EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多868
订阅者
无数据24 小时
-17 天
+230 天
帖子存档
867
National Grographic ၏ Documentary+News အမျိုးအစားဖြစ်ပြီး သူ့ခေတ်သူ့အခါက အရေးအပါဆုံးနဲ့ အအောင်မြင်ဆုံးမင်းသားလဲဖြစ်၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်တစ်ဦးလဲဖြစ်ခဲ့တဲ့ လီယိုနာဒို ဒီကာပရီယို ဟာ မကြာခင်ကျရောက်တော့မယ့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေကို ကိုယ်တွေ့မြင် တွေ့ဖို့ နှင့် ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို လူသားတွေအာရုံစိုက်ဖို့ အတွက် ကမ္ဘာပတ်ခရီးထွက်ခဲ့တဲ့ Documentary လေးဖြစ်ပါတယ်။ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုရဲ့သရုပ်ဆောင်မှုနဲ့ အသံနေအသံထား ကောင်းမွန်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်လူတွေသတိပြုလာနိုင်ခဲ့ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=6UGsRcxaSAI
ဆက်ပါဦးမည်။
Reference - Environmentshow.com
ပြုစုသူ - နိုင်ကျော်လူ
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #environmental #movies
867
ကြည့်သင့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များ (အပိုင်း ၂)
=================================================================
EHS Myanmar | 18.6.2022
သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများ နှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုတွေကြောင့်နောက်ဆက်တွဲဆုံးရှူံးမှုများအကြောင်းလေ့လာချင်သည့်သူများအတွက် လက်မလွတ်တမ်းကြည့်သင့်သည့် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာရုပ်ရှင် (Environmental Movie) ၅ခု ဒုတိယပိုင်းအနေဖြင့် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ယခုဖော်ပြပါ ရုပ်ရှင်တွေထဲမှာ ကြည့်ပြီးသား ရုပ်ရှင်တွေပါနေလျှင် တစ်ကားကို (၁) မှတ်ပေးကြည့်ပါ။ အဲ့တော့ ကိုယ်ဘယ်နှမှတ်ရလဲဆိုတာ comment မှာ မန့်သွားပါဦးနော်။
၁။ Avatar (2009)
၂၀၀၉ ခုနှစ်မှာထွက်ရှိတဲ့ James Cameron ရဲ့ Avatar ရုပ်ရှင်ဟာဆိုလျှင် မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကျော်ကြားခဲ့ပါတယ်။ Sam Worthington နဲ့ Zoe Saldana တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ရုပ်ရှင်တစ်ခုလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်တဲ့ ပေးချင်တဲ့ message တွေတွေ့ရမှာပါ။ အထူးသဖြင့် ကျွန်ုပ်တို့မှာရှိတဲ့ သဘာဝသယံဇာတရင်းမြစ်တွေကိုတန်ဖိုးထားတက်အောင် နှင့် သယံဇာတရင်းမြစ်ထုတ်လုပ်မှုကိုတက်နိုင်သမျှလျှော့ချရန်တို့ပဲဖြစ်ပါတယ်။ Avatar 2 လဲမကြာခင်ပြတော့မှာပါ။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=5PSNL1qE6VY
၂။ Lion King (2019)
Disney ရဲ့ အအောင်မြင်ဆုံးကာတွန်းကားတွေထဲမှာ Lion King ကမပါမဖြစ်ပါ။ ၂၀၁၉ ခုနှစ်မှာဆိုလျှင်တော့ Animation ဖြင့်အသစ်ပြန်လည်ရိုက်ကူးနိုင်ပြီး အောင်မြင်ခဲပါသေးတယ်။ Lion King ရုပ်ရှင်မှာတော့ အားလုံးသိကြတဲ့အတိုင်း တောရိုင်းတရိစ္ဆာန်များကိုအခြေခံပြီးရိုက်ကူးထားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများအကြောင်းလေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ Sustainability နှင့်ပတ်သတ်ပြီး highlight လုပ်ထားတဲ့အကြောင်းအရာတွေရှိပါတယ်။
- မျှတစွာသုံးစွဲရမည်။ (Balance)
- လောဘကြီးလွန်းလျှင်မကောင်းပါ။ (Greed)
- သဘာဝသယံဇာတများကိုအလွန်အကျွံသုံးစွဲခြင်းမပြုရ။ (Overhunting (exploitation of resources))
- အသားအစားထိုးများကိုသုံးဆောင်ပါ။ (Alternative Proteins)
- အကောင်းမြင်စိတ်တွေးပြီး အကောင်းဆုံးအရာတွေလုပ်ပါ။ ("Hakuna Matata")
Trailer ကြည့်ရန် - https://www.youtube.com/watch?v=7TavVZMewpY
၃။ A New Economy (2016)
ထူးထူးခြားခြား ကနေဒါ Documentary လေးနဲ့မိတ်ဆက်ပါရစေ။ စီးပွားရေးအသစ်တစ်ခု စတင်တည်ဆောက်ဖို့ ကြိုးစားကြတဲ့လူတွေအကြောင်းကိုရိုက်ကူးထားတာပါ။ ဒီလို လူသားများ၏ ကြိုးစားအားထုတ်မှုတွေရှိသည့်တိုင် တော်လှန်ရေးစီးပွားရေးလုပ်ငန်းခေတ် (Revolutionary Businesses) ကိုသွားကြဖို့အတွက် Sustainability ဖြစ်အောင် People-friendly နဲ့ eco-friendly ကို မျှမျှတတလုပ်ဆောင်လို့ရနိုင်အောင် အားပေးထားသည့် ရုပ်ရှင်တခုလဲဖြစ်ပါတယ်။ Sustainable Business ကိုစိတ်ဝင်စားတဲ့ လူငယ်တွေကြည့်သင့်တဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=zjB5w5Up8vs
၄။ Erin Brockovich (2000)
IMDB 7.4 အထိရရှိထားတဲ့ ဟောလီးဝဒ်မင်းသမီး Julia Robert ပါဝင်ထားတဲ့ Biography+Drama ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က အမေရိကန်နိုင်ငံ Pacific Gas and Electric Company (PG&E) ကုမ္ပဏီက အဆိပ်အတောက်ဖြစ်စေတဲ့ hexavalent chromium များကို တရားမဝင်စွန့်ပစ်ဖို့ (illegal dumping) အတွက် မြေကွက်များကို အတင်းအားဓမ္မကြိုးစားဝယ်ယူခဲ့သည့်အပြင် စက်ရုံအနီးအနားဝန်းကျင်မှာရှိတဲ့ နေထိုင်သူတွေကိုပါ အဆိပ်အတောက်ဖြစ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို Single-mother တစ်ဦးဖြစ်သူ Erin Brockovich ကသိရှိခဲ့ပြီး တရားဥပဒေအရ Multi-billion Dollar ကော်ပရေးရှင်းတစ်ခုကိုတရားစွဲဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံရှိ ရေနံကုမ္ပဏီတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=l0ftkL6qhT8
၅။ Before the Flood (2016)
ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်ပုံနှင့် ကမ္ဘာတဝှမ်းရှိ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ၊ ဂေဟစနစ်များနှင့် ဇာတိရပ်ရွာများ၏ ကွယ်ပျောက်မှုကို တားဆီးရန်အတွက် လူ့အဖွဲ့အစည်း မည်သို့သက်ရောက်မှုတွေဖြစ်ပေါ်နေသည်ကို လေ့လာလိုက်ပါ။
867
ကျွန်တော်တို့ လူသားများ၏ ကျောက်ခေတ်၊ သံခေတ်၊ စိုက်ပျိုးမှုတော်လှန်ရေးခေတ် (Agricultural Revolution)၊ စက်မှုတော်လှန်ရေးခေတ် (Industrial Revolution)၊ ယခု ၂၁ ရာစု စသည့်ခေတ်အဆက်အဆက်တွင် ကျွန်တော်တို့ လူသားများကိုသာ အဓိကထားကြလေ့ရှိပါသည်။ ကျွန်တော်တို့ လူသားများသည်သာလျှင် အင်အားအကြီးဆုံးဖြစ်သည့်အတွက် သဘာပတ်ဝန်းကျင်သည် လူသားများအတွက် ဖန်တီးထားခြင်းဖြစ်သည်၊ လူသားများသည်သာ သာလွန်သည် စသည့်စိတ်များဖြင့် ရှင်သန်လာကြပါသည်။ ဒုတိယတစ်ခုတွင် လူသားများနှင့်တကွ သဘာဝ (Ecocentrism) ဟုဆိုရာတွင် လူသားများအားဦးစားပေးသည်ဆိုသည်အထက် လူသားများသည်လည်းပင် အခြားသောအကောင်များ၊ အပင်များကဲ့သို့ သဘာဝနှင့်နည်းတူယှဉ်တွဲနေထိုင်နေကြသည့် တိရိစ္ဆာန်များဖြစ်ပါသည်။ ထို့သို့သောအခါတွင် လူသားများသည်လည်း သဘာဝပတ်ဝန်းကျင်၏ တစိတ်တဒေသဖြစ်ပါသည်။ ထိုသို့သောကြောင့်သည်ပင် တိရိစ္ဆာန်များ၊ အပင်များသည်လည်းပင် လူသားများကဲ့သို့ အခြေခံအခွင့်အရေးများခံစားခွင့်ရှိသည်ဟူသော အဆိုပြုချက်များထွက်ပေါ်လာပါသည်။
⚖️နိုင်ငံကြီးနှင့် နိုင်ငံငယ်
ယခုနှစ်များတွင်မူ ပို၍ထင်ရှားလာသည့် အဆိုပြုချက်မှာ နိုင်ငံကြီးများသည် ဖွင့်ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်အဆက် ရာသီဥတုပြောင်းလဲခြင်းများဖြစ်စေသည့် ကျောက်မီးသွေးများ၊ ရေနံများအား အသုံးပြုပြီး ယခုအခါမှ စတင်ဖွံ့ဖြိုးမည့် နိုင်ငံငယ်လေးများအား အသုံးမပြုရန် ဟနိ့တားနေခြင်းဖြစ်သည်။ စာဖတ်သူများအနေဖြင့်လည်း ဘာလုပ်သင့်သည်ဟုထင်ပါသနည်း?
ကိုးကားကျမ်း - Stanford Encyclopedia of Philosophy
Hector မှရေးသားသည်။
#EHSMyanmar #Environmental #Ethics
867
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာ
(What is Environmental Ethics?)
=====================================
EHS Myanmar | 29.6.2022
ကျွန်တော်တို့ လူသားများ ရှင်သန်ကျက်စားနေထိုင်နေကြသည့် ဤကမ္ဘာကြီး၌ ယဉ်ကျေးမှု၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ နေရာထိုင်ခင်းပေါ်မူတည်၍ များစွာ
သော ကိုယ့်ကျင့်တရားများ (Ethics) ရှိပါသည်။ ဥပမာ မြန်မာနိုင်ငံတွင်မူ မိဘများ၊ ဆရာ ဆရာမများ၊ လူကြီးသူမ အရှေ့များတွင် ရိုသေလေးစားသမှုဖြင့် လူငယ်များ ခေါင်းငုံ့၍သွားစေခြင်း၊ ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကိုထက်
လူအများအား ဦးစားပေးစေခြင်း၊ အမေရိကန်နိုင်ငံတွင်မူ လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်အား လေးစားစေခြင်း စသည်တို့သည် ကျွန်တော်တို့ လူသားများ နေ့စဉ်လူနေမှုဘဝတွင် ငယ်ငယ်လေးကတည်းကပင် မိဘကတဆင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကတဆင့်သော်လည်းကောင်း သင်ယူခဲ့ရသော ကိုယ်ကျင့်တရားများဖြစ်ပါသည်။ ထို့အပြင် ထိုကိုယ်ကျင့်တရားများသည်လည်း အခြေအနေနဲ့ အချိန်အခါပေါ်မူတည်၍ မတူညီပြောင်းလဲနေကြပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ပညာရေးရှုထောင့်ကကြည့်မည်ဆိုပါက အဓိကကအားဖြင့် လူသားများ၏ ဘဝအတွင်း ကောင်းခြင်း၊ ဆိုးခြင်းများကို ခွဲခြားသိမြင်နိုင်စေရန်အတွက်ဖြစ်ပါသည်။ "ကျွန်တော်တို့ ဘာလုပ်သင့်လည်း၊ ကျွန်တော်တို့ ဘယ်လိုနေထိုင်သင့်သလည်း၊ ကျွန်တော်တို့ တစ်ဦးပေါ်တစ်ဦး ဘယ်လိုဆက်ဆံသင့်သလည်း" အစရှိသောမေးခွန်းများစွာမေးခြင်းအားဖြင့် လူများ၏ တန်ဖိုးများ (Values)၊ နိယာမများ (Principles)၊ ယုံကြည်ကိုးကွယ်မှုများ (Beliefs)၊
စံသတ်မှတ်ချက်များ (Norms) များကို လေ့လာပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားများ (Environmental Ethics) ဟုဆိုရာတွင် ဒဿနိကဗေဒ (Philosophy) ၏ လေ့လာရာ ဘာသာခွဲတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူသားများအကြားရှိ ဆက်စပ်မှု၊ ဆက်နွယ်မှု (Relationship) ကို အဓိကထား၍ လေ့လာစေပြီး ဒဿနိကဗေဒဆိုသည့်အတိုင်း အခြေအနေနဲ့ အချိန်ခါပေါ်လိုက်၍ လူသားများ၏ သဘာဝပတ်ဝန်းကျင်ပေါ်ရှိ နဂိုရှိသော တန်ဖိုးများ၊ နိယာမများ၊ ယုံကြည်မှုများ၊ စံသတ်မှတ်ချက်များကို များစွာမေးခွန်းထုတ်လေ့ရှိပါသည်။ ဥပမာအားဖြင့် လူသားတွေက တကယ်ပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရမည့် တာဝန်ရှိသလား? တောရိုင်းတိရိစ္ဆာန်များ၊ အပင်များတွင် လူသားများကဲ့သို့ အခြေခံအခွင့်အရေး (Basic Rights) ရှိသလား? စသည်တို့ဖြစ်ပါသည်။
⚖️ ပုဂ္ဂလိကတန်ဖိုး (Intrinsic Value) နှင့်
ဓမ္မဓိဌာန်တန်ဖိုး (Instrumental Value)
လူသားသည် သဘယဝပတ်ဝန်းကျင်ပေါ်တွင် ပုဂ္ဂလိကတန်ဖိုးနှင့် ဓမ္မဓိဌာန်တန်ဖိုးဟာဆိုရာတွင် သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော လူသားများ၏ စိတ်အတွင်းမှရရှိတဲ့တန်ဖိုးနဲ့ အရာဝတ္တုတစ်ခု၏ မူလပင်ကိုတန်ဖိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အပင် (က) နှင့် အပင် (ခ) တို့တွင် အပင် (က) သည် လူသားများအတွက် ရောဂါပျောက်ကင်းစေနိုင်သော သူ၏ပင်ကိုတန်ဖိုးရှိပြီး သူသည် ဓမ္မဓိဌာန်တန်ဖိုး (Instrumental Value) ရှိပြီး အပင် (ခ) မှာတော့ သူ၏ ပင်ကိုတန်ဖိုးမရှိသော်ငြားလည်း လူအများ၏ တန်ဖိုး၊ ယုံကြည်မှုများ (စိတ်) မှရရှိသော တန်ဖိုးများစွာရှိခြင်းကြောင့် ထိုအပင်တွင် ပုဂ္ဂလိကတန်ဖိုး (Intrinsic Value) ကိုပိုင်ဆိုင်ထားပါသည်။ ထိုသို့သောအခါ အပင် (က) တွင်မှု သူ၏တန်ဖိုးသည် အစားထိုး၍ရနိုင်ပြီး အပင် (ခ) တွင်မူ သူ၏တန်ဖိုးသည် အစားထိုး၍ ခက်ခဲလှပါသည်။
ထိုသို့သောအခါတွင် လူသားများကြားအတွင်း မေးခွန်းများစွာထွက်ပေါ်လာပါသည်။ လူသားများအတွက်သာ အသုံးဝင်သော အကောင်များနှင့် အပင်များသာ အသက်ရှင်စေပြီး ကျန်သောသူများအား ဘာကြောင့် သတ်လို့မရသလည်း? စာဖတ်သူများလည်း ဘယ်လိုထင်ပါသနည်း?
⚖️ လူသားများသာ အဓိက (Anthropocentrism) နှင့်
လူသားများနှင့်တကွ သဘာဝ (Ecocentrism)
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားများဟုဆိုရာတွင် လူသားများသာ အဓိက (Anthropocentrism) နှင့် လူသားများနှင့်တကွ သဘာဝ (Ecocentrism) တို့အား လေ့လာရန်လိုအပ်ပါသည်။
867
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှု (သို့မဟုတ်) Environmental Equity
---------------------------------------------------------
EHS Myanmar | 24.6.22
Environmental Equity သည် အခြေခံအားဖြင့် လူ့အခွင့်အရေးပင်ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်မှပြုလုပ်၍ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ကို နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက် ထည်းကသာ ဒုက္ခခံစားနေရတာမျိုးမဖြစ်ရပါ။ အကောင်းဆုံးကတော့၊ သူတို့မိသားစုနဲ့ အသိုင်းအဝိုင်းတွေရဲ့ ကောင်းကျိုးချမ်းသာကို ကာကွယ်ဖို့ လွန်ကဲကြွယ်ဝမှု ဒါမှမဟုတ် နိုင်ငံရေးအရ ချိတ်ဆက်မှုတွေ မလိုအပ်ပဲနဲ့ အားလုံးကို ထိန်းသိမ်းကာကွယ်ပေးရန်လိုအပ်ပါတယ်။ Environmental Protection Agency၏အဆိုအရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှုအား မျှတသော ဆက်ဆံမှုနှင့် အဓိပ္ပါယ်ရှိသော ပါဝင်ပတ်သက်မှုဟူ၍ အမျိုးအစား နှစ်မျိုးခွဲနိုင်သည်။ တရားမျှတသော ဆက်ဆံမှုသည် ဥပဒေများ သို့မဟုတ် မူဝါဒများကြောင့် လူဦးရေ၏ ဂိုဏ်းဂဏတစ်ခုမှ အချိုးအစား မမျှမတ ဖြစ်သင့်သည်ဟု ဆိုသည်။ အဓိပ္ပါယ်ရှိသော ပါဝင်ပတ်သက်မှုဆိုသည်မှာ အုပ်စုများသည် ၎င်းတို့၏ ကျန်းမာရေး သို့မဟုတ် ၎င်းတို့၏ ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထည့်သွင်းပေးနိုင်သည်။ ဤပါဝင်ပတ်သက်မှုသည် ပြောကြားသောဆုံးဖြတ်ချက်များချရာတွင် ၎င်းတို့၏ထည့်သွင်းမှုကို အလေးအနက်ထားပြီး ထည့်သွင်းစဉ်းစားမည်ဟုလည်း ဆိုလိုပါသည်။ ထို့အပြင်၊ ဥပဒေပြုအမတ်များသည် ထိခိုက်ခံစားရသည့်အသိုက်အဝန်းများထံမှ တုံ့ပြန်ချက်များကို တက်ကြွစွာရှာဖွေမည်ဖြစ်သည်။
.
ချုပ်ရသော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှုသည် ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှု (Environmental Justice) ၏ ရလဒ်လဲဖြစ်သည်။ သာတူညီမျှမှုရရှိသောလူ့အဖွဲ့အစည်းဖြစ်မှသာ တရားမျှတမှုကိုရရှိမှာဖြစ်ပါသည်။ ၎င်းတို့သည် တစ်ခုထည်းရပ်တည်၍မရပါ၊ ပေါင်းဖက်မှု (Complementary) ရှိသည်ကို သတိပြုရမည်။
ဘာသာပြန်သူ - နိုင်ကျော်လူ
-----------------------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #environmental #justice #equity
867
အများပြည်သူတို့သည် Environmental Justice ကိုလိုက် နာဆောင်ရွက်ကြသောအခါမှသာ သဘာဝသယံဇာတများကို ပညာရှိစွာစောင့်ရှောက်ထိန်းသိမ်းရန် ဂရုပြုမိကြမည်ဖြစ်သည်။ သဘာဝအရင်းအမြစ်များကို တရားမျှတမှုမရှိဘဲ အလွန်အကျွံသုံးစွဲခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင် သော အကျိုးဆက်အန္တရာယ်များကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။
၃။ ရေရှည်တည်တံ့မှုကို ကောင်းစွာနားလည်သဘော
ပေါက်လာစေခြင်း
ရေရှည်တည်တံ့မှု Sustainability ကိုကောင်းစွာ နားလည် လာပြီး အရင်းမြစ်များကိုသာမက အရေးအရာတိုင်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် ရေရှည်တည်တံ့စေသော အပြုအမူအကောင်းများကို ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။
၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် မူဝါဒများကို အားကောင်းလာစေခြင်း
Environmental Justice အားကောင်းလာမှသာမူဝါဒများကိုမည်သို့လုပ်ဆောင်ရေးဆွဲဆုံးဖြတ်ကြပုံ၊ ထိုဆုံးဖြတ်
ချက်များနှင့်လုပ်ဆောင်ချက်များမှထွက်ပေါ်လာသော အကျိုးဆက်များဖြစ်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ
တရားမျှတမှုတို့ကို အများပြည်သူလုထုမှ လေ့လာသိရှိ
နိုင်မည်ဖြစ်သည်။ ထိုမှသာ ပြည်သူလုထုအနေနှင့် မိမိတို့၏ရသင့်ရထိုက်သောအခွင့်အရေးများရှိမရှိနှင့်
အခွင့်အရေးချိုးဖောက်ခံရမှုများကို သတိပြုလာနိုင်မည် ဖြစ်ပေသည်။
⚖️ Environmental Justice - ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ ဥပမာများ
၁။ Pittston Coal ( ၁၉၇၂ )
Pittston ကျောက်မီးသွေး ကုမ္ပဏီကိုဆန့်ကျင်သည့်
အလုပ်သမားများ၏အမှုသည် အောင်မြင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမှုတွဲများထဲမှ တစ်ခုဖြစ်ပေသည်။ Pittston ကုမ္ပဏီသည် အငြိမ်းစားများ၊ မုဆိုးမများနှင့် မသန်စွမ်းမိုင်းလုပ်သားများအတွက် ကျန်းမာရေးစောင့် ရှောက်ခွင့်များကို ရပ်ဆိုင်းလိုက်သောကြောင့် အလုပ်သမားများကစတင်သပိတ်မှောက်ခဲ့ကြသည်။ ထို့ပြင်ကုမ္ပဏီမှထွက်လာသည့် စွန့်ပစ်ရေကာတာများ ကျိုးပေါက်စီးဆင်းလာမှုကြောင့် လူအများအပြားပြောင်းရွှေ့ပေးခဲ့ရပြီး ထောင်နှင့်ချီသောလူများကို အိုးမဲ့အိမ်မဲ့
ဖြစ်စေခဲ့သည်။ အဆိုပါအကြောင်းအရာများကြောင့် ပြည်သူများမနစ်နာစေရန် ဖြေရှင်းပေးရန်အတွက် Pittston ကုမ္ပဏီအားအရေးယူခဲ့ခြင်းဖြစ်သည်။
၂။ Exxon Valdez Disaster ( ၁၉၈၉ )
ရေနံစိမ်း ၃၈ ဂါလံပါရှိသောရေနံတင်သင်္ဘောသည် Alaska ကမ်းလွန်ရှိ သန္တာကျောက်တန်းတွင် သောင်တင် နေခဲ့စဥ် သမုဒ္ဒရာအတွင်းရှိ ရေနေသတ္တဝါများစွာကို သေစေခဲ့သောကြောင့် ဒဏ်ကြေးငွေသန်းပေါင်းများစွာပေးဆောင်ခဲ့ရလေသည်။
၃။ Chevron Refining ( ၁၉၉၃ )
Chevron ကုမ္ပဏီသည် ယင်းတို့၏ရေနံချက်စက်ရုံကို California ရှိ Richmond သို့တိုးချဲ့ခဲ့ပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကိုလျစ်လျူရှုခဲ့သည်။ သို့ဖြစ်၍ ဒေသခံနိုင်ငံသားများသည် ထိုပြဿနာကိုဖြေရှင်းရန် ခရိုင်ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်းအဖွဲ့သည် Chevron ကုမ္ပဏီအနေနှင့် မြို့တော်၏ အနာဂတ်ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များအတွက် ရန်ပုံငွေဒေါ်လာငါးသန်းထောက်ပံ့နေသ၍ လုပ်ငန်းဆက်လက်လည်ပတ်ခွင့်ပြု
မည့် သဘောတူညီချက် တစ်ရပ်ကိုပြုလုပ်ခဲ့သည်။ ၎င်းညွန့်ပေါင်းအဖွဲ့သည်လည်း ယနေ့တိုင်ထိရောက်နေဆဲ
ဖြစ်ပါသည်။
သို့ဖြစ်၍ မိမိတို့တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ် ပတ်ဝန်းကျင်ကိုရရှိစေရန် Environmental Justice ကိုသေချာသိရှိနားလည်ထားပြီး Environmental Justiceဆိုင်ရာမူဝါဒများ အလေ့အကျင့် ကောင်းများ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားပေးရန်လိုအပ်ပါသည်။
ခေတ် မှရေးသားပြုစုသည်။
ကိုးကားကျမ်း - Conserve Energy Future Article, Client Earth: Promoting Environmental Justice
#EHSMyanmar #EnvironmentalJustice #ethics
867
လူမှုဝန်းကျင်တွင် Environmental Justice ၏အရေးပါပုံနှင့် ၎င်း၏အခန်းကဏ္ဍ
-------------------------------------------------------------------
EHS Myanmar | 25.6.2022
Environmental Justice ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၊ စည်းမျဥ်းများနှင့် မူဝါဒများကို ကျင့်သုံးရာတွင် လူသားအားလုံး၏ ကွဲပြားခြားနားမှု၊ အသားအရောင်ကွဲပြားမှု၊ လူမျိုးနှင့် အမျိုးသားဇာတိကွဲပြားမှုတို့အပေါ် ခွဲခြားမှုမရှိဘဲ လူမှုပတ်ဝန်းကျင်အပေါ် တရားမျှတစွာဆက်ဆံခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို စပ်လျဥ်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် Environmental Justice ဟူသည် ကမ္ဘာပေါ်ရှိလူသားအားလုံးတို့ထံ တန်းတူညီမျှသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှုရရှိစေရေးအတွက် လူသား ချင်းခွဲခြားဆက်ဆံမှုများမရှိဘဲ ရပ်ရွာအားလုံးအတွက် ကျန်းမာကောင်းမွန်သော ပတ်ဝန်းကျင်ကိုရရှိစေရေးတို့ကို ဆောင်ရွက်သည့် လူမှုဝန်းကျင်လှုပ်ရှားမှုမှ ဆင်း သက်လာခြင်းဖြစ်ပေသည်။
Environmental Justice သည်လူတစ်ဦးချင်းစီအတွက် ပတ်ဝန်းကျင်နှင့်ကျန်းမာရေးဆိုင်ရာ အန္တရာယ်များမှ အတိုင်းအတာတစ်ခုအထိ တန်းတူညီမျှစွာကာကွယ်ပေးနိုင်ရေးကိုလည်း ရည်ရွယ်သည်။
⚖️ Environmental Justice ၏ အခြေခံသဘောတရား
ဥပဒေသများ
၁။ ဘက်လိုက်မှုနှင့်ခွဲခြားဆက်ဆံမှုများမရှိဘဲ လူသားအားလုံးအတွက် တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုထုမူဝါဒများကိုအားပေးရန်။
၂။ လူသားမျိုးနွယ်နှင့် အခြားသက်ရှိသတ္တဝါများ အတွက် ရေရှည်တည်တံသောကမ္ဘာမြေကို ထိန်းသိမ်း နိုင်ရန်အတွက် မြေယာအသုံးပြုမှုနှင့်ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျင့် ဝတ်နှင့်အညီတာဝန်သိစွာအသုံးပြုရေးတို့ကို ရေးရှု
လှုံ့ဆော်ရန်။
၃။ အန္တရာယ်ရှိသော နျူကလီးယားစမ်းသပ်ခြင်းများ၊ အဆိပ်သင့်သော စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်အတောက် များထုတ်လုပ်ခြင်း၊ ယင်းတို့ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများမှ မိမိတို့ပတ်ဝန်းကျင်ကာကွယ်ပေးရန်။
၄။ လူသားတိုင်းရသင့်ရထိုက်သော စီးပွားရေး၊ နိုင်ငံရေး၊ ယဥ်ကျေးမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအခွင့်အရေးများကို ရရှိစေရန်။
၅။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ အကဲဖြတ်ခြင်း၊ ပြဋ္ဌာန်းခြင်း၊ အကောင်အထည်ဖော်ခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းတွင် လူထုကိုကိုလည်း ပါဝင်ခွင့်ပြုရန်။
၆။ အလုပ်သမားတိုင်း မလုံခြုံသောအသက်မွေးဝမ်းကျောင်းမှုများမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော အလုပ်ပတ်ဝန်းကျင်ကိုရရှိစေရန်။
၇။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်သောတရားခံများကို တိကျစွာအရေးယူ၍ ယင်းတို့ထံမှလျော်ကြေးများရယူကာ နစ်နာသူများအားပြန်လည်ပေးအပ်ရန်။
၈။ အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုများကိုလည်း စောင့်ကြည့်အရေးယူရန်။
၉။ သဘာဝပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အချုပ်အခြာအာဏာကို အခိုင်အမာ
အတည်ပြုသည့် ပဋိညာဉ်စာချုပ်များမှတစ်ဆင့် ဒေသဆိုင်ရာအကြီးအကဲများနှင့် အစိုးရကြား တရားဝင်ဆက် ဆံရေးကိုအသိအမှတ်ပြုရန်။
၁၀။ မြို့ပြနှင့်ကျေးလက်ကြား ဂေဟဗေဒဆိုင်ရာမူဝါဒများကို ဟန်ချက်ညီစေရန်နှင့် ရပ်ရွာလူထုကိုလေးစားအသိအမှတ်ပြုကာ ရရှိနိုင်သော အရင်းအမြစ်အားလုံးကို တန်းတူညီမျှစွာ လက်လှမ်းမီ ရရှိစေနိုင်ရန်။
အထက်တွင်ဖော်ပြထားပါသော အချက်များမှာ Environmental Justice ၏အခြေခံသဘောတရား ဥပဒေသများဖြစ်ပါသည်။
⚖️ Environmental Justice ၏ အရေးပါမှု
၁။ သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ ဆက်နွယ်မှုကို ဂရုပြုအလေးထားခြင်း
မိမိတို့နေထိုင်ရာကမ္ဘာ၌ သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ ဆက်နွယ်မှုသည် တန်ဖိုးကြီးပြီး အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။ ထိုဆက်နွယ်မှု၏ တန်ဖိုးကိုလူအများကမြင်သာလာအောင် ပုံဖော်ပေးနိုင်သည့်အရာမှာ Environmental Justice ဖြစ်သည်။ Environmental Justice အားကောင်းလာမှသာ လူသားများ၊ သဘာဝပတ် ဝန်းကျင်နှင့် သက်ရှိသတ္တဝါမျိုးစိတ်များအပေါ်
မတရားမှုများကို ဆန့်ကျင်ကန့်ကွက်နိုင်ကြမည်ဖြစ်သည်။
ထိုသို့ Environmental Justice အားကောင်းလာမှသာ အစိုးရနှင့်တာဝန်ရှိသူများက လူမှုအသိုင်းအဝိုင်းနှင့် ဂေဟစနစ်ကိုထိခိုက်စေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကိုရှုတ်ချအရေးယူမှုအားကောင်းလာ
မည်ဖြစ်သည်။ ထိုမှသာ အများပြည်သူအနေနှင့်လည်း Environmental Justice ကိုကောင်းမွန်စွာလက်ခံသဘောပေါက်လာပြီး ပတ်ဝန်းကျင်ကျင်တရားမျှတမှုဆိုင်ရာ ပဏာမခြေလှမ်းများမှတစ်ဆင့် လက်ရှိပစ္စုပ္ပန်နှင့်
အနာဂတ်မျိုးဆက်များကိုပါ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။
၂။ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းခြင်းနှင့် မျှတစွာသုံးစွဲခြင်းတို့၏ အရေးကြီးပုံကို မီးမောင်းထိုးပြခြင်း
867
ထို့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်အနေဖြင့် -
၁။ မိမိလုပ်ငန်းခွင်၏ ဂုဏ်သိက္ခာနှင့် အရည်အချင်းကို ထိန်းသိမ်းရာတွင် ကူညီပေးရပါမည်။
၂။ နိုင်ငံတော်၊ ပြည်သူလူထု၊ မိမိလုပ်ဖော်ကိုင်ဖက်များအတွက် ပညာရေးနှင့် သုတေသနနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်နှင့် သက်ဆိုင်သော အသုံးဝင်သော နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးကို တက်စွမ်းသမျှအားပေးကူညီရပါမည်။
၃။ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၊ ကုမ္ပဏီတခုခုအတွက် lobbying ပြုလုပ်ခြင်းမပြုရ။
၄။ လုပ်ငန်းခွင်ကို သိက္ခာကျစေမည့် နည်းလမ်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပြီး မိမိအလုပ်ကိုလုပ်ဆောင်ရန် နှင့် စသည့် ကျင့်ဝတ်များ၊ လုပ်ငန်းစဉ်များကို လိုက်နာရန်လဲလိုအပ်ပါသေးသည်။
ကိုးကားကျမ်း - National Association of Environmental Professionals, USA
ရေးသားသူ - နိုင်ကျော်လူ
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar
#EHSMyanmar #Environmental #Professions #ethics
867
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတွင်ရှိသင့်သည့်ကျင့်ဝတ်များ (Code of Conducts for Environmental Professionals)
======================================================
EHS Myanmar | 14.6.2022
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ၏ ရည်ရွယ်ချက်များမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် ပရော်ဖက်ရှင်နယ်ဘဝနှင့် လုပ်ငန်းဆောင်တာများကို ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် အသက်မွေးဝမ်းကြောင်းပြုမည့် လူငယ်များအနေဖြင့် Environmental Professionals များရဲ့ Code of Ethics ဟုခေါ်သည့်
အခြေခံကျင့်ဝတ်များကို သိရှိထားဖို့ လိုပြီး လေးစားလိုက်နာဖို့လဲအလွန်အရေးကြီးပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဟုဆိုလိုက်လျှင် အလုပ်အကိုင်အမျိုးမျိုးရှိပါသည်။ ဥပမာ - Environmental Officer, Environmental Engineer, ESIA Consultant, Environmental Specialist, Environmental Lawyer, HSE Officer, Environmental Auditor စသည့်
အလုပ်အကိုင်ပေါင်းများစွာရှိပါသည်။ တစ်ခုချင်းစီ၏ JD များမတူနိုင်သော်လည်း ဒီကဏ္ဍတွင် လုပ်ကိုင်နေသူများ၏ အခြေခံဝတ္တရားကျင့်ဝတ်များကိုတော့ လိုက်နာရမည်သာဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်ခြင်း၏ အဓိကကျသောအချက်မှာ ဂုဏ်သိက္ခာရှိခြင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့၏တာဝန်များကို အများပြည်သူ၊ ၎င်းတို့၏အလုပ်ရှင်များ၊ ဖောက်သည်များအားလုံးအား တရားမျှတ၍ သမာသမတ်ကျစွာဖြင့် သစ္စာရှိစွာ ထမ်းဆောင်မည်ဖြစ်ပါသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းကို သူတို့ကိုယ်သူတို့ စိတ်ပါဝင်စားဖို့နဲ့ သူတို့ရဲ့ အထူးအသိပညာတွေကို လူသားတွေနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်အကျိုးအတွက် အသုံးချဖို့ အဆင်သင့်ရှိနေဖို့က သူတို့ရဲ့တာဝန်ပါ။
.
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများအတွက်အခြေခံကျင့်ဝတ်များမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားလျက်ရှိပါသည်။ စာရေးသူကတော့ အဓိက (၃) မျိုးကိုပဲဦးစားပေးသွားပါမည်။
၁။ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်ဆီးမှုတို့ကို တက်နိုင်သမျှ ထိန်းသိမ်းကာကွယ်ရန်၊ (Environmental Protection)
၂။ လူသားအားလုံး၏ကျန်းမာရေးနှင့်လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားလိုက်နာရန်၊ (Respect for Human Rights)
၃။ တည်ဆဲဥပဒေများအပါအဝင် ဒေသန္ဒရအမိန့်များ၊ လုပ်ငန်းခွင်စည်းကမ်းချက်များစသည့် (Laws and Regulations) ကိုလိုက်နာကျင့်သုံးရန် (Compliance with laws and regulations) တို့ဖြစ်ကြပါသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတွင်ရှိသည့်ကျင့်ဝတ်များ နှင့်ပတ်သတ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် National Association of Environmental Professionals အဖွဲ့အစည်းကြီးမှထုတ်ပြန်ထားသော အချက်အလတ်များသည် သင့်တော်ကောင်းမွန်ပြီးရှင်းလင်သည်ဟုယူဆသည့်အတွက် ထိအချက်အလတ်များကို ကိုးကားကာဖော်ပြပေးသွားပါမည်။
၁။ မိမိတာဝန်ယူထားသော (သို့မဟုတ်) လုပ်ကိုင်ထားသော စုစောင်းထားသော၊ ခွဲခြမ်းစိတ်ဖြာထားသော ဒေတာအချက်အလတ်များကို တာဝန်ယူရပါမည်။ မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် တာဝန်ယူတက်စိတ်ဖြင့် ကျင့်ဝတ်သိက္ခာရှိရပါမည်။
၂။ သုတေသနပြုခြင်း၊ စီစဉ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ဆောင်ချက်များအား သိပ္ပံနည်းကျနှင့် နည်းပညာအရ ဦးတည်ချက်ရှိသော နည်းလမ်းဖြင့် ပြန်လည်သုံးသပ်ခြင်းကို အားပေးရပါမည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးစေရန်နှင့် ပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ၏ အကောင်းဆုံး အခြေခံမူများကို ပေါင်းစပ်ပေးရပါမည်။
၃။ မိမိ၏လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို မှားယွင်းစွာတင်ပြခြင်း၊ မဟုတ်မမှန်ရေးသားခြင်း၊ ထိန်ချန်ခြင်းတို့အား (လုံးဝ) မပြုလုပ်ရပါ။
၄။ မိမိ၏ နိုင်ငံတော်၊ ပြည်သူလူထု၊ ဖောက်သည်များ နှင့် မိမိအလုပ်ရှင်များအပေါ် ဆိုးကျိုးပဋိပက္ခဖြစ်ပေါ်စေနိုင်ခြင်းရှိမရှိတို့ကိုစစ်ဆေးရပါမည်။ ၎င်းတို့အပေါ် တိုက်ရိုက်သော၎င်းတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့် လှုပ်ရှားမှုများတွင် ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုရှိသည့် မည်သည့်အခြေအနေမျိုးတွင်မဆို၊ မိမိ၏အလုပ်ရှင်၊ ဖောက်သည် သို့မဟုတ် အခြားထိခိုက်နစ်နာသည့်ပါတီများဘက်သို့ အပြည့်အဝရပ်တည်ကာ ပညာရှင်ဆန်စွာထုတ်ဖော်ပါမည်။
၅။ ပညာရှင်ဆန်စွာဆုံးဖြတ်ချက်များ၊ စီရင်ချက်များ (Professional Judgement) များ နှင့် ကွဲလွဲနေသည့် အစီရင်ခံစာများ၊ ရလာဒ်များ၊ အချက်အလတ်ဒေတာများစသည်တို့ကို အခကြေးငွေအကျိုးကြည့်၍ မဟုတ်မမှန်ပြောဆိုရေးသားခြင်းမှ ရှောင်ကျဥ်ရမည်။ တနည်းအားဖြင့် ဘက်မလိုက်မူဝါဒကို လက်ကိုင်ထားရမည်။
၆။ မရိုးသားမှု၊ လိမ်လည်မှု၊ လှည့်ဖြားမှု၊ သို့မဟုတ် လွဲမှားစွာတင်ပြမှုတို့ပါ၀င်သည့် အပြုအမူတို့တွင် မပါဝင်ရပါ။ တဖက်ဖက်သို့ အသာပေး၊ အလေးပေးမှုတို့မလုပ်ဆောင်ရပါ။
၇။ တန်းတူညီမျှမှုနှင့် သက်ဆိုင်သူများအားလုံးပါဝင်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို ရောင်ပြန်ဟပ်သည့် အပြုသဘောဆောင်သော အလေ့အကျင့်ကို လက်ကိုင်ထားရမည်။
867
[English Below] 🌏 သင့်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြုအမှတ်တရများကို မျှဝေခြင်းဖြင့် World Environment Day, 2022 Campaign မှာပါဝင် အားဖြည့် လိုက်ပါ 🔔
🌍 ဇွန်လ ၅ ရက်နေ့ဟာဆိုရင် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ World Environment Day ဖြစ်ပါတယ်။ ယင်းနေ့ကိုဂုဏ်ပြုသောအားဖြင့် ကျွန်မတို့ EHS Myanmar မှ "Our Earth Online Campaign" ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ ယခု Campaign ကို UN Environment Programme (UNEP) နှင့် World Environment Day Global တို့မှ အသိမှတ်ပြုထားပြီးဖြစ်ပါတယ်။
☘️ Campaign မှာဘယ်လိုပါဝင်ရမလဲ?
1️⃣လူကြီးမင်းတို့အနေနဲ့ ဇွန်လ ၄-၅ ရက်နေ့အတွင်းတွင် ကိုယ်တိုင်ပါဝင်ပြုလုပ်ထားသော (environmental activities) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ၊ အမျိုးမျိုးသောဖန်တီးမှုများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းအဖြစ် ရိုက်ကူးထား၍ မိမိတို့၏လူမှုကွန်ရက်တွင် ပြန်လည်မျှဝေပေးရမှာဖြစ်ပါတယ်။
🌿 Environmental activities ဟုဆိုရာမှာ
1. Environmental Conservation
2. Beat Plastics Pollution
3. Fight Climate Change and Global Warming
4. Reduce Emissions and advocate Clean Air
5. Environmental Awareness
6. 3Rs and promote Sustainability Living ဟူသော themes ၆ ခုနှင့်သက်ဆိုင်သော မည့်သည့် activity ကိုမဆို ပြုလုပ်ဖန်တီးနိုင်ပါတယ်။
( ဥပမာ - မိမိနေအိမ်တွင်အပင်စိုက်နေသည့်ပုံ၊ recycle ပစ္စည်းများပြုလုပ်နေသည့်ပုံ၊ မိသားစုဝင်များအား environmental awareness ပေးနေသည့် ဗီဒီယို ...စသဖြင့် ကိုယ်ပိုင် idea ဖြင့်ဖန်တီးနိုင်ပါတယ် )
2️⃣ထို့နောက် မိမိတို့ ရိုက်ကူးထားသော ဗီဒိုယိုများ(သို့မဟုတ်)ပုံများကို မိမိတို့ရဲ့ Facebook platform မှာ public နဲ့ share ပေးရမှာဖြစ်ပါတယ်။
(share တဲ့အခါမှာ "World Environment Day ကိုဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ Environmental Activity ကိုပြုလုပ်၍ Our Earth Online Campaign တွင်ပါဝင်ခြင်းဖြစ်ပါသည်။"
#OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022 ဆိုတဲ့ caption လေးနဲ့hashtag လေးတွေကိုထည့်သွင်းရေးသားပြီး share ပေးရပါမယ်။)
🖇 မိမိတို့ post များ share ထားသည်ကို Screenshot ရိုက်၍ EHS Myanmar - page messenger တွင်သော်လည်းကောင်း၊ ယခု post အောက်တွင် comment အဖြစ်ပေးပို့ထားခြင်းဖြင့်သော်လည်းကောင်း လာရောက်ပေးပို့ထားနိုင်ပါတယ်။ ပို့ပေးတဲ့အခါ certificate ပေးအပ်နိုင်ရန်အတွက် လူကြီးမင်းတို့ Email ကိုပါပို့ပေးထားဖို့လိုပါတယ်။
📝အပေါ်မှာပြောထားတဲ့ အချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ EHS Myanmar မှ ပေးအပ်သော certificate ကိုရရှိနိုင်မှာဖြစ်ပါတယ်။
🎁ဒါ့အပြင် လူကြီးမင်းတို့ Share ထားသည်များထဲမှ အကောင်းဆုံးသော ဓာတ်ပုံ (သို့) ဗီဒီယို ၃ ခုကိုရွေးချယ်ပြီး ထို ၃ ဦးအား Phone Bill ဆုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
🥇First prize - 15,000 ph bill
🥈Second prize - 10,000 ph bill
🥉Third prize - 10,000 ph bill
🕰 ဤ campaign ကို 4 - 5 June အထိသာပြုလုပ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။
📨 သတ်မှတ်ချက်များနှင့်အညီ campaign တွင်ပါဝင်ထားသူများကို EHS Myanmar မှ ၅ ရက်အတွင်း Email မှတစ်ဆင့် Certificate များပေးပို့ပေးသွားမှာဖြစ်ပါတယ်။
.
🌍 Environmental, Health, and Safety Myanmar (EHS Myanmar), a non-governmental organization in Myanmar, has launched the web campaign titled "Our Earth." The campaign has been acknowledged by United Nations Environment Programme and World Environment Day Global which is advocay as an Earth Action Number. The primary goals of the campaign are to encourage public participation and raise community awareness about World Environment Day in order to promote the love of our planet. The online campaign aims to share their participation in environmental activities related to the following topics: Environmental Conservation, Beating Plastics Pollution, Fighting Climate Change and Global Warming, Reducing Emissions and Promoting Clean Air, Environmental Awareness and 3Rs, and Promoting Sustainable Living. Individuals who participate in the campaign will receive a certificate of participation, and EHS Myanmar will pay the phone top-up bills of those who have created the most innovative World Environment Day activities.
#OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022
867
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် သင်လုပ်နိုင်မည့် အရာ (၅) ခု
------------------------------------------------------------
EHS Myanmar | 4.6.2022
ဇွန်လ (၅) ရက်နေ့တွင် တကမ္ဘာလုံးရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတက်ကြွသူအားလုံးပါဝင်ဆင်နွဲကြမှာဖြစ်ပါတယ်။ ဒါကြောင့်
သင့်အနေဖြင့် ဘယ်လိုဆင်နွှဲရမလဲ မသိသေးလျှင်တော့ ဒီအချက်လေးတွေလုပ်ကြည့်ပါ။
၁။ သစ်ပင်စိုက်ပါ - သစ်ပင်စိုက်ခြင်းက အကောင်းဆုံးသောအရာတွေက ထိပ်ဆုံးမှာဖြစ်ပါလိမ့်မယ်။ အကြီးကြီးတွေမလုပ်နိုင်လျှင်တောင် တနိုင်တပိုင် စိုက်ကြည့်ပါ။ မိမိအိမ်တွင်းမှာ Indoor Plant စိုက်တာမျိုး၊ အိမ်နောက်ဖေးမှာ သီးပင်စားပင်စိုက်တာမျိုးလေးတွေလုပ်ကြည့်လို့ရနိုင်ပါတယ်။ သစ်ပင်များက လေကောင်းလေသန့်ပေးရုံသာမက အရိပ်များလဲရစေနိုင်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုများကိုလဲ လျှော့ကျစေနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကိုလဲထိန်းညှိုစေနိုင်ပါတယ်။ ဒါကြောင့်သစ်ပင်စိုက်ပါ...ကြီးထွားတဲ့အထိ တော့စိုက်ဖို့လိုပါမယ်နော်။
၂။ မိမိအိမ်နှင့်ရပ်ရွာသန့်ရှင်းရေးပြုလုပ်ပါ - မိမိရပ်ရွာဝန်းကျင် (Community) ကိုသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်ကောက်ခြင်း၊ သစ်ပင်များရေလောင်းခြင်း၊ ရေမြောင်းရှိအမှိုက်များ နုန်းများဆယ်ယူခြင်း၊ စသည်တို့လုပ်ခြင်းဖြင့်လဲ WED ကိုကြိုဆိုလို့ရနိုင်ပါသည်။ ဒီလိုတွေလုပ်တဲ့အခါမှာလဲ တစ်ယောက်ထည်းမဟုတ်ပဲ သူငယ်ချင်းများကိုလဲပါအောင်ခေါ်ဖို့တော့လိုပါမယ်။ မြို့ပြဒေသတွေမှာဆို အမှိုက်ကောက်ခြင်း နှင့် စနစ်တကျစွန့်ပစ်ခြင်းတို့ကို ပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။ ထို့အတူ ပင်လယ်ကမ်းခြေနှင့် နီးတဲ့ ဒေသမှာနေတဲ့သူတွေ ဥပမာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပုသိမ်မြို့နယ် တို့မှာနေတဲ့သူတွေဆို ဒီ activities မျိုးတွေ လုပ်လို့ရပါလိမ့်မယ်။
၃။ အသိပညာမျှဝေပါ - EHS Myanmar ၏ ဆောင်ပုဒ်အတိုင်း "Gaining Knowledge is the first step to wisdom. Sharing it, is the first step to community" မိမိသိထားသောအသိပညာများကိုမျှဝေခြင်းက
လူသားဆန်ခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီး သိထားတဲ့ အသိပညာများကို ကိုယ့်အနီးအနားပတ်ဝန်းမှာကျင်ရှိတဲ့မိတ်ဆွေ၊ ညီအကိုမောင်နှမ နှင့် မိဘတွေကိုပါမျှဝေပါ။ အထူးသဖြင့်
ကလေးငယ်တွေကို မျှဝေခြင်းက အရေးကြီးပါတယ်။ ကလေးငယ်တွေရဲ့ နေ့စဉ်အကျင့်တွေမှာ Sustainable Ways လေးတွေပါသွားပြီဆို သဘာဝပတ်ဝန်းကျင်အတွက်များစွာအကျိုးရှိမှာအသေအချာပါပင်။
၄။ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချပါ - ဇွန် (၅) ရက်နေ့တစ်ရက် သင် ကားအသုံးမပြုဘူး ဆိုလျှင်ပင် ကာဗွန်ထုတ်လုပ်မှုလျော့ကျမည်။ သင်လိုလူတွေများလာလျှင် ဘယ်လောက်အကျိူးရှိနိုင်လဲမှန်းဆနိုင်ပါသည်။ ဒီ့အတွက် ထိုတစ်ရက်တော့ ကားအသုံးမပြုပါနှင့်။ စက်ဘီးစီးပါ၊ လမ်းလျှောက်ပါ။ ခရီးဝေးသွားရမယ်ဆိုလျှင်တောင် Public Transportation တွေကိုသာအသုံးပြုပါ။ ဘက်စ်ကားစီးပါ။
၅။ လှုပ်ရှားမှုများတွင်ပါဝင်ပါ - WED နေ့ကို တကမ္ဘာလုံးအတိုင်းအတာအရကျင်းပနေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂလိုအဖွဲ့အစည်းကြီးမှကျင်းပတဲ့ Online Camapign များလဲရှိနေသလို၊ UNEP နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှလဲ ပုံစံမျိုးစုံဖြင့် ကျင်းပဆင်နွှဲလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလဲထိုနည်းတူပါပဲ။ INGO နှင့် NGO အဖွဲ့အစည်းကြီးတွေကပြုလုပ်တဲ့ Public Engagement ပွဲတွေ၊ Talk-Show တွေ၊ Online Event နှင့် On-Ground event တွေစသဖြင့် ပြုလုပ်လျက်ရှိကြပါတယ်။ စာရေးသူတို့ EHS Myanmar ဆိုလျှင်လဲ UNEP နှင့် World Environment Day Global တို့၏ အသိအမှတ်ပြု Online Campaign တစ်ခုကို ပြုလုပ်လျက်ရှိပါတယ်။ Campaign အကြောင်းမသိသေးလျှင် ဒီမှာ အသေးစိတ်ဖတ်ကြည့်ပါ - https://web.facebook.com/ehsmyanmar/posts/pfbid02c47zoxYt2zPwMgm5EdtpB5922KVf5gBDqafVHwKyDxH8FVVtjNpWy1PiPaKnsEYMl ဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ခြင်းကြောင့် မိမိကိုယ်တိုင် အသိပညာဗဟုသုတွေရမယ်၊ မိတ်ဆွေအသစ်တွေနဲ့မိတ်ဖွဲ့နိုင်မယ် တနည်းအားဖြင့် Network ချဲ့နိုင်မယ်၊ နောက် မိမိပတ်ဝန်းကျင်ကသူတွေ WED နေ့အကြောင်း စိတ်ဝင်စား
လာမယ်၊ သဘာဝပတ်ဝန်းကျင်ကိုတန်ဖိုးထားတက်လာမယ် စသည့် အကျိုးကျေးဇူးများရနိုင်ပါတယ်။ ဒါကြောင့် အခုပဲ မိမိနီးစပ်ရာ activity များတွင်ပါဝင်ဆင်နွှဲလိုက်ပါ။
ရေးသားသူ - နိုင်ကျော်လူ
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar
#OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022
867
[English Below] မြန်မာနိုင်ငံ၏ NGO များထဲတွင် ပထမဆုံး နှင့် တစ်ခုထည်းသော UN Environment Programme နှင့် World Environment Day Global တို၏ အသိမှတ်ပြုခြင်းခံထားရသည့် EHS Myanmar ၏ Online Campaign ကိုမကြာခင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကိုဂုဏ်ပြုသောအားဖြင့် အားလုံးပူးပေါင်းပါဝင်နိုင်မည့် Online Campaign တစ်ခုဖြစ်ပါသည်။ ထိုကြောင့် စိတ်ဝင်စားသည့် မည်သူကိုမဆို ဖိတ်ခေါ်အပ်ပါသည်။
.
EHS Myanmar's Online Campaign, which was the first and only initiative in Myanmar to be acknowledged by the UN Environment Program and the World Environment Day Global, will shortly be released. This is a comprehensive internet campaign for June 5's World Environment Day. Therefore, all interested parties are invited.
Browse the map to find out more about actions being taken near you - https://www.worldenvironmentday.global/.../earth-action...
#EHSMyanmar #OnlyOneEarth #WorldEnvironmentDay #UNEP #2022
867
ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ၂၀၂၂ နှင့်ပတ်သတ်ပြီး သိထားသင့်သည့် အချက် (၅) ချက် (တပုံချင်းစီ ထောက်ဖတ်ပေးပါ။)
#EHSMyanmar #worldenvironmentday #onlyoneearth #UNEP #2022
