2 605
订阅者
无数据24 小时
+47 天
+3930 天
帖子存档
တစ်ခါတလေ "ငါ ဒီထက်ပိုပြီးကောင်းတဲ့သူဖြစ်နိုင်ပါသေးတယ်" ဆိုတဲ့ စိတ်ထက် "အင်း...ငါလည်း နည်းနည်းတော့ဗီလိန်ဆန်ရတော့မယ်" ဆိုတဲ့ စိတ်မျိုးဝင်ဖူးကြလား။ 😈🎭
တကယ်တော့ လူတိုင်းရဲ့ဇာတ်လမ်းမှာ ကိုယ်တိုင်က Hero တွေချည်းပါပဲ။ ဒါပေမဲ့ ဘယ် Hero ကမှ အစကတည်းက Perfect မဖြစ်သလို၊ ဘယ် Villain ကလည်း အကြောင်းမဲ့ ဆိုးသွမ်းလာတာ မဟုတ်ပါဘူး။ ကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲနဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားရတဲ့အခိုက်အတန့်လေးဆိုတာက ရှိတတ်ကြပါတယ်။ 💭🥀
ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အသိအမှတ်ပြုမခံရလိုက်ရတဲ့ အချိန်မျိုးလား။ 💔
သူငယ်ချင်းတစ်ယောက်ကို ယုံကြည်မှုပေးခဲ့ပေမဲ့ သစ္စာဖောက်ခံလိုက်ရတဲ့ အခိုက်အတန့်လား။ 🐍
ဒါမှမဟုတ် ကိုယ်အရမ်းလိုချင်ခဲ့တဲ့အခွင့်အရေးတစ်ခုကို တခြားသူက အလွယ်တကူရသွားတာကို ကြည့်နေခဲ့ရတဲ့အချိန်မျိုးလား။ တကယ်ကို မျက်နှာဖုံးတစ်ခုစွပ်ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သင်ယူခဲ့ရတဲ့အချိန်လေးတွေပေါ့... 👀🖤
ဒီအရာတွေက ငါတို့ကို တကယ်ပဲ "လူဆိုး" ဖြစ်သွားစေတာလား၊ ဒါမှမဟုတ် သန်မာလာအောင်သင်ပေးလိုက်တဲ့ "Villain Origin Story" လေး တစ်ခုပဲလား။ 💥♟️
ဒီတစ်ပတ် “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” မှာတော့ "Your Villain Origin Story" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Dreamers လေးတို့ရဲ့ဘဝမှာ စိတ်ဒဏ်ရာလေးတွေ၊ သင်ခန်းစာတွေ၊ အမြင်တွေနဲ့ နွေးထွေးတဲ့စကားဝိုင်းလေးထဲမှာ အတူတူ ပွင့်ပွင့်လင်းလင်း မျှဝေသွားကြမှာမို့လို့ ဖိတ်ခေါ်ပါတယ်နော်။ 🕯️💬
အင်္ဂလိပ်လို ပြောဖို့ Perfect ဖြစ်နေဖို့မလိုပါဘူး။ Dreamers လေးတို့ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ မျှဝေဖို့၊ တခြားသူတွေရဲ့ ဇာတ်လမ်းတွေကိုနားထောင်ရင်းနဲ့ သင်ခန်းစာယူဖို့ပဲလိုပါတယ်။ ✨🙌🏻
📚 𝐓𝐨𝐩𝐢𝐜: Your Villain Origin Story
📅 𝐃𝐚𝐭𝐞: 3.8.2026 (Monday)
🕰️ 𝐓𝐢𝐦𝐞: 7:00pm - 8:30pm
🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom
💸 𝐅𝐞𝐞𝐬: Totally FREE
🎭 ဆိုတော့ Dreamers လေးတို့ရဲ့ "Villain Origin Story" က ဘာလဲဆိုတာ အတူတူမျှဝေရင်းအင်္ဂလိပ် speakingလေးကို တူတူလေ့ကျင့်ကြရအောင်နော်။ 🤝🔥
ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ
Follow our socials
Facebook Page – https://www.facebook.com/dreameducation168
Telegram Channel – https://t.me/dreamedu168
Instagram – https://www.instagram.com/dreamedu_org
TikTok – https://www.tiktok.com/@dreamedu168
#Dream_Education
#Non_Profit_Org
#Your_Villain_Origin_Story
#STL
#Content_by_Aeron
#Graphic_by_Iris
Partial Scholarship🎓
Partial Scholarship ဆိုတာ ပညာသင်ယူရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်ထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ Scholarship အဖြစ် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ဥပမာ -
ကျောင်းလခ 50% လျှော့ပေးခြင်း
Tuition Fee တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်တစ်နှစ်စာ Scholarship ပေးခြင်း
စတဲ့ ပုံစံမျိုးတွေ ဖြစ်နိုင်ပါတယ်။
ကျန်ရှိတဲ့ ကုန်ကျစရိတ်များကို ကျောင်းသားကိုယ်တိုင် သို့မဟုတ် မိသားစုက ပေးဆောင်ရနိုင်ပါတယ်။
ဘယ် Scholarship ကို ရွေးချယ်သင့်လဲ?
ကိုယ့်ရဲ့ Financial situation, Academic performance နဲ့ Future goals ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အခွင့်အရေးရှိပါက Full Scholarship ကို ဦးစားပေးလျှောက်သင့်ပေမယ့် Partial Scholarship တွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။
Scholarship ရရှိဖို့အတွက် အမှတ်ကောင်းရုံသာမက English skill, Activities, Volunteer experience နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကောင်းစွာဖော်ပြနိုင်ခြင်းတို့လည်း အရေးကြီးပါတယ်။
Full Scholarship🎓
Full Scholarship ဆိုတာ ကျောင်းသားရဲ့ ပညာသင်ယူမှုအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အများစုကို Scholarship ပေးတဲ့ အဖွဲ့အစည်း၊ တက္ကသိုလ် သို့မဟုတ် အစိုးရက တာဝန်ယူပေးတဲ့ Scholarship ဖြစ်ပါတယ်။
Full Scholarship မှာ အများအားဖြင့် ပါဝင်နိုင်တဲ့ အကျိုးခံစားခွင့်များမှာ -
ကျောင်းလခ (Tuition Fee) အပြည့်အဝ ကင်းလွတ်ခွင့်
နေထိုင်စရိတ် (Accommodation) ထောက်ပံ့မှု
လစဉ်ထောက်ပံ့ကြေး (Monthly Allowance)
စာအုပ်နှင့် သင်ကြားရေးပစ္စည်းစရိတ်
ကျန်းမာရေးအာမခံ (Health Insurance)
ခရီးစရိတ် (တချို့ Scholarship များတွင်)
တို့ ပါဝင်နိုင်ပါတယ်။
Full Scholarship ရရှိဖို့အတွက် ပညာရေးအရည်အချင်း၊ English proficiency, Leadership skill, Volunteer experience နဲ့ Personal Statement စတဲ့ အချက်အလက်တွေလိုအပ်ပါတယ်။
ဒါပေမယ့် တစ်ချ်ို့သော Full Scholarship တွေက Tuition Fees ကို သတ်မှတ်ထားကြပြီးသားပါ။ တကယ်လို့ သူတို့သတ်မှတ်ထားတာထက် ကျော်ရင်တော့ ကိုယ့်ဘက်ကနေပေးဆောင်ရတာပဲဖြစ်ပါတယ်။
Scholarship လျှောက်ခါနီးတွေမှာဆို တွေ့ရတတ်တဲ့ Full Scholarship and Partial Scholarship ဆိုတာဘာလဲ???🤩🫵
အများစုက ပညာသင်ဆုလျှောက်တော့မယ်ဆိုရင် Requirements တွေကိုအရင်ဆုံး Research လုပ်လေ့ရှိကြပါတယ်။ ဘယ်ကျောင်းက ဘယ်လိုမျိုး လိုအပ်တယ် ဘယ်လိုအချက်အလက်တွေက ရှိကိုရှိသင့်တယ် ဆိုတာတွေကို အများဆုံး Research လုပ်ကြပါတယ်။
ကိုယ်က Full Scholarship လျှောက်သင့်လား Partial Scholarship ကို လျှောက်သင့်လားဆိုတာကိုတော့ အများစုကအရင်ဆုံးမစဉ်းစားကြပါဘူး။ ဒါကြောင့် Full Scholarship and Partial Scholarship ကဘယ်လိုမျိုးလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟
Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi
Telegram Channel -https://t.me/dreamedu168
Instagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==
TikTok - https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1
#Dream_Education
#Non_Profit_Org
#scholarship
#Content_by_ORANGE
#Graphic_by_Rubydia
Scholarship လျှောက်ခါနီးတွေမှာဆို တွေ့ရတတ်တဲ့ Full Scholarship and Partial Scholarship ဆိုတာဘာလဲ???🤩🫵
အများစုက ပညာသင်ဆုလျှောက်တော့မယ်ဆိုရင် Requirements တွေကိုအရင်ဆုံး Research လုပ်လေ့ရှိကြပါတယ်။ ဘယ်ကျောင်းက ဘယ်လိုမျိုး လိုအပ်တယ် ဘယ်လိုအချက်အလက်တွေက ရှိကိုရှိသင့်တယ် ဆိုတာတွေကို အများဆုံး Research လုပ်ကြပါတယ်။
ကိုယ်က Full Scholarship လျှောက်သင့်လား Partial Scholarship ကို လျှောက်သင့်လားဆိုတာကိုတော့ အများစုကအရင်ဆုံးမစဉ်းစားကြပါဘူး။ ဒါကြောင့် Full Scholarship and Partial Scholarship ကဘယ်လိုမျိုးလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
ဘယ် Scholarship ကို ရွေးချယ်သင့်လဲ?
ကိုယ့်ရဲ့ Financial situation, Academic performance နဲ့ Future goals ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အခွင့်အရေးရှိပါက Full Scholarship ကို ဦးစားပေးလျှောက်သင့်ပေမယ့် Partial Scholarship တွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။
Scholarship ရရှိဖို့အတွက် အမှတ်ကောင်းရုံသာမက English skill, Activities, Volunteer experience နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကောင်းစွာဖော်ပြနိုင်ခြင်းတို့လည်း အရေးကြီးပါတယ်။
🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟
Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi
Telegram Channel -https://t.me/dreamedu168
Instagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==
TikTok - https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1
#Dream_Education
#Non_Profit_Org
#scholarship
#Content_by_ORANGE
#Graphic_by_Rubydia
မနက်ခင်း Alarm သံမြည်လို့ မျက်လုံးစပွင့်လာတဲ့စက္ကန့်လေးပိုင်းမှာ ဘာတွေတွေးခဲ့ကြလဲ။⏰🥱
တကယ်တော့ ဘဝမှာ ဆုံးဖြတ်ချက်ချတယ်ဆိုတာ ကြီးကြီးမားမားတွေဖြစ်တဲ့အစည်းအဝေးခန်းတွေမှာ၊ စာရွက်စာတမ်းကိစ္စတွေမှာ၊ အလုပ်တစ်ခုခုလုပ်တဲ့အခါမှာမှ စတင်တာ မဟုတ်ပါဘူး။ တကယ်တော့ "The decision-making begins the exact moment you open your eyes" ဆိုသလိုပါပဲ...အိပ်ရာပေါ်မှာ မျက်လုံးနှစ်လုံး စပွင့်ကတည်းက decision ကိုလုပ်နေရတာပါ။🧠✨
"ဒီနေ့တော့ ဘာတွေဆက်လုပ်ရမလဲ" ဆိုတဲ့ ရုန်းကန်မှုတွေလား၊ "မနေ့က မပြီးသေးတဲ့ အလုပ်တွေ၊ မပြေလည်သေးတဲ့ ဖိအားတွေက လည်ပင်းကနေလာညှစ်ထားတာမျိုးလား" စတဲ့တာဝန်တွေလား။📉💼
ဒါမှမဟုတ် မျက်လုံးစဖွင့်လိုက်တာနဲ့ ဖုန်းကောက်ကိုင်ပြီး Instragramတို့၊ Tiktokတို့ထဲ လျှောက်ကြည့်နေမိတာနဲ့တင် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ် ကုန်သွားတတ်တာမျိူးလား။ ဆိုပေမဲ့ တကယ်တမ်းကျ ဒါတွေကဆုံးဖြတ်ချက်ပါပဲ။ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကို ဖုန်းထဲမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ပေးအပ်လိုက်ဖို့ အဲဒီမနက်ခင်းမှာ ကိုယ်တိုင် ရွေးချယ်လိုက်တာပါပဲ...❌⏳
စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာလုံးဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာက မနက်ခင်းအိပ်ရာထချိန်မှာ လုပ်လိုက်တဲ့ရွေးချယ်မှုအသေးစားလေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါ။🔄🌱
"အိပ်ရာပေါ်မှာ ဆယ်မိနစ်လောက်ဆက်ပျင်းနေမလား"၊ "အကြောခဏဆန့်ပြီး ဒီနေ့အတွက်ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဆင်မလား"၊
ဒါမှမဟုတ် "မလုပ်ချင်ပေမဲ့ လုပ်ရမယ့်တာဝန်တွေဆီ ရဲရဲဝံ့ဝံ့ခြေလှမ်းစမလား" ဒါတွေကတွေးနေပြီးတော့ တစ်နေ့တာအတွက်သေချာအစီစဥ်ချသွားသင့်ပါတယ်နော် 🎯🚀
နောက်ပြီး Dreamers လေးတို့က "ကိုယ့်ဘဝကို ကိုယ်တိုင်ဦးစီးချင်တယ်"၊ "တစ်ခုခုကိုပြောင်းလဲချင်တယ်"ဆိုရင်တော့ တစ်နေ့တာရဲ့ပထမဆုံးအနိုင်တိုက်ရမယ့်စစ်ပွဲက အဲဒီမနက်ခင်းအိပ်ရာထချိန်ပါပဲ🛡️🔥
ဆိုတော့ Dreamers လေးတို့ရော... ဒီစာကိုဖတ်ပြီးပြီဆိုတော့ မနက်ဖြန်မနက် မျက်လုံးစဖွင့်လိုက်တဲ့အချိန်မျိုးမှာ ဘယ်လိုဆုံးဖြတ်ချက်နဲ့ တစ်နေ့တာကို စတင်မလဲ...☀️🌟
ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ
Follow our socials
Facebook Page – https://www.facebook.com/dreameducation168
Telegram Channel – https://t.me/dreamedu168
Instagram – https://www.instagram.com/dreamedu_org
TikTok – https://www.tiktok.com/@dreamedu168
#Dream_Education
#Non_Profit_Org
#Decision
#Content_by_Aeron
#Graphic_by_Ingyin
တစ်နေ့တာဘဝရဲ့ ပျော်ရွှင်မှုကို ဘာနဲ့တိုင်းတာကြသလဲ။ 🤔💭
အမေက မုန့်ဖိုးပေးလို့ ပြုံးမိသွားတဲ့ အခိုက်အတန့်လေးနဲ့လား။ ကျောင်းမှာ ဆရာ၊ ဆရာမက ချီးကျူးလို့ တစ်နေ့လုံး စိတ်ကြည်နူးနေရတဲ့ ခံစားချက်မျိုးနဲ့လား။ ဒါမှမဟုတ် Crush လေးနဲ့ တီတီတာတာ စကားပြောရလို့ မသိမသာ ပြုံးမိသွားတဲ့ အချိန်လေးနဲ့လား။ 👀🤩
တကယ်တော့ တစ်နေ့တာကို ပိုကောင်းသွားစေတဲ့ အရာတွေက အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ မဟုတ်ပါဘူး။ တစ်ခါတလေတော့ ကိုယ်တောင် သတိမထားမိလိုက်တဲ့ အသေးအဖွဲ အခိုက်အတန့်လေးတွေကပဲ တစ်နေ့လုံးကို ပိုပြီး နွေးထွေးစေတတ်ပါတယ်။ 🤗💕
မနက်ခင်း ကောင်းကင်လေးကို မော့ကြည့်လိုက်တဲ့အချိန်၊ ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ် ရုတ်တရက် နားထဲဝင်လာတဲ့အချိန်၊ သူငယ်ချင်းတစ်ယောက်က "စားပြီးပြီလား" လို့ လှမ်းမေးတဲ့အချိန်၊ ဒါမှမဟုတ် ကိုယ်လုပ်ခဲ့တဲ့ အရာလေးတစ်ခုအတွက် "တော်တယ်နော်" ဆိုတဲ့ စကားတစ်ခွန်း ကြားလိုက်ရတဲ့အချိန်... ဒီလို သေးငယ်တဲ့ အခိုက်အတန့်လေးတွေကပဲ ဘဝကို ပိုပြီး လှပစေပါတယ်။ 🍃✨
ဒီတစ်ပတ် “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” မှာတော့ "𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐓𝐡𝐚𝐭 𝐌𝐚𝐤𝐞 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐃𝐚𝐲" ဆိုတဲ့ ခေါင်းစဉ်နဲ့ နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှု အသေးအဖွဲလေးတွေ၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေကို အတူတူ မျှဝေပြောဆိုသွားကြမှာ ဖြစ်ပါတယ်။ 🥰💌
အင်္ဂလိပ်လို ပြောဖို့ Perfect ဖြစ်နေမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ ပြောရဲဖို့၊ တခြားသူတွေရဲ့ အမြင်တွေကို နားထောင်ဖို့၊ နွေးနွေးထွေးထွေး စကားဝိုင်းလေးတစ်ခုမှာ ပါဝင်ဖို့ပဲ လိုပါတယ်။ 😸🙌🏻
✨ တစ်နေ့တာကို ပိုကောင်းစေတဲ့ အရာလေးတွေက ဘာတွေလဲဆိုတာ အတူတူ ရှာဖွေရင်း အင်္ဂလိပ် စကားပြောလေးကို တူတူလေ့ကျင့်ကြရအောင်နော်။ 🫶🏻💖
📚 𝐓𝐨𝐩𝐢𝐜: 𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐓𝐡𝐚𝐭 𝐌𝐚𝐤𝐞 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐃𝐚𝐲
📅 𝐃𝐚𝐭𝐞: 𝟕/𝟐𝟕/𝟐𝟎𝟐𝟔 ( 𝐌𝐨𝐧𝐝𝐚𝐲 )
🕰️ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎𝐩𝐦 - 𝟖:𝟑𝟎𝐩𝐦 ( 𝐌𝐌 𝐓𝐢𝐦𝐞 )
🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦
💸 𝐅𝐞𝐞𝐬: 𝐓𝐨𝐭𝐚𝐥𝐥𝐲 𝐅𝐑𝐄𝐄
💐 “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” 𝐒𝐞𝐬𝐬𝐢𝐨𝐧 လေးကို ပါဝင်ဖို့ အတွက် Link လေးကိုတေ့ာ အောက်ပါ Telegram Channel မှာ Meeting မစခင်တိုင်း တင်ပေးသလို Dream ရဲ့ Facebook Messenger မှာလည်း လာရောက် တောင်းယူနိုင်ပါတယ်။
✨ 𝐎𝐮𝐫 𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥⇢ https://t.me/+VyLWoyHAPzk2ZjI1
ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 💫
✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ⇢ https://www.facebook.com/dreameducation168?mibextid=JRoKGi
✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 ⇢ https://t.me/dreamedu168
✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ⇢ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==
#Dream_Education
#Non_Profit_Org
#STL
#Content_By_Sandi
#Graphic_By_E_Sar_Lite
📖 နရသူ — ခေတ်ရှေးညို
နရသူ ဟာ အချစ်တစ်ခုတည်းကိုသာ အဓိကထားရေးထားတာ မဟုတ်ဘဲ လူ့ဘဝ၊ ကံကြမ္မာနဲ့ စိတ်ခံစားချက်တွေရဲ့ ရှုပ်ထွေးမှုတွေကိုပါ ပေါင်းစပ်ဖော်ပြထားတဲ့ ဝတ္ထုတစ်အုပ်ပါ။ ဇာတ်လမ်းတည်ဆောက်ပုံက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်အတွင်းပိုင်းကိုပါ နားလည်လာစေပါတယ်။ ဖတ်ပြီးရင် အချိန်အတော်ကြာတဲ့အထိ ဇာတ်လမ်းကို ပြန်တွေးနေမိစေမယ့် စာအုပ်မျိုးပါ။
📖 မရှိမဖြစ်မိုး — ဂျူး
ဂျူးရဲ့ ဝတ္ထုတွေလိုပဲ မရှိမဖြစ်မိုး ဟာ လူ့စိတ်ခံစားချက်တွေကို သေသေချာချာ ပုံဖော်ထားတဲ့ လက်ရာတစ်ခုပါ။ အချစ်ဆိုတာ ရင်ခုန်ရုံတင်မဟုတ်ဘဲ နားလည်မှုနဲ့ရွေးချယ်မှုတွေလည်း ပါဝင်တယ်ဆိုတာကို ဖတ်ရင်း ခံစားရစေပါတယ်။ အေးအေးဆေးဆေး ဖတ်ပြီး အချိန်ယူ စဉ်းစားချင်သူတွေအတွက် အရမ်းသင့်တော်တဲ့ စာအုပ်ပါ။
📖 အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း — မင်းလူ
မင်းလူရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့အတူ ဘဝအမြင်တွေ၊ အချစ်အပေါ် ခံယူချက်တွေကို ရောစပ်ရေးသားထားတဲ့ ဝတ္ထုပါ။ ဖတ်ရတာ မပင်ပန်းဘဲ တစ်ခါတလေ ပြုံးမိစေသလို၊ တစ်ခါတလေ စဉ်းစားစရာတွေပါ ပေးသွားတဲ့ လက်ရာဖြစ်ပါတယ်။ Romance ကိုပဲအသားပေးထားတာ မဟုတ်ဘဲ ဘဝရဲ့ အဓိပ္ပာယ်လေးတွေကိုပါ တွေးမိစေမယ့် စာအုပ်တစ်အုပ်ပါ။
📖 မောင့်ဘဝ ညအလားကွယ် — တက္ကသိုလ်ဘုန်းနိုင်
အချစ်၊ အလွမ်းနဲ့ ဘဝရဲ့ မျှော်လင့်ချက်တွေကို အေးအေးလေးနဲ့ နက်နက်ရှိုင်းရှိုင်း တင်ဆက်ထားတဲ့ ဝတ္ထုပါ။ ဇာတ်လမ်းရဲ့ အရှိန်ကို အလျင်မလိုပဲ တဖြည်းဖြည်း ခံစားပြီးဖတ်ရတဲ့ စာအုပ်မျိုးဖြစ်တာကြောင့် စာဖတ်သူတွေအတွက် အရသာတစ်မျိုး ပေးနိုင်ပါတယ်။ စာမျက်နှာတိုင်းမှာ အတွေးတစ်ခုခု ကျန်ခဲ့စေမယ့် လက်ရာလည်း ဖြစ်ပါတယ်။
📖 ညီမလေးရယ် စိုးရိမ်မိတယ် — တက္ကသိုလ်ဘုန်းနိုင်
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲက လူကြိုက်များတဲ့ လက်ရာတစ်ခုပါ။ မပြောဖြစ်တဲ့ စကားတွေ၊ တိတ်တိတ်လေး ချစ်ရတဲ့ ခံစားချက်တွေ၊ စိုးရိမ်မှုတွေနဲ့ လူငယ်ဘဝရဲ့ ရင်ခုန်သံတွေကို ရိုးရိုးလေးနဲ့ ရင်ထဲရောက်အောင် ရေးသားထားပါတယ်။ ဖတ်ပြီးရင် ကိုယ့်ရဲ့ အမှတ်တရတချို့ကိုတောင် ပြန်သတိရစေမယ့် ဝတ္ထုတစ်အုပ်ပါ။
📖 ပန်းကြာဝတ်မှုန် — ခင်ခင်ထူး
ခင်ခင်ထူးရဲ့ လက်ရာဆိုတာ အမြဲတမ်း မြန်မာကျေးလက်ရဲ့ အငွေ့အသက်ကို အသက်ဝင်ဝင် ခံစားရစေတယ်။ ပန်းကြာဝတ်မှုန် ကလည်း အချစ်သက်သက်ကိုပဲ မပြောထားဘဲ လူတွေရဲ့ စိတ်နေစိတ်ထား၊ ဓလေ့ထုံးတမ်းနဲ့ ဘဝရဲ့ အလှတရားတွေကို နူးနူးညံ့ညံ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်အုပ်ပါ။ ဖြည်းဖြည်းချင်း ဖတ်လေ၊ ဇာတ်ကောင်တွေနဲ့ ပိုရင်းနှီးလာလေ ဖြစ်စေမယ့် စာအုပ်မျိုးဖြစ်ပါတယ်။🌾
အချစ်ဟာ လှပကြောင်းကို စာလုံးတွေနဲ့ ပုံဖော်ကြည့်သောအခါ💞
မိုးအေးအေးလေးရွာနေတဲ့နေ့၊ ကော်ဖီပူပူတစ်ခွက်နဲ့ စာအုပ်တစ်အုပ်ရှိရင်... တစ်နေ့တာက ပြည့်စုံသွားသလိုပဲ။ ☕🌧️
Romantic Novel တစ်အုပ်ကောင်းကောင်းဆိုတာ စဖတ်မိတဲ့အချိန်ကစပြီး တဖြည်းဖြည်း သူ့ရဲ့ကမ္ဘာထဲကို ဆွဲခေါ်သွားတတ်တယ်။
ဖတ်နေရင်း ဇာတ်ကောင်တွေနဲ့တူတူ ရင်ခုန်မိတယ်၊ သူတို့ဝမ်းနည်းရင် ကိုယ်ပါငိုချင်သွားတာ တစ်ခါတလေ "ဒီလိုလေးသာ ပြောလိုက်ရင် အဆင်ပြေမှာကို..." ဆိုပြီး ကိုယ်တိုင်ပါ ဇာတ်လမ်းထဲ ဝင်ပါချင်လာတဲ့အထိ။🥹📖
Romantic Novel တွေရဲ့ ဆွဲဆောင်မှုက အဲ့ဒါပဲ... ဖတ်မိတာနဲ့ ဇာတ်ကောင်တွေကို ကိုယ့်အနားက လူတွေလို ခံစားလာရတယ်။ တချို့ဇာတ်ကောင်တွေက Green Flag လွန်းလို့ "ဒီလို Green Flag ဘယ်မှာရှာရမလဲ?" ဆိုပြီး ဇာတ်ကောင်ကိုပါCrush သွားစေတယ်။တချို့အတွဲကျတော့ "စကားလေးသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင်..." ဆိုပြီး စာဖတ်သူကိုပါ ရင်မောစေတယ်။ 🍂
ဒီနေ့တော့ မိုးရာသီမှာ ကော်ဖီတစ်ခွက်နဲ့ အလိုက်ဖက်ဆုံး၊ ဖတ်ပြီးရင် ရင်ထဲမှာ အချိန်အတော်ကြာ စွဲကျန်နေမယ့် Romantic Books လေးတွေကို Dreamerလေးတွေကို ပြောပြပေးပါမယ်။တစ်အုပ်ပြီးတစ်အုပ် ဆက်ဖတ်ချင်လာရင်တော့... အဲ့ဒါက ဒီစာအုပ်တွေရဲ့ ဆွဲဆောင်မှုပါပဲ။ 🤍📚
🌟 ဒီလို Recommend လုပ်ပေးတဲ့ စာအုပ်လေးတွေ၊ ဖတ်ပြီးတကယ်တန်တဲ့ စာအုပ်တွေနဲ့ Reading Sharing လေးတွေကို အမြဲတမ်းတင်ပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားပေးနော်။
နောက်လာမယ့် Recommendation တွေမှာလည်း Dreamer လေးတို့ရဲ့ Next Favorite Book ပါလာနိုင်တယ်နော်... ✨☕
ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 💫
🎥 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ⇢ https://www.facebook.com/dreameducation168?mibextid=JRoKGi
💬 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 ⇢ https://t.me/dreamedu168
📸 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ⇢ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==
🎞️ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤𝐓𝐨𝐤 ⇢ https://www.tiktok.com/@dreamedu168
#Dream_Education
#Non_Profit_Org
#Romantic_Books
#Books
#Content_By_Emily
#Graphic_E_Sar_Lite
"မင်းပြောတာလုံးဝမှားနေပြီ"
အချင်းချင်းအမြင်မတူဘဲ ဆွေးနွေးကြတဲ့အခါမှာ တစ်ဖက်လူရဲ့အဆိုပြုချက်ကိုတိုက်ရိုက်ပယ်ချတာမျိုးမလုပ်ဘဲနဲ့ ကိုယ့်ရဲ့အမြင်ကို ယဉ်ယဥ်ကျေးကျေးနဲ့ညှိနှိုင်းဆွေးနွေးလိုတဲ့နေရာမျိုးမှာ "ကိုယ့်ဘက်ကတော့ ဒီလိုမြင်မိတယ်၊ ဘယ်လိုထင်လဲ" ဆိုပြီးသုံးပေးသင့်ပါတယ်...💭🤔
"အဲ့ဒီလိုလုပ်လို့ ဘာမှမထူးလာဘူး"
အရင်လုပ်ခဲ့တဲ့နည်းလမ်းကအလုပ်မဖြစ်တဲ့အခါ တစ်ဖက်လူကို အပြစ်မတင်ဘဲနဲ့ အပြုသဘောဆောင်တဲ့အခြားရွေးချယ်စရာလမ်းကြောင်းတစ်ခုကို အတူတူရှာဖွေတဲ့နေရာမျိုးမှာ "ဒီပုံစံက အဆင်မပြေသေးရင် တခြားနည်းလမ်းလေးစမ်းကြည့်ရအောင်" ဆိုပြီးသုံးပေးသင့်ပါတယ်...💡🔄
