ch
Feedback
Dream Education Youth Organization

Dream Education Youth Organization

前往频道在 Telegram

First Step Towards Your Dream

显示更多
2 631
订阅者
+224 小时
无数据7 天
+2530 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
九月 '26
九月 '26
+7
在1个频道中
八月 '26
+70
在1个频道中
Get PRO
七月 '26
+122
在1个频道中
Get PRO
六月 '26
+233
在1个频道中
Get PRO
五月 '26
+54
在1个频道中
Get PRO
四月 '26
+44
在1个频道中
Get PRO
三月 '26
+56
在2个频道中
Get PRO
二月 '26
+62
在1个频道中
Get PRO
一月 '26
+35
在1个频道中
Get PRO
十二月 '25
+45
在2个频道中
Get PRO
十一月 '25
+66
在2个频道中
Get PRO
十月 '25
+47
在2个频道中
Get PRO
九月 '25
+47
在3个频道中
Get PRO
八月 '25
+65
在4个频道中
Get PRO
七月 '25
+117
在3个频道中
Get PRO
六月 '25
+76
在4个频道中
Get PRO
五月 '25
+89
在3个频道中
Get PRO
四月 '25
+77
在4个频道中
Get PRO
三月 '25
+95
在9个频道中
Get PRO
二月 '25
+50
在2个频道中
Get PRO
一月 '25
+85
在4个频道中
Get PRO
十二月 '24
+111
在4个频道中
Get PRO
十一月 '24
+123
在4个频道中
Get PRO
十月 '24
+92
在4个频道中
Get PRO
九月 '24
+183
在3个频道中
Get PRO
八月 '24
+252
在2个频道中
Get PRO
七月 '24
+1 235
在4个频道中
日期
订阅者增长
提及
频道
07 九月+1
06 九月+3
05 九月+1
04 九月0
03 九月0
02 九月+1
01 九月+1
频道帖子
2
စိတ်ခံစားချက်တွေက ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်လောက်အောင် ပြောင်းလဲနေဖူးလား…⁉️ 🎢 တစ်ခါတလေ အကြောင်းအရင်းတိတိကျကျမရှိဘဲနဲ့ စိတ်ညစ်နေတတ်တယ်။ ခဏနေတော့ ပြန်ပျော်လာတယ်။ နောက်တစ်ခါကျတော့ လူတွေနဲ့တောင် စကားမပြောချင်တော့ပြန်ဘူး။ မနက်မှာတော့ “ဒီနေ့ အရာအားလုံးအဆင်ပြေမှာပါ” ဆိုပြီး စိတ်အားတက်နေခဲ့ပေမဲ့၊ ညရောက်တဲ့အခါ “ဒီနေ့ ငါဘာတွေဖြစ်နေတာလဲ…” ဆိုပြီး ကိုယ့်စိတ်ကိုယ် ပြန်မေးနေမိတာမျိုးပေါ့။ 🥹 တကယ်တော့ လူတိုင်းမှာ စိတ်ခံစားချက်တွေက အမြဲတမ်း တစ်ပုံစံတည်းရှိမနေပါဘူး။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်တိုမှု၊ စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတွေက နေ့စဉ်ဘဝမှာ အမြဲတမ်း အတူတူပါဝင်နေတတ်ကြပါတယ်။ တစ်ခါတလေ အဲ့ဒီခံစားချက်တွေက အရမ်းမြန်မြန်ပြောင်းလဲလာတဲ့အခါ ကိုယ့်စိတ်ကိုယ်တောင် နားလည်ရခက်သွားတတ်ပါတယ်။ 🎢 ဒါပေမဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲနေတယ်ဆိုတာ ကိုယ်က မတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်နေလို့ မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်တွေကို နားလည်ဖို့၊ လက်ခံဖို့နဲ့ ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်တတ်ဖို့က ပိုအရေးကြီးပါတယ်။ ✨ ဒါကြောင့် ဒီတစ်ပတ် STL မှာတော့ “𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐨𝐥𝐥𝐞𝐫𝐜𝐨𝐚𝐬𝐭𝐞𝐫” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ဘာကြောင့် ဒီလိုပြောင်းလဲတတ်လဲ၊ ကိုယ့် emotions တွေကို ဘယ်လိုနားလည်ပြီး handle လုပ်နိုင်မလဲဆိုတာကို အတူတူ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေကိုလည်း အတူတူမျှဝေပြီး စိတ်ဝင်စားစရာ conversation လေးတစ်ခု ဖန်တီးကြရအောင်နော်။ 🤗 🎢 𝐓𝐨𝐩𝐢𝐜: 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐨𝐥𝐥𝐞𝐫𝐜𝐨𝐚𝐬𝐭𝐞𝐫 🗓️ 𝐃𝐚𝐭𝐞: 𝟕𝐭𝐡 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫, 𝟐𝟎𝟐𝟔 (𝐌𝐨𝐧𝐝𝐚𝐲) 🕰️ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎𝐩𝐦 - 𝟖:𝟑𝟎𝐩𝐦 (𝐌𝐌 𝐓𝐢𝐦𝐞) 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 💰 𝐅𝐞𝐞𝐬: 𝐓𝐨𝐭𝐚𝐥𝐥𝐲 𝐅𝐑𝐄𝐄 💐 “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” 𝐒𝐞𝐬𝐬𝐢𝐨𝐧 လေးကို ပါဝင်ဖို့အတွက် Meeting Link ကိုတော့ အောက်ပါ Telegram Channel မှာ Meeting မစခင်တိုင်း တင်ပေးသွားမှာဖြစ်သလို Dream ရဲ့ Facebook Messenger မှာလည်း လာရောက်တောင်းယူနိုင်ပါတယ်နော်။ 🤍 📍 𝐎𝐮𝐫 𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥⇢ https://t.me/+VyLWoyHAPzk2ZjI1 ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 💫 🎥 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ⇢ https://www.facebook.com/dreameducation168?mibextid=JRoKGi 💬 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 ⇢ https://t.me/dreamedu168 📸 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ⇢ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🎞️ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤𝐓𝐨𝐤 ⇢ https://www.tiktok.com/@dreamedu168 #Dream_Education #Non_Profit_Org #STL #Emotional_Rollercoaster  #Content_By_Sandi #Graphic_By_E_Sar_Lite
113
3
🚨ပါဝင်လှူဒါန်းလိုပါက… Dream Education Page Messenger ကနေတစ်ဆင့် အလွယ်တကူ ဆက်သွယ်လှူဒါန်းနိုင်သလို @ivory_lynn @mskoe24 စတဲ့
🚨ပါဝင်လှူဒါန်းလိုပါက… Dream Education Page Messenger ကနေတစ်ဆင့် အလွယ်တကူ ဆက်သွယ်လှူဒါန်းနိုင်သလို  @ivory_lynn @mskoe24  စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။ မြန်မာကျပ်ငွေ (MMK) အပြင်၊ ထိုင်းဘတ် (THB)၊ USD၊ JPY၊ SGD စတဲ့ ပြည်ပနိုင်ငံများမှလည်း အလှူငွေများ ပါဝင်ကူညီနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတက်ရောက်ခွင့်မယူဘဲ သီးသန့်မေတ္တာဖြင့် ပါဝင်လှူဒါန်းချင်သူများလည်း လှူဒါန်းနိုင်ပါတယ်။ ငွေအားဖြင့် မပါဝင်နိုင်သူများ အနေနဲ့လည်း ဒီ Post ကို #လှူရင်းကူ_လှူရင်းယူ ၊ #Flood_Recovery ဆိုတဲ့ Hashtag လေးနဲ့ Public Share ပေးခြင်းဖြင့် အများသိအောင် ကူညီပေးလို့ရပါတယ်နော်။ ရေဘေးသင့်ပြည်သူတွေရဲ့နေ့စဉ်ဘဝ ပြန်လည်စတင်နိုင်ဖို့ အားလုံးအတူတူ လက်တွဲပြီးကူညီစို့။✨
422
4
📌 လှူဒါန်းမှုအလိုက် ရရှိမည့် အခွင့်အလမ်းများ   📌ကွာခြားသွားတဲ့ Benefits တွေကတော့… သင်တန်းတွေအတွက်- ၃၀၀၀ ကျပ် = အတန်းတစ်တန်းရွေးချယ်တက်​ရောက်ခွင့် ၅၀၀၀ ကျပ် = အတန်းနှစ်တန်းရွေးချယ်တက်​ရောက်ခွင့် ၁၀၀၀၀ ကျပ်နဲ့ အထက် = အတန်းသုံးတန်းရွေးချယ်တက်​ရောက်ခွင့် တို့နဲ့အတူ Certificate Of Participation ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ တက်​ရောက်နိုင်မဲ့အတန်းတွေကတော့ ဘာသာစကားသင်တန်း‌တွေ ၊ Skill Development၊ Personal Growth၊ Academic Enrichment စတာတွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ပါဝင်ပါတယ်။ 📌 အတန်းတွေအတွက်- 1️⃣Practical English Club မှ Insighter Club အတွက် Original Fee 60,000 MMK for 4weeks ကို 100% Off Discount (5 Seats only) 2️⃣Together We Rise Association မှ မကြာမှီဖွင့်လှစ်မယ့်  Korean Class (500 essential vocabulary and Basic to level 1 reading Video Class) English (Pre-intermediate Zoom Class)  စတဲ့သင်တန်းများ တက်ရောက်ခွင့် 3️⃣Better Youth Myanmar မှ မကြာမှီဖွင့်လှစ်မယ့်  Interpersonal Communication in Professional Setting Training Course အားတက်ရောက်ခွင့် 4️⃣Teddy Bears Education Institute မှ မကြာမှီဖွင့်လှစ်မယ့် Language Classနှင့် GED Intensive Class သင်တန်းတက်ရောက်ခွင့် 5️⃣Myittar Education မှဖွင့်လှစ်မယ့် GED Classes, English Classes နဲ့ Mental Classes သင်တန်းများ တက်ရောက်ခွင့်  6️⃣Hype Think Education မှဖွင့်လှစ်မယ့် တစ်ဦးချင်း by one သင်ကြားပေးမယ့် English နှင့် Japanese တွေအတွက်  20% Discount  စတဲ့ အတန်းတွေထဲမှ နှစ်သက်ရာအတန်းများကို ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
332
5
အလှူရှင်တွေလည်း ဘယ်လို Benefits တွေ ပြန်ရမှာလဲ⁉️ ဒီ Campaign ရဲ့အထူးခြားဆုံးအစီအစဉ်ကတော့ လှူဒါန်းသွားကြတဲ့ အလှူရှင်တွေအတွက် C
အလှူရှင်တွေလည်း ဘယ်လို Benefits တွေ ပြန်ရမှာလဲ⁉️ ဒီ Campaign ရဲ့အထူးခြားဆုံးအစီအစဉ်ကတော့ လှူဒါန်းသွားကြတဲ့ အလှူရှင်တွေအတွက် Certificateတွေ ပြန်ပေးရုံသာမက Dream Education ရဲ့ Main Partnership အဖြစ်ပါဝင်ထားကြတဲ့ Youth Organization တွေမှ သင်တန်းတွေကိုလည်း လှူဒါန်းမှုနှုန်းအလိုက် တချို့အတန်းတွေကို အခမဲ့တက်ရောက်ခွင့်၊ တချို့အတန်းတွေကိုတော့ ရာခိုင်နှုန်းအလိုက် သက်သာခွင့်  တွေရရှိဦးမှာ ဖြစ်ပါတယ်။💪🏻
239
6
ဘယ်လိုနေရာတွေမှာ ထောက်ပံ့ပေးသွားမှာလဲ⁉️ ဒီ Project မှ ရရှိလာမယ့် အလှူငွေတွေကို အဓိကအားဖြင့် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေဖြစ်
ဘယ်လိုနေရာတွေမှာ ထောက်ပံ့ပေးသွားမှာလဲ⁉️ ဒီ Project မှ ရရှိလာမယ့် အလှူငွေတွေကို အဓိကအားဖြင့် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ စားနပ်ရိက္ခာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ အရေးပေါ် အိမ်သုံးဆေးဝါးများ စတဲ့ နေရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။  အလှူပစ္စည်းတွေကိုတော့ local volunteer တွေအပြင်၊ Dream Education မှ တာဝန်ရှိသူ ကိုယ်တိုင်ပါ ရေဘေးသင့်ဒေသတစ်ခုချင်းစီရဲ့ တကယ့် မြေပြင်လိုအပ်ချက်တွေပေါ် မူတည်ပြီးတော့ ထိထိရောက်ရောက် သွားရောက် ခွဲဝေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ လှူဒါန်းမှု မြေပြင်အခြေအနေများကိုလည်း ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
240
7
“လှူရင်းကူ၊ ကူရင်းယူ” ရေဘေးသင့်မိသားစုတွေများနဲ့ အတူရပ်တည်ပြီး အတန်းတွေ အခမဲ့ တက်ကြမည်။ Dreamers လေးတို့သိထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်းမှ ပြည်သူအများအပြားရဲ့  အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင်၊ ရေကျသွားပြန်ရင်လည်း အရာအားလုံး အစကနေပြန်စဖို့ဆိုတာ ရေဘေးသင့် မိသားစုတွေအတွက် လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။  𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐘𝐨𝐮𝐭𝐡 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 အနေနဲ့ ၂၀၂၄ ခုနှစ် ရေဘေး၊ ၂၀၂၅ ခုနှစ် စစ်ကိုင်း ငလျင်ဘေးတွေမှာ ကြုံတွေ့ခဲ့တဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီနိုင်ခဲ့ပြီး၊ ယခုအချိန်မှာလည်း ဧရာဝတီတိုင်း ရေဘေးအတွက် အရေးပေါ် ကူညီမှုတွေတင်မကဘဲ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အထိ ရေရှည်အတွက်ပါရည်ရွယ်ပြီး "လှူရင်းကူ၊ ကူရင်းယူ" Campaign ကို 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐘𝐨𝐮𝐭𝐡 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 ကနေ အားလုံးနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်လို့ ရေဘေးအတွက် တကယ် လိုအပ်နေတဲ့‌ ဒေသတွေကို ထိထိရောက်ရောက် ကူညီချင်ပေမဲ့  ဘယ်ကနေဘယ်လို ကူညီရမှန်းမသိဖြစ်နေရင်တော့ ဒီစာကိုအဆုံးထိဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ♥️ ဘာလို့လဲဆိုတော့ Dream Education Youth Organization ကနေ ဒီ Campaign မှာ “လှူရင်းကူ၊ ကူရင်းယူ” ဆိုတဲ့ Project နာမည်အတိုင်း ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းသူတွေတိုင်းအတွက် အကျိုးရှိစေဖို့ သင်တန်းတွေကို ပြုလုပ်စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။❤️‍🩹 Campaign အသေးစိတ်ကိုတော့ အောက်ပါ ပုံတစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်။⏭️⏭️ 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ➡️ https://t.me/dreamedu168 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ➡️ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤 𝐓𝐨𝐤 ➡️ https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ #Dream_Education #Non_Profit_Org #လှူရင်းကူ_လှူရင်းယူ #Flood_Recovery #2026FRRC #Content_by_Aeron #Graphic_by_E_Sar_Lite
241
8
没有文字...
230
9
没有文字...
1
10
没有文字...
362
11
“တစ်ခါတလေ ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအခွင့်အရေးတွေဟာ ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲ မတော်တဆ ရောက်လာတတ်ပါတယ်။” တစ်ခါတလေ ကိုယ်မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု၊ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပြုချက်တစ်ခု၊ မကြိုက်ဘူးလို့ထင်ခဲ့တဲ့ ဘာသာရပ်တစ်ခု၊ မတော်တဆလုပ်မိတဲ့ အလုပ်လေးတစ်ခုကနေ ကိုယ့်ဘဝရဲ့ လမ်းကြောင်းအသစ်တစ်ခုကို ရှာတွေ့သွားနိုင်ပါတယ်။💯✨ Project တစ်ခုလုပ်ရင်း ကိုယ့်ရဲ့ Talent ကိုတွေ့နိုင်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကူညီရင်း ကိုယ့်ရဲ့ Passion ကိုတွေ့နိုင်တယ်။ အသစ်တစ်ခု စမ်းကြည့်ရင်း ကိုယ့်အနာဂတ်လမ်းကို ရှာတွေ့နိုင်တယ်။⏭️ 🚨ဒါကြောင့် “ငါ့ဘဝ ဘာဖြစ်မလဲ မသိသေးဘူး” ဆိုတာကို မကြောက်ပါနဲ့။ မှားမှာကို မကြောက်ဘဲ သင်ယူတာ၊ အသစ်တွေကို လက်ခံကြည့်တာ စတာတွေကို စမ်းကြည့်သင့်ပါတယ်။ လူတိုင်းရဲ့ Timeline မတူညီကြတာမို့ သူများရဲ့အောင်မြင်မှုနဲ့ ကိုယ့်ဘဝကို မနှိုင်းယှဉ်ပါနဲ့။  ဘဝဆိုတာ အစကတည်းက အဖြေအားလုံးသိထားရတဲ့ စာမေးပွဲမဟုတ်ကြောင်းနဲ့ လျှောက်လှမ်းရင်း ကိုယ့်လမ်းကို ကိုယ်ရှာဖွေတွေ့ရှိနိုင်ကြောင်းတွေကို ဆွေးနွေးရင်ဖွင့်ကြရင်း English Speaking Skill နဲ့ Communication Skill တွေပါ တိုးတက်လာစေဖို့ အပတ်စဉ် တနင်္လာနေ့ညတိုင်း Dream Education မှပြုလုပ်လေ့ရှိတဲ့ Speak To Lead Conversation Club မှာ Discussion လုပ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။⬇️⬇️ 📚 𝐓𝐨𝐩𝐢𝐜: 𝐀𝐜𝐜𝐢𝐝𝐞𝐧𝐭𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐨𝐟 𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 🗓️  𝐃𝐚𝐭𝐞: 𝟏𝟕 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 ( 𝐌𝐨𝐧𝐝𝐚𝐲 ) 🕰️ 𝐓𝐢𝐦𝐞: 𝟕 𝐏𝐌 𝐭𝐨 𝟖:𝟑𝟎 𝐏𝐌 ( 𝐌𝐌 𝐓𝐢𝐦𝐞 ) 🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 💸 𝐅𝐞𝐞𝐬: 𝐅𝐫𝐞𝐞 𝐨𝐟 𝐜𝐡𝐚𝐫𝐠𝐞𝐬 📌တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တေ့ာ Zoom Link လေးကို Messenger မှာ လာရောက်ယူနိုင်သလို အောက်က STL Telegram Channel မှာလည်း Club မစခင် နာရီဝက်အလိုတိုင်းမှာ Zoom Link လေး ပို့ပေးတာကြောင့် Channel လေးကိုလည်း Join ထားဖို့ မမေ့ကြနဲ့ဦးနော်။ ✨ 🍓 𝐎𝐮𝐫 𝐒𝐓𝐋 𝐋𝐢𝐧𝐤: https://t.me/+VyLWoyHAPzk2ZjI1 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ ✨ 🎥𝐎𝐮𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 https://www.facebook.com/share/1MFCkjfFMV/?mibextid=wwXIfr 📂𝐎𝐮𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦  https://t.me/dreamedu168 📸𝐎𝐮𝐫 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦  https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🎞️𝐎𝐮𝐫 𝐓𝐢𝐤 𝐓𝐨𝐤  https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 #Dream_Education #Non_Profit_Org #STL #Content_by_Dopey #Graphic_by_Rubydia
356
12
没有文字...
452
13
🌼 ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုလား၊ ရလဒ်လား?   "ငွေရှိမှ ပျော်မယ်။" "အလုပ်ကောင်းရမှ ပျော်မယ်။" "အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မှ ပျော်မယ်။" ဒီလိုမျိုး အများစုက ပျော်ရွှင်မှုကို "တစ်နေ့နေ့မှာ ရလာမယ့် ရလဒ်" လို ထင်တတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဟာ ရလဒ်တစ်ခုတည်း မဟုတ်ပါဘူး။ ရွေးချယ်မှုလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှုက ပျော်ရွှင်မှုကို ပေးနိုင်ပေမယ့်၊ ပျော်ရွှင်တဲ့စိတ်ထားကလည်း အောင်မြင်မှုဆီကို ခေါ်ဆောင်ပေးနိုင်ပါတယ်။ တချိုလူတွေက အခက်အခဲတွေကြားထဲမှာတောင် ကျေးဇူးတင်တတ်ကြတယ်။ တချိုကတော့ အရာအားလုံးရှိနေလည်း မပျော်နိုင်ကြဘူး။ ကွာခြားချက်က အပြင်လောကထက် အတွေးအမြင်နဲ့ စိတ်နေစိတ်ထား မှာ ပိုပြီး ရှိနေတတ်ပါတယ်။ ဒါဆို တကယ့်ပျော်ရွှင်မှုအစစ်အမှန်ကဘာလဲ ရလဒ်လား ရွေးချယ်မှုတွေလားဆိုတာကို သိရဖို့အတွက် Monday တိုင်းမှာ Dream Education ကနေပြုလုပ်သွားမယ့် Speak To Lead မှာ၀◌င်ရောက်ဆွေးနွေးနိုင်ပါတယ်။ တက်ရောက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ Dream ရဲ့ Page Messenger မှာ Zoom Link လာရောက်တောင်းယူနိုင်သလို အောက်က STL Telegram Channel မှာလည်း Meeting မစခင် နာရီဝက်အလိုမှာ Zoom Link တွေချပေးနေတာကြောင့် Join ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။🥰 📄Topic -Is Happiness a Choice or a Result? 📅 Date - 10.8.2026 (Monday ) ⏰ Time - 7:00 pm - 8:30pm 💻Platform - Zoom 💰Fees: Free of charge 🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟 🔗STL Link - https://t.me/+VyLWoyHAPzk2ZjI1 🔗Our Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi 🔗OurTelegram Channel - https://t.me/dreamedu168 🔗OurInstagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==  🔗OurTikTok Account- https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1   #Dream_Education #Non_Profit_Org #STL #Content_by_ORANGE #Graphic_by_Rubydia
397
14
+2
没有文字...
446
15
“ရေဘေးအတွက် ကူပေးပါ၊ ထမင်းအတွက် 1500”  1500 ဆိုတဲ့ Amount ဟာ သာမန်အခြေအနေမှာ မပြောပါးလောက်ပေမယ့်လို့ လက်ရှိ ဧရာဝတီတိုင်းမှာတော့ 1500 ဆိုတာကအင်မတန်မှတန်ဖိုးရှိနေပါပြီ။ အရေးပေါ်ရေကြီးမှု အခြေအနေကြောင့် ဧရာဝတီဟာဆိုရင်ဖြင့်အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ မိတ်ဆွေစေတနာနည်းများမဆိုလှူဒါန်းလိုက်တဲ့ အလှူက လူ့အသက်တစ်ချောင်းကိုကယ်လိုက်တာလည်း ဖြစ်နိုင်တာမို့ သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။  တချို့အဖြစ်အပျက်တွေကို အဝေးကနေကြည့်ရင်... “ဒီလိုပဲ ဖြစ်နေကျပါ” လို့ ထင်မိတတ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ရှိနေတဲ့သူတွေအတွက်တော့ စကားနဲ့ မဖော်ပြနိုင်တဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း “ဧရာဝတီက နှစ်တိုင်းရေကြီးတာပဲ” ဆိုတဲ့ မှတ်ချက်တွေကို အများကြီး တွေ့နေရပါတယ်။ ဟုတ်ပါတယ်။ ဧရာဝတီမှာ ရေကြီးတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ သာမန်ရေကြီးမှုတစ်ခု မဟုတ်ပါဘူး။ တာကျိုးမှုကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို မျက်စိတစ်ခဏအတွင်း လူအများအပြား ရင်ဆိုင်နေရပါတယ်။ တစ်ချို့မိသားစုတွေက... သူတို့နေအိမ်တွေကို ထားခဲ့ရတယ်။ နှစ်လနဲ့ချီ ကြိုးစားစိုက်ပျိုးထားတဲ့ လယ်တွေကို ထားခဲ့ရတယ်။ နေ့စဉ်ဘဝကို ရပ်တည်ပေးနေတဲ့ အရာတွေကို ထားခဲ့ရတယ်။ ဒါပေမယ့် ရေကျသွားတာနဲ့ အခက်အခဲတွေ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်စိုက်ပျိုးဖို့၊ ဘဝကို ပြန်စတင်ဖို့... အချိန်၊ အားပေးမှုနဲ့ အကူအညီတွေ လိုအပ်နေဦးမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာက ဘယ်သူမှန်၊ ဘယ်သူမှားဆိုတဲ့ အငြင်းအခုံတွေထက်... လိုအပ်နေသူတွေရဲ့ ဘေးမှာ ရပ်ပေးခြင်းပါ။ Dream Education အနေနဲ့ Aug (7) ရက်နေ့မှာ ရေဘေးသင့်ဒေသများသို့ လူကိုယ်တိုင် သွားရောက်ကာ လိုအပ်သော အထောက်အပံ့များကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကွင်းပြင်အခြေအနေကိုလည်း အချိန်နဲ့တစ်ပြေးညီတင်ပေးသွားပါမယ်။ ဒီခရီးမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းရဲ့ အားနဲ့ မဟုတ်ဘဲ၊ ကူညီချင်တဲ့ လူတိုင်းရဲ့ စေတနာတွေကိုပါ အတူသယ်ဆောင်သွားချင်ပါတယ်။ တတ်နိုင်သလောက်... 💙 အလှူငွေ 💙 စားသောက်ကုန်များ 💙 သောက်သုံးရေ 💙 အခြေခံဆေးဝါးများ 💙 လိုအပ်သောပစ္စည်းများ ဖြင့် ပါဝင်ကူညီနိုင်ပါတယ်။ Thai Baht နဲ့လည်းလှူလို့ရနိုင်သလို အဆင်ပြေအောင်လှူနိုင်ဖို့ Dream ဘက်ကတတ်စွမ်းနိုင်သမျှကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။ ငလျှင်တုန်းကလည်း Dream နဲ့အတူဖြတ်ကျော်ပြီးသွားပြီမို့ ဒီတစ်ခါမှာလည်း Dream နဲ့တူတူဝိုင်းဝန်းကူညီပါဝင်ပေးကြပါဦးနော်။  အလှူပမာဏက အရေးမကြီးပါဘူး။ အရေးကြီးတာကတေ့ာ “ဒီအခက်အခဲကို သူတို့တစ်ယောက်တည်း မဖြတ်သန်းရဘူး” ဆိုတဲ့ စိတ်ပါပဲ။ 💙 အလှူလက်ခံမှုအသေးစိတ်ကို Comment တွင် ဖော်ပြပေးထားပါတယ်။  တစ်ယောက်တည်းရဲ့ အကူအညီက သေးငယ်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ အများကြီး ပေါင်းလိုက်တဲ့အခါမှာတေ့ာ တစ်မိသားစုရဲ့ မျှော်လင့်ချက်၊ တစ်ရွာရဲ့ ပြန်လည်ရပ်တည်နိုင်မှု၊ တစ်ဘဝရဲ့ အသစ်ပြန်စနိုင်မှု ဖြစ်လာနိုင်ပါတယ်။ Give a Hand, Help Them Stand. #ရေဘေးအတွက်ကူပေးပါထမင်းတစ်နပ်၁၅၀၀ #ရေဘေး #ဧရာဝတီတိုင်း #weneedyourhelp
438
16
没有文字...
426
17
တစ်ခါတလေ "ငါ ဒီထက်ပိုပြီးကောင်းတဲ့သူဖြစ်နိုင်ပါသေးတယ်" ဆိုတဲ့ စိတ်ထက် "အင်း...ငါလည်း နည်းနည်းတော့ဗီလိန်ဆန်ရတော့မယ်" ဆိုတဲ့ စိတ်မျိုးဝင်ဖူးကြလား။ 😈🎭 တကယ်တော့ လူတိုင်းရဲ့ဇာတ်လမ်းမှာ ကိုယ်တိုင်က Hero တွေချည်းပါပဲ။ ဒါပေမဲ့ ဘယ် Hero ကမှ အစကတည်းက Perfect မဖြစ်သလို၊ ဘယ် Villain ကလည်း အကြောင်းမဲ့ ဆိုးသွမ်းလာတာ မဟုတ်ပါဘူး။ ကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲနဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားရတဲ့အခိုက်အတန့်လေးဆိုတာက ရှိတတ်ကြပါတယ်။ 💭🥀 ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အသိအမှတ်ပြုမခံရလိုက်ရတဲ့ အချိန်မျိုးလား။ 💔 သူငယ်ချင်းတစ်ယောက်ကို ယုံကြည်မှုပေးခဲ့ပေမဲ့ သစ္စာဖောက်ခံလိုက်ရတဲ့ အခိုက်အတန့်လား။ 🐍 ဒါမှမဟုတ် ကိုယ်အရမ်းလိုချင်ခဲ့တဲ့အခွင့်အရေးတစ်ခုကို တခြားသူက အလွယ်တကူရသွားတာကို ကြည့်နေခဲ့ရတဲ့အချိန်မျိုးလား။ တကယ်ကို မျက်နှာဖုံးတစ်ခုစွပ်ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သင်ယူခဲ့ရတဲ့အချိန်လေးတွေပေါ့... 👀🖤 ဒီအရာတွေက ငါတို့ကို တကယ်ပဲ "လူဆိုး" ဖြစ်သွားစေတာလား၊ ဒါမှမဟုတ် သန်မာလာအောင်သင်ပေးလိုက်တဲ့ "Villain Origin Story" လေး တစ်ခုပဲလား။ 💥♟️ ဒီတစ်ပတ် “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” မှာတော့ "Your Villain Origin Story" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Dreamers လေးတို့ရဲ့ဘဝမှာ စိတ်ဒဏ်ရာလေးတွေ၊ သင်ခန်းစာတွေ၊ အမြင်တွေနဲ့ နွေးထွေးတဲ့စကားဝိုင်းလေးထဲမှာ အတူတူ ပွင့်ပွင့်လင်းလင်း မျှဝေသွားကြမှာမို့လို့ ဖိတ်ခေါ်ပါတယ်နော်။ 🕯️💬 အင်္ဂလိပ်လို ပြောဖို့ Perfect ဖြစ်နေဖို့မလိုပါဘူး။ Dreamers လေးတို့ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ မျှဝေဖို့၊ တခြားသူတွေရဲ့ ဇာတ်လမ်းတွေကိုနားထောင်ရင်းနဲ့ သင်ခန်းစာယူဖို့ပဲလိုပါတယ်။ ✨🙌🏻 📚 𝐓𝐨𝐩𝐢𝐜: Your Villain Origin Story  📅 𝐃𝐚𝐭𝐞:  3.8.2026 (Monday) 🕰️ 𝐓𝐢𝐦𝐞: 7:00pm - 8:30pm   🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom  💸 𝐅𝐞𝐞𝐬: Totally FREE 🎭 ဆိုတော့ Dreamers လေးတို့ရဲ့ "Villain Origin Story" က ဘာလဲဆိုတာ အတူတူမျှဝေရင်းအင်္ဂလိပ် speakingလေးကို တူတူလေ့ကျင့်ကြရအောင်နော်။ 🤝🔥 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ Follow our socials Facebook Page – https://www.facebook.com/dreameducation168 Telegram Channel – https://t.me/dreamedu168 Instagram – https://www.instagram.com/dreamedu_org TikTok –  https://www.tiktok.com/@dreamedu168 #Dream_Education #Non_Profit_Org #Your_Villain_Origin_Story #STL #Content_by_Aeron #Graphic_by_Iris
413
18
Partial Scholarship🎓 Partial Scholarship ဆိုတာ ပညာသင်ယူရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်ထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ Scholarship အဖြ
Partial Scholarship🎓 Partial Scholarship ဆိုတာ ပညာသင်ယူရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်ထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ Scholarship အဖြစ် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းလခ 50% လျှော့ပေးခြင်း Tuition Fee တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်တစ်နှစ်စာ Scholarship ပေးခြင်း စတဲ့ ပုံစံမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်ရှိတဲ့ ကုန်ကျစရိတ်များကို ကျောင်းသားကိုယ်တိုင် သို့မဟုတ် မိသားစုက ပေးဆောင်ရနိုင်ပါတယ်။ ဘယ် Scholarship ကို ရွေးချယ်သင့်လဲ? ကိုယ့်ရဲ့ Financial situation, Academic performance နဲ့ Future goals ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အခွင့်အရေးရှိပါက Full Scholarship ကို ဦးစားပေးလျှောက်သင့်ပေမယ့် Partial Scholarship တွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ Scholarship ရရှိဖို့အတွက် အမှတ်ကောင်းရုံသာမက English skill, Activities, Volunteer experience နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကောင်းစွာဖော်ပြနိုင်ခြင်းတို့လည်း အရေးကြီးပါတယ်။
390
19
Full Scholarship🎓 Full Scholarship ဆိုတာ ကျောင်းသားရဲ့ ပညာသင်ယူမှုအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အများစုကို Scholarship ပေးတဲ့ အ
Full Scholarship🎓 Full Scholarship ဆိုတာ ကျောင်းသားရဲ့ ပညာသင်ယူမှုအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အများစုကို Scholarship ပေးတဲ့ အဖွဲ့အစည်း၊ တက္ကသိုလ် သို့မဟုတ် အစိုးရက တာဝန်ယူပေးတဲ့ Scholarship ဖြစ်ပါတယ်။ Full Scholarship မှာ အများအားဖြင့် ပါဝင်နိုင်တဲ့ အကျိုးခံစားခွင့်များမှာ - ကျောင်းလခ (Tuition Fee) အပြည့်အဝ ကင်းလွတ်ခွင့် နေထိုင်စရိတ် (Accommodation) ထောက်ပံ့မှု လစဉ်ထောက်ပံ့ကြေး (Monthly Allowance) စာအုပ်နှင့် သင်ကြားရေးပစ္စည်းစရိတ် ကျန်းမာရေးအာမခံ (Health Insurance) ခရီးစရိတ် (တချို့ Scholarship များတွင်) တို့ ပါဝင်နိုင်ပါတယ်။ Full Scholarship ရရှိဖို့အတွက် ပညာရေးအရည်အချင်း၊ English proficiency, Leadership skill, Volunteer experience နဲ့ Personal Statement စတဲ့ အချက်အလက်တွေလိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချ်ို့သော Full Scholarship တွေက Tuition Fees ကို သတ်မှတ်ထားကြပြီးသားပါ။ တကယ်လို့ သူတို့သတ်မှတ်ထားတာထက် ကျော်ရင်တော့ ကိုယ့်ဘက်ကနေပေးဆောင်ရတာပဲဖြစ်ပါတယ်။
275
20
Scholarship လျှောက်ခါနီးတွေမှာဆို တွေ့ရတတ်တဲ့ Full Scholarship and Partial Scholarship ဆိုတာဘာလဲ???🤩🫵 အများစုက ပညာသင်ဆုလျှောက်တော့မယ်ဆိုရင် Requirements တွေကိုအရင်ဆုံး Research လုပ်လေ့ရှိကြပါတယ်။ ဘယ်ကျောင်းက ဘယ်လိုမျိုး လိုအပ်တယ် ဘယ်လိုအချက်အလက်တွေက ရှိကိုရှိသင့်တယ် ဆိုတာတွေကို အများဆုံး Research လုပ်ကြပါတယ်။  ကိုယ်က Full Scholarship လျှောက်သင့်လား Partial Scholarship ကို လျှောက်သင့်လားဆိုတာကိုတော့ အများစုကအရင်ဆုံးမစဉ်းစားကြပါဘူး။ ဒါကြောင့် Full Scholarship and Partial Scholarship ကဘယ်လိုမျိုးလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။ 🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟 Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi Telegram Channel -https://t.me/dreamedu168 Instagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==  TikTok - https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1 #Dream_Education #Non_Profit_Org #scholarship #Content_by_ORANGE #Graphic_by_Rubydia
271