ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
4 Kings (2021) ⭐IMDB: 6.3/10 (421 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2021 🎞 movie 📺 #1080p #480p #720p 💿 644.1 MB ⦿ 1.6 GB ⦿ 3.3 GB 🌎 #Thailand ⏰ 2 နာရီ 18 မိနစ် 35 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Inspired by the real story of the conflict between the student from four different technician colleges in the 90s, where violence can be used to build friendships and enemies at the same time....

Naked (2017) ⭐IMDB: 5.4/10 (21 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2017 🎞 movie 📺 #720p #1080p 💿 414.2 MB ⦿ 1.1 GB ⦿ 2.3 GB 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Following a wild night out with his Best Man, Rob Anderson wakes up to find himself naked in an elevator on the morning of his wedding day and is forced to relive the morning over and over again....

Blood Vessel (2019) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Fantasy #Horror #ScienceFiction 🗓 2019 🎞 movie 📺 #720p #1080p 💿 405.6 MB ⦿ 1.2 GB 🌎 #Australia ⏰ 1 နာရီ 35 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကို ဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာ အစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာ တာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီး အသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ် လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီး သင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမ လေးနဲ့တွေ့ခဲ့ကြပါတယ်။ ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်း ဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019 ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vessel ကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်… ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် )...

yeo-ja jeon-jaeng: bi-yeol-han geo-lae (2015) ⭐IMDB: 5.9/10 (168 Votes) 🎬 #Adult #Drama #Romance #Thriller 🗓 2015 🎞 video movie 📺 #720p #1080p 💿 856.4 MB ⦿ 1.8 GB 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲပေါ့ပျက်ပျက်ရယ်ပါဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲအွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက်နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက်အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲသူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါ ဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ်ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ်ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲ သူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး……သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ် ဒါပေမဲ့လေ…အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ်မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ်မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေအွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့မျက်စိမှိတ်လိုက်ပါတော့တယ် ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူးအဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်းအွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Qညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲ ဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေးမိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကိုDS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး...

Arbor Demon (2016) ⭐IMDB: 4.1/10 (2 k Votes) 🎬 #Drama #Horror #Thriller 🗓 2016 🎞 movie 📺 #720p #1080p 💿 841.3 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလား ဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရော တွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်း အမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲ သူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့ လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခု အကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာ သူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီး ထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာ ကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာ တိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာ တွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊ သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )...

Green Zone (2010) ⭐IMDB: 6.8/10 (140 k Votes) 🎬 #Action #Drama #Thriller #War 🗓 2010 🎞 movie 📺 #720p #1080p 💿 968.3 MB ⦿ 2.3 GB 🌎 #UnitedKingdom #France #Spain #UnitedStates ⏰ 1 နာရီ 55 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့ War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53% ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့ ၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေး အဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့ လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်း ဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက်​ ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယ ဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကို ထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေး ကြုံလာပါ​တော့တယ်။ အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာ မီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ။...

The Woman (2011) ⭐IMDB: 6.0/10 (25 k Votes) 🎬 #Drama #Horror #Thriller 🗓 2011 🎞 movie 📺 #720p #1080p 💿 723.5 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်း လျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကို ယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့ မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့် သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုး သမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ် အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင် ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာ မဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူ ခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကို မတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလား အောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီး တစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ  အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေး ချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီး များကို မလေးစားတတ်သူ ဖြစ်နေသောအခါ.. ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်း ရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်....

Supereroi (2021) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2021 🎞 movie 📺 #720p #1080p 💿 756.0 MB ⦿ 1.9 GB 🌎 #UnitedKingdom #Italy ⏰ 2 နာရီ 4 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။...

Disturbia (2007) ⭐IMDB: 6.8/10 (242 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2007 🎞 movie 📺 #720p #1080p 💿 858.1 MB ⦿ 2.1 GB 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်း ထူးဆန်းတာတွေကြုံလာဖူးလား…. ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကို လက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။ အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာ အိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။ သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲက သူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။ အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲ သတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးက လူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့ စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီး သူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာ တော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama, Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက် ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...

Secret Love (2010) ⭐IMDB: 5.8/10 (384 Votes) 🎬 #Drama #Romance 🗓 2010 🎞 movie 📺 #720p #1080p 💿 664.2 MB ⦿ 1.5 GB 🌎 #UnitedStates #SouthKorea ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကား နာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါ ယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူ ဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့ နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာ ကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ် အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူ ဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါ ဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့ မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကို တွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာ ရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thriller ကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီး အမွှာညီအကိုအဖြစ် Yoo Ji-tae က သရုပ်ဆောင်ထားတာပါ။...

Her Son's Secret (2018) ⭐IMDB: 5.6/10 (660 Votes) 🎬 #Thriller #TVMovie 🗓 2018 🎞 movie 📺 #1080p #720p 💿 618.3 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wrong Son (2018)================= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူးထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခုကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်းရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီးအမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိလာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။ အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာတို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော်တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...

Tomorrow, When the War Began (2010) ⭐IMDB: 6.1/10 (32 k Votes) 🎬 #Action #Adventure #Drama #Romance #SciFi #Thriller #War 🗓 2010 🎞 movie 📺 #720p #1080p 💿 653.5 MB ⦿ 1.5 GB 🌎 #Australia ⏰ 1 နာရီ 44 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tomorrow, When the War Began (2010)=============================IMDb Rating – 6.1/10 ဒီကားလေးကတော့ ‘ Tomorrow When The War Began ‘ဆိုတဲ့ Australia နာမည်ကြီး စာရေးဆရာ John Marsdenရေးခဲ့တဲ့ ဝတ္ထုရှည်ကြီးကို ဇာတ်ကားအနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ကားလေးဖြစ်ပါတယ်။ စာအုပ်အနေနဲ့ TomorrowSeries ဆိုပြီးနာမည်ကြီးပြီး 1993 ကနေ 1999 ထိ စုစုပေါင်း 7အုပ်ထိ ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်ဖြစ်တဲ့ TomorrowWhen The War Began စာအုပ်ကတော့ ကမ္ဘာတဝှမ်း စာပေWinner ဆု ‘8ဆု’၊ Best Book ဘာညာအဖြစ်ရွေးချယ်ခံရတာ‘5ဆု’၊ Nominated ‘1ဆု’ အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ Australia မင်းသမီးချော Caitlin Staseyက ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ထားပြီး၊ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Peter Pan ကားထဲကWendy Darling တစ်ဖြစ်လဲ Rachel Hurd-Wood တို့လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့တော့ Stasey တို့သူငယ်ချင်းတစ်စု Camping ထွက်နေတုန်းမှာပဲ Australia နိုင်ငံကို နယ်ချဲ့တွေဝင်လာပါတော့တယ်။ ဒီလိုနဲ့ ရန်သူ့ရဲ့ Back Lineမှာ Stasey တို့သူငယ်ချင်းတစ်သိုက် ညပ်သွားတဲ့အခါမှာတော့ဘာတွေဘယ်လိုဖြစ်ကြမလဲဆိုတာကို ဆက်စောင့်ကြည့်ကြပါဦး။ဇာတ်ကားအဆက်မထွက်ထားလို့ ဒီကားလေးကြည့်ပြီး Stasey တို့တစ်ယောက်ဘယ်လိုတွေကြုံတွေ့ကြရဦးမလဲ သိချင်ရင်တော့ဝတ္ထုကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်..2016 မှာတော့ MiniSeries အနေနဲ့ အပိုင်း၆ပိုင်း ထွက်ရှိထားတာလေးလည်းရှိပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Barry (2018-2023) ⭐IMDB: 8.4/10 (109 k Votes) 🎬 #Comedy #Crime #Drama #Action 🗓 2018-2023 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 30 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Barry (2018) တူညီတဲ့လူတစ်ယောက်က ဆန့်ကျင်ဘက်လောကနှစ်ခုမှာ တစ်ပြိုင်နက်ရှင်သန်ဖိုဆိုတာ ဖြစ်နိုင်မှာတဲ့လား။ ဦးနှောက်က အမှောင်လောကမှာနေဖို ခိုင်းစေနေပေမယ့် နှလုံးသားကတော့ ပျော်ရွှင်မှုဆိုတဲ့မက်လုံးပေးပြီး အလင်းဘက်ကို ဆွဲခေါ်နေတဲ့အခါ… သင်သာဆိုရင် ဘယ်တစ်ခုကို‌ရွေးချယ်မှာလဲ။ ဒါမှမဟုတ် နှစ်ခုလုံးမှာမရမကရှင်သန်ဖိုလုပ်မှာလား။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ HBO ရဲ့ IMDB 8.4/10, Rotten Tomatoes 98% ရရှိထားတဲ့ Dark Comedy/Crime/Drama အမျိုးအစားစီးရီးလေးပါ။ စီးရီးရော သရုပ်ဆောင်တွေရောက Primetime Emmy Awards မှာ ဆု ၉ ခုနဲ့ တခြား Awards တွေမှာ ဆုပေါင်း ၅၀ နဲ့ အကြိမ် ၁၆၀ကျော် ဇကာတင်စာရင်းဝင်ခဲ့တာပါ။ ဘယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသား Bill Hader (It Chapter Two) ဟာဆိုရင်လည်း ဒီကားကို ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး ဒီကားနဲ့ပဲ “ဟာသစီးရီးမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု”ကို ရရှိခဲ့ပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ တစ်ခဲနက်ရရှိခဲ့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဘယ်ရီဘာ့ခ်မန်းက အာဖဂန်နစ္စတန် စစ်ပြန်ရေတပ်သားဟောင်းလေးတစ်ယောက်၊ တပ်ကထွက်လာပြီးတော့ ကြေးစားလုပ်နေသူတစ်ယောက်ပါ။ ဒါပေမယ့် သတ်နေဖြတ်နေရတဲ့ ဓားကိုင်သေနတ်ကိုင်အလုပ်၊ အရိပ်ထဲကနေလှုပ်ရှားရတဲ့ တစ်ကိုယ်တည်းအထီးကျန်ဆန်လွန်းတဲ့ဒီအလုပ်ကြောင့် စိတ်ကျရောဂါ တစ်စတစ်စဝင်လာပြီးတော့ အိမ်တွင်းပုန်းဖြစ်လာတော့တာပေါ့။ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ဒီဘဝကြီးဟာ ရည်ရွယ်ချက်မဲ့လွန်းတယ်ဆိုပြီး စိတ်ကုန်နေတဲ့ဘယ်ရီကို ဦးလေးလိုချစ်ရတဲ့ အဖေ့ရဲ့သူငယ်ချင်းဖြစ်တဲ့ဖျု့ခ်ျက လူတစ်ယောက်ကိုသတ်ဖို လော့စ်အိန်ဂျလိစ်ကို စိတ်ပြေလက်ပျောက် လွှတ်လိုက်ရာမှာပဲ ဒီဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်။ ဒါပေမယ့် ဘယ်ရီကတော့ သတ်ရမယ့်ပစ်မှတ်နဲ့တူတူ ပြဇာတ်ရုံနောက်လိုက်ရင်းချော်လဲရောထိုင် ဝင်သရုပ်ဆောင်လိုက်ရာကနေ သူ့ဘဝရဲ့ပျော်ရွှင်မှု အသက်ရှင်ရမယ့်ရည်ရွယ်ချက်ကို ရှာတွေ့သွားပြီး မင်းသားပိုးဝင်သွားပါတော့တယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လုံးလုံးလျားလျားမပုံအပ်ချင်၊ ကြေးစားအလုပ်ချည်းပဲလည်းမလုပ်ချင်တဲ့ ဘယ်ရီတစ်ယောက် လူရှေ့ထွက် ရုပ်လုံးပြရတဲ့ သရုပ်ဆောင်အလုပ်နဲ့ လူမသိသူမသိ လှုပ်ရှားရတဲ့ အရိပ်ထဲက ကြေးစားလူသတ်သမားအလုပ်ကို သရုပ် ၂ မျိုးနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဖိုကြံစည်တာကရော အောင်မြင်နိုင်ပါ့မလား။ မင်းသားပိုးအဝင်ကောင်းရာကနေ စစ်ဆင်ရေးမအောင်မြင်တဲ့အကျိုးဆက်နဲ့ လိုက်လာတဲ့အန္တရာယ်တွေကို သူဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ။ သူ့နောက်ကနေ ခြေရာခံလာမယ့်ရဲတွေကိုရော ဘယ်လိုလှည့်ကွက်တွေသုံးရင်းရှောင်ရှားမလဲဆိုတာကို ဟာသ အက်ရှင် ရသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဒီစီးရီးရဲ့ ဇာတ်ညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်)File size…(499 MB)/(254 Mb)Quality….Webrip 1080p / 720p / 480p...

Motherhood (2022) ⭐TMDB: 70.0% User Score 🎬 #Drama #Mystery 🗓 2022 🎞 Movie 📺 #720p #1080p 💿 576.1 MB ⦿ 1.0 GB 🌎 #India ⏰ 1 နာရီ 55 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Motherhood (2022) “အမှောင်ထဲမှာ ကျွန်မရဲ့လက်တွေကို ဆုပ်ကိုင်ပေးထားတာ အမေရယ်ပါလို့ကျွန်မတွေးနေမိတာ….ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာပါလိမ့်နော်”(ဆာယာခါ) “ကျွန်မသူ့ကို အကြင်နာတွေ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျိုးထောင်လာခဲ့တာ သူသတ်သေတယ်ဆိုတာမဖြစ်နိုင်ဘူး”(စုယုကိ) “ပင်ကိုဓာတ်ခံ အမျိုးသမီးတစ်ယောက်ရဲ့ဗီဇလို့သတ်မှတ်နေကြပေမဲ့‘မိခင်မေတ္တာ’ဆိုတာ ကျွန်မတို့မှာ မွေးကတည်းကပါလာတဲ့အရာမှမဟုတ်တာ” လောကကြီးမှာ ရင်နာစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကိုယ့်ကိုမုန်းတီးနေတဲ့လူဆီက ချစ်ခြင်းမေတ္တာကိုမှ တမ်းတမိနေခြင်းပါပဲ။ဒါပေမဲ့ ဝဋ်ကြွေးလို့ပဲဆိုရမလား မရနိုင်မှန်းသိနေတဲ့အရာကိုမှတမ်းတတတ်တဲ့ညဉ်ဆိုးပါလာတာလား မပြောတတ်ပေမဲ့လူတော်တော်များများကတော့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ကိုမဝံ့ရဲတတ်ကြပါဘူး။ ဒီMotherhoodဆိုတဲ့ရုပ်ရှင်လေးမှာလည်း သမီးဖြစ်သူကိုမချစ်နိုင်တဲ့အမေ၊ကိုယ့်ကိုမချစ်မှန်းသိသိကြီးနဲ့ အမေဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကိုမှ တမ်းတနေတဲ့သမီးဖြစ်သူတို့နှစ်‌ယောက်ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာပါ။ စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့ စုယုကိနဲ့ဆာယာခါကြားမှာ လုံးဝကိုအစိမ်းသက်သက်ဖြစ်သွားပါတော့တယ်။နဂိုထဲကမကြင်နာတဲ့စုယုကိဟာ အဘွားဆုံးသွားမှ ရန်သူတစ်ယောက်လိုဆက်ဆံလာတာကို ဆာယာခါနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့။အေးတိအေးစက် အဖေ မကြင်နာတဲ့အမေ နှုတ်နဲ့တစ်မျိုး အမူအရာနဲ့တစ်မျိုး နှိပ်စက်တတ်တဲ့အဖေ့ရဲ့မိသားစုတွေကြားမှာအထီးကျန်မှုတွေကို ရင်ဝယ်ပိုက်ထားတဲ့ ဆာယာခါတစ်ယောက် လမ်းဆုံးကိုရွေးသွားတဲ့အခါမှာတော့… အဘွားဆုံးသွားမှ စုယုကိကသမီးဖြစ်သူကို ဘာလို့ပိုပြီးအေးစက်လာတာလဲ။စုယုကိနဲ့ဆာယာခါရဲ့ပြဿနာက ဘယ်ကနေစမှားသွားတာလဲ။လူတွေပါးစပ်ဖျားကနေ လွယ်လွယ်ပြောတတ်တဲ့ မိခင်မေတ္တာ မိခင်စိတ်ဆိုတဲ့အရာက ထင်သလောက်ရိုးရှင်းသလားဆိုတာကိုသရုပ်ဖော်ထားတဲ့ဒီရုပ်ရှင်လေးကို စုယုကိနဲ့ဆာယာခါတို့ရဲ့ မတူညီတဲ့ရှုထောင့်ပုံစံနဲ့ ကြည့်ရှုခံစားရင်း ကိုယ်တိုင်ပဲအဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

With Love (2021- ) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Comedy #Drama #Romance 🗓 2021- 🎞 tv series 📺 #720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 50 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 With Love – Season (01)With Love – Season (01) ================= IMDb Rating – 7.2/10Rom-Com အမျိုးအစားကို ဇာတ်လမ်းကောင်းကောင်းနဲ့ ရယ် ရမှဆိုတဲ့ ဇာတ်လမ်းတွဲမျိုးကို ကြိုက်တတ်တဲ့သူ ဆိုရင် ဒီဇာတ် လမ်းတွဲကို ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းတွဲဟာ IMDb Rating 7.2, Rotten Tomatoes 100% ရထားလောက်တဲ့အထိ ကောင်း ပါတယ်။ အရမ်းကြီး serious ဖြစ်နေတာတွေ၊ တွေးတောနေရ တာမျိုးတွေ၊ ဦးနှောက်စားနေရတာမျိုးတွေ မဟုတ်ဘဲ အေးအေး ဆေးဆေး ချစ်သူလေးနဲ့ chill ရင်း ကြည့်မယ်ဆိုရင်တော့ လုံးဝကို Perfect ဖြစ်မယ့် ဇာတ်လမ်းတွဲမျိုးပါ။ လီလီဒီယက်ဇ်ဟာ ခရစ္စမတ်ညမတိုင်ခင်မှာ ရည်းစားနဲ့ လမ်းခွဲခဲ့တဲ့ လက်တင်သူလေး တစ်ယောက်ပါ။ အသက်ကလည်း ၂၈ နှစ်ရှိပြီမို့ မိဘတွေကလည်း သူ့ကို အခြေတကျဖြစ်စေချင်ပါတယ်။ လီလီလည်း ခရစ္စမတ်အကြို မိသားစု ညစာစားပွဲမှာ အမျိုးတွေနဲ့ ဆုံရမှာမို့ စိတ် ညစ်နေခဲ့ပါတယ်။ အကြောင်းကတော့ လက်တင်မျိုးနွယ်တွေရဲ့ ထုံးစံ အတိုင်း အမျိုးများပြီး၊ ထိုအမျိုးတွေကလည်း “ရည်းစားနဲ့ကွဲတယ်ဆို စိတ်မညစ်ပါနဲ့ တခြားနဲ့ မိတ်ဆက်ပေးမယ်၊ ယောကျ်ားမယူသေးဘူး လား၊ ဘယ်တော့ယူမှာလဲ” ဆိုတဲ့ စပ်စုတတ်၊ စွတ်ဖက်တတ်တဲ့ အမျိုး တွေမို့လို့ပါ။ညစာစားပွဲမှာ သောက်ဖို့ ဝိုင်သွားဝယ်ရင်း ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး လီလီလည်း အီစီကလီရိုက်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ အဲကောင်လေးဟာ သူ့အစ်ကို ဟိုဟေးရဲ့ ကောင်လေး ဖြစ်နေတာပါပဲ။ လီလီ တစ်ယောက် ညစာစားပွဲမှာ ကြုံတွေ့ရတာတွေကို ကျော်ဖြတ်ရင်း သူ့ရဲ့ “မင်းမရှိရင် မနေနိုင်ဘူး” ဆိုတဲ့ အချစ်မျိုးကို ရှာဖွေဖို့အတွက် ခရီး ရှည်ကြီး တစ်ခုနှင်တာကို ဟာသတွေ၊ လှည့်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါး ပါး ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကိုLeonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox ဖြစ်ပါတယ်။)File Size………….(250 MB)...

Cross the Line (2022) ⭐IMDB: 6.7/10 (45 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 346.8 MB ⦿ 645.2 MB 🌎 #Indonesia ⏰ 1 နာရီ 10 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cross the Line (2022) ဟယ်ရစ် နဲ့ မာယာ တို့ ချစ်သူနှစ်ဦးက အိပ်မက်တွေကိုယ်စီနဲ့သင်္ဘောကြီးပေါ်မှာ သန့်ရှင်းရေးလုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ လာခဲ့ကြတာပါ။နှစ်ယောက်သားကတော့ ဒီအလုပ်ကို ပိုက်ဆံများများ ရှာနိုင်ဖို့အတွက် ယာယီအနေနဲ့ပါ။သူတို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နိုင်ဖို့ပါပဲ။ မာယာက သူ့အမေရဲ့ကျန်းမာရေးစားရိတ်အတွက် ဝင်ငွေ ပိုရမလားရယ်လို့ လာလုပ်တာပါ။ဒါပေမဲ့လည်း သင်္ဘောပေါ်မှာ လုပ်ကိုင်ကြရင်းနဲ့ ထင်သလောက် ဝင်ငွေမရကြတဲ့အခါမာယာကို ခန္ဓာကိုယ် ရင်းပြီး အလုပ်လုပ်ဖို့ လာဆွယ်တဲ့လူရှိတဲ့အခါမှာ မာယာ ဘာလုပ်ဖြစ်မလဲဟယ်ရစ်ကလည်း မာယာအတွက် မှောင်ခိုကုန်ကူးလုပ်ငန်းမှာ ဝင်ပြီး လုပ်ရပါတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချစ်လမ်းခရီးက သာယာဖြောင့်ဖြူးပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...

High School Serenade (2023) ⭐IMDB: 8.3/10 (35 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 671.8 MB ⦿ 1.2 GB 🌎 #Indonesia ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High School Serenade / Gita Cinta Dari SMA (2023) ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက်ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက်ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲအတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...

The Match-Stick Flame 2: Lunada Bay (2023) ⭐IMDB: 5.5/10 (64 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 📺 #480p #720p #1080p 💿 657.8 MB ⦿ 1.1 GB ⦿ 2.0 GB 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော သြစတြေးလျ​ Horror ရုပ်ရှင်များဖြစ်တဲ့ The​ Babadook,​ Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်း​ဒိုင်းခြောက်လှန့်တဲ့ Jump​scare​ တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း​ ဇာတ်​ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။ သားအမိ​နှစ်ဦးရဲ့​ အထီးကျန်​ဆန်​တဲ့​ ဆက်နွယ်​မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်​ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်​မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲ​မရဖြစ်လာတဲ့​ မိခင်​တစ်ဦး​နေရာမှာ​ သရုပ်ဆောင်​တဲ့​ Sarah Snook​ ကို​ ဝေဖန်​သူများက​ ချီး​ကျူးခဲ့ကြပါတယ်။ Horror ကား​ဖြစ်​ပေမဲ့​ Chilling​ ဖြစ်ပြီး​ ပြင်း​ထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တ​တရားနဲ့​ အတိတ်​ရဲ့ခြောက်လှန်မှုတွေအကြား​ လွန်​ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်​ထားတဲ့​ Run Rabbit​ Run ဟာ​ Black Swan လို​ Psychological​ Horror ရုပ်ရှင်​မျိုးကို​နှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။...

Maximum Truth (2023) ⭐IMDB: 4.8/10 (236 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 647.1 MB ⦿ 1.6 GB 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maximum Truth (2023)================== ဒီဇာတ်ကားဟာဆိုရင် ခါတိုင်းမြင်တွေ့နေကြ ပုံမှန် Comedy ဇာတ်ကားတွေနဲ့ မတူပါဘူး။ ဇာတ်လမ်းတင်ဆက်ပုံဟာလည်း ရုပ်ရှင်ရိုက်တဲ့အဖွဲ့တစ်ခုက မှတ်တမ်းရုပ်ရှင်လိုက်ရိုက်တဲ့ပုံစံမျိုးနဲ့မို့ ကြည့်ရတာအမြင်ဆန်းနေပါတယ်။ ပရိသတ်ကို ဟာသတွေနဲ့ အတင်းကြီးထိုးထည့်နေတာမျိုး မဟုတ်ဘဲ တွေးရင်း၊ သေချာနားလည်အောင် ကြည့်ရင်းနဲ့မှ ရယ်မောစေတဲ့ဟာမျိုးပါ။ အခုပြောခဲ့တဲ့ ဟာသမျိုးတွေကို ကြိုက်တယ်ဆိုရင် လက်လွှတ်မခံပါနဲ့ အကြံပေးချင်ပါတယ်။ Maze Runner,Teen Wolf, Love and Monster အစရှိတဲ့ ရုပ်ရှင်တွေအပြင် တခြားရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dylan O’Brienက အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဟာ သူ့ကိုပိုက်ဆံပေးလာလျှင် ဘယ်လိုအမှုမျိုးမဆို လိုက်ပေးတဲ့ ရှေ့နေတစ်ယောက်ပါ။ သူက ရှေ့နေတင်မကဘဲ သူများရဲ့ မကောင်းကွက်ကို ရှာပေးတာမျိုးတွေအထိ လုပ်ကိုင်ပါတယ်။တစ်နေ့မှာ အလုပ်ရှင်တစ်ယောက်က အန်တိုနီယိုကယ်လီဇန်းဆိုတဲ့ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့လူတစ်ယောက်ရဲ့ မကောင်းကွက်ကို ရှာပြီး ဖြုတ်ချဖို့ ငွေအမြှောက်အများနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ရစ်ခ်လည်း လက်ခံခဲ့ပြီး သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ ဆိုင်မွန် ဆိုတဲ့ကောင်လေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်။ သူတို့နှစ်ယောက် အန်တိုနီယိုရဲ့ မကောင်းကွက်ကို လိုက်ရှာရင်း ကြုံတွေ့ရတာတွေကို ဟာသလေးတွေနဲ့ ပါးပါးပုတ်ထားတာကို ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...

That Peter Crouch Film (2023) ⭐IMDB: 7.2/10 (435 Votes) 🎬 #Documentary 🗓 2023 🎞 movie 📺 #720p #1080p 💿 797.9 MB ⦿ 1.8 GB 🌎 #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 That Peter Crouch Film (2023) ~ IMDb – 7.2/10, Rotten Tomatoes – 89% ~ ရပ်ကွက်အခေါ်“ပီတာခရော့”ပြောင်ပြီးခေါ်တာ“ပီတာငပျော့”ချစ်လို့ခေါ်ရင်“ပီတာငကျော့” ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး… ကလန်ကလား ဘဲကြီး… ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး… အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...