无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Rubikon (2022)
⭐IMDB: 5.0/10 (4 k Votes)
🎬 #Drama #SciFi #ScienceFiction #Thriller
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 323.7 MB ⦿ 557.1 MB ⦿ 1.1 GB
🌎 #Austria
⏰ 1 နာရီ 50 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rubikon (2022)============
အနာဂတ်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ပွဲမှာသုံးတဲ့ ဓာတုလက်နက်တွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးရော အငတ်ဘေးပါကြုံနေတဲ့အချိန်၊ အဲ့အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယားSci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
တပ်မှူး ဝက်ဂ်နာ နဲ ဓာတုဗေဒပညာရှင် ဒေါက်တာ ကရိုင်လို တို့နှစ်ယောက်အာကာသစခန်းဆီ သွားဖို့အတွက် ယာဉ်ပျံနဲ့ထွက်လာပေမယ့်။ လမ်းပျောက်သွားလို့ ဝက်ဂ်နာ က လက်စွမ်းပြပြီး ကိုယ်တိုင်မောင်းပေးလိုက်လို့ စခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်ပေါ့။ နောက်ရက်နည်းနည်းကြာတော့ကမ္ဘာနားမှာ မြူတွေဖုံးနေလို့ စုံစမ်းကြည့်ဖို့ ယာဉ်တစ်စင်းလွှတ်လိုက်ပေမဲ့အဲဒီယာဉ်က မြူတွေထဲပိတ် အဆက်အသွယ်ပျက်သွားလို့ ဝက်ဂ်နာတို့နှစ်ယောက်မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်ပေးလိုက်ရတယ်။
ကမ္ဘာကြီးမှာလည်း ခံတပ်တွေထဲဝင်ပုန်းပြီး ရှင်တဲ့သူကရှင် အပြင်မှာသေတဲ့လူကလည်းသေကုန်ကြပြီ ကံကကောင်းချင်တော့ ဒေါက်တာ ကရိုင်လိုက အောက်စီဂျင်ထုတ်ပေးတဲ့ရေညှိတွေကိုစမ်းသပ်ထုတ်နေတာဆိုတော့ သူတို့ ကမ္ဘာကိုပြန်ပြီးအသက်ရှင်နေတဲ့လူတွေကို ကူညီမလား။ သူတို့ဒီအတိုင်း ယာဉ်ပေါ်မှာပဲနေပြီးတစ်ကိုယ်ကောင်းဆန်မလားဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naing တို့ဖြစ်ပါတယ်)...
Mere Desh Ki Dharti (2022)
⭐IMDB: 6.9/10 (3 k Votes)
🎬 #Bollywood #Country #Drama #Comedy
🗓 2022 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.5 GB
🌎 #India
⏰ 2 နာရီ 23 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာလူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါးဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။
အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီးသက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့်စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်းလုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။
ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲအရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့်ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက်ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်းရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။
ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီးတိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီးတလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။...
Green Ghost and the Masters of the Stone (2021)
⭐IMDB: 4.6/10 (608 Votes)
🎬 #Action #Adventure #Comedy #Fantasy #Drama
🗓 2021 🎞 movie
📺 #480p #720p #1080p
💿 292.9 MB ⦿ 677.1 MB ⦿ 1.2 GB
🌎 #UnitedStates
⏰ 1 နာရီ 21 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Green Ghost and the Masters of the Stone (2022)
ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့Action Drama အမျိုးအစား ဖြစ်ပါတယ်
“ချာလီ” ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီးဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ်သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲ
သူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါ
အညွှန်း နဲ့ ဘာသာပြန်ကတော့Kuzပဲ ဖြစ်ပါတယ်။...
My Horny Girlfriend (2003)
⭐IMDB: 5.1/10 (89 Votes)
🎬 #Adult #Asian #Drama #Romance
🗓 2003 🎞 video movie
📺 #704p
💿 872.4 MB
🌎 #China #Japan #HongKong
⏰ 1 နာရီ 33 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခွေဆိုင်မှာ ၀ယ်ပြီး ကြည့်ခဲ့ရတဲ့ ကမ်းခြေမာယာ ချစ်လဲ့ဖြာ ဇာတ်ကားလေးပေါ့
ဂိမ်းတွေကစားရင်း ကမ်းခြေမှာ အချစ်စမ်းကြမယ့်စုံတွဲလေးတွေရယ်…..
ကြင်ဖက်ယှဥ်လျက်နဲ့ အစဥ်မပျက်အောင် လင်ဖက်ထပ်ရှာတဲ့မိန်းမတွေရယ်….
ကြည့်ပြီးသူတိုင်း ကွက်ကွက်ကွင်းကွင်း စွဲမက်ကျန်ခဲ့စေမယ့် အကွက်လေးတွေနဲ့ ဒီကားလေးကို ခေါင်းကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ။...
1UP (2022)
⭐IMDB: 3.4/10 (2 k Votes)
🎬 #Comedy #Sport
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 280.4 MB ⦿ 1.1 GB ⦿ 2.5 GB
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1UP(2022) အညွှန်း
******************ဒီကားက Comedy, Gaming, Sport ကားပါ…Kissing booth ထဲက Marco လည်းဒီကားထဲပါတယ်နော်…
ဇာတ်လမ်းကတော့ တက္ကသိုလ်တက်နေတဲ့ V ဆိုတဲ့ကောင်မလေးဟာ
ကျောင်းရဲ့ဂိမ်းကစားတဲ့အဖွဲ့မှာ အရန်နေရာမှာ နေရပါတယ်… V က
တရားဝင် နိုင်ငံ့အဆင့် ဂိမ်မာဖြစ်ပြီး တက္ကသိုလ်က
စကော်လားရှစ်ရထားပေမယ့် အဖွဲ့ထဲမှာ ယောကျ်ားလေးများပြီး
မိန်းကလေးတွေက နေရာမရပါဘူး… အဖွဲ့ခေါင်းဆောင်ကလဲ
အသေနှိပ်ပြီး စီးပိုး ချဉ်စရာကောင်းတဲ့ကောင်ပါ…
အဲ့တော့ သူငယ်ချင်းနဲ့အတူ V က အဖွဲ့ကထွက်ပြီး
ကိုယ်ပိုင်အဖွဲ့ထောင်ပါတယ်… မိန်းကလေးတွေပဲထည့်ပြီး ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားပါတယ်…ပြိုင်ပွဲနိုင်ရင် နိုင်ငံအဆင့် ချန်ပီယံရပြီး အခွင့်အရေးတွေအများကြီးရမှာပါ..
ယောကျ်ားလေးအဖွဲ့ကိုရော တစ်နိုင်ငံလုံးက
အဖွဲ့တွေကိုရော နိုင်ပါ့မလားဆိုတာ ကြည့်ကြပါဦး…...
Death Hunt (2022)
⭐IMDB: 3.7/10 (447 Votes)
🎬 #Action #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 836.6 MB ⦿ 1.7 GB
🌎 #Canada
⏰ 1 နာရီ 33 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Death Hunt (2022)
ငယ်ငယ်က တွတ်ပီ ဘယ်စာအုပ်မှာလဲမသိ၊ တွတ်ပီနဲ့ဗိုက်ကလေး ကျွန်းကြီးတစ်ကျွန်းမှာ သောင်တင်ပြီး ကျွန်းပိုင်ရှင်ဘဲက သူတို့ကို လူအမဲလိုက်တဲ့ ဇာတ်လမ်းကို တော်တော်များများလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကားရဲ့ဇာတ်လမ်းဟာ အဲဒီဇာတ်လမ်းနဲ့ ကျောရိုးတစ်ထေရာတည်းနီးပါးတူတဲ့ ဇာတ်လမ်းပါပဲ။ ဆိုတော့ ဒီကားဟာလည်း Survival ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေမယ့် ရုပ်ရှင်တစ်ကားပါပဲပေါ့။
တချို့က အသွေးထဲအသားထဲကနေကို အမဲလိုက်ခြင်းကို ဝါသနာထုံကြပါတယ်။ ဒီလိုဝါသနာထုံကြတဲ့လူတွေထဲ လူသားအမဲလိုက်တဲ့အရသာကို တွေ့သွားကြတဲ့သူတွေလည်းရှိပါတယ်။ လူကိုအမဲလိုက်ရတာ ဘယ်တောကောင်ကို အမဲလိုက်ရတာနဲ့မှမတူပါဘူး။ လူကိုအမဲလိုက်မိရင် ကျန်တာလည်း မတိုးတော့ပါဘူး။ ဒီရုပ်ရှင်မှာတော့ လူကိုအမဲလိုက်ရတဲ့အရသာကို တွေ့သွားတဲ့လူတစ်ချို့ဟာ သားကောင်လူတွေကိုဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းမှာ အမဲလိုက်ကြတာကို ရိုက်ပြထားပါတယ်။ ကြည့်ပြီးသူတွေရဲ့ ရဗျူးတွေအရတော့ ၈၀ခုနှစ်က ရုပ်ရှင်တွေလို ခံစားရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပဲ အရမ်းကြီးမမျှော်လင့်ထားမိလို့လားတော့မသိပေမဲ့ စစချင်းမှာ ဘာကားကြီးလဲလိုဆိုပြီး ဖြစ်ခဲ့ပေမဲ့ မိနစ်၂၀လောက်အကြာမှာတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ စကောင်းလာပါတယ်။ လူချင်းအမဲလိုက်တာတွေ ပြန်ချတာတွေနဲ့ အက်ရှင်ခန်းတွေလည်း အတော်ပါတာမို့ အက်ရှင်ပရိသတ်တွေလည်းသဘောကျကြမှာဖြစ်သလို ရှားရှားပါးပါး survival ကားမို့ survival ကားပရိသတ်တွေလည်း ပမာဏတစ်ခုအထိတော့ သဘောကျလောက်ပါတယ်။ ဇာတ်လမ်းအမျိုးစားကလည်း Action/Thriller မို့ တိုက်တာခိုက်တာတွေကိုရော ရင်တုန်ရတာတွေရော တဝကြီးကြည့်ရမယ့် စိတ်အပန်းပြေစေမယ့် ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...
Taichi's Beast Mound (2022)
⭐TMDB: 0.0% User Score
🎬 #Drama #Fantasy
🗓 2022 🎞 Movie
📺 #480p #1080p
💿 548.2 MB ⦿ 1.2 GB
🌎 #China
⏰ 1 နာရီ 32 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကိုTai Chi’s Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေမရှင်းပြတော့ဘူး… အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက်ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက်ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကိုသေချာနားမလည်တဲ့အပြင် ဦးလေးရဲ့စကားအောက်မှာပဲ ဦးလေး အလိုကျနေခဲ့တာပေါ့… ဒီလိုနဲ့ အနားက လူတချို့ နဲ့အပြစ်မဲ့လူသားတွေဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက်သူလက်စားချေဖို့စတင်စဉ်းစားပါတော့တယ်…
ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်းဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့…
ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ…နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ…နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကိုချန်ချန်ဖုန်း နားလည်သွားမှာလား…ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော်...
Ip Man: The Awakening (2023)
⭐TMDB: 63.0% User Score
🎬 #Action #Drama #Adventure #History
🗓 2023 🎞 Movie
📺 #1080p #480p
💿 473.5 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 19 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ”တဲ့။ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား……CM ပရိတ်သတ်တို့အတွက် IP Man – The Awakening ဆိုတဲ့ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝကဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုကအမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။
တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီးထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်……IP Man ဟာ သူတစ်ယောက်တည်းအားနဲ့လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား…လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်....
High Desert (2023-2023)
⭐IMDB: 6.2/10 (3 k Votes)
🎬 #Comedy
🗓 2023-2023 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 34 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
High Desert (2023)High Desert (2023)
~ IMDb – 6.2/10, Rotten Tomatoes – 70% ~ စုံထောက် ဟာသ Series လေးပါ။ A Nightmare on Elm Street 3 က မင်းသမီးကြီး Patricia Arquette, Hitman: Agent 47 က မင်းသား Rupert Friend, Herbie: Fully Loaded က မင်းသား Matt Dillion တို့လို Cast အကြီးစားကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဆေးမှောင်ခိုကုန်သည် အကြီးစားကြီး ဘဝကနေ အထည်ကြီးပျက်ဖြစ်သွားပြီး ပက်ဂီ နယူးမန်းတစ်ယောက် ဟိုက်ဒီဆက်လို့ခေါ်တဲ့ မြို့လေးက ကောင်းဘွိုင်ခေတ်ပုံစံနဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာလေးတစ်ခုမှာ ဖျော်ဖြေသူတစ်ယောက်အနေနဲ့ အသက်ဆက်နေရပါတယ်။ ငွေက မရှိ မောင်နှမတွေကို မလေးစားတဲ့ အခြေမဲ့အနေမဲ့ ဘဝကို ရောက်နေတာပေါ့။ အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ပြဿနာကို လိုက်ဖြေရှင်းပေးဖို့ လုပ်ရင်းကနေ အလွတ်စုံထောက်လုပ်ဖို့ စိတ်ကူးရသွားပါတော့တယ်။ လူရည်လည်သလောက် ဗဟုသုတကများတဲ့ ပက်ဂီနယူးမန်း ဘာလိုလိုနဲ့ အလွတ်စုံထောက် ရုံးခန်းမှာ ကိုယ့်ဘာသာ အလုပ်နေရာဝင်ယူပြီး ကိုယ့်ဘာသာ ရှာလာတဲ့ အမှုတွေကို ရှင်းရတာကို ဟာသနှောပြီး တင်ဆက်ပြထားတာကို ခွီနေရမယ့် စီးရီးကောင်းပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 450MB...
I Met a Girl (2020)
⭐IMDB: 6.1/10 (1 k Votes)
🎬 #Drama #Romance #Comedy
🗓 2020 🎞 movie
📺 #720p #1080p
💿 769.0 MB ⦿ 1.5 GB
🌎 #Australia
⏰ 1 နာရီ 50 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Drama, RomanceIMDB – 6.1/10
ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင် ထိန်းနေရတဲ့ကြားထဲကနေ
မိုင်ပေါင်း ၂၄၀၀ ကျော် ခရီးကြမ်း ဖြတ်သန်းပြီး ချစ်တဲ့လူကို
သွားတွေ့မယ့် ဂေါက်သီးလေးတစ်ယောက်အကြောင်းပေါ့။
ဟုတ်ပါတယ် မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျား
ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ
၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်က
မစ္စတာရော့ကတ်ဖြစ်ပြီး သဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါ
လမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့
မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့
ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြော စိတ်ဓာတ်ကျ
အောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။
ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲ
သောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့။
အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာ
အချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့
အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကို နှိပ်စက်နေ
ကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။
ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံ
လိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့ မိန်းကလေးတစ်ယောက်
ပေါ်လာပြီး သူ့ကို ကယ်တင်ပေးသွားပါတယ်။ သူ့ဘဝကို ပြောင်းလဲ
ပေးသွားတယ် သူနဲ့ ရှိနေရတာကို ပျော်ရွှင်လာတယ် နောက်ဆုံး သူ
ချစ်မိသွားတယ် ဒါတောင် တစ်ရက် တစ်ညပဲ တူတူ ရှိလိုက်ကြတာနော်
ဒါပေမဲ့ မနက်နိုးလာတော့ကြ ကောင်မလေးဟာ မရှိတော့ပဲ ပျောက်ဆုံး
သွားတော့ လိုက်ရှာဖို့ ကြုံဆုံလာပါတော့တယ်… စိတ်ကျန်းမာရေး
မကောင်းတဲ့လူ ဖြစ်နေတဲ့အတွက် ဒီကောင်မလေးဟာ တကယ်ရော
ရှိရဲ့လား စိတ်ကနေ ထင်နေတာလားဆိုတာတော့ ဆက်လက်ပြီး
ခံစားကြည့်လိုက်ကြပါ။
မင်းသားနေရာက Pirate of the Carribean ရေသူမကားတို့ Gods of
Egypt တို့မှာ ပါဝင်ထားပြီး Titan စီးရီးမှာ Nightwing နေရာက
သရုပ်ဆောင်ထားတဲ့ သြစတြီးယားမင်းသားချော Brenton Thwaites
ဖြစ်ပြီး မင်းသမီးကတော့ မကြာခင်ထွက်ထားတဲ့ Evil Dead နောက်ဆုံး
ကားထဲမှာ သရဲမကြီး ညီမနေရာက သရုပ်ဆောင်ထားတဲ့ Lily Sullivan
ဖြစ်ပါတယ်။ ဇာတ်ရုပ်က အနုပညာ ဂီတသမားဆိုတော့ ဇာတ်ကားထဲမှာ
ပါဝင်တဲ့ သီချင်းလေးတွေကလည်း တော်တော်ကောင်းတာကို တွေ့ရမှာပါ။
ဘယ်လောက်ပဲ စိတ်ကျန်းမာရေး မပြည့်စေကာမူ အချစ်ဆိုတာ
လူမရွေးပါဘူးဆိုတာလေးကို မီးမောင်းထိုးပြသွားတဲ့ အချစ်နဲ့
ဒရမ်မာကားလေး ဖြစ်ပါတယ်။ မင်းသားရဲ့ အစ်ကိုကြီး သံယောဇဉ်
မေတ္တာတရားကိုလည်း ဖော်ပြထားတာ တော်တော်ကောင်းပါတယ်။...
Delicious (2021)
⭐IMDB: 7.0/10 (5 k Votes)
🎬 #Comedy #Drama #History
🗓 2021 🎞 movie
📺 #1080p #720p
💿 859.1 MB ⦿ 2.1 GB
🌎 #France #Belgium
⏰ 1 နာရီ 52 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစား
တိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင်
ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက်
ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်း
တည်ရိုက်ကူးထားတာပါ…။
ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။
ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေး
မစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်…။
အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ…။
ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့…။
ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ…။
အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး…။
လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်…။
ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်း
ဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။
စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေ
ဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။
ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်း
ဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်…၊
ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်…၊ သာမန်လူတန်းစားတွေအနေနဲ့
ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ…။
ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာ
ချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာ
သတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်…
ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့
မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်…။
ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေ
လူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။
ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့…။
ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့
စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့်
ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် မရရှာပါဘူး…။
ဘယ်လောက်ထိဆိုးသလဲဆိုရင် အတတ်စမ်းပြီး အာလူးပိုင်မုန့်လေးပြု
လုပ်မိလို့ ရဲတိုက်ကနှင်ထုတ်ခံရပါတယ်။
အဲ့တုန်းက အာလူးလိုမျိုး မြေအောက်ကရတဲ့အစားအစာဟာ ယုတ်ညံ့တယ်…၊
တော်ဝင်မျိုးနွယ်နဲ့မသင့်တော်ဘူးလို့အယူရှိလို့ပါ…၊
သို့ပေမယ့် မာစီယွန်တစ်ယောက် သူ့လုပ်ရပ်ကိုမှားတယ်မထင်ခဲ့ဘဲ
သူ့သခင်မြို့စားကြီး အမျက်တော်ပြေပြီး သူ့ကိုပြန်ခေါ်ဖို့သာ ကြိုးစားခဲ့ပါတော့တယ်…။
မာစီယွန်တစ်ယောက်ဘာတွေ ဘယ်လိုကြိုးစားပြီး စားသောက်ဆိုင်ဆိုတာကို
ဘယ်လိုဖန်တီးခဲ့လဲဆိုတာ တစ်ခေတ် တစ်ခါက ပြင်သစ်ပြည်ကို
အလည်သွားရင် ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။...
Back To The Devil (2020)
⭐⁉️
🎬 ##Action #Crime
🗓 2020 🎞 Movie
📺 #1080p
💿 563.7 MB
🌎 #China
⏰ 1 နာရီ 5 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေ ဒီတစ်ခါမှာတော့ ခေတ်ရေစီးကြောင်းအလိုက်မကောင်းမှုတွေကျူးလွန်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့ အက်တာနက်ပေါ်ကနေလိမ်လည်မှုတွေကို လိုက်လံဖမ်းဆီးမှုတွေ တင်းကြပ်လာတဲ့အချိန်မှာတော့မကောင်းမှုကျူးလွန်သူတွေကတော့ လုပ်နေကျအတိုင်းမလုပ်ရမနေနိုင်ဘဲ ဆက်လက်လုပ်ကိုင်ရာကနေမှ နောက်ဆုံးမှာ ဘဝနိဂုံးချုပ်သွားရတဲ့အကြောင်း
မကောင်းမှုကျူးလွန်ရတဲ့အကြောင်းရင်းအမြောက်အမြားရှိသော်ငြားလည်းမကောင်းမှုပြုသူတို့ဟာ မကောင်းမှုမှန်သမျှတို့ရဲ့ အကျိုးဆက်ကိုပြန်လည်ခံစားသွားရတဲ့အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပြီးတော့ဒီကားလေးကနေတစ်ဆင့် ယနေ့ခေတ်မှာဖြစ်ပျက်နေတဲ့နည်းပညာပိုင်းဆိုင်ရာလိမ်လည်မှုတွေကိုသင်ခန်းစာယူလို့ရတာဖြစ်လို့ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်……....
In Your Dreams (2023)
⭐IMDB: 5.7/10 (2 k Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 621.0 MB ⦿ 1.3 GB
🌎 #Turkey
⏰ 1 နာရီ 32 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
In Your Dreams(2023)
*********************ကျွန်တော်တို့ဘဝမှာ ကိုယ်ချစ်ရတဲ့သူကို အိပ်မက်ထဲမှာတွေ့ချင် ဆုံဆည်းချင်တဲ့စိတ်ကူးလေး လူတိုင်းရှိဖူးကြမှာပါ…။တစ်ယောက်သောသူကို အိပ်မက်ထဲမှာတွေ့လိုက်တယ် နံနက်နိုးလာတော့ လက်တွေ့ဘဝမှာရော သူရှိနေမလားဆိုပြီး တမ်းတမိတဲ့ခံစားချက်မျိုးလည်း ကြုံဖူးတယ်မလား။ကိုယ့်ချစ်သူနဲ့အတူ အနာဂတ်ကို အိပ်မက်လေးမက်ပြီး သွားကြည့်ခွင့်ရရင်ရော ဘယ်လောက်ကောင်းမလဲပေါ့နော်..။ဒီကားလေးကတော့ အဲ့လိုအချစ်အိပ်မက်ကို တမ်းတတတ်သူတိုင်းကြည့်သင့်တဲ့ Plot ဆန်းဆန်းလေးနဲ့ တူရကီအချစ်ဇာတ်လမ်းလေးပါ…။ဇာတ်လမ်းထဲမှာတော့ မင်းသားနဲ့ မင်းသမီးဟာ လက်တွေ့လောကမှာ ခင်မင်သိကျွမ်းသူတွေမဟုတ်ပါဘူး…ဘဝကို ပေါ့ပေါ့ပါးပါးနေထိုင်ရင်း အိမ်ထောင်ပြုဖို့ဆိုတာလည်း စိတ်ကူးရှိသူတွေ မဟုတ်ကြပါဘူး။ကံတရားက ဆန်းကြယ်တော့ သူတို့နှစ်ဦးဟာ အိပ်မက်တစ်ခုတည်းကိုပဲ နှစ်ယောက်အတူမက်ခဲ့ကြတယ်…။အဲ့ဒီ အိပ်မက်လိုလို အနာဂတ်လိုလို လောကထဲမှာ သူတို့ဟာ လင်မယားအဖြစ်အိမ်ထောင်ကျခဲ့တာ နှစ်နှစ်ရှိနေပါပြီတဲ့လုံးဝမသိကြတဲ့ သူစိမ်းနှစ်ယောက် အိမ်မက်တစ်ခုတည်းအတူပိတ်မိနေတော့ နိုးထဖို့အတွက် နည်းလမ်းရှာပါတော့တယ်…။သူတို့ရဲ့ အိပ်မက်က တကယ်ပဲအိပ်မက်လား၊ လက်တွေ့ဘဝလား၊ အနာဂတ်ကို ခဏရောက်သွားတာလားဆိုတာတော့…ဒီဇာတ်လမ်းထဲမှာပဲ ကြည်ကြည်နူးနူးစီးမျောရင်း အဖြေလိုက်ရှာကြည့်ပါဗျာ…။...
Dragon Blade (2015)
⭐IMDB: 5.9/10 (21 k Votes)
🎬 #Action #Drama #Fantasy #Adventure #History
🗓 2015 🎞 movie
📺 #720p #1080p
💿 1.5 GB ⦿ 2.6 GB
🌎 #China #HongKong
⏰ 2 နာရီ 8 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dragon Blade (2015)===============IMDb Rating – 5.9/10
ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလိုငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Sceneတွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင်ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်းပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ယဉ်ကျေးမှုပဲအကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ်ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ်အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။
မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်းစနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ်တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အားသက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ထင်မှတ်ရတဲ့အထိပါပဲ။
တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုးတတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ်ရပုံလည်း မြင်ရပါဦးမယ်။
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင်ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်းမကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ်ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီးချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက်ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်ကသားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ်စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။
တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ်ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။
သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန်ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါတယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင်နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲအဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီနောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက်လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ …
Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ JohnCusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကားထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...
The Hottest Summer (2023)
⭐IMDB: 5.7/10 (179 Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 771.6 MB ⦿ 1.6 GB
🌎 #Italy
⏰ 1 နာရီ 36 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hottest Summer(2023)
*************************ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်…။အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာပေါ့…။လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ…။ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်…။ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့
လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ…။ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်…။သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး…။အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊
ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။...
Needle in a Timestack (2021)
⭐IMDB: 5.3/10 (2 k Votes)
🎬 #Drama #Fantasy #Romance #ScienceFiction #SciFi
🗓 2021 🎞 movie
📺 #720p #1080p
💿 405.7 MB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။
ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်း
အတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊
အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေ
လုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းက
အနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ်
လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။
နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီး
လတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက်
ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့
ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့
ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့
သံသယဝင်လာခဲ့ပါတော့တယ်။
တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲ
အချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်က
တွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊
သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူ
ပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Gabriel's Redemption: Part One (2023)
⭐IMDB: 5.0/10 (153 Votes)
🎬 #Romance #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 555.7 MB ⦿ 1.5 GB
🌎 #
⏰ 1 နာရီ 51 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gabriel’s Redemption: Part I(2023)
********************************
ဒီကားလေးကတော့ အရင်အပတ်ကမှလောလောလတ်လတ်ထွက်ထားပြီး IMDb 6.2ရရှိထားပြီဖြစ်တဲ့ Gabriel’s Inferno movie series ရဲ့နောက်ဆုံးထွက်ကားလေးပဲဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီနီးပါးကြာမြင့်ပြီး အချစ်၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ် <ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။>
ဒီကားထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမယ့် ဂျူလီယာက
ဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။
မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့စာတမ်းတွေမပြီးမြောက်ပဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။
တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခဂေဘရီရယ်တစ်ယောက်ဖတ်ကြည့်ပြီး
ဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေအခြေခံကာ ဂျူလီယာတို့လင်မယား
လက်ထပ်ပြီးပထမဆုံးရန်ပွဲလေးကိုနွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်
း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကိုသွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။
အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲလည်း သူကိုယ်တိုင်လည်း
ဘာတွေကြုံတွေ့ရဦးမလဲ သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှ်ိနေသေးတဲ့အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။...
Kather Basha Endra Muthuramalingam (2023)
⭐IMDB: 5.3/10 (3 k Votes)
🎬 #Action #Bollywood #Crime #Drama #Romance #Comedy
🗓 2023 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 2.7 GB
🌎 #India
⏰ 2 နာရီ 22 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kathar Basha Endra Muthuramalingam (2023)IMDb-5.4/10Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီးထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။
မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူကဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာကဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲကယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာကထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။
ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလိုရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်)...
The Fall (2006)
⭐IMDB: 7.8/10 (115 k Votes)
🎬 #Adventure #Drama #Fantasy
🗓 2006 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.4 GB
🌎 #UnitedStates #SouthAfrica #India
⏰ 1 နာရီ 57 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Adventure, Drama, FantasyIMBD – 7.8/10
နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲ
တကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscape
အလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။
ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာ
မလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေ
Landscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေ
ရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်း
စိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီး
IMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legit
ဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့်
နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdian
of the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီး
Hobbit ထဲမှာ ပါမန်း Legolas ရဲ့ အဖေနေရာက Thranduil
လုပ်ထားတာ ဒီထဲမှာလည်း သရုပ်ဆောင်ထားတာရှယ်၊ သူနဲ့
အပြိုင်ကြမ်းထားတဲ့ကလေးမကလည်း အရမ်းချစ်စရာကောင်းတာ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၂၀ ခုနှစ် လော့အိန်ဂျလိစ့်က
သာသနာပြုဆေးရုံမှာ ရုပ်ရှင်စတန့်သမားတစ်ယောက် စတန့်လုပ်ရာ
ကနေ ခြေကျိုးလို့ ဆေးရုံတင်ထားရတယ်။ အဲဒီဆေးရုံမှာလည်း
လိမ္မော်သီးခူးရာကနေ လက်ကျိုးလို့ ရောက်လာတဲ့ ချစ်စရာကောင်မ
လေးတစ်ယောက်လည်း ရှိတယ်၊ လူအများက ဝိုင်းချစ်ကြပြီး
ဆေးရုံပတ်မွှေနေတဲ့ ကောင်မလေးပေါ့လေ။ တစ်ရက်ကျ ကောင်မလေး
စာတစ်စောင် ဆော့လိုက်ရာကနေ စတန့်သမားဆီကို ရောက်သွားတော့
ပြန်ယူရင်း နှစ်ယောက်သား ခင်သွားခဲ့တယ်၊ စကားတွေပြောရင်းနဲ့
စတန့်သမားက ကောင်မလေးကို ပုံပြင်တွေ ပြောပြတာပေါ့။ အဲဒီပုံပြင်
တွေကို ရှုခင်းအလှတွေနဲ့ ပုံဖော်ထားပြီး အမြင်တစ်မျိုးနဲ့ ပြသထားတယ်။
သူ့ ပုံပြင်လေးကကျတော့ အနယ်နယ်အရပ်ရပ်က လူမျိုးမတူတဲ့
လူ ၅ မျိုးက ကိုယ်စီနာကြည်းချက်ကြောင့် အကျင့်မကောင်းတဲ့
ဘုရင်ခံကြီးကို လက်စားချေဖို့ စွန့်စားခန်းထွက်ကြတဲ့ အကြောင်းပေါ့လေ။
ဒါပေမဲ့ ဒီလို ပုံပြင်တွေပြောပြီး စတန့်သမားက ကလေးမလေးကို
ဘာခိုင်းချင်နေတာလဲ နောက်ကွယ်မှာရော ဘာတွေဖြစ်ခဲ့လို့
ဒီရောက်လာတာလဲ၊ ကောင်မလေးရော ဘာဆက်ဖြစ်မလဲဆိုပြီး
ပုံပြင်လေးနဲ့အတူ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကြည့်ရမယ့်
အပြင် ပြောနေတဲ့စွန့်စားခန်းအကြောင်းကိုလည်း ကြည့်ရှုရမယ့် ဒရမ်မာ
စွန့်စားခန်း ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်း၊
သရုပ်ဆောင်ကောင်းတဲ့အပြင် ရှုခင်းအလှအပတွေကိုလည်း
တဝကြီး ခံစားရလို့ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်ဗျာ။...
Fight Against Evil Ⅱ (2023)
⭐TMDB: 90.0% User Score
🎬 #Action #Crime #Drama
🗓 2023 🎞 Movie
📺 #1080p
💿 1.0 GB
🌎 #China
⏰ 1 နာရီ 30 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေတရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်
လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ်
လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ
စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Kyawtပဲ ဖြစ်ပါတယ်။...
