6 371
订阅者
-224 小时
+97 天
+8330 天
帖子存档
6 371
Repost from Updates in Cardiology and Beyond
📕Basic Arrhythmias With 12-Lead EKGs (9th Edition, 2025)
6 371
ဒီနေ့တော့ ECG ခုမှ စဖတ်မဲ့သူတွေအတွက်ကော Arrhythmia အကြောင်းသေချာဖတ်ချင်သူတွေအတွက်ကော Gail Walraven ရဲ့ Basic Arrhythmias ECG book 2025 edition share ပေးချင်ပါတယ်
Tachy & Bradyarrhythmia ပေါင်းစုံကို Explanation လုပ်ပြီးတာနဲ့ Long Lead II တွေ ပေးထားပြီး Quiz များများ interpret လုပ်ခိုင်းတဲ့ စာအုပ်မို့ တအုပ်လုံး ဖတ်ပြီးရင် တော်တော်ကြည့်တတ်သွားမယ် ထင်ပါတယ်
Download link >> https://drive.google.com/file/d/1qNmQPyBfAO451KYfOIJ-SAz2C9jup4Ih/view?usp=drivesdk
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#ECG
6 371
There are so many people experiencing this disease, if you wanna share their experiences, I can let you know website address of group of people with SLE)
PACES new class September လဆန်းမှာ စပါမယ်
Limited seats only!!
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#PACES_Tips
6 371
MCTD အတွဲဖြစ်နေ, Facial rash တွေ Photosensitivity တွေပါတွဲနေပြီး Joint pain က SLE ကြောင့် ဖြစ်နေနိုင်ပါတယ် (Associations)
📌 အဲလိုပဲ အခန်းထဲ ဝင်သွားတော့ typical butterfly rash နဲ့ SLE ဆိုတာ သိသာပေမဲ့ leg edema နဲ့ nephropathy ပါနေတာ လွတ်ရင် အမှတ်လျော့ပါလိမ့်မယ် (Complications)
Steroid induced Cushing $ ပါနေပြီး Thin skin, bruises, proximal myopathy လွတ်သွားရင်လဲ လျော့မှာပါပဲ (Associations)
📌 Goitre နဲ့ Opthalmopathy ချထားတဲ့အခါ Graves’ disease မှန်းသိပေမဲ့ Swallowing difficulty မေးဖို့ကျန်တတ်ပါတယ် (Complications)
Vitiligo hypo-pigmented patch တွေကို skin သေချာ မကြည့်မိရင် လွတ်သွားနိုင်ပါတယ် (Associations)
📌 နောက် PACES Consultation stations တွေမှာ အရမ်းကြိုက်တာက Autoimmune Polyglandular $ အတွဲတွေ၊ Multiple Endocrine Neoplasia အတွဲတွေပါ
( Type 1 DM with frequent hypos ဆိုပြီး အထဲမှာ Addison/Coeliac နဲ့တွဲတာမျိုး)
Consulatation ခုံဆို အမသင်ပေးတဲ့ ကလေးတွေကို အမြဲတမ်း Lying standing BP, RBS တောင်းခိုင်းပါတယ် (APS ဆို Type 1 DM, Addison မိတာပေါ့)
📌 APS, MEN မှာ ဆက်မေးတတ်တာက How is the chance of developing similar condition in my child?
MEN က I ကော II ကော AD, APS က I က AR, II က AD ပါ
Sporadic Autoimmune disease တွေ (eg SLE) ဆိုရင်တော့ It’s not familial disease, but your child has a slightly higher risk of developing the disease than normal population လို့ ဖြေရပါတယ်
💥 PACES Tips 4 💥
Don’t forget the roles of Life-style measures, Referrals, Multidisciplinary team management ‼️
အပေါ်က အချက်တွေ အရေးကြီးတာတော့ အားလုံးသိပြီးသား ဖြစ်မှာပါ
Junior doctor အနေနဲ့ ဖြေရတဲ့ exam ဖြစ်လို့ aspects အားလုံးကို တစ်ယောက်ထဲ ဖြေရှင်းဖို့ မစဉ်းစားဘဲ case ပေါ်မူတည်ပြီး Proper referral & team management ပါ ထည့်ဖြေဖို့ အရေးကြီးပါတယ်
အဲလိုပဲ တချို့ disease တွေမှာ Life style measures က key role ဖြစ်တာကြောင့် မကျန်ခဲ့သင့်ပါဘူး
ခေါင်းထဲ ပေါ်လာတဲ့ Examples တွေ ရေးပေးလိုက်ပါတယ်
📌 Life-style measures
- GERD လို case မျိုးရရင် အိပ်တဲ့အခါ Head end raised ခိုင်းတာ၊ အိပ်ခါနီး အစားမစားခိုင်းတာ၊ Fatty meal ရှောင်ခိုင်းတာ, ဆေးလိပ်ဖြတ်ခိုင်းတာ, Weight reduction လုပ်ခိုင်းတာသည် မပါမဖြစ်အရေးကြီးပါတယ်
- Epilepsy explanation ကို communication မှာ ဖြေခဲ့ရရင် Drug အကြောင်းအပြင် Job က ဘာလုပ်လဲ injury prone ဖြစ်လား Driver လား မေးရပါမယ်
Regular eating and sleeping habit အရေးကြီးတာ၊ Swimming/ Climbing တစ်ယောက်ထဲ မသွားသင့်တာ၊ DVLA inform ဖို့လိုတာ အရေးတကြီး ထည့်ပြောရမှာပါ
📌 Referral
ဒီမှာ know your limit ပါ
Specialist တစ်ယောက်က ဝင်ဖြေနေလဲ ကိုယ့်ကိုယ်ကိုယ် junior Dr လို့ပဲ သဘောထားပြီး proper referral လုပ်ဖို့ မမေ့ပါနဲ့
- အမတုန်းက History ဖြေရတဲ့ case က Type 1 DM on insulin ကို Relationship breakup ကြောင့် Depression ရနေပြီး ပုံမှန်ထက် Insulin တွေလျော့ထိုးပြီး Poor DM Control ဖြစ်နေတဲ့ history ပါ
Sort out လုပ်ပြီး Insulin dose adjust လုပ်ဖို့ Diabetologist referral လုပ်မယ် ပြောပြီးတော့ Examiner က Any other referral ဆိုပြီး မေးပါတယ်
အဲ့တော့မှ Depression အတွက် Psychiatrist referral ဆိုဖြေလိုက်မှ You are right ဆိုပြီး Examiner ကပြုံးသွားပါတယ်
- အဲလိုပဲ Coeliac disease ဆို ဘယ် food တွေထဲ Gluten ပါတယ် ရှောင်ရမယ် ပြောရုံမရပါဘူး Dietitian refer လုပ်ပါ
- Autoimmune hepatitis ဆိုပါစို့ Treatment -steroids ဘာညာ ဖြေတာဖြေပါ Hepatologist refer လုပ်ဖို့ မမေ့ပါနဲ့
Discussion မစခင် 1 min wind up ရတဲ့အချိန်လေးမှာ case ပေါ်မူတည်ပြီး ထည့်ပြောရမဲ့ referral စဉ်းစားထားပါ
📌 Multidisciplinary team management
ဒါကတော့ Cancer & Debilitating Chronic disease တွေမှာ အရေးကြီးပါတယ်
- Ca colon management explain လုပ်တယ်ဆိုပါစို့
We will manage with multidisciplinary team approach involving Gut surgeon, Gut specialist (Gastroenterologist), Cancer Dr (Oncologist), Macmillan nurses (Cancer specialist nurses),… အဲလိုရှင်းရပါမယ်
လိုအပ်ရင် Social services, Occupational services involvement ရှိကြောင်း ပြောရမယ်
- အဲလိုပဲ Motor neuron disease ဆိုလဲ Management မှာ Brain Dr, Exercise Dr, Occupational therapist, Speech therapist, Nurses တွေ ပါမယ်ဆိုတာမျိုး ပြောရမယ်
📌 ဒါ့အပြင် Patient education and better understanding အတွက် disease ရှင်းရင် disease နဲ့ဆိုင်တဲ့, procedure ရှင်းရင် procedure နဲ့ဆိုင်တဲ့ leaflets တွေ website address တွေပေးပါ
လိုအပ်ရင် experience share ဖို့ group တွေ ရှိကြောင်းရှင်းပြပါ (eg.
6 371
𝐏𝐀𝐂𝐄𝐒 𝐓𝐢𝐩𝐬 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬
💥 PACES Tips 1💥
PACES Exam မှာ ခုံတိုင်းမှာ assess လုပ်တဲ့ skill က Welfare ပါ
32 marks total ပေးပြီး Passmark က 28 မို့ 1 ခုံထက်ကျော်ပြီးထိရင်ကို Fail သွားနိုင်တယ် ဆိုပေမဲ့ Welfare နဲ့ထိတာ အရမ်းရှားပါတယ်
အမှတ်ပြည့်ဖို့လဲ အလွယ်ဆုံး skill ပါ
📌 Gross mistake တွေ ဖြစ်တဲ့ စမ်းတာကြမ်းလို့ (eg Plantar response 3,4 ခါ နာအောင်ခြစ်လို့) လူနာထအော်တာ/ စမ်းပြီးတာနဲ့ လူနာရင်ဘတ် ပြန်မဖုံးပေးဘဲ discussion လုပ်တာမျိုး လုံးဝရှောင်ရပါမယ်
📌 လူနာ အိမ်သာသွားချင်တယ် ဘာညာဆိုလဲ ပေးသွားလိုက်ပါ၊ ကျန်တဲ့ အချိန်အပိုပေးတာ ဘာညာ exam supporting team က လုပ်ပေးပါလိမ့်မယ်
ထပ်ပြီးလဲ detail လေးတွေ သတိထားသင့်ပါတယ်
အမှတ်ပြည့်ယူရမဲ့ Skill မလား
Eg.
📌 Cushing $ မှာ finding present လုပ်တဲ့အခါ Buffalo hump ဆိုတာမျိုးရှောင်ပါ (increased supraclavicular fat pad လို့ ပြောလို့ရပါတယ်) Examiner ကော လူနာကော တိရစ္ဆာန် နဲ့ နှိုင်းတာ မကြိုက်ပါဘူး
📌Scleroderma မှာ small mouth စမ်းချင်ရင် ပါးစပ်ဟပြဆို ရပါပြီ၊ အတင်း လက် ၃ ချောင်းထောင်ပြီး ပါးစပ်ထဲ မထိုးထည့်ခိုင်းပါနဲ့ ၊ Patient discomfort ဖြစ်စေပါတယ်
📌 EOM စမ်းတဲ့အခါ ခေါင်းကို ရှေ့တည့်တည့်ထားပြီး မျက်လုံးလေးနဲ့ လိုက်ကြည့်ပါ ဆိုပြီးပဲ အရင်သင်ပါ၊ လူနာကို မထိပါနဲ့အုံး၊ မကြည့်တတ်ရင် သေချာခွင့်တောင်းပြီး မေးစေ့ကို ကိုင်ထိန်းလို့ရပါတယ်၊ ခေါင်းပေါ်ကနေ လက်အုပ်ကိုင်တာမျိုး လုံးဝလုံးဝ ရှောင်ပေးပါ
📌 Paraplegia မှာ Sensory စမ်းမယ်ဆို normal နဲ့ abnormal ယှဉ်စမ်းပြတဲ့အခါ Face ပေါ်တက်ပြီး အချွန်နဲ့ မထိုးပါနဲ့ Sternum ပေါ်နဲ့ ယှဉ်ပါ
📌Concern ရှင်းတဲ့အခါမျိုးမှာလဲ နားဝင်ချိုတဲ့စကားလုံးမျိုး သုံးပါ
Eg. Deafness ကလေးအတွက် ရှင်းတာမျိုးဆို There are schools for deaf ဆိုတာမျိုးထက် There are special schools for children with reduced hearing ဆိုတာမျိုး/ blind ဆိုတာထက် reduced vision ဆိုတာမျိုး ပိုသုံးစေချင်ပါတယ်
ခေါင်းထဲလောလောဆယ် ပေါ်လာတာလေးတွေ ရေးပေးလိုက်ပါတယ်
သေးသေးလေးတွေပေမဲ့ သေးသေးလေးတွေကပဲ အအောင် အရှုံး ဆုံးဖြတ်သွားတတ်တဲ့ PACES Exam ပါ
💥 PACES Tips 2 💥
Look for every clue‼️‼️
📌 Consultation station မှာပဲဖြစ်ဖြစ်/ CVS examination station မှာပဲဖြစ်ဖြစ် BP cuff ချပေးထားရင် တိုင်းစေချင်လို့ မေးစေချင်လို့ပါ
- Consultation မှာ Young HT scenario ပေးထားပြီး Pulse ကိုင်မရ/ BP တိုင်းမရတဲ့ Takayasu ချထားတတ်ပါတယ်
- မလွတ်အောင် Young HT case ရတာနဲ့ Examiner ကို I would like to measure BP Both arms, Lying Standing ဆိုပြီး ပြောပါ
- များသောအားဖြင့် တိုင်းကြည့်ဆိုပြီး ပြန်ပြောတတ်ပါတယ်
- CVS ခုံမှာလဲ AR ဆို Wide pulse pressure ကို မပြောချင်တော့ BP တောင်းရင်မပေးဘဲ ကိုယ့်ဟာကိုယ် တိုင်းခိုင်းတတ်ပါတယ်
** ဒီမှာ Prof တစ်ယောက် သင်ပေးဖူးတာ မျှဝေပါရစေ
BP သိချင်ရင် I would like to know BP လို့ မပြောပါနဲ့တဲ့ Examiner ကို တိုင်းပေးလို့ ခိုင်းသလို ဖြစ်နေတယ်တဲ့, I would like to measure BP ပြောပါတဲ့, ထူးထူးခြားခြား မရှိရင် Examiner က တိုင်းပြီးသား BP ပြန်ဖြေပေးပါလိမ့်မယ်
📌 Consultation မှာ CNS Scenario/ Endo scenario ဖြေခဲ့ရရင် မျက်လုံးကို သေချာကြည့်ပါ (Dilator ခပ်ထားမထား)
- Vision problem နဲ့လာရင် Fundoscope ကြည့်ဖို့ မမေ့တတ်ပေမဲ့ တချို့ CNS Scenario တွေ Pituitary tumor လို case တွေမှာ Fundoscope ကြည့်ဖို့ မေ့တတ် လိုတတ်ပါတယ်
- တစ်ခါတစ်လေကျလဲ ကိုယ့်စိတ်ထဲ Fundoscope ကြည့်စရာလိုတာလိုလို မလိုတာလိုလို ဖြစ်နေတာလဲ ပါတာပေါ့
- Pupil Dilate လုပ်ထားရင် ကြည့်စေချင်လို့ပါ ကြည့်ဖြစ်အောင် ကြည့်ရပါမယ် (မလုပ်ထားရင် မကြည့်စေချင်လို့ မဆိုလို)
📌 Tips တစ်ခု သင်ပေးအုံးမယ် 🤫
- DM poor control နဲ့ blurred vision case ချရင် DM retinopathy ဖြစ်ဖို့များတယ်ပေါ့
- ကြည့်တတ်တဲ့သူတွေ မပြောလိုပါ
- တစ်ချို့ကျ Exam stress ရယ်/ မကျွမ်းကျင်တာရယ် ပေါင်းပြီး တစ်ခါတစ်လေ Laser scars တွေတောင် လွတ်သွားတတ်ပါတယ် (eg previous laser treatment to left eye, now presenting with right eye blurred vision)
- အဲ့တော့ DMR ထင်ပြီဆို Did you have previous laser treatment? ဆိုမေးပါ
- ဘက် မှားပြောမိမှာဆိုးရင် To Rt eye or Lf eye ပါမေးလိုက်၊ Present လုပ်တဲ့အခါ မမှားအောင် မကျန်အောင်ပါ
💥 PACES Tips 3 💥
Don’t forget the Complications ‼️
Don’t forget the Associations ‼️
PACES Exam မှာ ဖြေတဲ့အခါ Diagnosis ရတာနဲ့ အမှတ်ရမယ် တွက်လို့ မရပါဘူး
📌 Joint pain ပေးထားပြီး ဝင်သွားတာနဲ့ Beak nose, small mouth နဲ့ တွေ့ပြီဆိုပါစို့
Scleroderma Dx မှန်ပေမဲ့ Swallowing problem မေးဖို့ကျန်ခဲ့ပြီး အမှတ်လျော့နိုင်ပါတယ် (Complications)
6 371
+9
WHO ရဲ့ Drug susceptible TB & MDR TB treatment Box တွေ share ပေးလိုက်ပါတယ်
As summary,
✅ Drug susceptible Pulmonary TB
👨🏻🦳 Adults >> still 2HRZE/4HR (strong recommendation)
👱🏻 3 months to 16 years >> 2HRZE/2HR (strong recommendation)
✅ MDRTB (all Conditional recommendation)
6 month regimes - 2 ခု
9 month regimes - 2 ခု
Longer regimes ရယ်ဆိုပြီး ရှိပါတယ်
Pulmonary or EP TB, Drug susceptibility, Patient’s Past exposure စတာတွေပေါ်မူတည်ပြီး ရွေးရမှာပါ (နောက်ဆုံးမှာ table ပါပါတယ်)
မျက်စိထဲမြင်သွားမယ်ထင်ပါတယ်
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Tuberculosis
6 371
𝐍𝐞𝐰 𝐬𝐲𝐬𝐭𝐞𝐦 - 𝐍𝐞𝐩𝐡𝐫𝐨𝐥𝐨𝐠𝐲
Guideline based Major system class မှာ လာမဲ့ 12.8.25 Nephrology စပါမယ်
Pathophysiology to updated Management ထိ သင်တဲ့ အတန်းပါ
2026 မှာ MRCP 1/2 ဖြေမဲ့သူတွေ အခု Chapter က စ join ထားလို့ရပါတယ်
📌 Teaching platform - Zoom
📌 Videos and Notes share via - Google drive (Unlimited playback access for Unlimited duration)
📌 Date - Every Tuesday & Thursday 8:30 PM, Every Friday 6 PM
အခန်းသစ်စရင် join ဖို့ စာရင်း ပေးထားပြီးသားသူတွေက စခါနီးမှ အမ messenger မှာ လာပြောပေးပါမယ် ❣️
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Nephrology
6 371
လာမေးကြတဲ့သူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်
MRCP 1 prepare လုပ်ဖို့ အချိန် ဘယ်လောက်လိုမလဲ ဆိုတာမျိုး မေးလာရင် အတော်ဖြေရခက်ပါတယ်
တစ်ချို့လဲ group တွေမှာ post တင်မေးကြတာတွေ့တယ်
အောက်ကလဲ ကိုယ့် experience တွေ 3 လ, 6 လ, 1 နှစ် စသည် တစ်ယောက်တစ်မျိုး ရေးကြတယ်
တကယ်တော့ It’s all depend on you ပါပဲ
အဲလိုလာမေးတဲ့သူမှန်သမျှကို ဘယ်တော့မှ အချိန်ကာလတစ်ခု တိတိကျကျ ပြန်ပြောလေ့မရှိဘူး
Average background knowledge ရှိမယ် (~ like a good finial part 2 student) ဆိုရင်တော့ 6 months လောက် Dedicated study ဆိုရင် ရနိုင်ပါတယ်
စာနဲ့ ဝေးနေတာ တော်တော်ကြာတဲ့သူတွေဆိုရင်တော့ အေးဆေးဆေးဆေး ၁ နှစ်လောက် ပြန်လုပ်သင့်ပါတယ်
စာတော်တော်ဖတ်ထားပြီးသား ဆိုရင်တောင် Best of Five လုပ်ဖို့ အသစ်ထွက်လာတာတွေ ဖတ်ဖို့ 4 months လောက်တော့ အနဲဆုံး အချိန်ပေးသင့်တာပါ
Part 1 ကိုတော့ ဘယ်သူဖြစ်ဖြစ် Theory ကော BOF အတွက်ပါ သေချာ အချိန်ပေး ပြင်ဆင်ပြီးမှ ဖြေသင့်ပါတယ်
Questions တွေက တစ်နှစ်ထက်တစ်နှစ် ပို detail ကျလာ ခက်လာတာတွေ့ကြမှာပါ
BOF Question bank တွေထဲက တိုက်ရိုက်ပါတာနဲ့တင် မရဘဲ Theory background ရှိဖို့ လိုကိုလိုပါတယ်
အောင်ဖို့ လွယ်လားဆိုတော့ Selection exam မဟုတ်ဘဲ Pass mark နဲ့ ဖြစ်တဲ့အတွက် လွယ်ပါတယ်
Part 2 ကတော့ Part 1 အတွက်လဲ သေချာဖတ်ထားတယ်၊ Part 1 score လဲ ကောင်းတယ်ဆိုရင် အချိိန်သိပ်မခြားဘဲ ဖြေလို့ရပါတယ်
PACES က Theory ပိုင်းအတွက် Preparation time သိပ်မလိုဆုံးပဲ ပြောရမယ်
Part 1, Part 2 က ရခဲ့တဲ့ Theory knowledge ဟာ PACES အတွက် လုံလောက်ပါတယ် (ဝေးပြီး မေ့နေရင်တော့ ပြန်ဖတ်ရမှာပေါ့)
Examination & Talking တော့ သေချာပြင်ရမယ်
မဲပေါက်တဲ့အချိန်ကစပြီးရတဲ့ 3-4 months အတွင်းမှာ နည်းမှန်မှန်နဲ့ Dedicated study လုပ်ရင် ရနိုင်ပါတယ်
PACES မှာ အရေးအကြီးဆုံးက prepare လုပ်တဲ့အခါ approach မှန်ဖို့ပါပဲ
#PACES_DIGEST
6 371
ဒီတခေါက် COL Free course က Weekdays office hours အချိန်မှာ run ပေးတာမို့ တက်ချင်ပေမဲ့ မတက်နိုင်တဲ့သူတွေ request လာလုပ်ကြလို့ Video & Notes access ကို Google drive နဲ့ share ပေးပါမယ်
Day 1, 2, 3, 4 ဆိုပြီး folder 1 ခုချင်းစီမှာ တစ်နေ့ချင်းစီ သင်ထားတဲ့ Video, Notes, MRCP1 BOF, MRCP2 BOF 4 files ပါပါမယ်
Request access ပို့ပေးပါ၊ တခါပို့ထားရင် ရပါပြီ၊ 24 hr အတွင်း allow လုပ်ပေးပါမယ်
Drive link >> https://drive.google.com/drive/folders/1l8KWDJQ99_GEEBzPR-1mQDN_L9UTjAkp
ဒါက အရင်က run ပေးထားတဲ့ course တွေပါ (request access ပို့ပေးပါ)
DM - https://drive.google.com/drive/folders/13oua0stb6QmWRtRIwPcxncycSL9ZBmjD
CNS Anatomy & Physiology- https://drive.google.com/drive/folders/1Q_phqP2yq7MZSPc0pAJtA0-KjBF--LA9
Genetics - https://drive.google.com/file/d/1Abbzv4RkDiqBgNjaEtnaVj4DaIcSI5Jh
Statistics for MRCP1 - https://drive.google.com/drive/folders/1_fQnmUP1ELR60JBCt9EMZLw1sdiFnYX7
ECG YouTube - https://youtube.com/playlist?list=PL5-fxqIzq4WqS5zPzhoXYcK28PuYi908p&si=wE4VJWA3UrbLyyj5
ECG notes - https://t.me/pacesdigest/48
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#COL
6 371
𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗿𝘀𝗲 𝗼𝗻 𝗛𝗲𝗽𝗮𝘁𝗼𝗹𝗼𝗴𝘆 𝘁𝗼𝗽𝗶𝗰 : 𝗖𝗶𝗿𝗿𝗵𝗼𝘀𝗶𝘀 𝗼𝗳 𝗟𝗶𝘃𝗲𝗿 & 𝗖𝗼𝗺𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 💕
How about your experience regarding today topic?? Here is the topic for tomorrow.
Tomorrow (30.7.25) 10 AM topic
✅ 𝐇𝐞𝐩𝐚𝐭𝐢𝐜 𝐞𝐧𝐜𝐞𝐩𝐡𝐚𝐥𝐨𝐩𝐚𝐭𝐡𝐲 𝐏𝐚𝐭𝐡𝐨𝐩𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐏𝐫𝐞𝐜𝐢𝐩𝐢𝐭𝐚𝐭𝐢𝐧𝐠 𝐟𝐚𝐜𝐭𝐨𝐫𝐬, 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧, 𝐈𝐧𝐯𝐞𝐬𝐭𝐢𝐠𝐚𝐭𝐢𝐨𝐧𝐬, 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
✅ 𝐒𝐁𝐏 𝐏𝐚𝐭𝐡𝐨𝐩𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬, 𝐈𝐧𝐯𝐞𝐬𝐭𝐢𝐠𝐚𝐭𝐢𝐨𝐧𝐬, 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
(Theory explanation followed by Best of Five Practice)
Meeting Time - 10 AM
Meeting link 👇🏻
Topic: COL
Time: This is a recurring meeting Meet anytime
Join Zoom Meeting
https://us06web.zoom.us/j/88612357070?pwd=VrtwvOKe1jo0xtTyOyxbNLZVzJsVQB.1
Meeting ID: 886 1235 7070
Passcode: 055556
Let this page be your comfortable study place 💕
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#COL
6 371
𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗿𝘀𝗲 𝗼𝗻 𝗛𝗲𝗽𝗮𝘁𝗼𝗹𝗼𝗴𝘆 𝘁𝗼𝗽𝗶𝗰 : 𝗖𝗶𝗿𝗿𝗵𝗼𝘀𝗶𝘀 𝗼𝗳 𝗟𝗶𝘃𝗲𝗿 & 𝗖𝗼𝗺𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 💕
How about your experience regarding today topic?? You can inbox me.
Here is the topic for tomorrow.
Tomorrow (29.7.25) 10 AM topic
✅ 𝐀𝐬𝐜𝐢𝐭𝐞𝐬 𝐂𝐚𝐮𝐬𝐞𝐬, 𝐏𝐚𝐭𝐡𝐨𝐩𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧, 𝐈𝐧𝐯𝐞𝐬𝐭𝐢𝐠𝐚𝐭𝐢𝐨𝐧𝐬, 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
(Theory explanation followed by Best of Five Practice)
Meeting Time - 10 AM
Meeting link 👇🏻
Topic: COL
Time: This is a recurring meeting Meet anytime
Join Zoom Meeting
https://us06web.zoom.us/j/88612357070?pwd=VrtwvOKe1jo0xtTyOyxbNLZVzJsVQB.1
Meeting ID: 886 1235 7070
Passcode: 055556
Let this page be your comfortable study place 💕
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#COL
6 371
𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗿𝘀𝗲 𝗼𝗻 𝗛𝗲𝗽𝗮𝘁𝗼𝗹𝗼𝗴𝘆 𝘁𝗼𝗽𝗶𝗰 : 𝗖𝗶𝗿𝗿𝗵𝗼𝘀𝗶𝘀 𝗼𝗳 𝗟𝗶𝘃𝗲𝗿 & 𝗖𝗼𝗺𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 💕
Tomorrow (28.7.25) topic
✅ 𝐂𝐢𝐫𝐫𝐡𝐨𝐬𝐢𝐬 𝐨𝐟 𝐋𝐢𝐯𝐞𝐫 & 𝐏𝐨𝐫𝐭𝐚𝐥 𝐡𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐂𝐚𝐮𝐬𝐞𝐬, 𝐏𝐚𝐭𝐡𝐨𝐩𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬, 𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐟𝐞𝐚𝐭𝐮𝐫𝐞𝐬, 𝐂𝐨𝐦𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬, 𝐒𝐭𝐚𝐠𝐢𝐧𝐠
✅ 𝐀𝐬𝐜𝐢𝐭𝐞𝐬 𝐏𝐚𝐭𝐡𝐨𝐩𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲
(Theory explanation followed by Best of Five Practice)
Meeting Time - 10 AM
Meeting link 👇🏻
Topic: COL
Time: This is a recurring meeting Meet anytime
Join Zoom Meeting
https://us06web.zoom.us/j/88612357070?pwd=VrtwvOKe1jo0xtTyOyxbNLZVzJsVQB.1
Meeting ID: 886 1235 7070
Passcode: 055556
Let this page be your comfortable study place 💕
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#COL
6 371
📚 Mnemonics for Drug-induced long QT 📚
𝗔𝗕𝗖𝗗𝗘𝗙 𝗡𝗢
𝗔 - anti𝗔rrhythmics (Ia and III), 𝗔rsenic
𝗕 - anti𝗕iotics (macrolides, fluoroquinolones)
𝗖 - anti𝗖ychotics (haloperidol), 𝗖hloroquine
𝗗 - anti𝗗epressants (TCAs), 𝗗iuretics (thiazides)
𝗘 - anti𝗘metics (ondansetron)
𝗙 - anti𝗙ungals (Fluconazole)
𝗡 - 𝗡avir (protease inhibitors)
𝗢- 𝗢pioids (methadone)
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Long_QT
6 371
𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗿𝘀𝗲 𝗼𝗻 𝗛𝗲𝗽𝗮𝘁𝗼𝗹𝗼𝗴𝘆 𝘁𝗼𝗽𝗶𝗰 : 𝗖𝗶𝗿𝗿𝗵𝗼𝘀𝗶𝘀 𝗼𝗳 𝗟𝗶𝘃𝗲𝗿 & 𝗖𝗼𝗺𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 💕
ဒီ တစ်ခေါက် Hepatology topics ထဲက Clinically very common & important topic ဖြစ်သလို exam မှာလဲ မေးလေ့ရှိတဲ့ COL & Complications အကြောင်း free short course လေး run ပေးမှာမို့ Zoom meeting detail link လေး တင်ပေးလိုက်ပါတယ်
အစ်မ Class တွေမှာ သင်သလိုပဲ Portion အလိုက် Theory ပြောမယ် Best of Fives တူတူဖြေကြပါမယ်
MRCP 1, 2 ပြင်နေတဲ့ သူတွေရော Theory အေးဆေး နားလည်အောင် ဖတ်ချင်တဲ့သူတွေရော Clinical practice လုပ်နေသူတွေရော join လို့ရပါတယ်
Medicine နဲ့ ဆိုင်တဲ့ တခြား exam (eg PLAB, USMLE) ပြင်နေကြသူတွေလဲ join လို့ရပါတယ်
၄ ရက် course ပါ
သင်မဲ့ အချိန်က 28, 29, 30, 31 July 10 AM ပါ
Join ဖို့တော့ ဒီ post လေးကို သူငယ်ချင်းတွေသိအောင် share ပေးကြပါ 💛
ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ သေချာ နားလည်အောင် တူတူ learn လုပ်ကြရအောင် 💕
၄ ရက်လုံးအတွက် ဒီ Link ပါပဲ 👇🏻
Dr S is inviting you to a scheduled Zoom meeting.
Topic: COL
Time: This is a recurring meeting Meet anytime
Join Zoom Meeting
https://us06web.zoom.us/j/88612357070?pwd=VrtwvOKe1jo0xtTyOyxbNLZVzJsVQB.1
Meeting ID: 886 1235 7070
Passcode: 055556
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Free_course
6 371
Constipation ရတဲ့အခါ သုံးလို့ရတဲ့ Laxatives 8 မျိုးကို Indications, MOA, Contraindications, Side-effects တွေပါ စုံအောင် စုထားပေးပါတယ်
Clinical အတွက် အသုံးဝင်မှာပါ
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Laxatives
6 371
ဒီနေ့တော့ Ferri’s Clinical Advisor 2024 Textbook ကို share ပေးချင်ပါတယ်
5 books in 1 လို့ သူရေးထားသလိုပဲ
I. Diseases & Disorders
II. Differential Diagnosis
III. Clinical Algorithms
IV. Laboratory Tests & Interpretation of Results
V. Clinical Practice Guidelines ဆိုပြီး 5ပိုင်း ပါပါတယ်
I. Diseases & Disorders က အများဆုံး အပိုင်းပါ
Important diseases တွေကို Alphabetical orders နဲ့စီထားပြီး တော်တော်စုံ တော်တော် update ဖြစ်ပါတယ်
II. Differential Diagnosis မှာ complaint တခု finding တခုတွေ့ရင် ဘာတွေစဉ်းစားမလဲ ရေးပြထားတာမို့ Clinical အတွက် အသုံးဝင်ပါတယ်
III. Clinical Algorithms မှာတော့ Common diseases တွေ emergencies တွေကို စာအပြားလိုက်မရေးဘဲ Tables တွေ Algorithms တွေအများကြီး သုံးထားတာတွေ့ရပါတယ်
IV. Laboratory Tests & Interpretation of Results မှာတော့ common biochemical abnormalities တွေ ဖြစ်တဲ့ Electrolytes disturbances, ABG disorders, Hormone deficiencies/excess စတာတွေအပြင် တခြား uncommon tests အချိို့တွေရဲ့ interpretation approach ကို ရှင်းအောင် ရေးထားပါတယ်
V. Clinical Practice Guidelines မှာတော့ Guidelines အများကြီး မပါပါဘူး၊ ဒါပေမဲ့ Immunization & Chemoprophylaxis အကြောင်းကိုတော့ တော်တော်ကို ပြည့်စုံအောင် ဖော်ပြထားပါတယ်
တစ်အုပ် down ရုံနဲ့ Approach ပေါင်းစုံနဲ့ ဖတ်ရမဲ့ ထူးထူးခြားခြား စာအုပ်မို့ ဖတ်ကြည့်ကြပါအုံး
Download link >> https://drive.google.com/file/d/1dS1TdmfbjQrwhi2kgiffu5Jq2amrPm08/view?usp=drivesdk
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Ferri
现已上线!2025 年 Telegram 研究 — 年度关键洞察 
