန်းခြံထဲမှာ တူတူပုန်းတမ်းဆော့နေရင်း ဒန်နီက ထူးဆန်းတဲ့ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့လိုက်ရတော့ အရမ်းစိတ်ပူသွားခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်ပြန်လာခဲ့ပြီး ညဘက်ရောက်တော့ အဲဒီအမျိုးသမီးက သူတို့အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတော့ ဒန်နီရဲ့မိဘတွေက သူတို့သားလေးအတွက် အရမ်းစိတ်ပူသွားပြီး အဲဒီအမျိုးသမီးကို ရဲတွေရှာမတွေ့ခင်အထိ မစ္စတာတက်ဘ်စ်နဲ့တောင်ပေါ်ကအိမ်လေးမှာသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဒယ်လွန်ဒရာဟာ ပန်းစည်းလုပ်ဖို့အတွက်ပန်းခူးဖို့ထွက်လာခဲ့ပါတယ်။ သူပန်းခူးနေတဲ့အချိန်မှာ ရုတ်တရက် လူတစ်ယောက်ရောက်လာခဲ့ပြီး သူ့ကိုအတင်းဆွဲခေါ်သွားပါတယ်။ ဒါပေမဲ့ သူက ဒယ်လွန်ဒရာကို ဒုက္ခပေးဖို့မဟုတ်ပဲ ဒန်နီဆိုတဲ့ကလေးဟာ လွန်ခဲ့တဲ့၇ နှစ်ကပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့တူလေးဖြစ်ကြောင်း သက်သေနဲ့တကွရှင်းပြခဲ့ပါတယ်။ အဲဒီတော့ ရုတ်တရက်ရောက်လာတဲ့လူရဲ့စကားတွေက အမှန်ဖြစ်နေမလား။ ဒန်နီနဲ့အတူရှိနေတဲ့သူတွေက မိဘအရင်းတွေဟုတ်ပါ့မလားဆိုပြီး ဒယ်လွန်ဒရာရဲ့ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာနဲ့ အဖြစ်မှန်ကိုသိအောင် စုံစမ်းပါတော့တယ်။

The Hand That Robs the Cradle (2023) ⭐IMDB: 5.1/10 (145 Votes) 🎬 #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 9 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒယ်လွန်ဒရာဟာ အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလုပ်နေတဲ့ဆေးကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မစ္စတက်ဘ်စ်ရဲ့ထပ်ခိုးခန်းကိုပြောင်းလာခဲ့ပြီး သူအရင်ကလေးထိန်းလုပ်ခဲ့တဲ့မိသားစုက အိမ်ပြောင်းတော့မှာဖြစ်တဲ့အတွက် အလုပ်တစ်ခုအမြန်လိုနေခဲ့ပါတယ်။ ဒီလိုနဲ့ မစ္စတက်ဘ်စ်နဲ့စကားပြောရင်းမစ္စတက်ဘ်စ်ရဲ့အိမ်မှာရှိတဲ့ ဒန်နီဆိုတဲ့ကလေးကိုထိန်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒန်နီက လွန်ခဲ့တဲ့၇ နှစ်လောက်က ပြန်ပေးဆွဲခံရဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူကပြန်ပေးဆွဲခဲ့လဲဆိုတာ မသိခဲ့ရပါဘူး။ ဒယ်လွန်ဒရာဟာ ဒန်နီရဲ့အကြောင်းတွေကို သိလိုက်ရတော့ ဒန်နီအပေါ်မှာ ပိုပြီးဂရုစိုက်ပေးခဲ့ပါတယ်။ တစ်နေ့မှာ သူက ဒန်နီနဲ့အတူပန်းခြံထဲမှာ တူတူပုန်းတမ်းဆော့နေရင်း ဒန်နီက ထူးဆန်းတဲ့ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့လိုက်ရတော့ အရမ်းစိတ်ပူသွားခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်ပြန်လာခဲ့ပြီး ညဘက်ရောက်တော့ အဲဒီအမျိုးသမီးက သူတို့အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတော့ ဒန်နီရဲ့မိဘတွေက သူတို့သားလေးအတွက် အရမ်းစိတ်ပူသွားပြီး အဲဒီအမျိုးသမီးကို ရဲတွေရှာမတွေ့ခင်အထိ မစ္စတာတက်ဘ်စ်နဲ့တောင်ပေါ်ကအိမ်လေးမှာသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဒယ်လွန်ဒရာဟာ ပန်းစည်းလုပ်ဖို့အတွက်ပန်းခူးဖို့ထွက်လာခဲ့ပါတယ်။ သူပန်းခူးနေတဲ့အချိန်မှာ ရုတ်တရက် လူတစ်ယောက်ရောက်လာခဲ့ပြီး သူ့ကိုအတင်းဆွဲခေါ်သွားပါတယ်။ ဒါပေမဲ့ သူက ဒယ်လွန်ဒရာကို ဒုက္ခပေးဖို့မဟုတ်ပဲ ဒန်နီဆိုတဲ့ကလေးဟာ လွန်ခဲ့တဲ့၇ နှစ်ကပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့တူလေးဖြစ်ကြောင်း သက်သေနဲ့တကွရှင်းပြခဲ့ပါတယ်။ အဲဒီတော့ ရုတ်တရက်ရောက်လာတဲ့လူရဲ့စကားတွေက အမှန်ဖြစ်နေမလား။ ဒန်နီနဲ့အတူရှိနေတဲ့သူတွေက မိဘအရင်းတွေဟုတ်ပါ့မလားဆိုပြီး ဒယ်လွန်ဒရာရဲ့ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာနဲ့ အဖြစ်မှန်ကိုသိအောင် စုံစမ်းပါတော့တယ်။

Der Schutzengel (2022) ⭐IMDB: 7.0/10 (68 Votes) 🎬 #Crime 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Austria ⏰ 1 နာရီ 29 မိနစ် 57 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက Crime အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တောထဲက ရေကန်တစ်ကန်မှာ အမျိုးသမီးတစ်ယောက်ရေနစ်သေဆုံးတာကနေ အစပြုထားပါတယ်။ အလောင်းကို ခွဲစိတ်စစ်ဆေးကြည့်လိုက်တဲ့အခါသာမန်ရေနစ်သေဆုံးတာမျိုးမဟုတ်ပဲ လည်ပင်းညှစ်သတ်ပြီးမှ ရေကန်ထဲကိုပစ်ချခဲ့တာပါ။ အဲဒီတော့ အင်စပက်တာ ပေါ်လ်ဝါနာဟာ သေဆုံးသူနဲ့ပတ်သက်တာတွေကို လိုက်လံစုံစမ်းရင်း သေဆုံးသူဟာ ဒေါက်တာလန်နာရဲ့ရဲတိုက်မှာ အလုပ်လုပ်နေတဲ့ ဖန်နီလို့ခေါ်တဲ့ သူနာပြုတစ်ယောက်ဆိုတာကို သိလိုက်ရပါတယ်။ ဒီလိုနဲ့ ပေါ်လ်ဝါနာဟာ ဖန်နီရဲ့အမှုကိုလိုက်ရင်း လွန်ခဲ့တဲ့၁၂ နှစ်က ပျောက်ဆုံးသွားတဲ့မိုနာဆိုတဲ့ကောင်မလေးနဲ့သက်ဆိုင်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါ တရားခံကိုအစစ်ကိုဖော်ထုတ်နိုင်ပါ့မလား။ လူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေများဖြစ်နေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် မှုခင်းဇာတ်လမ်းလေးဖြစ်ပါတယ်။

The Visitor from the Future (2022) ⭐IMDB: 6.0/10 (1 k Votes) 🎬 #ScienceFiction #Comedy #Adventure #Action #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #France #Belgium ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 အချိန်ခရီးသွားဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ The Visitor From The Future ဖြစ်ပြီးတစ်ကားလုံးမပျင်းရပဲကြည့်ရှုရမဲ့ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့အနာဂတ်မှာကမ္ဘာကြီးကယိုယွင်းပျက်စီးနေပြီးဖုတ်ကောင်တွေနဲ့ပြည့်နှက်နေပါတယ်။ အဲ့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့နယူကလီးယားဓာတ်ပေါင်းဖိုကြီးတစ်ခုပေါက်ကွဲရာကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့အနာဂတ်ကလူတွေကဒီလိုမဖြစ်လာအောင်တားဖို့အတွက်နယူကလီးယားဓာတ်ပေါင်းဖိုကြီးတည်ဆောက်မှုရဲ့အဓိကတာဝန်ရှိသူဆီကိုသွားတားပုံကိုရယ်မောဖွယ်ရာ ဒရာမာဆန်ဆန်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

The Tank (2023) ⭐IMDB: 4.6/10 (295 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 50 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဘန်နဲ့ဂျူးလ်စ်တို့လင်မယားကသမီးဖြစ်သူရေယာနဲ့အတူအိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်လေးဖွင့်ပြီးမိသားစုဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ဘန်ရဲ့အမေရဲ့ရှေ့နေအသိတစ်ယောက်ကဘန်ဆီကိုလာပြီး ဘန်ရဲ့အမေပိုင်ခဲ့တဲ့အိမ်တစ်အိမ်အကြောင်းကိုလာပြောပြခဲ့ပါတယ်။ တရားဥပဒေအရဘန်ရဲ့မိဘနှစ်ပါးလုံးကဆုံးပါးသွားပြီဖြစ်တဲ့အတွက်အဲ့ဒီအိမ်ကိုဘန်ပဲအမွေဆက်ခံရရှိခဲ့ပါတယ်။ ဒီလိုနဲ့သူတို့မိသားစုအဲ့ဒီအိမ်ကိုသွားကြည့်ခဲ့ကြပါတယ်။ အိမ်ကကမ်းရိုးတန်းရဲ့အစွန်မှာတည်ရှိနေပြီး ပင်လယ်ကမ်းခြေမြင်ကွင်းတွေနဲ့အရမ်းလှပပါတယ်။ အဲ့ဒီအိမ်မှာရေသိုလှောင်တဲ့မြေအောက်ရေစည်တစ်ခုကိုလဲတည်ဆောက်ထားပါတယ်။ ဒီလိုနဲ့သူတို့မိသားစုအဲ့ဒီမှာနေထိုင်နေတဲ့အချိန်မှာကြောက်လန့်စရာတွေတဖြည်းဖြည်းကြုံတွေ့လာရတော့ပါတယ်။ နောက်ပိုင်းမှာသူတို့ဆီလာတဲ့လူတွေပါသေဆုံးလာခဲ့ပြီးအဲ့ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်ကအရာကြီးကိုတွေ့လိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုရင်ဆိုင်ကြမလဲ အသက်ရှင်လျက်အဲ့ဒီအိမ်ကထွက်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

The Tank (2023) ⭐IMDB: 4.6/10 (295 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 00 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဘန်နဲ့ဂျူးလ်စ်တို့လင်မယားကသမီးဖြစ်သူရေယာနဲ့အတူအိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်လေးဖွင့်ပြီးမိသားစုဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ဘန်ရဲ့အမေရဲ့ရှေ့နေအသိတစ်ယောက်ကဘန်ဆီကိုလာပြီး ဘန်ရဲ့အမေပိုင်ခဲ့တဲ့အိမ်တစ်အိမ်အကြောင်းကိုလာပြောပြခဲ့ပါတယ်။ တရားဥပဒေအရဘန်ရဲ့မိဘနှစ်ပါးလုံးကဆုံးပါးသွားပြီဖြစ်တဲ့အတွက်အဲ့ဒီအိမ်ကိုဘန်ပဲအမွေဆက်ခံရရှိခဲ့ပါတယ်။ ဒီလိုနဲ့သူတို့မိသားစုအဲ့ဒီအိမ်ကိုသွားကြည့်ခဲ့ကြပါတယ်။ အိမ်ကကမ်းရိုးတန်းရဲ့အစွန်မှာတည်ရှိနေပြီး ပင်လယ်ကမ်းခြေမြင်ကွင်းတွေနဲ့အရမ်းလှပပါတယ်။ အဲ့ဒီအိမ်မှာရေသိုလှောင်တဲ့မြေအောက်ရေစည်တစ်ခုကိုလဲတည်ဆောက်ထားပါတယ်။ ဒီလိုနဲ့သူတို့မိသားစုအဲ့ဒီမှာနေထိုင်နေတဲ့အချိန်မှာကြောက်လန့်စရာတွေတဖြည်းဖြည်းကြုံတွေ့လာရတော့ပါတယ်။ နောက်ပိုင်းမှာသူတို့ဆီလာတဲ့လူတွေပါသေဆုံးလာခဲ့ပြီးအဲ့ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်ကအရာကြီးကိုတွေ့လိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုရင်ဆိုင်ကြမလဲ အသက်ရှင်လျက်အဲ့ဒီအိမ်ကထွက်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Splash (1984) ⭐IMDB: 6.3/10 (80 k Votes) 🎬 #Drama #Comedy #Fantasy #Romance 🗓️ 1984 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Splash(1984) ************ မင်းသားကြီး Tom Hanksကားမို့ မကောင်းမှာမပူရတဲ့အပြင် သူ့ရဲ့ငယ်ရွယ်စဉ်တုန်းကဆင်ခဲ့မှုကို ရှုစားရမှာပါ။ ဒါအပြင် မင်းသမီးကြီး Daryl Hannahကတော့ အခုတောင် အတော်လန်းတဲ့ဘွားတော်ကြီးဆိုတော့ ငယ်စဉ်က ဘယ်လောက်လှခဲ့မလဲ ဒီဇာတ်ကားထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ခင်ဗျားတို့မကြည့်ဖူးလောက်သေးတဲ့ မင်းသားကြီးTom Hanksရဲ့ ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရအောင်ဗျာ။ လူတွေဟာ လက်တွေ့ဘဝမှာနေထိုင်ရပေမဲ့ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာတော့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေနဲ့ ပျော်မွေ့ချင်ကြတာပဲမဟုတ်လား။ ဒီဇာတ်ကားလေးမှာလည်း အလုပ်ဂျပိုးတစ်ယောက်ဖြစ်သူ Allenဟာ ငယ်ငယ်က ရေနစ်စဉ်မှာ ရေသူမလေးတစ်ယောက်က လာကယ်ဖူးတာကို ထင်ယောင်ထင်မှားတစ်ခုအမှတ်နဲ့ပဲ စိတ်ထဲမှာမှတ်ထားသူပါ။ မိဘတွေကချန်ရစ်ခဲ့တဲ့လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ရင်း ရည်းစားတော့ထားပါရဲ့ အချစ်ဆိုတာ ဘာမှန်းမသိသူပေါ့။ အချစ်မခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲသွားတဲ့ရည်းစားကြောင့် အရက်မူးမူးနဲ့တစ်ညမှာ ငယ်စဉ်ကရေနစ်ဖူးတဲ့နေရာကိုသွားဖို့ ညတွင်းချင်းပဲဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေရာကိုအရောက်မှာ သူငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရေသူမဆိုတာဟာ အမှန်တကယ်ပဲလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။

Splash (1984) ⭐IMDB: 6.3/10 (80 k Votes) 🎬 #Drama #Comedy #Fantasy #Romance 🗓️ 1984 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Splash(1984) ************ မင်းသားကြီး Tom Hanksကားမို့ မကောင်းမှာမပူရတဲ့အပြင် သူ့ရဲ့ငယ်ရွယ်စဉ်တုန်းကဆင်ခဲ့မှုကို ရှုစားရမှာပါ။ ဒါအပြင် မင်းသမီးကြီး Daryl Hannahကတော့ အခုတောင် အတော်လန်းတဲ့ဘွားတော်ကြီးဆိုတော့ ငယ်စဉ်က ဘယ်လောက်လှခဲ့မလဲ ဒီဇာတ်ကားထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ခင်ဗျားတို့မကြည့်ဖူးလောက်သေးတဲ့ မင်းသားကြီးTom Hanksရဲ့ ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရအောင်ဗျာ။ လူတွေဟာ လက်တွေ့ဘဝမှာနေထိုင်ရပေမဲ့ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာတော့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေနဲ့ ပျော်မွေ့ချင်ကြတာပဲမဟုတ်လား။ ဒီဇာတ်ကားလေးမှာလည်း အလုပ်ဂျပိုးတစ်ယောက်ဖြစ်သူ Allenဟာ ငယ်ငယ်က ရေနစ်စဉ်မှာ ရေသူမလေးတစ်ယောက်က လာကယ်ဖူးတာကို ထင်ယောင်ထင်မှားတစ်ခုအမှတ်နဲ့ပဲ စိတ်ထဲမှာမှတ်ထားသူပါ။ မိဘတွေကချန်ရစ်ခဲ့တဲ့လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ရင်း ရည်းစားတော့ထားပါရဲ့ အချစ်ဆိုတာ ဘာမှန်းမသိသူပေါ့။ အချစ်မခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲသွားတဲ့ရည်းစားကြောင့် အရက်မူးမူးနဲ့တစ်ညမှာ ငယ်စဉ်ကရေနစ်ဖူးတဲ့နေရာကိုသွားဖို့ ညတွင်းချင်းပဲဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေရာကိုအရောက်မှာ သူငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရေသူမဆိုတာဟာ အမှန်တကယ်ပဲလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။